ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို တင်းတင်းကျပ်ကျပ် အုပ်ထိန်းမှုက ကလေးတွေရဲ့စိတ်အခြေအနေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ

တစ်နေ့တစ်ခြား အပြိုင်အဆိုင်တွေများလာနေတဲ့ ခေတ်ကြီးထဲမှာ လူတန်းစေ့နိုင်ဖို့နဲ့ ကျောင်းကောင်းကောင်းမှာ တက်ရောက်နိုင်ဖို့၊ အလုပ်အကိုင်ကောင်းကောင်းရရှိစေဖို့၊ နေထိုင်စရာ တိုက်ခန်းတစ်ခန်းလောက်ပိုင်ဆိုင်နိုင်ဖို့ တော်တော့်ကို ကြိုးပမ်းနေရပါတယ်။ ဒီလိုခေတ်ကြီးထဲမှာ နေထိုင်ရတာက လွယ်တဲ့ကိစ္စမျိုးတော့မဟုတ်ပါဘူး။ အခုလိုမျိုး အပြိုင်အဆိုင်များတဲ့အနေအထားက မိဘတွေကို သူတို့ရဲ့ ကလေးတွေကို အသေးစိတ်ကစလို့ အရာရာတိုင်းကို အပ်ကျမတ်ကျ အုပ်ထိန်းတာမျိုးတွေဖြစ်လာစေတာ သိပ်တော့ဆန်းကြယ်တာမျိုးမဟုတ်ပါဘူး။ မိဘတွေကတော့ သူတို့ကလေးတွေအကျိုးရှိဖို့ဆိုရင် ဘာမဆိုလုပ်ပေးမှာပဲဖြစ်ပါတယ်။ တစ်ဖက်ကပြောရရင်တော့ အတိမ်းအစောင်းမခံတဲ့ ကလေးအုပ်ထိန်းမှုပုံစံကို ကလေးတွေက မနှစ်သက်ပါဘူး။ ဒီလိုမျိုး လွန်လွန်ကဲကဲ ကြပ်ကြပ်မတ်မတ်စောင့်ကြည့်နေတာမျိုးက ကလေးကိုရှုံးနိမ့်တဲ့အခါ စိန်ခေါ်မှုတစ်ရပ်နဲ့ ကြုံတွေ့ရစေနိုင်သလို အောင်မြင်မှုရတဲ့ အခါမျိုးမှာလည်း ဝမ်းသာပီတိဖြစ်တာမျိုးကိုခံစားရစေနိုင်ပါတယ်။ မိဘရဲ့ ကြပ်မတ်စောင့်ရှောက်မှုက အရွယ်ရောက်လာတဲ့အခါ အောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်စေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဆိုပေမယ့်လည်း ကလေးတွေကို တအားတင်းတင်းကျပ်ကျပ်ကိုင်တွယ်တာမျိုးကတော့ မကောင်းပါဘူး။ လေ့လာမှုအသစ်တစ်ရပ်မှာ ကလေးတွေကို အရမ်းတင်းတင်းကျပ်ကျပ် အုပ်ထိန်းတာမျိုးက အချို့သောကလေးတွေမှာ စိတ်ဖိစီးမှုတွေဖြစ်စေနိုင်သလို ကလေးငယ်ရဲ့ […]


