ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးမှာ သေးခံလောင်တာ သက်သာစေမယ့် အချက်(၅)ချက်

ကလေးလေးတစ်ယောက် လူ့လောကထဲရောက်လာပြီဆိုရင် သူ့အတွက် ဂရုစိုက်စောင့်ရှောက်ရမယ့် တာဝန်တွေက အများသားရယ်။ သားဦး၊ သမီးဦးဖြစ်နေရင် ပိုဆိုးပါလေရော။ အမေရော၊ အဖေရောက အသစ်စက်စက်မိဘတွေ ဖြစ်နေတော့ ကလေးလေးအတွက် သတိပြုမိရမယ့်အချက်တွေကို လစ်ဟင်းတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ကလေးယူမယ်လို့ ဆုံးဖြတ်ကတည်းက ကိုယ့်မိဘတွေဆီကမေးတာပဲဖြစ်ဖြစ် စာအုပ်တွေဖတ်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တိုးတက်နေတဲ့ခေတ်မှာ လူမှုကွန်ရက်ကနေပဲဖြစ်ဖစ် ကလေးပြုစုစောင့်ရှောက်ရေးအတွက် လေ့လာသင့်တာလေ့လာထားသင့်ပါတယ်။ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ပြဿနာတွေထဲသေးခံလောင်တာကလည်း အဖြစ်များဆုံးပါဝင်နေပါတယ်။ ဖေဖေရော မေမေရော အလုပ်အရမ်းရှုပ်ကြတော့ အခုခေတ်မှာ ကလေးသေးခံ (Diaper) ကို မသုံးမဖြစ် သုံးကြရပါတယ်။ ဒီလိုသုံးတဲ့အခါ ကလေးမှာ သေးခံလောင်တာက ကြုံတွေ့ရပါတော့တယ်။ ငယ်ရွယ်လွန်းတဲ့ သားသားမီးမီးလေးတွေရဲ့ အရေပြားနုနုလေးမှာ ဒီဝေဒနာဖြစ်လာရင်သနားစရာကောင်းပါတယ်။ ကိုယ့်ရင်နှစ်သည်းချာလေးရဲ့ ဖြူဖွေးနုဖတ်နေတဲ့အသားအရေလေးမှာ နီနီရဲရဲလောင်ထားတဲ့အရာတွေကို ကြည့်ရတာလောက် စိတ်မချမ်းမသာဖြစ်စေမှာ မရှိလောက်ပါဘူး။ ကလေးကိုရေဆေးပေးတဲ့အချိန်ပဲဖြစ်ဖြစ် သုတ်သင်ပေးတဲ့အချိန်ဖြစ်ဖြစ် ဒီသေးခံလောင်ထားတဲ့အရာတွေကနေ စပ်လို့ ကလေးငယ်ငိုယိုတဲ့အခါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးရဲ့သင်ယူနိုင်စွမ်းတိုးတက်အောင် ဘယ်လိုလုပ်မလဲ

မိဘတိုင်းက သူတို့ရဲ့ရင်သွေးငယ်တွေကို အကောင်းဆုံးပုံစံနဲ့ ဘဝခရီးကိုစတင်စေချင်ကြပါတယ်။ ကလေးကိုငယ်ရွယ်စဉ်ကတည်းက ဦးနှောက်ဖွံ့ဖြိုးအောင်လုပ်ဆောင်ပေးတာကလည်း ကလေးငယ်ရဲ့ ဘဝကိုထုဆစ်ပေးရာမှာ အရေးကြီးဆုံးသောအထောက်အပံ့ဖြစ်ပါတယ်။ ကလေးငယ်လေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်ကောင်းမွန်စေဖို့အတွက်က အထူးတလည်ကြီးလုပ်ဆောင်ပေးစရာမလိုဘဲနေ့စဉ်လုပ်ဆောင်ပေးတဲ့ လှုပ်ရှားမှုတွေလုပ်ဆောင်ပေးရင်းနဲ့ ကလေးငယ်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ သင်ယူနိုင်စွမ်းကိုမြှင့်တက်အောင် အထောက်အကူပေးပါလိမ့်မယ်။ ကလေးလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးကမွေးကင်းစအရွယ်ကတည်းက စတင်ဖွံ့ဖြိုးလာတာဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ သင်ယူနိုင်မှုကိုတိုးတက်စေနိုင်မယ့် နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။ ရေချိုးချိန် -ရေချိုးချိန်မှာ ကလေးငယ်အတွက် သချာၤနဲ့သိပ္ပံကို သင်ယူချိန်ပါပဲ။ ကလေးလေးတွေက ခွက်တစ်ခွက်ကနေ တစ်ခွက်ဆီကိုရေတွေလောင်းထည့်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ဒီလိုလောင်းထည့်တာကနေ ဘယ်လိုအကျိုးဆက်တွေဖြစ်ပေါ်လာလဲဆိုတာကို သင်ယူခွင့်ရစေနိုင်သလို ကမ္ဘာမြေဆွဲအား၊ရေထုထည်တွေနဲ့ပတ်သက်ပြီးလည်းလေ့လာခွင့်ရစေပါလိမ့်မယ်။ ဒါတွေက ကလေးငယ်အနေနဲ့ရရှိနိုင်မယ့် အစောပိုင်း သချာၤစွမ်းရည်ပါပဲ။ ကလေးကိုရေချိုးပေးရင်း ဆပ်ပြာတိုက်တဲ့အခါ ကလေးသီချင်းလေးတွေဆိုပေးပါ။ ကလေးရဲ့ ဘာသာစကားစွမ်းရည်ကို တိုးတက်စေပါလိမ့်မယ်။ရေသုတ်ပေးတဲ့အဝတ်ကို သုံးပြီး ကလေးနဲ့ တူဝါးကစားပေးပါ။ ဒီလိုကစားပေးခြင်းက ကလေးငယ်ကို အရာဝတ္ထုတစ်ခုက သူတို့မမြင်ရတော့ပေမယ့်လည်းရှိနေသေးတယ်ဆိုတဲ့ အသိကိုရရှိစေပါလိမ့်မယ်။ ဈေးဝယ်ထွက်တဲ့ဆီခေါ်သွားပေးပါ -ဈေးဝယ်ထွက်တဲ့အခါ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်တွေ နို့ထွက်များစေဖို့ ဘာတွေစားဖို့လိုအပ်လဲ

ကလေးတွေကိုမွေးပြီးခြောက်လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးတာအကောင်းဆုံးပါလို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုကြပါတယ်။ မိခင်နို့တိုက်ကျွေးနေပြီဆိုရင် ကလေးကိုကြီးထွားဖွံဖြိုးစေပြီးကျန်းမာစေမယ့်အာဟာရဓါတ်တွေကို နို့ရည်ကတဆင့်ပေးနေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်အစားအသောက်တွေက သင့်အတွက်ကောင်းသလဲ၊ကိုယ်စားလိုက်တဲ့အရာတွေက နို့ရည်နဲ့ သင့်ကလေး အပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်လဲဆိုတာ သိထားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးချိန်ကာလအတွင်းမှာ မိခင်ရဲ့ခန္ဓါကိုယ်မှာ အာဟာရတွေ အမြဲမပြတ်လိုအပ်နေတတ်ပါတယ်။ လူသားတစ်ယောက်ဖြစ်တည်လာဖို့ မိခင်ကအားဖြည့်ပေးနေရတာဖြစ်လို့ အရင်ကလို ပုံမှန်အတိုင်းစားလို့၊နေလို့မရတော့ပါဘူး။ ဒါဆို နို့တိုက်ကျွေးချိန်အတွင်း