ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို ရေချိုးပေးတာကစလို့ ညဘက်သိပ်တဲ့အချိန်အထိ ဘယ်လိုမျိုး ပြုစုပေးရမလဲဆိုတာတွေကို ပညာရှင်တွေက ဒီမှာ လမ်းညွှန်ထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ တွေကို အတူလေ့လာဖို့ အသင့်ပဲလား! ဘေဘီလေးတွေရဲ့ စားသုံးလိုက်တဲ့ အာဟာရရဲ့ ၇၅% က ဘေဘီလေးတွေရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေတယ်ဆိုတာ နဲ့ ဘေဘီလေးတွေက သူတို့ရဲ့ အသက် ၃ နှစ်အရောက်မှာ ဦးနှောက်ဖွံ့ဖြိုးမှုက ၈၀% အထိ ရှိပြီ ဆိုတာကို သိပြီးပြီလား မေမေတို့ရေ ....... ဘေဘီလေးကို မွေးဖွားချိန်ကစလို့ မေမေ့ရဲ့ ပွေ့ဖက်မှု ဂရုစိုက်မှု နမ်းရှုံ့ကြင်နာမှုတွေ၊ ပြင်ဆင်ကျွေးမွေးတဲ့ အာဟာရတွေ၊ အတူတူ ကစားပေးတဲ့ ကစားနည်းတွေက ဘေဘီလေးရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေမှုတွေကို အားဖြည့်ပေးနေပါတယ်။ ဘေဘီလေးကို ကျန်းမာပျော်ရွှင်ပြီး ထက်မြက်တဲ့ ကလေးလေးတစ်ယောက်အနေနဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကလေးထဲက သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ အစကောင်းမှ […]

ကလေးငယ်ပြုစုစောင့်ရှောက်နည်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကို လေ ဘယ်လိုထုတ်ပေးမလဲ

ကလေးရဲ့ဗိုက်ထဲမှာရှိတဲ့ ဓာတ်ငွေ့တွေ(လေတွေ)က ကလေးကို မသက်မသာဖြစ်စေပြီး နာကျင်မှုကိုခံစားရစေတာပါ။ ဒါကြောင့် သင့်ကလေးကို လေမကြာခဏထုတ်ပေးခြင်းက ဂတ်စ် တွေကိုထွက်သွားစေနိုင်ပြီး ကလေးကိုပိုပြီး နေလို့ကောင်းစေကာ ဗိုက်နာလို့ငိုခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ အောက်ပါဆောင်းပါးမှာ ကလေးကို ဘယ်လိုမျိုးမှန်ကန်စွာ လေထုတ်ပေးရမလဲဆိုတာကိုဖော်ပြထားပါတယ်။ ဒါမှသာ ကလေးက လေထိုးလို့နာကျင်တာမျိုး မဖြစ်တော့မှာ မဟုတ်လား။   ကလေးရဲ့ဗိုက်ထဲက လေ(ဂတ်စ်) တွေကို ဘာတွေကဖြစ်စေတာလဲ။ လေကို မျိုချမိခြင်း ။ ကလေးငယ်တွေကို မိခင်နို့တိုက်ကျွေးချိန်နဲ့ နို့ဘူးတိုက်ချိန်တွေမှာ သူတို့ဟာ လေကိုမမျိုချမိဖို့ ရှောင်ရှားနိုင်စွမ်းက မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် သောက်လိုက်တဲ့နို့တွေနဲ့အတူ လေတွေက အစာအိမ်ထဲပါသွားပါတော့တယ်။ အစာခြေခြင်း။ အူမကြီးထဲမှာ ဘက်တီးရီးယားတွေနဲ့အစာခြေတဲ့ စနစ်နဲ့ လုပ်ငန်းစဉ်တွေဟာ ကလေးငယ်ရဲ့ဗိုက်ထဲက လေ (ဂတ်စ်) တွေကို သဘာဝအတိုင်းဖြစ်ပေါ်စေနိုင်ပါတယ်။ ဓာတ်မတည့်ခြင်း သို့မဟုတ် အစာဒဏ်မခံနိုင်ခြင်း။ တကယ်လို့ ကလေးငယ်ကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အိပ်နေသောသင်၏ ကလေးကို လုံခြုံစိတ်ချရအောင် ဘယ်လိုသိပ်မလဲ။

