ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို ရေချိုးပေးတာကစလို့ ညဘက်သိပ်တဲ့အချိန်အထိ ဘယ်လိုမျိုး ပြုစုပေးရမလဲဆိုတာတွေကို ပညာရှင်တွေက ဒီမှာ လမ်းညွှန်ထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ တွေကို အတူလေ့လာဖို့ အသင့်ပဲလား! ဘေဘီလေးတွေရဲ့ စားသုံးလိုက်တဲ့ အာဟာရရဲ့ ၇၅% က ဘေဘီလေးတွေရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေတယ်ဆိုတာ နဲ့ ဘေဘီလေးတွေက သူတို့ရဲ့ အသက် ၃ နှစ်အရောက်မှာ ဦးနှောက်ဖွံ့ဖြိုးမှုက ၈၀% အထိ ရှိပြီ ဆိုတာကို သိပြီးပြီလား မေမေတို့ရေ ....... ဘေဘီလေးကို မွေးဖွားချိန်ကစလို့ မေမေ့ရဲ့ ပွေ့ဖက်မှု ဂရုစိုက်မှု နမ်းရှုံ့ကြင်နာမှုတွေ၊ ပြင်ဆင်ကျွေးမွေးတဲ့ အာဟာရတွေ၊ အတူတူ ကစားပေးတဲ့ ကစားနည်းတွေက ဘေဘီလေးရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေမှုတွေကို အားဖြည့်ပေးနေပါတယ်။ ဘေဘီလေးကို ကျန်းမာပျော်ရွှင်ပြီး ထက်မြက်တဲ့ ကလေးလေးတစ်ယောက်အနေနဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကလေးထဲက သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ အစကောင်းမှ […]

ကလေးငယ်ပြုစုစောင့်ရှောက်နည်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးရဲ့ခေါင်းမှာ သန်းတွယ် နေရင် လုပ်ဆောင်ရမယ့် (၇) ချက်

သန်းဆိုတာ ဆံပင်ကြားထဲမှာနေထိုင်ပြီး ဦးရေပြားကနေ သွေးစုပ်ရှင်သန်တဲ့ ကပ်ပါးပိုး အသေးစားလေးတွေပါ။ သန်းတွယ်တာက အရမ်းကိုအဖြစ်များတဲ့ပြဿနာဖြစ်ပြီး အထူးသဖြင့် ကလေးတွေမှာ ပိုဆိုးပါတယ်။ သန်းတွေက ကူးစက်ပြန့်ပွားလွယ်လို့ စိတ်ရှုပ်စရာလည်းကောင်းပါတယ်။ ကလေးရဲ့ခေါင်းမှာ သန်းတွယ် တာက စိတ်ရှုပ်စရာကောင်းတယ်ဆိုပေမယ့် အန္တရာယ်တော့မပေးပါဘူး။ သန်းကိုက်ရင် ကလေးရဲ့ဦးရေပြားမှာ ယားယံပြီး ကျိန်းစပ်စပ်ဖြစ်တာကလွဲလို့ ရောဂါပိုးတော့ မကူးစက်စေပါဘူး။ ဒါပေမယ့် သန်းကိုက်လို့ ဦးရေပြားကို ကုတ်လွန်းရင် ကုတ်ခြစ်ရာတွေကနေ ပိုးဝင်နိုင်တာ သတိထားရပါမယ်။ လူတစ်ယောက်နဲ့တစ်ယောက် သန်းကူးစက်ဖို့ကအရမ်းလွယ်တာကြောင့် ကလေးကို မကူးစက်ရအောင် တစ်ယောက်ယောက်ခေါင်းမှာ သန်းတွေ့တာနဲ့ အမြန်ဆုံးကုသဖယ်ရှားတာ အကောင်းဆုံးပါပဲ။ ကလေးရဲ့ခေါင်းမှာ သန်းရှိမရှိ ဘယ်လိုသိမလဲ သန်းတွေက သေးငယ်တဲ့အပြင် ဆံပင်တွေကြားမှာ ပြေးတတ်၊ ပုန်းအောင်းတတ်လို့ ရှာရခက်တယ်ဆိုပေမယ့် သန်းရှိမရှိကို သိသာစေမယ့် လက္ခဏာတွေရှိပါတယ်။ ကလေးရဲ့ခေါင်းမှာ သန်းတွယ် နေကြောင်းသိနိုင်တဲ့ လက္ခဏာရပ်များ သန်းဥ သူတို့က အတော် သေးငယ်ပေမယ့် သာမန်မျက်စိနဲ့ မြင်နိုင်ပါသေးတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်များအတွက် အကောင်းဆုံးအသားအရေ ထိန်းသိမ်းနည်းလမ်းညွှန်

အရေပြားကလူ့ခန္ဓါကိုယ်ရဲ့ အကြီးဆုံးအစိတ်အပိုင်းတစ်ခုပါ။ အရေပြားထိန်းသိမ်းစောင့်ရှောက်မှုက အရွယ်သုံးပါးစလုံးအတွက် အရေးပါပါတယ်။ ကလေးအရွယ်ကနေစလို့ အသက်အရွယ်ရလာတဲ့အထိ အရေးပြားကိုထိန်းသိမ်းစောင့်ရှောက်ဖို့လိုပါတယ်။ အရွယ်ရောက်လာတဲ့အခါ ကိုယ့်ဘာသာအရေပြားကိုထိန်းသိမ်းစောင့်ရှောက်နိုင်တယ်ဆိုပေမယ့် ငယ်စဉ်အရွယ်မှာတော့ မိဘတွေကစောင့်ရှောက်ပေးရမှာဖြစ်ပါတယ်။ မွေးကင်းစကလေးငယ်တွေရဲ့ အရေပြားက အရမ်းထိခိုက်လွယ်ပြီး အရမ်းနူးညံ့တာကြောင့်ထိန်းသိမ်းရတာလည်း အလုပ်ပိုပါတယ်။ လူကြီးတွေလိုမျိုး သင့်တော်ရာ အဆင်ပြေရာ အသားရေထိန်းသိမ်းခြင်းပစ္စည်းတွေသုံးတာမျိုးမရဘဲ ထိခိုက်လွယ်တဲ့အသားလေးကို နူးနူးညံ့ညံ့နဲ့ ဂရုစိုက်ကြင်နာပေးဖို့လိုအပ်ပါတယ်။ ဒီအတွက် အခက်အခဲတွေ့နေတဲ့ မိဘတွေအတွက် ကလေးငယ်ရဲ့အသားအရည်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။   ကလေးကိုဘယ်လိုရေချိုးပေးမလဲ ကလေးငယ်လေးတွေရဲ့ အရေပြားက လူကြီးတွေထက် အဆ ၃၀လောက်ပိုပါးပါတယ်။ ဆပ်ပြာတွေ၊အသားအရေအတွက်သုံးတဲ့ပစ္စည်းတွေကြောင့်ထိခိုက်မှုကလည်း ပိုများပါတယ်။ အထူးသဖြင့်မွေးကင်းစကလေးငယ်တွေရဲ့ အသားအရေက ထိခိုက်မှုဒဏ်ကိုခံနိုင်ရည်တော်တော်လေးနည်းပါတယ်။ ဒါကြောင့်မွေးကင်းစ ကလေးငယ်တွေကိုရေချိုးပေးတဲ့အခါ ရိုးရိုးရေသန့်သန့်လေးနဲ့ ချိုးပေးတာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကလေးငယ်က ၂ လသားလောက်ရောက်လာပြီဆိုရင်တော့ ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ အပျော့စားဆပ်ပြာရည်လေးနဲ့ချိုးပေးလို့ရပါပြီ။ရေချိုးတဲ့အခါမှာလည်း တစ်ပတ်ကို ၃ ကြိမ်လောက်နဲ့ အချိန် ၃ မိနစ်ကနေ ၅ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးမှာ သေးခံလောင်တာ သက်သာစေမယ့် အချက်(၅)ချက်

