အခြားခံတွင်းရောဂါ ပြဿနာများ

အခြားခံတွင်းရောဂါ ပြဿနာများ သည် အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားခံတွင်းရောဂါ ပြဿနာများ

ဗီတာမင် B12 ချို့တဲ့ ခြင်းနှင့် ကျီးကန်းပါးစပ်

ခုလိုကာလမျိုးမှာ ရာသီဥတုကြောင့်ရော စားသောက်နေထိုင်မှုပုံစံကြောင့်ပါ ကျီးကန်းပါးစပ် (Angular Cheilitis) လို ဝေဒနာမျိုးကို ကြုံရတတ်ပါတယ်။ ဒီဝေဒနာဟာ ဗီတာမင် B12 ချို့တဲ့ မှုရဲ့ အရေးပါတဲ့ လက္ခဏာတစ်မျိုးဆိုတာကိုတော့ လူသိနည်းပါတယ်။ ကျီးကန်းပါးစပ် ဆိုတာက နှုတ်ခမ်းထောင့်တွေ နီရဲအက်ကွဲကာ ပါးစပ် ဟမရ ပြုမရဖြစ်တဲ့ ဝေဒနာတစ်မျိုးပါ။ စားရသောက်ရ စကားပြောဆိုရတာမှာ အတော်လေး ကသိကအောက်နိုင်တဲ့ ရောဂါဆိုပါတော့။ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်သော်ငြား အတော်လေးစိတ်အနှောင့်အယှက်ပေးတဲ့ ပြဿနာမျိုးလို့တော့ ဆိုရပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဗီတာမင် B မှာ အုပ်စုဝင်အမျိုးအစား ၈ မျိုးရှိပါတယ်။ ကျီးကန်းပါးစပ် လို နှုတ်ခမ်းမှာဖြစ်တဲ့ ပြဿနာတွေဟာ ဗီတာမင် B အုပ်စုထဲက ဗီတာမင် B12 ချို့တဲ့မှုကြောင့်ဖြစ်ရတာပါ။ ဗီတာမင် B ချို့တဲ့ တဲ့အခါမှာ ရောဂါလက္ခဏာအမျိုးမျိုးပြသလေ့ရှိပြီး […]

