အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ သည် အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာများ ဖြစ်တာကြောင့် အမြန်သက်သာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

ခြေထောက်ကိုက်တာက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကျန်းမာရေး ပြဿနာ ဆိုပေမယ့် နေရထိုင်ရ အတော်လေး ခက်ပါတယ်။ ခြေထောက်ကိုက်တဲ့အခါ နေ့စဉ် လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ ခက်သလို အနားယူ အိပ်စက်ချိန်မှာတောင် ကောင်းကောင်း အိပ်ပျော်ဖို့ ခက်ပါတယ်။ ဒီတစ်ခေါက်တော့ ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ အကြောင်း နည်းနည်းလောက် ပြောပြပေးပါမယ်။ ခြေထောက်ကိုက်တာ လူကြီးတွေမှာပဲ ဖြစ်တတ်တာလား ....... ခြေထောက်ကိုက်တာက လူကြီးတွေမှာ အဖြစ်များပေမယ့် လူငယ်တွေရော အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ခြေထောက်ထဲက နာကျင်နေတာပါ။ အသက်အရွယ် ကြီးရင့်နေတဲ့ ဘိုးဘိုးဘွားဘွားတွေမှာတော့ အဖြစ်များပါတယ်။ ခြေထောက်ကိုက်တာက ခဏတာအတွင်း သက်သာသွားတာ ရှိသလို ရက်သတ္တပတ် အတော်ကြာတဲ့အထိ မပျောက်တာ၊ လချီပြီ ကိုက်နေတာ၊ နှစ်ရှည်လများ ခြေထောက်ကိုက်တာလိုမျိုး နာတာရှည် ကျန်းမာရေး အခြေအနေတွေလည်း ရှိနိုင်ပါတယ်။ ဘာတွေကများ ခြေထောက်ကိုက်စေတာလဲ […]

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ပုခုံးကြပ်ခဲ ခြင်း (Frozen shoulder)

မနက်မိုးလင်းတာနဲ့ ခြင်ထောင်တင်ဖို့ လက်မမြှောက်နိုင် ဖြစ်နေပါသလား။ ဒါမှမဟုတ် ခေါင်းဖြီးဖို့ လက် မမနိုင် ဖြစ်နေပါသလား။ အမြင့်ကပစ္စည်းတစ်ခုခုယူဖို့ လက်မလှမ်းနိုင်ဘူးလား။ အရင်လို မဟုတ်ဘဲ လက်မြှောက်တာ ခဏလောက် ကြာတာနဲ့ ညောင်းနေပြီလား။ ဒါက  ပုခုံးကြပ်ခဲ လာတာပါ။ ရေခဲရိုက်ထားတာနဲ့ ဆင်တူလို့ ဆေးပညာလို frozen shoulder လို့ ခေါ်ပါတယ်။ ဒါက ဘာလို့ ဖြစ်တာလဲ။ တစ်သက်လုံး လက်ပြန်မမြှောက် နိုင်တော့ဘူးလား စသဖြင့် သိလိုရာတွေကို ရေးပေးသွားမှာပါ။ ပုခုံးကြပ်ခဲ တယ်ဆိုတာ ဘာလဲ။ ပုခုံးကြပ်ခဲတယ်ဆိုတာ ပုခုံးက တဖြည်းဖြည်း နာလာတယ်။ လှုပ်လို့ မရတော့ဘူး။ ဒါက ဖြည်းဖြည်းချင်း စဖြစ်ပြီး ပိုဆိုးလာမယ်။ ပြီးရင်တော့ ပြန်ပျောက်သွားပါတယ်။ ၁နှစ်ကနေ ၃နှစ်အထိ ကြာတတ်ပါတယ်။ တချို့ဆို ၅နှစ်အထိ ကြာတတ်ပါတယ်။ ပုခုံးဆိုတာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးကိုက်ခါးနာ ဝေဒနာကို မကြာခဏ ခံစားနေရပြီလား

ကျန်းမာရေးပြဿနာ အမျိုးမျိုးကြောင့် အသက်အရွယ် မရွေး ခါးကိုက်ခါးနာ ဝေဒနာကို ခံစားရနိုင်ပါတယ်။ ရုတ်တရက်ဆိုရင် ခါးနာတာက သိပ်ပြီး စိတ်ပူစရာမကောင်းဘူးလို့ ထင်ရနိုင်ပေမယ့် ပေါ့ဆလို့တော့ မဖြစ်ဘူးဆိုတာ အသိပေးချင်ပါတယ်။ ဘာကြောင့် ခါးနာတာလဲ။ ခါးနာရတဲ့ အကြောင်းရင်း အများကြီးထဲမှာမှ အဖြစ်အများဆုံး တရားခံတွေကို ပြောရမယ်ဆိုရင် ၁။ ထိုင်တဲ့ ပုံစံမမှန်ခြင်း ခါးကို ကုန်းကုန်းကြီး ထားတာ၊ တစ်နေကုန် တီဗီ၊ ကွန်ပျူတာကို အားစိုက်ကြည့်ပြီး အလုပ်လုပ်နေရတာ၊ ခါးအနေအထားကို အတည့်အတိုင်း မထားတာ၊ ဒါတွေက ကြာလာရင် ခါးရိုးရဲ့ အနေအထားကို ထိခိုက်စေပြီး ခါးကိုက်ခါးနာ ဖြစ်စေနိုင်ပါတယ်။ ၂။ အလေးအပင်တွေ မရခြင်း အရမ်းလေးလွန်းတဲ့ ပစ္စည်းတွေကို မရတဲ့အခါ လက်ကိုသာမက ခါးကိုပါ အသုံးပြုရပါတယ်။ ခါးအနေအထား ပုံစံမမှန်တာနဲ့ အရိုးအဆစ်တွေကို သွားပြီးထိခိုက်စေနိုင်သလို ခါးနာစေနိုင်ပါတယ်။ အလွန်အကျွံ အားကစားလုပ်တဲ့သူတွေ၊ ရုတ်တရက် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဒူးနာ နေတဲ့ မေမေကို ဘယ်လိုကူညီကြမလဲ

အိမ်မှာ သက်ကြီးရွယ်အိုရှိတဲ့ သူတွေကတော့ ဒီဒုက္ခကို ကောင်းကောင်းနားလည်ပါတယ်။ အိမ်မှာ ဒူးနာ လို့ ငြီးနေတဲ့သူတို့ကို တွေ့ရတာက စိတ်မသက်မသာဖြစ်စရာပါ။ အထိုင်အထလည်းခက်၊ အတက်အဆင်းလည်းမလွယ်၊ အိမ်နဲ့တူတူအပြင်သွားမယ်ဆိုလည်း ဝေးဝေးလံလံသွားလို့မရ၊ ခရီးသွားဖို့ဆိုတာ ပိုလို့တောင်မဖြစ်နိုင်ပါဘူး။ ဒီလိုနဲ့ ဘယ်မှမသွားနိုင်ဘဲ အိမ်ထဲမှာပဲ အထီးကျန်လာပါတော့တယ်။ ကြာလာရင် ဒီစိတ်နဲ့ပဲ တခြားရောဂါတွေ ဝင်လာတော့မှာပါ။ ဒူးနာတာကြောင့် ဒီလောက်ကြီးဖြစ်ဖို့ကတော့ မထိုက်တန်ပါဘူး။ အထူးသဖြင့် ခုခေတ်ကို အစစ အရာရာတိုးတက်နေတဲ့ ခေတ်မှာပေါ့။ ကုသစရာနည်းလမ်းတွေ များပြားတဲ့ အတွက် အရင်လို ဒုက္ခခံစရာမလိုတော့ပါဘူး။ ကဲ လူကြီးတွေကို ဒီလောက် ဒုက္ခပေးတဲ့ ဒူးနာရောဂါကို ဘယ်လိုနည်းလမ်းတွေနဲ့ ကုသကြမလဲဆိုတာ ဆက်ကြည့်ရအောင်။ ဒါကို မပြောခင် ဒူးနာရောဂါအကြောင်း လေ့လာကြည့်ရအောင်။ ဒူးနာ ရောဂါဆိုတာဘာလဲ။ ရပ်ကွက်ထဲမှာ အလွယ်ပြောကြတဲ့ ဒူးနာတယ်ဆိုတာ တကယ်တော့ ဒူးဆစ်ရောင်ရမ်းတာပါ။ ဒူးဆစ်ကြားက […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အဆစ်ရောင်နာ ခံစားနေရသူတွေအတွက် နနွင်းရဲ့ ဆေးဖက်ဝင်မှု

အာရှဟင်းလျာ တော်တော်များများကို အရောင်နဲ့အရသာတိုးစေတဲ့ နနွင်းက ဟင်းခတ်အမွှေးအကြိုင် တစ်ခုတင်မဟုတ်ဘဲ ဆေးဖက်ဝင်တယ်ဆိုတာကို ရှေးယခင်ကတည်းက လက်ခံလာခဲ့ကြတာပါ။ နနွင်းက အနာ၊ ဝက်ခြံ၊ လည်ချောင်းနာတာ၊ လေပြွန်ရောင်တာနဲ့ အဆစ်ရောင်တာတွေကိုသက်သာစေနိုင်တယ်လို့လည်း လက်ခံထားကြပါတယ်။ ဒါက ဘယ်အချက်ပေါ်မှာ မူတည်ပြီးလက်ခံထားတာလဲဆိုတေ့ နနွင်းက အရောင်ကျစေနိုင်တယ်ဆိုတဲ့ အချက်အပေါ်မှာပါ။ အဆစ်ရောင်နာအတွက် နနွင်း အဆစ်ရောင်နာက လူတော်တော်များများခံစားရလေ့ရှိတဲ့ ပြဿနာတစ်ရပ်ပါ။ လေ့လာမှုတွေအရသိရတာက အဆစ်ရောင်နာဝေဒနာ ခံစားရသူတွေအနေနဲ့ နနွင်းပုံမှန် စားသုံးပေးမယ်ဆိုရင် အဆစ်တွေရောင်တာ၊ နာတာကိုသက်သာစေနိုင်တယ် နနွင်းက ရောင်ရမ်းမှုကိုသက်သာစေနိုင်ပြီး နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်တဲ့ အာနိသင်တွေရှိပါတယ်။ လေ့လာမှုအရ နနွင်းစားသုံးပေးတာက လေးဖက်နာကြောင့် အဆစ်တွေနာတာ၊ အဆစ်တွေရောင်ရမ်းတာကို သက်သာစေနိုင်တယ်၊လို့ တွေ့ရှိခဲ့ရပါတယ်။ တစ်နေ့ကို နနွင်း ၂ ၈ရမ်လောက်ပုံမှန် စားသုံးမှုက အဆစ်ရောင်ရောဂါကြောင့် နာကျင်မှုကို သက်သာစေနိုင်ပြီး ဒူးအကွေးအဆန့် ကောင်းလာသလို လှေကားတွေကိုလည်း ကောင်းကောင်းတက်လာနိုင်တယ်၊ လို့ဆိုပါတယ်။ ရောင်ရမ်းမှုကို […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲလာတဲ့အခါ