ကလေးလေးတစ်ယောက် လူ့လောကထဲရောက်လာပြီဆိုရင် သူ့အတွက် ဂရုစိုက်စောင့်ရှောက်ရမယ့် တာဝန်တွေက အများသားရယ်။ သားဦး၊ သမီးဦးဖြစ်နေရင် ပိုဆိုးပါလေရော။ အမေရော၊ အဖေရောက အသစ်စက်စက်မိဘတွေ ဖြစ်နေတော့ ကလေးလေးအတွက် သတိပြုမိရမယ့်အချက်တွေကို လစ်ဟင်းတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ကလေးယူမယ်လို့ ဆုံးဖြတ်ကတည်းက ကိုယ့်မိဘတွေဆီကမေးတာပဲဖြစ်ဖြစ် စာအုပ်တွေဖတ်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တိုးတက်နေတဲ့ခေတ်မှာ လူမှုကွန်ရက်ကနေပဲဖြစ်ဖစ် ကလေးပြုစုစောင့်ရှောက်ရေးအတွက် လေ့လာသင့်တာလေ့လာထားသင့်ပါတယ်။ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ပြဿနာတွေထဲသေးခံလောင်တာကလည်း အဖြစ်များဆုံးပါဝင်နေပါတယ်။ ဖေဖေရော မေမေရော အလုပ်အရမ်းရှုပ်ကြတော့ အခုခေတ်မှာ ကလေးသေးခံ (Diaper) ကို မသုံးမဖြစ် သုံးကြရပါတယ်။ ဒီလိုသုံးတဲ့အခါ ကလေးမှာ သေးခံလောင်တာက ကြုံတွေ့ရပါတော့တယ်။ ငယ်ရွယ်လွန်းတဲ့ သားသားမီးမီးလေးတွေရဲ့ အရေပြားနုနုလေးမှာ ဒီဝေဒနာဖြစ်လာရင်သနားစရာကောင်းပါတယ်။ ကိုယ့်ရင်နှစ်သည်းချာလေးရဲ့ ဖြူဖွေးနုဖတ်နေတဲ့အသားအရေလေးမှာ နီနီရဲရဲလောင်ထားတဲ့အရာတွေကို ကြည့်ရတာလောက် စိတ်မချမ်းမသာဖြစ်စေမှာ မရှိလောက်ပါဘူး။ ကလေးကိုရေဆေးပေးတဲ့အချိန်ပဲဖြစ်ဖြစ် သုတ်သင်ပေးတဲ့အချိန်ဖြစ်ဖြစ် ဒီသေးခံလောင်ထားတဲ့အရာတွေကနေ စပ်လို့ ကလေးငယ်ငိုယိုတဲ့အခါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးရဲ့သင်ယူနိုင်စွမ်းတိုးတက်အောင် ဘယ်လိုလုပ်မလဲ

မိဘတိုင်းက သူတို့ရဲ့ရင်သွေးငယ်တွေကို အကောင်းဆုံးပုံစံနဲ့ ဘဝခရီးကိုစတင်စေချင်ကြပါတယ်။ ကလေးကိုငယ်ရွယ်စဉ်ကတည်းက ဦးနှောက်ဖွံ့ဖြိုးအောင်လုပ်ဆောင်ပေးတာကလည်း ကလေးငယ်ရဲ့ ဘဝကိုထုဆစ်ပေးရာမှာ အရေးကြီးဆုံးသောအထောက်အပံ့ဖြစ်ပါတယ်။ ကလေးငယ်လေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်ကောင်းမွန်စေဖို့အတွက်က အထူးတလည်ကြီးလုပ်ဆောင်ပေးစရာမလိုဘဲနေ့စဉ်လုပ်ဆောင်ပေးတဲ့ လှုပ်ရှားမှုတွေလုပ်ဆောင်ပေးရင်းနဲ့ ကလေးငယ်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ သင်ယူနိုင်စွမ်းကိုမြှင့်တက်အောင် အထောက်အကူပေးပါလိမ့်မယ်။ ကလေးလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးကမွေးကင်းစအရွယ်ကတည်းက စတင်ဖွံ့ဖြိုးလာတာဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ သင်ယူနိုင်မှုကိုတိုးတက်စေနိုင်မယ့် နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။ ရေချိုးချိန် -ရေချိုးချိန်မှာ ကလေးငယ်အတွက် သချာၤနဲ့သိပ္ပံကို သင်ယူချိန်ပါပဲ။ ကလေးလေးတွေက ခွက်တစ်ခွက်ကနေ တစ်ခွက်ဆီကိုရေတွေလောင်းထည့်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ဒီလိုလောင်းထည့်တာကနေ ဘယ်လိုအကျိုးဆက်တွေဖြစ်ပေါ်လာလဲဆိုတာကို သင်ယူခွင့်ရစေနိုင်သလို ကမ္ဘာမြေဆွဲအား၊ရေထုထည်တွေနဲ့ပတ်သက်ပြီးလည်းလေ့လာခွင့်ရစေပါလိမ့်မယ်။ ဒါတွေက ကလေးငယ်အနေနဲ့ရရှိနိုင်မယ့် အစောပိုင်း သချာၤစွမ်းရည်ပါပဲ။ ကလေးကိုရေချိုးပေးရင်း ဆပ်ပြာတိုက်တဲ့အခါ ကလေးသီချင်းလေးတွေဆိုပေးပါ။ ကလေးရဲ့ ဘာသာစကားစွမ်းရည်ကို တိုးတက်စေပါလိမ့်မယ်။ရေသုတ်ပေးတဲ့အဝတ်ကို သုံးပြီး ကလေးနဲ့ တူဝါးကစားပေးပါ။ ဒီလိုကစားပေးခြင်းက ကလေးငယ်ကို အရာဝတ္ထုတစ်ခုက သူတို့မမြင်ရတော့ပေမယ့်လည်းရှိနေသေးတယ်ဆိုတဲ့ အသိကိုရရှိစေပါလိမ့်မယ်။ ဈေးဝယ်ထွက်တဲ့ဆီခေါ်သွားပေးပါ -ဈေးဝယ်ထွက်တဲ့အခါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကျန်းမာပျော်ရွှင်တဲ့ကလေးအဖြစ် ကြီးပြင်းလာစေဖို့ ပျိုးထောင်နည်း (၁၀) ချက်

ကလေးတွေကို အုပ်ထိန်းစောင့်ရှောက်ရတာက ခက်ခဲနိုင်တယ်ဆိုတာကို ကျွန်တော်တို့အားလုံး သိထားပြီး ဖြစ်ပါတယ်။ မိခင်ဖခင်ဖြစ်စမှာတော့ ညဘက်တွေမှာ ကလေးကိုအစာကျွေးရတာမျိုးအခက်အခဲတွေကို ပင်ပန်း ခက်ခဲတာတွေလို့မထင်ပေမယ့် ကလေးတစ်ယောက်ကို အထိအခိုက်မရှိဘဲကြီးပြင်းလာစေဖို့အတွက် အရာတော်တော်များများလိုအပ်တယ်ဆိုတာကိုသိနားလည်လာမှဖြစ်ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ ကလေးတွေကို အကျင့်စာရိတ္တကောင်းကောင်းမွန်မွန်နဲ့ကျန်းမာပျော်ရွှင်တဲ့ကလေးတွေအဖြစ် ကြီးပြင်းလာစေဖို့အတွက် အရေးကြီးတဲ့အချက်များစွာကိုလုပ်ဆောင်ဖို့လိုအပ်တယ်ဆိုတာကို သိရှိနားလည်လာမှာဖြစ်ပါ တယ်။ မိဘတွေအနေနဲ့ ကလေးကို ဘဝတစ်လျှောက်မှာ မိမိတို့တတ်စွမ်းနိုင်သမျှ အကောင်းဆုံးသောအရာတွေကိုပဲ ပေးချင်ကြတာဖြစ်ပါတယ်။ ကလေးတွေကို ငယ်စဉ်အရွယ်ကတည်းကအကျင့်ကောင်းတွေကို သင်ကြား ပေးမယ်ဆိုပါက ဆယ်ကျော်သက်အရွယ်နဲ့အရွယ်ရောက်တဲ့အခါ အထောက်အကူပြုပေးနိုင်မယ့် ခိုင်မာတဲ့အခြေခံ အုတ်မြစ်ကိုချပေးသလိုသဘောသက်ရောက်နေပါတယ်။ ကလေးတွေကိုအကျင့်စာရိတ္တကောင်းမွန်ပြီးကျန်းမာပျော်ရွှင်တဲ့ကလေးတစ်ယောက်အဖြစ်ရှင်သန်ကြီးထွား လာဖို့အတွက် မိဘတွေအနေနဲ့ အောက်ဖော်ပြပါအချက်လေးတွေကိုလုပ်ဆောင်ကြည့်ကြဖို့တိုက်တွန်းလိုပါတယ်။ ၁။ ကျေးဇူးတင်ကြောင်းနဲ့ ကျေးဇူးပြုပြီးလုပ်ပေးပါလို့အကူအညီတောင်းခံမှုမျိုးကိုပြောတတ်ပါစေ မိဘက ကလေးတွေအတွက် အကောင်းဆုံးသောစံနမူနာယူစရာတွေဖြစ်တာကြောင့် ကလေးတွေထံကနေတစ်ခုခုလုပ်ပေးဖို့အကူအညီတောင်းတဲ့အခါမျိုးမှာ ကျေးဇူးပြုပြီး