အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ သည် အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာများ ဖြစ်တာကြောင့် အမြန်သက်သာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

ခြေထောက်ကိုက်တာက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကျန်းမာရေး ပြဿနာ ဆိုပေမယ့် နေရထိုင်ရ အတော်လေး ခက်ပါတယ်။ ခြေထောက်ကိုက်တဲ့အခါ နေ့စဉ် လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ ခက်သလို အနားယူ အိပ်စက်ချိန်မှာတောင် ကောင်းကောင်း အိပ်ပျော်ဖို့ ခက်ပါတယ်။ ဒီတစ်ခေါက်တော့ ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ အကြောင်း နည်းနည်းလောက် ပြောပြပေးပါမယ်။ ခြေထောက်ကိုက်တာ လူကြီးတွေမှာပဲ ဖြစ်တတ်တာလား ....... ခြေထောက်ကိုက်တာက လူကြီးတွေမှာ အဖြစ်များပေမယ့် လူငယ်တွေရော အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ခြေထောက်ထဲက နာကျင်နေတာပါ။ အသက်အရွယ် ကြီးရင့်နေတဲ့ ဘိုးဘိုးဘွားဘွားတွေမှာတော့ အဖြစ်များပါတယ်။ ခြေထောက်ကိုက်တာက ခဏတာအတွင်း သက်သာသွားတာ ရှိသလို ရက်သတ္တပတ် အတော်ကြာတဲ့အထိ မပျောက်တာ၊ လချီပြီ ကိုက်နေတာ၊ နှစ်ရှည်လများ ခြေထောက်ကိုက်တာလိုမျိုး နာတာရှည် ကျန်းမာရေး အခြေအနေတွေလည်း ရှိနိုင်ပါတယ်။ ဘာတွေကများ ခြေထောက်ကိုက်စေတာလဲ […]

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးနာတာကို ခပ်ပေါ့ပေါ့ မတွေးသင့်တဲ့ အခြေအနေများ

ခါးနာလိုက်တာလို့ဆိုလိုက်ရင် လူတွေ အရင်ဆုံး ပြေးမြင်မှာက အလေးအပင်မလိုက်လို့လား။ ဒဏ်ရှိနေတာလားဆိုတာကို အရင်မေးလေ့ရှိကြပါတယ်။ တကယ်ကတော့ ခါးနာတာက ဒီအချက်တွေကြောင့် ဖြစ်နိုင်သလို တစ်ခါတလေမှာ ရောဂါတွေ ခံစားနေရတာကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာ သတိပြုစေချင်ပါတယ်။ ခါးနာတာကို ခပ်ပေါ့ပေါ့ မတွက်စေလို။ လူတွေက ခါးနာတယ်လို့ အလွယ်တကူပြောကြပေမယ့် ခါးနာတာကို မပေါ့သင့်ပါဘူး။ တကယ်ကတော့ ခါးဆစ်တွေ (ကျောရိုး)က ခန္ဓာကိုယ်ကို အကောင်းဆုံး မတ်နိုင်စေဖို့ ထောက်ပံ့ပေးထားတာပါ။ ခါးက လမ်းလျှောက်ဖို့ ထိုင်ဖို့၊ ထဖို့ အားလုံးကို ထောက်ပံ့ပေးထားတာပါ။ ခါးဆစ်တွေထဲမှာ အာရုံကြောတွေ ပါဝင်နေပြီး ဦးနှောက်က သတင်းအချက်အလက်တွေကို လက်ခံပေးလို့ ဟန်ချက်ညီညီ လှုပ်ရှားနိုင်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ ခါးဆစ်မှာ တစ်ခုခု ထိခိုက်မိမယ်ဆိုရင် ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်သလို အကြောတွေ သေသွားတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးနာခြင်း

