ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို ရေချိုးပေးတာကစလို့ ညဘက်သိပ်တဲ့အချိန်အထိ ဘယ်လိုမျိုး ပြုစုပေးရမလဲဆိုတာတွေကို ပညာရှင်တွေက ဒီမှာ လမ်းညွှန်ထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ တွေကို အတူလေ့လာဖို့ အသင့်ပဲလား! ဘေဘီလေးတွေရဲ့ စားသုံးလိုက်တဲ့ အာဟာရရဲ့ ၇၅% က ဘေဘီလေးတွေရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေတယ်ဆိုတာ နဲ့ ဘေဘီလေးတွေက သူတို့ရဲ့ အသက် ၃ နှစ်အရောက်မှာ ဦးနှောက်ဖွံ့ဖြိုးမှုက ၈၀% အထိ ရှိပြီ ဆိုတာကို သိပြီးပြီလား မေမေတို့ရေ ....... ဘေဘီလေးကို မွေးဖွားချိန်ကစလို့ မေမေ့ရဲ့ ပွေ့ဖက်မှု ဂရုစိုက်မှု နမ်းရှုံ့ကြင်နာမှုတွေ၊ ပြင်ဆင်ကျွေးမွေးတဲ့ အာဟာရတွေ၊ အတူတူ ကစားပေးတဲ့ ကစားနည်းတွေက ဘေဘီလေးရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေမှုတွေကို အားဖြည့်ပေးနေပါတယ်။ ဘေဘီလေးကို ကျန်းမာပျော်ရွှင်ပြီး ထက်မြက်တဲ့ ကလေးလေးတစ်ယောက်အနေနဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကလေးထဲက သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ အစကောင်းမှ […]

ကလေးငယ်ပြုစုစောင့်ရှောက်နည်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေနဲ့ အသင့်တော်ဆုံးဖိနပ်ရွေးချယ်နည်း

ဘေဘီလေးက မတ်တတ်စမ်းပြီး မကြာခင်လမ်းလျှောက်တော့မယ်ထင်တယ်ဆိုရင် ဖေဖေမေမေတွေ စိတ်ထဲမှာတွေးနေမယ့်အကြောင်းက ဘာများဖြစ်မလဲ။ ငါ့သားလေးကိုတော့ဖြင့် ငါ့သမီးလေးကိုတော့ဖြင့် ဖိနပ်လှလှလေးဝယ်ပေးမယ်ဆိုတဲ့ စိတ်ကူးဖြစ်မှာပေါ့။ ဘေဘီလေး လမ်းမလျှောက်တတ်ခင်ကတည်းက ဖိနပ်တွေကို ကြိုကြည့်ထား ကြိုဝယ်ထားတဲ့ ဖေဖေမေမေတွေတောင်ရှိရင်ရှိနေမှာပါ။ ဒီတစ်ခေါက်တော့ လမ်းစလျှောက်မယ့် ဘေဘီလေးအတွက် အသင့်တော်ဆုံးဖြစ်မယ့် ဖိနပ်တစ်ရံကို ဘယ်လိုရွေးကြမလဲဆိုတာ ပြောပြပေးမယ်နော်။ ဘေဘီလေးကို ဘယ်အချိန်မှာ ဖိနပ်စဝတ်ပေးမလဲ...... ဖိနပ်ဆိုတဲ့အရာက လမ်းလျှောက်တတ်တဲ့အချိန်ရောက်မှလိုအပ်တာပါ။ ဘေဘီလေးကို ငယ်စဉ်မှာ ခြေအိတ်လောက်ပဲ စွတ်ပေးထားခဲ့ကြတာဖြစ်ပြီး လမ်းစလျှောက်မယ့်အချိန် မတ်တတ်စစမ်းချိန်မှ ဝတ်ပေးတာအသင့်တော်ဆုံးပါ။ ဘေဘီလေး အသက် ၁ နှစ်ခွဲလောက်ရောက်မှ ဖိနပ် စဆင်ပေးတာက အဆင်အပြေဆုံးဖြစ်မှာပါ။ ဒါပေမယ့် ဘေဘီလေးတစ်ယောက် နဲ့ တစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုပုံစံချင်းက မတူတော့ အတိအကျတော့ပြောဖို့ခက်ပါမယ်။ ဘေဘီလေး လမ်းစလျှောက်တတ်ချိန်မှာ ဖိနပ် စဆင်တာကတော့ အဆင်အပြေဆုံးဖြစ်မှာပါ။ ဘေဘီလေးအတွက် ဖိနပ်ရွေးချယ်မယ် လမ်းလျှောက်တတ်စ ကလေးတစ်ယောက်ကို ဖိနပ်ဝယ်ပေးရတာက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဆောင်းအေးအေးမှာ ဘေဘီလေးကျန်းမာနေစေဖို့ဆိုရင်

