အခြားကလေးကျန်းမာရေးပြဿနာများ

သားသားမီးမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာလေးတွေနဲ့ ကာကွယ်နည်း၊ ဂရုစိုက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ အသည်းရောင် အသားဝါ လက္ခဏာများ

အသည်းရောင် အသားဝါက အသံတိတ်ရောဂါ တစ်မျိုးပါ။ အသည်းကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် မပြမချင်း သတိမထားမိတာမျိုး ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကလေးလေးတွေမှာ အသည်းရောင်ရောဂါ ဖြစ်နေရင် သိထားနိုင်စေဖို့အတွက် ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ အသည်းရောင် အသားဝါ လက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အသည်းရောင် အသားဝါရောဂါက ကလေးတွေမှာ အရင်က သိပ်အဖြစ်မများပေမယ့် အခုနောက်ပိုင်းမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပွားမှုတွေ မြင့်တက်နေပါတယ်။ အထူးသဖြင့် အသက် ၁ နှစ်ကနေ ၁၆ နှစ်ကြားအရွယ် ကလေးတွေမှာ အဖြစ်များပါတယ်။ အသည်းရောင် အသားဝါရောဂါ ဆိုတာ အသည်းရောင် အသားဝါရောဂါဆိုတာ အကြမ်းဖျင်းအနေနဲ့ အသည်းရောင်ရမ်းတာကို ဆိုလိုတာပါ။ ဗိုင်းရပ်စ်တွေ၊ ဓာတုဗေဒပစ္စည်းတွေ၊ ဆေးဝါးတွေ၊ အရက်၊ မိုးဗီဇဆိုင်ရာ ကျန်းမာရေးပြဿနာတွေ၊ ကိုယ်ခံအားက အသည်းဆဲလ်တွေကို မှားယွင်းတိုက်ခိုက်မိတာတွေကြောင့် အသည်းရောင်နိုင်ပါတယ်။ အသည်းရောင်တာက […]

အခြားကလေးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေးတွေရဲ့ အတွင်းရေးကိစ္စတွေမှာ သင်ဝင်စွက်ဖက်သင့်သလား

ကိုယ်ရေးကိုယ်တာကိစ္စ ဝင်ရောက်စွက်ဖက်မှုဆိုတာ အုပ်ထိန်းမှုနဲ့ပတ်သက်ပြီး ဗဟုသုတနည်းတာနဲ့ဆက်စပ်နေပါတယ်။ သင့်ကလေးရဲ့ ကိုယ်ပိုင်လွတ်လပ်မှုပေးတာနဲ့ ကာကွယ်မှုပေးတာကို ချိန်ညှိနိုင်ဖို့ မိဘတွေအနေနဲ့ ဘာတွေလုပ်ပေးနိုင်သလဲ? ကိုယ်ရေးကိုယ်တာကိစ္စ ဝင်ရောက်စွက်ဖက်မှုလား မိဘတွေရဲ့ လုပ်ပိုင်ခွင့်လား ? ကလေးတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ ပတ်သက်လာပြီဆိုရင် မိဘတွေဘက်က ဘယ်လိုစည်းမျဉ်းတွေ လုပ်သင့်မလဲ။သူတို့တွေရဲ့ ဒိုင်ယာရီကိုဖတ်ကြည့်မှာလား၊ ဖုန်းပြောနေတာကို နားထောင်မှာလား ဒါမှမဟုတ် သူတို့ဘယ်လိုဖြတ်သန်းနေသလဲဆိုတာသိဖို့ လိုက်စုံစမ်းနေဦးမှာလား။ တချို့မိဘတွေကတော့ ဒီလုပ်ရပ်တွေက တရားမျှတတယ်လို့ သဘောထားကြပြီး လက်ခံနိုင်တယ်လို့လည်း တွေးကောင်းတွေးကြပါလိမ့်မယ်။ ဒါပေမယ့် ဒီနည်းကကော တကယ်ထိရောက်မှုရှိရဲ့လား။ ကလေးတွေက သူတို့အတွင်းရေးတွေကို သူတို့ဘာသာချယ်လှယ်လိုကြပြီး မိဘတွေသိဖို့လိုတယ်ထင်တာကိုသာ ပြောပြတတ်ကြပါတယ်။ ဒီတော့ သူတို့ကိစ္စကိုဝင်ရှုပ်နေပြီလို့ထင်ရင် သူတို့ကပိုလျှို့ဝှက်တတ်ကြပြီး မိဘတွေကိုလည်း သူတို့အကြောင်းအသိမပေးတတ်တော့တာပုံမှန်ပါပဲ။ ဒီပြသနာကို ဖြေရှင်းချင်တယ်ဆိုရင်တော့ မိဘတွေအနေနဲ့ သတင်းပိုရဖို့တိုက်ရိုက်မေးတာပိုကောင်းပါတယ်။ ဒါပေမယ့် ကံမကောင်းရင် ပိုခုခံမှုလုပ်တတ်ပါတယ်။ ကလေးတွေက သင်သူတို့အကြောင်းသိရဖို့လုပ်နေတာကိုလည်း အသိမှတ်မပြုပါဘူး။ ပြီးတော့ သင်သူတို့ရဲ့ privacy […]


