အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ သည် အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာများ ဖြစ်တာကြောင့် အမြန်သက်သာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

ခြေထောက်ကိုက်တာက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကျန်းမာရေး ပြဿနာ ဆိုပေမယ့် နေရထိုင်ရ အတော်လေး ခက်ပါတယ်။ ခြေထောက်ကိုက်တဲ့အခါ နေ့စဉ် လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ ခက်သလို အနားယူ အိပ်စက်ချိန်မှာတောင် ကောင်းကောင်း အိပ်ပျော်ဖို့ ခက်ပါတယ်။ ဒီတစ်ခေါက်တော့ ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ အကြောင်း နည်းနည်းလောက် ပြောပြပေးပါမယ်။ ခြေထောက်ကိုက်တာ လူကြီးတွေမှာပဲ ဖြစ်တတ်တာလား ....... ခြေထောက်ကိုက်တာက လူကြီးတွေမှာ အဖြစ်များပေမယ့် လူငယ်တွေရော အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ခြေထောက်ထဲက နာကျင်နေတာပါ။ အသက်အရွယ် ကြီးရင့်နေတဲ့ ဘိုးဘိုးဘွားဘွားတွေမှာတော့ အဖြစ်များပါတယ်။ ခြေထောက်ကိုက်တာက ခဏတာအတွင်း သက်သာသွားတာ ရှိသလို ရက်သတ္တပတ် အတော်ကြာတဲ့အထိ မပျောက်တာ၊ လချီပြီ ကိုက်နေတာ၊ နှစ်ရှည်လများ ခြေထောက်ကိုက်တာလိုမျိုး နာတာရှည် ကျန်းမာရေး အခြေအနေတွေလည်း ရှိနိုင်ပါတယ်။ ဘာတွေကများ ခြေထောက်ကိုက်စေတာလဲ […]

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးနာတာကို ဘယ်လိုကုသမလဲ

ခါးနာဝေဒနာကိုခံစားနေရတဲ့အခါ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကို ပြုလုပ်ရတာ အခက်အခဲရှိလာပါတယ်။ ဒီဝေဒနာခံစားနေရသူအများအပြားဟာ ပုံမှန်လှုပ်ရှားမှုတွေကို ကောင်းစွာ ပြုလုပ်နိုင်ခြင်းမရှိဘဲ လစဉ်ဆရာဝန်နဲ့သွားရောက်ပြသပြီး ကုသမှုတွေကိုခံယူရလေ့ရှိပါတယ်။ သင်ဝေဒနာခံစားနေရတာ ဘယ်လောက်ကြာပြီလဲ၊ ဘယ်လောက်ထိဆိုးရွားသလဲ၊ တခြားလိုအပ်ချက်တွေရော ဘာတွေရှိသေးလဲ အစရှိတဲ့အချက်တွေပေါ်မူတည်ပြီး ခါးနာခြင်းကိုကုသမယ့်နည်းလမ်းတွေ ကွာခြားပါလိမ့်မယ်။ နာတာရှည်ခါးနာခြင်းအတွက် အသုံးဝင်ထိရောက်မယ့် ကုသမှုနည်းလမ်းတချို့ကိုအောက်မှာဖော်ပြပေးထားပါတယ်။   ဆေးဝါးကုသမှုများ ခါးနာဝေဒနာရှင်အများစုနဲ့ သင့်တော်တဲ့ပထမဆုံးကုသမှုနည်းလမ်းကတော့ ဆေးသောက်ခြင်းပဲ ဖြစ်ပါတယ်။ စစချင်းမှာ ဆရာဝန်ဆေးစာမလိုတဲ့ အကိုက်အခဲပျောက်ဆေးတွေကိုသုံးစွဲနိုင်ပြီး မသက်သာဘဲပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်ဆီသွားရောက်ပြသပြီး ဆေးကုသမှုခံယူရမှာ ဖြစ်ပါတယ်။ ခါးနာခြင်းအတွက် အသုံးပြုတဲ့ဆေးတွေကတော့- • ပါရာစီတမောလိုမျိုး အလွယ်တကူဝယ်ယူနိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေ ဒါမှမဟုတ် naproxen sodium၊ ibuprofen တို့လိုမျိုး စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို သုံးစွဲခြင်းအားဖြင့် လတ်တလောခါးနာခြင်းကို သက်သာစေပါလိမ့်မယ်။ • ကြွက်သားတွေကိုဖြေလျှော့ပေးနိုင်တဲ့ ဆေးတွေဟာလည်း နောက်ကျောအတန်အသင့်နာကျင်ခြင်းကို သက်သာစေနိုင်မှာဖြစ်ပြီး ငိုက်မျည်းတာကိုတော့ ဖြစ်စေနိုင်ပါတယ်။ • အကိုက်အခဲပျောက်ခရင်မ်၊ ဂျဲလ်၊ အရည်စတာတွေကိုလည်း […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Growing Pains (ဖွံ့ဖြိုးမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု )

