အခြား အဆစ်နှင့် အရွတ်ရောဂါများ

အခြား အဆစ်နှင့် အရွတ်ရောဂါများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြား အဆစ်နှင့် အရွတ်ရောဂါများ

အဆစ်အတွင်း သွေးယိုခြင်း

ကိုယ်ခန္ဓာရှိအဆစ်အမြစ်များအတွင်း သွေးယိုတဲ့ အခြေအနေ (Hemarthrosis) ကို ဆိုလိုပါတယ်။ ထိခိုက်ဒဏ်ရာရခြင်းကြောင့် ဖြစ်တတ်သလို ဟေမိုဖီးလျားခေါ် သွေးမတိတ်တဲ့ရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။ အရိုးအဆစ်များဟာ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတွေ ချောမွေ့စွာ လှုပ်ရှားနိုင်အောင် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ အကယ်၍ အဆစ်အတွင်းကို သွေးယိုစိမ့်ခဲ့ရင် ရောင်ရမ်းခြင်း၊ နာကျင်ခြင်းတွေဖြစ်တတ်ပါတယ်။ ထိရောက်စွာ မကုသရင် အမြဲတမ်းပျက်စီးသွားနိုင်ပါတယ်။ ဘာလက္ခဏာတွေရှိသလဲ အဆစ်အတွင်း သွေးယိုတဲ့အခါ ဖြစ်နိုင်တဲ့လက္ခဏာတွေကတော့ -              အဆစ်များ ရောင်ရမ်းခြင်း -              နာကျင်ကိုက်ခဲခြင်း -              နီရဲခြင်း -              အဆစ်များကို ဖိကြည့်လျှင် လေခိုသလိုဖြစ်နေခြင်း -              အဆစ်များတောင့်တင်းခြင်း -              သွေးခြည်ဥခြင်း -              ပုံမှန်လှုပ်ရှားနိုင်မှုမရှိခြင်း စတာတွေ ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်တတ်သလဲ အဆစ်အတွင်းသွေးယိုခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာများကတော့ -              ထိခိုက်ဒဏ်ရာရခြင်း၊ အရိုးကျိုးခြင်း၊ အရွတ်များစုတ်ပြဲခြင်း -              ခွဲစိတ်ကုသမှုခံယူခြင်း (မှန်ပြောင်းသုံး ခွဲစိတ်ခြင်း အပါအဝင်) -              သွေးယိုတတ်သောရောဂါများ (ဥပမာ ဟေမိုဖီးလျား) -              သွေးကျဲဆေးများ သောက်သုံးနေခြင်း -              ရောဂါပိုးဝင်ခြင်း -              […]

အခြား အဆစ်နှင့် အရွတ်ရောဂါများ ကို ရှာဖွေမည်။

အခြား အဆစ်နှင့် အရွတ်ရောဂါများ

လည်ပင်းအဆစ်များ အနေအထားမမှန်သူများ(အဆစ်ချော်သူများ)တွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်းများ

လည်ပင်းဆစ်ချော်ခြင်းသည် ရှားပါးပါသည်။ ထိုသို့ဖြစ်ခြင်းသည် လည်းပင်းနေရာရှိ အဆစ်များ အနေအထားချော်သွားခြင်းကြောင့် ဖြစ်ပါသည်။ တခါတရံတွင် လည်ပင်းတွင် နာကျင်ခြင်း၊ ထုံခြင်းနှင့် အားနည်းခြင်းတို့ ခံစားရတတ်ပါသည်။ သို့သော် ထိရောက်သော ကုသမှုများပြုလုပ်ပေးခြင်းဖြင့် နာကျင်ဝေဒနာများကို သက်သာစေပါသည်။ ထိုသို့သော ကုထုံးများတွက် အောက်ဖော်ပြပါ လေ့ကျင့်ခန်း ပြုလုပ်ခြင်းများ ပါဝင်ပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်း၏ ရည်ရွယ်ချက်များ လည်ပင်းဆစ်ချော်ခြင်းသည် အများအားဖြင့် လက္ခဏာပြလေ့မရှိပါ။ သို့သော် ထိုလက္ခဏာများပြလျှင်လည်း နာကျင်ခြင်းသည် အဖြစ်အများဆုံးဖြစ်ပြီး လည်ပင်းနေရာမှစပြီးနာကျင်ပြီး ခေါင်း၊ ပခုံးများ၊ လက်မောင်းများနှင့် လက်ချောင်းများအထိ နာကျင်မှုများဖြစ်တတ်ပါသည်။ နာကျင်မှုသည် လည်ပင်းလှုပ်လိုက်သော အခါပိုဆိုးတတ်ပါသည်။ တခါတရံတွင် လည်ပင်းကြွက်သားများတောင့်တင်းခြင်း၊ ဇက်ကြောတက်ခြင်း၊ လည်ပင်းကောင်းစွာ မလှုပ်နိုင်ခြင်း စသည့်လက္ခဏာများ ပြလေ့ရှိပါသည်။ ထို့ကြောင့် လည်ပင်းဆစ်ချော်ခြင်းဝေဒနာ ခံစားနေရသူများတွင် လေ့ကျင့်ခန်းပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ ကျီးပေါင်းဖြစ်သော နေရာတွင် နာကျင်မှုများကို သက်သာစေရန်၊ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Turf toe (ခြေမအဆစ်လွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Turf toe (ခြေမအဆစ်လွဲခြင်း) ကဘာလဲ။ ခြေချောင်းအဆစ်လွဲခြင်းသည် ခြေမရှိ အဆစ်လွဲခြင်းဖြစ်သောအခြေအနေများကိုပေါင်းခေါ်ခြင်းဖြစသည်။ များသောအားဖြင့် ဘောလုံးသမားများတွင်ဖြစ်တတ်သော်လည်း အခြားအားကစားသမား များ( ဆောစာ ဘက်စကတ်ဘော နပမ်းသမား နှင့် အကသမား)များတွင်လည်းဖြစ်တတ်သည်။ ပြေးခြင်းခုန်ခြင်းတွင် ခြေမကိုခဏခဏဖိခြင်း သို့မဟုတ် တွန်းထားခြင်းတို့ကြောင့်ပိုဖြစ်နိုင်သည်။ Turf toe (ခြေမအဆစ်လွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများTurf toe (ခြေမအဆစ်လွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ခြေမအဆစ်လွဲခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ နာခြင်း ယောင်ခြင်း နှင့် ခြေမအောက်မှ မလှုပ်ရှားနိုင်ခြင်းတို့ဖြစ်တတ်သည်။ မကြာခဏထိခိုက်မိကြောင့်ဖြစ်ပါကထိုလက္ခဏာများသည် ဖြည်းဖြည်းချင်း ပိုဆိုးလာတတ်သည်။ ရုတ်ချည်း အင်အားများထိခိုက်ခြင်းကြောင့်ဖြစ်ပါက အနာသည် ၂၄နာရီအတွင်း နာပြီးပိုဆိုးလာတတ်သည်။ တခါတရံ ထိခိုက်မိချိန်တွင် ဖောက်ခနဲမြည်သံကြားရနိုသည်။ အဆစ်တစ်ခုလုံးပါတတ်ပြီး ခြေမမလှုပ်နိုင်ပဲဖြစ်တတ်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Posterior cruciate ligament (PCL) injury (အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Posterior cruciate ligament (PCL) injury (အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်း) ကဘာလဲ။ အနောက် ခရုစိတ်အရွတ်က ဒူးခေါင်းတွင်ရှိသည်။ အရွတ်သည် မာသော တစ်သျူးအမျှင်ဖြစ်ပြိး အရိုးများကို ဆက်ပေးသည်။ အနောက်ခရုစိတ်အရွတ်သည် အရှေ့ခရုစိတ်အရွတ်နင့်ဆင်တူသည်။ ပေါင်အရိုးနှင့်အခြေထောက်အရိုးကိုဆက်ပေးသည်။ အရှေ့ခရုစိတ်အရွတ်ထက်ပိုကြီးပိုသန်သော်လည်း ပျက်စီးနိုင်သည်။ အနောက်ခရုစိတ်အရွတ်ကိုထိခိုက်မိက ဒူးခေါင်းရှိ အခြားအရွတ်များကိုလည်း ပျက်စေသည်။ အချို့သောကိစ္စများတွင် အရွတ်သည် အောက်ရှိ အရိုးကိုပါ တစ်စစီကျိုးစေနိုင်သည်။ Posterior cruciate ligament (PCL) injury (အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒူးခေါင်း ၏၂၀ရာခိုင်နှုန်းသည် အနောက်ခရုစိတ်အရွတ်ထိခိုက်မိခြင်းဖြစ်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများPosterior cruciate ligament (PCL) injury (အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အနည်းငယ်မှ အတန်သင့်ဒူးတွင်နာခြင်းကြောင့် လမ်းလျောက်ရန်ခက်ခြင်း ဒူးခေါင်းတွင်ယောင်ခြင်း နာရီအနည်းငယ်အတွင်း အမြန်ဖြစ်လာသည်။ ဒူးမခိုင်ခြင်း ဒူးခေါင်းအပြင် အခြားထိခိုက်မှုများနှင့်ဆက်စက်နေပါက အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်းရောဂါလက္ခဏာသိပ်မပြသောကြောင့် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Cervical Herniated Disc (လည်ပင်းရိုးဆစ်အရိုးနုပြားကျွံခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cervical Herniated Disc (လည်ပင်းရိုးဆစ်အရိုးနုပြားကျွံခြင်း) ကဘာလဲ။ လည်ပင်းကျောရိုးဆစ် နှစ်ခုကြားမှာရှိတဲ့ အရိုးနုချပ်ပြားရဲ့ အလည်အူတိုင် ကျွံထွက်ခြင်းကြောင့်ဖြစ်စေ၊ အရိုးနုချပ်ပြားဆီမှ ချော်ထွက်ခြင်းကြောင့်ဖြစ်စေ ၎င်းနှင့်ကပ်လျက် အာရုံကြောအရင်းပိုင်းကို ဖိမိမယ်ဆိုရင် ဒါကို လည်ပင်းရိုးဆစ် အရိုးနုပြားကျွံခြင်းလို့ ခေါ်ပါတယ်။ Cervical Herniated Disc (လည်ပင်းရိုးဆစ်အရိုးနုပြားကျွံခြင်း) က ဘယ်လောက်အဖြစ်များသလဲ အရိုးနုပြားကျွံထွက်ခြင်းဟာ ကျောရိုးမကြီးရဲ့ ဘယ်နေရာမှာမဆို ဖြစ်ပေါ်နိုင်ပြီး လည်ပင်းပိုင်းနဲ့ ခါးအောက်ပိုင်းမှာ အများဆုံးဖြစ်တတ်ပါတယ်။ အသက် ၃၀မှ ၅၀ကြား အုပ်စုတွေမှာ ဖြစ်လေ့ရှိပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများCervical Herniated Disc (လည်ပင်းရိုးဆစ်အရိုးနုပြားကျွံခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဒီရောဂါကြောင့် လည်ပင်း၊ ပုခုံး၊ ရင်ဘတ်၊ လက်မောင်းနဲ့ လက်တွေ နာကျင်ခြင်း၊ ထုံခြင်း၊ အားနည်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ ကျွံထွက်တဲ့ လည်ပင်းအရိုးနုပြားက အလွန်ကြီးနေမယ်ဆိုရင်တော့ ခြေထောက်အပါအဝင် ခန္ဓါကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Cervical spinal stenosis (လည်ပင်းရိုးဆစ်အပေါက်ကျဉ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cervical spinal stenosis (လည်ပင်းရိုးဆစ်အပေါက်ကျဉ်းခြင်း) ကဘာလဲ။ လည်ပင်းရိုးဆစ်အပေါက်ကျဉ်းခြင်းဆိုတာ လည်ပင်းပိုင်းမှာရှိတဲ့ ဗဟိုအာရုံကြောလမ်းကြောင်း ကျဉ်းမြောင်းခြင်းကို ခေါ်ပါတယ်။ ခန္ဓါကိုယ် အလယ်ဗဟိုတလျောက်က အပေါက်ပါတဲ့ ကျောရိုးဆစ်တွေ စီတန်းလိုက်တဲ့အခါ ဗဟိုအာရုံကြောလမ်းကြောင်းဆိုတာ ဖြစ်လာပါတယ်။ အဲဒီဗဟိုအာရုံကြောလမ်းကြောင်းတလျောက် ဦးနှောက်ကနေ ခါးအောက်ပိုင်းအထိ တဖြောင့်ထဲဆင်းသွားတဲ့ အာရုံကြောအစုအဝေးကိုတော့ ဗဟိုအာရုံကြောမကြီးလို့ ခေါ်ပါတယ်။ ဒီအာရုံကြောတွေက ခံစားမှု၊ လှုပ်ရှားမှု၊ ဆီးဝမ်းသွားခြင်းနဲ့ ကိုယ်ခန္ဓါရဲ့ အခြားလုပ်ငန်းဆောင်တာတွေကို ထိန်းညှိပေးပါတယ်။ လည်ပင်းရိုးဆစ်မှာရှိတဲ့ ဗဟိုအာရုံကြောလမ်းကြောင်း ကျဉ်းမြောင်းလာတဲ့အခါ ဗဟိုအာရုံကြောမကြီးကနေ အာရုံကြောတွေ ခွဲဖြာထွက်တဲ့ အရင်းပိုင်းနေရာကို ညှပ်မိဖိမိတဲ့အပြင် ဗဟိုအာရုံကြောမကြီးကိုပါ သွားဖိမိတဲ့အထိ ဖြစ်တတ်ပါတယ်။ လည်ပင်းရိုးဆစ်ဆိုတာက ဦးခေါင်းပိုင်းနဲ့ ရင်ခေါင်းပိုင်းကြားက ကျောရိုးဆစ်ခုနစ်ခုကို ခေါ်တာဖြစ်ပါတယ်။ ဒီအရိုးဆစ်တွေကြား ဖြတ်သန်းသွားတဲ့ အာရုံကြောတွေနဲ့ ဗဟိုအာရုံကြောမကြီးရဲ့ အစိတ်အပိုင်းကို ညှစ်မိခြင်းအားဖြင့် ၎င်းတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပြောင်းလဲစေနိုင်သလို […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Degenerative disc disease (အရွတ်ပြားပျက်သုဉ်းခြင်းရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Degenerative disc disease (အရွတ်ပြားပျက်သုဉ်းခြင်းရောဂါ) ကဘာလဲ။ Degenerative disc disease ဆိုတာ ရောဂါ အစစ်တစ်ခု မဟုတ်ပါ။ အသက်ကြီးလာသည်နှင့် အမျှ သင့်ရဲ့ ကျောရိုးများကြားရှိ အရွတ်ပြားများ တွင် ခံစားရမည့် သာမာန်ပြောင်းလဲမှုများ ပဲဖြစ်ပါတယ်။ အသက်ကြီးလာသည်နှင့်အမျှ ကျောရိုးများကြားရှိ အရွတ်ပြားများသည် ရေဓါတ်နည်းပါးလာပြီး ပါးလာကာ ကျောရိုးနှစ်ခုကို ပူးသွားစေပါတယ်။ ထိုအခါ ကျောရိုးရှိ အာရုံကြောများ ဖြတ်သန်းရာ အပေါက်များ ပါကျဉ်းသွားကာ အထူးသဖြင့် သင်လမ်းလျှောက်စဉ်၊ ပြေးစဉ်၊ ခုန်စဉ်တွင် ထိုအရွတ်ပြားက ကောင်းကောင်း မထိန်းထားနိုင်တော့ပေ။ ဒီအခြေအနေဟာ ကျောရိုးတစ်လျှောက် အဆစ်မရွေးမှာ ဖြစ်နိုင်ပါတယ်။ ခါးရိုးပိုင်း နဲ့ လည်ပင်းပိုင်း အရွတ်များမှာ အဖြစ်များပါတယ်။ ထိုသို့ဖြစ်ပါက -လည်ပင်း/ခါး နာခြင်း -အဆစ်များကြား ရှိ အရိုးနုများပါ ပါးလာကာ အရိုးနဲ့ အဆစ်များရောင်ရမ်းခြင်း -ကျောရိုး အရွတ်ပြား ကျွံထွက်လာခြင်း -အာရုံကြောမကြီး […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Rotator Cuff Tendonitis (ပခုံးဆစ်အရွတ်ရောင်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Rotator Cuff Tendonitis (ပခုံးဆစ်အရွတ်ရောင်ရောဂါ) ကဘာလဲ။ ပခုံးဆစ်အရွတ်ရောင်ရောဂါဆိုသည်မှာ ပခုံးဆစ်၏လှုပ်ရှားမှုအား ကူညီပေးသော ကြွက်သားများနှင့်အရွတ်များတွင်ဖြစ်သည့် ရောဂါ ဖြစ်သည်။ သင့်တွင်ထိုရောဂါရှိပါက သင့်ပခုံးဆစ်အရွတ်များသည် ရောင်ရမ်းထိခိုက်မှုရှိနေသည်ဟုဆိုလိုခြင်းဖြစ်သည်။ ပခုံးဆစ်အရွတ်ရောင်ရောဂါကို impingement ရောဂါစုဟုလည်း ခေါ်သည်။ အချိန် နှင့်အမျှလိုက်ပြီး ဖြစ်ပွားလာသောရောဂါဖြစ်ပြီး ပခုံးအားပုံစံတစ်မျိုး ထဲတွင် ထားသောကြောင့်ဖြစ်တတ်သည်။ ညတိုင်း ပခုံးတခုဘက် လှည့်၍ဖိအိပ်ခြင်း(သို့)လက်ကို ခေါင်းအထက်ဆန့်တန်းလုပ်ကိုင် ရသောလှုပ်ရှားမှုများကို လုပ်ကိုင်ခြင်း စသည်တို့ပါဝင်သည်။ Rotator Cuff Tendonitis (ပခုံးဆစ်အရွတ်ရောင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ပခုံးဆစ်အရွတ်ရောင်ရောဂါသည် လက်ကို ခေါင်းအထက်ဆန့် တန်းလှုပ်ရှားကစားရန်လိုအပ်သည့်အားကစားများပြုလုပ်သူများ တွင်အများအားဖြင့်အဖြစ်များသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများRotator Cuff Tendonitis (ပခုံးဆစ်အရွတ်ရောင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ပခုံးဆစ်အရွတ်ရောင်ရောဂါရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ပခုံးဆစ်အရွတ်ရောင်ရောဂါရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ပခုံးရှေ့နှင့်လက်မောင်းဘေးတွင် ရောင်ရမ်းနာကျင်ကိုက်ခဲလာခြင်း လက်မောင်းကို နှိမ့်ခြင်း(သို့)မြှောက်ခြင်းပြုလုပ်သောအခါ နာကျင်ကိုက်ခဲခြင်း လက်မောင်းမြှောက်သောအခါ တဆစ်ဆစ်အသံမြည်ခြင်း ပခုံးတောင့်ခြင်း၊ခိုင်ခြင်း သင့်အားအိပ်နေရာမှာ နိုးစေလောက်သည့်နာကျင်ကိုက်ခဲမှုဖြစ်လာခြင်း မိမိနောက်ကျောသို့လက်လှမ်းကြည့်သောအခါ နာကျင်ခြင်း ဖြစ်ပွားသည့်ဘက်ရှိလက်မောင်းတွင် လှုပ်ရှားမှုနှင့် ခိုင်ခံ့ မှုဆုံးရှံူးခြင်း စသည်ဖြင့်ဖြစ်သည်။ ပခုံးဆစ်အရွတ်ရောင်ရောဂါ၏လက္ခဏာများသည် အချိန်ကြာလာ သည်နှင့်အမျှပိုဆိုးလာတတ်သည်။ အစောပိုင်းလက္ခဏာများသည် ပခုံးအားအနားပေးလိုက်ရုံနှင့်သက်သာသွားနိုင်သော်လည်း နောက်ပိုင်းတွင် ရောဂါလက္ခဏာများတောက်လျှောက်ပြလာနိုင်ပါ သည်။ တံထောက်ဆစ်အကျော်တွင်ဖြစ်သော ရောဂါလက္ခဏာများ သည် အခြားသောရောဂါတခုဖြစ်နေသည်ဟုဆိုလိုသည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Legg-Calve - Perthes (ပေါင်ရိုးထိပ်ပိုင်း ပျက်စီးခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Legg-Calve – Perthes (ပေါင်ရိုးထိပ်ပိုင်း ပျက်စီးခြင်း ) ကဘာလဲ။ Legg-Calve-Pethes ဆိုတာ ဘောလုံးပုံသဏ္ဍာန်ရှိတဲ့ ပေါင်ရိုးထိပ်ပိုင်း (အရင်းပိုင်း) ကို လုံလောက်တဲ့သွေးလှည့်ပတ်မှု မရရှိခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတစ်ခုပါ။ သွေး လုံလုံလောက်လောက် မရခြင်းဟာ ပေါင်ရိုးထိပ်ပိုင်းကို ပျက်စီးစေပြီး တသက်လုံး ပုံပျက်သွားစေပါတယ်။ ပုံမှန်လူ့ခန္ဓါကိုယ် တည်ဆောက်ပုံအရ ဘောလုံးပုံသဏ္ဍာန်ရှိတဲ့ ပေါင်ရိုးထိပ်ပိုင်းဟာ တင်ပါးဆုံခွက်ထဲကို အလိုက်သင့် အံဝင်ခွင်ကျဖြစ်နေပြီး သွေးလှည့်ပတ်မှု ပြတ်တောက်သွားတာနဲ့အမျှ အရိုးဟာ မရှင်သန်နိုင်တော့ဘဲ ပျက်စီးသွားရပါတယ်။ ပေါင်ရိုးထိပ်ပိုင်း ပြားပြီးပုံပျက်သွားတဲ့အတွက် တင်ပါးဆုံခွက်ထဲကနေ လွဲထွက်နိုင်ခြေရှိပြီး သူနဲ့တွယ်ဆက်ထားတဲ့ အရိုးနုဟာလည်း ထောက်ကန်ပေးမယ့် အရိုးမရှိတော့တဲ့အတွက် နောက်ဆုံးမှာ ပေါင်းရိုးထိပ်ပိုင်း လုံးဝဥသုံ ပျက်စီးသွားတဲ့အထိ ဖြစ်နိုင်ပါတယ်။   Legg-Calve – Perthes (ပေါင်ရိုးထိပ်ပိုင်း ပျက်စီးခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Frozen Shoulder (ပခုံးခိုင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Frozen Shoulder (ပခုံးခိုင်ခြင်း) ကဘာလဲ။ ပခုံးခိုင်ခြင်းဆိုသည်မှာ သင်၏ပခုံးသည်နာကျင်နေခြင်း၊မာတောင့်သွားခြင်းနှင့်နဂိုအတိုင်းမလှုပ်ရှားနိုင်ခြင်းတို့ဖြစ်ပေါ်နေခြင်းကိုဆိုလိုသည်။ ပခုံးအားထိခိုက်ဒဏ်ရာရခြင်း(သို့)အလွန်အကျွံအသုံးပြုခြင်း(သို့)ဆီးချို၊လေဖြတ်စသောရောဂါများကြောင့်လည်းဖြစ်ပွားတတ်သည်။ ပခုံးဆစ်နားရှိတစ်ရှူးများသည် မာကျောလာကာအမာရွတ်တစ်ရှူးများဖြစ်ပေါ်လာပြီးပခုံးအားလှုပ်ရှားမှုသည် ခက်ခဲနာကျင်လာတတ်သည်။ အများအားဖြင့် ထိုကဲ့သို့ဖြည်းဖြည်းသာဖြစ်လေ့ရှိပြီး တစ်နှစ်(သို့)ထို့ထက်ပိုသောနှစ်များအတွင်း တဖြည်းဖြည်းသက်သာသွားလေ့ရှိသည်။ Frozen Shoulder (ပခုံးခိုင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများFrozen Shoulder (ပခုံးခိုင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ပခုံးခိုင်ခြင်းရဲ့အဖြစ်အများဆုံးရောဂါလက္ခဏာ ကတော့ တောက်လျှောက်နာကျင် တောင့်ခဲနေသော ပခုံးဆစ်ပင်ဖြစ်သည်။ ထိုလက္ခဏာများသည် ဖြည်းဖြည်းချင်းသာဖြစ်ပေါ်လာတတ်သည်။ အများအားဖြင့် အဆင့်သုံးဆင့်တွင် လက္ခဏာများသည် တဖြည်းဖြည်းပိုဆိုးလာတတ်ပြီး 2နှစ်အတွင်း ပျောက်ကင်းသွားတတ်သည်။ ပခုံးခိုင်ခြင်းသည်အဆင့်သုံးဆင့်တွင် ဖြည်းဖြည်းချင်းဖြစ်ပေါ်တတ်သည်။ အဆင့်တခုသည် လအနည်းငယ်ကြာမြင့်တတ်သည်။ Freezing အဆင့် – ပခုံး၏လှုပ်ရှားမှုတိုင်းသည် နာကျင်စေပြီး လှုပ်ရှားနိုင်သည့် အတိုင်းအတာပမာဏမှာ နည်းပါးလာတတ်သည်။ Frozen အဆင့် – နာကျင်မှုသည်ယခုအဆင့်တွင် စတင်နည်းပါးလာသော်လည်း သင်၏ ပခုံးသည် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Clubfoot (ခြေခွင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Clubfoot (ခြေခွင်ခြင်း) ကဘာလဲ။ ခြေခွင်ခြင်းဆိုတာဟာ မွေးရာပါ ခြေထောက်ပုံစံမူမှန်တာတစ်မျိုးဖြစ်ပြီး သင့်ကလေးခြေထောက်တွေဟာ ပုံစံအနေအထားတွေက လိမ်ပြီးအတွင်းကို ခွင်နေခြင်းကိုဆိုပါတယ်။ ဒီခြေခွင်ခြင်းမှာ အရိုးတွေကို လှမ်းဆက်သွယ်ထား တဲ့ကြွက်သားတွေဟာ ပုံမှန်ထက်တိုနေသလိုဖြစ်နေတာပါ။ ခြေခွင်ခြင်းဟာ အတွေ့ရများတဲ့ မွေးရာပါ ချိ ု့ယွင်းချက်ဖြစ်ပြီးသီးခြားတွေ့ရတဲ့ပြသနာတစ်ခုဖြစ်ပါတယ်။ ခြေခွင်ခြင်းဟာ သိပ်မဆိုးတာရယ် အရမ်းဆိုးတာရယ်ဆိုပြီးရှိပါတယ်။ ဒီခြေခွင်ခြင်းဖြစ်တဲ့ကလေးအများစုရဲ့တစ်ဝက်လောက်က ခြေထောက်နှစ်ဖက်စလုံးခွင်ကြပါတယ်။ ဒီလိုခြေခွင်တာရှိခဲ့ပါက သင့်ကလေးက ပုံမှန်အတိုင်းလမ်းလျှောက်နိုင်ဖို့ခက်ခဲမှာပါ။ အဲ့ဒါကြောင့်သင့်ဆရာဝန်ကလည်း မွေးပြိးပြီးချင်းကုသမှုခံယူဖို့အကြံပေးမှာပါ။ ဆရာဝန်တွေက ဒီခြေခွင်ခြင်းကို ခွဲစိတ်မှုမပြ ုလုပ်ပဲ အောင်မြင်စွာကုသနိုင်ကြပါတယ်။ ဒါပေမယ့်လည်းတစ်ချို့ကလေးတွေမှာတော့ နောက်ပိုင်းမှာ ခွဲစိတ်ဖို့လိုတတ်ပါတယ်။ Clubfoot (ခြေခွင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ခြေခွင်ခြင်းဆိုတာဟာ အတွေ့ရများတဲ့ မွေးရာပါ ချိ ု့ယွင်းချက်တစ်ခုဖြစ်ပါတယ်။ အမေရိကားနိုင်ငံမှာ ၁၀၀၀မှာ၁ယောက်ကတော့ ဒီခြေခွင်ခြင်းမျိုးနဲ့မွေးလာတတ်ပါတယ်။ အခြားအချက်အလက်များကို သိရဖို့သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများClubfoot (ခြေခွင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အတွေ့ရများတဲ့ လက္ခဏာတွေကတော့ -ခြေထိပ်လေးက အောက်ဘက်နဲ့အတွင်းဘက်ကိုလိမ်နေပြီးခြေထောက်ကိုခုံးသလိုဖြစ်စေပြီး အတွင်းကိုလိမ်တဲ့ပုံရှိပါတယ်။ ခြေထောက်က တအားဆိုးတဲ့အနေအထားမျိုးမှာဆိုရင် ခြေထောက်ကို ဇောက်ထိုးထောင်ထားသလိုကိုဖြစ်နေတတ်ပါတယ်။ ခွင်တဲ့ဘက်က ခြေထောက် ဟာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း