မေမေဖေဖေတို့ရဲ့ အကြီးမားဆုံးဆန္ဒတစ်ရပ်က သူတို့ရဲ့ အသက်တမျှချစ်ရတဲ့ ဘေဘီလေးကျန်းမာပျော်ရွှင်နေစေဖို့ပါ။ ကလေးတစ်ယောက်ကို ကျန်းမာအောင်စောင့်ရှောက်ဖို့ကလည်း လွယ်ကူတဲ့အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ အကြောင်းကတော့ နုနယ်လွန်းတဲ့ ဘေဘီလေးက ထိခိုက်နိုင်ခြေအရမ်းများလို့ပါ။ မေမေံဗိုက်ထဲမှ နေစဉ်တုန်းက သိပ်ပြဿနာမရှိပေမယ့် ပြင်ပရာသီဥတုနဲ့ ထိတွေ့တဲ့အချိန်မျာ ရာသီဥတုအခြေအနေကလည်း ဘေဘီလေးအပေါ်မှာ တော်တော်လေးသက်ရောက်မှုရှိပါတယ်။ ဒီတစ်ခေါက်တော့ ဆောင်းအေးအေးမှာ ချစ်ရတဲ့ ဘေဘီလေးကျန်းမာနေစေဖို့ မေမေတို့ဘက်က ဘာတွေဂရုစိုက်ပေးရမလဲဆိုတာတွေကို ပြောပြပေးမယ်နော်။ ဆောင်းအေးအေးမှာ ချစ်ရတဲ့ ဘေဘီလေး ကျန်းမာနေစေဖို့ ဘေဘီလေးဖျားနာ နေရင် မေမေဖေဖေတို့အရမ်းစိတ်ညစ်နေမယ်ဆိုတာပြောနေစရာတောင်မလိုပါဘူး။ ဒီတော့ ဆောင်းအအေးဒဏ်ကြောင့် ဘေဘီလေး မဖျားစေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့လိုအပ်ပါမယ်။ ကာကွယ်ဆေးထိုးပါ - ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ၆ လပြည့်ပြီးပြီဆိုတာနဲ့ တုပ်ကွေးကာကွယ်ဆေးထိုးနှံပေးပါ။ ဆေးလိပ်ငွေ့မထိတွေ့မိပါစေနဲ့ - ဖွံ့ဖြိုးစ ကလေးတစ်ယောက်ကို ဆေးလိပ်ငွေ့ထိတွေ့စေမှုက တော်တော်လေး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကိုဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဆေးလိပ်ငွေ့ နဲ့ ဘေဘီလေးကျန်းမာရေး

