ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေရဲ့ပါးစပ်မှာ အမြှုပ်တွေစီနေတာ ဘယ်လိုအချိန်တွေဆို စိုးရိမ်ရလဲ ။

ဘေဘီလေးရဲ့ ပါးစပ်မှာ အမြှုပ်လေးတွေ စီနေတာကို မြင်လိုက်တဲ့ မိဘတိုင်း စိုးရိမ်သွားတတ်သူချည်းပါ။ ဒါပေမယ့် ဒီလို အမြှုပ်လေးတွေစီနေတာ ပုံမှန်ဖြစ်တတ်တာလည်း ဖြစ်နိုင်သလို အခြားစိုးရိမ်ရတဲ့ ပြဿနာတွေ ကလေးမှာရှိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါေးလးထဲမှာတော့ ကလေးပါးစပ်မှာအမြှုပ်တွေစီနေတဲ့အခါ ဘယ်လိုပုံစံမျိုးရှိနေရင် စိုးရိမ်ရမလဲ ဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ကလေးက အေးအေးချမ်းချမ်နဲ့ အိပ်နေတယ် ၊ဖျားတာ အသက်ရှူရခက် နေတာမျိုးလည်း မရှိဘူးဆိုရင် ကလေးပါးစပ်က အမြှုပ်တွေက စိတ်ပူစရာမရှိဘူးဆိုပေမယ့် ခုပြောပြမယ့် အခြေအနေတွေ ကလေးမှာ ရှိနေပြီဆိုရင် ဆရာဝန်ဆီ ချက်ချင်းသွားဖို့လိုပါပြီ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ပါးစပ်မှာ အမြှုပ်တွေ တစ်ချိန်လုံးထွက်နေတာအပြင် ကလေးက အသက်ရှူလမ်းကြောင်းပိတ်နေသလို အသက်ရှူရခက်နေတာမျိုး၊ နို့သီးသွားတာမျိုး၊ ဖျားနေတာမျိုးတွေ ရှိပြီးမလန်းဘဲ တစ်ချိန်လုံး ဂျီကျမျိုးတွေရှိနေရင် ဆရာဝန်ဆီသွားသင့်ပါတယ်။ ဒါတွေက မတည့်တာတွေ စားမိတာ၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးရဲ့ပါးစပ်မှာ အမြှုပ်တွေစီနေတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ် ။

ကိုယ့်ကလေးလေးကို မွေးလာပြီဆိုတည်းက အရိပ်တကြည့်ကြည့်နဲ့ စိုးရိမ်နေတတ်ကြတာ မိဘတိုင်းပါ။ အချိန်ပြည့်ကလေး အရိပ်အခြေကို စောင့်ကြည့်ပြီး ပြုစုနေတဲ့ကြားက မိဘတွေ စိုးရိမ်ထိတ်လန့်စရာ အပြုအမူတွေ ကလေးဆီမှာ ဖြစ်တတ်ပါတယ်။ အဲဒီအထဲကတစ်ခုကတော့ ကလေးပါးစပ်ကနေ အမြှုပ်လေးတွေ ထွက်နေတာမျိုးပေါ့။ ကလေးပါးစပ်ကနေ အမြှုပ်လေးတွေ ထွက်နေပြီဆိုတာနဲ့ မိဘတော်တော်များများက စိုးရိမ်သွားတတ်ကြပါတယ်။ ကလေးကျန်းမာရေးတစ်ခုခုဖြစ်နေပြီလား မတည့်တာတွေစားမိပြီး အမြှုပ်ထွက်နေတာလားပေါ့။ ဒီလိုပဲ ပုံမှန်ဖြစ်တတ်လားပေါ့။ ကဲဒီတော့ ဘေဘီလေးတွေ ပါးစပ်က အမြှုပ်ထွက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေက ဘာများလဲ ။ ဘာ့ကြောင့် ကလေးတွေ ပါးစပ်မှာ အမြှုပ်လေးတွေ စီနေတတ်တာလဲ ။ ကလေးပါးစပ်မှာ အမြှုပ်လေးတွေစီနေရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ပုံမှန် တံတွေးနဲ့လေနဲ့ ရောပြီး အမြှုပ်ထတာဖြစ်နိုင်သလို ကလေးရဲ့လေကြောင်းလမ်းပိတ်ပြီး အသက်ရှူမရတာကြောင့် မျိုးတွေ လဲဖြစ်နိုင်ပါတယ်။ ကဲဘယ်လိုအကြောင်းတွေ ရှိနိုင်လဲဆိုတာ ဆက်ကြည့်ရအောင်။ ( […]


