သွားပြဿနာများ

သွားပြဿနာများ နဲ့ ပတ်သက်ပြီး အဖြစ်များတဲ့ အမျိုးအစားတွေ၊ ရောဂါလက္ခဏာတွေ၊ ကုသနည်းတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွားပြဿနာများ

သွားနဲ့ ခြင်း အတွက် အိမ်တွင်းနည်းလမ်းကောင်းများ

လူကြီးတွေက သွားနဲ့ ပြီဆိုရင် တော်တော်များများက ကျိုးမှာကို စိုးရိမ်တတ်ကြပါတယ်။ ဒီအရွယ်က ကျိုးပြီးရင် ပြန်မပေါက်တော့ဘူးလေ။ ကလေးဆိုရင်တော့ တစ်မျိုးပေါ့။ သွားနဲ့တာဘာကြောင့် ဖြစ်တာလဲ။ သွားနဲ့တာကို အိမ်တွင်းနည်းလမ်းတွေနဲ့ ဘယ်လိုကုသနိုင်သလဲဆိုတာ ပြောပြပေးပါ့မယ်။ သွားနဲ့ ရခြင်း အကြောင်းရင်းများ သွားဖုံးရောဂါ သွားဖုံးရောင် ရေစီးကမ်းပြိုရောဂါကြောင့်ပါ။ သွားကို သေချာသန့်ရှင်းရေး မလုပ်တဲ့အခါ ဖြစ်တတ်ပါတယ်။ သွားကို သေချာမတိုက်တဲ့အခါ သွားကျောက်တည်ပြီး ဘက်တီးရီးယားတွေ  ဝင်လာပါတယ်။ ဒီသွားကျောက်တွေက သွားတွေကို သွားဖုံးကနေ တွန်းထုတ်သလိုဖြစ်တာကြောင့် သွားဖုံးနဲ့ သွားကြားမှာ ဟလာပါတယ်။  ဟလာတဲ့ နေရာကို ပိုးတွေဝင်ပြီး သွားဖုံးရောင်လာပါတယ်။ ဒါကြောင့် သွားနဲ့တာအပြင် -သွားဖုံးက နီရဲရောင်ရမ်းတာ -သွားတိုက်တဲ့အခါ သွားဖုံးက သွေးထွက်တာ -သွားဖုံးပါးလာတာတွေ ဖြစ်လာပါတယ်။ ကိုယ်ဝန်ဆောင် ကိုယ်ဝန်ရှိချိန်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းအပြောင်းအလဲကြောင့် အရိုးနဲ့ သွားတွေမှာ အပြောင်းအလဲ ဖြစ်လာပါတယ်။ အရိုးနဲ့ […]

သွားပြဿနာများ ကို ရှာဖွေမည်။

သွားပြဿနာများ

မထင်မှတ်ပဲ သင့်ရဲ့သွားလှလှလေးတွေကို ပျက်စီးစေမယ့် အရာ ၆ ခု

လူတိုင်းနီးပါးဟာ ဖြူဖွေးလှပတဲ့ သွားလေးတွေနဲ့ ယုံကြည်ချက်ရှိရှိလှပနေတဲ့ အပြုံးမျိုးကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒီအပြုံးနဲ့ ဒီသွားတွေဟာ ဆက်စပ်နေတယ်ဆိုတာကိုတော့ လူတိုင်း သိကြမှာပါ။ ဒီလို သွားလှလှလေးတွေကို ပိုင်ဆိုင်ဖို့ ကြိုးစားကြရင်း တစ်ခါတစ်ရံမှာ ကိုယ်မထင်မှတ်ထားတဲ့ အစားအစာတွေနဲ့ သွားကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းတစ်ချို့က ကိုယ့်ရဲ့ မျှော်လင့်ချက်တွေကို တားဆီးနေတယ်ဆိုတာကို သိပါရဲ့လား။ တစ်ချို့သော အစားအစာတွေနဲ့ သွားတိုက်ဆေးတွေဟာ သင့်ရဲ့ သွားလေးတွေ လှလှပပဖြစ်မလာအောင်၊ ဖျက်ဆီးနိုင်စွမ်းရှိနေပါတယ်။ အဲဒါတွေက ဘာတွေလဲဆိုတာ သိထားရင် သတိထားပြီး ရှောင်ကျဉ်လို့ရနိုင်မှာမို့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။ သံပုရာရေနွေး ရေနွေးထဲကို သံပရာတစ်ခြမ်းလောက် ထည့်ပြီး သောက်ပေးတာက ခန္တာကိုယ်ရဲ့ Immune System ကို အလွန်အကျိုးရှိစေနိုင်သလို ခန္တာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်၊ ဝိတ်ကျတယ်လို့လည်း ယုံကြည်ကြပါတယ်။ လူသုံးများတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သိပ္ပံနည်းကျ လေ့လာချက်တွေအရ […]