ဘေဘီလေးတွေက နုနယ်လွန်းတဲ့အရွယ်ဆိုတာကို ပြောပြနေစရာမလိုအောင် လူတိုင်း သိထားပြီးဖြစ်မှာပါ။ နုနယ်တဲ့ဘေဘီလေးတွေက အထိအခိုက်ခံနိုင်စွမ်းကလည်း တော်တော်လေးနည်းကြပါတယ်။ ဒါကြောင့် ဘေဘီလေးကို ကျန်းမာပျော်ရွှင်စွာကြီးပြင်းစေချင်တယ်ဆိုရင် ကိုယ်ဝန်ဆောင်ထားချိန်မှာကတည်းက သတိထားရမယ့် အချက်လေးရှိပါတယ်။ ဒါကတော့ တဆင့်ခံဆေးလိပ်ငွေ့နဲ့ ထိတွေ့မှုမရှိအောင်နေတာပါပဲ။ တစ်ဆင့်ခံဆေးလိပ်ငွေ့ ဆိုတာဘာလဲ..... စီးကရက်ကို မီးညှိထားတာကြောင့်ထွက်လာတဲ့ အငွေ့နဲ့ ဆေးလိပ်သောက်သူက ရှုထုတ်လိုက်တဲ့ အငွေ့တွေပေါင်းစပ်ပြီး တဆင့်ခံဆေးလိပ်ငွေ့ဖြစ်လာရပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့မှာ ဓါတုပစ္စည်းအမျိုးပေါင်း ၇၀၀၀ ကျော်ပါဝင်နေပြီး ဒီဓါတုပစ္စည်းတွေထဲက ရာပေါင်းများစွာက အဆိပ်အတောက်ဖြစ်စေနိုင်ပြီး အမျိုးပေါင်း ၇၀ လောက်က ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဒီအငွေ့တွေဟာ လေထုထဲမှာ ၄ နာရီလောက်ထိရှိနေနိုင်ပြီး စက္ကန့်တိုင်း မိနစ်တိုင်းမှာ ကျန်းမာရေးကို ဒုက္ခပေးနေပါတယ်။ ကလေးတွေက အရွယ်ရောက်ပြီးသူတွေထက် တဆင့်ခံဆေးလိပ်ငွေ့ဒဏ်ကို ပိုခံစားရတယ်ဆိုတာ သိရဲ့လား......... ကလေးတွေက အရွယ်ရောက်ပြီးသူတွေထက်တဆင့်ခံဆေးလိပ်ငွေ့ဒဏ်ကို ပိုခံစားကြရပါတယ်။ အကြောင်းကတော့ ကလေးတွေက အရွယ်ရောက်ပြီးသူတွေထက် အသက်ရှုနှုန်း ပိုမြန်တာကြောင့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး EQ ကောင်းအောင်ပျိုးထောင်လို့ရလား