မိခင်နို့တိုက်ကျွေးခြင်း

ဆေးတစ်ခုခုသောက်မယ်ကြံတိုင်း နို့တိုက် နေရလို့ဆိုပြီး စိုးရိမ်နေတဲ့ မေမေတို့အတွက်

မေမေတစ်ယောက်ဖြစ်လာရင် စွန့်လွှတ်ရ အနစ်နာခံရတာတွေကတော်တော်များပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကစလို့ ဘေဘီလေးကို နို့ချိုတိုက်ကျွေးပျိုးထောင်နေရတဲ့ ကာလအတွင်းမှာရောပေါ့။ နို့တိုက် မေမေအများစုဆီက ကြားရတဲ့ စကားလေးတစ်ခွန်းရှိတယ်။ ခေါင်းထဲက ကိုက်လိုက်တာ၊ ဖျားပြီထင်တယ်။ ဆေးလည်း မသောက်ပါရဲဘူး။ နို့တိုက်နေရတယ်လေဆိုတာပါ။ ဖျားမှ ခေါင်းကိုက်မှ မဟုတ်ဘူးနော် နို့တိုက်နေရလို့ဆိုပြီး ချောင်းဆိုးနေတာနဲ့အခြား ခံစားရတဲ့ဝေဒနာတွေရှိရင်တောင် ကြိတ်ခံကြတာများပါတယ်။ ဒီတစ်ခေါက်တော့ နို့တိုက်မေမေတွေအနေနဲ့ ဆေးသောက်လို့ရလားဆိုတဲ့ ကိစ္စလေးကိုပြောပြပေးပါရစေနော်။ နို့တိုက် မေမေ ဘာဆေးမှသောက်လို့မရဘူးလား........... နို့တိုက်မေမေတစ်ယောက် ဖြစ်နေတာကြောင့် ဆေးတွေလုံးဝမသောက်ရဘူးဆိုတာက မဟုတ်ပါဘူး။ ဆေးအများစုက နို့တိုက်နေချိန်မှာသောက်ဖို့အတွက် ဘေးကင်းစိတ်ချရပါတယ်။ အကြောင်းကတော့ သောက်လိုက်တဲ့ဆေးတွေက မိခင်နို့ရည်ကနေတဆင့် ကလေးဆီကို ရောက်ရှိသွားနိုင်ခြေနည်းတာကြောင့်ပါ။ သောက်လိုက်တဲ့ဆေးက မိခင်နို့ကနေတဆင့် ဘေဘီလေးဆီရောက်မယ်ဆိုရင်တောင်နည်းနည်းလောက်ပဲရောက်နိုင်မှာဖြစ်တာကြောင့် ဘေဘီလေးကို ထိခိုက်စေတာမျိုးမရှိနိုင်ပါဘူး။ ဒါကြောင့် ပြောချင်တာက နို့တိုက်မေမေက ဆေးလုံးဝမသောက်ရတာမဟုတ်ပါဘူး။ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ဆေးသောက်ပေးလို့ရပါတယ်။ နို့တိုက်မေမေဖြစ်နေလို့ဆိုပြီး ဆေးမသောက်ဘဲ အတင်းကြိတ်ခံနေတာမျိုးမဖြစ်သင့်ပါဘူး။ နာကျင်ကိုက်ခဲတဲ့အခါ ..... နို့တိုက်မေမေတစ်ယောက်အနေနဲ့ နာကျင်ကိုက်ခဲတဲ့အခါ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ကြောင်းပိတ်တဲ့အခါ ဒါတွေလုပ်ကြည့်ပါ။ ။

