ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးဖွံ့ ဖြိုးစေဖို့ အထောက်အပံ့ ဖြစ်စေမယ့် နည်းလမ်း ၄ သွယ်

အဝလွန်နေတဲ့ကလေးတွေကလွဲပြီး အလေးချိန်အနည်းငယ်ပိုတိုးလာလို့ ကျန်းမာနေတဲ့ကလေးတွေ အများကြီးပါ။ ဒါပေမဲ့ ဒါဟာ ကလေးတွေ ဝလာစေမယ့် အလေးချိန်တိုးလာစေမယ့် စားစရာတွေကို နေ့စဉ်စားနေကျ အစာတွေထဲမှာ ထည့်ပြီး စားသောက်စေဖို့တော့မဟုတ်ပါဘူး။ သူတို့ရဲ့ စားသောက်မှုအလေ့အထတွေကို ဖြည်းဖြည်းချင်းပြောင်းလဲပြီး စားစရာတွေထဲကယ်လိုရီ နည်းနည်းပေါင်းထည့်တာက ပိုပြီးအသုံးဝင်ပါလိမ့်မယ်။ ဒီမှာတော့ ကလေးတွေပိန်နေလို့ (အလေးချိန်မပြည့်လို့) စိတ်ဆင်းရဲ စိတ်ပူပန်နေရတဲ့ မိဘတွေအတွက် ကူညီပေးနိုင်မယ့် အချက်တချို့ကို ဖော်ပြလိုက်ပါတယ်။   ၁။ အကြောင်းရင်းကို သိအောင်လုပ်ပါ။ အချို့ကလေးတွေအတွက် အလေးချိန်တိုးလာနိုင်ဖို့ ခက်ခဲနေတယ်ဆိုတာ ပုံမှန်မဟုတ်ပါဘူး။ အလေးချိန်တိုးဖို့ ခဲယဉ်းနေခြင်းကို ဖြစ်စေတတ်တဲ့အကြောင်းရင်းအချို့ကတော့.. ဟော်မုန်း သို့မဟုတ် ဇီဝဖြစ်စဉ်ကြောင့် ဆေးဝါးတွေအသုံးပြုခြင်း အလွန်အမင်းတက်ကြွလှုပ်ရှားခြင်းဟာ ပုံမှန်ထက် ကယ်လိုရီတွေကို ပိုပြီး လောင်ကျွမ်းစေနိုင်ပါတယ်။ အစာဓာတ်မတည့်မှုများ သူငယ်ချင်းများထံမှ စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ မိဘတွေဟာ ကလေးအထူးကုတွေဆီကလည်း အကြံဉာဏ်ယူသင့်တယ်လို့ အကြံပြုထားပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေတွေကို သူတို့ရဲ့ ပညာ၊ […]


ကလေးငယ်အာဟာရ

ကလေးများသည် EPA, DHA, GLA, နှင့် Vitamin D တို့ကိုကျန်းမာစွာနေနိုင်ရန်လိုအပ်ပါသည်

အဆီဓါတ်သည်ကလေး၏ အာဟာရအတွက် အရေးကြီးသောဓါတ်တစ်ခုဖြစ်သည်။ သို့သော်အဆီသည် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သည်ဟုတရားသေ ယူဆကြသောကြောင့် အဆီကို အာဟာရတွင်ချန်ထားတတ်ကြသည်။ မိဘများသည် ကလေးများကိုကျွေးသည့်အထဲတွင်အဆီကို များစွာ မထည့်တတ်ကြပေ။ ကလေး၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအတွက် fatty acid အဆီဓါတ်ကို လုံလောက်သော ပမာဏရနိုင်ရန်အရေးကြီးသည်။ ထို့ကြောင့်မည်သည့် အဆီဓါတ်သည်သင့်ကလေးအတွက် စားသင့်ပြီးမည်သည့်အတွက် စားသုံးသင့်ကြောင်း သင်သိထားသင့်ပါသည်။   DHA (Docosahexaenoic acid) DHA သည် Omega – 3 fatty acid ဖြစ်ပြီး မပြည့်ဝဆီအုပ်စုထဲတွင်ပါသည်။ ၎င်းသည် ကလေးများအတွက် ဘဝ၏ ပထမဆုံး နှစ်နှစ်တွင် ဦးနှောက်၏ ဖြစ်ပေါ်မှုနှင့် ဖွံ့ဖြိုးမှုအတွက် အရေးအကြီးဆုံး အဆီဓါတ် (fatty acid) ဖြစ်သည်။ DHA သည် ကလေးဦးနှောက်တွင် အဆီပါဝင်မှု၏၉% ကိုနေရာယူပြီး လူကြီးများတွင်၁၂%ခန့် ရှိသည်။ DHA သည် […]


ကလေးငယ်အာဟာရ

ကလေးဝမ်းချုပ်စေသော အစားအစာများ

ကလေးဘဝရဲ့ အစောပိုင်းကာလတွေမှာ ဖြည့်စွက်စာကျွေးခြင်းဟာ အလွန်အရေးပါပါတယ်။ ကလေးအတွက် သင့်တော်တဲ့ အစားအစာရွေးရတာ တစ်ကယ်တော့ မလွယ်ပါဘူး။ ကလေးဟာ ဝမ်းချုပ်နေရင်တော့ ဖြစ်နိုင်ချေရှိတာက အောက်ပါအစားအစာများကို လိုတာထက်ပိုစားမိလို့ပါပဲ။ ချိုလွန်းသော အစားအစာများ နေ့တိုင်းမကြာခဏ သကြားလုံး၊ ဘီစကစ်၊ မုန့်အချိုတွေကို ကလေးတွေက နှစ်သက်စွာစားလေ့ရှိပါတယ်။ ဒီမုန့်တွေမှာ သကြားဓါတ်အများအပြားပါဝင်ပြီး အမျှင်ဓါတ်လုံးဝမပါဝင်ပါဘူး။ ဒါ့အပြင် သကြားလုံးတွေစားတာက ဝမ်းချုပ်ခြင်းကို အလွယ်တကူ ဖြစ်ပေါ်စေပြီး ကလေးတွေကို ခံတွင်းပျက်ခြင်းနဲ့ အဝလွန်ခြင်းတွေဖြစ်အောင်လုပ်တဲ့ တရားခံဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးရဲ့ သကြားပါတဲ့အစားအစာတွေကို ကန့်သတ်ရပါမယ်။ နို့နှင့်နို့ထွက်ပစ္စည်းများ ထောပတ်၊ ချိစ်၊ မလိုင်စတာတွေဟာ ကလေးရဲ့အရိုးကြီးထွားမှုအတွက် လိုအပ်တဲ့ ဗီတာမင်ဒီဓါတ်ကို ပံ့ပိုးပေးတယ်ဆိုပေမယ့် အလွန်အကျွံစားသုံးမိရင် ဝမ်းချုပ်စေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သကြားပါဝင်မှုနှုန်းများပြီး အမျှင်ဓါတ်အနည်းငယ်သာ ပါဝင်လို့ဖြစ်ပါတယ်။ ဒါ့ကြောင့် နည်းနည်းပဲတိုက်တာ ကောင်းပါတယ်။ ငှက်ပျောသီး ငှက်ပျောသီးဟာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့အသီးဖြစ်ပါတယ်။ ဗီတာမင်နဲ့အာဟာရဓါတ်တွေ ကြွယ်ဝစွာ […]


ကလေးငယ်အာဟာရ

ကလေးများအတွက်သင့်လျော်သောစားသောက်နည်းပုံစံ

ကျန်းမာသောစားသောက်နည်းပုံစံဆိုသည်မှာ အစာအုပ်စု များကိုသင့်တင့်မျှတစွာစားသုံးပြီး အဆီနှင့်သကြားဓါတ်ပါ သောအစားအစာကိုလျှော့စားခြင်းကိုဆိုလိုပါတယ်။ ထိုသို့ စားသုံးခြင်းအားဖြင့်ကလေးများအတွက်လိုအပ်သောစွမ်း အင်ကိုပေးစွမ်းနိုင်ပြီး ကျန်းမာစွာကြီးထွားဖွံဖြိုးစေနိုင်ပါ တယ်။ ကလေးများကိုကျန်းမာရေးနှင့်ညီညွှတ်သောအစား အစာများကိုသင့်တင့်မျှတစွာကျွှေးသင့်ပြီးနောင်အနာဂတ် တွင်သင့်လျော်စွာစားတတ်စေရန်အစာအုပ်စုများအကြောင်း သင်ကြားပေးသင့်ပါတယ်။   ၁။ ကျန်းမာရေးနှင့်ညီညွှတ်သောအစားအစာကိုရွေးချယ်ပါ။ အစားအစာများကိုယေဘုယျအားဖြင့် အသီးအနှံ၊ အရွက်၊ အသား၊ အစေ့အဆံ၊ နို့နှင့် နို့ထွက်ပစ္စည်းများဟူ၍အုပ်စု၅စု ခွဲခြားထားပါတယ်။ သို့သော်လည်းမှတ်ရလွယ်ကူစေရန် Go, Slow & Whoa food ဟူ၍၃အုပ်စုခွဲခြားထားပါတယ်။ က။Go Foods ၎င်းသည်ကျန်းမာရေးနှင့်အညီညွှတ်ဆုံးသောအစာအုပ်စုဖြစ် သည်။ ကယ်လိုရီနည်း၍ အာဟာရဓါတ်များသောအစားအ အစာဖြစ်သောကြောင့်အချိန်မရွေးစားသုံးနိုင်ပါတယ်။ အဆီ မပါဝင်သောအသီးအနှံ၊ ပေါင်မုန့်ကြမ်း၊ ဒိန်ချဉ်၊ ခရမ်းချဉ်သီး ဆော့များပါဝင်သည်။ ခ။Slow foods Slow foods များသည် အမြဲတမ်းမစားသင့်သောအစားအ စာများဖြစ်ပြီး သစ်သီးခြောက်၊ ဘီစကွတ်၊ အမဲသားစဉ်း ကော၊ ကြက်သား စသည်တို့ပါဝင်ပါတယ်။ ဂ။Whoa foods ၎င်းသည်ကျန်းမာရေးနှင့်မညီညွှတ်သောအစာအုပ်စုဖြစ်ပြီး အမြဲတမ်းစားသုံးပါကအဝလွန်နိုင်ပါတယ်။ ထို့ကြောင့်တတ် နိုင်သမျှလျှော့စားသင့်ပါတယ်။ ဟမ်ဘာဂါ၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများကိုသွားကျန်းမာရေးအတွက်ဘယ်လိုသင်ပေးမလဲ