ကလေးများအိပ်နေစဉ်အတွင်း ရုတ်တရက်မမျှော်လင့်ဘဲ သေဆုံးခြင်းများပြားလာသည်နှင့်အမျှ ကလေးအိပ်စက်ခြင်းသည် မိဘများအတွက် စိတ်ပူစရာတစ်ခု ဖြစ်လာခဲ့သည်။ တရားခံမှာ SIDS ဟုခေါ်သော တစ်နှစ်အောက်ကလေး ရုတ်တရက် သေဆုံးခြင်းဟု ခေါ်သည်။ အချို့ကိစ္စရပ်များတွင် သေဆုံးခြင်း၏ အကြောင်းအရင်းများမှာ အသက်ရှူကြပ်ခြင်း၊ လည်ပင်းအစ်ခြင်းများကြောင့် ဖြစ်နိုင်သည်။ ၁။ မွေးကာစ ကလေးငယ်များအားလုံးကို ပက်လက်အိပ်နိုင်စေရန် နေရာချပေးသင့်သည်။ ခဏအိပ်သည်ဖြစ်စေ၊ တစ်ညလုံးအိပ်သည်ဖြစ်စေ သင့်ကလေးငယ်များကို ပက်လက်လှန်လျက်သာ အိပ်ခိုင်းစေသင့်သည်။ သုတေသနပြုသူများ၏ လေ့လာချက်များအရ ပက်လက်လှန်အိပ်သော ကလေးများသည် အိပ်နေစဥ ်သေဆုံးနိုင်ခြေ သိသိသာသာလျော့ကျကြောင်း သိရသည်။ ဘေးစောင်းအိပ်သော ကလေးများသည် အစာအိမ် အလွယ်တကူခေါက်ကာ လေဝင်လမ်းကြောင်းကို ပိတ်စို့နိုင်သည်။ သို့သော်လည်း အကယ်၍ သင့်ကလေးသည် အိပ်နေစဉ် အနေအထားအမျိုးမျိုးကို သူဘာသာသူ သက်တောင့်သက်သာ ပြောင်းလဲနိုင်လျှင် ကလေးကို ပက်လက်လှန်အိပ်ဖို့ တောက်လျှောက် ပြန်ပြောင်းပေးစရာမလိုပါ။   ၂။ မျက်နှာပြင်တင်းရင်းသော […]


ကလေးငယ်အာဟာရ

သင့်ကလေးနှင့် အတူ ဘေးကင်းပျော်ရွှင်ဖွယ် ဟင်းချက်ပြုတ်ချိန်

ကလေးများအတွက် မီးဖိုချောင်ဆိုသည်မှာ အလွန် ပျော်စရာကောင်းသော နေရာဖြစ်သည်။ ကလေးများကို မီးဖိုချောင်ထဲတွင် ကူလုပ်ပေးရန် ခေါ်ထားဖို့တော့ အမြဲတမ်း အဆင်မပြေနိုင်ပါ။ သို့သော်လည်း အဆင်ပြေသည့် အချိန်တွင် ကလေးများကို မီးဖိုချောင်တွင် ကူညီလုပ်ခိုင်းသင့်ပါသည်။ အောက်တွင် အကြံပြုချက်များ ဖော်ပြထားပါသည်။ မှန်ကန်သောအချိန်တွင် မှန်ကန်သော တာဝန်များ ရွေးချယ်ပြုလုပ်ခိုင်းပါ သင်သည် သင့်ကလေးကို မီးဖိုချောင်ထဲခေါ်မည်ဆိုလျှင် အနည်းငယ် ကြိုတင်စီစဉ်သင့်ပါသည်။ အကယ်၍ သင့်ကလေးဟာ ငယ်သေးသည်ဆိုပါက အသုပ် သို့မဟုတ် ထောပတ်နှင့် ပူပူနွေးနွေး စားရသည့် ပေါင်မုန့်အဝိုင်း စသော လွယ်ကူသည့် စားသောက်စရာများဖြင့် စတင်ပါ။ ပီဇာပြင်ဆင်ခြင်းသည်လည်း အကြံဉာဏ်ကောင်း တစ်ခုပင်ဖြစ်ပါသည်။ သင့်ကလေးများကို ရှိသောပစ္စည်းများ၊ ပါဝင်သော ပစ္စည်းများနှင့် ပီဇာတစ်ခု ပြုလုပ်ပုံကို သင်ကြားပေးခြင်းသည်လည်း အလွန်ကောင်းပါသည်။ ကလေးများကို အပေါ်ယံလွှာ၊ အချဉ်ရည်နှင့် ချိစ်တို့ကို သူတို့ကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ရဲ့မွေးကင်းစ ကလေးငယ်အတွက် အသုံးဝင်မယ့် ပစ္စည်းကိရိယာများ