နို့တိုက် နေတဲ့မိခင်တစ်ယောက်အတွက် နို့ကြောင်းပိတ်တဲ့ ပြဿနာက တော်တော်ကို ဆိုးတဲ့ပြဿနာတစ်ခုပါ။ ကလေးကလည်းနို့ဆာ ကိုယ်ကလည်း နို့မထွက်၊ နို့ကြောင်းကလည်း ပိတ်နေတော့ နာကလည်းနာနဲ့ အတော်ကြီးကို ဒုက္ခရောက်ပါတယ်။ ခက်တာက နို့ကြောင်း ပိတ်တဲ့ ပြဿနာကလည်း အဖြစ်များတဲ့ ပြဿနာတစ်ခုဆိုတော့ ဖြစ်လာတဲ့အခါ သက်သာအောင်လုပ်ဖို့က အရေးကြီးလာတာပေါ့။ ဒီတော့ နို့တိုက်ရင်းနဲ့ နို့ကြောင်းပိတ်သွားတဲ့အခါ ဘာတွေလုပ်ကြမလဲ ။ ။ နို့ကြောင်းပိတ်ခြင်းကို ဘာတွေက အဖြစ်များစေတာလဲ။ နို့ကြောင်းပိတ်တာကို သက်သာအောင်ဘယ်လိုလုပ်ရမလဲ မပြောခင် ဘာကြောင့် နို့ကြောင်းပိတ်တာလဲ အရင်သိဖို့လိုပါတယ်။ နို့ကောင်းကောင်း မထွက်တာ - ကလေးကောင်းကောင်းမစို့နိုင်လို့ဖြစ်ဖြစ်၊ မိခင်နဲ့ကလေး ခွဲနေတာကြာတော့ နို့မတိုက်ရတဲ့ အခါမျိုးမှာ နို့အုံကြီးတင်းနေတတ်ပြီး နို့ကြောင်းပိတ်တဲ့ ပြဿနာဖြစ်တတ်ပါတယ်။ ကြပ်လွန်းတဲ့ အတွင်းခံ ဘရာစီယာ၊ ကားခါးပတ်တွေနဲ့ မှောက်အိပ်တာအချိန်ကြာသွားခြင်းကလည်းနို့ကြောင်းပိတ်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရာတွေပါ။ စိတ်ဖိစီးမှုများခြင်းနဲ့ မိခင်စိတ်မောပန်းနေခြင်းကလည်း […]


ကလေးငယ်အာဟာရ

ဘေဘီလေးတို့ကို ဘယ်အချိန်မှာ မှိုစကျွေးကြမလဲ။

အာဟာရပြည့်ဝတဲ့ ဟင်းသီးဟင်းရွက်တွေထဲက တစ်ခုဖြစ်တဲ့ မှိုဟာလည်း ပုံစံအမျိုးမျိုး၊ အရသာအမျိုးမျိုးနဲ့ ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်ပါတယ်။ ဒီတော့ မေမေတို့အနေနဲ့ ကလေးကို မှိုကျွေးလို့ရပြီလား၊ ဘယ်အချိန်မှာ စကျွေးရမလဲဆိုပြီး မေးစရာတွေ ပေါ်လာပါတယ်။ ဒီဆောင်းပါးက မှိုရဲ့ အကျိုးကျေးဇူးတွေ၊ ကလေးကို မှိုကျွေးတဲ့အခါ သတိထားသင့်တဲ့အချက်တွေကို ပြောပြပေးချင်ပါတယ်။ ကလေးတွေကို ဘယ်အချိန်မှာ မှိုစကျွေးလို့ရပြီလဲ။ အတိအကျသတ်မှတ်ထားတဲ့ အသက်အရွယ်တော့ မရှိသေးပေမဲ့ ကလေး အသက် ၆လပြည့်ပြီးနောက်ပိုင်း အမာစာတွေကို စတင်စားနေပြီဆိုရင် ကျွေးလို့ရပါတယ်။ မှိုက ဝါးရတာလည်းလွယ်သလို အမျှင်ဓာတ်ပါတော့ ကလေးရဲ့ အစာခြေစနစ်အတွက်လည်း အဆင်ပြေတယ်။ အာဟာရလည်း ဖြစ်စေသလို ဝမ်းလည်း မှန်စေပါတယ်။ ကလေး အသက် ၁ နှစ်ပြည့်တဲ့အထိ စောင့်ပြီးမှ ကျွေးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အထူးသဖြင့် မှိုကျွေးတဲ့အခါ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ဦးရည်နဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေ ။ ။