အခြားခံတွင်းရောဂါ ပြဿနာများ ကို ရှာဖွေမည်။

အခြားခံတွင်းရောဂါ ပြဿနာများ

သွားကိုက်ဝေဒနာ သက်သာစေမယ့်နည်းလမ်း (၅) ခု

ဘာမှစားလို့မရအောင် သွားတွေကိုက်နေတာလား။ အရမ်းနာကျင်ရတာမဟုတ်ဘူးဆိုရင်တောင်မြန်မြန်သက်သာချင်ကြမှာပဲ။ အစားစားလည်းနာ၊ငြိမ်နေလည်းနာကျင်နေရမှာကိုး။ သိပ်ဆိုးလာရင်တော့ ဆရာဝန်ပြရမယ်ဆိုပေမယ့် စစချင်းမှာ သွားကိုက်ဝေဒနာကို သက်သာအောင် ကိုယ့်ဘာသာကြိုးစားကြည့်လို့ရပါသေးတယ်။ သွားကိုက်ေနတဲ့အချိန်မှာဝေဒနာသက်သာလျော့ပါးစေမယ့် နည်းလမ်း (၅) ခုကိုဖော်ပြလိုက်ပါတယ်။ (၁) နာနေတဲ့သွားကို သိပ်မသုံးပါနဲ့ နာကျင်မှုကို သက်သာအောင် ထိန်းနေရတဲ့အချိန်မှာ ကိုက်နေတဲ့သွားကို သိပ်အားမစိုက်တာ၊ အသုံးမပြုတာကောင်းပါတယ်။ သိပ်ဝါးရတဲ့ အစားအစာတွေကိုရှောင်ပါ။ ဖြစ်နိုင်ရင် အစာပျော့ပျော့စားသင့်တာပါ။ (၂) ဆားရည်ငုံပါ၊ ပလုပ်ကျင်းပါ နာကျင်မှုကိုသက်သာစေပြီး ဘက်တီးရီးယားတွေသေစေနိုင်တဲ့နည်းလမ်းက ဆားရည်နဲ့ပလုပ်ကျင်းပါ။ဝေဒနာလုံးဝပျောက်ကင်းစေနိုင်တဲ့ ကုသနည်းမဟုတ်ပေမယ့် ပိုးတွေသေစေပြီး သွားဖုံးရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။ ရေနွေးထဲ ဆား သင့်ရုံထည့်ပြီး ခပ်နွေးနွေးအနေအထားမှာ ပလုပ်ကျင်းပါ။ ဆားရည်ကို မိနစ် ၃၀လောက်ငုံပြီးမှ ပလုပ်ကျင်းပါ။ (၃) အကိုက်အခဲပျောက်ဆေးေသာက်ပါ သွားကိုက်ဝေဒနာကို လတ်တလောသက်သာစေဖို့က အကိုက်အခဲပျောက်ဆေးတွေက မြန်ဆန်တဲ့ထိရောက်မှုရှိပါတယ်။ဆရာဝန်က လိုအပ်တဲ့ဆေးဝါးကုသမှုပေးထားချိန်မှာ အနာသက်သာနေမှပျောက်ကင်းမှုပိုမြန်မှာဖြစ်လို့ အကိုက်အခဲပျောက်ဆေးကလိုအပ်ပါတယ်။ တချို့ဆိုရင် သွားကိုက်ဝေဒနာကြောင့်သွေးတိုး တက်လာတာတွေရှိနိုင်တဲ့အတွက်လည်း ပါပါတယ်။ (၄)ရေအေးဝတ် ကပ်ပေးပါ ရေခဲတုံးကို ပတ်ထားတဲ့ သို့မဟုတ်ရေအေးဆွတ်ထားတဲ့အဝတ်လေးနဲ့ ကိုက်နေတဲ့သွားဘေးကပါးတစ်ခြမ်းကို […]


အခြားခံတွင်းရောဂါ ပြဿနာများ

အရွတ်စုတ်ပြဲခြင်းပြဿနာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ

အရွတ်ဆိုတာ ခန္ဓါကိုယ်က ကြွက်သားတွေကို အရိုးနဲ့တွယ်ဆက်ပေးထားတဲ့ တောင့်တင်းတဲ့ တစ်ရှူးအဖွဲ့အစည်းဖြစ်ပြီး ကြွက်သားတွေကို အားစိုက်အသုံးပြုရာမှာ အကူအညီပေးပါတယ်။ များသောအားဖြင့် ရုတ်တရက် ပြင်းပြင်းထန်ထန် လှုပ်ရှားရတဲ့ အားကစားနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ဒါမှမဟုတ် အရွတ်ကို အဆမတန်အသုံးပြုရတဲ့ အားကစားနည်းတွေ (ဥပမာ ပြေး၊ခုန်၊ပစ်) ပြုလုပ်ရတဲ့အခါ အရွတ် ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ နေ့စဉ်နဲ့အမျှ ထပ်တလဲလဲပြုလုပ်ရတဲ့ လှုပ်ရှားမှုတွေ (ဥပမာ ကွန်ပျူတာ ကီးဘုတ်၊ မောက်စ် အသုံးပြုခြင်း) ကြောင့်လည်း အရွတ်စုတ်ပြဲတဲ့ပြဿနာ ဖြစ်လာနိုင်ပါတယ်။ အရွတ်စုတ်ပြဲစေသည့် အကြောင်းရင်းများ ယေဘုယျအားဖြင့် သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအရွယ်တွေမှာ အရွတ်ပြဲနိုင်ချေ ပိုများပြီး ငယ်ရွယ်စဉ်အချိန်မှာတော့ အရွတ်မပြဲခင် အရွတ်နဲ့တွယ်ဆက်ထားတဲ့ ကြွက်သားတွေအရင် ပြဲထွက်နိုင်ပါတယ်။ အရွတ်ပြဲခြင်းကို အသက်အရွယ်ကြီးသူတွေနဲ့ ဂေါက်ရောဂါကဲ့သို့ ရောဂါအခံတစ်ခုခု ရှိသူတွေမှာ ပိုအတွေ့ရများပါတယ်။ အရွတ်ပြဲခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့ ထိခိုက်ဒဏ်ရာရခြင်း အသက်အရွယ်ကြီးခြင်း […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားတိုက်ဆေးဘာကြောင့် အရေးကြီးလဲ