ခါးနာတာက အရွယ်ရောက်ပြီးသူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက် ခံစားရတတ်တဲ့ ကျန်းမာရေးပြဿနာပါ။ ခါးနာတာက ဆေးခန်းပြရလောက်အောင် မပြင်းထန်ပေမယ့် နေ့စဉ် အလုပ်ကိုတော့ အတော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ဘာကြောင့် ခါးနာနိုင်သလဲ။ ခါးနာလာရင် ဘယ်လိုတွေ ဂရုစိုက်ရမလဲဆိုတာကို ဖတ်ကြည့်လိုက်နော်။ ခါးနာတဲ့အခါ ဘယ်လို ခံစားရနိုင်လဲ.......... လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့ အဆင်ပြေပြေ ထိုင်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။ ကိုယ်တိုင်ကရော ဒီအချက်တွေထဲက ဘယ်နှခုလောက်များ လုပ်မိနေလဲ။ ဆန်းစစ်ကြည့်ရအောင်နော်။ အလေးအပင် မတယ် ရုတ်တရက် ထတယ် အလေးမခြင်းလို အားကစားတွေ ပြင်းပြင်းထန်ထန် လုပ်တယ် ကိုယ်နေဟန်ထား မမှန်ဘူး ထိုင်တဲ့အခါ ခါးဆန့်ထိုင်လေ့ မရှိဘူး ဒါတွေအပြင်နောက်ထပ် ဖြစ်နိုင်တာက မတော်တဆ ထိခိုက်မိတာ အမြင့်က ပြုတ်ကျတာ ချော်လဲတာ အရိုးပွရောဂါ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ရိုးရိုးခါးနာတာလား.......... စိုးရိမ်ရမယ့် အနေအထားလား......................

ခါးနာတာက လူတိုင်းနီးပါး ခံစားရနိုင်တဲ့ နာကျင်မှု ပြဿနာတစ်မျိုးပါ။ လူလတ်ပိုင်းအရွယ် ၈၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ တစ်သက်တာမှာ ခါးနာမှုကို တစ်ကြိမ်တော့ ခံစားဖူးကြပါတယ်။ ခါးနာတယ် ဆိုတာက ဆယ်ကျော်သက်အရွယ်ကစလို့ ဘိုးဘိုးဘွားဘွားအရွယ်အထိ အားလုံး ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ နေ့စဉ် လှုပ်ရှား သွားလာမှုတွေ လုပ်ရင်းနဲ့ကို ခါးနာတာကအမှတ်မထင် ခံစားရနိုင်ပါတယ်။ ရိုးရိုးခါးနာတာလား.......... စိုးရိမ်ရမယ့် အနေအထားလား...................... ခံစားနေရတဲ့ ခါးနာတာက ရိုးရိုးခါးနာတာလား.......... စိုးရိမ်ရမယ့် အနေအထားလား...................... ဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား။ ဘာတွေကများ ခါးနာစေတာလဲ........... ခါးနာစေနိုင်တဲ့ အကြောင်းအရင်းကတော့ အများကြီးပါ။ အလေးအပင်မတာ ရုတ်တရက် အထိုင်အထ လုပ်မိတာ ကိုယ်နေဟန်ထား မမှန်တာ ပြုတ်ကျတာ ချော်လဲတာ လေ့ကျင့်ခန်း အပြင်းအထန် လုပ်တာ မတော်တဆ ထိခိုက်မိတာ အဆစ်ရောင်နာ အရိုးပွတာ အာရုံကြောညပ်တာ ကြွက်သားရောင်တာ ကျောက်ကပ် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကြွက်သားနာကျင်မှုကို ဖြစ်စေနိုင်တဲ့ ရောဂါများ

ကြွက်သားတွေ နာကျင်တာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။  ကြွက်သားနာကျင်တာက အပြင်းအထန် လေ့ကျင့် လှုပ်ရှားမှုတွေပြုလုပ်တဲ့အခါ ဒါမှမဟုတ် အသေးစား ထိခိုက်ဒဏ်ရာတွေ ဖြစ်တဲ့အခါမျိုးမှာ ဖြစ်လေ့ရှိပါတယ်။ ကြွက်သားမှာ တင်းအားများသွားတဲ့ အခါမျိုးတွေပေါ့၊ ကြွက်သားနာကျင်တာက နေရာတစ်စုချင်းစီမှာ ဖြစ်တာများပါတယ်။ ဥပမာ လမ်းလျှောက်များလို့ ခြေသလုံး ကြွက်သား နာကျင်တာ၊ အလေးမ လို့ လက်မောင်း ကြွက်သားတွေ နာကျင်တာမျိုးပေါ့။ တစ်နေရာထဲ မဟုတ်ဘဲ ခန္ဓာကိုယ် တစ်ခုလုံးနီးပါးက နာကျင်နေတယ်ဆိုရင်တော့ သာမန် ကြွက်သား နာကျင်တာလို့ မဆိုသာတော့ပါဘူး။ ရောဂါ လက္ခဏာ တစ်ခုခု ဖြစ်နေနိုင်သလို ရောဂါတစ်ခုခုကြောင့် ကြွက်သား နာကျင်တာ ဖြစ်နိုင်ပါတယ်။ တစ်ကိုယ်လုံး ကြွက်သားတွေ နာကျင်ရတာ ဘာကြောင့်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ကြွက်သား နာကျင်မှုကို ဖြစ်စေတဲ့ အကြောင်းအရင်းခံများ ကြွက်သားတွေက တစ်နေရာတည်း […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကိုဗစ်ကာလမှာ အိမ်မှာနေရင်း ဇက်ကြောတက်တာကို ဘယ်လိုကာကွယ်မလဲ