သွားပြဿနာများ

သွားအရောင် ပြောင်းစေနိုင်တဲ့ အစားအသောက်တွေ

တချို့တွေရှိတယ်၊ သွားပုံမှန်တိုက်တယ်၊ ခံတွင်းသန့်ရှင်းရေးကို သိပ်ဂရုစိုက်ပေမယ့်လည်း သွားလေးတွေ မဖြူလာဘူး။ သွားအရောင် ဝါတာတာလေးက ရှိနေတုန်းပဲ။ မသိရင် သွားပုံမှန်မတိုက်သလိုမျိုး အထင်ခံရပါသေးတယ်။ ကိုယ်သောက်သုံးနေရတဲ့ဆေးကြောင့် သွားတွေဝါတတ်တယ်ဆိုပေမယ့် အစားအသောက်တွေကြောင့်ရော မဖြစ်နိုင်ဘူးလား။ ဖြူစင်လှပမှုကို နှောင့်ယှက်နေတဲ့ အစားအသောက်တွေက - (၁) လက်ဖက်ရည် လက်ဖက်ရည်ချိုး ဆိုတဲ့စကားလုံး ကြားဖူးတယ်မဟုတ်လား။ လက်ဖက်ရည်ပန်းကန်လုံး၊ ရေနွေးအိုးတို့မှာဆို ချိုးတွေကပ်လာတတ်တယ်လေ။ သွားမှာလည်း ဒီလိုပါပဲ။ သောက်ပါများလာရင် လက်ဖက်ရည်က ကော်ဖီထက် အရောင်စွန်းထင်းမှုပိုများပါတယ်။ (၂) ဆော့စ် ဆော့စ်လေး နဲ့ တို့စားရတာ ပိုအရသာရှိပေမယ့် သူ့မှာ အရောင်ပါဝင်နေတဲ့ ပဲပိစပ်၊ ခရမ်းချဉ်သီး၊ အနှစ်တွေကြောင့် အရောင်စွန်းထင်းစေပါတယ်။ သိပ်မသိသာပေမယ့် ငရုတ်ဆီအချဉ်ရည်နဲ့ ဆော့စ်တွေ မကြာခဏစားတတ်၊ များများစားတတ်သူတွေမှာ ကြာရင် အရောင်ရှိလာမှာပါပဲ။ (၃) အချိုရည် အက်စစ်ဓာတ်ပါဝင်မှုများတဲ့ အချိုရည်တွေက သွားကိုထိခိုက်စေနိုင်ပါတယ်။ အရောင်ဆိုးဆေးပါတဲ့ အားဖြည့်အချိုရည်တွေဆို သွားကြွေလွှာကို ပျက်စီးစေပြီး […]


