ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို ရေချိုးပေးတာကစလို့ ညဘက်သိပ်တဲ့အချိန်အထိ ဘယ်လိုမျိုး ပြုစုပေးရမလဲဆိုတာတွေကို ပညာရှင်တွေက ဒီမှာ လမ်းညွှန်ထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ တွေကို အတူလေ့လာဖို့ အသင့်ပဲလား! ဘေဘီလေးတွေရဲ့ စားသုံးလိုက်တဲ့ အာဟာရရဲ့ ၇၅% က ဘေဘီလေးတွေရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေတယ်ဆိုတာ နဲ့ ဘေဘီလေးတွေက သူတို့ရဲ့ အသက် ၃ နှစ်အရောက်မှာ ဦးနှောက်ဖွံ့ဖြိုးမှုက ၈၀% အထိ ရှိပြီ ဆိုတာကို သိပြီးပြီလား မေမေတို့ရေ ....... ဘေဘီလေးကို မွေးဖွားချိန်ကစလို့ မေမေ့ရဲ့ ပွေ့ဖက်မှု ဂရုစိုက်မှု နမ်းရှုံ့ကြင်နာမှုတွေ၊ ပြင်ဆင်ကျွေးမွေးတဲ့ အာဟာရတွေ၊ အတူတူ ကစားပေးတဲ့ ကစားနည်းတွေက ဘေဘီလေးရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေမှုတွေကို အားဖြည့်ပေးနေပါတယ်။ ဘေဘီလေးကို ကျန်းမာပျော်ရွှင်ပြီး ထက်မြက်တဲ့ ကလေးလေးတစ်ယောက်အနေနဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကလေးထဲက သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ အစကောင်းမှ […]

ကလေးငယ်ပြုစုစောင့်ရှောက်နည်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဖခင်များ၏အရေးပါသော အခန်းကဏ္ဍ

ကလေးကို ကြိုဆိုရာတွင် အဖေသည် အမေထက်ပို၍ တွေးစရာများရှိနေတတ်ပါသည်။ တစ်ခါတရံ အဖေများသည် မိဘနှင့် သားသမီးကြားက ရင်းနှီးသော ဆက်ဆံရေးတွင် သူတို့သည် အရေးမပါသကဲ့သို့ ခံစားကြရတတ်သည်။ အဖေများသည် ကလေးကို နို့ချိုမတိုက်ကျွေးနိုင်သော်လည်း သူ၏ အရေးပါသောအခန်းကဏ္ဍများစွာရှိပါသည်။ အဖေနှင့် ကလေးကြားမှ ဆက်နွယ်မှုသည် အသိစိတ်ဖွံ့ဖြိုးမှုနှင့် ဆက်စပ်နေသည်။ ဖခင်ပါဝင်မှုကြောင့် ပထမဆုံးအကျိုးကျေးဇူးမှာ ကလေး၏ အသိစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွင်တိုးတက်မှု ဖြစ်စေသည်။ သုတေသနများက အကြံပြုသည်မှာ ကလေးများသည် သူတို့အဖေနှင့် ဆက်ဆံရေးရင်းနှီးလာသည့်အခါ အသိစိတ်ပိုင်းဆိုင်ရာတိုးတက်မှုသည် အမြင့်ဆုံးဖြစ်သည်။ ထိုအချိန်တွင် အဖေသည် ကလေးနှင့် အတူကစားရန်၊ ကလေးကို ဂရုစိုက်ရန် အချိန်ပေးသင့်သည်။  အဖေနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသော ကလေးများသည် သိစိတ်မှ နားလည်သင်ယူခြင်းများတွင် ပိုမိုတိုးတက်သည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ပြသနာများကို ဖြေရှင်းနိုင်သောစွမ်းရည်တွင် သာလွန်ကောင်းမွန်ကြောင်း သက်သေပြချက်များရှိသည်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးမမွေးစားခင် ဘာတွေသိထားသင့်သလဲ

