ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို ရေချိုးပေးတာကစလို့ ညဘက်သိပ်တဲ့အချိန်အထိ ဘယ်လိုမျိုး ပြုစုပေးရမလဲဆိုတာတွေကို ပညာရှင်တွေက ဒီမှာ လမ်းညွှန်ထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ တွေကို အတူလေ့လာဖို့ အသင့်ပဲလား! ဘေဘီလေးတွေရဲ့ စားသုံးလိုက်တဲ့ အာဟာရရဲ့ ၇၅% က ဘေဘီလေးတွေရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေတယ်ဆိုတာ နဲ့ ဘေဘီလေးတွေက သူတို့ရဲ့ အသက် ၃ နှစ်အရောက်မှာ ဦးနှောက်ဖွံ့ဖြိုးမှုက ၈၀% အထိ ရှိပြီ ဆိုတာကို သိပြီးပြီလား မေမေတို့ရေ ....... ဘေဘီလေးကို မွေးဖွားချိန်ကစလို့ မေမေ့ရဲ့ ပွေ့ဖက်မှု ဂရုစိုက်မှု နမ်းရှုံ့ကြင်နာမှုတွေ၊ ပြင်ဆင်ကျွေးမွေးတဲ့ အာဟာရတွေ၊ အတူတူ ကစားပေးတဲ့ ကစားနည်းတွေက ဘေဘီလေးရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေမှုတွေကို အားဖြည့်ပေးနေပါတယ်။ ဘေဘီလေးကို ကျန်းမာပျော်ရွှင်ပြီး ထက်မြက်တဲ့ ကလေးလေးတစ်ယောက်အနေနဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကလေးထဲက သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ အစကောင်းမှ […]

ကလေးငယ်ပြုစုစောင့်ရှောက်နည်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို တင်းတင်းကျပ်ကျပ် အုပ်ထိန်းမှုက ကလေးတွေရဲ့စိတ်အခြေအနေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ

တစ်နေ့တစ်ခြား အပြိုင်အဆိုင်တွေများလာနေတဲ့ ခေတ်ကြီးထဲမှာ လူတန်းစေ့နိုင်ဖို့နဲ့ ကျောင်းကောင်းကောင်းမှာ တက်ရောက်နိုင်ဖို့၊ အလုပ်အကိုင်ကောင်းကောင်းရရှိစေဖို့၊ နေထိုင်စရာ တိုက်ခန်းတစ်ခန်းလောက်ပိုင်ဆိုင်နိုင်ဖို့ တော်တော့်ကို ကြိုးပမ်းနေရပါတယ်။ ဒီလိုခေတ်ကြီးထဲမှာ နေထိုင်ရတာက လွယ်တဲ့ကိစ္စမျိုးတော့မဟုတ်ပါဘူး။ အခုလိုမျိုး အပြိုင်အဆိုင်များတဲ့အနေအထားက မိဘတွေကို သူတို့ရဲ့ ကလေးတွေကို အသေးစိတ်ကစလို့ အရာရာတိုင်းကို အပ်ကျမတ်ကျ အုပ်ထိန်းတာမျိုးတွေဖြစ်လာစေတာ သိပ်တော့ဆန်းကြယ်တာမျိုးမဟုတ်ပါဘူး။ မိဘတွေကတော့ သူတို့ကလေးတွေအကျိုးရှိဖို့ဆိုရင် ဘာမဆိုလုပ်ပေးမှာပဲဖြစ်ပါတယ်။ တစ်ဖက်ကပြောရရင်တော့ အတိမ်းအစောင်းမခံတဲ့ ကလေးအုပ်ထိန်းမှုပုံစံကို ကလေးတွေက မနှစ်သက်ပါဘူး။ ဒီလိုမျိုး လွန်လွန်ကဲကဲ ကြပ်ကြပ်မတ်မတ်စောင့်ကြည့်နေတာမျိုးက ကလေးကိုရှုံးနိမ့်တဲ့အခါ စိန်ခေါ်မှုတစ်ရပ်နဲ့ ကြုံတွေ့ရစေနိုင်သလို အောင်မြင်မှုရတဲ့ အခါမျိုးမှာလည်း ဝမ်းသာပီတိဖြစ်တာမျိုးကိုခံစားရစေနိုင်ပါတယ်။ မိဘရဲ့ ကြပ်မတ်စောင့်ရှောက်မှုက အရွယ်ရောက်လာတဲ့အခါ အောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်စေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဆိုပေမယ့်လည်း ကလေးတွေကို တအားတင်းတင်းကျပ်ကျပ်ကိုင်တွယ်တာမျိုးကတော့ မကောင်းပါဘူး။ လေ့လာမှုအသစ်တစ်ရပ်မှာ ကလေးတွေကို အရမ်းတင်းတင်းကျပ်ကျပ် အုပ်ထိန်းတာမျိုးက အချို့သောကလေးတွေမှာ စိတ်ဖိစီးမှုတွေဖြစ်စေနိုင်သလို ကလေးငယ်ရဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မိခင်ရဲ့ ဂရုတစိုက်ပြုစုမှုက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးကူညီနိုင်တယ်

Proceedings of the National Academy of Sciences မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုအသစ်တခုအရ မိခင်ရဲ့ ဂရုတစိုက်ပြုစုထောက်ပံ့ပေးမှုနဲ့ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတို့အကြားမှာ ဆက်စပ်မှုရှိကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။ ငယ်ရွယ်စဉ်ကာလမှာ မိခင်ရဲ့ မေတ္တာနဲ့ဂရုတစိုက်ပြုစုမှုကို ပိုမိုရရှိခံစားရတဲ့ ကလေးတွေမှာ ဦးနှောက်ရဲ့ အရေးကြီးအစိတ်အပိုင်းတခုဖြစ်တဲ့ hippocampus အရွယ်အစားဟာ ပိုမိုကြီးမားဖွံ့ဖြိုးတယ်ဆိုတဲ့အချက်ကို သုတေသီတွေက သက်သေပြခဲ့တာပါ။   hippocampus ရဲ့ လုပ်ငန်းကဘာလဲ။ hippocampus ဟာ မှတ်သားနိုင်စွမ်းနဲ့ မှတ်ဉာဏ်ထုတ်လုပ်ပေးနိုင်စွမ်းအတွက် အရေးပါတဲ့ ဦးနှောက်အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ မှတ်ဉာဏ်ထုတ်လုပ်ပေးနိုင်စွမ်းဟာ အနာဂါတ်မှာ လေ့လာသင်ယူဖို့နဲ့ ကျောင်းစွမ်းဆောင်ရည်တွေအတွက် အဓိကသော့ချက်ပါ။ စိတ်ဖိစီးမှုနဲ့ ဖိအားတွေကို ရင်ဆိုင်ရာမှာ အဆိုပါနေရာဟာ အဓိက အရေးပါတယ်လို့ လက်ခံထားကြပါတယ်။ ဒါပေမယ့် ဖိစီးမှုတွေ အရမ်းများလာရင်တော့ hippocampusရဲ့ လုပ်ဆောင်နိုင်စွမ်းကိုလည်း ခြိမ်းခြောက်လာမှာ ဖြစ်ပါတယ်။(အစောပိုင်းလေ့လာမှုတခုမှာ ဖော်ပြခဲ့တဲ့) စိတ်နဲ့ ခန္ဓါဖိစီးမှုကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးရဲ့ တိမ်မြုပ်နေတဲ့ ပါရမီတွေကို ဘယ်လိုရှာဖွေဖြည့်ဆည်းမလဲ