အစားအသောက်ပြီးသွားတိုက်ခြင်းသည် တကိုယ်ရည်သန့်ရှင်းခြင်းအတွက်အလုပ်များဆုံးသော လုပ်ဆောင်ခြင်းတစ်ခုဖြစ်သည်။ သွားတိုက်ခြင်း ပလုပ်ကျင်းခြင်းက အစာဖက်တွေကိုဖယ်ရန်ကူညီပေးနိုင်သည်။ ထိုအပြင် သွားနှင်သွားဖုံးကင်ဆာဖြစ်ခြင်းကိုလည်းနည်းစေသည်။ သို့သော် သွားတိုက်ခြင်းက သွားတိုက်ဆေးအပေါ်လည်းမှုတည်သေးသည်။ ဘက်တီးရီးယားဆန့်ကျင်ပေးခြင်း။ သွားတိုက်ဆေးက သွားရှိအဖက်များပေါ်ခြင်းကိုကာကွယ်ပေးခြင်းဖြင့် သွားဖုံးယောင်ခြင်း သွားနားယောင်ခြင်းကိုသက်သာစေသည်။ ပါးစပ်ထဲရှိ ဘက်တီးရီးယားက သွားထဲညှပ်နေသောအစာကို သွားဂျိုးပေါ်လာစေသည်။ ထိုအရာက သွားပိုးစားခြင်းနှင့်သွားဆုံး၇ှုံ့းသည်အထိဖြစ်စေသည်။ ထိုအပြင် သွားတိုက်ဆေးတွင် ဒါတုများပါဝင်ပြီး ထိုအရာကသွားပေါ်တွင်နေကာ သွားကျိုးပေါ်ခြင်းအဖက်များကျန်နေခြင်းကိုကာကွယ်ပေးနိုင်သည်။ သွားတိုက်ဆေးတွင် ပိုးသတ်ဆေးအနည်းငယ်လည်းပါဝင်နိုင်ပြီး ပါးစပ်ရှိပိုးမွားများကိုသတ်ပေးနိုင်သည်။ သွားတိုက်ဆေးပါဝင်ပစ္စည်းများ။ များသောအားဖြင့် ဖလိုရိုက်ပါဝင်သည်။ ထိုအရာများကသွားကိုသန့်ရှင်းစေရုံမက ကာကွယ်ပေးသည်။ ဖလိုရိုက်က သင့်သွားအပေါ်ယံလွာကိုသန်မာစေပြီး ဘက်တီးရီးယားကြောင့်ဖြစ်သော အက်စစ်ပတ်ဝန်းကျင်မှကာကွယ်ပေးသည်။ သို့သော် သွားတိုက်ဆေးကိုမြိုချခြင်းမှရှောင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် အများကြီးမျိုချမိပါကအန္တရယ်ရှိသောကြောင့်ဖြစ်သည်။ ဆိုဒီယမ် ဘိုင်ကာဗွန်နိတ်သည်လည်းသွားတိုက်ဆေးတော်တော်များများတွင်ပါသည်။ အဓိကအားဖြင့်သွားဖြူလိုသည်ကဆိုသူများတွင်ပါသည်။ သိပ္ပံပညာရှင်များ၏သွားတိုက်ရာတွင် သန့်ရှင်းလုံခြုံပြီး ထိရောက်သောအရာဟုသက်သေပြပြီးဖြစ်သည်။ ဘိတ်ကင်းဆိုဒါကို စီးပွားဖြစ်သွားတိုက်ဆေးအဖြစ်မတီထွင်ခင် သွားတိုက်ရာတွင်အသုံးပြုများခဲ့သော ကွန်ပေါင်းတခုဖြစ်ခဲ့သည်။ သင့်သွားက အရမ်းပူသောအေးသောအစာများကို ထိခိုက်လွယ်ပါက သင့်ကိုကူညီနိုင်သော အထူးပြုလုပ်ထားသည်သွားတိုက်ဆေးရှိပါသည်။ သွားတိုက်ဆေးရှိဓါတုများက အာရုံကြောကိုငြိမ်စေရန်ကူညီပေးနိုင်ခြင်း ဦးနောက်ကိုပို့သောအချက်များကိုကာကွယ်ပေးခြင်းတို့လုပ်ပေးနိုင်သည်။ သို့သော် […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းနံ့ဆိုးကို ဘယ်လိုဖျောက်မလဲ

