သွားပြဿနာများ

သွားပြဿနာများ နဲ့ ပတ်သက်ပြီး အဖြစ်များတဲ့ အမျိုးအစားတွေ၊ ရောဂါလက္ခဏာတွေ၊ ကုသနည်းတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွားပြဿနာများ

သွားနဲ့ ခြင်း အတွက် အိမ်တွင်းနည်းလမ်းကောင်းများ

လူကြီးတွေက သွားနဲ့ ပြီဆိုရင် တော်တော်များများက ကျိုးမှာကို စိုးရိမ်တတ်ကြပါတယ်။ ဒီအရွယ်က ကျိုးပြီးရင် ပြန်မပေါက်တော့ဘူးလေ။ ကလေးဆိုရင်တော့ တစ်မျိုးပေါ့။ သွားနဲ့တာဘာကြောင့် ဖြစ်တာလဲ။ သွားနဲ့တာကို အိမ်တွင်းနည်းလမ်းတွေနဲ့ ဘယ်လိုကုသနိုင်သလဲဆိုတာ ပြောပြပေးပါ့မယ်။ သွားနဲ့ ရခြင်း အကြောင်းရင်းများ သွားဖုံးရောဂါ သွားဖုံးရောင် ရေစီးကမ်းပြိုရောဂါကြောင့်ပါ။ သွားကို သေချာသန့်ရှင်းရေး မလုပ်တဲ့အခါ ဖြစ်တတ်ပါတယ်။ သွားကို သေချာမတိုက်တဲ့အခါ သွားကျောက်တည်ပြီး ဘက်တီးရီးယားတွေ  ဝင်လာပါတယ်။ ဒီသွားကျောက်တွေက သွားတွေကို သွားဖုံးကနေ တွန်းထုတ်သလိုဖြစ်တာကြောင့် သွားဖုံးနဲ့ သွားကြားမှာ ဟလာပါတယ်။  ဟလာတဲ့ နေရာကို ပိုးတွေဝင်ပြီး သွားဖုံးရောင်လာပါတယ်။ ဒါကြောင့် သွားနဲ့တာအပြင် -သွားဖုံးက နီရဲရောင်ရမ်းတာ -သွားတိုက်တဲ့အခါ သွားဖုံးက သွေးထွက်တာ -သွားဖုံးပါးလာတာတွေ ဖြစ်လာပါတယ်။ ကိုယ်ဝန်ဆောင် ကိုယ်ဝန်ရှိချိန်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းအပြောင်းအလဲကြောင့် အရိုးနဲ့ သွားတွေမှာ အပြောင်းအလဲ ဖြစ်လာပါတယ်။ အရိုးနဲ့ […]