ကလေးမွေးစားတယ်ဆိုတာ ဘဝအတွက်အရေးကြီးတဲ့ အပြောင်းအလဲတစ်ခုဖြစ်ပြီး စိတ်လှုပ်ရှားဖို့လည်းကောင်းပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ သဘာဝနည်းအတိုင်း ကိုယ်ဝန်ဆောင်မယ်၊ ကလေးမွေးမယ်၊ မိသားစုဘဝလေးကို တည်ဆောက်မယ် စသဖြင့် အမြဲတမ်းစိတ်ကူးယဉ်ခဲ့တယ်ဆိုရင်တော့ ကလေးမမွေးစားခင် စဉ်းစားစရာကိစ္စလေးတွေ အနည်းငယ်ရှိနေပါတယ်။ ကလေးငယ်အတွက် ရေချိုးဇလုံကိုတော်တော်နဲ့ ပြင်ဆင်ရဦးမှာ မဟုတ်ဘူး။ ကလေးမွေးစားတယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်သလို မရေရာမှုတွေနဲ့လည်း ပြည့်နှက်လို့ နေပါသေးတယ်။ ဒါကြောင့် မိဘအများစုဟာ aရချိုးဇလုံကို ကလေး အိမ်ရောက်မလာခင် ကြိုပြီးဝယ်ထားလေ့မရှိပါဘူး။ ဒါဟာလက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်တခုပါ။ ဥပမာပြောရရင် မိသားစုတခုဟာ တခြားနိုင်ငံ၊ aဒသက ကလေးတယောက်ကိုမွေးစားမယ်ဆိုရင် ကလေးကယောက်ျားလေးလား၊ မိန်းကလေးလား၊ အသက်ဘယ်လောက်ရှိပြီလဲ၊ အလုံးအထည် ဘယ်လောက်ရှိလဲစတဲ့ အချက်တွေကို သူလေးဆီမသွားခင် အတော်နီးစပ်တဲ့ အချိန်အထိသိရဦးမှာ မဟုတ်ပါဘူး။ (တချို့အနေအထားတွေမှာသူတို့မွေးစားမယ့် ကလေးဟာအသက် တစ်နှစ်ခွဲနီးနီးလောက်ရှိနေတတ်ပါတယ်)။ ဒါပေမယ့် ကလေးကိုခေါ်လာပြီး အိမ်ရောက်လို့ အသားကျလာတဲ့အခါ ဘာတွေလိုအပ်သလဲဆိုတာသိလာမှာ ဖြစ်သလို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဟယ်လီကော်ပတာ မိဘ (helicopter parent) ဆိုတာ ဘာလဲ

ဟယ်လီကော်ပတာမိဘဆိုတာ ဘာလဲ။ "ဟယ်လီကော်ပတာမိဘ" ဆိုတဲ့ စကားအသုံးအနှုန်းကို ဆယ်ကျော်သက်ကလေးတွေက စတင်တီထွင်ခဲ့ကြတာပါ။ သူတို့ရဲ့မိဘတွေက သူတို့အပေါ်မှာ ဟယ်လီကော်ပတာလိုပဲ အသံစုံမြည်နားညည်းစေပြီး အုပ်မိုးနေတဲ့အကြောင်း တင်စားပြောရာကနေ ခေတ်စားအသုံးများလာခဲ့တဲ့အတွက်၂၀၁၁ခုနှစ်မှာ အင်္ဂလိပ်အဘိဓါန်ထဲ ထည့်သွင်းခဲ့ပါတယ်။ ခပ်ဆင်ဆင်တူတဲ့ တခြားအသုံးအနှုန်းတွေလည်း အများကြီးရှိပါသေးတယ်။ ဟယ်လီကော်ပတာမိဘတွေဟာ သားသမီးတွေကို ဂရုအစိုက်လွန်၊အာရုံအစိုက်လွန်နေတဲ့ မိဘတွေ ဖြစ်ပါတယ်။ သူတို့ဟာ သားသမီးတွေကို