ကလေးငယ်ပထမနှစ်

၃၂ ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သူမ၏ စိတ်ခံစားမှုသည် ပိုပြီးရှင်းလင်းလာပါသည်။ နောက်လာမည့် လများတွင် သင့်ကလေးသည် နှစ်သက်ခြင်း၊ သူများငိုလျှင် လိုက်ငိုခြင်းကဲ့သို့သော စိတ်ခံစားမှုများ အမူအရာများကို အတုခိုးတတ်လာပါလိမ့်မည်။ ရှေ့ဆက်၍ သင့်ကလေးသည် သင် အခြားသူများကို မည်သို့ဆက်ဆံသည်ကို သူမြင်သည့်အတိုင်း သင်ယူပါလိမ့်မည်။   ၇လ၏ နောက်ဆုံးပတ်တွင် သင့်ကလေးသည် • ထိုင်ရာမှ ထရပ်နိုင်သည်။ • ဝမ်းလျားမှောက်နေရာမှ ထထိုင်နိုင်သည်။ • လက်ခုပ်တီးတတ်ပြီး လက်ကိုဝှေ့ရမ်းနှုတ်ဆက်တတ်သည်။ • ပစ္စည်းများကို လက်ဖြင့် ကောက်ယူတတ်သည်။ • အိမ်နှင့် အနီးတဝိုက်ကို စူးစမ်းတတ်သည်။ • မေမေ၊ ဖေဖေ ခေါ်တတ်ပြီဖြစ်သည်။   ကလေးကို မည်သို့ ကူညီသင့်ပါသလဲ။ သင့်ကလေးသည် အခြားအခန်းတွင် သီးခြားအိပ်လျှင် သင်နှင့်ခွဲရမည်ကို စိုးရိမ်စိတ်ရှိလျှင် အိပ်ရာမဝင်ခင် သင့်ကလေးကို စာဖတ်ပြခြင်း၊ ပုခက်လွှဲပေးခြင်း၊ သီချင်းဖွင့်ပြခြင်းများလုပ်ပေးပြီး သူ့အနားတွင် အချိန်ပိုနေပေးပါ။ အိပ်ရာမဝင်ခင် ပုံမှန်လုပ်တတ်သောအရာများကို လုပ်ပေးခြင်းဖြင့် သင့်ကလေးကို […]


ကလေးငယ်ပထမနှစ်

မွေးကင်းစကလေးက ဘယ်ဘာသာစကားနဲ့ ငိုသလဲ

မိခင်ဝမ်းထဲက ထွက်လာပြီးတဲ့အချိန်မှာ ကလေးလေးအဖို့ ပတ်ဝန်းကျင်နဲ့ ပထမဆုံးဆက်ဆံတဲ့ စကားက ငိုတာပဲ ဖြစ်ပါတယ်။ မွေးကင်းစကလေးရဲ့ ငိုသံဟာ သုတေသနအများအပြားပြုလုပ်နေကြတဲ့ ဦးတည်ချက်ခေါင်းစဉ်တခုလည်း ဖြစ်ပါတယ်။ အဆိုပါ သုတေသနတွေအနက် အချို့သော လေ့လာမှုတွေရဲ့အဆိုအရ မွေးကင်းစကလေးရဲ့ ငိုသံနဲ့ အမေရဲ့ ပင်ရင်းဘာသာစကားတို့အကြားမှာ စိတ်ဝင်စားစရာ ဆက်စပ်မှုတခု ရှိနေတာတယ်လို့ သိရပါတယ်။ အဆိုပါ ဆက်စပ်မှုကတော့ ကလေးငိုသံနဲ့ အမေ့စကားသံတို့ဟာ အသံနှုန်းတွေ၊အသံအနိမ့်အမြင့်တွေအရ တထပ်တည်းနီးပါး တူနေတာပါပဲ။     ကလေးငယ်ရဲ့ ငိုသံဟာ မိခင်ရဲ့ ပင်ရင်းဘာသာစကားနဲ့ ဘယ်လိုဆက်စပ်နေသလဲ။ ဘာသာစကားအမျိုးမျိုးမှာ မတူညီတဲ့ အသံတွေ၊စကားတွဲတွေရှိပြီး လေသံအဖိအဖော့၊အတက်အကျ၊လေယူလေသိမ်းလည်း ကွာခြားပါတယ် (တချို့ဘာသာစကားတွေမှာတော့ အခြားဘာသာစကားတွေနဲ့ နှိုင်းယှဉ်စရာ လေသံအတက်အကျ အထူးတလည် မရှိပါဘူး)။ သုတေသီတွေဟာ ပင်ရင်းဘာသာစကားမတူညီတဲ့ ကလေးတွေ ဗိုက်ဆာတဲ့အခါ၊နာကျင်တဲ့အခါ ဒါမှမဟုတ် စိတ်ဆိုးတဲ့အခါ ငိုတဲ့ ငိုသံတွေကို အသံဖမ်းထားပြီး အသံအနိမ့်အမြင့်၊အတက်အကျ၊အတိုးအကျယ် စတာတွေကို နှိုင်းယှဉ်လေ့လာပါတယ်။ မွေးပြီးပထမဆုံးရက်သတ္တပတ်မှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မိခင်ရဲ့ ဂရုတစိုက်ပြုစုမှုက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးကူညီနိုင်တယ်