ရေသားသူ - မောင်မျိုးအောင် (ဆေး - ၁) ( Osteo Arthritis ) အရိုးအဆစ်ရောင်ရောဂါဆိုတာကတော့ အဆစ်ရောင်ရောဂါတွေထဲမှာ အဖြစ်အများဆုံးရောဂါတစ်ခုဖြစ်ပါတယ်။ စစ်တမ်းတွေအရ အမေရိကန်နိုင်ငံမှာဆိုရင် လူဦးရေ ၃၂၇သန်းရှိတဲ့အနက် ၂၇သန်းခန့်ဟာ အရိုးအဆစ်ရောင်ရောဂါကိုခံစားနေရပါတယ်။ အရိုးနှစ်ခုရဲ့ ဆက်သွယ်တဲ့နေရာကြားမှာ ပွတ်တိုက်မှုတွေနည်းပြီး အဆစ်တွေက ပိုချောချောမွေ့မွေ့လှုပ်ရှားနိုင်အောင် ကူညီပေးတဲ့ အရိုးနုလေးတွေ တဖြည်းဖြည်းချင်း ပျက်စီးလာတာက ဒီရောဂါရဲ့ဝိသေသတစ်ခုပဲဖြစ်ပါတယ်။ အရိုးအဆစ်ရောင်ရောဂါရဲ့ အဖြစ်များတဲ့နေရာတွေကတော့ -တင်ပါးဆုံဆစ် -လက်ဆစ် -ဒူးခေါင်းဆစ် -နောက်ကျောပြင်နဲ့ -လည်ပင်းတစ်ဝှိက်နေရာတို့ပဲဖြစ်ပါတယ်။ ဒီတော့ အရိုးအဆစ်ရောင်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ ? ၁ - ကိုယ်အလေးချိန်လျော့ချခြင်း ကိုယ်အလေးချိန်လျော့ချခြင်းက အရိုးအဆစ်ရောင်ရောဂါကြောင့်ရရှိလာတဲ့ နာကျင်မှုကိုနည်းပါစေဖို့ အများကြီးအထောက်အကူဖြစ်စေပါတယ်။ Penn State College of Medicine ကနေပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာဆိုရင် အရိုးအဆစ်ရောင်ရောဂါအတွက် အခြားကုသမှုတွေလုံးဝမခံယူပဲ ကိုယ်အလေးချိန်လျော့ကျစေတဲ့ ကုထုံးတွေ၊ ခွဲစိတ်မှုတွေပဲပြုလုပ်ခဲ့တဲ့သူတွေဟာ အများကြီးပိုပြီး နေလို့ထိုင်လို့ကောင်းလာတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ အားကစားပြုလုပ်ရာမှာလည်း ပိုပြီးအဆင်ပြေလာခဲ့ပါတယ်။ ဒါကြောင့် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အားကစားလုပ်ပြီးနောက် ကိုက်ခဲနေတဲ့ခြေထောက်ကို ဘယ်လိုကုသမလဲ

မာရသွန်အပြေးသမားတွေ၊ ပြင်းပြင်းထန်ထန် အားကစား၊ လေ့ကျင့်ခန်းလုပ်တဲ့သူတွေ ကိုယ့်ရဲ့အလုပ်ပြီးသွားတာနဲ့ ခြေထောက်က မသယ်ချင်လိုက်အောင် ထိုးပြီးကိုက်ခဲနေတာ တော်တော်များများဖြစ်ဖူးကြမှာပါ။ များသောအားဖြင့်တော့ စိုးရိမ်စရာမလိုတဲ့ လက္ခဏာပဲဆိုပေမယ့် နောက်နေ့အားကစားလုပ်ဖို့အတွက် ခြေထောက်က နာတာမသက်သာသေးတဲ့အခါကျတော့ စိတ်ညစ်ရတာပေါ့။ ဒီပြဿနာကနေ ကင်းဝေးစေဖို့ ခြေထောက်နာကျင်ကိုက်ခဲတာကို အမြန်သက်သာစေမယ့် နည်းလမ်းကောင်းတွေကို ဒီဆောင်းပါးမှာ ဖတ်ကြည့်လိုက်ကြရအောင်လား။ ခြေထောက်က ဘာလို့ ကိုက်ခဲနေရတာလဲ။ အားကစားအပြင်းအထန်လုပ်ပြီးသွားတဲ့အခါမျိုးမှာ ကိုယ်ခန္ဓာမှာ ရှိတဲ့ ကြွက်သားတွေကို အပြင်းအထန်လှုပ်ရှားအသုံးပြုလိုက်ရတဲ့အတွက် အနည်းနဲ့ အများတော့ ကိုက်ခဲတဲ့ဒဏ်ဖြစ်ပေါ်တတ်ပါတယ်။ တချို့ကျတော့လည်း ပြေးနေတဲ့အချိန်မှာ စီးထားတဲ့ အားကစားစီးဖိနပ်က ကိုယ့်ခြေထောက်ကို ကောင်းကောင်းအထောက်အပံ့မပေးနိုင်တာ၊ ကျပ်လွန်းတာ ဒါမှမဟုတ် ကိုယ်ခန္ဓာလှုပ်ရှားတဲ့ ပုံစံ၊ အနေအထား မမှန်ကန်တဲ့အခါ၊ ဒူးခေါင်းကို အလွန်အကျွံ အသုံးပြုလိုက်တဲ့အခါ ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ အလေးချိန်က ခြေထောက်နဲ့ ခြေဖနောင့်ကို သွားပြီး အားသက်ရောက်သလိုဖြစ်တဲ့အတွက် နာကျင်ကိုက်ခဲရတာပါ။ ဒါကတော့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးနာလွန်းနေတယ် ဘယ်လိုလုပ်ရမလဲ။

ခါးနာတဲ့ပြဿနာဟာ အသက်အရွယ်မရွေး လူတိုင်းနီးပါး ကြူံတွေ့ရတတ်တဲ့ပြဿနာတစ်ခုပါ။ အလေးအပင်မလိုက်လို့ ဖြစ်စေ၊ လေ့ကျင့်ခန်းလုပ်တာ ပြင်းထန်သွားလို့ဖြစ်စေ ဒီ ခါးနာတဲ့ ပြဿနာကိုခံစားရမှာပါ။ ဒီတော့အခန့်မသင့်လို့ ကိုယ်ကလည်း ခါးနေတယ်ဆိုရင်ဆိုရင် သက်သာအောင်ဘယ်လိုလုပ်ကြမလဲ။ အိပ်တဲ့ ပုံစံကို သတိထားပါ။ ခါးနာနေတော့ ထိုင်လို့အဆင်မပြေ။ အဲတော့ လှဲအိပ်။ လှဲအိပ်တော့ ခါးပိုနာနဲ့ သံသရာလည်နေတတ်ပါတယ်။ ဒါပေမယ့် မအိပ်လို့ကလည်း မရဘူးလေ။ ဒီတော့ ဘေးစောင်းလှဲအိပ်ပြီး ဒူးခေါင်းကြားထဲ ခေါင်းအုံးလေးညှပ်ထားပါ။ ပက်လက်အိပ်မယ်ဆိုရင်တော့ ဒူးခေါင်းအောက် ခေါင်းအုံးခံထားတဲ့ အနေအထားမျိုးနဲ့ အိပ်စက်ပါ။ ဒါဆိုရင် ခါးနာတဲ့ဝေဒနာလည်း သက်သာသွားသလိုနောက်ထပ်ခါးနာမယ့် အဖြစ်တွေကို ကြိုတင်ကာကွယ်ပြီးသားလည်းဖြစ်မှာပါ။ ထိုင်တဲ့အချိန်ကလည်းအရေးကြီးပါတယ်။ ခါးကိုဆန့်ထားပြီး မတ်မတ်အနေအထားနဲ့ မထိုင်ဘဲ ပျင်းရိပျင်းတွဲနဲ့ လျှောထိုင်ရင် ခါးပိုနာပါလိမ့်မယ်။ ဒီတော့ ခါးကိုမတ်မတ်ဆန့် နောက်ကျောထိုင်ခုံကိုမီတဲ့ အနေအထားနဲ့ထိုင်ပါ။ ထိုင်ခုံနဲ့ခါးကြားထဲ ခေါင်အုံးလေးခံထားပြီ းထိုင်လို့လည်း ရပါတယ်။ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်လိုက်တာကြောင့် တင်းနေတဲ့ ကြွက်သားတွေ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လေ့ကျင့်ခန်းလုပ်ပြီးနောက်ပိုင်း ကြွက်သားတွေ နာကျင်ကိုက်ခဲတဲ့အခါ ဒါတွေ လုပ်ကြည့်ပါ။