သွားပြဿနာများ ကို ရှာဖွေမည်။

သွားပြဿနာများ

Tooth and nail syndrome (သွားနှင့်ခြေသည်းလက်သည်းရောဂါအစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်သွားနှင့်ခြေသည်းလက်သည်းရောဂါအစု ဆိုတာဘာလဲ။ သွားနှင့်ခြေသည်းလက်သည်းရောဂါအစု (TNS) ဆိုတာ ခန္ဓါကိုယ်အပေါ်လွှာကင်ဆာဖြစ်ချင်ခြင်းရောဂါအစုထဲက ရှားပါးတဲ့မျိုးရိုးဗီဇရောဂါတစ်မျိုးဖြစ်ပါတယ်။ ထိုအစုမှာ စင်ဒရုန်းပေါင်း ၁၀၀ကျော်ပါဝင်ပါတယ်။ ခန္ဓါကိုယ်အပေါ်ယံလွှာအကြိုကင်ဆာဖြစ်မယ်ဆိုရင် သွား၊ ခြေသည်းလက်သည်း၊ အမွှေးများနဲ့ အရေပြားတို့ကို ထိခိုက်မှာပါ။ သွားနှင့်ခြေသည်းလက်သည်းရောဂါအစုမှာ ငယ်သွားနှင့်ကြီးသွားတို့မရှိခြင်း/ပုံသဏ္ဍန်မမှန်ခြင်းက ခြေသည်းလက်သည်းများ အထူးသဖြင့် ခြေသည်း ပုံမှန်ဖွံ့ဖြိုးမှုမရှိခြင်းနဲ့ တွဲနေပါတယ်။ သွားနှင့်ခြေသည်းလက်သည်းရောဂါအစုဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ သွားနှင့်ခြေသည်းလက်သည်းရောဂါအစုဟာ မိန်းမနဲ့ယောက်ျားအချိုးတူသက်ရောက်ပါတယ်။ 1965 (C.J. Witkop) မှာ စတင်ဖော်ပြခဲ့ပြီး မိသားစုတော်တော်များများမှာ တော်တော်များများဖြစ်ပွားနေခဲ့ကာ ၃၀ကျော်လောက်ရှိနေပါပြီ (kindreds)။ ဆေးပညာစာအုပ်တွေကတော့ လူတစ်သောင်းမှာ တစ်ယောက်/နှစ်ယောက်နှုန်းဖြင့် ဖြစ်ပွားတယ်လို့ ပြောပါတယ်။ ကနေဒါရှိ ဒတ်(ခ်ျ) မန်နိုနိုက်တို့ကြားမှာ ပြန့်ပွားလျက်ရှိတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများသွားနှင့်ခြေသည်းလက်သည်းရောဂါအစုရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ သွားနှင့်ခြေသည်းလက်သည်းရောဂါအစုရှိတဲ့ကလေးသူငယ်အချို့ရဲ့ ငယ်သွားတွေဟာ ကတော့ပုံစံရှိနိုင်သလို၊ လုံးဝမပါတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါ့အပြင် ကလေးကြီးအချို့မှာ ကြီးသွားတွေ မပါတာလည်းရှိသလို၊ […]


သွားပြဿနာများ

သင့်သွားများကို ပျက်စီးစေသော အမူအကျင့်များ

သင်သည် သင့်သွားများကို ဂရုမစိုက်ဘဲ နေ့စဉ် စားသောက်နေထိုင်ကာ၊ အားကစားများ ပြုလုပ်လျက်ရှိသည်။ ထိုအန္တရာယ်ကင်းသော နေ့စဉ်လှုပ်ရှားမှုများသည် သင့်သွားများကို ဖျက်ဆီးနေမှန်းသိလျှင် သင်အလွန် အံ့သြသွားပေလိမ့်မည်။ သင့်သွားများကို ဖျက်ဆီးနေသော အမူအကျင့် ၁၀ ချက်ကို ဤဆောင်းပါးမှ တစ်ဆင့် ဖော်ပြလိုက်ပါသည်။ ဒီအမူအကျင့်တွေကြောင့် သွားနဲ့ခံတွင်းကို ထိခိုက်စေနိုင်ပါတယ် ၁။ ရေခဲဝါးခြင်း ရေခဲဝါးခြင်းသည် စိတ်ဝင်စားစရာကောင်းပြီး လူအများနှစ်သက်ကြသည်။ သို့သော် အကယ်၍ သင်သည် မာကျော၊အေးခဲနေသော ရေခဲတုံးများကို ဝါးစားတတ်သည့် အကျင့်ကို ဆက်လက်ပြုလုပ်နေလျှင် သင့်သွားများအတွက အန္တရာယ်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ရေခဲဝါးခြင်းသည် သင့်သွားအပေါ်လွှာကို တဖြည်းဖြည်း ကွဲအက်စေပြီး သွားအတွင်းပိုင်းကို ထိခိုက်စေကာ သွားကိုက်ခြင်းကို ဖြစ်ပွားစေပါသည်။ ၂။ အားကစားပြုလုပ်ရာတွင် သွားစွပ်အသုံးမပြုခြင်း သင်ကိုယ်ထိလက်ရောက် အားကစားများ ပြုလုပ်သည့်အခါတိုင်း သွားစွပ်တတ်ဖို့ မမေ့ပါနဲ့။ အဘယ်ကြောင့်ဆိုသော် အားကစားလေ့ကျင့်မှု ပြင်းထန်လာစဉ် သင့်သွားများ […]