Proceedings of the National Academy of Sciences မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုအသစ်တခုအရ မိခင်ရဲ့ ဂရုတစိုက်ပြုစုထောက်ပံ့ပေးမှုနဲ့ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတို့အကြားမှာ ဆက်စပ်မှုရှိကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။ ငယ်ရွယ်စဉ်ကာလမှာ မိခင်ရဲ့ မေတ္တာနဲ့ဂရုတစိုက်ပြုစုမှုကို ပိုမိုရရှိခံစားရတဲ့ ကလေးတွေမှာ ဦးနှောက်ရဲ့ အရေးကြီးအစိတ်အပိုင်းတခုဖြစ်တဲ့ hippocampus အရွယ်အစားဟာ ပိုမိုကြီးမားဖွံ့ဖြိုးတယ်ဆိုတဲ့အချက်ကို သုတေသီတွေက သက်သေပြခဲ့တာပါ။   hippocampus ရဲ့ လုပ်ငန်းကဘာလဲ။ hippocampus ဟာ မှတ်သားနိုင်စွမ်းနဲ့ မှတ်ဉာဏ်ထုတ်လုပ်ပေးနိုင်စွမ်းအတွက် အရေးပါတဲ့ ဦးနှောက်အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ မှတ်ဉာဏ်ထုတ်လုပ်ပေးနိုင်စွမ်းဟာ အနာဂါတ်မှာ လေ့လာသင်ယူဖို့နဲ့ ကျောင်းစွမ်းဆောင်ရည်တွေအတွက် အဓိကသော့ချက်ပါ။ စိတ်ဖိစီးမှုနဲ့ ဖိအားတွေကို ရင်ဆိုင်ရာမှာ အဆိုပါနေရာဟာ အဓိက အရေးပါတယ်လို့ လက်ခံထားကြပါတယ်။ ဒါပေမယ့် ဖိစီးမှုတွေ အရမ်းများလာရင်တော့ hippocampusရဲ့ လုပ်ဆောင်နိုင်စွမ်းကိုလည်း ခြိမ်းခြောက်လာမှာ ဖြစ်ပါတယ်။(အစောပိုင်းလေ့လာမှုတခုမှာ ဖော်ပြခဲ့တဲ့) စိတ်နဲ့ ခန္ဓါဖိစီးမှုကို […]


ကလေးငယ်ပထမနှစ်

ကလေးငယ်ကို ဉာဏ်ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ

ဉာဏ်ကောင်းတဲ့ ပါရမီရှင်ကလေးငယ် တစ်ယောက်ကို မွေးဖွားဖို့အတွက် သင်ဟာ ဦးနှောက်အလွန်ကောင်းစရာ မလိုပါဘူး။ ဉာဏ်ရည်ဟာ သင့်ရဲ့ မေတ္တာနဲ့ ကလေးကို ဂရုစိုက်မှုတွေပေါ်မူတည်ပြီး ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။ အောက်ဖေါ်ပြပါအချက်တွေကတော့ သင့်ကလေးငယ်ကို ဉာဏ်ကောင်းအောင် လုပ်ပေးနိုင်မယ့် လွယ်ကူတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။     လုံခြုံစိတ်ချရစိတ် တည်ဆောက်ပေးခြင်း Tracy Cutchlow, editor of the book Brain Rules for Baby က ဦးနှောက်ဟာ လုံခြုံတဲ့ ခံစားချက်ရမှသာ သင်ယူမှု ပြုလုပ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သင့်ကလေးငယ်အတွက် လုံခြုံတဲ့ ခံစားမှုမျိုးရရှိအောင် ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။ အသားချင်း ထိထာခြင်း၊ မျက်နှာချင်းဆိုင်ခြင်း၊ ကလေးကို နှိပ်ပေးခြင်း၊ စကားပြောခြင်း၊ အဝတ်လဲပေးခြင်းတွေက ကလေးငယ်တွေရဲ့ တိုးတက်မှုကို ကူညီပေးပြီး လုံခြုံစိတ်ကို တိုးမြှင့်ပေးနိုင်ပါတယ်။ သင်နဲ့ သင့်အိမ်ထောင်ဖက်ရဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးဖွံဖြိုးတိုးတက်မှုကို ဘယ်လိုအားပေးကူညီမလဲ

ကိုယ်ခန္ဓါ ဖွံ့ဖြိုးမှုဟာ ကိုယ်ခန္ဓါက တိကျတဲ့ လုပ်ငန်းဆောင်တာတွေ လုပ်နိုင်စေဖို့ မတူညီတဲ့ လှုပ်ရှားမှုတွေကို ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ ထိန်းချုပ်နိုင်ခြင်း လို့ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။ ဖွံ့ဖြိုးမှုမှာ အပိုင်းနှစ်ပိုင်းခွဲခြားနိုင်ပြီး gross motor skills နဲ့ fine motor skills တွေပဲ ဖြစ်ပါတယ်။ Gross motor skills တွေဟာ ကိုယ်ခန္ဓါရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ လက်၊ ခြေထောင် လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ဖြစ်ပြီး fine motor skills ကတော့ လက်ချောင်း၊ ခြေချောင်း၊ တံတောင်ဆစ် အစရှိတာတွေက ပြုလုပ်တဲ့ သေးငယ်တဲ့ လှုပ်ရှားမှုတွေပဲဖြစ်ပါတယ်။ ငယ်ရွယ်စဉ်မှာ ကိုယ်ခန္ဓါဖွံ့ဖြိုးမှုဟာ အရေးပါတာကြောင့် ကလေးရဲ့ ကိုယ်ခန္ဓါ ဖွံ့ဖြိုးမှုကို တိုးတက်စေတဲ့ လှုပ်ရှားမှုလေးမျိုးကို စမ်းကြည့်သင့်ပါတယ်။     ၁။ စာရေးခြင်းနဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးအသစ်တစ်ယောက်ရတဲ့ ဒဏ်ကိုခံနိုင်အောင် ဘယ်လိုလုပ်သင့်လဲ

သင့်ဘဝမှာ ပျော်စရာကောင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်တွေကို ပထမဆုံးမိဘဖြစ်ခြင်းက သယ်ဆောင်လာပေးနိုင်ပါတယ်။ အခုတော့ သင့်ကမ္ဘာမှာ သင့်ကိုသာ လုံးလုံးလျားလျား မူတည်နေတဲ့ သူတစ်ဦးရှိနေပြီ ဖြစ်ပါတယ်။ ပျော်ရွှင်မှုဟာ တခါတရံမှာ စိတ်ဖိစီးမှု အများအပြားကိုလည်း သယ်ဆောင်လာနိုင်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ ကလေးငယ်ရဲ့ ဖိစီးမှုတွေကို လျှော့ချပေးနိုင်မယ့် အချက်တွေပဲ ဖြစ်ပါတယ်။     ၁။ ကောင်းမွန်တဲ့ ကလေးငယ်စောင့်ရှောက်တဲ့ အစီအစဉ် ဆွဲပါ။ သင်ဟာ ကျန်းမာပျော်ရွှင်မှသာ ကလေးငယ်ကို စောင့်ရှောက်ဖို့ လုံလောက်တဲ့ အားအင်ရရှိမှာ ဖြစ်ပါတယ်။ ကော်ဖီလွန်ကဲစွာ သောက်ခြင်း၊ အအိပ်ပျက်ခြင်းဟာ မိခင်အသစ်တွေကို စိတ်ဖိစီးမှု ပြင်းထန်စေပါတယ်။ ကျန်းမာတဲ့ စားသောက်မှုပုံစံ၊ ရေများများသောက်ခြင်း၊ အသီးဖျော်ရည် များများသောက်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်းတွေ လုပ်သင့်ပါတယ်။ သင့်ကလေးအိပ်နေချိန်မှာ သင်လည်း အိပ်သင့်ပါတယ်။ ကလေးကို စောင့်ရှောက်ဖို့အတွက် အချိန်ဇယားကို သင်ရော သင့်အိမ်ထောင်ဖက်ပါ ညအချိန် စောင့်ရှောက်ဖို့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေမှာ ဖန်တီးနိုင်စွမ်းကို ဘယ်လို မြှင့်တင်မလဲ