ကွန်ပျူတာနဲ့ပဲ အမြဲ အလုပ်လုပ်နေရတဲ့သူတွေ၊ ဖုန်းအသုံးများတဲ့သူတွေ ဇက်ကြောတက် ၊ ခါးညောင်းတာ၊ ကြွက်သားညောင်းညာကိုက်ခဲတဲ့ ပြဿနာတွေကို အမြဲလိုလို ခံစားရတတ်ပါတယ်။ အခုလိုမျိုး အိမ်မှာပဲ အမြဲနေနေရတဲ့အခါမျိုးမှာ အရင်ကထက်တောင် ပိုပြီး ဇက်ကြောတက်တဲ့ ဝေဒနာကို ခံစားနေရတဲ့ အသံတွေ ထွက်နေရပါတယ်။ ဘာကြောင့် ဇက်ကြောတက် ရတာလဲ။ မကြာခဏ ဇက်ကြောတက် တယ်လို့ ပြောတဲ့သူတွေရဲ့ နေထိုင်မှုပုံစံကို စစ်ဆေးကြည့်တဲ့အခါ ဇက်ကို အောက်ဘက်သို့ အတင်းငုံ့ထားတာ၊ ခါးကို မတ်မတ်မထားဘဲ ကုန်းကွေးပြီး ထိုင်နေတာ၊ လှဲအိပ်ပြီး ဖုန်းသုံးတာ၊ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်တာ၊ တစ်နေရာတည်းမှာ ဘယ်မှမထဘဲ အကြာကြီးထိုင်နေတာ စတဲ့အချက်တွေကို တွေ့ရပါတယ်။ အိမ်မှာပဲ နေနေပြီး ဘယ်မှမသွားရတဲ့အခါ လူတွေက ပုံမှန်ထက် အချိန်ကြာမြင့်အောင် ထိုင်ပြီး အလုပ်လုပ်နေရတာကို တွေ့ရပါတယ်။ ရုံးမဟုတ်တဲ့အတွက် အိမ်အလုပ်တွေပေါ်လာရင် ထလုပ်လိုက်တာ၊ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့

ကြွက်သားတွေ နာကျင်ကိုက်ခဲတာက အရွယ်ရောက်ပြီးသူတွေမှာရော၊ လူကြီးတွေနဲ့ ကလေးတွေမှာပါမကျန် ကြုံတွေ့ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပေါ့။ များသောအားဖြင့်ကတော့ ကြွက်သားတွေ နာကျင်ကိုက်ခဲတာက  ဆေးကုသမှုခံယူစရာမလိုဘဲ အိမ်တွင်းကုထုံးတွေနဲ့တင် သက်သာအောင် လုပ်လို့ရတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီတော့ ကြွက်သားတွေ နာကျင်ကိုက်ခဲလာတဲ့အခါ သက်သာစေဖို့ ဘယ်လို နည်းလမ်းလေးတွေက အထိရောက်ဆုံးဖြစ်မလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ကြွက်သားနာကျင်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ။ ကြွက်သားနာကျင်တာဟာ တစ်ခါတလေမှာ ဖျားနာတာ တုပ်ကွေးမိတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့်ကတော့ အခုပြောပြမယ့်အကြောင်းအရင်းတွေကြောင့် ကြွက်သားနာကျင်တတ်ပါတယ်။ အားကစား ပြင်းပြင်းထန်ထန်လုပ်တာ ရေသောက်နည်းတာ ပုံစံမမှန်ဘဲ အလေးအပင် မတာ အိပ်ရေးပျက်တာ အာဟာရမျှတတဲ့ စားသောက်မှုပုံစံ မရှိတာ ထိခိုက်မှုတစ်ခုခု ဖြစ်ထားတာ စိတ်ဖိစီးတာတွေကြောင့် ကြွက်သားတွေနာကျင်ကိုက်ခဲနိုင်ပါတယ်။ ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ အထိရောက်ဆုံး နည်းလမ်းအချို့ ကြွက်သားနာကျင်ကိုက်ခဲတာက ဆေးကုသမှု ခံယူရလောက်အောင် မပြင်းထန်ပေမယ့် တစ်နေ့တာလုပ်ဆောင်မှုတွေကို […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ

အရိုးအဆစ်နဲ့ ကြွက်သားများလို့ ပြောပေမယ့် တကယ်တမ်း အရိုးဖွဲ့စည်းပုံမှာ ပါဝင်တဲ့ အရွတ်တွေ၊ အရွတ်တွဲတွေ၊ အာရုံကြောတွေ အားလုံးပါပါတယ်။ အရိုးနဲ့ ကြွက်သားနာကျင်တာဟာ အဖြစ်များတဲ့ ပြဿနာမို့လို့ ဘာကြောင့် နာကျင်ရတာလဲဆိုတာ သိထားဖို့ လိုပါတယ်။ အရိုးအဆစ်နဲ့ ကြွက်သားနာတာတွေက တစ်နေရာတည်းလည်း ဖြစ်နိုင်သလို တစ်ကိုယ်လုံးလည်း ဖြစ်နိုင်ပါတယ်။ ခဏလောက် ဖြစ်ပြီး ပြန်ပျောက်သွားတတ်သလို လနဲ့ချီပြီး နာတာရှည်လည်း ဖြစ်သွားနိုင်ပါတယ်။ အရိုးအဆစ်နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းအရင်း အရိုးအဆစ်ကြောင့် နာတာလား ဒါမှမဟုတ် တစ်နေရာက နာပြီး ကြွက်သားတွေဆီကို ပြန့်လာတာလားဆိုပြီး နှစ်မျိုးရှိပါတယ်။ အရိုးအဆစ်ကြောင့်နာတာ -အဆစ်ရောင်ရမ်းတာ -အရိုးပွတာ -အရိုးကျိုးတာ -အဆစ်လွဲတာ -အရိုးအဆစ်တွေ အနေအထားမမှန်တာ -ကြွက်သားဆုံးရှုံးတာ စတာတွေကြောင့် ဖြစ်ပါတယ်။ အရိုးအဆစ်ကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် နာတာ များသောအားဖြင့်တော့ အရိုးအဆစ်နဲ့ ကြွက်သားတွေကို အသုံးများတာ၊ ကိုယ်နေဟန်ထား မမှန်တာ၊ နာတာရှည် ရောဂါ ဒါမှမဟုတ် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကွန်ပျူတာ စာရိုက်ရင်း လက်ချောင်းလေးတွေ မနာကျင်စေဖို့ နည်းလမ်းများ

နေ့စဉ်လုပ်ငန်းခွင်မှာ အသုံးပြုနေတဲ့ ကွန်ပျူတာတွေ၊ လူနေမှုဘဝထဲမှာ မရှိမဖြစ်အရာတွေဖြစ်တဲ့ စမတ်ဖုန်းတွေကို အသုံးပြုရာကနေဖြစ်လာတဲ့ လက်ချောင်းနာကျင်မှုကို Tech-Related Hand Pain (နည်းပညာဆက်နွယ် လက်နာကျင်မှုဝေဒနာ) လို့ ခေါ်ဆိုပါတယ်။ ဒီဝေဒနာက စာရိုက်တာတွေ၊ ဖုန်းအသုံးပြုတာတွေများလာတဲ့အခါ ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာတစ်မျိုးပါ။ များသောအားဖြင့်တော့ ဆိုးရွားတဲ့ကျန်းမာရေးပြဿနာမဟုတ်ပေမယ့် နေ့စဉ်နဲ့အမျှ စိတ်အနှောင့်အယှက်ဖြစ်စရာအလွန်ကောင်းပြီး ခံစားရတဲ့ဝေဒနာကလည်း ဆိုးပါတယ်။ တစ်ချို့လူတွေဆိုရင် ညအိပ်ယာဝင်ချိန်မှာ လက်ချောင်းလေးတွေ ကိုက်နေတတ်တဲ့အထိပါပဲ။ ဒီလိုပြဿနာမျိုးတွေ မကြာခဏဖြစ်လာမယ်ဆိုရင်တော့ အရိုးအဆစ်နဲ့သက်ဆိုင်တဲ့ပြဿနာတွေ ဖြစ်လာတော့မှာမို့ သတိထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် အမြဲတမ်းကွန်ပျူတာအသုံးပြုနေသူတွေကို လက်ချောင်းလေးတွေ မနာမကျင်စေဖို့ ရှောင်ကျဉ်ရမယ့် အချက်တွေကို ပြောပြပေးပါမယ်နော်။ မကြာခဏ နားပါ - အမြဲတမ်း ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းကို ဆက်တိုက်ကြီး အသုံးပြုနေတာမျိုးကို လျှော့ချပါ။ တစ်နာရီမှာ ၄ ကြိမ်လောက် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