အကုန်လိုက်လုပ်ပေးပြီး ကလေးရဲ့အောင်မြင်မှု၊ ကျရှုံးမှုအားလုံးဟာ မိဘဖြစ်တဲ့သူတို့ကြောင့်ချည်းပဲလို့ အလွန်အကျွံခံယူထားပါတယ်။ ဘယ်သူတွေက ဟယ်လီကော်ပတာမိဘတွေ ဖြစ်နိုင်လဲ။ များသောအားဖြင့် အထက်တန်းကျောင်းသားအရွယ်နဲ့ကောလိပ်ကျောင်းသားအရွယ် ကိုယ့်သားသမီးတယောက်တည်းလုပ်ရမယ့် အလုပ်မျိုးတွေ (ဥပမာ-စာနားမလည်တာတွေရှိလို့ဆရာကိုစာမေးတာ၊ ကိုယ်တက်ရမယ့်အတန်းချိန်တွေကို စီမံတာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရမယ့် အလေ့အထတွေကိုလိုက်ပြီးသတ်မှတ်ပေးတာမျိုး စသဖြင့်) ကိုရှေ့ကနေ ကန့်လန့်ကန့်လန့်လိုက်လုပ်ပေးနေတဲ့မိဘတွေဟာ ဟယ်လီကော်ပတာမိဘတွေ ဖြစ်လေ့ရှိပေမယ့် တခြားအသက်အရွယ်တွေမှာလည်း ဟယ်လီကော်ပတာမိဘတွေရှိနေနိုင်ပါတယ်။ ကိုယ့်ကလေးမတ်တပ်ပြေးအရွယ်မှာ ဟယ်လီကော်ပတာမိဘဟာ ကလေးနောက်ကို တကောက်ကောက်အရိပ်လို လိုက်နေမယ်။ အမြဲတမ်း အတူဆော့မယ်၊ ညွှန်ကြားချက်တွေပေးမယ်၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးကို အပြင်ခေါ်သွားမယ်ဆိုရင် ဘာတွေကို ကြိုတင်ပြင်ဆင်ရမလဲ

လေကောင်းလေသန့်ရှူရှိုက်ရတာနဲ့ပတ်ဝန်းကျင်အပြောင်းအလဲဟာ သင့်ကလေးအတွက်ရော သင့်အတွက်ပါ အရမ်းအကျိုးရှိပါတယ်။ ဒါကြောင့် သင့်ကလေးက လသားလေးပဲရှိသေးတယ်ဆိုရင်တောင် ရာသီဥတုသာသာယာယာရှိတဲ့နေ့တွေမှာ ကလေးနဲ့အတူ အပြင်ထွက်ပြီး ဟိုဟိုဒီဒီ လျှောက်လည်သင့်ပါတယ်။ ယေဘုယျအနေနဲ့သင့်ကလေးကိုသင်ဝတ်ထားတဲ့ အဝတ်အစားထက် တထပ်ပိုပြီးဝတ်ပေးသင့်ပါတယ်။ သင့်ကလေးကို အပြင်ထွက်စေတာဟာ ကျန်းမာရေးအတွက်ကောင်းပါတယ်။ သင်နဲ့သင့်ကလေး အပြင်ကို ထွက်လည်သင့်ပါတယ်။ ရောဂါပိုးမွှားတွေကူးစက်နိုင်ချေများတဲ့အတွက် လူထူထပ်တဲ့နေရာတွေဆီ မွေးကင်းစကလေးတွေကို ခေါ်မသွားဖို့ကလေးအထူးကုဆရာဝန်အများစုက အကြံပေးလေ့ရှိကြပေမယ့် လုံလောက်မှန်ကန်တဲ့ကြိုတင်ကာကွယ်မှုလေးတွေ ပြုလုပ်ထားမယ်ဆိုရင်တော့ အပြင်ဖက်လမ်းထွက်လျှောက်တာဟာ လူတိုင်းအတွက်အကျိုးရှိကောင်းမွန်တဲ့အရာတခုဖြစ်ပါတယ်။ အထူးသဖြင့် ပင်ပန်းနွမ်းနယ်နေတဲ့ ဖေဖေမေမေတို့အတွက်ပေါ့။   ဘယ်လို ပြင်ဆင်ရမလဲ။ အပူဒဏ်ကိုကာကွယ်မယ် : မနက်စောစော ဒါမှမဟုတ် ညနေစောင်းချိန်လေးတွေမှာ အပြင်ထွက်မယ်ဆိုရင် ပြင်းထန်တဲ့အပူရှိန်ကို ရှောင်ရှားပြီးသား ဖြစ်စေမှာပါ။ သားသားမီးမီးလေးတွေကို ဦးထုပ်လေးဆောင်းပေးထားမယ်၊ ချည်ထည်အရောင်ဖျော့ဖျော့လးတွေ ဝတ်ပေးထားမယ်ဆိုရင် ချစ်ဖို့လည်းကောင်း၊ အပူဒါဏ်ကနေလည်း ကာကွယ်ပြီးသား ဖြစ်စေမှာပါ။ သတိထားရမှာက နေရောင်ခြည်နဲ့တိုက်ရိုက်မထိတွေ့စေဘဲ အရိပ်ထဲမှာပဲ ကလေးကိုရှိနေစေဖို့ပါ။ ရေဖြန်းလို့ရတဲ့ ဗူးဗူးလေးတွေ၊ ပုလင်းလေးတွေကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေး ဉာဏ်ရည်မြင့်မားစေမည့် ကစားစရာများ

ကလေးများအတွက် ကစားစရာများဝယ်ရာတွင် ရွေးချယ်စရာ များစွာရှိပါသည်။ ဤဆောင်းပါးတွင် ကလေးများ၏အသက်အလိုက် သင့်လျော်သောကစားစရာများ ကိုဖော်ပြပေးထားပါသည်။ ၎င်းတို့သည် ကလေးများကို ပျော်ရွှင်စေမည့်အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါတိုးတက်စေပါလိမ့်မည်။ ၁။ အသက်သုံးလအရွယ်ကလေးများအတွက်ကစားစရာများ ပထမပိုင်းလများတွင်အရာဝတ္ထုများကိုဘယ်လိုဆုပ်ကိုင်ရမည် သို့မဟုတ် ဘယ်လိုထိုင်ရမည်ဆိုသည်ကို ကလေးများမလုပ်တတ်သေးခင်တွင် ကလေးများသည် နားထောင်နိုင်မည့်အရာများကို ပိုမိုမျှော်လင့်ကြသည်။ အရောင်အသွေး တောက်ပပြီးစုံလင်သော ကစားစရာများသည် ကလေးများကြည့်ဖို့အတွက် အကောင်းဆုံး၊အလွယ်ကူဆုံး ပင်များဖြစ်သည်။ သင်သည်ကလေးများကို mp3 player သို့မဟုတ် သီချင်းနားထောင်သည့်အရာ၊လက်နှင့်ကိုင်နိုင်သောအရာ၊ ရွေ့လျားပြီးမကွဲနိုင်သောမှန်များ၊ အရောင်တောက်ပသည့်နူးညံ့သောစာအုပ်များ၊ အာရုံခံနိုင်သည့် ကစားစရာများ၊ ဂျောက်ဂျက်များ၊သံစုံခေါင်းလောင်းများဝယ်ပေးနိုင်ပါသည်။   ၂။ သုံးလမှခြောက်လအထိ ကလေးများအတွက် ကစားစရာများ ဤအရွယ်ကလေးများ၏ လက်များသည် လက်သီးဆုပ်ရုံသာမကဘဲ အရာဝတ္ထုများကိုပါ ဆုပ်ကိုင်နိုင်ပြီဖြစ်သည့်အတွက် သူတို့၏လက်များကို ပိုမိုအသုံးချလိုကြပါသည်။ သို့ဖြစ်၍ကလေးများသည် သူတို့၏လက်ထဲတွင်ဆုပ်ကိုင်နိုင်သောအရာများကို ဆော့လိုကြသည်။ ပေါ့ပါးသောဂျောက်ဂျက်များ၊ နူးညံ့သောတိရိစ္ဆာန်အရုပ်များ၊ ညှစ်၍ရသောရော်ဘာရုပ်များ၊ အရောင်စုံပါသောကွင်းများ စသည်တို့ဖြစ်ပါသည်။   ၃။ ခြောက်လမှကိုးလအရွယ် ကလေးများအတွက် ကစားစရာများ ဤအဆင့်တွင်ကလေးများသည် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကြီးထွားဖွံ့ဖြိုးမှုကို လှုံ့ဆော်နိုင်မည့် နည်းလမ်းကောင်းများ