အခြားကလေးကျန်းမာရေးပြဿနာများ

မောင်နှမအချင်းချင်း ယှဉ်ပြိုင်ခြင်းကို ဘာတွေက ဖြစ်စေသလဲ

မောင်နှမအချင်းချင်း ယှဉ်ပြိုင်ခြင်းကို ဘာတွေက ဖြစ်စေ သလဲ။ ကလေး ၂ယောက်နှင့်အထက် ရှိခြင်းသည် သင့် ကလေးများအား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက် ခြင်း တိုးတက်စေခြင်း၊ ဘဝတွင် အရင်းနှီးဆုံး သူငယ်ချင်း များ ရရှိခြင်း စသော အကျိုးကျေးဇူးများ ပေးနိုင်သည်။ သို့သော် လည်း မှားယွင်းသော ပြုစုထိန်းကျောင်းမှုများ ကြောင့် မောင်နှမ အချင်းချင်း ယှဉ်ပြိုင်ခြင်း ဟူသော ကွဲပြားသော ရလဒ် ဖြစ်နိုင်သည်။ မောင်နှမအချင်းချင်း ယှဉ်ပြိုင်ခြင်း ဆိုတာဘာလဲ။ မောင်နှမအချင်းချင်း ယှဉ်ပြိုင်ခြင်းဆိုသည်မှာ မိသားစု တစ်ခုအတွင်းရှိ ညီအစ်ကို မောင်နှမများ အချင်းချင်း မနာလို ခြင်း၊ ပြိုင်ဆိုင်ခြင်း၊ ရန်ဖြစ်ခြင်းတို့ ဖြစ်သည်။ ပြဿနာသည် ဒုတိယကလေး မွေးဖွားပြီးနောက် မည်သည့်အချိန်တွင်မဆို စတင်နိုင်သည်။ ညီအစ်ကိုများ၊ ညီအစ်မများ အားလုံးသည် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကျွန်တော့်ကလေးသည် ဘေးကင်းပါသလား

ဖျားနာခြင်း အကြိမ်အရေ။ ပုံမှန် အကြိမ်အရေအတွက် သည် ဘယ်လောက်လဲ။ အသက် ၆လ နောက်ပိုင်းတွင် ကလေး၏မိခင်ဆီမှ ရရှိသော ကိုယ်ခံအားသည် ပျောက်ကွယ်စ ပြုလာပြီး သူတို့ ခန္ဓါကိုယ်မှ ကိုယ်ပိုင် ကိုယ်ခံအား စနစ် စတင်ဖြစ်လာသည်။ ထိုအချိန်တွင် ကလေးသည် ဖျားနာခြင်း ဖြစ်နိုင်သည်။ ထို အချိန်မှစပြီး အသက် ၂နှစ်အထိတွင် ကလေးသည် ထုံးစံ အားဖြင့် ၈ကြိမ်မှ ၁၀ကြိမ်အထိ အအေးမိခြင်း ဖြစ်နိုင်သည်။ ဤ အကြိမ်အရေအတွက်သည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း လျော့ကျလာသည်။ သူတို့၏ ကိုယ်ခံအား သည်လည်း စတင်ပြည့်စုံလာသည်။ (ဗိုင်းရပ်စ် တစ်ခါကူးစက် ခံရပြီးပါက နောက်တစ်ခါတွင် ထိုဗိုင်းရပ်စ် အမျိုးအစားကို ခံနိုင်ရည် ရှိလာသည်)။ ဆယ်ကျော်သက်များ၊ အရွယ်ရောက် ပြီးသူများတွင် ပုံမှန် ဖျားနာခြင်း […]