ခံတွင်းနံ့ဆိုးထွက်စေတဲ့ အကြောင်းအရင်း အများကြီးရှိပါတယ်။ ခံတွင်းနံ့ဆိုးထွက်ခြင်းဟာ မိမိကိုယ်ကိုယုံကြည်မှု လျော့နည်းစေတဲ့အတွက် ခံတွင်းနံ့ကောင်းမွန်လာအောင် အလွယ်တကူပြုလုပ်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။ မကြာခဏသွားတိုက်ပါ၊ သန့်ရှင်းရေးလုပ်ပါ သင့်အာခံတွင်းထဲက သွားချေးနဲ့ ဘက်တီးရီးယားပိုးမွှားတွေဟာ ခံတွင်းနံ့ဆိုးစေတဲ့ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။ လူအများစုက မနက်အိပ်ရာထမှာ တစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီးမှာ တစ်ကြိမ် တစ်နေ့ကို နှစ်ကြိမ် သွားတိုက်လေ့ရှိကြပါတယ်။ အကယ်၍ သင်ဟာ ခံတွင်းနံ့အတွက် စိုးရိမ်ပူပင်နေရမယ်ဆိုရင်တော့ တစ်နေ့နှစ်ကြိမ်မက သွားတိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ ဥပမာ blue cheese ခေါ် ပင်နီဆီလီယမ် မှိုဖောက်ထားတဲ့ ချိစ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါး စတဲ့ အနံ့စူးစူးထွက်စေတဲ့ အစားအသောက်တွေ စားပြီးတိုင်း သွားတိုက်ပေးသင့်ပါတယ်။ ဒါ့အပြင် တစ်နေ့ကို အနည်းဆုံးတစ်ကြိမ် သွားသန့်ရှင်းရေးလုပ်တဲ့ကြိုးကို အသုံးပြုပြီး သွားပွတ်တံနဲ့ မဖယ်ထုတ်နိုင်တဲ့ သွားကြိုသွားကြားထဲက […]


အခြားခံတွင်းရောဂါ ပြဿနာများ

ပိုမိုဖြူဖွေးတောက်ပသော သွားများကို ပိုင်ဆိုင်နိုင်မည့် လျှို့ဝှက်ချက် (၁၀) ချက်

ဝါညစ်ထေးနေသော သွားများကြောင့် သင့်ပြုံးဖို့ ခက်နေပါသလား။ သင် အသက်ကြီးလာသည်နှင့်အမျှ အချို့အစားအသောက်များသည် သင့်သွားများကို အရောင်စွန်းထင်းစေသည်။ အချို့အရာများကို ကာကွယ်ပြီး အထူးပစ္စည်းအချို့ကို အသုံးပြုလျှင် သင့်သွားများကို နဂိုအတိုင်း တောက်ပဖြူဖွေးလာစေပါလိမ့်မည်။ တောက်ပသော အပြုံးများကို ပြန်လည်ပိုင်ဆိုင်ဖို့ ကူညီပေးမည့် နည်းလမ်းများကို အောက်တွင် ဆက်လက်ဖော်ပြထားပါတယ်။   သင်ကိုယ်တိုင် ပြုလုပ်နိုင်မည့် သွားဖြူနည်း အပေါ်ယံသွားအစွန်းများကို ဆေးဆိုင်တွင် ဝယ်၍ရသော သွားဖြူဆေးပါသည့် သွားတိုက်ဆေး၊ သွားဖြူဆေးများနှင့် ဖယ်ရှားနိုင်သည်။ သွားအစွန်းချွတ်ပေးသော ပစ္စည်းများတွင် အဓိကပါဝင်သော ပစ္စည်းများမှာ သွားတိုက်ဆေးတွင် ပါဝင်သော အစွန်းချွတ်ဆေးအပျော့စားနှင့် ချေးချွတ်ဆေးများ ပဲဖြစ်ပါတယ်။   သွားဖြူစေသော ပစ္စည်း အိမ်လုပ်သွားဖြူဆေးကိရိယာ အများစုမှာ Carbamide peroxide (သို့) Hydrogen peroxide တို့ ပါဝင်ပါသည်။ ထိုဓါတုပစ္စည်းများသည် အပေါ်ယံတွင် အချို့နက်ရှိုင်းသော အရောင်စွန်းထင်းမှုများကို ဖယ်ရှားပေးပါသည်။ ကိရိယာပေါ်မူတည်ပြီး […]