ဖန်တီးနိုင်စွမ်းဟာ လူတစ်ယောက်ရဲ့ အနာဂတ်အောင်မြင်မှုကို လွှမ်းမိုးနိုင်တဲ့ အကြီးဆုံး အချက်တစ်ခု ဖြစ်ပါတယ်။ ကလေးတိုင်းဟာ သူတို့မှာ ဖန်တီးနိုင်တဲ့ မျိုးစေ့ရှိပါတယ်။ မိဘတွေဟာ ကလေးတွေရဲ့ မျိုးစေ့ အပင်ပေါက်လာမလား၊ ကြီးလာမလား၊ မကြီးလာဘူးလားဆိုတာကို ဆုံးဖြတ်တဲ့နေရာမှာ အဓိက ကျပါတယ်။ ကလေးရဲ့ ဖွံ့ဖြိုးမှု အပြည့်အဝရရှိဖို့အတွက် မိဘတွေက ကလေးရဲ့ ဖန်တီးနိုင်စွမ်းကို တိုးတက်စေမယ့် အချက် ၇ ချက်ကို ဖေါ်ပြလိုက်ရပါတယ်။     သူတို့ကို အမှီအခိုကင်းစွာ တွေးတောဖို့ အားပေးပါ။ ကလေးအများစုဟာ မိဘတွေကို အတုယူပြီး အကြံဉာဏ်တောင်းကာ မိဘတွေက အမြဲတမ်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်သူတွေလို့ ယုံကြည်ကြပါတယ်။ ပြဿနာပေါ်လာရင် မိဘတွေက အမြဲတမ်းသူတို့ကို တိုင်ပင်ဖို့ ပြောထားတဲ့အချက်ကို မငြင်းနိုင်ပါဘူး။ ဒါပေမယ့် ပြဿနာတွေကို အဖြေရှာရာမှာ သူတို့ကို တွေးတောဖို့ အခွင့်အရေးပေးသင့်ပြီး မိဘတွေက အကြံဉာဏ်ကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးရဲ့ တိမ်မြုပ်နေတဲ့ ပါရမီတွေကို ဘယ်လိုရှာဖွေဖြည့်ဆည်းမလဲ