သွားပြဿနာများ

Toothache (သွားကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Toothache (သွားကိုက်ခြင်း) ကဘာလဲ။ သွားကိုက်ခြင်း ဆိုသည်မှာ သွားနှင့် မေးရိုးများတွင် သွားပိုးစား၍ သော်လည်းကောင်း သွားများပျက်စီး၍သော်လည်းကောင်း နာကျင်ခြင်းကိုဆိုလိုသည်။ ထိုကဲ့သို့သော နာကျင်မှုမှာ အဆက်မပြတ် ထိုးကိုက်နေခြင်းမျိ ုးများဖြစ်နိုင်သလို အစားအစာများနှင့် သောက်သုံးသောအရာများကြောင့် အနာရှိန်အား မသိသာခြင်းများလည်းဖြစ်တတ်သည်။ Toothache (သွားကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ သွားကိုက်ခြင်းသည် အလွန်အဖြစ်များသည်။ အမျိုးသမီးများတွင်အဖြစ်များသည်။ အသက်အရွယ်မရွေးဖြစ်ပွားနိုင်သည်။ သို့သော်ဖြစ်နိုင်ချေများသော အကြောင်းအရာများကို ရှောင်ကြည်ကာ ကြိုတင်ကာကွယ်နိုင်သည်။ ထပ်မံသိရှိလိုသော အကြောင်းအရာများကို ဆရာဝန်များနှင့် တိုင်ပင်ပါ။ လက္ခဏာများToothache (သွားကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များသော လက္ခဏာများမှာ သွားထိုးကိုက်ခြင်း (တခါတရံ တွင် သွားအား ထိတွေ့မှသာ နာကျင်ခြင်းဖြစ်ပွားသည်လည်းရှိသည်) သွားဖုံးယောင်ခြင်း အဖျားတက်ခြင်း ခေါင်းကိုက်ခြင်း အနံ့ဆိုးဆိုးအရည်များထွက်ခြင်း ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ပါ အကြောင်းအရာများ ဖြစ်ပွားနေပါက ဆရာဝန်အား ဆက်သွယ်မေးမြန်းသင့်ပါသည် တစ်ရက် (သို့) နှစ်ရက် ထက် ကြာသော သွားကိုက်ခြင်း ဆိုးဝါးပြင်းထန်သော သွားကိုက်ခြင်း အဖျားတက်ခြင်း၊နားကိုက်ခြင်း၊(သို့) ပါးစပ်ဟပါက နာကျင်ခြင်း အခြားနေရာများ […]


သွားပြဿနာများ

Crooked Teeth (သွားမညီညာဖြစ် ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Crooked Teeth (သွားမညီညာဖြစ် ခြင်း) ကဘာလဲ။ ဘာတွေကြောင့် တစ်ချို့သော သူတွေရဲ့ သွားတွေဟာ စောင်းနေတာတွေ၊မညီညာတာတွေ၊ ထပ်နေတာတွေ၊ လိမ်နေတာတွေ ဖြစ်ပြီးကြီးထွားလာရတာလဲ ဆိုတဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ တစ်ချို့သူတွေရဲ့ ပါးစပ်ဟာ သွားတွေအားလုံးညီညီ ညာညာရှိနိုင်ဖို့ အတွက် အရမ်းသေးနေတဲ့အတွက် သွားတွေကို တစ်ခုနဲ့ တစ်ခု ကျပ်ညှပ်နေစေတာမျိုး ၊နေရာလွဲသွားတာမျိုးကို ဖြစ်စေနိုင်ပါတယ်။ တစ်ချို့တွေမှာကျတော့ အပေါ်မေးရိုးနဲ့ အောက်မေးရိုးဟာ အရွယ်အစားမတူ ခြင်း(သို့) ပုံမမှန်ခြင်း ဖြစ်နေတဲ့အတွက် အပေါ် မေးရိုးက အရှေ့ကို အလွန်အကျွံထွက်နေရင် overbite လို့ခေါ်တဲ့ အပေါ်သွားတွေကို အောက်သွားတွေထက် အရှေ့ရောက်နေတာမျိုး၊ အောက်မေးရိုးက အရှေ့ကို ပိုထွက်နေရင် underbite လို့ခေါ်တဲ့ ပေါ်သွားတွေထက်အောက်သွားတွေက ပိုပြီး ရှေ့ရောက်နေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မညီညာတဲ့ သွားတွေဟာ အောက်ပါ အချက်အလက်တွေကို […]


သွားပြဿနာများ

Odontoma (သွားအကျိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Odontoma (သွားအကျိတ်) ကဘာလဲ။ ပါးစပ်အတွင်းမှာပေါက်တဲ့ ကင်ဆာမဟုတ်တဲ့အကျိတ်ဖြစ်ပါတယ်။ သွားဖြစ်လာမယ့်တစ်ရှူးအနည်းငယ်သို့အားလုံးကနေ ဖြစ်လာခြင်းဖြစ်ပါတယ်။ ဒီတစ်ရှူးတွေက သွားတစ်ချောင်းပုံစံဖြစ်အောင် စီစဉ်နိုင်တာမျိုးလည်းရှိသလို မစီစဉ်နိုင်တော့တာလည်းဖြစ်နိုင်ပါတယ်။ မျက်လုံးနဲ့မမြင်နိုင်ပါဘူး။ သွားကြွေလွှာ၊ အောက်ခံတစ်ရှူးတွေပေါင်းစပ်ထားတဲ့ ဒြပ်ထုကြီးက ပုံမှန်ဆိုလျှင် သွားနှင့် တပြေးညီကြီးထွားနေပါတယ်။ သို့သော် ၎င်း ဒြပ်ထုကြီးအစီအစဉ်မကျတော့ပဲ အစိတ်အပိုင်းတစ်ခုကဦးတည်ကြီးစိုးသွားနိုင်ပါတယ်။ Odontoma (သွားအကျိတ်) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများOdontoma (သွားအကျိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ သွားအကျိတ် ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ   သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ […]


သွားပြဿနာများ

Pulpitis (သွားအတွင်းသားရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Pulpitis (သွားအတွင်းသားရောင်ခြင်း ) ကဘာလဲ။ သွားအတွင်းသားရောင်ခြင်းသည် အဖြစ်များဆုံးသော သွားနာရခြင်းအကြောင်းရင်းဖြစ်ပြီး လူငယ်များတွင် သွားဆုံးရှုံးရသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။ သွားအတွင်းသားရောင်ခြင်းသည် သွား၏အတွင်းပိုင်း နူးညံ့သည့်အရာများနှင့် သွားအမြစ်နားပတ်ပတ်လည်တွင် ရှိသော Periradicular တစ်ရှူးများ ရောင်ရမ်းခြင်းဖြစ်ပါသည်။ ၎င်းသည် ရုတ်တရတ်ပြင်းထန် သို့မဟုတ် နာတာရှည်ဖြစ်နိုင်ပြီး လက္ခဏာပြသည်လည်းရှိသည်။ မပြသည်လည်းရှိ၏။ နာတာရှည်တွင် ပျောက်ကင်းနိုင်သည်လည်းရှိသလို မပျောက်ကင်းနိုင်သည်လည်း ရှိပါသည်။ သွားအတွင်းသားရောင်ခြင်းသည် တစ်ခါတစ်ရံတွင် အောက်ပါအခြေအနေများနှင့် ရောထွေးနိုင်ပြီး ရောဂါအမည်တပ်မှားခြင်းမျိုးဖြစ်နိုင်ပါသည်။ အမြစ်ခေါင်းတွင်ထုံးတည်ခြင်း သွားအမြစ်ဖျားမရင့်ခြင်း – လူငယ်များတွင် များသောအားဖြင့် တွေ့ရ၏။ ထိခိုက်မိခြင်း လူနာအား ဆေးဆိုင်ရာလုပ်ငန်းစဉ်တစ်ခုခုမလုပ်ခင် ဆေးများကြိုပေးခြင်း – သွားအတွင်းသားအား ကာကွယ်ခြင်း Pulpitis (သွားအတွင်းသားရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန်အဖြစ်များ၏။ ၎င်းသည် ခံတွင်းသန့်ရှင်းမှုမရှိသောလူများနှင့် ခံတွင်း ခွဲစိတ်ထားသော လူများတွင် အဖြစ်များသည်။ နာကျင်ခြင်းနှင့် မသက်မသာဖြစ်ခြင်းအပြင် သွားအတွင်းသားရောင်ခြင်းသည် သဘာ၀ အရံအတားများကိုကျော်ဖြတ်ကာ […]


