ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို ရေချိုးပေးတာကစလို့ ညဘက်သိပ်တဲ့အချိန်အထိ ဘယ်လိုမျိုး ပြုစုပေးရမလဲဆိုတာတွေကို ပညာရှင်တွေက ဒီမှာ လမ်းညွှန်ထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ တွေကို အတူလေ့လာဖို့ အသင့်ပဲလား! ဘေဘီလေးတွေရဲ့ စားသုံးလိုက်တဲ့ အာဟာရရဲ့ ၇၅% က ဘေဘီလေးတွေရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေတယ်ဆိုတာ နဲ့ ဘေဘီလေးတွေက သူတို့ရဲ့ အသက် ၃ နှစ်အရောက်မှာ ဦးနှောက်ဖွံ့ဖြိုးမှုက ၈၀% အထိ ရှိပြီ ဆိုတာကို သိပြီးပြီလား မေမေတို့ရေ ....... ဘေဘီလေးကို မွေးဖွားချိန်ကစလို့ မေမေ့ရဲ့ ပွေ့ဖက်မှု ဂရုစိုက်မှု နမ်းရှုံ့ကြင်နာမှုတွေ၊ ပြင်ဆင်ကျွေးမွေးတဲ့ အာဟာရတွေ၊ အတူတူ ကစားပေးတဲ့ ကစားနည်းတွေက ဘေဘီလေးရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေမှုတွေကို အားဖြည့်ပေးနေပါတယ်။ ဘေဘီလေးကို ကျန်းမာပျော်ရွှင်ပြီး ထက်မြက်တဲ့ ကလေးလေးတစ်ယောက်အနေနဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကလေးထဲက သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ အစကောင်းမှ […]

ကလေးငယ်ပြုစုစောင့်ရှောက်နည်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

နုနယ်တဲ့ ကလေးတို့ရဲ့ အရေပြားပေါ်က ပွေး

မွေးကင်းစအရွယ်ကလေးငယ်တွေနဲ့ အသက် ၁၀ နှစ်အရွယ်လောက်အထိကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ နို့ပွေးက မှိုပိုးကူးစက်မှုတစ်ခုပါပဲ။ ဒီမှိုပိုးက အရေပြားပွန်းပဲ့ရာတွေကနေတဆင့် ခန္ဓာကိုယ်အတွင်းပိုင်းကိုရောက်ရှိသွားပြီး အရေပြားပေါ်မှာဖြစ်ပေါ်တာဖြစ်ပါတယ်။ ကလေးငယ်မှာ ကုတ်ရာခြစ်ရာသေးသေးလေးပဲရှိတယ်ဆိုရင်တောင်မှ ကူးစက်ခံရနိုင်ပါတယ်။ နို့ပွေးဆိုတာ ကလေးအရေပြားပေါ်က ပန်းရောင် (သို့) အနီရောင် ခပ်ဝိုင်းဝိုင်းသဏ္ဍန် အကွက်လေးတွေပါ။ နို့စို့ထားလို့ ပေနေတတ်တဲ့ ပါးစပ်တဝိုက်မှာဖြစ်တာမို့ နို့ပွေးလို့ ခေါ်ကြတာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီအရေပြားပြဿနာက မျက်နှာတစ်ခုတည်းမှာ မဟုတ်ဘဲ ဦးရေပြား၊ လက်နဲ့ ခြေထောက်တွေအပြင် တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဘယ်လိုကူးစက်နိုင်လဲ မေမေတို့လက်ကနေ သို့မဟုတ် မှိုပိုးရှိနေတဲ့ ဘယ်အရာနဲ့မဆို