ထူးချွန်ထက်မြက်သူတစ်ယောက်အဖြစ်နဲ့ အရွယ်ရောက်လာဖို့ဆိုရင်ဘေဘီလေးကို ငယ်စဉ်ကတည်းက IQရော EQ ပါကောင်းအောင် ပျိုးထောင်ပေးဖို့ပါ။ ဒီလိုပြောလို့ ဒါတွေကိုပျိုးထောင်လို့ရလို့လားဆိုတော့ ရာနှုန်းပြည့်မဟုတ်ရင်တောင် ထက်ဝက်ကျော်လောက်အထိတော့ ပျိုးထောင်ပေးလို့ရပါတယ်။ ကလေးတစ်ယောက်ကို ငယ်စဉ်ကတည်းက စပြီးသေချာလေးပျိုးထောင်ပေးမှုက ကလေးအနာဂတ်အတွက်အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဒီတစ်ခေါက်တော့ဘေဘီလေးကို ပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ဦးအဖြစ် ကြီးပြင်းလာစေဖို့ ဘယ်လိုပျိုးထောင်ပေးရမလဲဆိုတာကိုပြောပြပေးပါရစေနော်။ ပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ယောက်ဖြစ်လာစေဖို့ ဘေဘီလေးကိုပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ဦးဖြစ်လာစေဖို့ဆိုရင် ဒီအချက်လေးတွေကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးထားဖို့လိုပါမယ်။ အမှီအခိုကင်းပါစေ ကလေးကို ငယ်စဉ်ကတည်းက သူ့ကိုယ်သူအားကိုးတတ်အောင်လေ့ကျင့်ပေးထားပါ။ ကလေးတစ်ယောက်အတွက် မသင့်တော်တဲ့ အနေအထားတွေကလွဲလို့ အချို့သောအခြေအနေတွေကို ကလေးကိုယ်တိုင်ဖြေရှင်းနိုင်စေဖို့လေ့ကျင့်ပေးထားပါ။ ကလေးကို လိုလေသေးမရှိလိုက်မလုပ်ပေးဘဲဘေးကနေ လိုအပ်တာလေးတွေကိုပြုပြင်ပေးရုံလောက်ပဲလုပ်ပေးပါ။ အမှီအခိုကင်းမှု ဆက်ဆံရေးကောင်းစေဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင်ပျိုးထောင်ပါ ကလေးကို ငယ်စဉ်ကတည်းက သူ့ကိုယ်သူ ယုံကြည်မှုရှိသူလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးပါ။ လှုပ်ရှားမှုတိုင်း ဆုံးဖြတ်ချက်တိုင်းကို သူ့စိတ်နဲ့သူလှုပ်ရှားတတ်စေဖို့လေ့ကျင့်ပေးထားပါ။ ဒါမှ ကလေးက အရွယ်ရောက်လာလေလေ ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးလာလေလေဖြစ်လာမှာပါ။ ကိုယ်ချင်းစာတတ်အောင်လေ့ကျင့်ပေးပါ ကလေးတွေ အထူးသဖြင့် တစ်ယောက်တည်းမွေးထားတဲ့ ကလေးတွေဟာ ငယ်စဉ်ကတည်းကမျှဝေပေးရမယ့်မောင်နှမ မရှိတာကြောင့် အခြားသူတွေအပေါ်မှာ ကိုယ်ချင်းစာပေးတတ်တဲ့စိတ် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မေမေတိုင်းသိထားသင့်တဲ့ မွေးကင်းစကလေးတွေရဲ့ ဝမ်းသွားမှုပုံစံ ။ ။

မွေးကင်းစကလေး တစ်ယောက်ကို ပြုစုစောင့်ရှောက်ရတာ တကယ်ကို မလွယ်ကူပါဘူး။ အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်ရပြီး စကားမပြောတတ်သေးတဲ့ သူတို့အတွက် အမူအရာတွေက အသက်ပါပဲ။ ဒီထဲမှာ ကလေးငိုတဲ့ပုံ၊ ဝမ်းသွားဆီးသွားတဲ့ပုံတွေက အရေးကြီးတာပေါ့။ ဒါပေမယ့် ကိုယ့်ဘေဘီလေးက ဝမ်းပျက် နေတာလား ပုံမှန်ပဲလား ဆိုတာ မသဲကွဲတဲ့မေမေတို့ရှိပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးထဲမှာ မွေးကင်းစကလေးတစ်ယောက်က ဘယ်လိုပုံစံမျိုးဝမ်းသွားလဲဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ မွေးကင်းစကလေးတစ်ယောက်က ဝမ်းဘယ်နှစ်ခါလောက် ပုံမှန်သွားတတ်လဲ။ မွေးကင်းစကလေးတွေအတွက် အနှီးတွေ ခဏခဏလျှော်ရ သေးခံ တွေ ခဏခဏလဲပေးရတာကို လူတိုင်းသိကြမှာပါ။ မွေးပြီးပြီးချင်းဆို ကလေးတစ်ယောက်က တစ်နေ့ကို ဝမ်း ၂ ကြိမ်လောက်ပဲ သွားတတ်ပေးမယ့် မွေးပြီး ၁ပတ်သားလောက်ဖြစ်လာတဲ့အခါမှာတော့ တစ်နေ့ကို ၅ ကြိမ်ကနေ ၁၀ ကြိမ်လောက် ဝမ်းသွားပါလိမ့်မယ်။ နို့တိုက်ပြီးတိုင်း ဝမ်းသွားတာမျိုးတွေလည်း ရှိတတ်ပါတယ်။ နောက်ပိုင်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကိုယ့်ဘေဘီလေး ဝမ်းပျက်နေတာလား။ ပုံမှန်ပဲလား ဘယ်လိုသိနိုင်မလဲ။

