အခြား အဆစ်နှင့် အရွတ်ရောဂါများ

အခြား အဆစ်နှင့် အရွတ်ရောဂါများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြား အဆစ်နှင့် အရွတ်ရောဂါများ

အဆစ်အတွင်း သွေးယိုခြင်း

ကိုယ်ခန္ဓာရှိအဆစ်အမြစ်များအတွင်း သွေးယိုတဲ့ အခြေအနေ (Hemarthrosis) ကို ဆိုလိုပါတယ်။ ထိခိုက်ဒဏ်ရာရခြင်းကြောင့် ဖြစ်တတ်သလို ဟေမိုဖီးလျားခေါ် သွေးမတိတ်တဲ့ရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။ အရိုးအဆစ်များဟာ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတွေ ချောမွေ့စွာ လှုပ်ရှားနိုင်အောင် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ အကယ်၍ အဆစ်အတွင်းကို သွေးယိုစိမ့်ခဲ့ရင် ရောင်ရမ်းခြင်း၊ နာကျင်ခြင်းတွေဖြစ်တတ်ပါတယ်။ ထိရောက်စွာ မကုသရင် အမြဲတမ်းပျက်စီးသွားနိုင်ပါတယ်။ ဘာလက္ခဏာတွေရှိသလဲ အဆစ်အတွင်း သွေးယိုတဲ့အခါ ဖြစ်နိုင်တဲ့လက္ခဏာတွေကတော့ -              အဆစ်များ ရောင်ရမ်းခြင်း -              နာကျင်ကိုက်ခဲခြင်း -              နီရဲခြင်း -              အဆစ်များကို ဖိကြည့်လျှင် လေခိုသလိုဖြစ်နေခြင်း -              အဆစ်များတောင့်တင်းခြင်း -              သွေးခြည်ဥခြင်း -              ပုံမှန်လှုပ်ရှားနိုင်မှုမရှိခြင်း စတာတွေ ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်တတ်သလဲ အဆစ်အတွင်းသွေးယိုခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာများကတော့ -              ထိခိုက်ဒဏ်ရာရခြင်း၊ အရိုးကျိုးခြင်း၊ အရွတ်များစုတ်ပြဲခြင်း -              ခွဲစိတ်ကုသမှုခံယူခြင်း (မှန်ပြောင်းသုံး ခွဲစိတ်ခြင်း အပါအဝင်) -              သွေးယိုတတ်သောရောဂါများ (ဥပမာ ဟေမိုဖီးလျား) -              သွေးကျဲဆေးများ သောက်သုံးနေခြင်း -              ရောဂါပိုးဝင်ခြင်း -              […]

အခြား အဆစ်နှင့် အရွတ်ရောဂါများ ကို ရှာဖွေမည်။

အခြား အဆစ်နှင့် အရွတ်ရောဂါများ

Kyphosis (ခါးကုန်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Kyphosis (ခါးကုန်းခြင်း) ကဘာလဲ။ ခါးကုန်းတယ်ဆိုတာ နောက်ဘက်ကျောရိုးမက ရှေ့ဘက်ကို ကွေးသွားတာကိုခေါ်ပါတယ်။ နည်းနည်းပါးပါးကွေးတာကတော့ပုံမှန်ပါပဲ ဒါပေမယ့် “ခါးကုန်းခြင်း” ဆိုတာကတော့ တော်တော်များများ ကွေးသွားတာကို ရည်ညွှန်းခေါ်ဆိုပါတယ်။ လူတိုင်းက သူတို့ရဲ့ ကျောရိုးမမှာ ဒီဂရီအနည်းငယ်လောက်ကွေးတာတော့ရှိပါတယ်။ သို့သော်လည်း ၄၅ဒီဂရီထက်ပိုပြီးကွေးရင်တော့ တအားဆိုးတယ်လို့ယူဆပါတယ်။ Kyphosis (ခါးကုန်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ခါးကုန်းခြင်းဆိုတာ မည်သည့်အသက်အရွယ်မဆိုဖြစ်နိုင်ပြီး အမျိုးသမီးကော အမျိုးသားမှာပါ ဖြစ်နိုင်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်တယ်ဆိုပေမယ့် အသက်ကြီးတဲ့အမျိုးသမီးတွေမှာ ပိုတွေ့ရလေ့ရှိပါတယ်။ (တစ်ခြား အချက်အလက်တွေသိရဖို့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။) လက္ခဏာများKyphosis (ခါးကုန်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အတွေ့ရများတဲ့ ခါးကုန်းခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့ -ရှေ့ဘက်ကိုကုန်းကုန်းကြီး ဖြစ်နေတဲ့အသွင်အပြင် ဘေးဘက်ကနေကြည့်ရင်တော့ လူနာက ရှေ့ကိုကုန်းနေတဲ့ပုံစံလို့ ပြောလို့ရပါတယ် -သိပ်မပြင်းထန်တဲ့ ခါးနာခြင်းကနေ ပြင်းထန်သောခါးနာခြင်း -အရပ်ပုသွားခြင်း -တစ်နေကုန်တောက်လျှောက် မတ်မတ်ရပ်နေဖို့ခက်ခဲ့ခြင်း -ပင်ပန်းနွမ်းနယ်ခြင်း (အပေါ်မှာမပြောထားတဲ့ တစ်ခြားရောဂါလက္ခဏာတွေကျန်နေနိုင်ပါသေးတယ်။ တကယ်လို့ ရောဂါလက္ခဏာတစ်ခုခုအကြောင်း သိချင်ပါက သင့်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။) ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အပေါ်ကပြောခဲ့တဲ့ လက္ခဏာတွေရှိခဲ့မယ်ဆိုရင် ဒါမှမဟုတ်မေးစရာမေးခွန်းတွေရှိမယ်ဆိုရင် သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Dupuytren's Contracture (လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dupuytren’s Contracture (လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်း(ဂျူပြူထရန်း ကွန်ထရာရှာ)) ကဘာလဲ။ လက်ချောင်းသို့မဟုတ် လက်ဖဝါး၏အရေပြားအောက်တွင် ဆဲလ်စုသို့မဟုတ် အကျိတ်များပေါ်လာသောရောဂါဖြစ်သည်။ ထိုကြောင့်လက်ချောင်းများတောင့်တင်းလာမည်။ လက်သူကြွယ် လက်သန်းရှိ ဒုတိယနှင့်တတိယအဆစ်များတွင်ပိုဖြစ်တတ်သည် (လက်ဖဝါးနှင့်နီးသောလက်ဆစ်) ကွေးလာ၍ ဖြောင့်တန်းရခက်လာမည်။ ဆဲလ်စု ၏အခြေအနေပေါ်မူတည်၍ ကုသမှုလဲပြောင်းလဲနိုင်သည်။ Dupuytren’s Contracture (လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်း(ဂျူပြူထရန်း ကွန်ထရာရှာ)) က ဘယ်လောက်အဖြစ်များသလဲ ဤရောဂါသည် အရွတ်အဆစ်ယောင်ခြင်းဖြစ်တတ်သည့် အသက် လေးဆယ်နှင့် ခြောက်ဆယ်ကြားတွင်ပိုဖြစ်တတ်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDupuytren’s Contracture (လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်း(ဂျူပြူထရန်း ကွန်ထရာရှာ)) ရဲ့လက္ခဏာတွေကဘာတွေလဲ နှစ်ကြာရှည်စွာတဖြည်းဖြည်းဖြစ်တတ်သည်။ လက်အရေပြားထူလာခြင်းမှစတတ်သည်။ ထို့နောက် လက်အရေပြားများ ရှုံခြင်း ချိုင့်ဝင်ခြင်းများဖြစ်တတ်သည်။ လက်ဖဝါးပေါ်တွင် မာသောအလုံးများပေါ်လာတတ်သည်။ ထိုအလုံးအား ထိရင်သိသော်လည်း ပုံမှန်အားဖြင့်မနာတတ်ပါ။ နောက်ပိုင်းတွင် လက်ဖဝါးအောက်ရှိတစ်သျူးအမျှင်များ လက်ချောင်းအတွင်းထိရောက်လာတတ်သည်။ ထိုအမျင်များ ဆွဲခြင်းကြောင့် လက်ချောင်းသည် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Charcot Joint (neuropathic arthropathy) (ချာကော့ အဆစ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Charcot Joint (neuropathic arthropathy) (ချာကော့ အဆစ်ရောဂါ) ကဘာလဲ။ ဆီးချိုသွေးချိုကြောင့် အာရုံကြောထိခိုက်မှုက အဆစ်တွေပျက်စီးသွားစေတဲ့အခြေအနေကိုခေါ်ပါတယ်။ အာရုံကြောကြောင့်အရိုးအဆစ်ပျက်ဆီးခြင်းတစ်မျိုးဖြစ်တယ်။ ဆီးချိုသွေးချိုရှိသူတွေရဲ့ ခြေကျင်းဝတ်နဲ့ ခြေထောက်တွေမှာ တွေ့ရတတ်ပါတယ်။ ခြေထောက်မှာရှိတဲ့ အာရုံကြောတွေ ထိခိုက်ခြင်း၊ ပျက်စီးခြင်းက ဆီးချိုသွေးချိုရှိသူတွေမှာ ဖြစ်လေ့ရှိတာပဲဖြစ်တယ်။ အဲ့ကနေ Charcot joint ဆိုတဲ့ အဆစ်ထိခိုက်ခြင်းကိုဖြစ်သွားစေတတ်ပါတယ်။ အာရုံကြောတွေ လုပ်ဆောင်ချက်အားနည်း၊ ယိုယွင်းလာတဲ့အခါ ထုံကျဉ်လာတယ် ထိုအခါ မသိလိုက်ဘဲ ခြေထောက်လိမ်ခြင်း၊ အရွတ်များဒဏ်ဖြစ်သွားခြင်းတွေဖြစ်တတ်တယ်။ ထိုအခါမှာ အဆစ်တွေပေါ် ဖိအားဖြစ်လာပြီး အဆစ်များထိခိုက်ပျက်စီးလာရပါတော့တယ်။ ပြင်းထန်တဲ့ထိခိုက်မှုတွေက ခြေထောက်နဲ့ တခြားအဆစ်တွေကို ထာဝရပျက်စီးခြင်းတောင်ဖြစ်စေနိုင်တယ်။ Charcot Joint (neuropathic arthropathy) (ချာကော့ အဆစ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အာရုံကြောထိခိုက်နေတဲ့ ဆီးချိုသွေးချိုဝေဒနာရှင် ဝ.၈ မှ ၇.၅ ရာခိုင်နှုန်းထိ ဖြစ်တတ်ပြီး ထိုကဲ့သို့ရောဂါရှိသူတွေရဲ့ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Cervical Spondylosis (လည်ပင်းကြီးပေါင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cervical Spondylosis (လည်ပင်းကြီးပေါင်း) ကဘာလဲ။ လည်ပင်းရိုးထိခိုက်ရောင်ရမ်းခြင်းတစ်မျိုးဖြစ်ပြီး အသက်အရွယ်နဲ့ဆိုင်တဲ့ ဖြစ်လေ့ရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဇက်ကျောရိုးမကြီးမှာရှိတဲ့ အရွတ်နဲ့ အရိုးတွေထိခိုက်ခြင်းကြောင့်ဖြစ်ရတယ်။ အသက်အရွယ်အလိုက်ဖြစ်ပေမယ့် တချို့သော ရောဂါဖြစ်ခြင်းကို အားပေးတဲ့အချက်တွေကြောင့်လည်း ဖြစ်နိုင်ချေများနိုင်ပါတယ်။ တချို့အတွက်တော့ နာတာရှည်ပြင်းထန်စွာ ဇက်တောင့်ခြင်း၊ နာခြင်း၊ ကိုက်ခဲခြင်းများဖြစ်နိုင်ပြီး အများစုကတော့ ပုံမှန်နေ့စဉ်အလုပ်တွေကို အနှောင့်အယှက်မရှိ လုပ်နိုင်ပါတယ်။ Cervical Spondylosis (လည်ပင်းကြီးပေါင်း) က ဘယ်လောက်အဖြစ်များသလဲ အသက် ၆၀ ကျော်လူတွေရဲ့ ၈၅ ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပြီး တချို့ကတော့ လုံးဝလက္ခဏာမခံစားရပါဘူး။ အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။ လက္ခဏာများCervical Spondylosis (လည်ပင်းကြီးပေါင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အများစုကလက္ခဏာမခံစားရတတ်ပါဘူး။ ခံစားရမယ်ဆိုရင်လည်း လက္ခဏာတွေကတော့ ရုတ်တရတ် ဒါမှမဟုတ် ဖြေးဖြေးချင်းပေါ်လာနိုင်ပြီး သာမန်ကနေ ပြင်းပြင်းထန်ထန်ထိရှိနိုင်ပါတယ်။ လူသိများတဲ့လက္ခဏာတစ်ခုကတော့ ပုခုံးရိုးတလျှောက်နာကျင်ခြင်းဖြစ်တယ်။ လက်မောင်းနဲ့ လက်ချောင်းတွေထိ နာကျင်နိုင်ပါတယ။် မတ်တပ်ရပ်လိုက်ခြင်း ထိုင်လိုက်ခြင်း နှာချေခြင်း ချောင်းဆိုးခြင်း ခေါင်းမော့ခြင်း တွေကြောင့် နာကျင်မှုပိုဆိုးနိုင်တယ်။ တခြားလက္ခဏာကတော့ ကြွက်သားများအားနည်းခြင်းဖြစ်တယ်။ ကြွက်သားများအားနည်းခြင်းကြောင့် လက်မြှောက်ခြင်း၊ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Bunions (ဗျူနီယံ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bunions (ဗျူနီယံ) ကဘာလဲ။ တကယ်တော့ ခြေမရိုးအရင်းကနေ အရိုးအတက်ထွက်ခြင်းပါ။ ခြေမနဲ့ဘေးကခြေချောင်းတွေကိုအတင်းဖိတွန်းထားမိတဲ့အခါမျိုးမှာ ခြေမဆစ်ကြီးလာပြီး ဘေးကိုထိုးထွက်လာခြင်းဖြစ်တယ်။ ထိုအရိုးအတက်အပေါ်က အရေပြားကတော့ နီရဲရောင်ရမ်းနေတတ်ပါတယ်။ Bunions (ဗျူနီယံ) က ဘယ်လောက်အဖြစ်များသလဲ ခြေမရိုးအတက်ထွက်ခြင်းဟာ အလွန်အဖြစ်များပြီး လူတိုင်းမှာဖြစ်နိုင်တယ်။ အမျိုးသမီးတွေမှာပိုဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေစီးလေ့ရှိတဲ့ ဖိနပ်အမျိုးအစားကြောင့်ဖြစ်တယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ကြည့်ပါ။ လက္ခဏာများBunions (ဗျူနီယံ) ရဲ့လက္ခဏာတွေကဘာတွေလဲ ခြေမအောက်ခြေမှ အရိုးထိုးထွက်ခြင်း။ ခြေမတဝိုက်နီရဲရောင်ရမ်းနာကျင်ခြင်း။ ခြေမနဲ့ခြေညှိုးထိစပ်သောနေရာတွင် အသားမာတက်ခြင်း။ ဆက်တိုက် သို့ အချိန်ခြားပြီး နာကျင်ခြင်း။ အရိုးရောင်ရမ်းနေသောကြောင့် ခြေမလှုပ်ရှားမှုဟန့်တားထားခြင်း။ တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် စိုးရိမ်သည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ပါအချက်တွေနဲ့ကြုံရရင်ဆရာဝန်ပြသင့်ပါတယ်- ဆက်တိုက်ခြေချောင်းများနာကျင်နေခြင်း