သင့်ကလေး ပုံမှန်နဲ့ မှန်ကန်စွာကြီးထွားဖွံ့ဖြိုးလာဖို့ ကျန်းမာရေးနဲ့အညီစားသောက်ခြင်းအပြင် ကြီးထွားမှုကိုလှုံ့ဆော်ပေးနိုင်တဲ့လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်စေဖို့ လိုပါတယ်။ အောက်မှာဖော်ပြထားတဲ့ဆောင်းပါးဟာ သင့်ကလေးငယ်ရဲ့ဖွံ့ဖြိုးကြီးထွားမှုကို လှုံ့ဆော်ပေးနိုင်တဲ့ နည်းလမ်းတွေကိုဖော်ပြပေးထားတာဖြစ်ပါတယ်။ (၁) နွေးထွေးပါ။ ချစ်ခင်ပါ။ တာဝန်ယူတတ်ပါစေ။ လေ့လာမှုတွေကတော့ မိဘတွေဆီက သို့မဟုတ် ပြုစုစောင့်ရှောက်သူတွေဆီက နွေးထွေးမှုနဲ့ဂရုစိုက်မှုကိုရတဲ့ကလေးတွေဟာ သူတို့ရဲ့ သူငယ်ချင်းတွေ သို့မဟုတ် သက်တူရွယ်တူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ပိုပြီးနွေးထွေးကာ ရင်းနှီးလေ့ရှိပါတယ်လို့ဆိုပါတယ်။ သင့်ကလေးကို စကားပြောခြင်း၊ ထိတွေ့ခြင်း၊ပြုံးခြင်းနဲ့ သင်ကသူတို့ကိုချစ်တယ်ဆိုတာကို ပြောပြခြင်းအားဖြင့် ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို ဖော်ပြလို့ရပါတယ်။ ဒါတွေဟာ လွယ်ကူရိုးရှင်းတဲ့အပြုအမူလေးတွေဖြစ်ပေမယ့် သင့်ကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုတော့ အံ့သြစရာကောင်းလောက်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။   (၂) ကလေးတွေကို စာဖတ်ပြပါ။ သီချင်းဆိုပြပါ။ သင်နဲ့သင့်ကလေးရဲ့ဘဝမှာဘာတွေဖြစ်နေတယ်ဆိုတာကို နေ့စဉ်ပြောဆိုပါ။ အိပ်ရာဝင်ပုံပြင်တွေဖတ်ပြပါ။ ဒါမှမဟုတ် နတ်သမီးပုံပြင်တွေပြောပြပါ။ ဒီလိုအပြုအမူတွေက သင်တို့၂ယောက်ကြားထဲက သံယောဇဉ်ကြိုးကိုပိုပြီးခိုင်မာစေရုံသာမက သင့်ကလေးကို စာလုံးအသစ်တွေကိုသင်ယူတဲ့နေရာမှာ၊ မေးခွန်းဖြေတဲ့နေရာမှာနဲ့ တွေးတောစဉ်းစားတတ်တဲ့နေရာတွေမှာ တိုးတက်စေပါတယ်။   (၃) ဖန်တီးနိုင်ဖို့ အားပေးပါ။ အရာရာတိုင်းချက်ချင်းလုပ်တတ်ဖို့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေး၏ အာဟာရဖွံ့ဖြိုးမှုနှင့် ကြီးထွားမှုကို စောင့်ကြည့်ခြင်း

သင့်ကလေးကို ကျန်းမာရေးနှင့်ညီညွှတ်သည့်အစားအစာကျွေးရတာခက်နေလျှင် အထူးသဖြင့် သင့်ကလေးမှာအစာခြေခြင်းနှင့်ဆိုင်သောဆိုးဝါးသည့်ရောဂါတစ်ခုရှိနေလျှင် ဒီဆောင်းပါးက သင့်အတွက်အကောင်းဆုံးပါပဲ။ ဤဆောင်းပါး၌ သင့်ရဲ့ကလေးကိုကောင်းမွန်စွာဘယ်လိုကျွေးမလဲ ကျန်းကျန်းမာမာကြီးပြင်းအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းလမ်းတစ်ချို့အား ဖော်ပြထားပါသည်။ (၁) ကုသမှုကိုလိုက်နာပါ သင့်ကလေးမှာ အစာခြေရောဂါရှိနေပြီဟုအဖြေထွက်လျှင် ကောင်းကောင်းမကုသပါက ကောင်းလာမည်မဟုတ်ပါ။ သူတို့လိုအပ်သည့်ဆေးကိုရရှိသည်နှင့် နေကောင်းပြီးအစားပိုစားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကုသမှုကိုသေချာလိုက်နာရန် အရေးကြီးပါသည်။ (၂) ကလေးအာဟာရပညာရှင်ကိုရှာပါ ကလေးအတွက်လိုအပ်သည့်အာဟာရသည် လူကြီးများနှင့်မတူပါ။ ထို့ကြောင့်သူတို့အတွက် အထူးကုကိုလိုအပ်ပါသည်။ ကလေးများနှင့်ဆက်နွယ်သည့်ပညာရှင်ကိုရှာရမည်ဖြစ်သည်။ (၃) ဖြည့်စွက်စာများကျွေးပါ အခုသင့်မှာအာဟာရပညာရှင်ရှိသွားပြီဆိုလျှင် ကလေးကိုဖြည့်စွက်စာဘာကျွေးရမလဲဆိုသည်ကိုမေးပါ။ အစာခြေရောဂါများသည် များသောအားဖြင့် အာဟာရချို့တဲ့ခြင်းနှင့်တွဲတတ်သည်။ ကလေးတွင် နာတာရှည်ဝမ်းလျှောနေပါက ဇင့်ဖြည့်စွက်စာလိုအပ်ပါလိမ့်မည်။ သွေးထွက်သောရောဂါမျိုးရှိလျှင်မူ သံဓါတ်ဖြည့်စွက်ခြင်းက အတော်လေးအထောက်အကူ ပြုပါလိမ့်မည်။ (၄) Calories လိုသည်ကိုဖြည့်ပါ အားလူချောင်းကြော်သည် ကလေးများအကြိုက်ဖြစ်သည်။ သို့သော် Junk Food တိုင်းက ကလေးအလေးချိန်တိုးစေရန် ကူညီမည်တော့မဟုတ်ပါ။ ထောပတ်သီးလို သံလွင်ဆီလို အဆီများက ကလေးလိုအပ်သည့် ကျန်းမာရေးနှင့်ညီညွှတ်သောအဆီများဖြစ်သည်။ ကာဗိုဟိုက်ဒြိတ် သို့မဟုတ် ပရိုတင်းအမှုန့်များ သောက်စရာများကလဲ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးနဲ့ဖခင်ကြား ခိုင်မာတဲ့နှောင်ကြိုးတစ်ခု ဖန်တီးနိုင်မယ့်နည်းလမ်းများ

ကျွမ်းကျင်သူတွေပြောပြကြတဲ့ ကလေးနဲ့ဖခင်ကြား နှောင်ကြိုးဆိုတဲ့ အဓိပ္ပာယ်ဟာ သင်နဲ့ သင့်ကလေးကြား နီးစပ်တဲ့နှောင်တွယ်မှုတွေ ကြီးထွားခြင်းပဲဖြစ်ပါတယ်။ ဒါဟာ သင့်ကလေးကို ချစ်ခြင်းမေတ္တာနဲ့ရေချိုးပေးသလို၊ ကလေးကိုကာကွယ်လိုဇောနဲ့ အရှိန်နဲ့လာတဲ့ ထရပ်ကားရှေ့ပြေးဝင်လိုက်သလို ခံစားမှုမျိုးပါပဲ။ အချို့သော ဖခင်တွေဟာ သူတို့ကလေးနဲ့ နှောင်တွယ်ထားတာမျိုးကို မွေးဖွားပြီးမိနစ်အနည်းငယ်အတွင်းနဲ့ မွေးဖွားပြီးနေ့ရက်တွေမှာခံစားရတတ်ပြီး တစ်ခါတစ်ရံမှာ ဒီလိုခံစားမှုမျိုးရဖို့အချိန်ယူရပါတယ်။ ဒါဟာ လုံးဝသဘာဝကျပါတယ်။ နောက်ဆုံးမှာတော့ မွေးခါစကလေးလေးဟာ သင့်ရဲ့ရင်ခွင်ထဲရောက်လာပါပြီ။ သင့်ဇနီးပြန်ပြီးကျန်းမာလာဖို့ သင်ကူညီချင်သလို တစ်နေကုန်လုံး ၂နာရီလောက်တောင် မအိပ်လိုက်ရတဲ့အဖြစ်မျိုးတွေလည်းကြုံရနိုင်ပါတယ်။ သင့်ကိုယ်သင်ညှာပါ။ ပြီးတော့ ဒီနှောင်ကြိုးဟာ မကြာခင်မှာပဲ ခိုင်မာလာတော့မယ်ဆိုတာ သတိရပါ။ နှောင်ကြိုးတွေအပေါ် သိပ္ပံနည်းကျလေ့လာမှုများ လေ့လာမှုတွေကတော့ ကလေးမွေးဖွားချိန်မှာရှိနေတဲ့ဖခင်တွေဟာ မွေးဖွားပြီးမကြာခင်မှ ကလေးကိုထွေးပွေ့ရတာကြောင့် မိခင်တွေခံစားရတဲ့ နှောင်ကြိုးမျိုးနဲ့တူတဲ့ ခံစားမှုမျိုးကို ရက်သတ္တပတ်အနည်းငယ်လောက်ခံစားရတတ်ပါတယ်။ အစမှာတည်းက ကြိုးစားပြီး အချိန်တိုင်းနီးကပ်အောင်နေရင် နောက်ပိုင်းမှာ သင့်အတွက်အကျိုးရှိလာပါလိမ့်မယ်။ လေ့လာမှုအများစုကတော့ ဒီလိုအစောပိုင်းကာလတွေမှာ နီးနီးကပ်ကပ်နေတာက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးရဲ့ ချက်ကြိုးအတွက် ဂရုစိုက်ပြုစုခြင်း

ချက်ကြိုးဟာ ကိုယ်ဝန်ဆောင်နေစဉ်ကာလတစ်လျှောက်လုံးအတွင်း ကလေးငယ်ရဲ့ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ အရေးအကြီးဆုံးအခန်းကဏ္ဍတွေထဲက တစ်ခုပါပဲ။ ချက်ကြိုးက အောက်ဆီဂျင်တွေ၊ antibodies တွေနဲ့ အာဟာရရင်းမြစ်တွေကို မိခင်နဲ့ သန္ဓေသားကြားမှာ သယ်ယူပို့ဆောင်ပေးပါတယ်။ ဒါပေမယ့် ကလေးမွေးဖွားပြီးတာနဲ့ ချက်ကြိုးကို ညှပ်ပြီးဖြတ်ပစ်ရပါတယ်။ ဒါမှသာ ကလေးငယ်တွေမှာ ချက်ဖြစ်ပေါ်နိုင်မှာပါ။ ချက်ကြိုးကိုညှပ်ဖို့အတွက် အကောင်းဆုံးအချိန်ကတော့ မွေးဖွားပြီးအနည်းဆုံး၂မိနစ်ကြာတဲ့အချိန်မှာပါပဲ။ ဒါမှသာ ကလေးငယ်က ချက်ကြိုးထဲမှာကျန်နေတဲ့ အောက်ဆီဂျင်နဲ့သွေးတွေကို လက်ခံရရှိနိုင်မှာပါ။ ဒီလိုလုပ်ခြင်းဟာ သွေးအားနည်းရောဂါ (anaemia)နဲ့အခြားသော ကျန်းမာရေးဆိုင်ရာပြဿနာတွေဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ ဒီလိုချက်ကြိုးဖြတ်တဲ့လုပ်ငန်းစဉ်ဟာ ကလေးငယ်ရဲ့ဗိုက်ပေါ်မှာ (၂စင်တီမီတာမှ ၃စင်တီမီတာထိရှည်နိုင်တဲ့) ချက်ငုတ်ကို ကျန်ထားစေနိုင်ပါတယ်။ ၅ရက်မှ ၁၅ရက်ထိကြာပြီးနောက်မှာတော့ ၎င်းကခြောက်ပြီးကြွေကျသွားမှာပါ။ ကလေးငယ်တွေမှာ ပြီးပြည့်စုံတဲ့ချက်တစ်ခုဖြစ်ပေါ်ဖို့ အချိန်က ၁ပတ် သို့မဟုတ် ၁ပတ်နဲ့အထက်ကြာလေ့ရှိပါတယ်။ ကလေးရဲ့ချက်ငုတ်ကို ဂရုမစိုက်တာဟာ ဝမ်းဗိုက်နံရံမှာ Omphalitis-bacterial inflammation လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ရောင်ယမ်းခြင်းတွေကိုဖြစ်နိုင်ပြီး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးကို ယုံကြည်မှုတွေရှိလာစေဖို့