ကလေးများသည်အသက်၂နှစ်မှစ၍သွားကျန်းမာရေးကိုသင် ယူသင့်ပါတယ်။ ကောင်းမွန်သောသွားကျန်းမာရေးဆိုသည်မှာ သွားတစ်နေ့၂ကြိမ်တိုက်ခြင်း၊ နေ့စဉ်သွားကြားထဲရှိအစာ များကိုသန့်ရှင်းခြင်း နှင့် ခံတွင်းသန့်ဆေးရည်အသုံးပြုခြင်း ကိုဆိုလိုပါတယ်။ ငယ်စဉ်ကပင်ကောင်းမွန်သောသွားကျန်း မာရေးအလေ့အထရှိပါကနောင်သွားပြဿနာများကင်းဝေး နိုင်ပါတယ်။ ၁။ သွားတိုက်ပြီး သွားကြားထဲရှိအစာများကိုရှင်းပါ။ သင်ကိုယ်တိုင်ကလေးနှင့်သွားအတူတိုက်ခြင်းဖြင့် မှန်ကန်သောသွားတိုက်နည်းကိုသင်ပြပါ။ ထိုသို့လုပ်ခြင်းဖြင့်ကလေးများသည်ကောင်းမွန်သော သွားတိုက်နည်းအလေ့အထကိုရ ရှိနိုင်ပါတယ်။ ၂။ ကလေးများကိုသူတို့ကြိုက်နှစ်သက်ရာသွားပွတ်တံနှင့် သွားတိုက်ဆေးကိုရွေးချယ်ပါစေ။ ရောဂါပိုးမွှားများသွားတိုက်တံတွင်မရှိစေရန် သွားတိုက်တံ ကိုအနည်းဆုံး၃လတစ်ကြိမ် လဲလှယ်သင့်ပါတယ်။ ထိုအခါမျိုးတွင် ကလေးစိတ်ကြိုက်သွားပွတ်တံကိုလဲလှယ်ခိုင်းပါ။ ကလေးကြိုက်နှစ်သက်နိုင်သည့်ရောင်စုံ၊ ကာတွန်းပုံစံသွား ပွတ်တံများကိုလည်းရွေးချယ်နိုင်ပါတယ်။ သွားတိုက်ဆေး ရွေးချယ်ရာတွင်လည်းကလေးကြိုက်နှစ်သက်နိုင်မည့်မွှေး၍ ချိုသောသွားတိုက်ဆေးကိုရွေးချယ်ပါ။ ၃။ သွားတိုက်ရန်အချိန်ယူပါ။ သွားတိုက်ချိန် ၃မိနစ်သည်အသင့်တော်ဆုံးအချိန် ဖြစ်သည်ဟုသွားဆရာဝန်များကဆိုကြသည်။ သွားတိုက်ချိန် တွင်၃မိနစ်စာသီချင်းဆိုခြင်းဖြင့်ကလေးများပျော်ရွှင်နိုင်ပါ တယ်။ ၄။ သွားနှင့်ပတ်သက်သောပုံပြင်နှင့် ဗွီဒီယိုများ သွားနှင့်ပတ်သက်သောပုံပြင်များကိုအိပ်ရာမဝင်ခင်ပြောပြခြင်း ခံတွင်းကျန်းမာရေးနှင့်ပတ်သက်သောရုပ်ရှင်များပြသခြင်းဖြင့် ကလေးများသည်ကောင်းမွန်သောသွားတိုက်နည်းအလေ့အထရရှိပြီး သွားတိုက်ခြင်းအကျိုးကျေးဇူးကိုသိလာနိုင်ပါတယ်။ ၅။ ဆုပေးပါ။ ကောင်းမွန်သောသွားတိုက်နည်းအလေ့အထရရှိနိုင်ရန်ခံတွင်း သန့်ရှင်းရေးလုပ်ပြီးတိုင်းလှပသောstickerပေးခြင်းဖြင့်ဆုချီးမြှင့် လိုက်ပါ။   Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေး သွက်လက်ကျန်းမာအောင် ဘယ်လိုလုပ်မလဲ