အစားပိုစားဖို့လိုသလား ဟုတ်ပါတယ်။ နည်းနည်းတော့ပိုစားပေးရပါမယ်။ အားပြည့်နေစေဖို့အတွက် တစ်နေ့ကို ကယ်လိုရီ ၄၀၀ ကနေ ၅၀၀လောက်အထိ ပိုစားပေးဖို့လိုပါလိမ့်မယ်။ ဒီလိုစားသုံးတဲ့နေရာမှာ စိတ်ထင်ရာလျှောက်စားလို့မဖြစ်ပါဘူးနော်။ ကွေကာ၊ သစ်သီး၊ နွားနို့ တို့လို အာဟာရဖြစ်စေမယ့် အစားအစာတွေကိုပဲရွေးချယ်ရမှာပါ။ နို့ထွက်များအောင် ဘာတွေစားရမလဲ နို့တိုက်မိခင်တွေအတွက် နို့ထွက်များစေ၊ နို့ရည်လိုက်စေမယ့် အစားအစာတွေရှိပါတယ်။ ကလေးငယ်ရဲ့ ကိုယ်ခန္ဓါကြီးထွားမှုနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့အတွက် အရေးကြီးတဲ့အာဟာရဓါတ်တွေအားလုံး မိခင်နို့မှာပါရှိပါတယ်။ ကလေးပြုစုစောင့်ရှောက်ရေးမှာ ဒီလို အရေးပါတဲ့ မိခင်နို့ရည်မှာ အာဟာရပြည့်စေဖို့၊ နို့ရည်လိုက်စေဖု့ိ […]


ကလေးငယ်ပထမနှစ်

သွားပေါက်ခြင်း

ကလေးငယ်လေးတွေမှာ ပထမဆုံးသော ငယ်သွားလေး စပေါက်ခြင်းဖြစ်တယ်။ များသောအားဖြင့် အစုံလိုက်ပေါက်လေ့ရှိပါတယ်။ အသက် ၆ လနဲ့ ၈လကြားမှာ စတင်ပေါက်လေ့ရှိပြီး သွားအချောင်း ၂၀ လုံးအပြည့်အဝပေါက်ဖို့ကတော့ နှစ်ချီပြီးကြာနိုင်ပါတယ်။ သွားပေါက်တဲ့အခါ သွားဖုံးတွေကနေ ထွက်လာတာမှန်ပေမယ့် တကယ်တော့ သွားဖုံးသားကိုဖြတ်ပြီးတိုးထွက်လာတာမဟုတ်ပါဘူး၊ သွားပေါက်ချိန်ရောက်တဲ့အခါ ဟော်မုန်းများထွက်လာပြီး ထိုဟော်မုန်းတွေက သွားထွက်လာရမယ့်နေရာမှ ဆဲလ်များကိုသေစေကာ သွားထွက်လာဖို့နေရာချဲပေးခြင်းဖြစ်တယ်။ သွားပေါက်ခြင်းဟာ ကလေးငယ်တွေရဲ့ သဘာဝကြီးထွား ဖွံ့ဖြိုးခြင်းတစ်ခုပါ။ ထွက်စမှာ နာကျင်ခြင်း၊ သက်သောင့်သက်သာမရှိခြင်းတွေကြောင့် မိဘတွေအတွက် စိတ်ပူစရာကိစ္စဖြစ်လာပါတယ်။ သွားပေါက်ချိန်ကြုံရမယ့် ဒီလက္ခဏာတွေဟာ အလျင်အမြန်ဘဲပျောက်သွားမှာဖြစ်ပြီး ကလေးငယ်ခံတွင်းသန့်ရှင်းအောင် သင့်ရဲ့အားထုတ်မှုကျေးဇူးကြောင့် မကြာခင်သင့်ရင်သွေးလေးမှာ ကျန်းမာတဲ့သွားအစုံရလာတော့မယ်ဆိုတာကို မမေ့ပါနဲ့။ ထူးခြားတဲ့လက္ခဏာတွေ၊ စိတ်ပူစရာတွေ၊ ရက်ကြာအောင်နေလို့ထိုင်လို့မကောင်းဖြစ်နေမယ်ဆိုရင်တော့ ကလေးဆရာဝန်နဲ့တိုင်ပင်ကြည့်လို့ရပါတယ်။ လက္ခဏာများ ကလေးငယ်တစ်ယောက်ချင်းစီမှာ သွားပေါက်ချိန်ကြုံရတတ်တဲ့ မတူညီတဲ့လက္ခဏာကိုယ်စီရှိတတ်ပါတယ်။ အဖြစ်အများဆုံးကတော့ စိတ်ကသိကအောက်ဖြစ်ရခြင်းနဲ့ အစားအသောက်ပျက်ခြင်းတို့ပဲဖြစ်တယ်။ တခြားလက္ခဏာတွေလည်းဖြစ်တတ်ပါသေးတယ် ဥပမာ- သွားရည်ကျခြင်း အမာစာများ ဝါးရခက်ခြင်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကျန်းမာပျော်ရွှင်တဲ့ကလေးအဖြစ် ကြီးပြင်းလာစေဖို့ ပျိုးထောင်နည်း (၁၀) ချက်