၁ နှစ်သား ၂ နှစ်သား ကလေးတွေမှာ ဝမ်းပျက် နေတယ်ဆိုရင်တော့ သိသာပါတယ်။ သူတို့က တစ်နေ့ကိုမှ တစ်ခေါက်လောက်ပဲ ဝမ်းသွားကြတာမလား။ ဒါပေမယ့် မွေးကင်းစကလေးတွေ ဝမ်းပျက်ချင်ပြီဆိုရင်တော့ ပြောရခက်ပါတယ်။ သူတို့က တစ်နေ့ကို အကြိမ်ရေ တော်တော်များများ ဝမ်းသွားကြတာမလား။ ဘယ်လိုခံစားနေရလဲဆိုတာ မပြောနိုင်သေးတာက တစ်ကြောင်း၊ ဝမ်းပျက်နေတာလား ပုံမှန်ပဲ သွားတာလား မသေချာကတစ်ကြောင်းနဲ့ မွေးကင်းစကလေးတွေ ဝမ်းလျှောနေတာကို အမှုမဲ့ အမှတ်မဲ့ ဖြစ်သွားတတ်ကြသလို ပုံမှန် သွားနေကျဝမ်းကို ဝမ်းလျှောတယ်ဆိုပြီး အစိုးရိမ်လွန်သွားတာမျိုးလည်း ဖြစ်တတ်ကြပါတယ်။ ဒါ့ကြောင့် ခုပြောပြမယ့် ဆောင်းပါးလေးကို မေမေတိုင်း ဖတ်ကြည့်ထားဖို့ လိုပါတယ်။ ပုံမှန် မွေးကင်းစကလေးတစ်ယောက်က တစ်နေ့ကို ဝမ်းဘယ်နှစ်ကြိမ်သွားသလဲ။ မွေးကင်းစ ကလေးတစ်ယောက် ပုံမှန်သွားတဲ့ ဝမ်းက တစ်နေ့ကို ၅ ကြိမ်ကနေ ၈ ကြိမ်လောက်တော့ရှိပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေမှာဖြစ်တဲ့ အသားခြောက်တဲ့ပြဿနာ

