အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ
ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ
ခြေထောက်ကိုက်တာက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကျန်းမာရေး ပြဿနာ ဆိုပေမယ့် နေရထိုင်ရ အတော်လေး ခက်ပါတယ်။ ခြေထောက်ကိုက်တဲ့အခါ နေ့စဉ် လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ ခက်သလို အနားယူ အိပ်စက်ချိန်မှာတောင် ကောင်းကောင်း အိပ်ပျော်ဖို့ ခက်ပါတယ်။ ဒီတစ်ခေါက်တော့ ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ အကြောင်း နည်းနည်းလောက် ပြောပြပေးပါမယ်။ ခြေထောက်ကိုက်တာ လူကြီးတွေမှာပဲ ဖြစ်တတ်တာလား ....... ခြေထောက်ကိုက်တာက လူကြီးတွေမှာ အဖြစ်များပေမယ့် လူငယ်တွေရော အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ခြေထောက်ထဲက နာကျင်နေတာပါ။ အသက်အရွယ် ကြီးရင့်နေတဲ့ ဘိုးဘိုးဘွားဘွားတွေမှာတော့ အဖြစ်များပါတယ်။ ခြေထောက်ကိုက်တာက ခဏတာအတွင်း သက်သာသွားတာ ရှိသလို ရက်သတ္တပတ် အတော်ကြာတဲ့အထိ မပျောက်တာ၊ လချီပြီ ကိုက်နေတာ၊ နှစ်ရှည်လများ ခြေထောက်ကိုက်တာလိုမျိုး နာတာရှည် ကျန်းမာရေး အခြေအနေတွေလည်း ရှိနိုင်ပါတယ်။ ဘာတွေကများ ခြေထောက်ကိုက်စေတာလဲ […]