မွေးကင်းစကလေးတွေ အတွက် နို့ဦရည်က ပထမဆုံးနဲ့ အရေးကြီးဆုံး အာဟာရတစ်ခုပါ။ နို့ဦးရည်ကကောင်းတယ်ဆိုတဲ့ အကြောင်း အားလုံးသိကြပါတယ်။ ဒီလို ကလေးအတွက်ေ ကာင်းတယ်ဆိုတာထက် နို့ဦးရည် အကြောင်း ပိုပြီး သိသင့်တာလေးတွေ ရှိပါတယ်။ နို့ဦးရည်ဆိုတာဘာလဲ ။ ။ နို့ဦရည်ဆိုတာ ကောင်းတာလောက်ပဲ သိထားကြပြီး နောက်ပိုင်းထွက်လာတဲ့ မိခင်နို့ကို နို့ဦးရည်ထက် ပိုပြီး စိတ်ဝင်စားကြတဲ့သူများပါတယ်။ နို့ဦးရည်ဆိုတာ အဝါဖျော့ရောင်ရှိတဲ့ အရည်ပျစ်ပျစ်တွေပါ။ သူ့မှာကလေးရဲ့ ခုခံအားအတွက် အရေးအကြီးဆုံးဖြစ်တဲ့ IgA, lactoferrin, leukocytes နဲ့ lactose တို့အဓိကပါဝင်ပြီး ခုမှ စပြီး မွေးဖွားလာတဲ့ ကလေးရဲ့ ခုခံအားကို အားဖြည့်ပေးတဲ့ မရှိမဖဖြစ် အရာတစ်ခုပါ။ နို့ဦးရည်က ဘယ်အချိန်မှ စထွက်လာတာလဲ။ ။ လူတစ်ယောက်နဲ့ တစ်ယောက်အပေါ် မူတည်ပြီး ကွဲပြားမှု ရှိပါတယ်။ တစ်ချို့မှာ နို့ဦးရည်က […]