အခြားခံတွင်းရောဂါ ပြဿနာများ

အံဆုံးသွားဖုံးရောင်ခြင်း

အံဆုံးသွားဖုံးရောင်ခြင်းဆိုတာ ဘာလဲ အံဆုံးသွားဖုံးရောင်ခြင်းဆိုတာ ဆယ်ကျော်သက်နှောင်းပိုင်းနဲ့ အသက်၂၀ ဝန်းကျင်မှာ ပေါက်လေ့ရှိတဲ့ တတိယနဲ့ စတုတ္ထမြောက်အံသွားအစုံ (အံဆုံး) ပတ်ပတ်လည်က သွားဖုံးတစ်ရှုး ရောင်ရမ်းပြီး ပိုးဝင်ခြင်းကို ခေါ်ပါတယ်။ အံဆုံးပေါက်စဉ်ကာလမှာ ခံစားရတဲ့ ရောဂါဖြစ်ပြီး သာမန်သွားဖုံးရောဂါနဲ့ မတူပါဘူး။ ဒါပေမယ့် ရောဂါဖြစ်ပွားပုံကတော့ သွားဖုံးထဲညပ်နေတဲ့ စာကြွင်းစားကျန်တွေကြောင့် သွားဖုံးပြည်တည်တဲ့ ဖြစ်စဉ်နဲ့ အလားသဏ္ဍာန်တူပါတယ်။ အံဆုံးသွားဖုံးရောင်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ ဒီရောဂါရဲ့ လက္ခဏာတွေကတော့ သွားဖုံးနာခြင်း ပိုးဝင်ခြင်း သွားဖုံးတစ်ရှုးအတွင်း အရည်စုပြီး ရောင်ရမ်းခြင်း သွားဖုံးပြည်ယိုခြင်းကြောင့် အရသာဆိုးဆိုး ခံစားရခြင်း လည်ပင်း ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း ပါးစပ်ဟရခက်ခြင်းတို့ ဖြစ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် သင့်သွားဆရာဝန် သို့မဟုတ် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ အံဆုံးသွားဖုံးရောင်ရောဂါကို ဘယ်လိုကုသမလဲ အကယ်၍ အံဆုံးသွားဖုံးရောင်တဲ့ ရောဂါလက္ခဏာ သိပ်မပြင်းထန်ဘူးဆိုရင် ပိုးသတ်ဆေးသောက်စရာမလိုပဲ မိမိဘာသာ ကုသနိုင်ပါတယ်။ ထိပ်ပိုင်းသေးတဲ့ သွားပွတ်တံနဲ့ သွားကို ဂရုတစိုက်၊ နှံ့နှံ့စပ်စပ် […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းကင်ဆာကို ဘယ်လိုကာကွယ်မလဲ

ခံတွင်းကင်ဆာကို ဘယ်လိုကာကွယ်မလဲ။ ကင်ဆာဆိုတဲ့ အသံကို ကြားလိုက်တာနဲ့ လူတိုင်းက တွန့်ခနဲ ဖြစ်သွားတတ်ကြပါတယ်။ ဟုတ်ပါတယ်၊ကင်ဆာရောဂါဟာ တကယ်တမ်းလည်း အင်မတန်မှ ကြောက်ဖို့ကောင်းတဲ့ ရောဂါတမျိုးပါ။ ကင်ဆာအမျိုးမျိုးရှိတဲ့အနက် တချို့ကင်ဆာတွေဟာ မျိုးရိုးလိုက်လို့ဖြစ်ရတယ်၊အစားအသောက်အနေအထိုင်တွေကြောင့် ဖြစ်ရတယ်၊ပတ်ဝန်းကျင် (ဝါ)လုပ်ငန်းခွင် အနေအထားတွေကြောင့် ဖြစ်ရတယ် စသဖြင့် အကြောင်းရင်းခံအမျိုးမျိုး ရှိတဲ့အတွက် အချို့ကင်ဆာတွေကို ကာကွယ်လို့ရသလို၊အချို့ကင်ဆာတွေကိုတော့ ကာကွယ်လို့ မရပါဘူး။ ဒါပေမယ့် အသက်ဉာဏ်စောင့်ဆိုတဲ့အတိုင်း မိမိဖက်က ဆင်ခြင်စရာရှိတာတွေကိုတော့ အသေအချာ ဆင်ခြင်ရမှာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံအများစုမှာ အမျိုးသားတွေကို ဒုက္ခအပေးဆုံးကင်ဆာတွေကတော့ အဆုတ်ကင်ဆာနဲ့ ခံတွင်းကင်ဆာတို့ပဲ ဖြစ်ပါတယ်။ အဆုတ်ကင်ဆာကတော့ သိကြတဲ့အတိုင်း ဆေးလိပ်သောက်သုံးမှုကြောင့် အဓိက ဖြစ်ပေါ်လာရပြီး ခံတွင်းကင်ဆာရဲ့ အဓိက လက်သည်ကတော့ ကွမ်းယာပဲ ဖြစ်ပါတယ်။ ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက ကွမ်းယာစားလာကြတယ်ဆိုပေမယ့် ဒီခေတ်လို ဆေးမျိုးစုံထည့်ပြီး စားကြတာမဟုတ်ပါဘူး။ ထုံးနဲ့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားကိုက်ဝေဒနာ ကင်းဝေးနိုင်ဖို့

သွားကိုက်လွန်းလို့ တစ်ညလုံးမအိပ်ရသေးဘူး။ ဘာမှလည်းမစားနိုင်ဘူး၊ ဆန်ပြုတ်တောင်မနည်းသောက်ရတယ် ဆိုတာမျိုး မကြာခဏကြားရတဲ့အထိ အဖြစ်များတဲ့ဝေဒနာပါ။ တော်တော်များများက သွားကိုက်တဲ့အချိန်ဆေးသောက်တယ်၊ညှော်ရှောင်တယ်၊ တခြားဘာမှမလုပ်တော့ဘူး။ အဲဒီတော့ပျောက်ပြီးသွားတဲ့နောက်ပိုင်း ခဏခဏသွားကိုက်တာ ကြုံနေရပါတယ်။ ဘာလို့လဲဆိုတာတွေးမိကြရဲ့လား။ အဓိက ဘာကြောင့်သွားကိုက်ရတာလဲဆိုတာ သိထားသင့်ပါတယ်။ အများအားဖြင့် - သွားပိုးစားခြင်း၊ သွားပြည်တည်ခြင်း သွားပဲ့ခြင်း၊ကျိုးခြင်း သွားနဲ့ခြင်း၊ သွားဖာထားတဲ့နေရာ ပျက်စီးခြင်း ပိုးဝင်ခြင်း ( အံဆုံးပေါက်ခြင်း၊ သွားပိုးပေါက်ကနေပိုးဝင်ခြင်း) တို့ကြောင့်ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သွားကိုက်တယ်ဆိုတာပြီးတော့လည်းပြီးသွားတာပဲလို့မတွေးစေချင်ပါ။ သွားနဲ့ခံတွင်းမှာပြဿနာအခံတစ်ခုခုရှိနေလို့သာ အခုလိုဝေဒနာခံစားရတာဖြစ်လို့ တစ်ပွဲတိုးအနေနဲ့ဆေးသောက်ဖို့ပဲတွေးမနေပါနဲ့။ဖြစ်ပါများလွန်းရင် သွားတွေအကောင်းအတိုင်းကျန်နိုင်ပါ့မလားမသိနိုင်ပါဘူး။ သွားပိုးမစားအောင်၊ သွားမပျက်စီးအောင်၊ သွားဖုံးရောဂါမဖြစ်အောင်၊ ပိုးမဝင်အောင် သန့်ရှင်းရေးကိုအထူးဂရုစိုက်မယ်ဆိုရင် သွားကိုက်ဝေဒနာဆိုတာ မကြားဖူးတဲ့စကားလုံးလိုဖြစ်သွားပါလိမ့်မယ်။ သွားကိုက်ပြီဆိုရင် သွားထဲက အရမ်းနာမယ်၊ တဒိတ်ဒိတ်နဲ့ သွားကိုက်မယ်၊ အဆက်မပြတ်ပါပဲ။ တချို့ကတော့ ဖိဝါးမိမှ နာကြတယ်။ သွားတစ်ဝိုက်မှာရောင်ရမ်းလာတယ် ကိုယ်ပူလာတယ် ခေါင်းကိုက်လာတယ် နာနေတဲ့သွားကနေ အနံ့မကောင်းတဲ့ပြည်တွေထွက်လာတယ်။ တကယ်လို့ သွားကိုက်တာ […]