အခြားကလေးကျန်းမာရေးပြဿနာများ

အဓမ္မပြုကျင့်ခံရခြင်းမှ သင့်ကလေးကို ကာကွယ်ပါ

မလိုလားအပ်တဲ့ လိင်ဆက်ဆံမှု သို့မဟုတ် လိင်အကြမ်းဖက်မှု၊ အဓမ္မကျင့်မှုတွေဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာနဲ့ အတော်ကို အရေးကြီးလာပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းကလည်း ဒီကိစ္စကြီး မဖြစ်ပွားစေဖို့ ကြိုးစားနေကြတာပါ။ ဒီလူမှုအသိုင်းအဝိုင်းက မိစ္ဆာဆိုးကြီးဟာ ဘယ်အသက်အရွယ်မဆို အမျိုးသားတွေရော၊ အမျိုးသမီးတွေကိုပါ တိုက်ခိုက်နိုင်ပါတယ်။ အထူးသဖြင့်တော့ ငယ်ရွယ်တဲ့ ကလေးတွေမှာ ပိုပြီးအဖြစာများပါတယ်။ မိဘတွေကလည်း ကလေးတွေ အဓမ္မပြုကျင့်မခံရဖို့ ဘယ်လိုကာကွယ်ရမလဲဆိုတာကို သိကိုသိထားသင့်ပြီး ကလေးတွေကိုလည်း မုဆိုးတွေရဲ့ရန်ကို ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ နည်းလမ်းတွေကိုလည်း သင်ကြားပေးထားသင့်ပါတယ်။   လူကြီးအများစုဟာ ကလေးတွေကို လက်တွေ့ဘဝမှာဖြစ်နေတဲ့ ခြောက်ချားဖွယ်ရာ အကြောင်းတွေကို ပြောပြခြင်းက ကလေးတွေရဲ့ ဖြူစင်အပြစ်ကင်းတဲ့ စိတ်ကို ဖျက်ဆီးပစ်နိုင်တယ်လို့ အထင်မှားနေကြပါတယ်။ ဒါပေမဲ့ လက်တွေ့လောကမှာဘာဖြစ်နေတယ်ဆိုတဲ့အကြောင်း သင်ယူလိုက်ရုံနဲ့ လူတစ်ယောက်ရဲ့ အပြစ်ကင်းတဲ့စိတ်က ပျောက်ပျက်မသွားနိုင်ပါဘူး။ ဒီလို ဖြစ်စဉ်ကြီးထဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာရမှာသာ သူတို့ရဲ့ အပြစ်ကင်းစင်မှုက […]


အခြားကလေးကျန်းမာရေးပြဿနာများ

လိင်ကုန်ကူးမှု (လိင်ကျွန်အဖြစ် ရောင်းစားခံရခြင်း)များမှ သင့်ကလေးကို ကာကွယ်ပါ

ကလေးတွေရဲ့ အပြစ်ကင်းစင်မှုနဲ့ ရိုးသားမှုတွေကြောင့် ရာဇဝတ်မှုတွေ၊ မရိုးသားတဲ့လှုပ်ရှားမှုတွေမှာ ကလေးတွေကို ချဉ်းကပ်ရလွယ်ကူတဲ့ ပစ်မှတ်တွေအဖြစ် သဘောထားလာကြပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်ရဲ့ လူဆိုးဂိုဏ်းတွေကတော့ ငယ်ရွယ်တဲ့ မိန်းကလေးတွေကို ရွေးချယ်ပစ်မှတ်ထားလာကြပါတယ်။ ဒီလို မိန်းကလေးငယ်လေးတွေဆီက ရနိုင်မယ့် အကျိုးရလဒ်တွေကြောင့် ကမ္ဘာ့ ကြီးထွားနှုန်းအမြန်ဆုံးဖြစ်တဲ့ ရာဇဝတ်မှုတစ်ဖြစ်လဲ လိင်ကုန်ကူးမှုမှာ မိန်းကလေးတွေကို နေရာအနှံ့ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံကြားမှာ လိင်ဖျော်ဖြေတဲ့ အရာတွေအဖြစ် ရောင်းစားနေကြတာပါ။ မိဘတစ်ယောက်အနေနဲ့ သင့်ရဲ့ တန်ဖိုးရှိတဲ့ သမီးအတွက် ဒီလိုရာဇဝတ်မှုတွေကြား အဖမ်းမခံရစေဖို့ ထိထိရောက်ရောက် ဘယ်လိုကာကွယ်သင့်ပါသလဲ။ ဒီမှာတော့ သင့်သမီးကို လိင်ကုန်ကူးခြင်းရဲ့သားကောင်အဖြစ်မှ ကာကွယ်နိုင်ဖို့ သင်လုပ်နိုင်တဲ့ အချက် ၅ချက်ကို ဖော်ပြပေးထားပါတယ်။ ၁။ လိင်မှုရေးရာအသုံးချမှုတွေအကြောင်း သူမကို ရှင်းပြပါ။ အစမှာတော့ ဒါဟာ ရှုပ်ထွေးပြီး ရှင်းပြရတာ ဆိုးရွားနေပါလိမ့်မယ်။ နောက်ဆုံးရလဒ်ကတော့ ကြိုးစားမှုနဲ့ တကယ်ကို ထိုက်တန်ပါလိမ့်မယ်။ သင့်သမီးက […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေမှာ တွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုများ

ခံစားချက်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ တွေကို အနိုင်ကျင့်ခြင်းဟာ ကလေးတွေရဲ့ စိတ်ဓါတ်ကို အဆိုးဘက်က လွှမ်းမိုးထားနိုင်တဲ့ သူ့ဘဝထဲက အပြုအမူတွေ၊ စကားတွေ၊ မိဘတွေရဲ့ အပြုအမူတွေ၊ ဂရုစိုက်သူတွေနဲ့ အခြားထင်ရှားတဲ့ ဖြစ်စဉ်တွေကြောင့်လို့ ဆိုပါတယ်။ အနိုင်ကျင့်ခြင်းရဲ့ လက္ခဏာများ ကလေးတွေကို အနိုင်ကျင့်ခြင်းဟာ မိသားစုပုံစံအမျိုးမျိုးမှာ ရှိပါတယ်။ ဒါပေမဲ့ ဒီလို အနိုင်ကျင့်မှုမျိုးတွေဟာ ဒီလိုမိသားစုတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။ စီးပွားရေးအဆင်မပြေခြင်း၊ မိဘတစ်ယောက်တည်းရှိခြင်း လင်မယားကွဲခြင်း၊ ဒါမှမဟုတ် ကွာရှင်းခဲ့ခြင်း မူးယစ်ဆေးစွဲလမ်းခြင်း Emotional abuse တွေမှာ ကလေးတွေကို ခြောက်လှန့်ခြင်း၊ လှောင်ပြောင်ခြင်း၊ တစ်ယောက်တည်းထားခြင်း၊ လျစ်လျူရှုထားခြင်း စတာတွေပါဝင်ပါတယ်။ ဒီလိုမျိုးတွေ ခံစားနေရတဲ့ ကလေးတွေဟာ အများအားဖြင့် အခြားသော အနိုင်ကျင့်မှု ပုံစံတစ်မျိုး ဒါမှမဟုတ် လျစ်လျူရှုထားတာမျိုးကို တစ်ချိန်တည်းမှာ ခံစားရနေနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ အမြဲတမ်းဖြစ်နေတာမျိုးတော့မဟုတ်ပါဘူး။ ဒီလို […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများ TV ကြည့်ခြင်း ၊ ဖုန်း သို့ ကွန်ပြူတာသုံးခြင်းများကို ဖိအားမပေးပဲ လျှော့ကျစေခြင်း