ကလေးငယ်အာဟာရ

ဘေဘီလေးနဲ့ဆိတ်နို့

ဘေဘီလေးတွေကိုမွေးကတည်းကမေမေ့နို့တိုက်ဖြစ်ကြတယ်။ ဒီကနေတဆင့် တစ်နှစ်လောက်ရောက်လာပြီဆိုရင် နွားနို့တိုက်တယ်။ ဒီလိုအချိန်မှာ ဆိတ်နို့ရောတိုက်လို့ဖြစ်မလားလို့တွေးမိနေတဲ့မေမေတွေများရှိလား။ ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ၊လို့ပြောပါရစေ။ ဘေဘီလေးကို ဆိတ်နို့တိုက်လို့ရလား..... ဘေဘီလေးကို နွားနို့တင်မဟုတ်ဘဲ ဆိတ်နို့လည်း တိုက်လို့ရပါတယ်။ ဘေဘီလေး တစ်နှစ်ပြည့်ပြီဆိုရင် ဆိတ်နို့စတိုက်လို့ရပါပြီ။ နွားနို့က ဓာတ်မတည့်မှုဖြစ်နိုင်ခြေများပေမယ့် ဆိတ်နို့ကတော့ ဒီလိုမဟုတ်ပါဘူး။ ဆိတ်နို့က ပရိုတင်းပါဝင်မှုများသလို ခန္ဓာကိုယ်ကြီးထွားဖို့နဲ့ ဉာဏ်ရည်တိုးတက်စေဖို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို အကောင်းဆုံးဖြည့်စွမ်းပေးနိုင်မှာပါ။ ကြီထွားဖို့ ဆိုင်းပြင်းနေတဲ့ဘေဘီလေးတွေရဲ့ အူနံရံကိုလည်း အာဟာရဓါတ်တွေကို အကောင်းဆုံး စုပ်ယူနိုင်အောင်ထောက်ပံ့ပေးပါသေးတယ်။ ဆိတ်နို့က နွားနို့လို အလွယ်တကူဝယ်လို့မရပေမယ့် အာဟာရတန်ဖိုးပိုမြင့်တာကတော့ အမှန်ပါ။ ဆိတ်နို့မှာပါတဲ့ အာဟာရဓါတ်တွေက ဘာတွေလဲ...... ဆိတ်နို့မှာ ပရိုတင်း ကာဗိုဟိုက်ဒရိတ် အဆီ သဘာဝအချိုဓါတ် ကာဗိုဟိုက်ဒရိတ် ကယ်လ်ဆီယမ် သံဓါတ် မဂ္ဂနီဆီယမ် ပိုတက်ဆီယမ် ဆိုဒီယမ် ဇင့် ဖော့စဖောရပ်စ် ဗီတာမင်အေ (ဗီတာမင် […]


ကလေးငယ်အာဟာရ

ကလေးတွေကို ဘယ်ချိန်မှာ ငါးစကျွေးမလဲ

ငါးစားရင် ဉာဏ်ကောင်းတယ်။ ကလေးကို ဉာဏ်ကောင်းစေချင်လို့ ငါးကျွေးချင်တယ်။ ကလေးတွေကို ဘယ်ချိန်မှာ ငါးစကျွေးမလဲ ။ ငါးဆို ဘယ်ငါးဖြစ်ဖြစ် ကျွေးလို့ရတာလားဆိုပြီးခေါင်းထဲမှာ အတွေးတွေများနေရတဲ့ မေမေတို့အတွက် ဒီဆောင်းပါးလေးက အဖြေပေးနိုင်မှာပါ။ ကလေးတွေကို ဘယ်ချိန်မှာ ငါးစကျွေးမလဲ........ ငါးက ကလေးကို ကျန်းမာဖွံ့ထွားစေမယ့် အစားအစာတစ်မျိုးပါ။ ကလေးက solid food စစားနိုင်ပြီဆိုတာနဲ့ ငါးစကျွေးလို့ရပါတယ်။ ဖြည့်စွက်စာ စစားတဲ့ကလေး အသက် ၆ လလောက်ဆို စကျွေးလို့ရပါတယ်။ ဒါပေမယ့် ကလေး အာဟာရဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှာတော့ကျွေးသင့်ပါတယ်။ ကလေးမှာ အစားဓာတ်မတည့်တာမျိုးဖြစ်နိုင်ရင် ကလေးကို ထိခိုက်နိုင်တာကြောင့်ပါ။ ငါးက ကလေးကို ဓာတ်မတည့်ဖြစ်စေနိုင်တာလား..... ငါးက ကလေးကို ဓာတ်မတည့်ဖြစ်စေနိုင်တဲ့ အစားအစာတွေထဲမှာ ထိပ်ဆုံးပါ။ ဒါကြောင့် ကလေးကို ငါးစမကျွေးခင်မှာ အသား၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ကျွေးပေးသင့်ပါတယ်။ ငါးက ကျန်းမာရေးနဲ့ […]