သွားပြဿနာများ

သွားဝါလာလို့ စိတ်ညစ်နေတဲ့ ကော်ဖီချစ်သူတို့အတွက် အကြံကောင်း (၅) ခု

မနက်မိုးလင်းလာရင် ကော်ဖီလေးသောက်လိုက်မှ လန်းဆန်းသွားတယ်။ နေ့လယ်အိပ်ငိုက်တဲ့အချိန် ကော်ဖီ သောက်ပြီး ခဏနားမယ်။ ညနေ ကော်ဖီဆိုင်မှာ စကားဝိုင်းစုမယ်။ ကော်ဖီကြိုက်တဲ့သူတွေ ကတော့ ဘာလုပ်လုပ်ကို သောက်မှာပဲ။ ကော်ဖီသောက်ရရင် ခရီးထွက်လိုက်ရသလိုကို အပန်းပြေလန်းဆန်းတာပါတဲ့။ ကဲ အခုတော့ သူတို့ စိတ်ညစ်နေရပြီ… ကိုယ့်လောက်သွားတိုက်တာ၊ အသန့်ကြိုက်တာ ကိုယ်ပဲရှိတယ်ဆိုပေမယ့် ဖြူစင်လှပတဲ့သွားတွေ ဖြစ်မလာတာ ရှိနိုင်ပါတယ်နော်။ အစားအသောက်ကြောင့်၊ ခံတွင်းသန့်ရှင်းရေးကြောင့်၊ ရောဂါကြောင့်၊ သောက်နေရတဲ့ဆေးဝါးတွေကြောင့် စတဲ့ သွားဝါစေတဲ့အကြောင်းရင်းတွေထဲမှာ ကော်ဖီကြောင့် ဆိုတဲ့အချက်လည်း ပါဝင်နေပါတယ်။ ဘာလို့ သွားဝါရတာလဲ ကော်ဖီ မှာပါဝင်တဲ့ tannins ဓာတ်ကြောင့် သွားမှာ ဒါမှမဟုတ် အဝတ်အစားတွေမှာ အရောင်ဒြပ်ပေါင်းတွေ ကပ်ငြိစေတတ်လို့ စွန်းထင်းတာတွေဖြစ်စေတာပါ။ သူတို့တွေ ကပ်ငြိတဲ့အခါ ဒါမှမဟုတ် သွားချေးတွေ၊ ဘက်တီးရီးယားတွေနဲ့ပါ ပေါင်းလိုက်တဲ့အခါ သွားကိုဝါစေတာပေါ့။ တစ်နေ့ကို ကော်ဖီတစ်ခွက်သောက်ရင်ပဲ သွားကိုအရောင်စွန်းထင်းစေနိုင်ပါတယ်။ ဘယ်လို […]


သွားပြဿနာများ

သွားနှုတ်ပြီးရင် လိုက်နာသင့်တဲ့ အချက် (၁၀) ချက်

သွားနှုတ်တယ်ဆိုတာ လူတော်တော်များများလုပ်ကြတဲ့ သွားကျန်းမာရေးကိစ္စတစ်ခုဆိုပေမယ့် ခွဲစိတ်မှုတစ်မျိုးပါပဲ။ သွားနှုတ်ပြီး ၂၄ နာရီအတွင်း တံထွေးမထွေးဖို့၊ ပလုတ်မကျင်းဖို့စတဲ့ ကြိုတင်သတိပေးချက် တချို့ကိုလိုက်နာမယ်ဆိုရင်တော့ သွားနှုတ်ပြီးနောက်ပိုင်း ဆေးခန်းပြန်ပြေးဖို့ ဗျာများမနေရတော့ဘူးပေါ့။ ဒီအချက်လေးတွေကလွယ်ကူပေမယ့် နေရခက်တာတွေ သက်သာစေပြီး၊ အနာမြန်မြန်ကျက်စေမယ်၊ သွားနှုတ်ပြီးနောက်ပိုင်း ရောဂါပိုးမဝင်အောင် ကာကွယ်ပေးနိုင်မယ်လေ။ ၁) ဂွမ်းစလေးကို ကိုက်ထားပါ သွားနှုတ်ပြီးတဲ့အခါ အနာပေါ်မှာဂွမ်းစကိုဖိကိုက်ထားပါ။ အနာကသွေးတိတ်စေဖို့ဖြစ်ပါတယ်။ ဂွမ်းမှာသွေးတွေ များနေရင် နောက်တစ်ခုလဲပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ သွားနှုတ်ပြီး ၂၄ နာရီအတွင်းမှာ သွေးတိတ်လေ့ရှိ ပါတယ်။ ဒီထက်ကျော်ပြီးသွေးထွက်နေရင် ဆရာဝန်ပြန်ပြပါ။ ၂) ပထမဆုံးနှစ်ရက်မှာ ရေခဲကပ်ပေးပါ အရောင်ကျစေဖို့အတွက် ပါးအပြင်ကနေ ရေခဲအိတ် သို့မဟုတ် ရေအေးဝတ်နဲ့ ကပ်ပေးပါ။ သွားနှုတ်ပြီး ပထမဆုံး၂၄နာရီအတွင်း ၁၅ မိနစ်-မိနစ်၂၀လောက်ကြာအောင် ကပ်ပေးရမှာဖြစ်ပါတယ်။ သည်ကာလကျော်လွန် သွားရင်တော့ ရေခဲအိတ်ထက် အနွေးဓာတ်ပေးတာကအရောင်ပိုကျစေနိုင်ပါလိမ့်မယ်။ နောက် ၂ ရက်-၃ ရက်ကြာရင် […]