ကိုယ်လက်လှုပ်ရှားမှုများသည် ကလေးများရဲ့ ကြွက်သားများ သန်မာစေခြင်း၊ ကျန်းမာစေခြင်း၊ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာတတ်စေခြင်းတို့ကြောင့် ကလေးများအတွက် အားကစားဟာ အရေးပါပါတယ်။ ၁။ စံပြဖြစ်ပါစေ။ မိဘများသည် အားကစားကို အဓိကထားဦးစားပေး၍ ပြုလုပ်ခြင်းဖြင့် ကလေးများအတွက်စံပြဖြစ်ပါစေ။ ကလေးများကို မိမိနှင့်အတူအားကစားလုပ်စေခြင်းဖြင့် အားကစားကို စိတ်ဝင်စားလာအောင်ပြုလုပ်ပါ။ ရုံးပိတ်ရက်များတွင် မိသားစုလိုက် တောင်တက်ခြင်း သို့ အစာစားပြီးသောအခါ အတူတကွ လမ်းလျှောက်ခြင်းများက ပျော်ရွှင်စရာကောင်းစေမှာပါ။ ၂။ ခွေးမွေးပါ။ ခွေးမွေးထားပါက ခွေးနှင့်အတူဆော့ကစားခြင်း၊ လမ်းလျှောက်ထွက်ခြင်းများ ပြုလုပ်နိုင်ပြီး ကလေးများကို ပို၍ သွက်လက်စေနိုင်မှာပါ။ ၃။ ကျောင်းသွား ကျောင်းပြန်လမ်းလျှောက်ခြင်း ကျောင်းသွား ကျောင်းပြန်လမ်းလျှောက်သွားခြင်းဖြင့် ကလေးများကို ကျန်းမာရေးနှင့်ညီညွှတ်စေပြီး လမ်းစည်းကမ်းများ သင်ယူလေ့လာနိုင်ခြင်းကြောင့် အကျိုးကျေးဇူးများစွာရှိပါ တယ်။ ထို့ပြင် စက်ဘီး သို့မဟုတ် စကူတာစီးခြင်းဟာလည်း သွားလာရလွယ်ကူပြီးကျန်းမာရေးနှင့်ညီညွှတ်ပါတယ်။ ၄။ အပြင်ထွက်ကစားခိုင်းပါ။ စိမ်းလန်းသောပတ်ဝန်းကျင်နှင့် မိနစ်၂၀ထက်ပို၍ထိတွေ့သော ကလေးများသည် အခြားသောကလေးများထက် ၅ဆပို၍တက်ကြွသည်ဟု အချို့သော သုတေသနပညာရှင်များက တွေ့ရှိထားသည်။ ပတ်ဝန်းကျင်သည် ကလေးများ၏ […]


ကလေးငယ်အာဟာရ

ကလေးများကြီးထွားဖွံဖြိုးရာတွင် အရေးပါသော ဗီတာမင်များ

ဗီတာမင်များသည် ဆဲလ်ကြီးထွားမှုအရှိန်နှင့် ကွာလတီပေါ် လွှမ်းမိုးနိုင်သည့်အတွက် လူကြီးများအတွက်သာမက ကလေးများအတွက်ပါ မရှိမဖြစ်လိုအပ်ပါသည်။ ဗီတာမင်ကောင်းကောင်းမရပါက ကြီးထွားဖွံဖြိုးမှုဖြစ်စဉ်ကို ထိခိုက်စေပြီး တစ်ခြားသော ရုပ်ပိုင်းဆိုင်ရာ မူမမှန်မှုများကို ဖြစ်သွားစေနိုင်ပါသည်။ ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီး နှင့် ကေ အပါအဝင် အဓိကဗီတာမင် ၆ မျိုးရှိ၏။   ဗီတာမင်အေ ဤဗီတာမင်သည် မျက်လုံးအမြင်အာရုံအတွက် အရေးကြီး၏။ ထို့အပြင် ဗီတာမင်အေကို နေ့စဉ်လုံလောက်စွာရရှိနေပါက သင်၏ကိုယ်ခံအားစနစ်ကို အားမြှင့်ပေးပြီး ဆဲလ်နှင့်အရိုးများ၏ ပုံမှန်ကြီးထွားမှုကို အားပေးပါသည်။ ဗီတာမင်အေကြွယ်ဝသော အစားအစာများမှာ နို့၊ ချိစ်၊ ဥများ၊ အထူးသဖြင့် အနီရောင် ဟင်းသီးဟင်းရွက်များဖြစ်သည့် မုန်လာဥနီနှင့် ခရမ်းချဉ်သီးတို့ဖြစ်သည်။   ဗီတာမင်ဘီ ဗီတာမင်ဘီအုပ်စုတွင် B1, B2, B6, B12, နိုင်ရာစင်၊ ဖောလစ်အက်စစ်၊ ဘိုင်အိုတင်နှင့် ပန်တိုသန်းနစ်အက်စစ်တို့ ပါဝင်သည်။ ဤဗီတာမင်အုပ်စုသည် ဇီဝရုပ်ဖြစ်ပျက်ရာနှင့် […]