သင့်ကလေးကို သူတို့ဘဝရဲ့အစလသားအရွယ်လေးတွေမှာ ပြုစုစောင့်ရှောက်ဖို့ဆိုတာ တကယ်တမ်းတော့မလွယ်လှပါဘူး။ ဒါကြောင့်သင့်မှာ နည်းလမ်းတွေနဲ့ အသုံးအဆောင်ကိရိယာပစ္စည်းတွေအများကြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အောက်ဖော်ပြပါ ဆောင်းပါးဟာ သင့်ကလေးငယ်ကိုစောင့်ရှောက်တဲ့နေရာမှာ အကူအညီဖြစ်စေနိုင်မယ့် နည်းလမ်းတွေ ပေးနိုင်ပါလိမ့်မယ်။ မိခင်နို့ တိုက်ကျွေးခြင်းနဲ့ နို့ဗူးတိုက်ခြင်း Nursing or feeding pillow. သူတို့တွေကို ကလေးငယ်တွေနို့ဗူးစို့တဲ့အခါနဲ့ မိခင်နို့တိုက်ကျွေးတဲ့အခါမှာ ပုခုံးနဲ့လည်ပင်းတွေပေါ်မကျအောင် အထူးပြုလုပ်ထားပါတယ်။ ဒါတွေက သင့်ကလေးကို ပုံစံအနေအထားမှန်အောင်လုပ်ပေးတဲ့နေရာမှာ ပိုမိုကောင်းမွန်ပြီး သာမန်ခေါင်းအုံးတွေထက် ပိုပြီး သက်တောင့်သက်သာရှိစေ အဆင်ပြေစေပါတယ်။ သင်က မိခင်နို့တိုက်ကျွေးခြင်းမလုပ်ဘူးလို့ ဆုံးဖြတ်ထားရင် formula milk (မိခင်နို့မဟုတ်သော လူလုပ်နို့ရည်) ကိုပြင်ဆင်ထားပါ။ သင့်ကလေးရဲ့အရွယ်နဲ့လိုက်ဖက်မယ့် မှန်ကန်တဲ့နို့အမျိုးအစားကိုရွေးချယ်နိုင်ဖို့ ဆရာဝန်သို့မဟုတ် ကလေးအထူးကုနဲ့ တိုင်ပင်ဆွေးနွေးပါ။   ရေချိုးခြင်း ရေချိုးဇလား (bath tub): ကလေးရဲ့ အစောပိုင်းလသားအရွယ်လေးမှာ မီးဖိုချောင်ရဲ့ဘေစင်မှာရေချိုးပေးနိုင်ပါတယ်။ ဒါပေမယ့် ကလေးအတွက်အထူးပြုလုပ်ထားတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးငယ် သင့်ကိုချစ်ကြောင်းသိရှိနိုင်တဲ့ နည်းလမ်း ၇ သွယ်