ယနေ့ခေတ်ကလေးများသည် ကျွန်တော်တို့တုန်းကလို ကျောင်း ၊ သူငယ်ချင်းများ နှင့် ပြဿနာများရင်ဆိုင်နေရသော်လည်း သူတို့တွင် ပြဿနာတစ်ခုပါထပ်တိုးလာပါတယ် ။ အဲ့ဒါကတော့သူတို့ဟာ ဖုန်းတွေ၊ကွန်ပြူတာတွေ၊ ဗီဒီယိုဂိမ်းတွေနားကနေ တစ်ဖဝါးမှမခွာနိုင်ဖြစ်နေခြင်းပဲဖြစ်ပါတယ် ။ ဒါတွေဟာ ကလေးရဲ့စာကြည့်ချိန်နဲ့ ပြင်ပလောကကြီးမှာပျော်မွေ့ဖို့အချိန်တွေကို လျော့စေပါတယ် ။ မိဘများဟာ မိမိတို့ရဲ့ကလေးများ တီဗီကြည့်ခြင်း ၊ ဖုန်းသုံးခြင်း၊ ဂိမ်းဆော့ခြင်း တို့မှလျော့နည်းစေရန် အောက်ပါ ဖိအားပေးခြင်းမရှိတဲ့နည်းလမ်းများကို စမ်းသပ်ကြည့်သင့်ပါတယ် ။ သင့်ရဲ့ တီဗီကြည့်တဲ့ဖုန်းသုံးတဲ့အလေ့အကျင့်တွေကိုလျှော့ချပါ ။ သင့်ရဲ့ကလေးတွေဟာ သင်လုပ်နေတာတွေကို အမြဲတမ်းသတိထားကြည့်မနေပေမယ့် သင်ဟာတာ့သူတို့ရဲ့စံပြပုဂ္ဂုလ်ဖြစ်နေတုန်းပါပဲ။ ဒါကြောင့် မိမိကိုယ်တိုင် ကားမောင်းရင်းစာပို့နေတာတို့ ၊ တီဗီကြည့်တာတို့ ၊ ထမင်းစားစဉ် ဖုန်းတစ်လုံးနဲ့စားနေတာတွေကို မပြုပြင်ပဲ ကလေးကို တီဗီကြည့်တာတွေ၊ ဂိမ်းဆော့တာတွေလျှော့ခိုင်းဖို့မဖြစ်နိုင်ပါဘူး ။ ဖုန်းသုံးတာ ၊ ဂိမ်းဆော့တာရပ်သင့်သောအချိန်တွင် သတိပေးခြင်း ။ အီလတ်ထရောနစ်ပစ္စည်းများအသုံးမပြုပဲနေခြင်းဟာ မဖြစ်နိုင်သော်လည်း သင့်ရဲ့ကလေ အချိန်ဘယ်လောက်သုံးနေတယ်ဆိုတာကို […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေမှာ ကြုံတွေ့ရတတ်တဲ့ လက်သည်း၊ခြေသည်းပြဿနာတွေ

ကလေးတွေမှာ လက်သည်း၊ခြေသည်းပြဿနာတွေ ရင်ဆိုင်ရတာဟာ ပုံမှန်ပဲ လို့တောင် ပြောလို့ရတဲ့အတွက် သင့်အနေနဲ့ အထူးအထွေ စိုးရိမ်ပူပန်စရာ၊သောကရောက်စရာ မလိုပါဘူး။ သာမန်အလှအပရေးရာ ပြဿနာတခုအဖြစ်သာ ရှုမြင်ကြလေ့ရှိပါတယ်။ သင့်ကလေးမှာ အများဆုံးတွေ့ကြုံလာရနိုင်တဲ့ လက်သည်း၊ခြေသည်းဆိုင်ရာ ပြဿနာတွေကို အောက်မှာဖော်ပြထားပါတယ်။   Beau’s lines Beau’s lines ဆိုတာဟာ လက်သည်းမှာ ကန့်လန့်ဖြတ်ချိုင့်နေတာကို ဆိုလိုပါတယ်။Beau’s lines တွေဟာ သင့်ကလေးရဲ့ လက်သည်းခွံလေးမှာ ကန့်လန့်ဖြတ်ပြီး အချိုင့်ကြီးအနေနဲ့ ရှိနေပါမယ်။ တကယ်တမ်းပြောရရင် ပုံမှန်မွေးကင်းစကလေးအများစုမှာ Beau’s lines တွေ ရှိနေတတ်ပါတယ်။ နည်းနည်းကြီးတဲ့ ကလေးတွေမှာတော့ အပြင်းဖျားပြီးတဲ့အခါ တွေ့မြင်နိုင်သလို ဇင့်ဓါတ်ချို့တဲ့ နေတဲ့ ကလေးတွေမှာလည်း ရှားရှားပါးပါး တွေ့မြင်နိုင်ပါတယ်။   Koilonychia ကလေးတွေမှာ Koilonychia ဒါမှမဟုတ် ဇွန်းပုံစံ ခြေသည်း၊လက်သည်းတွေဟာ အနည်းငယ် အဖြစ်များပါတယ်။Koilonychia ဝေဒနာခံစားနေရတဲ့ ကလေးတွေရဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

လူမျိုးရေးခွဲခြားမှု၊ အကြမ်းဖက်မှုများကြောင့် ကလေးများ၏ သင်ယူမှု၊ အမူအကျင့်နှင့် ကျန်းမာရေးတွင် ထိခိုက်မှုဖြစ်ခြင်း