ကလေးငယ်ပထမနှစ်

ကလေးတွေရဲ့ လအလိုက်မျက်စိဖွံ့ဖြိုးမှုအဆင့်ဆင့်

ကလေးတွေဟာ လမ်းစမလျှောက်တတ်ခင်စကားမပြောတတ်ခင်ကတည်းက အမြင်အာရုံနဲ့ပတ်သက်ပြီး စတင်သင်ယူခဲ့ရတာဖြစ်ပါတယ်။ ကလေးတွေဟာ သူတို့ရဲ့ဘဝသက်တမ်းတစ်လျှောက်မှာလိုအပ်တဲ့ အမြင်အာရုံစွမ်းရည်ကို မွေးကတည်းကရရှိလာခဲ့တာမဟုတ်ပါဘူး။ ကလေးတွေအနေနဲ့ သူတို့ ပတ်ဝန်းကျင်က အခြေအနေတွေကို သိနားလည်ပြီး ပတ်ဝန်းကျင်အခြေအနေပေါ်ကိုလိုက်လျောညီထွေ တုံ့ပြန် နိုင်ဖို့အတွက် သူတို့အမြင်အာရုံကနေတဆင့်ရရှိလာတဲ့သတင်းအချက်အလက်တွေကို ဦးနှောက်ကိုပေးပို့ပြီး ဘယ်လိုအသုံးချရမလဲဆိုတာကို သင်ယူဖို့လိုအပ်ပါတယ်။ မွေးဖွားလာတဲ့အချိန်ကနေစပြီး ကလေးတွေဟာ သူတို့ရဲ့မျက်လုံးလေးတွေနဲ့ ကမ္ဘာတလွှားကအရာတွေကို စူးစမ်းလေ့လာနေကြတာဖြစ်ပြီး သူတို့လေးတွေက လက်တွေနဲ့ပစ္စည်းတွေကိုဆွဲတာ၊လေးဘက်ထောက်သွားတာနဲ့ ထိုင်တာတွေမလုပ်ခင်မှာ သူတို့လေးတွေရဲ့မျက်လုံးအမြင်အာရုံကသူတို့ကြီးထွားသန်စွမ်းဖို့အတွက်အရေးပါတဲ့ အချက်အလက်တွေနဲ့လှုံ့ဆော်မှုတွေကိုလုပ်ဆောင်ဖို့ ထောက်ပံ့ပေးမှုတွေကိုလုပ်ဆောင်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့မျက်စိတွေနဲ့ကောင်းမွန်တဲ့အမြင်အာရုံတွေက မွေးကင်းစအရွယ်နဲ့ကလေးတွေရဲ့ သင်ယူမှုအပိုင်းမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ကလေးတွေမှာ မျက်စိနဲ့အမြင် အာရုံချို့ယွင်းတာမျိုးဖြစ်ပေါ်ပါက ကြီးထွားဖွံ့ဖြိုးမှုကိုနှောင့်နှေးစေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေ ကြီးထွားသန်စွမ်းပြီးသင်ယူနိုင်ဖို့လိုအပ်တဲ့ အမြင်အာရုံစွမ်းရည်တွေကို ဖွံဖြိုးတိုးတက်စေဖို့အတွက် ကလေးတွေရဲ့အမြင်အာရုံဆိုင်ရာ ချို့ယွင်းမှုတွေကိုစောစောသတိပြုနိုင်ဖို့ကအရေးကြီးလှပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေရဲ့မျက်စိနဲ့အမြင်အာရုံကောင်းမွန်စွာဖွံ့ဖြိုးလာစေဖို့အတွက် ကလေးတွေမှာ မျက်စိ၊အမြင်အာရုံနဲ့ပတ်သက်ပြီးပြဿနာရှိတဲ့လက္ခဏာရပ်တွေပေါ်နေသလား ဆိုတာကိုစောင့်ကြည့်သင့် သလို အသက် ၆လအရွယ်မှာကတည်းက မျက်စိအထူးကုတွေနဲ့ကလေးရဲ့အမြင်အာရုံပိုင်းကို စစ်ဆေးသင့်ပါ တယ်။ မိဘတွေအနေနဲ့ […]