အမှန်တော့ သင်ဖြတ်သန်းခဲ့ရတဲ့ အိပ်ပျက်ညတွေ ပင်ပန်းနာကျင်ခဲ့ရတဲ့မီးဖွားမှုတွေအဆုံးမှာ သင့်ကလေးငယ်လေးက သင်မျှော်လင့်နေခဲ့တဲ့ပုံစံကိုတော့ ပြပေးနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သင်နဲ့ ကလေးရင်းနှီးလာတာနဲ့အမျှ သင်တို့ကြားမှာ သံယောဇဉ်တွယ်လာတာကပြီး ဒါဟာ ‘ချစ်ပါတယ်’လို့ အကျယ်ကြီးပြောလိုက်တာထက် အများကြီးပိုသိသာတာကိုတွေ့ရပါလိမ့်မယ်။ ဒီလိုသံယောဇဉ်တွယ်လာခြင်းက တိုးတက်လာခြင်းတစ်မျိုးပါ။ သင့်ကလေးက သင့်ဂရုစိုက်မှုတွေခံစားလာရတာနဲ့အမျှ တစ်နေ့ထက် တစ်နေ့သင့်ကို ပိုပိုချစ်လာပြီး သူတို့နည်းသူတို့ဟန်နဲ့ ကျေးဇူးတင်စကားပြောကြပါလိမ့်မယ်။ သင့်မျက်လုံးထဲကိုစိုက်ကြည့်မယ် ကလေးလေးတွေဟာ မျက်နှာတွေကိုလိုက်ကြည့်ရတာ နှစ်သက်တတ်ပြီး သင့်မျက်နှာကတော့ သူတို့ရဲ့ပထမဆုံးဦးစားပေးပေါ့။ စောင့်ရှောက်သူတွေဆီက ချစ်ခြင်းနဲ့ အာရုံစိုက်မှုတွေကိုဆွဲဆောင်ယူနိုင်မယ့် ထိုခံစားချက်အပြည့်နဲ့ အကြည့်တွေဟာ မွေးရာပါပင်ကိုယ်ဗီဇတစ်မျိုးပါ။ ကလေးတွေရဲ့ ထိုအကြည့်တွေဟာ သူတို့ဘဝအတွက် သင့်အရေးပါမှုကိုသိရှိလာတဲ့အတွက် သင့်အတွက်သူတို့ရဲ့ချစ်ခြင်းမေတ္တာတွေ အစပေါ့။ သူတို့သိတဲ့သင့်ကိုယ်ရနံ့ ကလေးလေးတွေဟာ သူတို့ကိုစောင့်ရှောက်နေသူတွေကို ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ သိရှိမှတ်မိပြီး ထိုသူတွေက သူတို့လေးတွေရဲ့ ဦးစားပေးတွေဖြစ်လာပါတယ်။ မွေးပျံ့နေတဲ့နှင်းဆီပန်းတွေနဲ့ သင့်ရဲ့ချွေးနံ့ နို့နံ့ရနေတဲ့အင်္ကျီကို ယှဉ်ရင် သူတို့ဟာသင့်အင်္ကျ ီ ကိုပဲ အမြဲတမ်းရွေးချယ်ကြပါလိမ့်မယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်၏ ကြီးထွားနှုန်းကို သက်ရောက်စေနိုင်သော အချက်များ

သင့်ကလေးကို ပန်းခြံတွေကိုခေါ်ပြီးကစားခိုင်းတဲ့အချိန်မျိုးတွေမှာ အခြားကလေးငယ်တွေနဲ့ သင့်ကလေးရဲ့ အရွယ်အစားချင်းနှိုင်းယှဉ်မိတာမျိုး ဒါမှမဟုတ် အခြားသောသူ့အတန်းဖော်သူငယ်ချင်းတွေ သို့မဟုတ် အားကစားအသင်းကသူငယ်ချင်းတွေနဲ့ သင့်ကလေးရဲ့အရွယ်အစားကို နှိုင်းယှဉ်လိုက်ရင်ဘာကြောင့် သင့်ကလေးကပိုသေးနေတာလဲဆိုပြီးတွေးမိတာမျိုး ဖြစ်ဖူးပါသလား။ ကလေးရဲ့ကြီးထွားနှုန်းကို ဘာတွေက အကျိုးသက်ရောက်စေတာလဲ။ ကလေးငယ်ရဲ့ဖွံ့ဖြိုးမှုကို သက်ရောက်နိုင်တဲ့အချက်တွေကိုလေ့လာနိုင်ဖို့အတွက် ကျွမ်းကျင်သူတွေက အုပ်စုလေးခုခွဲလိုက်ပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ : အိမ်ရာ၊ ဝင်ငွေ၊ အလုပ်အကိုင်၊ ပညာအရည်အချင်း နဲ့ အာဟာရ။ ဇီဝဗေဒဆိုင်ရာအချက်များ : မျိုးရိုး၊ လူမျိုး၊ လိင်၊ အထွေထွေကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ သင့်ကလေးမှာရှိတတ်တဲ့ အခြားသော ကျန်းမာရေးဆိုင်ရာအလေ့အထများ၊ ဟော်မုန်း လူမှုဆက်ဆံရေး : သင့်ကလေးနဲ့ အခြားကလေးတွေကြားဆက်ဆံရေး၊ မိဘအုပ်ထိန်းမှုပုံစံ၊ လူမှုကွန်ယက်များ အစောပိုင်းပတ်ဝန်းကျင်နဲ့ အတွေးအကြုံများ : ဒါကတော့ သင့်ကလေးဟာ သူမွေးပြီးအစောပိုင်းလတွေမှာ ဘယ်လိုလှုံ့ဆော်မှုတွေနဲ့ ဘယ်လောက်များမျာထိတွေ့ခဲ့သလဲဆိုတာကို ကိုယ်စားပြုပါတယ်။ ဒီမှာတော့ အများအားဖြင့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ကို လိင်တံထိပ်ဖုံးအရေပြားဖြတ်ခြင်း