သွားပြဿနာများ

သွားချေးကျောက်တွေကို သန့်ရှင်းရေးလုပ်ဖို့ လိုအပ်နေပြီလား

သွားချေးကျောက်ဆိုတာ ဘာလဲ။ သွားချေးကျောက်ဆိုတာ ကျွန်တော်တို့သွားတွေရဲ့ အပေါ်ယံကြွေလွှာနဲ့ သွားကြားထဲက အစာတွေ ကပ်ငြိနေလောက်တဲ့ ကြားနေရာ၊ သွားဖုံးပေါ်မှာ ဖြစ်တည်လာတတ်ပါတယ်။ အစပိုင်းမှာ အဝါရောင် အရိအချွဲတွေက သွားပေါ်မှာ ကပ်နေပြီး တစ်သျှူးစနဲ့ သုတ်လိုက်တဲ့အခါမျိုးမှာ အလွယ်တကူကပ်ပါလာတတ်ပါတယ်။ နောက်ပိုင်း အရိအချွဲတွေက များလာပြီး ခြောက်သွားတဲ့အခါ ကျောက်ပုံစံ မာမာအခဲတွေ ဖြစ်လာတာပါ။ အရိအချွဲပုံစံနဲ့ဖြစ်စေ၊ ကျောက်အခဲပုံစံနဲ့ဖြစ်စေ သွားချေးတွေဟာ တခြားလူတွေ သည်းမခံနိုင်လောက်အောင် ဆိုးရွားတဲ့ ခံတွင်းအနံ့ဆိုးဖြစ်စေတဲ့ အဓိကတရားခံပါပဲ။ သွားချေးကျောက်က ဘယ်လိုကနေ စဖြစ်လာတာလဲ။ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကတော့ အများကြီးပါပဲ။ အဲ့ထဲက အဖြစ်အများဆုံး တရားခံအကြောင်းရင်းတွေကတော့ သွားမှန်မှန်မတိုက်တာ သွားကို နည်းစနစ်တကျ မတိုက်တာ အစာစားပြီး ပလုတ်မကျင်းတာ သွားပွတ်ကြိုး အသုံးမပြုတာ တစ်ဖက်တည်းနဲ့ အစာကို ဝါးပြီး ကျန်တဲ့တစ်ဖက်နဲ့ လုံးဝအစာမဝါးဘဲ ပစ်ထားတာကြောင့်ပဲဖြစ်ပါတယ်။ သွားချေးကျောက်ဖယ်ဖို့ အကောင်းဆုံးနည်းလမ်းက ဘာတွေလဲ။ ၁။ […]