အဓိပ္ပါယ်ဖွင့်ဆိုချက်Growing Pains (ဖွံ့ဖြိုးမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု ) ကဘာလဲ။ ကလေးတွေ ကြီးထွားဖွံ့ဖြိုးလာခြင်းကြောင့် ဖြစ်လေ့ရှိတဲ့ ကြွက်သားနဲ့ အရိုးအဆစ်နာကျင်မှုတွေကို growing pains လို့ခေါ်ပါတယ်။   Growing Pains (ဖွံ့ဖြိုးမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု ) က ဘယ်လောက်အဖြစ်များသလဲ။ ဒီပြဿနာဟာ မူလတန်းအရွယ်ကလေးတွေရဲ့ ဆယ်ရာခိုင်နှုန်းကနေ နှစ်ဆယ်ရာခိုင်နှုန်းလောက်မှာ ဖြစ်ပွားလေ့ရှိပြီး နာကျင်တဲ့ ပုံစံ၊နေရာ နဲ့ လက္ခဏာတို့အပေါ်မူတည်ပြီး အမျိုးအစားခွဲခြားလေ့ရှိပါတယ်။ ကလေးကြီးထွားမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု ဟာ မိန်းကလေးတွေထက် ယောက်ျားလေးတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ ဒီပြဿနာဟာ အသက်လေးနှစ်နဲ့ ဆယ့်နှစ်နှစ်ကြားကလေးတွေမှာ အဓိကဖြစ်ပွားပြီး ညဖက်တွေမှာ နာကျင်တတ်ပါတယ်။ အသေးစိတ်သိရှိလိုတာတွေရှိရင် သင့်ဆရာဝန်နဲ့ မေးမြန်းဆွေးနွေးနိုင်ပါတယ်။ လက္ခဏာများGrowing Pains (ဖွံ့ဖြိုးမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု ) ရဲ့လက္ခဏာတွေကဘာတွေလဲ။ ကလေးအနေနဲ့ မကြာခဏဆိုသလို ခြေထောက်အရမ်းနာပါလိမ့်မယ်။ ဒါဟာ သာမန်ခြေထောက်နာတာနဲ့ မှားနိုင်ပေမယ့် ကလေးကြီးထွားမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Knee Pain (ဒူးနာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Knee Pain (ဒူးနာခြင်း) ကဘာလဲ။ ဒူးနာခြင်း ဆိုသည်မှာ ခုံညင်းရိုးအောက် သို့ မဟုတ် ဒူးခေါင်း အရိုးဆစ်ကြား နာသော ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ဒူးနာခြင်းသည် ဒူးခေါင်းရိုး၊ ခုံညင်းရိုး၊ အရွတ် နဲ့ အရိုးနု တစ်နေရာရာတွင် ထိခိုက်ချို့ယွင်းခြင်းမှ အစပြုနိုင်ပါသည်။ Knee Pain (ဒူးနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ရောဂါအကြောင်းရင်းကို ရှာဖွေကုသနိုင်သောအခါ ရောဂါ အလိုအလျောက် ပျောက်သွားသည်က များသည်။ အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း အသက်ကြီးသူများတွင် အဖြစ်များသည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်း အားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန့်နဲတိုင်ပင် ဆွေးနွေးသင့် ပါတယ်။ လက္ခဏာများKnee Pain (ဒူးနာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နာသောနေရာသည် ရောဂါဖြစ်နိုင်ချေအများဆုံး အကြောင်းရင်းကို ညွှန်ပြနိုင်သည်။ ထို့ကြောင့် ဘယ်နေရာမှာနာလဲဆိုတာ သိဖို့အရေးကြီးပါသည်။ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးနာတဲ့ သင့်ဇနီး မယားကို သင်ဘယ်လိုကူညီရမလဲ