သင့်မှာ သားသားလေးမွေးထားပါသလား။ သားသားလေးကို လိင်တံအရေပြား ဖြတ်သင့်မဖြတ်သင့် စဉ်းစားနေပါသလား။ ဒါဟာ မိသားစုကဆုံးဖြတ်ရမယ့် ကိစ္စပါ၊ဆရာဝန်က ဆုံးဖြတ်ပေးရမယ့် ကိစ္စမဟုတ်ပါဖူး။ ဒါကြောင့် လိင်တံအရေပြားဖြတ်ပေးဖို့ ဆုံးဖြတ်ချက်မချခင် အသေအချာ စဉ်းစားဖို့လိုပါလိမ့်မယ်။ အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်လေးတွေက သင်ဆုံးဖြတ်ချက်ချရာမှာ အထောက်အကူဖြစ်စေပါလိမ့်မယ်။ သားသားလေးကို လိင်တံအရေပြား ဖြတ်ပေးသင့်သလား။ သားသားလေးကို လိင်တံအရေပြားဖြတ်ပေးဖို့ မဆုံးဖြတ်ခင် မိသားစုအစည်းအဝေးထိုင်ပြီး အောက်ဖော်ပြပါ အချက်လေးတွေကို ထည့်သွင်းစဉ်းစားပေးပါ။ လိင်တံအရေပြားဖြတ်တာနဲ့ ပတ်သက်ပြီး သင့်အနေနဲ့ ဘယ်လိုမြင်သလဲ။ လိင်တံအရေပြားဖြတ်တာနဲ့ ပတ်သက်ပြီး သင့်ဘာသာရေးက ဘယ်လိုမြင်လဲ။ သင်ကော ဘယ်လိုထင်လဲ။ လိင်တံအရေပြားဖြတ်တာဟာ သင်နဲ့ သင့်မိသားစုအတွက် အရေးကြီးတယ်လို့ ထင်ပါသလား။ ကလေးအဖေကရော လိင်တံအရေပြား ဖြတ်ထားလား။ လိင်တံပုံစံကော တူလား။ မတူဖူးဆိုရင် ဒါဟာ အရေးကြီးတယ်လို့ ထင်ပါသလား။ လိင်တံအရေပြားဖြတ်ခြင်းရဲ့ ကောင်းတဲ့အချက်တွေ ဒီလုပ်ဆောင်မှုကို ယောက်ျားလေးတိုင်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေး လေထခြင်းကို အပ်စိုက်ကုထုံးဖြင့် ကုသခြင်း