သွားပြဿနာများ

သင့်သွားလေးတွေဝါလာတာ ဒီအချက်တွေကြောင့်ဆိုတာ သတိထားမိလား

ရုပ်ရှင်တွေထဲမှာ မင်းသား၊ မင်းသမီးတွေရဲ့ သွားကိုကြည့်လိုက်ရင် ဖြူဖွေးနေတာပဲ၊ မှန်ကြည့်တဲ့အချိန်ကျတော့ ကိုယ့်သွားက ဘာလို့ဝါနေတာလဲလို့ တွေးမိဖူးလား။ တကယ်တော့ ကိုယ်ထင်မထားမိတဲ့ နေထိုင်စားသောက်မှုပုံစံ၊ ခံတွင်းသန့်ရှင်းရေးနည်းစနစ်တွေကြောင့် ကိုယ့်သွားက နဂိုဝါတဲ့သူဆိုရင်တောင် အဝါညစ်ရောင် နောက်ကျိကျိ ဖြစ်လာနိုင်တယ်နော်။ သွားဝါရင် ဘာဖြစ်နိုင်လဲ။ သွားဝါတာက ဒီနေရာမှာပဲ ရပ်သွားတာမဟုတ်ပါဘူး။ သူ့အနောက်မှာ သွားဖုံးကြွေလွှာပျက်စီးတာ၊ သွားအရောင်မှိန်တာ၊ သွားပိုးစားတာ၊ ခံတွင်းကနေ ချဉ်စော်နံလာတာ၊ သွားချေးတက်ပြီး အဝါရောင် သွားချေးကျောက်တွေဖြစ်လာတာ၊ ခံတွင်းကင်ဆာ စတဲ့ ပြဿနာတွေ တောက်လျှောက်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီသွားဝါတဲ့ကိစ္စကို ပေါ့သေးသေးတော့ မမှတ်ယူသင့်ပါဘူး။ ဒါဆို ဘာတွေက သွားကို ပိုဝါစေတာလဲ။ အသားအရောင်လိုပါပဲ။ တချို့က မျိုးရိုးလိုက်ပြီး မွေးကတည်းက သွားက အဝါရောင်ဘက်သမ်းနေတဲ့ သူတွေလည်း ရှိပါတယ်။ ကိုယ့်သွားက နဂိုက ဘာအရောင်ပဲဖြစ်နေပါစေ ခုပြောပြပေးမယ့်အရာတွေကတော့ သွားအရောင်ကို နဂိုထက် ပိုနောက်ကျသွားစေနိုင်ပါတယ်။ […]


သွားပြဿနာများ

မကြာခဏဆိုသလို သွားကြိတ်တတ်တဲ့ အကျင့်ဖြစ်နေပြီလား

ဒီအခြေအနေကို Bruxism လို့ ခေါ်ပါတယ်။ အပေါ်သွားနဲ့ အောက်သွားတွေကို ပွတ်ပြီးကြိတ်တာ၊ အံကိုတင်းတင်းကြိတ်တဲ့ လက္ခဏာမျိုးပေါ့။ ပုံမှန်အားဖြင့် နိုးထနေစဉ် တမင်တကာ သို့မဟုတ် မရည်ရွယ်ဘဲ သွားကြိတ်မိခြင်း (Awake Bruxism) နဲ့ အိပ်ပျော်နေစဉ် သွားကြိတ်ခြင်း (Sleep Bruxism) ဆိုပြီး အမျိုးအစား ၂မျိုးရှိပါတယ်။ ၁။ နိုးထနေစဉ် သွားကြိတ်ခြင်း (Awake Bruxism) တချို့လူတွေ စိတ်ဆိုး၊ ဒေါသထွက်တဲ့အခါ ကိုယ်တိုင်ကမသိလိုက်ဘဲ အံကို တင်းတင်းကြိတ်တဲ့ အကျင့်ဖြစ်လာပါတယ်။ ဒီအကျင့်ကကြာလာတဲ့အခါ သိသိကြီးနဲ့ သွားကြိတ်တာလည်း ဖြစ်နိုင်သလို လုံးဝသတိမထားမိဘဲ အံသွားက အကျင့်ပါသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာတွေ ဥပမာ - စိုးရိမ်ပူပန်တာ၊ စိတ်ဖိစီးတာ၊ ဒေါသ၊ စိတ်ညစ်တာ၊ စိတ်ရှုပ်တာ၊ စိတ်ကိုတင်းထားတဲ့ အခြေအနေတွေမှာ […]