ထိတွေ့မှုတွေကနေတဆင့် ကူးစက်တာ ဖြစ်ပါတယ်။ အရုပ်တွေ၊ တဘက်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေ ၊ အခင်းပြားတွေ၊ အဝတ်အစားတွေ နဲ့ ဦးထုပ်တွေလို ကလေးအသုံးအဆောင်တွေကတဆင့် ကူးစက်နိုင်ပါတယ်။ အများကူးတဲ့ရေကူးကန်တွေနဲ့ အခြားလူအများနဲ့မျှသုံးရတဲ့နေရာတွေ ကနေလည်း ကလေးတွေကို မှိုပိုးကူးစက်စေနိုင်ပါတယ်။ ဘယ်လို လက္ခဏာတွေရှိတတ်လဲ နို့ပွေးက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးရဲ့ ပေါင်ကြားမှာ အရေပြားလောင်ခြင်း

မွေးကင်းစအရွယ် ကလေးငယ်တွေရဲ့အသားအရေက သိပ်နုနယ်ပါတယ်။ တံတောင်ဆစ်ကြားလေးတွေ၊ လည်ပင်းလေးတွေမှာ ပွန်းပြီး နီရဲနေတတ်တာပဲကြည့်။ ဒါတွေကတော့ ပိတ်လှောင်ပြီး ချွေးထွက်တာ ဒါမှမဟုတ် အသားခြောက်သွေ့တာကြောင့် ဖြစ်တတ်ပေမယ့် ပိုဆိုးတာ ပေါင်ခြံ၊ ပေါင်ကြားအရေပြားလေးတွေမှာ လောင်တာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သေးခံ(Diaper) ဝတ်ပေးလေ့ရှိကြလို့ သေးခံလောင်တယ်လို့လည်း ခေါ်ကြတယ်။ ဒါပေမယ့် အနှီးပတ်ပေး၊ ဘောင်းဘီဝတ်ပေးထားတဲ့ ကလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဘာလို့ဆို ဘေဘီလေးရဲ့ ဆီးနဲ့ ဝမ်းကြောင့် စိုစွတ်ပြီး ဘက်တီးရီးယားပျော်တဲ့အနေအထား ဖြစ်သွားနိုင်ပါတယ်။ ကလေးမှာ သေးခံလောင်ရတဲ့အကြောင်းရင်းက – ဆီး ၊ ဝမ်း သွားပြီးတိုင်း ပေါင်ကြားကို သေချာမသန့်စင်ပေးတာ သေးခံအစိုကြီးကို ဒါမှမဟုတ် ပေကျံနေတဲ့သေးခံကို မလဲပေးမိတာ အချိန်ကြာသွားတာ သေးခံ နဲ့ ပွတ်တိုက်မိလို့ ပွန်းတာ မှိုပိုးဝင်တာ ဘက်တီးရီးယားပိုးဝင်တာ သေးခံနဲ့ ဓါတ်မတည့်တာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးကို ကောင်းမွန်ပျော်ရွှင်စွာ​ကြီးပြင်းစေဖို့

ရင်သွေးလေးကို ကောင်းကောင်းမွန်မွန်အရွယ်ရောက် ကြီးပြင်းစေချင်တဲ့ဆန္ဒက မိဘတိုင်းမှာရှိတတ်တဲ့ ဆန္ဒတစ်ခုပါ။ ဒီဆန္ဒက ဆုတောင်းနေရုံနဲ့တော့ပြည့်လာမှာမဟုတ်ပါဘူး။ ကိုယ့်ဘက်ကလည်း တတ်နိုင်သမျှစွမ်းဆောင်ပေးဖို့လိုပါမယ်။ ဒီလိုစွမ်းဆောင်ပေးတဲ့နေရာမှာ အလေ့အထကောင်းလေးတွေနဲ့ ပြည့်ဝတဲ့ အာဟာရကို အချိုးကျကျပေါင်းစပ်မိဖို့လိုပါမယ်။ ဘေဘီလေးပျော်ရွှင်ထက်မြက်စွာနဲ့ကြီးပြင်းလာစေဖို့ ဘာတွေများကျွေးရမလဲ ဘေဘီလေးတစ်ယောက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါအကောင်းဆုံးဖွံ့ဖြိုးစေဖို့အတွက် နေ့စဉ်စားသုံးတဲ့ အာဟာရတွေထဲမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပြည့်ဝစွာပါဝင်နေဖို့လိုပါမယ်။ ဒီတော့ လိုအပ်တဲ့ အာဟာရတွေပြည့်ဝအောင် ဘာတွေများကျွေးရမလလဲလို့များ စဉ်းစားနေပြီလား မေမေ.... ပြော​ပြပေးမှာမို့ တူတူဆက်ကြည့်ရအောင်နော်။ ငယ်တုန်းကတော့ မေမေကအာဟာရပြည့်ဝအောင်စားပြီး နို့ချိုတိုက်ကျွေးရင်ရပြီဆိုပေမယ့် တဖြည်းဖြည်းအရွယ်ရောက်လာချိန်မှာတော့ အာဟာရပြည့်ဝအောင် စီစဉ်ကျွေးမွေးဖို့က မေမေ့တာဝန်ဖြစ်လာပြီလေ။ ဒီတာဝန်ကိုကျေပွန်စေဖို့ဆိုရင်တော့ ပရိုတင်း- အရိုးနဲ့ကြွက်သားတွေ အကောင်းဆုံးသန်စွမ်းစေဖို့ အရေးပါပါတယ်။ ပရိုတင်းကြွယ်ဝစေဖို့ အဆီမပါတဲ့အနီရောင်အသား၊ ကြက်သား၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့တို့ကနေရရှိနိုင်ပါတယ်။ ကစီဓာတ် - ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက်၊ ကိုယ်ခံအားကောင်းစေဖို့အတွက် အရေးပါတဲ့ဓာတ်တစ်မျိုးပါ။ ထမင်း ကန်စွန်းဥ၊ အာလူး၊ ပဲအမျိုးမျိုးတို့ကနေ ရရှိနိုင်ပါတယ်။ ရေဓာတ် - ခန္ဓာကိုယ်က […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကိုယ့်ကလေးလေးကို ထိုင်ကွင်းပေးသုံးသင့်သေးရဲ့လား

နှစ်စဉ်နှစ်တိုင်း ကလေးထောင်ပေါင်းများစွာဟာ ထိုင်ကွင်းသုံးခြင်းရဲ့နောက်ဆက်တွဲဖြစ်တဲ့ လှေကားပေါ်ကနေပြုတ်ကျပြီး အရေးပေါ်ဌာနကိုရောက်လာကြပါတယ်။ထိုင်ကွင်းလို့ခေါ်တဲ့ baby walker တွေထဲဝင်နေရတာဟာ ကလေးတွေအတွက် ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ လုံခြုံရေးအကာအကွယ်တွေယူယူ ဆယ်စုနှစ်တွေအတွင်းမှာ ထိုင်ကွင်းတွေနဲ့ ဆက်စပ်တဲ့ ထိခိုက်ဒဏ်ရာအရေအတွက်ဟာ တစ်ချိန်လုံးမြင့်တက်နေတဲ့အတွက် အမေရိကန်နိုင်ငံမှာ ထိုင်ကွင်းအသုံးပြုမှုကို လုံးဝတားမြစ်ထားပါတယ်။ ၁၉၉၀ ကနေ ၂၀၁၄ အတွင်း အသက်ဆယ့်ငါးလအောက် ကလေးပေါင်း နှစ်သိန်းသုံးသောင်းကျော် (၂၃၀၆၇၆)ယောက်ဟာ ထိုင်ကွင်းတွေကြောင့်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ကလေးတွေအများစုဟာ ခေါင်းနဲ့လည်ပင်းမှာ ထိခိုက်ဒဏ်ရာရခဲ့ကြတာဖြစ်ပြီး ၇၅ ရာခိုင်နှုန်းဟာ လှေကားပေါ်က ပြုတ်ကျခဲ့တာဖြစ်ပါတယ်။ ထိုင်ကွင်းဆိုတာ ထိုင်ကွင်းဆိုတာ ဘီးပါတဲ့ ထိုင်ခုံတွေဖြစ်ပြီး ခြေထောက်ချထားဖို့ အပေါက်လဲပါပါတယ်။ အဓိကအားဖြင့် အသက်ငါးလကနေ ဆယ့်ငါးလအတွင်း လမ်းမလျှောက်တတ်သေးတဲ့ ကလေးတွေကို သူတို့ဖာသာသူတို့ သွားနိုင်အောင် ကူညီပေးတဲ့ ပစ္စည်းတစ်ခုပါ။ ဝဝတုတ်တုတ်ခြေထောက်ကလေးတွေကို ကန်ပြီး အခန်းတစ်ခုထဲမှာ လျှောက်သွားနေတဲ့ကလေးလေးတစ်ယောက်ကို ကြည့်ရတာပျော်စရာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးရာပါအမှတ်တွေအကြောင်း သိထားသင့်သမျှ

ကလေးမှာ မွေးရာပါအမှတ်လေး ပါလာတယ်နော်။ လူဝင်စားတာထင်တယ်ဆိုတဲ့ အလေ့အထ မြန်မာလူမျိုးတွေမှာရှိပါတယ်။ ဒီ အမှတ်လေးတွေအကြောင်းနဲ့ ပတ်သက်လို့ ဒါ့ထက်ပိုမသိချင်ဘူးလား။ မွေးရာပါအမှတ်တွေ အကြောင်း သေသေချာချာသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပေးပါနော်။ မွေးရာပါအမှတ်တွေအကြောင်း သိထားသင့်သမျှ အချက်လေးတွေကို ပြောပြပေးသွားပါမယ်။ မွေးရာပါအမှတ်တွေအကြောင်း သိထားသင့်သမျှ မွေးရာပါအမှတ်တွေအကြောင်း သိထားသင့်သမျှ တွေကတော့ မွေးရာပါအမှတ်ဆိုတာဘာများလဲ........... မွေးရာပါအမှတ်တွေ ဆိုတာ မေမေ့ဗိုက်ထဲက မွေးလာကတည်းက ဘေဘီလေးရဲ့ ခန္ဓာကိုယ်မှာပါလာတဲ့ ပုံမှန်အသားအရောင်မဟုတ်တဲ့ အရာလေးတွေပါ။ အချို့အမှတ်ကလေးတွေကတော့ မွေးဖွားပြီးနောက် သိပ်မကြာခင်မှာ ဖြစ်လာတတ်ကြပါတယ်။ အမှတ်တွေက အရောင်အမျိုးမျိုးနဲ့ ဖြစ်နိုင်သလို ပုံစံကလည်း အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အချို့အမှတ်လေးတွေက ဘေဘီလေးအသက်အရွယ်ကြီးလာတာနဲ့အမျှ ကြီးလာတတ်ကြပြီး အချို့အမှတ်လေးတွေကတော့ ပုံစံမပြောင်းဘဲရှိနေတတ်ပါတယ်။ ဘာကြောင့်အမှတ်ဖြစ်ရတာလဲ...... အခုချိန်ထိ မွေးရာပါအမှတ် ဖြစ်ရတဲ့ အကြောင်းအရင်းကို သေသေချာချာမသိရသေးပါဘူး။ လူတော်တော်များများ ထင်နေသလိုမျိုး အမှတ်တွေက မိဘမျိုးရိုးကြောင့်ဖြစ်တာ မဟုတ်ပါဘူး။ အမှတ်နဲ့ပတ်သက်ပြီး အယူအဆအမျိုးမျိုးတွေ ရှိနေပေမယ့်လည်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေရဲ့ဦးရေပြားနဲ့ မျက်နှာပေါ်က အဆီဖုလေးတွေ

နုနုရွရွ ကလေးပေါက်စလေးတစ်ယောက် မွေးဖွားလာတယ်ဆို မထိရဲမကိုင်ရဲ အသည်းယားနေမှာ အသစ်စက်စက်မိဘတိုင်းပါပဲ။ ဒါပေမယ့် ဒီအရွယ်မှာ ကလေးရဲ့အရေပြားကို ဂရုစိုက်ဖို့ အရေးပါတာမို့ မထိမကိုင်လို့မဖြစ်ပါဘူး။ ကိုယ့်ဘေဘီလေးရဲ့ မျက်နှာ ဒါမှမဟုတ် နဖူးအစပ်လေး၊ ဦးရေပြားလေးမှာ အဆီဖုလေးတွေလိုလို တွေ့ရရင် မစိုးရိမ်ပါနဲ့။ ကလေးငယ်တွေမှာအဖြစ်များကြတဲ့ အဖုလေးတွေပါ။ ကလေးရဲ့အရေပြားမှာ အဆီနဲ့ ဆဲလ်သေတွေကြောင့် ချွေးပေါက်ပိတ်ဆို့ပြီး အဖြူ သို့မဟုတ် အရည်ကြည်ဖုလို အဖုလေးတွေဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်ဖြစ်ရတာလဲ မွေးကင်းစအရွယ်မှာဖြစ်ကြတဲ့ ဒီအဖုလေးတွေရဲ့ အကြောင်းရင်းကိုတော့မသိရပေမယ့် မေမေတို့စားတဲ့ အစားအသောက်တွေကြောင့်တော့ မဟုတ်ပါဘူးနော်။ တစ်ခုရှိတာက ဒီအဖုလေးတွေကို မိခင်ရဲ့ဟော်မုန်းကြောင့်ဖြစ်တဲ့ ကလေးဝက်ခြံနဲ့မှား တတ်ကြတာပါပဲ။ ကလေးဝက်ခြံနဲ့မတူတာက ဒီအဆီဖုလေးတွေက ရောင်ရမ်းတာ မရှိလာနိုင်ပါဘူး။ အဆီဖုလေးတွေက မွေးတည်းကပါလာတတ်ပေမယ့် ကလေးဝက်ခြံကတော့ မွေးပြီး ၂ ပတ်ကနေ ၄ ပတ်လောက်မှာ ဖြစ်တတ်တာပါ။ ဘယ်လိုလုပ်ပေးရမလဲ ဘာမှလုပ်ပေးဖို့မလိုပါဘူးတဲ့။ အများအားဖြင့်တော့ အချိန်တန်ရင် သူ့အလိုလိုချပ်ရပ်ပျောက်ကင်းသွားပါလိမ့်မယ်။ ဒါပေမယ့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ငယ် Screen time အန္တရာယ်

ကမ္ဘာကြီးဟာ ဒစ်ဂျစ်တယ်လောကကြီး ဖြစ်လာတာနဲ့အညီ စခရင်တွေဟာလည်း သယ်ဆောင်ရပိုလွယ်လာပြီး လက်လှမ်းလဲမီလာပါတယ်။ အိမ်တိုင်းလိုလိုမှာ ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ တီဗွီတွေရှိလာကြပါတယ်။ ငယ်ရွယ်တဲ့ ကလေး တွေမှာ စခရင်ကြည့်ချိန် သတ်မှတ်တာထက်ပိုများခဲ့ရင် ဆိုတဲ့လေ့လာမှုတွေဟာ ခုထိလုပ်နေဆဲပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သေချာနေတာကတော့ ဒါဟာ သိမှုဆိုင်ရာ၊ ဘာသာစကားသင်ကြားမှုဆိုင်ရာ၊ စာသင်ကြားမှုဆိုင်ရာတွေကို ထိခိုက်စေပြီး နောက်ပိုင်းကြီးပြင်းလာတဲ့အခါတွေမှာလည်း စိတ်ပိုင်းဆိုင်ရာရောဂါတွေကို ပိုဆိုးစေတယ် ဆိုပါတယ်။ ဒါကြောင့် အမေရိကန်ကလေးကျန်းမာရေးဆိုင်ရာအကယ်ဒမီက ကလေးတွေရဲ့ စခရင်ချိန်နဲ့ပတ်သက်လို့ guideline ကို ၂၀၁၆ ခုနှစ်မှာ ချမှတ်ပေးခဲ့ပါတယ်။ ဒီ guideline ထဲမှာ ပါဝင်တာကတော့ (၁) အသက်တစ်နှစ်ခွဲအောက်ဆိုရင် video chatting ကလွဲလို့ စခရင်ချိန်လုံးဝမရှိစေရပါ။  (၂) တစ်နှစ်ခွဲကနေ နှစ်နှစ်အတွင်း မှာတော့ ကလေးတွေအတွက် အကျိုးရှိစေတဲ့ digital program တွေဖြစ်တဲ့ PBS Kids […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အသက်အရွယ်အလိုက် ဘေဘီလေးတွေကိုလုပ်ဆောင်ပေးသင့်တဲ့ ခံတွင်းသန့်ရှင်းမှု