ခြေမဆစ်နားတွင်အဖုထွက်လာခြင်း ခြေမ သို့ ခြေထောက်လှုပ်ရှားရခက်လာခြင်း ခြေမဆစ်အတက်ကြောင့် အဆင်ပြေသော ရှူးဖိနပ်ရှာရခက်ခြင်း။ ဖွင့်ဆိုမှုတွေတော့အမျိုးမျိုးရှိကြပေမယ့် အကြောင်းအရင်းအတိအကျကတော့ မသိရသေးပါဘူး။ ဖြစ်နိုင်ချေရှိတာတွေကတော့- မျိုးရိုးဆက်ခံခြင်း ခြေထောက်ထိခိက်မှုများ မွေးရာပါချို့ယွင်းခြင်းများ ကျဉ်းကြပ်တဲ့ ထောက်မြင့်ဖိနပ်တွေက ခြေမရိုးဆစ်အတက်ထွက်စေတယ် သို့ ခြေမရိုးဆစ်အတက်ထွက်ခြင်းက ဖိနပ်တွေနဲ့ဆိုင်နေတယ်ဆိုတာကို ကျွမ်းကျင်သူတွေက သဘောမတူထားပါဘူး။ နှလုံးလေးဘက်နာအဆစ်ရောင်ခြင်းကဲ့သို့ တချို့သောအရိုးအဆစ်ရောင်ခြင်းတွေနဲ့တော့ သက်ဆိုင်ကောင်း သက်ဆိုင်နေနိုင်ပါတယ်။ အကြောင်းရင်းများBunions (ဗျူနီယံ) ကိုဘာတွေကဖြစ်စေသလဲ ဖွင့်ဆိုမှုတွေတော့အမျိုးမျိုးရှိကြပေမယ့် အကြောင်းအရင်းအတိအကျကတော့ မသိရသေးပါဘူး။ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Baker's Cyst (ဘေကာအရည်အိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Baker’s Cyst (ဘေကာအရည်အိတ်) ကဘာလဲ။ ဘေကာအရည်အိတ်ဆိုတာ ဒူးခေါင်းနောက်ဖက်မှာ ဖောင်းလာပြီး တင်းမာမှုကို ဖြစ်စေတဲ့ အရည်အိတ်ပဲ ဖြစ်ပါတယ်။ ဒူးအပြည့်အ၀ ကွေးချိန် ဆန့်ချိန်မှာ၊ လှုပ်ရှားချိန်မှာ နာကျင်မှုဟာ ပိုဆိုးတတ်ပါတယ်။ ဘေကာအရည်အိတ်ကို ဒူးခေါက်ခွက်အိတ်လို့လည်း ခေါ်ပါတယ်။ အဆစ်ရောင်ခြင်း၊ အရိုးနုစုတ်ပြဲခြင်း တို့ကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီအခြေအနေ၂မျိုးစလုံးဟာ ဒူးဆစ်ကနေ အရည်တွေကို ထုတ်လုပ်စေပြီး ဘေကာအရည်အိတ်ကို ဖြစ်စေပါတယ်။ ဘေကာအရည်အိတ်ဟာ ရောင်ရမ်းပြီး မသက်မသာ ဖြစ်စေပေမယ့် နောက်ခံအကြောင်းအရင်းတွေကို ကုရင် သက်သာသွားနိုင်ပါတယ်။ Baker’s Cyst (ဘေကာအရည်အိတ်) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများBaker’s Cyst (ဘေကာအရည်အိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ တခါတရံမှာ နာကျင်မှုကို ခံစားရပေမယ့် သတိမထားမိဘဲလည်း ဖြစ်တတ်ပါတယ်။ အောက်ပါလက္ခဏာတွေ တွေ့နိုင်ပါတယ်။ ဒူးဆစ်နောက်ပိုင်း တခါတရံ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ACL injury (အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ACL injury (အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ်ခြင်း) ကဘာလဲ။ အရှေ့ဘက်ကြက်ခြေခတ်အရွတ်ဟာ ဒူးခေါင်းအလယ်မှာ တည်ရှိတဲ့အရွတ် ဖြစ်ပါတယ်။ အဲဒီအရွတ်ဟာ ညို့သကျည်းအရိုးကို ပေါင်ရိုးရှေ့ကို ချော်ထွက်မသွားအောင် ထိန်းသိမ်းပေးပါတယ်။ အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ်ခြင်းဟာ အလွန်အကျွံဆန့်ထုတ်ခြင်း အရွတ်စုတ်ပြဲခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ ဆိုးရွားမှုနဲ့ လှုပ်ရှားနိုင်မှုပေါ် မူတည်ပြီး စုတ်ပြဲခြင်းဟာ တစိတ်တပိုင်း ဒါမှမဟုတ် တခုလုံးဖြစ်နိုင်ပါတယ်။ ဒဏ်ရာဟာ သာမန်အသေးအဖွဲ စုတ်ပြဲခြင်းကနေ တခုလုံး စုတ်ပြဲသွားခြင်း အရိုးကျိုးပဲ့ထွက်သွားခြင်းတို့ကြောင့် ဆိုးဆိုးရွားရွား ဖြစ်တတ်ပါတယ်။ ACL injury (အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဘောလုံး၊ ဘက်စကတ်ဘော စတဲ့ အင်အား မြင့်မားစွာသုံးရတဲ့ အားကစားတွေမှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။     လက္ခဏာများACL injury (အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အောက်ပါလက္ခဏာတွေ ပါဝင်ပါတယ်။ ဒဏ်ရာရချိန်တွင် ဖျိုးဖျိုးဖျစ်ဖျစ် အသံကြားရခြင်း ဆိုးဆိုးရွားရွား […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Achilles Tendon Problems (အာခိလိကြွက်သားအကြောပြသနာများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Achilles Tendon Problems (အာခိလိကြွက်သားအကြောပြသနာများ) ကဘာလဲ။ အာခိလိကြွက်သားအကြောဟာ ခြေသလုံးကြွက်သားနဲ့ ဖနောင့်အရိုးတို့ကို ဆက်သွယ်ပေးတဲ့ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ ခြေချောင်းလေးများပေါ် အားယူထနိုင်ပြီး လမ်းလျှောက်ရာမှာ ပြေးရာမှာ စတင်တွန်းကန် ပေးပါတယ်။ အဓိကပြသနာ ၂ခုကတော့ အာခိလိကြွက်သားအကြောရောဂါဖြစ်ခြင်း။ အကြောအတွင်းနဲ့ အကြောပတ်လည် အသားထဲမှာ အသေးစား စုတ်ပြဲမှုလေးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုစုတ်ပြဲခြင်းဟာ အလွန်အကျွံ အသုံးပြုလို့ ဖြစ်ခြင်း ဖြစ်ပါတယ်။ အာခိလိကြွက်သားအကြောရောင်ခြင်း လို့လည်း တခါတရံ ခေါ်တတ်ပါတယ်။ အာခိလိကြွက်သားအကြော စုတ်ပြဲခြင်း၊ ပြတ်တောက်ခြင်း။ တစိတ်တပိုင်းဖြစ်စေ၊ တခုလုံးဖြစ်စေ စုတ်ပြဲတတ်ပါတယ်။ တစိတ်တပိုင်း စုတ်ပြဲခြင်းဟာ တခါတရံ မသိသာပါဘူး။ အကြောတချောင်းလုံး စုတ်ပြဲရင်တော့ နာကျင်တဲ့အပြင် အားမပြုနိုင်တာ၊ လှုပ်ရှားလို့ မရတော့တာ ဖြစ်တတ်ပါတယ်။ အာခိလိကြွက်သားအကြောပြသနာများဟာ ရုတ်တရက် ဖြစ်တတ်တယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် များသောအားဖြင့် သူတို့ဟာ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ACL