ကလေးများဟာ ထိရှလွယ်ပြီး ဆိုးကျိုးဖြစ်စေတဲ့ အကြောင်းအရာတွေက သက်ရောက်မှု လွယ်ကူပါတယ်။ ပြသနာတခုကတော့ လူမျိုးခွဲခြားမှု၊ အကြမ်းဖက်မှုတွေကို ခံစားရခြင်း ဖြစ်ပါတယ်။ သုတေသနတွေအရ ဒီပြသနာတွေကို ငယ်ရွယ်စဉ်မှာ ကြုံဖူးတဲ့ကလေးတွေဟာ သူတို့ရဲ့ သင်ယူမှု၊ အမူအကျင့်နဲ့ ကျန်းမာရေးကိစ္စတွေမှာ ရေရှည်ထိခိုက်မှု ဖြစ်စေပါတယ်။ ကလေးများတွင် ဆိုးရွားသော ဖိအားသက်ရောက်ခြင်း လူမျိုးခွဲခြားမှု ဒေါက်တာဂီးလ်ဘတ်နဲ့အဖွဲ့ရဲ့ သုတေသနပြုချက်အရ လူမျိုးရေးခွဲခြားမှုကြောင့် ကျန်းမာရေးချို့ယွင်းခြင်းပါ ဖြစ်ပေါ်စေပါတယ်။ အလားအလာရှိတဲ့ ကလေးများကို လူမျိုးရေး ခွဲခြားခံရမှုဟာ သူတို့ရဲ့ အနာဂတ် အခွင့်အလမ်းတွေကို ထိခိုက်မှု ဖြစ်စေပါတယ်။ ဆိုးရွားပြီး ရေရှည်ကြုံရတဲ့ အခြေအနေဆိုရင် လူ့သက်တမ်းပါ တိုစေနိုင်ပါတယ်။ ကလေးများငယ်စဉ်မှာ ခွဲခြားခံရရင် ဖိအားတွေ ကြုံနိုင်ပါတယ်။ ဒီဖိအားဟာ ကလေးများ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ အာရုံကြောများ ဆက်သွယ်မှုကို အနှောက်အယှက်ဖြစ်စေပါတယ်။ နောက်ထပ် တွေ့ရှိချက်အရ လူမျိုးခွဲခြားခံရသူများဟာ အဆီများတဲ့ အစာတွေ ပိုမိုစားသုံးပြီး […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများတွင် အစာမတည့်ခြင်း

အစာမတည့်ခြင်းဆိုတာ ဘာလဲ အစာမတည့်ခြင်းဆိုတာ ကိုယ်ခန္ဓါကနေ အစာတမျိုးမျိုးကို အန္တရာယ်ရှိတဲ့ ပစ္စည်းအနေနဲ့ ယူဆပြီး ကိုယ်ခံအားစနစ်ကို တိုက်ထုတ်ဖို့ အချက်ပြတဲ့အခါ ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ အစာနဲ့ဘယ်လိုထိတွေ့ပုံမဆို (ထိကိုင်ခြင်း၊ စားခြင်း၊ ရှူခြင်း) ဓါတုပစ္စည်းတချိုပကို ကိုယ်ခန္ဓါကနေ ထွက်ပေါ်လာစေပါတယ်။ ဟစ်တမင်းဟာ တခုအပါအဝင်ဖြစ်ပါတယ်။ သူဟာ အသက်ရှူစနစ်၊ အစာခြေစနစ်၊ နှလုံးသွေးကြောစနစ်တွေကို သက်ရောက်စေတဲ့ ဓါတ်မတည့်မှု လက္ခဏာတွေကို ဖြစ်ပေါ်စေပါတယ်။ ကလေးမှာ အစာမတည့်မှုဖြစ်တာကို ဘယ်လိုသိနိုင်လဲ အောက်ပါလက္ခဏာတွေ အဖြစ်များပါတယ်။ မျက်နှာနီရဲလာခြင်း အင်ပျဉ်ထခြင်း နီရဲယားယံလာခြင်း နှုတ်ခမ်း၊ မျက်လုံး၊ မျက်နှာ ရောင်လာခြင်း နှာရည်ကျခြင်း၊ နှာပိတ်ခြင်း၊ နှာစေးခြင်း၊ မျက်ရည်ကျခြင်း ပျို့ခြင်း၊ ထိုးအန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းသွားခြင်း ပါးစပ်နှင့် လည်ချောင်း ယားယံခြင်း ဓါတ်မတည့်မှုပိုဆိုးလာရင် အသက်အန္တရာယ် ထိခိုက်လောက်တဲ့ ဆိုးရွားတဲ့ ဓါတ်မတည့်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း