ကလေးတွေကို အုပ်ထိန်းစောင့်ရှောက်ရတာက ခက်ခဲနိုင်တယ်ဆိုတာကို ကျွန်တော်တို့အားလုံး သိထားပြီး ဖြစ်ပါတယ်။ မိခင်ဖခင်ဖြစ်စမှာတော့ ညဘက်တွေမှာ ကလေးကိုအစာကျွေးရတာမျိုးအခက်အခဲတွေကို ပင်ပန်း ခက်ခဲတာတွေလို့မထင်ပေမယ့် ကလေးတစ်ယောက်ကို အထိအခိုက်မရှိဘဲကြီးပြင်းလာစေဖို့အတွက် အရာတော်တော်များများလိုအပ်တယ်ဆိုတာကိုသိနားလည်လာမှဖြစ်ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ ကလေးတွေကို အကျင့်စာရိတ္တကောင်းကောင်းမွန်မွန်နဲ့ကျန်းမာပျော်ရွှင်တဲ့ကလေးတွေအဖြစ် ကြီးပြင်းလာစေဖို့အတွက် အရေးကြီးတဲ့အချက်များစွာကိုလုပ်ဆောင်ဖို့လိုအပ်တယ်ဆိုတာကို သိရှိနားလည်လာမှာဖြစ်ပါ တယ်။ မိဘတွေအနေနဲ့ ကလေးကို ဘဝတစ်လျှောက်မှာ မိမိတို့တတ်စွမ်းနိုင်သမျှ အကောင်းဆုံးသောအရာတွေကိုပဲ ပေးချင်ကြတာဖြစ်ပါတယ်။ ကလေးတွေကို ငယ်စဉ်အရွယ်ကတည်းကအကျင့်ကောင်းတွေကို သင်ကြား ပေးမယ်ဆိုပါက ဆယ်ကျော်သက်အရွယ်နဲ့အရွယ်ရောက်တဲ့အခါ အထောက်အကူပြုပေးနိုင်မယ့် ခိုင်မာတဲ့အခြေခံ အုတ်မြစ်ကိုချပေးသလိုသဘောသက်ရောက်နေပါတယ်။ ကလေးတွေကိုအကျင့်စာရိတ္တကောင်းမွန်ပြီးကျန်းမာပျော်ရွှင်တဲ့ကလေးတစ်ယောက်အဖြစ်ရှင်သန်ကြီးထွား လာဖို့အတွက် မိဘတွေအနေနဲ့ အောက်ဖော်ပြပါအချက်လေးတွေကိုလုပ်ဆောင်ကြည့်ကြဖို့တိုက်တွန်းလိုပါတယ်။ ၁။ ကျေးဇူးတင်ကြောင်းနဲ့ ကျေးဇူးပြုပြီးလုပ်ပေးပါလို့အကူအညီတောင်းခံမှုမျိုးကိုပြောတတ်ပါစေ မိဘက ကလေးတွေအတွက် အကောင်းဆုံးသောစံနမူနာယူစရာတွေဖြစ်တာကြောင့် ကလေးတွေထံကနေတစ်ခုခုလုပ်ပေးဖို့အကူအညီတောင်းတဲ့အခါမျိုးမှာ ကျေးဇူးပြုပြီး ကူညီပါလားဆိုတဲ့စကားနဲ့ ကျေးဇူးတင်ပါတယ်၊ ဆိုတဲ့စကားလုံးလေးတွေကိုပြောပေးတာမျိုးလုပ်ဆောင်ပေးပါ။ ကလေးတွေကို ဘာလုပ်ပါလို့ ညွှန်ကြား ပြီးခိုင်းတာမျိုးမလုပ်ဆောင်ပါနဲ့။ သည်စကားလုံးလေး ၃ လုံးကမိဘနဲ့သားသမီးကြားမှာ အပြန်အလှန်လေးစားမှု၊ ညှာတာ၊သည်းခံမှုတွေပေါက်ဖွားလာအောင်လုပ်ဆောင်ပေးပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေရဲ့သင်ယူလေ့လာမှုပိုမြန်ဆန်စေဖို့ ဘာတွေလုပ်ပေးမလဲ