အသားအရေလှပကျန်းမာဖို့ကလေဒီလေးတွေနဲ့ပဲ သက်ဆိုင်တယ်လို့ထင်လား။ မဟုတ်ပါဘူးနော်။ ဒီအချက်ကဘေဘီလေးတွေနဲ့ပါသက်ဆိုင်တာပါ။ တကယ်ကတော့ အရွယ်ပါးသုံးပါးစလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စပါ။ အရေပြားကျန်းမာမှ ခန္ဓါကိုယ်ကလည်းကျန်းမာမှာပါ။ နူးညံ့တဲ့အရေပြားပိုင်ရှင်ဘေဘီလေးတွေကိုဆို ပိုပြီး ဂရုစိုက်ပေးဖို့လိုပါမယ်။ ဘေဘီလေးတွေမှာဖြစ်တတ်တဲ့အရေပြားပြဿနာတွေကဘာတွေလဲ....... နုနယ်လှတဲ့ဘေဘီလေးတွေရဲ့ အသားအရေက ထိခိုက်နိုင်ခြေတော်တော်လေးများပါတယ်။ဘေဘီလေးတွေမှာအဖြစ်များတဲ့အရေပြားပြဿနာတွေကတော့ သေးခံလောင်တာ ကုတ်ခြစ်ဒဏ်ရာ ပိုးကောင်ကိုက်တာ နို့ပွေး ဝဲ နှင်းခူ ရေကျောက် အင်ပျဉ် ကြွက်နို့ အသားအရေခြောက်သွေ့ခြင်းတို့ပါ။ အရေပြားပြဿနာတွေရဲ့ အစကဘာဖြစ်မလဲ......... အရေပြားပြဿနာတော်တော်များများရဲ့ အဓိကမြစ်ဖျားခံတဲ့အရာက အရေပြားခြောက်သွေ့တာပါ။ ဒါကြောင့်ဘေဘီလေးကို အရေပြားပြဿနာကင်းစေချင်တယ်ဆိုရင် အရေပြားခြောက်သွေ့မှုမဖြစ်အောင်သေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။ ဘေဘီလေးတွေမှာ အများဆုံးဖြစ်တဲ့ပြင်းထန်အရေပြားခြောက်သွေ့မှုပြဿနာ ပြင်းထန်အရေပြားခြောက်သွေ့မှုပြဿနာကအရေပြားကို နီမြန်းစေသလို ယားယံမှုကိုပါခံစားရစေနိုင်ပါတယ်။ ဒီအရေပြားပြဿနာက အရွယ်မရွေးခံစားရနိုင်ပေမယ့်ဘေဘီလေးတွေမှာပိုအဖြစ်များကြပါတယ်။ ဒီအရေပြားပြဿနာကိုခံစားရသူတွေထဲက ၆၅ ရာခိုင်နှုန်းလောက်က အသက် ၁ နှစ်ကနေ ၂ နှစ်အရွယ်ရှိတဲ့ ကလေးတွေပါ။ ဒီအရေပြားပြဿနာက တစ်ခဏနဲ့ပျောက်သွားတာမျိုးမဟုတ်ဘဲ ကာလရှည်ကြာခံစားရနိုင်ပါတယ်။ မျိုးရိုးရှိတဲ့ဘေဘီလေးတွေနဲ့ ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်ဘေဘီလေးတွေမှာ ပိုအဖြစ်များပါတယ်။ အချို့ဘေဘီလေးတွေမှာဆိုရင် အစားအသောက်ဓါတ်မတည့်မှုကြောင့် ဒီအရေပြားပြဿနာကို ခံစားကြရတာပါ။ ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ ဒီအရေပြားပြဿနာတွေရဲ့ လက္ခဏာတွေက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ငယ်ငယ်သေးသေး အရွယ်လေးထဲက ရေကူးသင်ပေးခြင်းရဲ့ ကောင်းကျိုးများ။

You Tube မှာ ဗီဒီယိုဖိုင်တွေ တွေ့ဖူးမှာပါ။ ေမွးကင်းစကလေးသေးသေးလေးတွေ ခေါင်းမှာ ဘောကွင်းလေးတွေစွတ်ပြီးတော့ ရေကူးနေကြတာ။ သူတို့နိုင်ငံက မိဘတွေအတွက် ဒါတွေက လုပ်နေကျဖြစ်ပေမယ့် တို့ မြန်မာနိုင်ငံက မိဘတွေအတွက်ကတော့ ရင်တမမနဲ့ ဖြစ်နေရမယ့် အလုပ်ပါ။ ဒါပေမယ့် ခုလို ကလေးလေးတွေကို ငယ်ငယ်လေးထဲက ရေကူးသင်ပေးထားရင် ရလာမယ့် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ငယ်ငယ်လေးထဲက ရေကူးသင်ပေးရင် ရလာမယ့် အကျိုး ၉ ချက် အကျိုးကျေးဇူးအကြောင်း အရင်မပြောခင် ငယ်ငယ်လေးဆိုတော့ ဘယ်အရွယ်ကို ပြောတာလဲ ဆိုတဲ့အကြောင်း စပြောချင်ပါတယ်။ ကလေးအသက် ၆ လ ကျော်ပြီဆိုတာနဲ့ ရေကူးစသင်လို့ရပါပြီ။ ရေကူးသင်တယ်ဆိုတာ လူကြီးတွေလိုမျိုး လက်တွေခြေတွေ ဘယ်လိုလုပ်ရမလဲဆိုတာကို သင်တာပြောတာမဟုတ်ပါဘူး။ ကလေးလေးတွေရဲ့ ခေါင်းမှာဘောကွင်းလေးတွေစွတ်ပြီး ကလေးခြေထောက်လေးတွေ ယက်နေတာကို ပြောတာပါ။ ကဲ ေဘဘီလေးတွေကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