ကူညီပါလားဆိုတဲ့စကားနဲ့ ကျေးဇူးတင်ပါတယ်၊ ဆိုတဲ့စကားလုံးလေးတွေကိုပြောပေးတာမျိုးလုပ်ဆောင်ပေးပါ။ ကလေးတွေကို ဘာလုပ်ပါလို့ ညွှန်ကြား ပြီးခိုင်းတာမျိုးမလုပ်ဆောင်ပါနဲ့။ သည်စကားလုံးလေး ၃ လုံးကမိဘနဲ့သားသမီးကြားမှာ အပြန်အလှန်လေးစားမှု၊ ညှာတာ၊သည်းခံမှုတွေပေါက်ဖွားလာအောင်လုပ်ဆောင်ပေးပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေရဲ့သင်ယူလေ့လာမှုပိုမြန်ဆန်စေဖို့ ဘာတွေလုပ်ပေးမလဲ

ကလေးတွေအတွက် ရိုးရှင်းပြီးပျော်စရာကောင်းတဲ့ နည်းတွေနဲ့ကစားရင်းသင်ပေးတာက သူတို့ရဲ့ လေ့လာသင်ယူနိုင်စွမ်းနဲ့ ဖွံ့ဖြိုးမှုကို တိုးတက်စေပါတယ်။ ကျန်းမာပြီးပျော်ရွှင်တဲ့ကလေးတွေအဖြစ်တင်မကဘဲ ဉာဏ်ရည်ထက်မြက်တဲ့ကလေးတွေဖြစ်လာဖို့လည်း မိဘတွေက လိုလားကြပါတယ်။ ဒီတော့ ကလေးတွေကို အကောင်းမြင်စိတ်နဲ့ပဲ ဆက်ဆံပြီး စကားတတ်မြောက်မှု၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ အိုင်ကျူစွမ်းရည်တိုးတက်စေဖို့ နေ့စဉ်လုပ်ဆောင်နေကျကိစ္စတွေမှာပဲ ကူညီသင်ပြ ပေးနိုင်ပါတယ်။ ကိုယ်က အသံ၊အနံ့၊ အထိအတွေ့၊ အရသာတွေသင်ပြပေးချိန်မှာ ကလေးကပျော်ပျော်ရွှင်ရွှင် လေ့လာနေဖို့ ၊ပတ်ဝန်းကျင်မှာရှိသမျှတွေကို စိတ်ဝင်တစားရှိနေဖို့ က အဓိကသော့ချက်ပါ။   ကလေးကိုစကားပြောပေးပါ ကိုယ့်ရဲ့တစ်နေ့တာအကြောင်း ကလေးကိုပြန်ပြောပြတာက ကလေးမှာ သူမြင်နေရတာတွေနဲ့ တွဲဖက်နားလည်နိုင်စွမ်းတိုးတက်စေပါတယ်။ စကားကိုဖြည်းဖြည်းနဲ့ ကလေးမြူသလိုပုံစံနဲ့ ပြောပေးတာက ကလေးရဲ့လေ့လာနိုင်စွမ်းကိုတိုးတက်စေတယ်လို့ သုတေသနကဖော်ပြပါတယ်။   ကလေးကိုယ်တိုင်ပါဝင်ခံစားစေပါ လမ်းလျှောက်ထွက်ရင်း ခွေးသံကြားတဲ့အခါ “ဘာသံလဲ”လို့ကလေးကိုမေးပြီး ဒါဟာခွေးဟောင်သံ(ဝုတ်ဝုတ်) ဖြစ်တဲ့အကြောင်း ကိုယ်ကပြန်ဖြေပြပေးပါ။ နောက်ကြုံတိုင်း ပြောတဲ့အခါ ကလေးက မှတ်မိပြီး ဝုဝုလို့ ကိုယ်တိုင်ဖြေနိုင်လာပါလိမ့်မယ်။ နောက်ဆုံးမှာ ခွေး ဆိုတဲ့ဝေါဟာရကို ကိုယ်တိုင်သိသွားစေမှာပါ။ အပြင်ထွက်တဲ့အချိန်မိုးဖွဲကျလာတဲ့အခါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ကို ဉာဏ်ရည်မြင့်မားစွာနဲ့ကြီးပြင်းလာစေနိုင်မယ့် အချက်များ