ကလေးတွေအတွက် ရိုးရှင်းပြီးပျော်စရာကောင်းတဲ့ နည်းတွေနဲ့ကစားရင်းသင်ပေးတာက သူတို့ရဲ့ လေ့လာသင်ယူနိုင်စွမ်းနဲ့ ဖွံ့ဖြိုးမှုကို တိုးတက်စေပါတယ်။ ကျန်းမာပြီးပျော်ရွှင်တဲ့ကလေးတွေအဖြစ်တင်မကဘဲ ဉာဏ်ရည်ထက်မြက်တဲ့ကလေးတွေဖြစ်လာဖို့လည်း မိဘတွေက လိုလားကြပါတယ်။ ဒီတော့ ကလေးတွေကို အကောင်းမြင်စိတ်နဲ့ပဲ ဆက်ဆံပြီး စကားတတ်မြောက်မှု၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ အိုင်ကျူစွမ်းရည်တိုးတက်စေဖို့ နေ့စဉ်လုပ်ဆောင်နေကျကိစ္စတွေမှာပဲ ကူညီသင်ပြ ပေးနိုင်ပါတယ်။ ကိုယ်က အသံ၊အနံ့၊ အထိအတွေ့၊ အရသာတွေသင်ပြပေးချိန်မှာ ကလေးကပျော်ပျော်ရွှင်ရွှင် လေ့လာနေဖို့ ၊ပတ်ဝန်းကျင်မှာရှိသမျှတွေကို စိတ်ဝင်တစားရှိနေဖို့ က အဓိကသော့ချက်ပါ။   ကလေးကိုစကားပြောပေးပါ ကိုယ့်ရဲ့တစ်နေ့တာအကြောင်း ကလေးကိုပြန်ပြောပြတာက ကလေးမှာ သူမြင်နေရတာတွေနဲ့ တွဲဖက်နားလည်နိုင်စွမ်းတိုးတက်စေပါတယ်။ စကားကိုဖြည်းဖြည်းနဲ့ ကလေးမြူသလိုပုံစံနဲ့ ပြောပေးတာက ကလေးရဲ့လေ့လာနိုင်စွမ်းကိုတိုးတက်စေတယ်လို့ သုတေသနကဖော်ပြပါတယ်။   ကလေးကိုယ်တိုင်ပါဝင်ခံစားစေပါ လမ်းလျှောက်ထွက်ရင်း ခွေးသံကြားတဲ့အခါ “ဘာသံလဲ”လို့ကလေးကိုမေးပြီး ဒါဟာခွေးဟောင်သံ(ဝုတ်ဝုတ်) ဖြစ်တဲ့အကြောင်း ကိုယ်ကပြန်ဖြေပြပေးပါ။ နောက်ကြုံတိုင်း ပြောတဲ့အခါ ကလေးက မှတ်မိပြီး ဝုဝုလို့ ကိုယ်တိုင်ဖြေနိုင်လာပါလိမ့်မယ်။ နောက်ဆုံးမှာ ခွေး ဆိုတဲ့ဝေါဟာရကို ကိုယ်တိုင်သိသွားစေမှာပါ။ အပြင်ထွက်တဲ့အချိန်မိုးဖွဲကျလာတဲ့အခါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ကို ဉာဏ်ရည်မြင့်မားစွာနဲ့ကြီးပြင်းလာစေနိုင်မယ့် အချက်များ

ကလေးငယ်လေးများရဲ့ဦးနှောက်ဖွံ့ဖြိုးမှုက သူတို့လေးတွေရဲ့ အနာဂတ်အသိဉာဏ်စွမ်းရည်တွေတိုးတက်ဖို့ အတွက် လမ်းဖွင့်ပေးနိုင်တဲ့အရာဖြစ်သလို သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ရင့်ကျက်မှု တွေကိုဖြစ်ပေါ်စေနိုင်တဲ့အရာလည်းဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ဘဝသက်တမ်း ပထမ ၅နှစ်တာကာလအတွင်းမှာ ကလေးငယ်ရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ၉၀ ရာခိုင်နှုန်း ဖြစ်ပေါ်တာဖြစ်ပါတယ်။ ကလေးငယ်ရဲ့ဖွံ့ဖြိုးကြီးထွားမှုတွေထဲက ၅၁ ရာခိုင်နှုန်းလောက်ကတော့ ပတ်ဝန်းကျင် အနေအထားအချင်းအရာတွေကြောင့်ဖြစ်ပေါ်လာတာလို့ယူဆရပါတယ်။ ကလေးငယ်ကို အချိန်တိုင်းမှာ ဖြစ်ပျက်တွေ့ကြုံနေရသမျှ အကြောင်းအရာအလုံးစုံကိုပြောပြပေးခြင်းဖြင့် သူတို့လေး တွေရဲ့ဘာသာစကားပြောဆိုနိုင်မှုစွမ်းရည်ကိုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ကလေးငယ်လေးတွေ အနေနဲ့ ဘာသာစကားပြောစွမ်းရည်မြင့်မားတဲ့ မိသားစုမှာကြီးပြင်းလာရတဲ့ကလေးငယ် တွေက စကားပြောစွမ်းရည်နိမ့်ပါးတဲ့မိသားစုမှာမွေးဖွားကြီးပြင်းလာရတဲ့ ကလေးငယ်တွေထက် အသိဉာဏ် စွမ်းရည် ၃၈ ဆလောက်ပိုမိုမြင့်မားနေတာကိုတွေ့ရှိရပါတယ်။ အယူအဆနဲ့သဘောတရားပိုင်းဆိုင်ရာ စာအုပ်တွေဖတ်ပြပေးခြင်းဖြင့် ကလေးငယ်တွေကို မူလတန်းကြိုအရွယ်မှာ သိရှိရမယ့် အရောင်တွေ၊ပုံစံတွေ၊ရာသီဥတုတွေ၊သစ်သီး၊ ခြံမွေးတိရစ္ဆာန်တွေနဲ့ အခြားအခြေခံကျတဲ့ အကြောင်း ချင်းရာတွေကို သိရှိနားလည်စေနိုင်မှာဖြစ်ပါတယ်.။ ကလေးငယ်ကို စာအုပ်တစ်အုပ်ဖတ်ပြပြီး စာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကို သူ့ရဲ့စကားလုံးတွေ နဲ့ပြန်ပြောပြစေတဲ့နည်းလမ်းနဲ့ကလေးငယ်ရဲ့ မှတ်ဉာဏ်စွမ်းရည်ကိုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ သစ်သီကွင်းတွေကိုအသုံးပြုပြီးပဲဖြစ်ဖြစ် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်လေးတွေအတွက် အုန်းဆီရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

အုန်းဆီက အရေပြားနဲ့ အခြားသောကျန်းမာရေးပြဿနာတွေကို ကုသရာမှာတော်တော်လေးအသုံးဝင်ပါတယ်။ အနာကျက်စေနိုင်စွမ်းရှိပါတယ်။ အုန်းဆီက ကလေးငယ်ရဲ့အရေပြားကို အာဟာရဓါတ်အပြည့်ဝဆုံးပေးနိုင်တဲ့ သဘာဝအဆီတစ်မျိုးဖြစ်ပါတယ်။ အုန်းဆီမှာပါတဲ့သေးငယ်တဲ့မော်လီကျူးလေးတွေက အရေပြားကအဆီကို အလွယ်တကူစုပ်ယူနိုင်အောင်လုပ်ဆောင်ပေးသလို အဆီတွေကို ဆဲအတွင်းပိုင်းနဲ့ တွယ်ဆက်တစ်ရှုးတွေအထိရောက်ရှိစေအောင်လုပ်ဆောင်ပေးပါတယ်။ အရေပြားထိခိုက်ပျက်စီးတာတွေကို သက်သာစေနိုင်စွမ်းရှိသလို အရေပြားရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ အုန်းဆီစစ်စစ်ကို ကလေးငယ်တွေအတွက်အသုံးပြုလို့ရပါတယ်။ အုန်းဆီက အနာကျက်စေနိုင်တဲ့အစွမ်းလည်းရှိပါတယ်။ အရေပြားဓါတ်မတည့်ခြင်း၊ (Hay Fever) -Hay Fever ကိုသက်သာစေဖို့အတွက် နှာခေါင်းအတွင်းဘက်ထဲကို အုန်းဆီနည်းနည်းလူးပေးပါ။ ဝတ်မှုန်တွေက