ခန္ဓာကိုယ်မှာ လိုအပ်တဲ့အာဟာရတွေကိုပြည့်ဝစွာဖြည့်တင်းနိုင်ဖို့အတွက် ငယ်စဉ်ကနေစလို့ အရွယ်ရောက်တဲ့အထိသေချာလေးဂရုစိုက်ပေးဖို့လိုတဲ့ အစိတ်အပိုင်းတစ်ခုရှိနေပါတယ်။ ဒါကတော့ သွားနဲ့ခံတွင်းကျန်းမာရေးပါ။ ငယ်စဉ်ကစလို့ ဘေဘီလေးကို သွားနဲ့ခံတွင်းသေချာဂရုစိုက်ပေးမှ အာဟာရတွေကိုပြည့်ဝအောင်စားသုံးနိုင်ပြီး အကောင်းဆုံးကြီးထွားဖွံ့ဖြိုးနိုင်မှာပါ။ ဒီတော့ ဘေဘီလေးရဲ့ သွားနဲ့ခံတွင်းကို ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးမယ်နော်။ ဘေဘီလေး ဘယ်အချိန်မှာ သွားစပေါက်လဲ................ ဘေဘီလေးတွေက မွေးဖွားလာစဉ်ကတော့ သွားတွေပါမလာတတ်ကြပါဘူး။ မေမေ့နို့သောက်ရင်း ၇ လ နဲ့ ၂ ပတ်သားအရွယ် (အပတ် ၃၀ ) လောက်အရောက်မှာ သူတို့ရဲ့ ပထမဆုံးသွားလေးတွေ စထွက်လာပါပြီ။ ဒီအချိန်မှာ သွားတွေကိုသေချာဂရုစိုက်ပေးဖို့ လုပ်ပေးရပါတော့မယ်။ ဒါမှ ဘေဘီလေးက သွားတွေကြံ့ခိုင်ကျန်းမာပြီး ခံတွင်းပြဿနာကင်းတဲ့ ဘေဘီလေးအဖြစ်အရွယ်ရောက်ကြီးပြင်းလာမှာပါ။ ဒါပေမယ့် အချို့ဘေဘီလေးတွေကတော့ အသက် ၁ နှစ်ရောက်မှ သွားစပေါက်ကြတာပါ။ အသက် ၃ လရောက်လာတဲ့အခါ ဘေဘီလေးက အရင်ကထက်သွားရည်တွေ ပိုထွက်လာပါလိမ့်မယ်။ အကြောင်းကတော့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေမှာအဖြစ်များတဲ့ အသားအရေပြဿနာတွေနဲ့ ဖြေရှင်းနည်းများ

ဘေဘီလေးတွေက မေမေတိုင်းအတွက်တော့ချစ်မဝတဲ့သူတွေပေါ့။ ဒီလိုချစ်မဝတဲ့ဘေဘီလေးတွေကို အစစအရာရာကျန်းမာနေစေချင်တဲ့ ဆန္ဒကလည်း မေမေတိုင်းမှာရှိနေမယ်ဆိုတာ ထွေထွေထူးထူးပြောနေဖို့တောင် မလိုပါဘူး။ အခုတစ်ခါပြောပြပေးမှာက ကိုယ့်ရဲ့ ရင်သွေးငယ်လေးတွေမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေနဲ့ အဲဒီအရေပြားပြဿနာတွေများ ကြုံတွေ့ခဲ့ရမယ်ဆိုရင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ပြောပြပေးသွားမှာပါ။ ဘေဘီလေးတွေမှာဖြစ်နိုင်တဲ့ အရေပြားပြဿနာတွေက ဘာတွေများလဲ… နုနယ်လွန်းတဲ့ဘေဘီလေးတွေအနေနဲ့ အရေပြားကိုသေချာလေးဂရုစိုက်ဖို့လိုအပ်ပါမယ်။ အရေပြားကို သေချာဂရုမစိုက်ပေးမိတဲ့အခါ ထိခိုက်မိတာ - မေမေရဲ့လက်သည်း၊ အသုံးအဆောင်တွေနဲ့ ထိခိုက်မိနိုင်သလို ဘေဘီလေးကိုယ်တိုင် ကုတ်ခြစ်မိတာကြောင့် အသားမှာ ထိခိုက်တာမျိုးဖြစ်လာနိုင်ပါတယ်။ အသားအရေခြောက်သွေ့တာ - ရေချိုးတဲ့အခါ၊ အဝတ်လျှော်တဲ့အခါမှာ အသုံးပြုတဲ့ ဆပ်ပြာတွေမှာ ပါဝင်နေတဲ့ ဓာတုပစ္စည်းတွေကြောင့် အသားအရေခြောက်သွေ့နိုင်ပါတယ်။ ပိုးကောင်ကိုက်တာ - အခင်းတွေ၊ အဝတ်အစားအသုံးအဆောင်တွေမှာ ပိုးကောင်တွေကပ်နေရာကနေတဆင့် ဘေဘီလေး ကိုပိုးကောင်ကိုက်မိတာဖြစ်နိုင်ပါတယ်။ ပိုးကောင်ကိုက်တဲ့အခါ အရေပြားက နီရဲရောင်ရမ်းတာမျိုးဖြစ်နိုင်ပါတယ်။ နို့ပွေး - ပါးလေးတွေမှာ ဖြစ်တတ်တဲ့ အဖြူရောင်အကွက်လေးတွေပါ။ ပြဿနာကြီးကြီးမားမားမဟုတ်ဘူးလို့ ထင်ရပေမယ့် သေချာလေးဂရုစိုက်ပေးမှ နောက်ဆက်တွဲပြဿနာတွေ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေမှာဖြစ်တဲ့ အသားခြောက်တဲ့ပြဿနာ ဘယ်လိုဖြေရှင်းမလဲ။

အသားအရေလှပကျန်းမာဖို့ကလေဒီလေးတွေနဲ့ပဲ သက်ဆိုင်တယ်လို့ထင်လား။ မဟုတ်ပါဘူးနော်။ ဒီအချက်ကဘေဘီလေးတွေနဲ့ပါသက်ဆိုင်တာပါ။ တကယ်ကတော့ အရွယ်ပါးသုံးပါးစလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စပါ။ အရေပြားကျန်းမာမှ ခန္ဓါကိုယ်ကလည်းကျန်းမာမှာပါ။ နူးညံ့တဲ့အရေပြားပိုင်ရှင်ဘေဘီလေးတွေကိုဆို ပိုပြီး ဂရုစိုက်ပေးဖို့လိုပါမယ်။ ဘေဘီလေးတွေမှာဖြစ်တတ်တဲ့အရေပြားပြဿနာတွေကဘာတွေလဲ....... နုနယ်လှတဲ့ဘေဘီလေးတွေရဲ့ အသားအရေက ထိခိုက်နိုင်ခြေတော်တော်လေးများပါတယ်။ဘေဘီလေးတွေမှာအဖြစ်များတဲ့အရေပြားပြဿနာတွေကတော့ အသားအရေခြောက်သွေ့ခြင်း နှင်းခူ (Atopic Dermatitis, Eczema စသဖြင့်) Diaper dermatitis ကုတ်ခြစ်ဒဏ်ရာ ပိုးကောင်ကိုက်တာ နို့ပွေး အင်ပျဉ် ဝဲ အရေပြားရောဂါဖြစ်စေတဲ့အရာတွေကဘာတွေဖြစ်မလဲ…… အရေပြားရောဂါရဲ့အစကအရေပြားခြောက်သွေ့တာပါ။ အရေပြားခြောက်သွေ့ခြင်းဟာ နှင်းခူတစ်မျိုးဖြစ်တဲ့ Atopic Dermatitis နဲ့ဆက်စပ်နေပါတယ် ဒါကြောင့်ဘေဘီလေးတွေကို အရေပြားခြောက်သွေ့မှုမဖြစ်အောင် သေချာလေးဂရုစိုက်ပေးဖို့လိုပါတယ်။ ဘေဘီလေးတွေမှာ အများဆုံးဖြစ်တဲ့ (Atopic Dermatitis ရောဂါနှင့် အရေပြားခြောက်သွေ့မှုရောဂါလက္ခဏာများ) အရေပြားခြောက်သွေ့မှုမှ စပြီးအရေပြားကိုနီမြန်းစေသလို ယားယံမှုကိုပါခံစားရစေနိုင်ပါတယ်။ ဒီ အရေပြားပြဿနာက အရွယ်မရွေးခံစားရနိုင်ပေမယ့်ဘေဘီလေးတွေမှာပိုအဖြစ်များကြပါတယ်။ ဒီအရေပြားပြဿနာကိုခံစားရသူတွေထဲက ၆၅ ရာခိုင်နှုန်းလောက်က အသက် ၁ နှစ်ကနေ ၂ နှစ်အရွယ်ရှိတဲ့ ကလေးတွေပါ။ ဒီအရေပြားပြဿနာက […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း