ကလေးငယ်အာဟာရ

ကလေးတွေ စားသောက်မှုပုံစံ မှန်စေဖို့အတွက် လိုက်နာသင့်တဲ့ အချက်လေးတွေ

တကယ်လို့ သင်ဟာ အလုပ်လုပ်နေရတဲ့ မေမေဆိုရင် သင့်ကလေးရဲ့ စားသောက်မှုပုံစံနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေမှာ အမှန်ပါပဲ။ ကလေးထိန်းနဲ့ ထားခဲ့တာပဲဖြစ်ဖြစ်၊နေ့ကလေးထိန်းကျောင်း ပို့တာပဲဖြစ်ဖြစ် သင့်ကလေး စားသောက်မှုပုံစံမှန်စေဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုသာ စားသုံးစေဖို့အတွက် စီမံထားသင့်ပါတယ်။ တကယ်လို့ သင့်ကလေးဟာ အစာချေရည်ဆန်တက်ခြင်းကြောင့် ရင်ပူတဲ့ရောဂါ (gastroesophageal reflux disease (GERD)) ခံစားနေရရင် စားသောက်မှုပုံစံမမှန်ခြင်းဟာ ရောဂါအခြေအနေကို ပိုဆိုးစေတာမို့ ငယ်ရွယ်စဉ်အချိန်ကတည်းက အစားအသောက်နဲ့ ပတ်သက်တဲ့ အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ပေးထားဖို့ အင်မတန် အရေးကြီးပါတယ်။ ရင်ပူခြင်း နဲ့ အက်ဆစ်ရည်ဆန်တက်ခြင်း၊အဝလွန်ခြင်းတို့ မဖြစ်ပေါ်စေဖို့အတွက် ကလေးကို ကူညီပေးရပါမယ်။ ကလေးတွေ စားသောက်မှုပုံစံ မှန်စေဖို့အတွက် လိုက်နာသင့်တဲ့ အချက်လေးတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။   မိသားစုလက်စုံထမင်းစားချိန်လေးကိုဖန်တီးပါ။ အခြားသော ကလေးတွေလိုပဲ သင့်ကလေးဟာလည်း အစားအသောက်ကို အာရုံလာချင်မှ လာပါလိမ့်မယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးခေါင်းသန်းရှိရင် လုပ်သင့်သည့်အချက် ၃ ချက်