အခြားခံတွင်းရောဂါ ပြဿနာများ

Oral Cancer (ခံတွင်းကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Oral Cancer (ခံတွင်းကင်ဆာ) ကဘာလဲ။ ခံတွင်းကင်ဆာဆိုသည်မှာ ခံတွင်းတစ်ရှူးများတွင်ဖြစ်ပေါ်လာသောကင်ဆာဖြစ်ပါတယ်။ သင့်ခံတွင်းရှိမည်သည့်နေရာတွင်မဆိုဥပမာ နှုတ်ခမ်း၊ပါးစောင်၊သွားဖုံး၊အာခေါင်၊အာသီးအမာနှင့်အပျော့၊နှာခေါင်းလျှိုပေါက်များနှင့်လည်ပင်းတွင်ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ပါးစပ်၊လျှာနှင့် နှုတ်ခမ်းတို့မှာပိုအဖြစ်များပါတယ်။ ရောဂါကနဦးပိုင်းမှာ လက္ခဏာအနည်းငယ်သာပြခြင်း (သို့)လက္ခဏာမပြခြင်းတို့ဖြစ်တတ်ပါတယ်။ ခံတွင်းကင်ဆာသည် လည်ပင်းနှင့် ပြန်ရည်ကြောအိမ်များသို့ပြန့်နှံ့သွား၍ ရောင်ရမ်းလာစေသောအခါ(သို့) သင့်သွားဆရာဝန်မှ စမ်းသပ်တွေ့ရှိသောအခါ ခံတွင်းကင်ဆာဖြစ်နေမှန်းသိရှိနိုင်ပါတယ်။ Oral Cancer (ခံတွင်းကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများOral Cancer (ခံတွင်းကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ ခံတွင်းကင်ဆာ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကအခြား သောအန္တာရာယ်နည်းသည့် ခံတွင်းရောဂါအချို့နှင့် အလွန်ဆင်တူနေပါတယ်။ ထို့ကြောင့် ခံတွင်းကင်ဆာကို သင့်ဘာသာဆုံးဖြတ်နိုင်ရန်ခက်ခဲပါတယ်။ အကောင်းဆုံးကတော့ သွားဆရာဝန်(သို့)ဆရာဝန်တစ်ဦးဆီတွင် အောက်ပါလက္ခဏာများရှိပါက အစစ်ဆေးခံကြည့်ခြင်းဖြစ်ပါတယ်။ နှုတ်ခမ်း(သို့) ခံတွင်း၏အတွင်းပိုင်းအခြားနေရာများတွင် ရောင်ရမ်းခြင်း၊ထူထဲလာခြင်း၊အကျိတ်(သို့)အဖုများပေါက်လာခြင်း၊ကြမ်းတမ်းမာကျောသော အစက်အပြောက်များ၊အသားစများ(သို့)အနာများဖြစ် ပေါ်လာခြင်း (သို့) 2ပတ်အတွင်း အနာကျက်မသွားခြင်း အကြောင်းအရင်းမသိရသော ခံတွင်းသွေးယိုခြင်း မျက်နှာ၊မေးစေ့(သို့) လည်ပင်းနှင့် အောက်နှုတ်ခမ်း၏ မည်သည့်နေရာတွင်မဆို အကြောင်းအရင်းမသိရသော ထုံကျဉ်ခြင်း၊ထိတွေ့ခံစားမှုအာရုံပျောက်သွားခြင်း(သို့) နာကျင်ကိုက်ခဲခြင်း(သို့)ထိလိုက်လျှင်နာကျင်နေခြင်း သွားကျဲလာခြင်း လည်ပင်းအနောက်ဘက်တွင် နာကျင်ခြင်း(သို့)တစ်စုံတစ်ခုရှိနေသည်ဟုခံစားရခြင်း အစာမျိုရခက်ခြင်း(သို့)မျိုလျှင်နာကျင်ခြင်း အံတုများဝတ်ဆင်ရခက်ခဲခြင်း လည်ပင်းတွင် ရောင်ရမ်းဖုဖောင်းလာခြင်း ပျောက်မသွားနိုင်သည့် နားကိုက်ခြင်းဝေဒနာဖြစ်ပေါ်နေခြင်း ကိုယ်အလေးအချိန်အလွန်အမင်းကျဆင်းသွားခြင်း အသံပြောင်းသွားခြင်း(သို့) အသံအောသွားခြင်း၊နာတာရှည် […]