နောက်ကျောနာကျင်မှု အတွက် ကိုယ်လက်လေ့ကျင့်ခန်းများ

နောက်ကျောနာကျင်မှုကို လူတိုင်းနီးပါး ခံစားဖူးကြမှာပါ။ အထိုင်များသွားတာ၊ အညောင်းမိတာ၊ အလေးအပင်မမိတာနဲ့ တခြားသော အကြောင်းအမျိုးမျိုးကြောင့် နောက်ကျောနာကျင်တတ်ကြပါတယ်။ များသောအားဖြင့်တော့ နောက်ကျောနာကျင်တဲ့အခါမျိုးတွေမှာ ဆေးပူလိမ်းတာမျိုး၊ ပလာစတာကပ်တာမျိုးနဲ့ ကုစားကြတာများပါတယ်။ ယာယီအားဖြင့် အလုပ်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီနည်းလမ်းတွေက ရေရှည်အတွက်ဆိုရင်တော့ အဆင်ပြေဖို့ မလွယ်ကူပါဘူး။ နောက်ကျောနဲ့ ခါးနာကျင်မှုတွေကို သက်သာစေဖို့အတွက်ဆိုရင် စနစ်တကျ ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်တာနဲ့ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်တာက အကောင်းဆုံးနည်းလမ်းတွေပါ။ လေ့ကျင့်ခန်းပြုလုပ်ပေးတာက နောက်ကျောနာကျင်မှုကို သက်သာစေရုံသာမက မဖြစ်သေးတဲ့သူတွေကိုလည်း ဖြစ်မလာအောင် တားဆီးပေးနိုင်တာကြောင့်ပါ။ ဘယ်လိုလေ့ကျင့်ခန်းတွေ ပြုလုပ်ကြမလဲ ရိုးရှင်းပြီးထိရောက်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးသွားချင်ပါတယ်။ ခါးကိုင်းပြီး ခြေဖျားကိုထိရတဲ့ Toe Touches လေ့ကျင့်ခန်းမျိုးတွေကို ရှောင်ပါ။ ကြမ်းပြင်ပေါ်မှာ လှဲအိပ်ပြီးပြုလုပ်ရတဲ့ Partial Crunches လို လေ့ကျင့်ခန်းမျိုး ပြုလုပ်ပါ။ ဒီလေ့ကျင့်ခန်းက ကြမ်းပြင်ပေါ်လှဲအိပ်ပြီး ဦးခေါင်းနဲ့ လည်ပင်းရိုးကိုသာ အနည်းငယ်ကြွပေးရတဲ့ လေ့ကျင့်ခန်းမျိုးပါ။ အိပ်ထမတင် မလုပ်ပါနဲ့။ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

တစ်ချိန်လုံး ထိုင်ပြီး အလုပ်လုပ်နေရတာကြောင့် ကြွက်သားတွေ တောင့်တင်းနေပြီလား။

မနက်ကနေစလို့ ညနေအထိ ထိုင်ပြီး အလုပ်လုပ်လိုက်တာ ကြွက်သားတွေရော အကြောတွေပါ တောင့်တင်းနေတာပဲဆိုတဲ့ သူလေးတွေ ရှိလား........... ကြွက်သားတွေ ပြေလျော့စေဖို့ဆိုရင် လေ့ကျင့်ခန်း လုပ်မှပဲလို့ တွေးနေပြီလား။ အစားအစာလေးတွေ စားရင်း ကြွက်သားပြေလျော့စေမယ်ဆိုရင်ရော စိတ်ဝင် စား မလား........... ဒါဆိုရင် ကြွက်သားတွေ ပြေလျော့စေဖို့ ဘာတွေ စားရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။ ကြွက်သားတွေ ပြေလျော့စေမယ့် အစားအစာတွေက ဘာတွေများလဲ.............. ကြွက်သားတွေ ပြေလျော့စေဖို့  ဒါတွေစားပါ။ အယ်လ်မွန်စေ့ အယ်လ်မွန်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီ၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင် Eတို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ တစ်နေ့တာမှာ အယ်လ်မွန်စေ့ ၁၀ စေ့ကနေ ၁၅ စေ့လောက် စားပေးတာက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပြည့်ဝစွာ ရရှိစေပြီး ရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်ပေးသလို  ကြွက်သားတွေကို ပြေလျော့စေပါတယ်။ အယ်လ်မွန်စေ့က အရွယ်မတိုင်ခင် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း