အုန်းဆီမှာပျော်ဝင်သွားပါလိမ့်မယ်။ ကလေးဝက်ခြံ - ကလေးငယ်ရဲ့ ဝက်ခြံအပေါ်မှာ အုန်းဆီခပ်ပါးပါးလေး တစ်နေ့ နှစ်ကြိမ် မပျောက်မချင်းလူးပေးပါ။ ပွန်းပဲ့ဒဏ်ရာတွေ - ပွန်းပဲ့ဒဏ်ရာပေါ်ကို အုန်းဆီလူးပေးပါ။ရောင်ရမ်း နီမြန်းမှုကိုလျော့ကျစေပြီး အနာကျက်စေမှာဖြစ်ပါတယ်။ ရေကျောက် - အုန်းဆီကရေကျောက်ကြောင့် ယားယံတာကိုလျော့ပါးသက်သာစေပြီး အရောင်ကျစေတဲ့အပြင် အဖျားတာမရှည်အောင်လည်းလုပ်ဆောင်ပေးပါတယ်။ ပိုးကောင်နဲ့ အဆိပ်ရှိတဲ့အကောင်တွေအကိုက်ခံရတာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်တွေကို နှိပ်နယ်ပေးခြင်းရဲ့အကျိုးကျေးဇူများ

ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက ကလေးတွေကို အနားရစေပြီး ပိုမိုအိပ်ပျော်စေနိုင်တဲ့အပြင် အငိုလည်း နည်းစေနိုင်ပါတယ်၊ လို့The Cochrane Library ကလေ့လာမှုတစ်ရပ်အရသိရပါတယ်။ မွေးကင်းစကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက မိခင် နဲ့ ကလေးတို့ကြားက အပြန်အလှန်နားလည်မှုရရှိစနိုင်မှာဖြစ်တဲ့အပြင် ကလေးရဲ့အိပ်စက်မှုပိုင်းမှာလည်း အထောက်အကူပြုပြီး ကလေးငိုတာကိုလည်း သက်သာစေတဲ့အပြင် ကလေးတွေကိုနှိပ်နယ်ပေးတာက စိတ်ဖိစီးမှုဖြစ်တာကိုလည်း သက်သာစေပါတယ်။ ဥပမာပြောပြရရင် ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းကြောင့် ကလေးငယ်တွေမှာ ဆီးခဏခဏသါားတာမျိုးကိုသက်သာလျော့ပါးစေပါတယ်။ လေ့လာမှုတွေအတွင်း ကလေးကိုအချိန်ဘယ်လောက်ကြာအောင်နှိပ်ပေးတာ နဲ့ ဘယ်လ်ုနှိပ်ပေးတာကကောင်းလဲဆိုတာတွေကိုလေ့လာခဲ့ပါတယ်။ ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက ကလေးငယ်ရဲ့ကြီးထွားမှုကိုထိခိုက်မှုမရှိစေသလို အန္တရာယ်ရှိစေတာမျိုးလည်းမရှိပါဘူး၊ လို့သိရှိရပါတယ်။ ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာနဲ့ပတ်သက်ပြီးနောက်ထပ်လေ့လာမှုတွေလုပ်ဆောင်ကြည့်ဖိုတော့လိုအပ်ဦးမှာဖြစ်ပါတယ်။ မိမိရဲ့ ကလေးငယ်ကိုနှိပ်နယ်ပေးချင်တယ်ဆိုရင်တော့ အရင်ဆုံးဆရာဝန်နဲ့တိုင်ပင်ပါ။ ကလေးငယ်လေးတွေကို ဆီတစ်မျိုးမျိုးသုံးပြီး နှိပ်နယ်ပေးတာက အရမ်းကိုအရေးကြီးပါတယ်။ ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတဲ့နေရာမှာ အရေးကြီးဆုံးအချက်တစ်ခုက မှန်ကန်တဲ့ဆီရွေးချယ်မှုပဲဖြစ်ပါတယ်။ ညင်ညင်သာသာနှိပ်နယ်ပေးတာက