HealthDay News မှာလတ်တလောပါလာတဲ့ ဆောင်းပါးအရ နေ့ရောညပါ ကလေး လေထတာကို စိတ်ညစ်နေတဲ့ မိဘတွေအတွက် အားတက်စရာ သတင်းတခုကို သိလိုက်ရပါတယ်။ ဒီဆောင်းပါးအလိုအရ ကလေးလေထတဲ့ ပြဿနာကို အပ်စိုက်တာက ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ လေထတယ်ဆိုတာဘာလဲ။ လုံးဝ ကျန်းမာနေတဲ့ ကလေးက တနေ့ကိုအချိန်သုံးနာရီကျော်နဲ့ သုံးရက်ဆက်တိုက်ထက်ပို ငိုရင် ဒါကိုလေထတယ်လို့ ခေါ်ပါတယ်။ ဘာလို့ဒီလိုငိုရတယ်ဆိုတာ တိကျတဲ့ အကြောင်းရင်း မသိရှိရပါဖူး။ မွေးကင်းစ ကလေးတွေရဲ့ ၂၀%ဟာ လေထလေ့ရှိတယ်လို့ ဆိုပါတယ်။ မိဘတွေမှာ အင်မတန် စိတ်ဆင်းရဲရပါတယ်။ ဒါကို ကုသဖို့ နည်းလမ်းလည်း မရှိသေးပါဖူး။ ကလေးလေထရင် ပုံမှန်လုပ်လေ့ရှိကြတာကတော့ ကလေးကို ချော့သိပ်တာ၊သားချော့တေးဆိုပြတာ ဒါမှမဟုတ် ရေနွေးလေးနဲ့ ရေချိုးပေးတာတောင် ပါ ပါသေးတယ်။ ကံကောင်းတာက အပ်စိုက်ကုသနည်း တခုလုံးရှိနေတာပါပဲ။ ကလေးလေး လေထပြီး ငိုနေတာတိတ်သွားစေဖို့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများကို မိမိဘာသာအစာစားနိုင်အောင်သင်ကြားပေးရမည့်အဆင့်များ

တစ်ခါတစ်လေတွင်သင့်အနေနှင့် ငါ့ကလေးကို သူ့ဘာသာသူ အစာစားအောင် ဘယ်လိုသင်ပေးရပါလိမ့် ဟူသောအတွေးမျိုး တွေးတတ်သည်။ တကယ်တော့ဇွန်းနှင့်စားတတ်တာသင်တစ်ယောက်တည်းမဟုတ်ပါဘူး။ သင့်ကလေးလည်းသင့်လိုပါပဲ။ မိမိဘာသာအစာစားဖို့သင်ကြားပေးခြင်းကမိခင်များအတွက်ခက်ခဲသောအလုပ်တစ်ခုဖြစ်နိုင်ပါသည်။ ဤဆောင်းပါးတွင် သင်နှင့်သင့်ကလေးကို ကူညီပေးမည့်လွယ်ကူသော အကြံဉာဏ်များကိုဖော်ပြပေးထားပါသည်။ သင့်ကလေးကိုမိမိကိုယ်တိုင်စားတတ်အောင်ဘယ်အချိန်မှာသင်ပေးသင့်သလဲ ယေဘူယျအားဖြင့် ကလေးအသက်ခုနှစ်လရှစ်လလောက်ဆိုလျှင် မိမိဘာသာစားတတ်အောင် စတင်သင်ကြားပေးဖို့ သင့်တော်သော အချိန်ရောက်ပါပြီ။ ထိုအချိန်တွင် သင့်ကလေးက သူတို့ဘာသာထိုင်နိုင်ပြီးတော့ ပစ္စည်းများကို ဆုပ်ကိုင်နိုင်ဖို့ စတင် လေ့ကျင့်နေပြီဖြစ်ပါသည်။ ဟန်ချက်ညီစွာ ဆုပ်ကိုင်နိုင်ဖို့အတွက် သင့်ကလေးက သူတို့၏လက်မနှင့် လက်ချောင်းများကို သုံးပါလိမ့်မည်။ သင်သည် သင့်ကလေးအစာမာများစားဖို့ အဆင်သင့်ဖြစ်မဖြစ် သေချာစေရန်အတွက် အခြားလက္ခဏာများကိုလည်း ကြည့်ရပါမည်။ ၎င်းတို့မှာ- ကောင်းကောင်းထိုင်နိုင်ပြီလား သူတို့ပါးစပ်ထဲပစ္စည်းတွေကောက်ထည့်ပြီလား စတင်ဝါးပြီလား နို့တိုက်နေစဉ်အတွင်းနို့သို့မဟုတ်နို့ဘူးကိုဆုပ်ကိုင်နေပြီလား ကလေးတွေကိုသူတို့ဘာသာသူတို့အစာစားဖို့ဘယ်လိုအားပေးမလဲ ပထမပိုင်းတွင်သင့်ကလေးကိုသူတို့ဘာသာစားတတ်အောင်အခွင့်အရေးပေးလိုက်ပါ။ ကလေးကိုခြောက်သွေ့၍ကြီးသောအစားအစာအစိတ်အပိုင်းတစ်ခုကိုပေးလိုက်ပါ။ အရမ်းကြီးသောအစားအစာတော့မပေးပါနှင့်။ အရမ်းကြီးသောအစားအစာတွေကသင့်ကလေးကိုနင်စေသီးစေသောကြောင့်ဖြစ်ပါသည်။ သင်သည်သင့်ကလေး၏ပန်းကန်ပေါ်တွင်အစားအစာလေးငါးခုလောက်ဖြန့်ကျဲထားပေးလိုက်ပါ။ ကလေးစား၍ကုန်သောအခါမှဖြည်းဖြည်းချင်းထပ်ထည့်ပေးပါ။ အဘယ်ကြောင့်ဆိုသော်အစားအစာအများကြီးတစ်ခါတည်းထည့်ပေးလိုက်လျှင်ထည့်ပေးသမျှကိုသင့်ကလေးကတစ်ကြိမ်တည်းနှင့်ပါးစပ်ထဲအကုန်ထည့်မည် သို့မဟုတ် ကြမ်းပေါ်သို့အကုန်လွှတ်ချနိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင်သင်ဟာသင့်ကလေးဇွန်းနှင့်စားပြီဆိုပါကသူတို့ကိုချီးကျူးခြင်းအားပေးအားမြှောက်ပြုလုပ်ခြင်းအားဖြင့်ကလေး၏ယုံကြည်မှုကိုတည်ဆောက်ပေးပါ။ အကယ်၍ကလေးမကိုင်နိုင်သေးလျှင်အတင်းမကိုင်ခိုင်းပါနှင့်။ သင့်ကလေးအဆင်သင့်ဖြစ်လောက်မည့်ရက်အနည်းငယ်လောက်စောင့်ပြီးပြန်လည်ကြိုးစားကြည့်ပါ။ ဘယ်လိုအစားအစာမျိုးနှင့်စတင်ကျွေးကြည့်မလဲ ဇွန်းနှင့်ခပ်စားလို့ရသောအနှစ်ကဲ့သို့ပြုလုပ်ထားသောအစားအစာများနှင့်စတင်ကျွေးကြည့်ပါ။ ချီးစ်၊ငှက်ပျောသီး၊သစ်တော်သီး၊သရက်သီးကဲ့သို့သောပိုပြီးကိုင်လို့ကောင်းသောအသီးအရွယ်အစားများ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သရေစာစားခြင်း၏ ဆိုးကျိုးများ