ဦးခေါင်းက သန်းတွေ ဟာ ကလေးအများစုမှာတွေ့ရတတ်ပြီး ခေါင်းယားတာမျိုး၊ မျက်ခုံးတွေနဲ့ မျက်တောင်တွေယားတာမျိုးဖြစ်စေတတ်ပါတယ်။ သူတို့ဟာ အန္တရာယ်မများပေမယ့် ဖြေရှင်းဖို့တော့ အတော်ခက်တဲ့ကိစ္စပါ။ တကယ်လို့သင့်ကလေးမှာ သန်းရှိတယ်ဆိုရင် သင်ဘာလုပ်မလဲ။ ဒီအကြံပြုချက် ၅ချက်ကို လိုက်နာကြည့်လိုက်ပါ။   ကလေးခေါင်းမှာ သန်းရှိမရှိ သေချာကြည့်ပါ။ ပထမဆုံး သင့်ကလေးမှာ သန်းတွေရှိနေတယ်ဆိုတာ အတည်ပြုပါ။ သင့်ကလေးရဲ့ လက္ခဏာတွေကို စစ်ဆေးနိုင်ပြီး သူ့ကိုလည်း စစ်ဆေးခံခိုင်းပါ။   လက္ခဏာတွေကတော့ သန်းတွေဟာ သေးငယ်ပေမယ့် သာမန်မျက်စိနဲ့ မြင်နိုင်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ကလေးဟာ ခေါင်းမှာ မနေနိုင်မထိုင်နိုင်ယားတာကို ခံစားမိနေမယ်။ ယားယံခြင်းကတော့ သန်းစကူးပြီ၊ သန်းစရှိပြီဆိုတာနဲ့ စတင်တာမဟုတ်ပါဘူး။ သင့်ကလေး စတင်ယားလာဖို့အချိန်နဲ့ သူတို့ခေါင်းကို စကုတ်ဖို့အချိန်က ရက်သတ္တပတ် အနည်းငယ်လောက် ကြာနိုင်ပါတယ်။   သင့်ကလေးက ခေါင်းမှာ အကောင်တွေ သွားနေသလို ခံစားချက်တွေရှိလာမယ်။ ကလေးရဲ့ လည်ပင်း၊ ခေါင်းနဲ့ ပုခုံးတွေမှာ အဖုတွေတွေ့လာနိုင်ပါတယ်။ အဖုတွေက သေးငယ်နီရဲပြီး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကို ရိုက်ပြီးဆုံးမမှာလား ဆိုးကျိုးတွေ ရှိနိုင်ပါတယ်

သင်ဟာ သားသမီးကို ရိုက်နှက်ဆုံးမတတ်သူလား။ ရိုက်ဆုံးမတဲ့နည်းလမ်းက ကလေးကို တကယ်လိမ္မာသွားစေမှာလား။ မိဘတွေဟာ ကလေးတွေကိုရိုက်ဆုံးမတဲ့အခါ ဒေါသထွက်နေချိန်ဖြစ်တာကြောင့် တစ်ခါတရံ စိတ်မထိန်းနိုင်ဘဲ ကိုယ့်စိတ်ဖြေသလို လုပ်နေမိတတ်ပါတယ်။ မိဘအနေနဲ့ ကိုယ့်စိတ်ကို အရင်ထိန်းပြီးဆုံးမသင့်သလောက်သာဆုံးမမယ်ဆိုရင်အကောင်းဆုံးပါ။ ကလေးကို ရိုက်ပြီးဆုံးမမှာလား ဆိုးကျိုးတွေ ရှိနိုင်ပါတယ် မိဘတွေက ကလေးကို ရိုက်ရတော့မယ်လို့ တွေးလိုက်ရင် အလိုလိုကို စိတ်မာထားရမယ်လို့ ခံယူထားကြပါတယ်။ အသည်းမာရမယ်ပေါ့။ ဒါ့ကြောင့်ပဲ ကလေးကို ရိုက်ပြီးမှ သနားပြီး ပြန်ငိုတဲ့ တချို့မိဘတွေ ရှိပါတယ်။နောက်တစ်ချက်က အခုလို ရိုက်ခံရအောင် ကလေးက သူ့ဘာသာ ဖန်တီးခဲ့တာလို့ တွေးထားတာ ဖြစ်ပါတယ်။ အရိုက်ခံရအောင် လုပ်တာ သူတို့အမှားပဲ၊ ငါတို့မှားတာ မဟုတ်ဘူးလို့ တွေးကြတာပါ။ ရိုက်ဆုံးမလိုက်ရင် ကလေးရဲ့ အပြုအမူတွေကို ခဏတာအတွင်း ထိန်းချုပ်နိုင်မှာလား ကလေးတစ်ယောက်ဟာ အရိုက်ခံလိုက်ရတဲ့အချိန်မှာ သူ့ရဲ့လေ့လာနိုင်စွမ်း၊နားလည်မှတ်သားနိုင်စွမ်းနဲ့ ဆိုင်တဲ့ ဦးနှောက်အပိုင်းမှာ နှိုးဆွလိုက်သလိုဖြစ်စေပါတယ်။ ဒါ့ကြောင့် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း