ကလးငယ်ကိုစိတ်ခံစားမှုကောင်းမွန်စေပြီး ကလေးငယ်ရဲ့အရေပြားအတွက်လိုအပ်တဲ့ အာဟာရဓါတ်ကိုပြည့်ဝစေပါတယ်။ ကလေးငယ်ရဲ့အရေပြားမှာလိုအပ်တဲ့ အာဟာရဓါတ်ပြည့်ဝစေဖို့အတွက်ကရွေးချယ်တဲ့ အဆီအပေးမှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးဖွံ့ဖြိုးကြီးထွားတာကို အထောက်အကူပြုနိုင်တဲ့ ပျော်ရွှင်စရာလှုပ်ရှားမှုများ

ကလေးဖွံ့ဖြိုးကြီးထွားတာကို အထောက်အကူပြုနိုင်တဲ့ ပျော်ရွှင်စရာလှုပ်ရှားမှုများ နေ့စဉ်လုပ်ဆောင်နေတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ကလေးတွေအတွက် အဘက်ဘက်ကနေ အကျိုးပြုနေပါတယ်။ မိဘတွေက ကလေးငယ်ရဲ့လှုပ်ရှားမှုတွေနဲ့ ဆော့ကစားတဲ့အခါမျိုးတွေမှာ အတူပါဝင်ဆောင်ရွက်ပေးခြင်းက ကလေးရဲ့ လှုပ်ရှားမှုကိုပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။ ကလေးလေးတွေက သူတို့နှစ်သက်တဲ့ လှုပ်ရှားမှုတွေကို အခြားအရာတွေထက်ပိုမိုလုပ်ဆောင်ချင်စိတ်ရှိတတ်ပါတယ်။ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ပျော်မွေ့လာတဲ့အခါ ကလေးရဲ့လုပ်ဆောင်နိုင်မှုစွမ်းရည်ကလည်း တဖြည်းဖြည်းနဲ့ကောင်းမွန်လာမှာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေကို ကလေးရဲ့နေ့စဉ်ဆော့ကစားမှုတွေမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ထည့်သွင်းနိုင်သလိုတော်တော်ငယ်ငယ်အရွယ်လောက်မှာကတည်းက သင်ကြားပေးလို့ရနေပြီဖြစ်ပါတယ်။   ကလေး ၂ နှစ်ခွဲ နဲ့ ၃ နှစ်အရွယ်လောက်မှာဘာတွေလုပ်နိုင်ပြီလဲ။ ကလေးတွေဟာ အသက် ၂ နှစ်ခွဲအရွယ်ရောက်တဲ့အခါ - ကောင်းကောင်းပြေးနိုင်နေပြီ၊ ကစားစရာတွေပေါ် တက်တတ်၊ဆင်းတတ်ပြီ၊ ဇွန်းကိုင်ပြီး ကိုယ်တိုင်စားနိုင်ပြီ၊ ခွက်ကိုင်ပြီး ကိုယ်တိုင်သောက်နိုင်ပြီ။ ဦးတည်ချက်မှန်အောင်မချိန်ရွယ်နိုင်သေးပေမယ့်ဘောလုံးလိုမျိုး ခပ်ပျော့ပျော့အရာတွေကို ကန်တတ်ပြီ၊ လှေကားတက်တတ်ပြီ၊ ပစ်ချင်တဲ့နေရာကိုရောက်အောင်ဘောလုံးကိုပစ်တတ်ပြီ၊ ကိုယ်တိုင် အဝတ်လဲနိုင်ဖို့စသင်ယူနိုင်နေပြီ၊   ကလေးတွေ ၃ နှစ်သားအရွယ်ရောက်လာတဲ့အခါ တစ်ယောက်တည်း လှေကားတွေလည်းတက်နိုင်ဆင်းနိုင်ပြီ၊ ကလေးစက်ဘီးလိုမျိုးခြေထောက်နဲ့နင်းပြီးစီးရတာတွေကို စစီးတတ်ပြီ၊ ဟန်ချက်ညီညီလမ်းလျှောက်တတ်ပြီဖြစ်သလိုခြေဖျားထောက်ပြီး […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း