ကိုယ်ချစ်တဲ့ တစ်စုံတစ်ယောက် နာကျင်ခံစားနေရတာကို မြင်ရတာဟာ အရမ်းဘဲခက်ခဲလွန်းတဲ့အရာပါ။ အထူးသဖြင့် သင့်ရဲ့ဇနီးမယား နာကျင်ခံစားနေရတယ် ဆိုရင်ပေါ့။ သူမဟာ ခါးအောက်ပိုင်းနာခြင်းကြောင့် ပျော်ရွှင်တော့မှာမဟုတ်တော့သလို ဒါကပဲ သင့်ကို သူမဆီက ရှောင်ခွာလိုစိတ် ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒါဟာ အိမ်ထောင်ရေးမှာ ကြီးမားတဲ့အဟန့်အတားကြီးတစ်ခု ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရှောင်ပုန်းမနေပါနဲ့။ သင့်ဇနီးကို ကူညီနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပါ။ အခုပြောပြမှာကတော့ သင့်ဇနီးကို ကူညီနိုင်မယ့် နည်းလမ်းလေးတွေ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောဆိုကြပါ။ ပွင့်ပွင့်လင်းလင်းပြောဆို ဆက်ဆံခြင်းက အိမ်ထောင်ရေးမှာ အရေးကြီးတဲ့ အချက်တစ်ချက်ပါ။ သင့်အနေနဲ့ သူမရဲ့ ခါးနာခြင်းအကြောင်းကို ပြောဆိုပြီး သူမရဲ့နာကျင်မှုကို နားလည်အောင်လုပ်ပါ။ သူမဟာ သူမနာကျင်နေတယ်ဆိုတာကို သင့်ကိုရော သူမရဲ့အနီးကလူတွေကိုပါ ဖုံးကွယ်ထားဖို့ ကြိုးစားနိုင်ပါတယ်။ အကြောင်းကတော့ သူမဟာ သူမချစ်တဲသူတွေအပေါ် သူမကြောင့် ဝန်မပိစေချင်လို့ပါ။ သူမဟာ သူမအားနည်းနေတယ်လို့လည်း အမြင်ခံမှာမဟုတ်ပါဘူး။ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကြွက်သားနာကျင်နေတဲ့ သင့်ကလေးငယ်ကို သင်ဘယ်လိုကူညီရမလဲ

မိဘတစ်ယောက်အနေနဲ့ သားသမီး ထိခိုက် အနာတရမဖြစ်အောင် ကာကွယ်ပေးကြတာချည်းပါပဲ။ ဘယ်လောက်ပဲ ကာကွယ်ပေးပါစေ ကလေးဆိုတာ ကလေးသဘာဝအရ ဆော့ကစားပြီး အနာတရဖြစ်တာချည်းပါဘဲ။ မိဘတွေက ကလေးတွေကို တကယ်သင်ပေးရမယ့်အချက်ကတော့ နာကျင်မှုကနေ သူတို့ကိုယ်တိုင် ဘယ်လိုပြန်ထရမလဲ ဆိုတာပါပဲ။ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့နာကျင်မှုအများစုက ကြွက်သားနာကျင်မှု ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သင့်ကလေးကို သင်ကူညီပေးနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပါမယ်။ စကားမပြောတတ်သေးတဲ့ သင့်ကလေးက သင့်ဆီကို “ဘူး ဘူး” လို့အော်ပြီး ပြေးလာတဲ့အခါမှာ သင့်အနေနဲ့ ကလေးငယ်က နာကျင်နေလားဆိုတာကို သေချာကြည့်ပြီး သင့်တော်တဲ့ကုသမှုပေးဖို့ လိုအပ်ပါတယ်။ ပိုငယ်တဲ့ ကလေးငယ်တွေက ဘာမှတောင်ပြောနိုင်မှာမဟုတ်တဲ့အတွက် သူတို့နာကျင်မှုခံစားနေရလားဆိုတာ သူတို့မငိုမချင်း သင်မသိနိုင်ပါဘူး။ မိဘတစ်ယောက်အနေနဲ့ သင့်ကလေးရဲ့ အပြုအမူကိုအကဲခတ်ပြီးတော့ သူတို့ဘာခံစားနေရလဲဆန်းစစ်ပါ။ ဥပမာ - အံကြိတ်ခြင်း လိုမျိုး အပြုအမူပြောင်းလဲသွားတာမျိုးကိုဆိုလိုတာပါ။ တချို့ကလေးတွေကတော့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးနာနေတဲ့ သင့်ရဲ့ခင်ပွန်း (သို့) ဇနီးကို ဘယ်လိုဂရုစိုက်မလဲ