ကလေးငယ်အာဟာရ

ကလေးရဲ့လေ့လာသင်ယူနိုင်စွမ်းပိုကောင်းအောင် ဘာတွေကျွေးမလဲ

ကလေးဆိုတာ မူကြိုတွေ၊ကျောင်းတွေမတက်ခင်မွေးကတည်းကစပြီး အရာရာစူးစမ်းလေ့လာတော့တာ။ အရင်ဆုံး သူ့မျက်စိရှေ့မှာမြင်ရတဲ့ မျက်နှာတွေကိုမှတ်မယ်၊နောက်ဘေးဝန်းကျင်ကိုစပ်စုမယ်။ ဘယ်သူတွေ ဘာတွေလုပ်လဲ၊ ဘယ်လိုလုပ်လဲအတုခိုးမယ်။ ကလေးတွေကို ဘယ်ခေါ်သွားသွား ပတ်လည်လှည့်ပြီးလျှောက်ကြည့်တတ်တာတွေ့ဖူးမှာပေါ့။ အဲဒါသူတို့ရဲ့လေ့လာသင်ယူနေတဲ့ ကြိုးပမ်းမှုတွေပါပဲ။မူကြိုကစကျောင်းစပို့ပြီဆို သူတို့ရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အရောင်တင်ပံ့ပိုးပေးတာဖြစ်လို့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကမြန်မြန်ဆန်ဆန်တိုးတက်လာပါလိမ့်မယ်။ ဒါပေမယ့် ဒီအခြေအနေမှာ အရေးပါတဲ့အချက်တစ်ချက်ကိုမေမေတို့မေ့မထားသင့်ပါဘူး။ ကလေးရဲ့ဖွံ့ဖြိုးမှုတိုင်းမှာ အားဖြည့်ပေးမယ့် အာဟာရပဲဖြစ်ပါတယ်။ ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ အမြင်အာရုံကောင်းဖို့ အကျိုးပြုမယ့် အာဟာရဓာတ်တွေ သူတို့စားတဲ့အထဲ ပါဝင်နေမှဖြစ်ပါမယ်။ မဟုတ်ရင် ဘယ်လောက်ကောင်းတဲ့ကျောင်းမှာထားထား၊ ဘယ်လောက်ပဲ သင်ပေးပေး ကလေးရဲ့ လေ့လာနိုင်စွမ်းကကောင်းမလာနိုင်ပါဘူး။ဒီတော့ ကလေးတွေကို ဉာဏ်ပိုကောင်းစေဖို့အထောက်အကူဖြစ်စေမယ့် အစားအသောက်တွေမေမေတို့ကျွေးပေးရင် ကွက်တိပဲပေါ့။ အဲဒီထဲမှာ ဘာတွေပါနိုင်လဲဆိုတော့ - ကြက်ဥ ကြက်ဥမှာပါတဲ့ ပရိုတင်းနဲ့ အာဟာရဓာတ်တွေက ကလေးကိုအာရုံစူးစိုက်မှုပိုကောင်းစေနိုင်ပါတယ်။ မကြာမကြာ ကြက်ဥပူတင်းလေးလုပ်ကျွေးမလား၊ ကြက်ဥပြုတ်ကျွေးမလားဒါမှမဟုတ် ပေါင်မုန့်ကြက်ဥကြော်ပေါ့။ ဒိန်ချဉ် အကျိုးပြုအဆီတွေကလည်း ဦးနှောက်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ အဆီမထုတ်ထားတဲ့ ဒိန်ချဉ်တွေဟာ ဦးနှောက်ဆဲလ်တွေကို အကြောင်းအရာသတင်းပေးပို့နိုင်စွမ်းနဲ့လက်ခံနိုင်စွမ်းပိုကောင်းအောင် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း