မိဘတစ်ယောက်အနေနဲ့ ကလေးတွေရဲ့ ဖုံးကွယ်နေတဲ့ အရည်အချင်းတွေကို အလွယ်တကူ တွေ့ရှိနိုင်တာကြောင့် သူတို့ရဲ့ စွမ်းဆောင်နိုင်ရည်တွေ၊ အားသာချက်တွေကို သိရှိဖို့ ကျွမ်းကျင်သူဆီမှာ သွားရောက်စစ်ဆေးရန် မလိုအပ်ပါဘူး။ ကလေးတွေရဲ့ အရည်အချင်းကို ဘယ်လိုဖေါ်ထုတ်မလဲ။ ၁။ သင့်ကလေး ဆော့ကစားနေစဉ် စောင့်ကြည့်ပါ။ သင့်ကလေးဆော့ကစားနေစဉ်မှာ သူတို့ဟာ ငြိမ်ငြိမ်လေး ထိုင်နေရတာကို ကြိုက်သလား၊ အရောင်ခြယ်တာကို ကြိုက်သလား၊ ပန်းခြံထဲမှာ ပြေးလွှားပြီး ဘောလုံးကန်နေရတာကို ကြိုက်သလား၊ ဒါမှမဟုတ် မြေကြီးကိုတူးပြီး တီကောင်တွေကို ရှာဖွေရတာ ကြိုက်သလားဆိုတာ စောင့်ကြည့်သင့်ပါတယ်။ သူတို့ကြိုက်နှစ်သက်တဲ့ လှုပ်ရှားမှုတွေဟာ သူတို့စိတ်ဝင်စားမှုတွေရဲ့ အရိပ်အမြွက်ဖြစ်ပြီး ကစားနေစဉ် ဖေါ်ထုတ်မယ်ဆိုရင် သူတို့အားသာချက်တွေနဲ့ ကလေးငယ်မှာ သိုဝှက်ထားတဲ့ အရည်အချင်းတွေ ရှိသလားဆိုတာကိုပါ သိနိုင်ပါတယ်။ ၂။ သင့်ကလေးကို မတူညီတဲ့ အရာတွေ ကစားပါစေ။ သင့်ကလေးကို မတူညီတဲ့ အတွေ့အကြုံတွေကို ထိတွေ့စေပြီး ကစားခြင်း အတော်များများကိုပေးလုပ်ခြင်းဟာ သူတို့ဘာကိုကြိုက်နှစ်သက်ပြီး […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်စိတ်က နို့ထွက်ခြင်းအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ

ကလေးကို နို့တိုက်ကျွေးစဉ် ပြဿနာများ၊ ဒုက္ခများကို သင်တွေ့ရနိုင်ပြီး ၎င်းတို့သည် စိတ်ဖိစီးမှုကို ဖြစ်စေနိုင်သလို တစ်ခါတစ်ရံ စိတ်ရောဂါများကိုတောင် ဖြစ်စေနိုင်ပါသည်။ တချို့သော မေမေများသည် စိုးရိမ်စိတ်များတတ်ပြီး ထိုစိတ်ကြောင့် နို့ထွက်မှုကိုနည်းစေနိုင်သည်။ ထို့ကြောင့် ကလေးလည်း အာဟာရချို့တဲ့နိုင်သည်။ ဒါကအမှန်ဟုတ်ပါသလား။ စိတ်ဖိစီးမှုက နို့ထွက်နှုန်းကို ကျစေသလား။ အဖြေကတော့ နိုးပါ။ စိတ်ဖိစီးမှုသည် ဘယ်လိုပင်ဖြစ်ပါစေ နို့ထွက်မှုကို မကျစေပါ။ နို့ထွက်မှုကျစေသော အချိန်များ ရှိပါသည်။ သင့်၌ အရေးပေါ်ခွဲမွေးရသည့်အခါမျိုး သို့မဟုတ် လမစေ့ပဲမွေးသည့်အခါမျိုးတွင် ဖြစ်တတ်၏။ မည်သို့ဆိုစေ ကလေးအတွက် နို့ထွက်နေမည်ဖြစ်ပြီး သင်နို့တိုက်ရာတွင် ချောချောမောမောနှင့် သဘာဝကျကျဖြစ်စေရန်တော့ အချိန်နှင့်အားစိုက်မှု လိုအပ်ပါသည်။ နို့ထွက်မှုကို သက်ရောက်စေသည့် ဖိစီးမှုပမာဏကို လျော့ကျရန် ဘာတွေလုပ်နိုင်မလဲ။ စိတ်ပြေလျော့နိုင်ပြီး ကလေးကို နို့စို့ရန်အဆင်ပြေသည့် နေရာမျိုးကိုရှာပါ။ ထို့အပြင် သူတစ်ပါးမှ ဘာလုပ်ညာလုပ်ပြောသည်များ အာရုံမစိုက်နိုင်အောင်ဖြစ်သည့် နေရာဆိုလျှင် ပိုကောင်းပါသည်။ နို့မတိုက်ခင် သို့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း