သင့်ရဲ့ လက်တွဲဖော်က ခါးနာရောဂါခံစားနေရပါသလား? ခါးနာခြင်းက ဖြစ်လေ့ဖြစ်ထရှိတဲ့ နာကျင်ခြင်း တစ်မျိုးပါ။ ကျွန်တော်တို့အားလုံး တစ်သက်မှာ တစ်ခါတော့ ခါးနာဖူးကြမှာပဲ။ ဒါပေမယ့် တချို့သူတွေက ခါးနာခြင်းကို နာတာရှည်ပုံစံ ဆက်တိုက်ခံစားလာရတဲ့အခါမှာ သူတို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုတောင် မလုပ်ကိုင်နိုင်တော့တဲ့ထိ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးကိုတော့ နာတာရှည်ခါးနာရောဂါလို့ ယေဘူယျခေါ်ပါတယ်။ ခါးနာနေတဲ့ သင့်ရဲ့လက်တွဲဖော်ကို ကူညီနိုင်မယ့် နည်းလမ်းများစွာရှိပါတယ်။ အခုပြောပြသွားမှာကတော့ ခါးနာရောဂါရှိနေတဲ့ သင့်ရဲ့ လက်တွဲဖော်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ခါးနာခြင်းနဲ့ ပတ်သက်သမျှ သင်လေ့လာနိုင်သလောက် လေ့လာပါ။ သင်ကိုယ်တိုင် ခါးနာရောဂါအကြောင်း အခြေခံ နားလည်ထားဖို့ အရေးကြီးပါတယ်။ အဲဒီထဲမှာ ခါးနာစေတဲ့အကြောင်းအရင်းများ ကုသနည်းများ နာကျင်မှုကိုဘယ်လိုထိန်းညှိရမလဲဆိုတဲ့ နည်းလမ်းများကိုလည်း သိထားရပါမယ်။ ဒီလိုလေ့လာထားခြင်းက သင့်လက်တွဲဖော်ရဲ့ နေ့စဉ်ဘဝမှာ ဖြတ်သန်းနေရတဲ့ နာကျင်မှုကို သင့်အားနားလည်စေပါတယ်။ ခါးနာခြင်းအကြောင်း လေ့လာထားခြင်းက သင့်လက်တွဲဖော်ရဲ့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကျွန်တော့အမေရဲ့ ခါးနာရောဂါကို ကျွန်တော်ဘယ်လိုကူညီရမလဲ