သွားပြဿနာများ

Dental Caries (သွားပိုးစားခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dental Caries (သွားပိုးစားခြင်း) ကဘာလဲ။ သွားမှာအခေါင်းပေါက်များဖြစ်ပေါ်ခြင်းပါ။ ဘတ်တီးရီးယားပိုးများကြောင့်ဖြစ်ပြီး သွားပိုးစားခြင်းဟာ ကမ္ဘာ့အဖြစ်အများဆုံး ကျန်းမာရေးအခြေအနေတွေထဲက တစ်ခုဖြစ်ပါတယ်။ မကုသပါက ပိုးပေါက်များပိုကြီးလာပြီး သွားအတွင်းလွှာများအထိ ထိခိုက်သွားနိုင်ပါတယ်။ သွားကိုက်ခြင်း၊ ပိုးဝင်ခြင်း၊ နှင့် နောက်ဆုံး သွားနှုတ်ရခြင်းထိ ဖြစ်နိုင်ပါတယ် ။ Dental Caries (သွားပိုးစားခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်တရာကိုအဖြစ်များပါတယ်။ ကလေးငယ်များ၊ ဆယ်ကျော်သက်များနဲ့ အသက်ကြီးသူများမှာ အဖြစ်များပြီး ဖြစ်နိုင်ချေရှိသောအချက်များကိုလျှော့ချခြင်းဖြင့် ထိန်းသိမ်းနိုင်ပါတယ်။ နောက်ထပ်အချက်အလက်များအတွက် ဆရာဝန်နှင့်ဆွေးနွေးနိုင်ပါတယ်။ လက္ခဏာများDental Caries (သွားပိုးစားခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သွားကိုက်ခြင်း သွားကျင်ခြင်း အချို၊ အပူ၊ အအေးစာများ စားလျှင် စူးရှစွာနာကျင်ခြင်း သွားတွင်အပေါက်များဖြစ်ခြင်း သွားမျက်နှာပြင်ပေါ်တွင် အညိုရောင်၊ အမည်းရောင်၊ အဖြူရောင်များထင်ခြင်း ဝါးလျှင်၊ ကိုက်လျှင်နာကျင်ခြင်း နောက်ထပ်လက္ခဏာတွေလည်းရှိနိုင်သေးတာကြောင့် အသေးစိတ်သိလိုပါက ဆရာဝန်နဲ့မေးမြန်းတိုင်ပင်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ တကယ်လို့- ဖျားမယ်၊ မခံနိုင်အောင်သွားနာမယ် ခံတွင်းအနံ့ထွက်လာမယ် ဆိုရင်တော့ ဆရာဝန်ပြသင့်ပါပြီ။ အကြောင်းရင်းများDental Caries (သွားပိုးစားခြင်း) ကိုဘာတွေကဖြစ်စေသလဲ ပါးစပ်တွင်းဘတ်တီးရီးယားပိုးဝင်ခြင်းနှင့် အစားအစာတွေ သကြားဓါတ်အလွန်အကျွံပါခြင်း စသည်ဖြင့် […]


သွားပြဿနာများ

Wisdom Teeth (အံဆုံးသွား)