အခြားခံတွင်းရောဂါ ပြဿနာများ

Leukoplakia (ခံတွင်းထဲတွင်အဖြူရောင် အဖတ်များဖြစ်သောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Leukoplakia (ခံတွင်းထဲတွင်အဖြူရောင် အဖတ်များဖြစ်သောရောဂါ) ကဘာလဲ။ ခံတွင်းထဲတွင်အဖြူရောင် အဖတ်များဖြစ်သောရောဂါ ဆိုတာ အဖြ ူရောင်ရှိတဲ့ ခပ်ထူထူအဖတ်တွေဟာ ပါးအတွင်းဘက်၊ သွားဖုံး သို့မဟုတ် လျှာ တို့မှာ ကပ်နေတာကို ခေါ်ပါတယ် ဒီအဖတ်တွေဟာ များသောအားဖြင့် ဆေးလိပ်သောက်တဲ့လူတွေ မှာ အဖြစ်များပြီး ဆဲလ် ပွားမှု များခြင်းကြောင့်ဖြစ်ရပါတယ်။၎င်းတို့ ဟာ ပုံစံမကျတဲ့ မတော်တဲ့ သွားတုတွေ ဝတ်ဆင်ခြင်း ဒါမှမဟုတ် ပါးအတွင်းထဲထည့်ပြီး ဝါးတတ်တဲ့အကျင့်ကြောင့် ဖြစ်ရပါတယ်။ တစ်ခါတစ်လေမျာ ဒီရောဂါဟာ ခံတွင်းကင်ဆာရောဂါတွေနဲ့တွဲတတ်ပါတယ်။ တကယ်လို့ မြင်ရတဲ့ အဖြ ူတွေဟာ သံသယဖြစ်စရာရှိပါက သင့်ဆရာဝန်က အသားစယူ ကြည့်ဖို့ အကြံပေးပါလိမ့်မယ်။ သင့်သွားဆရာဝန်ကနေပြီး ဖြစ်နေတဲ့နေရာရယ် အသားစအဖြေတွေကို ကြည့်ပြီ ရောဂါကိုဘယ်လို ကုပေးရမလဲ ကြည့်ပါလိမ့်မယ်။ ဖြစ်စေတဲ့အချက်တွေကို ဖယ်ရှားခြင်းနဲ့ကုသမှုကို စတင်ပါတယ် ဆေးလိပ်ဖြတ်ခြင်း ဒါမှမဟုတ် မတော်တဲ့သွားအတု တွေ အဆင်မပြေတဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း