Gym စစချင်းသွားတဲ့ ပထမ အပတ်က အတော်ကြီး ဝေဒနာခံစားရတယ်ဆိုတာ gym သွားဖူးတဲ့ လူတိုင်းသိကြမှာပါ။ gym မှာတင်မဟုတ်ပါဘူး အိမ်မှာနေရင်းတောင် လေ့ကျင့်ခန်းလေးလုပ်နေရင် ပထမစစချင်းလုပ်တဲ့ အပတ်က အခံစားရဆုံးပါ။ အရင်လှုပ်ရှားမှု သိပ်မရှိခဲ့တဲ့ကြွက်သားတွေ gym ဆော့လိုက်တဲ့ အခါကျမှ ရောင်ရမ်းနာကျင်ကုန်လို့ ခြေတစ်လှမ်းလှမ်းတိုင်း နာကျင်ကိုက်ခဲတဲ့သူချည်းပါပဲ။ လှေကားတက်တဲ့ ဆင်းတဲ့အချိန်ကတော့ အခံရဆုံးပေါ့။ လေ့ကျင့်ခန်း လုပ်ပြီးနောက်ပိုင်း နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေက လေ့ကျင့်ခန်းလုပ်တဲ့ ၂ ပတ်မြောက်လောက်ကျရင် သက်သာသွားမှာ ဆိုပေမယ့် စစချင်းအပတ်မှာ အတော်ခံထားရတော့ နောက်ပိုင်း လေ့ကျင့်ခန်းတွေကို မလုပ်နိုင်တော့တာမျိုးတွေ ဆက်ဖြစ်သွားနိုင်ပါတယ်။. ဒီတော့ လေ့ကျင့်ခန်းလုပ်ပြီးနောက်ပိုင်း ကြွက်သားနာကျင်ခိုက်ခဲတာတွေ အတွက် အဖြေရှာကြည့်ရအောင်။ လေ့ကျင့်ခန်းလုပ်ပြီးနောက်ပိုင်း ကြွက်သားတွေ နာကျင်ကိုက်ခဲတဲ့အခါ ဒါတွေ လုပ်ကြည့်ပါ။ ( ၁ ) ရေခဲကပ်ပါ။ ရေနွေးကပ်ပါ။ လေ့ကျင့်ခန်းလုပ်ရင်း […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လည်ပင်းတစ်ခြမ်း ညောင်းကိုက်နေတာ ဘယ်လိုကုသမလဲ

လည်ပင်းဆိုတာ ကျွန်တော်တို့ ခန္ဓါကိုယ်မှာ အလုပ်အများဆုံးသော အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ သူ့ရဲ့ ကြွက်သားေတွက အမြဲလှုပ်ရှားနေပြီး တခြားကိုယ်ခန္ဓါအစိတ်အပိုင်းတွေနဲ့ ကာကွယ်ထားတာ မဟုတ်တဲ့အတွက် အလွယ်တကူ ထိခိုက်မိနိုင်ပါတယ်။ နာကျင်မှုဆိုတာ တစ်ဘက်တည်းဖြစ်နိုင်သလို နှစ်ဘက်လုံး ညောင်းကိုက်တာမျိုးလည်း ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ နေထိုင်မှုပုံစံေကြာင့် သာမန်ညောင်းကိုက်တတ်ပြီး အာရုံကြောထိခိုက်မိတာ၊ ကျောရိုးထိခိုက်မိတာ အစရှိတဲ့ ကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လည်ပင်းဟာ တခြားအစိတ်အပိုင်းတွေနဲ့လည်း ဆက်စပ်နေတဲ့အတွက် သူ့ရဲ့ ကြွက်သားတွေ ညောင်းကိုက်နေပြီဆိုရင် ပုခုံး၊ လက်မောင်း၊ ခါး၊ ကျောရိုး၊ မေးရိုး၊ ဦးခေါင်းမှာပါ နာကျင်ကိုက်ခဲမှုတွေ ဆက်တိုက်ဖြစ်လာမှာပါ။ နာကျင်မှုဟာ အချိန်အနည်းငယ်အတွင်း သူ့ဘာသာ ပျောက်ကင်းသွားမယ် ဆိုပေမယ့်လည်း ဆက်တိုက်ဆိုသလို လည်ပင်းက ညောင်းညာကိုက်ခဲနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်တာ အကောင်းဆုံးပါပဲ။ ဒါဆိုရင် ဘာကြောင့် မကြာခဏ လည်ပင်းတွေ ညောင်းကိုက်နေရတာလဲဆိုတာနဲ့ပတ်သက်ပြီး […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဇက်ကြောတောင့်နေရင် ချိုးလိုက်ပါဦး..ဖြောင်းခနဲမြည်အောင်

ဇက်ကြောလေးတက်တယ်၊ညောင်းလာတယ်ဆိုတာနဲ့ ဇက်ကလေးဘယ်ညာစောင်းပြီးဖြောင်းခနဲချိုးလိုက်တာပဲလား။ ကိုယ့်အနီးအနားကလူတွေရော အဲ့လိုအညောင်းဖြေတာ မကြာခဏကြားနေရလား။တော်တော်များများက လက်ဆစ်တွေချိုးတယ်၊ ဇက်ကို လှည့်တယ် အသံမြည်တဲ့အထိ ဆတ်ခနဲ ဆတ်ခနဲရယ်။ ဒီလိုလုပ်လိုက်ရင် ပခုံးကြော၊ ဇက်ကြောတွေပြေသွားတယ်၊ပေါ့ပါးသွားတယ်လို့ ခံစားရတယ်လေ။ တကယ်တော့ အများစုက တကယ်သက်သာတာထက် အကျင့်ပါနေတော့ စိတ်ထင်တာလည်းပါပါတယ်။ ဒါပေမယ့် ဒီလိုချိုးတာ လုံးဝမကောင်းတာလားဆိုတော့ မဟုတ်ပြန်ပါဘူး။ကောင်းတာနဲ့ဆိုးတာ ဒွန်တွဲနေပါတယ်နော်။ ဇက်ကိုချိုးတာ၊လေ့ကျင့်ခန်းလုပ်တာကတော်တန်ရုံဆို ထိခိုက်မှုမရှိနိုင်ပါဘူး။ ဒါပေမယ့် လှုပ်ရှားပုံ နည်းမမှန်တာ၊ အရမ်းကိုမကြာခဏလုပ်လွန်းတာ၊ သိပ်ကြမ်းလွန်းတာတွေကြောင့် ဇက်ကြောတက်မသက်သာဘဲ ပိုဆိုးနိုင်တဲ့အပြင် နာကျင်ရနိုင်ပါတယ်။ ဘာလို့အသံမြည်တာလဲ ဇက် အပါအဝင် ဘယ်အဆစ်ကိုပဲချိုးချိုး အဆစ်နားတဝိုက်က အရည်အိတ်အလွှာတွေပြန့်သွားပါတယ်။ အဲဒီအလွှာမှာ အရည်တွေပါဝင်တာဖြစ်ပြီး ဒီလိုပြန့်သွားရင် အရည်တွေကို အဆစ်ပေါ်ဖိအားလျော့သွားစေပါတယ်။ ဖိအားလျော့သွားလေ အဆစ်ထဲကအရည်တွေက အငွေ့ဖြစ်သွားလေဖြစ်ပါတယ်။ ဒီလိုဖြစ်ရင် အသံမြည်လာပါတယ်။ ဒီဖြစ်စဉ်ကိုboiling သို့မဟုတ် cavitation လို့ခေါ်ပါတယ်။ ပုံမှန်တော့ အန္တရာယ်မရှိတတ်ပါဘူး။ ဇက်ကြောဆိုတာက လှုပ်ရှားလို့ကောင်းစေဖို့ သဘာဝကဖန်တီးထားတဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း