သင့်ရဲ့အမေဟာ ခါးနာရောဂါခံစားနေရပါသလား ? သင်ဟာ သူမဒီရောဂါကြောင့်နာကျင်ရခြင်းကိုမြင်ပြီး ဝမ်းနည်းပါသလား ? သင်အကူအညီမဲ့သလိုခံစားနေစရာမလိုပါဘူး။ အခုပြောပြသွားမှာက သင့်အမေရဲ့ ခါးနာရောဂါကို ထိန်းချုပ်နိုင်အောင် စီမံခန့်ခွဲမှုလုပ်နိုင်ဖို့ သင်ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေပါ။ သင့်အမေရဲ့ ခါးနာအခြေအနေကို သေချာသိအောင်အရင်လေ့လာပါ။ ခါးနာခြင်းဆိုတာ နာကျင်ရုံသက်သက်မဟုတ်ဘဲ နာတာရှည်ဖြစ်သွားနိုင်တဲ့ ရောဂါတစ်ခုပါ။ သင့်အမေကိုကူညီနိုင်ဖို့အတွက်က သင်ကိုယ်တိုင်သူမရဲ့ အခြေအနေကိုနားလည်နိုင်ဖို့လိုပါတယ်။ ခါးနာခြင်းနဲ့ပတ်သက်သမျှ သင်လေ့လာနိုင်သမျှ လေ့လာခြင်းက သင့်အမေကို သက်တောင့်သက်သာဖြစ်အောင်ကူညီနိုင်ဖို့အတွက် အရေးပါပါတယ်။ ခါးနာခြင်းအကြောင်းလေ့လာခြင်းက သင့်ကိုကူညီရုံသာမက သင့်အမေကိုလည်း သူမရဲ့အခြေအနေကိုနားလည်စေနိုင်ဖို့ကူညီပေးပါတယ်။ သင့်အမေကလည်း သူမအတွက်သင့်ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုမှာပါ။ သင်ခါးနာခြင်းအကြောင်း နားလည်လာသမျှ သူမကိုသင်ပိုပိုပြီး ကိုယ်ချင်းစာလာနိုင်မှာပါ။ ဒီလိုလေ့လာခြင်းကြောင့် သင့်ဟာ သူမအတွက် ခါးနာခြင်းအတွက် မှန်ကန်တဲ့အထူးကုဆရာဝန်ရွေးချယ်နိုင်မှာဖြစ်တဲ့အပြင် သူမအတွက်သင့်တော်တဲ့ကုသမှုတွေကို ပေးနိုင်မှာဖြစ်ပါတယ်။ အိမ်ရဲ့အသုံးအဆောင်တွေကို ပြန်လည်နေရာချပါ။ သင့်အမေလှုပ်ရှားမှုနည်းလေ သူမသက်တောင့်သက်သာရှိလေ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ အသုံးအဆောင်တွေကို ရင်ဘတ်လောက်အမြင့်ရှိတဲ့ နေရာရွှေ့ပါ။ ဒါက […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခန္ဓါကိုယ်နာကျင်ကိုက်ခဲမှုများကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေသည့် နည်းလမ်းများ

သင်ဟာ ကိုယ်လက်လှုပ်ရှားမှု လုပ်နေကျဖြစ်စေ၊ လုပ်နေကျ မဟုတ်တာဖြစ်စေ ကိုယ်ခန္ဓါ နာကျင်မှုတွေဟာ နေရာတိုင်းအချိန်တိုင်း ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ထိုင်ရာက မထပဲ နာကျင်မှု ဖြေဖျောက်စရာ နည်းလမ်းတွေ ရှိနေပါတယ်။ ခါးနာခြင်း ၁။ ကုလားထိုင်ပေါ်မှာ မတ်မတ်ထိုင်ပါ။ ၂။ ခြေထောက်တစ်ဖက်ကို ရင်ဘတ်အထိ မြှောက်ပြီးတော့ လက်တစ်ဖက်နဲ့ ကိုင်ထားပါ။ ၃။ ကိုယ်ခန္ဓါကို ရှေ့ကိုကုန်းပါ။ ၄။ ဒီပုံစံကို စက္ကန့် ၃၀ လောက်ပြုလုပ်ပါ။ ၅။ ခြေထောက်ကို ဖြည်းညင်းစွာ လွှတ်ပါ။ ၆။ နောက်အခြားတစ်ဖက်ကို ပါ ပြုလုပ်ပါ။ ပုခုံးနာခြင်း ၁။ အသက်ပြင်းပြင်းရှူပြီး ပုခုံးတွေကို နားရွက်ထံကို မတင်ပါ။ ၂။ ဒီအတိုင်း ၃ စက္ကန့်လောက် နေပါ။ ၃။ အသက်ရှူထုတ်ပြီး ပုခုံးကို ပြန်ချလိုက်ပါ။ ၄။ ၁၀ ကြိမ် (သို့) ဒီထက်ပိုပြီး ပြုလုပ်ပါ။ ခြေထောက်နာခြင်း ၁။ ခြေထောက်တစ်ဖက်ကို အခြားခြေထောက်ရှေ့မှာထားပါ။ ၂။ နောက်က […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