သရေစာ စားတဲ့ အလေ့အကျင့်ဟာ ကောင်းကျိုးအများကြီးရှိတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ ဒါပေမယ့် ဒါဟာ ကလေးရဲ့ အစာစားချင်စိတ်ကိုလည်း လျော့နည်းစေပါတယ်။ အစာစားချိန်မှာ ဗိုက်မဆာခြင်း သရေစာတွေဟာ ကလေးတွေကို ဗိုက်ပြည့်စေပါတယ်။ ဒါကြောင့် အစာစားချိန်တွေမှာ ဗိုက်မဆာဘဲ ဖြစ်တတ်ပါတယ်။ ဒီအချက်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ဒီသရေစာတွေထဲမှာ အစားအစာနဲ့ အာဟာရဓါတ်လုံလောက်စွာ ပါဝင်ခြင်း မရှိတာကြောင့် သိပ်မကြာခင်မှာ ဗိုက်ပြန်ဆာနိုင်ပါတယ်။   အစားအသောက် မူမမှန်ပြဿနာများ သရေစာ စားခြင်းရဲ့ဆိုးကျိုးကတော့ သူဟာ အစားအသောက်နှင့် သက်ဆိုင်သော မူမမှန်ပြဿနာတွေကို ဖြစ်စေနိုင်ခြင်းပဲ ဖြစ်ပါတယ်။ သရေစာစားခြင်းဟာ အလွန်အမင်း စားခြင်းကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ သင့်ကလေးမှာ ဒီပြဿနာရှိပြီဆိုရင် သူဟာ သူစားနေကျအစာတွေရဲ့ ပမာဏကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပါဘူး။ ဒါ့ပြင် သင့်ကလေးမှာ ဒီပြဿနာ ကို အချိန်တော်တော်ကြာမှ သိရှိရတတ်ပါတယ်။ ဒီရောဂါကို ကုသဖို့ ဆိုရင်တော့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း