မိဘတစ်ယောက်အနေနဲ့ ကလေးတွေရဲ့ ဖုံးကွယ်နေတဲ့ အရည်အချင်းတွေကို အလွယ်တကူ တွေ့ရှိနိုင်တာကြောင့် သူတို့ရဲ့ စွမ်းဆောင်နိုင်ရည်တွေ၊ အားသာချက်တွေကို သိရှိဖို့ ကျွမ်းကျင်သူဆီမှာ သွားရောက်စစ်ဆေးရန် မလိုအပ်ပါဘူး။ ကလေးတွေရဲ့ အရည်အချင်းကို ဘယ်လိုဖေါ်ထုတ်မလဲ။ ၁။ သင့်ကလေး ဆော့ကစားနေစဉ် စောင့်ကြည့်ပါ။ သင့်ကလေးဆော့ကစားနေစဉ်မှာ သူတို့ဟာ ငြိမ်ငြိမ်လေး ထိုင်နေရတာကို ကြိုက်သလား၊ အရောင်ခြယ်တာကို ကြိုက်သလား၊ ပန်းခြံထဲမှာ ပြေးလွှားပြီး ဘောလုံးကန်နေရတာကို ကြိုက်သလား၊ ဒါမှမဟုတ် မြေကြီးကိုတူးပြီး တီကောင်တွေကို ရှာဖွေရတာ ကြိုက်သလားဆိုတာ စောင့်ကြည့်သင့်ပါတယ်။ သူတို့ကြိုက်နှစ်သက်တဲ့ လှုပ်ရှားမှုတွေဟာ သူတို့စိတ်ဝင်စားမှုတွေရဲ့ အရိပ်အမြွက်ဖြစ်ပြီး ကစားနေစဉ် ဖေါ်ထုတ်မယ်ဆိုရင် သူတို့အားသာချက်တွေနဲ့ ကလေးငယ်မှာ သိုဝှက်ထားတဲ့ အရည်အချင်းတွေ ရှိသလားဆိုတာကိုပါ သိနိုင်ပါတယ်။ ၂။ သင့်ကလေးကို မတူညီတဲ့ အရာတွေ ကစားပါစေ။ သင့်ကလေးကို မတူညီတဲ့ အတွေ့အကြုံတွေကို ထိတွေ့စေပြီး ကစားခြင်း အတော်များများကိုပေးလုပ်ခြင်းဟာ သူတို့ဘာကိုကြိုက်နှစ်သက်ပြီး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးဖွံဖြိုးတိုးတက်မှုကို ဘယ်လိုအားပေးကူညီမလဲ

ကိုယ်ခန္ဓါ ဖွံ့ဖြိုးမှုဟာ ကိုယ်ခန္ဓါက တိကျတဲ့ လုပ်ငန်းဆောင်တာတွေ လုပ်နိုင်စေဖို့ မတူညီတဲ့ လှုပ်ရှားမှုတွေကို ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ ထိန်းချုပ်နိုင်ခြင်း လို့ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။ ဖွံ့ဖြိုးမှုမှာ အပိုင်းနှစ်ပိုင်းခွဲခြားနိုင်ပြီး gross motor skills နဲ့ fine motor skills တွေပဲ ဖြစ်ပါတယ်။ Gross motor skills တွေဟာ ကိုယ်ခန္ဓါရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ လက်၊ ခြေထောင် လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ဖြစ်ပြီး fine motor skills ကတော့ လက်ချောင်း၊ ခြေချောင်း၊ တံတောင်ဆစ် အစရှိတာတွေက ပြုလုပ်တဲ့ သေးငယ်တဲ့ လှုပ်ရှားမှုတွေပဲဖြစ်ပါတယ်။ ငယ်ရွယ်စဉ်မှာ ကိုယ်ခန္ဓါဖွံ့ဖြိုးမှုဟာ အရေးပါတာကြောင့် ကလေးရဲ့ ကိုယ်ခန္ဓါ ဖွံ့ဖြိုးမှုကို တိုးတက်စေတဲ့ လှုပ်ရှားမှုလေးမျိုးကို စမ်းကြည့်သင့်ပါတယ်။     ၁။ စာရေးခြင်းနဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးအသစ်တစ်ယောက်ရတဲ့ ဒဏ်ကိုခံနိုင်အောင် ဘယ်လိုလုပ်သင့်လဲ