Injuries (ဒူးခေါင်း၏ အဓိကအရွတ် တစ်ခု ဖြစ်သော ကြက်ခြေခတ်ပုံ အရှေ့ပိုင်းအရွတ် (ACL) ဆုတ်ပြဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ACL Injuries (ဒူးခေါင်း၏ အဓိကအရွတ် တစ်ခု ဖြစ်သော ကြက်ခြေခတ်ပုံ အရှေ့ပိုင်းအရွတ် (ACL) ဆုတ်ပြဲခြင်း) ကဘာလဲ။ ACL injury ဆိုသည်မှာ ဒူးခေါင်း၏ အဓိကအရွတ် တစ်ခု ဖြစ်သော ကြက်ခြေခတ်ပုံ အရှေ့ပိုင်းအရွတ် (ACL) ဆုတ်ပြဲခြင်း ဖြစ်သည်။ ACL injury သည် ဘက်စကတ်ဘော၊ ဘောလုံး၊ တင်းနစ်၊ နှင်းလျှောစီးခြင်း၊ ဘောလီဘော၊ ကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ စသော ရုတ်တရက် ရပ်ခြင်း၊ ခုန်ခြင်း၊ ဦးတည်ချက်ပြောင်းခြင်းတို့ပါဝင်သော အားကစားများ ကစားစဉ် အဖြစ်များသည်။ လူအများသည် ACL injury ဖြစ်ပါက ဖောက်ကနဲမြည်သံ ကို ကြားရ ခံစားရသည်။ ဒူးခေါင်းသည် ရောင်လာပြီး ခိုင်ခန့်မှု မခံစားရတော့ပါ။ အလေးချိန်ဖိပါက အလွန်နာကျင်လာသည်။ ACL injury […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Scleroderma (စကာလရိုဒါးမား)

အဓိပ္ပါယ်ဖွင့်ဆိုချက်Scleroderma (စကာလရိုဒါးမား) ကဘာလဲ။ စကာလရိုဒါးမားဆိုသည်မှာ ဆက်တွယ်တစ်ရှူးများနှင့် အရေပြားတစ်ရှူးများကို မာကြော တောင့်တင်းသွားစေသော ရောဂါများကိုစုခေါ်သည့် နာမည်တစ်ခုဖြစ်ပါသည်။ စကာလရိုဒါးမားလက္ခဏာများမှာ အရေပြား၌ထင်ရှားသော်လည်း လူများစွာတွင် သွေးကြော၊ ကလီစာများနှင့် အစာချေလမ်းကြောင်းတို့တွင်သာ ထိခိုက်မှုများ၏။ လက္ခဏာများမှာ မတူတတ်ပါ။ ရောဂါဖြစ်နေသော အင်္ဂါပေါ်တွင်မူတည်ကာ ပြောင်းလဲတတ်ပါသည်။   စကာလရိုဒါးမားအဓိကပုံစံနှစ်မျိုးရှိသည်- တစ်နေရာတည်းဖြစ်သော စကာလရိုဒါးမား နှင့် စနစ်အလိုက်ထိသော စကာလရိုဒါးမား တစ်နေရာတည်းဖြစ်သော အမျိုးအစားမှာ ခန္ဓါကိုယ်၏အစိတ်အပိုင်းတစ်ခုကိုသာ ထိသည်။ များသောအားဖြင့် အရေပြားတစ်ရှူး။ အဓိကအင်္ဂါကြီးများကို အန္တရာယ်ပေးလေ့မရှိပါ။ ဖြစ်ရပ်အများစုတွင် သူ့အလိုလိုပျောက်သွားပြီး ပြင်းထန်သောဖြစ်ရပ်များတွင်တော့ အရေပြားပျက်စီးနိုင်ပါသည်။ စနစ်အလိုက်ထိသောအမျိုးအစားမှာ တစ်ကိုယ်လုံးကိုထိခိုက်ခြင်းဖြစ်ပြီး အရေပြား၊ အရေပြားအောက်မှတစ်ရှူးများ၊ သွေးကြောများနှင့် အဓိကအင်္ဂါကြီးများကို ထိခိုက်လေ့ရှိသည်။ Scleroderma (စကာလရိုဒါးမား) က ဘယ်လောက်အဖြစ်များသလဲ စကာလရိုဒါးမားသည် အမျိုးသားများထက် အမျိုးသမီးများတွင် အဖြစ်များသည်။ များသောအားဖြင့် အသက် ၃၀ မှ ၅၀ အတွင်းဖြစ်လေ့ရှိသည်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း