နာတာရှည်ခါးနာခြင်းအကြောင်းကို ဖြစ်စေသော အဓိကအကြောင်းရင်း

နာတာရှည်ခါးနာခြင်းအကြောင်းကို ဖြစ်စေသော အဓိကအကြောင်းရင်းခါးနာမှု ဖြစ်စေတဲ့ အရာတွေအကြောင်းကို နားလည်ဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ခါးနာခြင်းဟာ အခြားနာကျင်ခြင်းတွေဆီကို ဦးတည်သွားပြီး ကိုယ်ခန္ဓါအနှံ့အပြားမှာ အခြားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ လူနာတစ်ယောက်ဟာ ဆရာဝန်ကို ခါးနာလို့လာပြရင် တစ်ခုတည်းသောနည်းက သူ့ကို ကုသလိုက်တာပါပဲ။ လူနာကို ပိုမို အသေးစိတ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ထက် နာကျင်မှုကုသတဲ့ဆရာဝန်ဟာ ခါးနာတာပျောက်အောင်သာ ကုသလိုက်ပါတယ်။ ဒီလိုကုသမှုဟာ ပြဿနာများစွာကိုဖြစ်စေတတ်ပါတယ်။ ခါးနာရတဲ့အကြောင်းရင်းဒီလိုလုပ်မယ့်အစား ဘာဖြစ်လို့ခါးနာနေတာလဲဆိုတာ ရှာကြည့်သင့်ပါတယ်။ စဖြစ်စေတဲ့ အကြောင်းအရာတွေ အမြောက်အမြားရှိပေမယ့် ခါးနာခြင်းဟာ အောက်ဖေါ်ပြပါ အချက်ငါးခုထဲက တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ • ကြွက်သား ပိုမို အားစိုက်ရခြင်း • အဆစ်မျက်နှာပြင် နာကျင်ခြင်း • Disc ဖေါင်းခြင်း • Discogenic Pain နဲ့ • Sacroiliac Joint pain တို့ပဲဖြစ်ပါတယ်။ ကြွက်သားပိုမို အားစိုက်ရခြင်းကြောင့် ဖြစ်တဲ့ခါးနာခြင်းဟာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အထိုင်များခြင်းကြောင့် ဖြစ်လာနိုင်သော ပြဿနာများ

အခုခေတ်မှာ လူသားတွေဟာ ခန္ဓါကိုယ်လုပ်အားကို အသုံးပြုရတဲ့ အလုပ်တွေ ပျောက်ဆုံးပြီး ခေတ်ပေါ်စက်ကိရိယာတွေက လူတွေအစား လုပ်ပေးတဲ့ ကမ္ဘာကြီးမှာ နေနေကြရပါတယ်။ အမေရိကန် ၃၄ သန်းကျော်ဟာ ရုံးခန်း (သို့) အရောင်းအလုပ်တွေ လုပ်နေရတာမို့ သူတို့ကို တစ်နေ့ ရှစ်နာရီ (သို့) ဒီထက်ကြာအောင်ထိုင်နေဖို့ တွန်းအားပေးနေသလိုပါပဲ။ Annuals of Internal Medicine မှာ ပါတဲ့ အစီရင်ခံချက် တစ်ခုအရ ပုံမှန်လူတစ်ယောက်ဟာ သူ့ရဲ့နိုးနေတဲ့ အချိန်တွေရဲ့ တစ်ဝက်ကျော်ကျော်ကို မလှုပ်ရှားတဲ့ ပုံစံ (ကွန်ပျူတာ ရှေ့မှာ ထိုင်တာ၊ တီဗွီ ကြည့်တာ၊ အလုပ်ကနေ သွား၊ ပြန်တာ) မျိုးနဲ့ ဖြတ်သန်းတတ်ကြပါတယ်။ နည်းပညာက သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေကို ယူဆောင်လာပေးတဲ့အတွက် အချိန်အနည်းငယ်အတွင်းမှာ အလုပ်များများပြီးတာမျိုး၊ အားအင် သက်သာတာမျိုး၊ အမြန် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း