ကလေးငယ်လေးများရဲ့ဦးနှောက်ဖွံ့ဖြိုးမှုက သူတို့လေးတွေရဲ့ အနာဂတ်အသိဉာဏ်စွမ်းရည်တွေတိုးတက်ဖို့ အတွက် လမ်းဖွင့်ပေးနိုင်တဲ့အရာဖြစ်သလို သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ရင့်ကျက်မှု တွေကိုဖြစ်ပေါ်စေနိုင်တဲ့အရာလည်းဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ဘဝသက်တမ်း ပထမ ၅နှစ်တာကာလအတွင်းမှာ ကလေးငယ်ရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ၉၀ ရာခိုင်နှုန်း ဖြစ်ပေါ်တာဖြစ်ပါတယ်။ ကလေးငယ်ရဲ့ဖွံ့ဖြိုးကြီးထွားမှုတွေထဲက ၅၁ ရာခိုင်နှုန်းလောက်ကတော့ ပတ်ဝန်းကျင် အနေအထားအချင်းအရာတွေကြောင့်ဖြစ်ပေါ်လာတာလို့ယူဆရပါတယ်။ ကလေးငယ်ကို အချိန်တိုင်းမှာ ဖြစ်ပျက်တွေ့ကြုံနေရသမျှ အကြောင်းအရာအလုံးစုံကိုပြောပြပေးခြင်းဖြင့် သူတို့လေး တွေရဲ့ဘာသာစကားပြောဆိုနိုင်မှုစွမ်းရည်ကိုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ကလေးငယ်လေးတွေ အနေနဲ့ ဘာသာစကားပြောစွမ်းရည်မြင့်မားတဲ့ မိသားစုမှာကြီးပြင်းလာရတဲ့ကလေးငယ် တွေက စကားပြောစွမ်းရည်နိမ့်ပါးတဲ့မိသားစုမှာမွေးဖွားကြီးပြင်းလာရတဲ့ ကလေးငယ်တွေထက် အသိဉာဏ် စွမ်းရည် ၃၈ ဆလောက်ပိုမိုမြင့်မားနေတာကိုတွေ့ရှိရပါတယ်။ အယူအဆနဲ့သဘောတရားပိုင်းဆိုင်ရာ စာအုပ်တွေဖတ်ပြပေးခြင်းဖြင့် ကလေးငယ်တွေကို မူလတန်းကြိုအရွယ်မှာ သိရှိရမယ့် အရောင်တွေ၊ပုံစံတွေ၊ရာသီဥတုတွေ၊သစ်သီး၊ ခြံမွေးတိရစ္ဆာန်တွေနဲ့ အခြားအခြေခံကျတဲ့ အကြောင်း ချင်းရာတွေကို သိရှိနားလည်စေနိုင်မှာဖြစ်ပါတယ်.။ ကလေးငယ်ကို စာအုပ်တစ်အုပ်ဖတ်ပြပြီး စာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကို သူ့ရဲ့စကားလုံးတွေ နဲ့ပြန်ပြောပြစေတဲ့နည်းလမ်းနဲ့ကလေးငယ်ရဲ့ မှတ်ဉာဏ်စွမ်းရည်ကိုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ သစ်သီကွင်းတွေကိုအသုံးပြုပြီးပဲဖြစ်ဖြစ် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်လေးတွေအတွက် အုန်းဆီရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

အုန်းဆီက အရေပြားနဲ့ အခြားသောကျန်းမာရေးပြဿနာတွေကို ကုသရာမှာတော်တော်လေးအသုံးဝင်ပါတယ်။ အနာကျက်စေနိုင်စွမ်းရှိပါတယ်။ အုန်းဆီက ကလေးငယ်ရဲ့အရေပြားကို အာဟာရဓါတ်အပြည့်ဝဆုံးပေးနိုင်တဲ့ သဘာဝအဆီတစ်မျိုးဖြစ်ပါတယ်။ အုန်းဆီမှာပါတဲ့သေးငယ်တဲ့မော်လီကျူးလေးတွေက အရေပြားကအဆီကို အလွယ်တကူစုပ်ယူနိုင်အောင်လုပ်ဆောင်ပေးသလို အဆီတွေကို ဆဲအတွင်းပိုင်းနဲ့ တွယ်ဆက်တစ်ရှုးတွေအထိရောက်ရှိစေအောင်လုပ်ဆောင်ပေးပါတယ်။ အရေပြားထိခိုက်ပျက်စီးတာတွေကို သက်သာစေနိုင်စွမ်းရှိသလို အရေပြားရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ အုန်းဆီစစ်စစ်ကို ကလေးငယ်တွေအတွက်အသုံးပြုလို့ရပါတယ်။ အုန်းဆီက အနာကျက်စေနိုင်တဲ့အစွမ်းလည်းရှိပါတယ်။ အရေပြားဓါတ်မတည့်ခြင်း၊ (Hay Fever) -Hay Fever ကိုသက်သာစေဖို့အတွက် နှာခေါင်းအတွင်းဘက်ထဲကို အုန်းဆီနည်းနည်းလူးပေးပါ။ ဝတ်မှုန်တွေက အုန်းဆီမှာပျော်ဝင်သွားပါလိမ့်မယ်။ ကလေးဝက်ခြံ - ကလေးငယ်ရဲ့ ဝက်ခြံအပေါ်မှာ အုန်းဆီခပ်ပါးပါးလေး တစ်နေ့ နှစ်ကြိမ် မပျောက်မချင်းလူးပေးပါ။ ပွန်းပဲ့ဒဏ်ရာတွေ - ပွန်းပဲ့ဒဏ်ရာပေါ်ကို အုန်းဆီလူးပေးပါ။ရောင်ရမ်း နီမြန်းမှုကိုလျော့ကျစေပြီး အနာကျက်စေမှာဖြစ်ပါတယ်။ ရေကျောက် - အုန်းဆီကရေကျောက်ကြောင့် ယားယံတာကိုလျော့ပါးသက်သာစေပြီး အရောင်ကျစေတဲ့အပြင် အဖျားတာမရှည်အောင်လည်းလုပ်ဆောင်ပေးပါတယ်။ ပိုးကောင်နဲ့ အဆိပ်ရှိတဲ့အကောင်တွေအကိုက်ခံရတာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်တွေကို နှိပ်နယ်ပေးခြင်းရဲ့အကျိုးကျေးဇူများ

ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက ကလေးတွေကို အနားရစေပြီး ပိုမိုအိပ်ပျော်စေနိုင်တဲ့အပြင် အငိုလည်း နည်းစေနိုင်ပါတယ်၊ လို့The Cochrane Library ကလေ့လာမှုတစ်ရပ်အရသိရပါတယ်။ မွေးကင်းစကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက မိခင် နဲ့ ကလေးတို့ကြားက အပြန်အလှန်နားလည်မှုရရှိစနိုင်မှာဖြစ်တဲ့အပြင် ကလေးရဲ့အိပ်စက်မှုပိုင်းမှာလည်း အထောက်အကူပြုပြီး ကလေးငိုတာကိုလည်း သက်သာစေတဲ့အပြင် ကလေးတွေကိုနှိပ်နယ်ပေးတာက စိတ်ဖိစီးမှုဖြစ်တာကိုလည်း သက်သာစေပါတယ်။ ဥပမာပြောပြရရင် ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းကြောင့် ကလေးငယ်တွေမှာ ဆီးခဏခဏသါားတာမျိုးကိုသက်သာလျော့ပါးစေပါတယ်။ လေ့လာမှုတွေအတွင်း ကလေးကိုအချိန်ဘယ်လောက်ကြာအောင်နှိပ်ပေးတာ နဲ့ ဘယ်လ်ုနှိပ်ပေးတာကကောင်းလဲဆိုတာတွေကိုလေ့လာခဲ့ပါတယ်။ ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက ကလေးငယ်ရဲ့ကြီးထွားမှုကိုထိခိုက်မှုမရှိစေသလို အန္တရာယ်ရှိစေတာမျိုးလည်းမရှိပါဘူး၊ လို့သိရှိရပါတယ်။ ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာနဲ့ပတ်သက်ပြီးနောက်ထပ်လေ့လာမှုတွေလုပ်ဆောင်ကြည့်ဖိုတော့လိုအပ်ဦးမှာဖြစ်ပါတယ်။ မိမိရဲ့ ကလေးငယ်ကိုနှိပ်နယ်ပေးချင်တယ်ဆိုရင်တော့ အရင်ဆုံးဆရာဝန်နဲ့တိုင်ပင်ပါ။ ကလေးငယ်လေးတွေကို ဆီတစ်မျိုးမျိုးသုံးပြီး နှိပ်နယ်ပေးတာက အရမ်းကိုအရေးကြီးပါတယ်။ ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတဲ့နေရာမှာ အရေးကြီးဆုံးအချက်တစ်ခုက မှန်ကန်တဲ့ဆီရွေးချယ်မှုပဲဖြစ်ပါတယ်။ ညင်ညင်သာသာနှိပ်နယ်ပေးတာက ကလးငယ်ကိုစိတ်ခံစားမှုကောင်းမွန်စေပြီး ကလေးငယ်ရဲ့အရေပြားအတွက်လိုအပ်တဲ့ အာဟာရဓါတ်ကိုပြည့်ဝစေပါတယ်။ ကလေးငယ်ရဲ့အရေပြားမှာလိုအပ်တဲ့ အာဟာရဓါတ်ပြည့်ဝစေဖို့အတွက်ကရွေးချယ်တဲ့ အဆီအပေးမှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးဖွံ့ဖြိုးကြီးထွားတာကို အထောက်အကူပြုနိုင်တဲ့ ပျော်ရွှင်စရာလှုပ်ရှားမှုများ

ကလေးဖွံ့ဖြိုးကြီးထွားတာကို အထောက်အကူပြုနိုင်တဲ့ ပျော်ရွှင်စရာလှုပ်ရှားမှုများ နေ့စဉ်လုပ်ဆောင်နေတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ကလေးတွေအတွက် အဘက်ဘက်ကနေ အကျိုးပြုနေပါတယ်။ မိဘတွေက ကလေးငယ်ရဲ့လှုပ်ရှားမှုတွေနဲ့ ဆော့ကစားတဲ့အခါမျိုးတွေမှာ အတူပါဝင်ဆောင်ရွက်ပေးခြင်းက ကလေးရဲ့ လှုပ်ရှားမှုကိုပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။ ကလေးလေးတွေက သူတို့နှစ်သက်တဲ့ လှုပ်ရှားမှုတွေကို အခြားအရာတွေထက်ပိုမိုလုပ်ဆောင်ချင်စိတ်ရှိတတ်ပါတယ်။ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ပျော်မွေ့လာတဲ့အခါ ကလေးရဲ့လုပ်ဆောင်နိုင်မှုစွမ်းရည်ကလည်း တဖြည်းဖြည်းနဲ့ကောင်းမွန်လာမှာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေကို ကလေးရဲ့နေ့စဉ်ဆော့ကစားမှုတွေမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ထည့်သွင်းနိုင်သလိုတော်တော်ငယ်ငယ်အရွယ်လောက်မှာကတည်းက သင်ကြားပေးလို့ရနေပြီဖြစ်ပါတယ်။   ကလေး ၂ နှစ်ခွဲ နဲ့ ၃ နှစ်အရွယ်လောက်မှာဘာတွေလုပ်နိုင်ပြီလဲ။ ကလေးတွေဟာ အသက် ၂ နှစ်ခွဲအရွယ်ရောက်တဲ့အခါ - ကောင်းကောင်းပြေးနိုင်နေပြီ၊ ကစားစရာတွေပေါ် တက်တတ်၊ဆင်းတတ်ပြီ၊ ဇွန်းကိုင်ပြီး ကိုယ်တိုင်စားနိုင်ပြီ၊ ခွက်ကိုင်ပြီး ကိုယ်တိုင်သောက်နိုင်ပြီ။ ဦးတည်ချက်မှန်အောင်မချိန်ရွယ်နိုင်သေးပေမယ့်ဘောလုံးလိုမျိုး ခပ်ပျော့ပျော့အရာတွေကို ကန်တတ်ပြီ၊ လှေကားတက်တတ်ပြီ၊ ပစ်ချင်တဲ့နေရာကိုရောက်အောင်ဘောလုံးကိုပစ်တတ်ပြီ၊ ကိုယ်တိုင် အဝတ်လဲနိုင်ဖို့စသင်ယူနိုင်နေပြီ၊   ကလေးတွေ ၃ နှစ်သားအရွယ်ရောက်လာတဲ့အခါ တစ်ယောက်တည်း လှေကားတွေလည်းတက်နိုင်ဆင်းနိုင်ပြီ၊ ကလေးစက်ဘီးလိုမျိုးခြေထောက်နဲ့နင်းပြီးစီးရတာတွေကို စစီးတတ်ပြီ၊ ဟန်ချက်ညီညီလမ်းလျှောက်တတ်ပြီဖြစ်သလိုခြေဖျားထောက်ပြီး […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း