ယုံကြည်မှုဆိုတာအောင်မြင်ခြင်းလမ်းကြောင်းရဲ့ အသက်သွေးကြောပါ။ ဒါကြောင့် မိဘတွေဟာသားသမီးတွေကိုအစကတည်းကယုံကြည်မှုတွေရှိတတ်ဖို့ သင်ပေးသင့်တယ်ဆိုတာ သဘာဝကျပါတယ်။ ကိုယ်ဟာအောင်မြင်နိုင်တယ် လုပ်နိုင်တယ်ဆိုတာကိုယုံကြည်နေဖို့ ယုံကြည်မှုတွေပေါ့။ ကလေးတွေဟာသူတို့အရည်အချင်းတွေကိုယုံကြည်သွားတာနဲ့အမျှ ကမ္ဘာပတ်စူးစမ်းဖို့တောင် တွန့်ဆုတ်နေတော့မှာမဟုတ်ဘူးလေ။ အဲ့လိုယုံကြည်မှုတွေရဖို့က လေ့ကျင့်မွေးမြူလို့ရနိုင်တယ်ဆိုတာ သတင်းကောင်းတစ်ခုပဲပေါ့။ ကလေးတွေ မိမိကိုယ်မိမိ ပိုပြီးကောင်းမွန်တဲ့လူတွေဖြစ်လာဖို့ ကြိုးစားအောင် မိဘတွေကလက်ဦးဆရာဖြစ်ပေးသင့်ပါတယ်။ အဲ့လိုတွေလေ့ကျင့်ပေးဖို့ အသုံးဝင်နိုင်မယ့် နည်းလမ်းလေးတွေပါ - နေထိုင်သွားလာမှုပုံစံကိုကောင်းမွန်စေခြင်းအားဖြင့် သူတို့ကိုယ်ပိုင်ပုံရိပ်တိုးတတ်ပါစေ နေထိုင်သွားလာတဲ့စနစ်၊ပုံစံတွေကိုအထင်မသေးပါနဲ့။ သင့်တော်တဲ့ပုံရိပ်တွေနဲ့ ကလေးတွေဟာကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ တိုးလာနိုင်ပါတယ်။ အစပိုင်းမှာနေထိုင်မှုပုံစံတွေ တမင်ကျင့်ယူရင်းနောက်ပိုင်းအသားကျလာဖို့ သင်ပေးသင့်ပါတယ်။ ခေါင်းကိုမော့ ပုခုံးကိုလျှော့ကာခါးကိုမတ်မတ်ထားပြီးရင်ကိုဖွင့်ထားတာမျိုးပေါ့။ ဒီလိုပုံစံမှန်နေထိုင်ခြင်းဟာသူတို့ကိုယုံကြည်မှုရှိလာစေဖို့ အထောက်အပံ့ပေးပါလိမ့်မယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိပါစေ ကိုယ်ပိုင်ယုံကြည်မှုတွေတိုးတက်လာဖို့ နည်းကောင်းတစ်ခုတော့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေပေးခြင်းပါ။ သူတို့ဆုံးဖြတ်ရမှာတွေကသူတို့အသက်အလိုက်တော့ သင့်တော်ဖို့လိုတာပေါ့လေ၊ ဒီလိုလေ့ကျင့်မှုမျိုးဟာသူတို့ကိုယ်သူတို့ ပိုအစွမ်းရှိတယ်လို့ခံစားလာရစေပြီးကိုယ်ပိုင်ယုံကြည်မှုတွေတိုးလာစေမှာပါ။ အလွန်အကျွံချီးမွမ်းခြင်းကိုရှောင်ပါ သူတို့ကြိုးစားအားထုတ်မှုတွေ အလျှော့မပေးတတ်တဲ့စိတ်ဓါတ်တွေကိုချီးကျူးနိုင်ပါတယ်။ ဒါပေမယ့် သူတို့ကိုယ်ပိုင်အရည်အချင်းတွေ ကိုယ်ပိုင်အစွမ်းအစတွေကိုတော့ အရမ်းမချီးကျူးပါနဲ့ ။ ဒါတွေကိုခဏခဏချီးကျူးတာများသွားရင်တော့ ပြဿနာကြုံရင် သတ္တိမရှိဘဲနေပါလိမ့်မယ်။ အမူအကျင့်ကောင်းဖို့သင်ပြပေးပါ အမူအကျင့်ကောင်းတာနဲ့ ယုံကြည်မှုရှိတာဘယ်လိုသက်ဆိုင်လဲလို့ တွေးကောင်းတွေးနေနိုင်ပါတယ်။ လက်ဆွဲနှုတ်ဆက်တာမျိုး၊ တြားလူတွေနဲ့ ဆက်ဆံတဲ့အခါ သင့်တော်တဲ့အသုံးအနှုန်းနဲ့ ခေါ်ပြောဆက်ဆံတတ်တာမျိုးဟာသူတို့ယုံကြည်မှုတွေ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း