သင့်ဘဝမှာ ပျော်စရာကောင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်တွေကို ပထမဆုံးမိဘဖြစ်ခြင်းက သယ်ဆောင်လာပေးနိုင်ပါတယ်။ အခုတော့ သင့်ကမ္ဘာမှာ သင့်ကိုသာ လုံးလုံးလျားလျား မူတည်နေတဲ့ သူတစ်ဦးရှိနေပြီ ဖြစ်ပါတယ်။ ပျော်ရွှင်မှုဟာ တခါတရံမှာ စိတ်ဖိစီးမှု အများအပြားကိုလည်း သယ်ဆောင်လာနိုင်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ ကလေးငယ်ရဲ့ ဖိစီးမှုတွေကို လျှော့ချပေးနိုင်မယ့် အချက်တွေပဲ ဖြစ်ပါတယ်။     ၁။ ကောင်းမွန်တဲ့ ကလေးငယ်စောင့်ရှောက်တဲ့ အစီအစဉ် ဆွဲပါ။ သင်ဟာ ကျန်းမာပျော်ရွှင်မှသာ ကလေးငယ်ကို စောင့်ရှောက်ဖို့ လုံလောက်တဲ့ အားအင်ရရှိမှာ ဖြစ်ပါတယ်။ ကော်ဖီလွန်ကဲစွာ သောက်ခြင်း၊ အအိပ်ပျက်ခြင်းဟာ မိခင်အသစ်တွေကို စိတ်ဖိစီးမှု ပြင်းထန်စေပါတယ်။ ကျန်းမာတဲ့ စားသောက်မှုပုံစံ၊ ရေများများသောက်ခြင်း၊ အသီးဖျော်ရည် များများသောက်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်းတွေ လုပ်သင့်ပါတယ်။ သင့်ကလေးအိပ်နေချိန်မှာ သင်လည်း အိပ်သင့်ပါတယ်။ ကလေးကို စောင့်ရှောက်ဖို့အတွက် အချိန်ဇယားကို သင်ရော သင့်အိမ်ထောင်ဖက်ပါ ညအချိန် စောင့်ရှောက်ဖို့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေမှာ ဖန်တီးနိုင်စွမ်းကို ဘယ်လို မြှင့်တင်မလဲ

ဖန်တီးနိုင်စွမ်းဟာ လူတစ်ယောက်ရဲ့ အနာဂတ်အောင်မြင်မှုကို လွှမ်းမိုးနိုင်တဲ့ အကြီးဆုံး အချက်တစ်ခု ဖြစ်ပါတယ်။ ကလေးတိုင်းဟာ သူတို့မှာ ဖန်တီးနိုင်တဲ့ မျိုးစေ့ရှိပါတယ်။ မိဘတွေဟာ ကလေးတွေရဲ့ မျိုးစေ့ အပင်ပေါက်လာမလား၊ ကြီးလာမလား၊ မကြီးလာဘူးလားဆိုတာကို ဆုံးဖြတ်တဲ့နေရာမှာ အဓိက ကျပါတယ်။ ကလေးရဲ့ ဖွံ့ဖြိုးမှု အပြည့်အဝရရှိဖို့အတွက် မိဘတွေက ကလေးရဲ့ ဖန်တီးနိုင်စွမ်းကို တိုးတက်စေမယ့် အချက် ၇ ချက်ကို ဖေါ်ပြလိုက်ရပါတယ်။     သူတို့ကို အမှီအခိုကင်းစွာ တွေးတောဖို့ အားပေးပါ။ ကလေးအများစုဟာ မိဘတွေကို အတုယူပြီး အကြံဉာဏ်တောင်းကာ မိဘတွေက အမြဲတမ်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်သူတွေလို့ ယုံကြည်ကြပါတယ်။ ပြဿနာပေါ်လာရင် မိဘတွေက အမြဲတမ်းသူတို့ကို တိုင်ပင်ဖို့ ပြောထားတဲ့အချက်ကို မငြင်းနိုင်ပါဘူး။ ဒါပေမယ့် ပြဿနာတွေကို အဖြေရှာရာမှာ သူတို့ကို တွေးတောဖို့ အခွင့်အရေးပေးသင့်ပြီး မိဘတွေက အကြံဉာဏ်ကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဖခင်ဘဝက အမျိုးသားများအား ဘယ်လိုပြောင်းလဲစေလဲ

ခုမှ ပထမဆုံး ဖခင်ဖြစ်ရတော့မယ်ဆိုတာကြီးက အတော်ကို လွှမ်းမိုးနိုင်ပြီး တစ်မျိုးတော့ ကြောက်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုဖြစ်ပေမယ့် အမျိုးသားအများစုကတော့ လျင်လျင်မြန်မြန်ပဲ သင်ယူတတ်မြောက်သွားကြပါတယ်။ ဖခင်ဘဝဟာ အမျိုးသားတစ်ယောက်ရဲ့ ဘဝကိုလည်း ပြောင်းလဲစေနိုင်တယ်လေ။ မိခင်တွေက ကလေးတွေအပေါ်ခံစားသလို စိတ်မျိုး အဖြစ်လည်း သူတို့ရဲ့ဦးနှောက်က ပြောင်းလဲပေးလိုက်ပါတယ်။   အဖေ့ ဦးနှောက်(အတွေး)က အမေနဲ့ အတူတူပါပဲ။ ဖခင်ဘဝနဲ့ ကလေးတစ်ယောက်ရလာပြီးတဲ့နောက် လိုအပ်ချက်တွေဟာ ခံားချက်တွေ၊ စိတ်ပိုင်းဆိုင်ရာတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ အားထုတ်မှုတွေ အများကြီးလိုအပ်လာကြောင်း သိလာပါလိမ့်မယ်။ ကလေးတစ်ယောက်ကို ဂရုစိုက်ပြုစုတာက ဖခင်ရဲ့ဥိးနှောက်ကို ပြုပြင်လိုက်ပြီး မိခင်တွေမှာ တွေ့ရသလို အတွေးအခေါ်နဲ့ ခံစားမှုပုံစံလမ်းကြောင်းတွေကို တွေ့ရပါတယ်။ ဖခင်တွေမှာလည်း ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးခြင်းနဲ့ နို့တိုက်ခြင်း အရာအားလုံးဟာ မိခင်တွေမှာတော့ ဟော်မုန်းအပြောင်းအလဲတွေဖြစ်စေပါတယ်။ ဒါပေမဲ့ လေ့လာသူတွေကတော့ အမျိုးသားတွေမှာလည်း သူတို့ဖခင်ဘဝရောက်တဲ့အခါမှာ ဟော်မုန်းအပြောင်းအလဲတွေနဲ့ ကြုံတွေ့ရတယ်ဆိုပါတယ်။ ကျွမ်းကျင်းသူတွေကတော့ မိခင်နဲ့ ကလေးတို့နဲ့ ထိတွေ့ဆက်ဆံနေမှုဟာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများအတွက် ကျန်းမာသော အိပ်စက်ခြင်းနည်းလမ်းများ

အိပ်စက်ခြင်းဟာ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေ တိုးတက်လာစေဖို့ အကြီးမားဆုံး အထောက်အပံ့ပါပဲ။ အားလုံးကို ခြုံပြီးကြည့်မယ်ဆိုရင် ကလေးတစ်ယောက်ဟာ သူ့ရဲ့ကလေးဘ၀၄၀%လောက်ကို အိပ်စက်ခြင်းနဲ့ ကုန်ဆုံးစေပါတယ်။ မိဘတွေအနေနဲ့ သင့်ကလေးဟာ လုံလောက်ပြီး အရည်အသွေးမြင့်တဲ့ အိပ်ချိန်တွေရရှိတယ်ဆိုတာ သေချာနိုင်ဖို့ သင်ဘာတွေလုပ်သင့်တယ်လို့ ထင်ပါသလဲ။   အိပ်စက်ခြင်းရဲ့ အရေးပါပုံများ ကလေးတွေအတွက် အိပ်စက်ခြင်းဟာ အရေးပါတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ကျန်းမာရေးကို ကောင်းမွန်ပြည့်စုံစေဖို့တွက် အိပ်စက်ခြင်းက ဘယ်အခန်းကဏ္ဍမှာ လှုပ်ရှားနေတာလဲ။ အိပ်စက်ခြင်းဟာ ကြီးထွားဖွံ့ဖြိုးမှုကို အားပေးပါတယ်။ အမျိုးသားကလေးဆေးရုံကြီး (Children’s National Medical Center) က အိပ်ဆေးဒါရိုက်တာ၊MDဖြစ်တဲ့ Judith Owens ကတော့ နှစ်နှစ်ခြိုက်ခြိုက် အချိန်ကြာကြာအိပ်စက်ခြင်းဟာ ကလေးတွေရဲ့ ခန္ဓါကိုယ်ကနေ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးကောင်းမွန်စေတဲ့ ကြီးထွားတဲ့ဟော်မုန်းတွေကို ထုတ်ပေးနိုင်ပါတယ်လို့ဆိုပါတယ်။ လေ့လာသူတွေကလည်း IQမြင့်မားတဲ့ကလေးတွေဟာ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ ပိုပြီးကြာကြာအိပ်လေ့ရှိပါတယ်တဲ့။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးဖွံ့ ဖြိုးစေဖို့ အထောက်အပံ့ ဖြစ်စေမယ့် နည်းလမ်း ၄ သွယ်

အဝလွန်နေတဲ့ကလေးတွေကလွဲပြီး အလေးချိန်အနည်းငယ်ပိုတိုးလာလို့ ကျန်းမာနေတဲ့ကလေးတွေ အများကြီးပါ။ ဒါပေမဲ့ ဒါဟာ ကလေးတွေ ဝလာစေမယ့် အလေးချိန်တိုးလာစေမယ့် စားစရာတွေကို နေ့စဉ်စားနေကျ အစာတွေထဲမှာ ထည့်ပြီး စားသောက်စေဖို့တော့မဟုတ်ပါဘူး။ သူတို့ရဲ့ စားသောက်မှုအလေ့အထတွေကို ဖြည်းဖြည်းချင်းပြောင်းလဲပြီး စားစရာတွေထဲကယ်လိုရီ နည်းနည်းပေါင်းထည့်တာက ပိုပြီးအသုံးဝင်ပါလိမ့်မယ်။ ဒီမှာတော့ ကလေးတွေပိန်နေလို့ (အလေးချိန်မပြည့်လို့) စိတ်ဆင်းရဲ စိတ်ပူပန်နေရတဲ့ မိဘတွေအတွက် ကူညီပေးနိုင်မယ့် အချက်တချို့ကို ဖော်ပြလိုက်ပါတယ်။   ၁။ အကြောင်းရင်းကို သိအောင်လုပ်ပါ။ အချို့ကလေးတွေအတွက် အလေးချိန်တိုးလာနိုင်ဖို့ ခက်ခဲနေတယ်ဆိုတာ ပုံမှန်မဟုတ်ပါဘူး။ အလေးချိန်တိုးဖို့ ခဲယဉ်းနေခြင်းကို ဖြစ်စေတတ်တဲ့အကြောင်းရင်းအချို့ကတော့.. ဟော်မုန်း သို့မဟုတ် ဇီဝဖြစ်စဉ်ကြောင့် ဆေးဝါးတွေအသုံးပြုခြင်း အလွန်အမင်းတက်ကြွလှုပ်ရှားခြင်းဟာ ပုံမှန်ထက် ကယ်လိုရီတွေကို ပိုပြီး လောင်ကျွမ်းစေနိုင်ပါတယ်။ အစာဓာတ်မတည့်မှုများ သူငယ်ချင်းများထံမှ စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ မိဘတွေဟာ ကလေးအထူးကုတွေဆီကလည်း အကြံဉာဏ်ယူသင့်တယ်လို့ အကြံပြုထားပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေတွေကို သူတို့ရဲ့ ပညာ၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများကိုသွားကျန်းမာရေးအတွက်ဘယ်လိုသင်ပေးမလဲ

ကလေးများသည်အသက်၂နှစ်မှစ၍သွားကျန်းမာရေးကိုသင် ယူသင့်ပါတယ်။ ကောင်းမွန်သောသွားကျန်းမာရေးဆိုသည်မှာ သွားတစ်နေ့၂ကြိမ်တိုက်ခြင်း၊ နေ့စဉ်သွားကြားထဲရှိအစာ များကိုသန့်ရှင်းခြင်း နှင့် ခံတွင်းသန့်ဆေးရည်အသုံးပြုခြင်း ကိုဆိုလိုပါတယ်။ ငယ်စဉ်ကပင်ကောင်းမွန်သောသွားကျန်း မာရေးအလေ့အထရှိပါကနောင်သွားပြဿနာများကင်းဝေး နိုင်ပါတယ်။ ၁။ သွားတိုက်ပြီး သွားကြားထဲရှိအစာများကိုရှင်းပါ။ သင်ကိုယ်တိုင်ကလေးနှင့်သွားအတူတိုက်ခြင်းဖြင့် မှန်ကန်သောသွားတိုက်နည်းကိုသင်ပြပါ။ ထိုသို့လုပ်ခြင်းဖြင့်ကလေးများသည်ကောင်းမွန်သော သွားတိုက်နည်းအလေ့အထကိုရ ရှိနိုင်ပါတယ်။ ၂။ ကလေးများကိုသူတို့ကြိုက်နှစ်သက်ရာသွားပွတ်တံနှင့် သွားတိုက်ဆေးကိုရွေးချယ်ပါစေ။ ရောဂါပိုးမွှားများသွားတိုက်တံတွင်မရှိစေရန် သွားတိုက်တံ ကိုအနည်းဆုံး၃လတစ်ကြိမ် လဲလှယ်သင့်ပါတယ်။ ထိုအခါမျိုးတွင် ကလေးစိတ်ကြိုက်သွားပွတ်တံကိုလဲလှယ်ခိုင်းပါ။ ကလေးကြိုက်နှစ်သက်နိုင်သည့်ရောင်စုံ၊ ကာတွန်းပုံစံသွား ပွတ်တံများကိုလည်းရွေးချယ်နိုင်ပါတယ်။ သွားတိုက်ဆေး ရွေးချယ်ရာတွင်လည်းကလေးကြိုက်နှစ်သက်နိုင်မည့်မွှေး၍ ချိုသောသွားတိုက်ဆေးကိုရွေးချယ်ပါ။ ၃။ သွားတိုက်ရန်အချိန်ယူပါ။ သွားတိုက်ချိန် ၃မိနစ်သည်အသင့်တော်ဆုံးအချိန် ဖြစ်သည်ဟုသွားဆရာဝန်များကဆိုကြသည်။ သွားတိုက်ချိန် တွင်၃မိနစ်စာသီချင်းဆိုခြင်းဖြင့်ကလေးများပျော်ရွှင်နိုင်ပါ တယ်။ ၄။ သွားနှင့်ပတ်သက်သောပုံပြင်နှင့် ဗွီဒီယိုများ သွားနှင့်ပတ်သက်သောပုံပြင်များကိုအိပ်ရာမဝင်ခင်ပြောပြခြင်း ခံတွင်းကျန်းမာရေးနှင့်ပတ်သက်သောရုပ်ရှင်များပြသခြင်းဖြင့် ကလေးများသည်ကောင်းမွန်သောသွားတိုက်နည်းအလေ့အထရရှိပြီး သွားတိုက်ခြင်းအကျိုးကျေးဇူးကိုသိလာနိုင်ပါတယ်။ ၅။ ဆုပေးပါ။ ကောင်းမွန်သောသွားတိုက်နည်းအလေ့အထရရှိနိုင်ရန်ခံတွင်း သန့်ရှင်းရေးလုပ်ပြီးတိုင်းလှပသောstickerပေးခြင်းဖြင့်ဆုချီးမြှင့် လိုက်ပါ။   Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း