နှုတ်ခမ်းကွဲ ၊အာခေါင်ကွဲနေတဲ့ ကလေးကို ဘယ်လိုအစာကျွေးရမလဲ။

နှုတ်ခမ်းကွဲ ၊အာခေါင်ကွဲ တဲ့ ပြဿနာဟာ ကလေး ၇၀၀မှာ ၁ယောက်လောက်ဖြစ်နေတဲ့အတွက် ဖြစ်တဲ့သူ လုံးဝ မရှားတဲ့ မွေးရာပါ ချို့ယွင်းချက်တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန် မိခင်က ဖောလစ်အက်ဆစ်လုံလုံလောက်လောက် မသောက်မိခဲ့လို့၊ မိဘ ၂ ဦးစလုံး ( ဒါမှမဟုတ်) မိဘ တစ်ဦးဦးမှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ပြဿနာ ရှိနေလို့ စသဖြင့် အကြောင်းအရင်းတွေ အမျိုးမျိုး ရှိပါတယ်။ ဒီအထဲကမှ ကံမကောင်းခဲ့လို့ မွေးလာတဲ့ ကိုယ့်ကလေးမှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ပြဿနာ ဖြစ်သွားခဲ့ပြီဆိုပါစို့။ ကလေးကို ဘယ်လို နို့တိုက်ရမလဲဆိုတဲ့ ပြဿနာ မေမေတိုင် းရင်ဆိုင်ရမယ့် ပြဿနာပါ။ ဘယ်လို နို့တိုက်ရမယ်ဆိုတဲ့အကြောင်း မပြောခင် နှုတ်ခမ်းကွဲ အာခေါင်ကွဲခြင်းကြောင့် ကလေးမှာ နောက်ဆက်တွဲ ထိခိုက်နိုင်တဲ့ အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ်။ နှုတ်ခမ်းကွဲ ၊အာခေါင်ကွဲနေတဲ့ ကလေးကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

နှုတ်ခမ်းကွဲ၊အာခေါင်ကွဲတဲ့ပြဿနာ ကိုယ့်ရင်သွေးလေးမှာမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ ။ ။

နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ ပြဿနာကို အားလုံးသိကြမှာပါ။ မွေးရာပါချို့ယွင်းချက်တစ်ခုဖြစ်ပြီး ဖြစ်တဲ့သူလည်း မရှားတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာ ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုင်းဆိုင်ရာတွေကိုပါ ထိခိုက်နိုင်တဲ့ ပြဿနာတစ်ခုပါ။ ဒီလို ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာကိုရော နှောင့်ယှက်နေတဲ့ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ ပြဿနာ ကိုယ့်ရင်သွေးလေးမှာအဖြစ်ရလေအောင် မိဘတိုင်း ကာကွယ်ချင်ကြမှာပါ။ ခြေလက်စုံ အဂါၤစုံ ဘာချို့ယွင်းချက်မှ မရှိတဲ့ ရင်သွေးလေးတွေကို တောင့်တတဲ့ သူချည်းပဲ မဟုတ်လား။ ဒီတော့ အဖြစ်များတဲ့ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ ပြဿနာ ကိုယ့်ရင်သွေးကျမှ မဖြစ်ရလေအောင် ဘယ်လိုကာကွယ်ရမလဲ ။ ။ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ရခြင်းအကြောင်းအရင်းကို တိတိကျကျတော့ မသိကြသေးပါဘူး။ ဖြစ်နိုင်တာကတော့ မိသားစု မျိုးရိုးဗီဇရယ်၊ ကိုယ်ဝန်ဆောင်ချိန် မှီဝဲတဲ့ အစားအသောက်တွေရယ်၊ သောက်တဲ့ဆေးတွေရယ် စတဲ့ အချက်တွေ ပေါင်းစပ်ပြီး ဖြစ်လာတယ်လို့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း