အဓိပ္ပါယ်ဖွင့်ဆိုချက်Wisdom Teeth (အံဆုံးသွား) ကဘာလဲ။ အပေါ်မေးရိုး၊ အောက်မေးရိုးရဲ့ အနောက်ဘက်မှာပေါက်နေတဲ့ မညီမညာဖြစ်နေတဲ့ တတိယမြောက်အံသွား အထက်အောက် ဘယ်ညာလေးချောင်း ဖြစ်ပါတယ်။ ဆယ်ကျော်သက်နှောင်းပိုင်း (သို့) နှစ်ဆယ်ကျော်စအရွယ်မှာမှ ပေါက်လာလေ့ရှိတဲ့ နောက်ဆုံးသွားအစုံပဲဖြစ်ပါတယ်။ အံဆုံးသွားတွေရဲ့အနေအထား မမှန်မှု အမျိုးမျိုးရှိပါတယ။် ဘေးဘက်ကို ၉၀ဒီဂရီစောင်းနေခြင်း၊ ဒုတိယမြောက်အံသွားနဲ့ ထောင့်ချိုးအနေအထား၊ အတွင်းဘက်ကိုထွက်နေခြင်း ၊ အပြင်ဘက်ကိုထွက်နေခြင်း စသည်ဖြင့်ဖြစ်နိုင်ပါတယ်။ ဒီလိုအနေအထားမမှန်မှုတွေကြောင့် သွားထပ်ခြင်း၊ ကပ်လျက်ရှိတဲ့သွားတွေနဲ့ အာရုံေ ကြာ (သို့) မေးရိုးတစ်ခုလုံးထိခိုက်မိခြင်းတွေ ဖြစ်နိုင်ပါတယ်။   Wisdom Teeth (အံဆုံးသွား) က ဘယ်လောက်အဖြစ်များသလဲ။ အတွေ့ရများပါတယ်။ အသက်၁၇ နဲ့ ၂၁နှစ်အတွင်းမှာ စပေါက်လေ့ရှိပါတယ်။ အံဆုံးသွားပေါက်ခြင်းကြောင့် ရလာနိုင်တဲ့ပြဿနာတွေကို ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကို ရှောင်ရှားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိလိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့သွားပြသင့်ပါတယ်။   လက္ခဏာများWisdom Teeth (အံဆုံးသွား) ရဲ့လက္ခဏာတွေကဘာတွေလဲ။ အတွေ့ရများတဲ့လက္ခဏာတွေကတော့ အံဆုံး သွားဖုံးကို ပေါက်မထွက်နိုင်ခြင်းကြောင့် မေးရိုးနာခြင်း၊ […]


သွားပြဿနာများ

Tooth Ache (သွားကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tooth Ache (သွားကိုက်ခြင်း) ကဘာလဲ။ အဓိကအားဖြင့်ယိုယွင်းပျက်စီးနေတဲ့ သွားကြောင့် သွားနဲ့ မေးရိုးတစ်ဝိုက် နာနေခြင်းဖြစ်ပါတယ်။ သွားကိုက် ဝေဒနာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ချက်ချင်းနာပြီးပျောက်သွားနိုင်သလို ရက်တွေအကြာကြီးလည်း ဖြစ်နိုင်ပါတယ်။ မသိမသာ နာရာကနေ ပြင်းပြင်းထန်ထန် ဆိုးဆိုးရွားရွားနာတာမျိုလည်း ရှိနေနိုင်ပါတယ်။ ရုတ်တရက် စူးခနဲကိုက်တတ်ပြီး ညအခါတွေနဲ့ အထူးသဖြင့် လဲလျောင်းနေတဲ့အချိန်တွေမှာ ပိုဆိုးလာနိုင်ပါတယ်။ Tooth Ache (သွားကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များတဲ့ ဝေဒနာ တစ်ခုဖြစ်ပါတယ်။ ဘယ်အရွယ်မဆို ဖြစ်နိင်ပါတယ်။ ဖြစ်နိုင်တဲ့အကြာင်းတွေကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ သိလိုသည်တို့ကို သင့်ရဲ့ဆရာဝန်နဲ့ သွားရောက်ဆွေးနွေးနိုင်ပါတယ်။ လက္ခဏာများTooth Ache (သွားကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ယေဘုယျလက္ခဏာတွေကတော့ • ဆစ်ခနဲစူးခနဲကိုက်ခြင်း၊ တမြည့်မြည့်ကိုက်ခြင်း၊ အစာစားသည့်အခါမှသာကိုက်ခြင်း • သွားဖုံး၊ခံတွင်း၊ ပါးအနီးအနားတစ်ဝိုက် ရောင်နေခြင်း • ဖျားခြင်း၊ ခေါင်းကိုက်ခြင်း • ပျက်စီးနေတဲ့သွားကနေအရည်ပုပ်တွေထွက်လာခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း