သွားပြဿနာများ

သွားနှင့်ခံတွင်း ကျန်းမာရေး ချို့ယွင်းကြောင်းပြနေတဲ့ အချက် ၇ ချက်

သွားနဲ့ ခံတွင်းကျန်းမာရေးဆိုတာ တကယ်ကို အရေးတကြီး ဂရုစိုက်ဖို့လိုတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ခံတွင်းသန့်ရှင်းရေးသေချာ ဂရုစိုက်မှ ခံတွင်းနံ့ဆိုးတွေ မထွက်နိုင်ဘဲ လူကြားထဲ စကာပြောဖို့ ယုံကြည်ချက်တွေ ရှိလာမယ်။ သွားပျက်စီးခြင်းနဲ့သွားဖုံးရောဂါတွေဖြစ်မလာအောင်လည်း တားဆီးနိုင်မှာဖြစ်ပြီး အသက်ကြီးတဲ့အထိ သွားကျန်းမာမှာဖြစ်ပါတယ်။ ခံတွင်းသန့်ရှင်းရေးကို ဂရုမစိုက်လို့ ထိခိုက်တာ သွားနဲ့ သွားဖုံးတင် မဟုတ်ပါဘူး။ ပြင်းထန်တဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တဲ့ နှလုံးရောဂါ၊ လေဖြတ်တာ ဆီးချိုမထိန်းနိုင်တာနဲ့ လမစေ့ဘဲ ကလေးမွေးခြင်းတို့ိလိုပြဿနာတွေ တစ်ပြုံကြီးဆက်ဖြစ်လာနိုင်စေပါတယ်။ ဒါ့ကြောင့် ခံတွင်းသန့်ရှင်းရေးဆိုတာ တကယ်ကိုလိုအပ်တဲ့အရာတစ်ခုပါ။ ကိုယ်က ခံတွင်းသန့်ရှင်းရေးကို သေချာ ဂရုမစိုက်ဘဲ ပေါ့ဆမိလိုက်တဲ့အခါ ခံတွင်းက သူ့ကျန်းမာရေး မကောင်းတော့ဘူးဆိုတဲ့အကြောင်း သင့်ကို အချက်ပြမှာပါ။ ပြနေတဲ့တဲ့ လက္ခဏာတွေကိုယ်က သေချာသိတော့မှ နောက်ဆက်တွဲဆိုးဝါးတဲ့ အခြေအနေတွေ အထိ မရောက်အောင် ကြိုတင်ကာကွယ်ဖို့ အချိန်ရမှာ ဖြစ်ပါတယ်။ ဒီတော့ ခံတွင်းကျန်းမာဖို့ […]


သွားပြဿနာများ

သင်မသိသေးတဲ့ သင့်သွားလေးတွေအကြောင်း အချက် (၈)ချက်။

သွားနဲ့ပက်သက်ပြီး သင်ဘယ်လောက်သိလဲ။ အစာကြေညက် စေဖို့ သွားတွေကဝါးပေးရတယ်၊ သွားကမာကြောတယ်၊ ဒါတွေ အပြင် သင့်သွားအကြောင်းသင်ဘာတွေသိသေးလဲ။ ဒီဆောင်းပါးထဲမှာတော့ သင့်သွားတွေ နဲ့ ပက်သက်လို့ သင်မသိသေးတဲ့ အကြောင်းတွေ ပြောပြပေးချင်ပါတယ်။ ။ ၁ ။ သင့်သွားတွေဟာ သင့်တစ်ဦးတည်းရဲ့ မူပိုင်ပစ္စည်းပါ။ ။ ပြောချင်တာ လူတိုင်းမှာ သွားတွေရှိတယ်ဆိုပေမယ့် သင့်သွားပုံစံနဲ့ တူတဲ့ နောက်လူတစ်ဦးမရှိဘူးလို့ ပြောချင်တာပါ။ လက်ဗွေရာလိုပါပဲ။ ပုံစံတူတဲ့ နောက်တစ်ခုမရှိနိုင်ပါဘူး။ ရုပ်တစ်ထပ်တည်းတူနေတဲ့ အမြွှာ တွေမှာတောင် သွားတွေကတော့ တစ်ထပ်တည်း မတူနိုင်ပါဘူး။ ၂ ။ သင်မြင်နေရတဲ့ သွားတွေဟာ သွားအရှည်ရဲ့ ၃ပုံ၁ပုံလောက်သာရှိပါတယ်။ ။ မှန်ထဲမှာ ကြည့်လိုက်လို့ မြင်နေရတဲ့သွားတွေဟာ သွားအရှည်ရဲ့ ၃ပုံ၁ပုံသာရှိပါတယ်။ ကျန်တဲ့ ၃ပုံ၂ပုံက သွားဖုံးထဲမှာ မြုပ်နေတာဖြစ်ပါတယ်။ ကျန်းမာတဲ့သွားတစ်ချောင်းရဲ့ နောက်ကွယ်မှာ ကျန်းမာတဲ့ သွားဖုံးတစ်ခု […]


သွားပြဿနာများ

ဝါနေတဲ့ သွားတွေကြောင့် စိတ်ညစ်နေပါသလား ။

ဝါနေတဲ့သွားတွေကြောင့် လူအများကြားထဲမှာ ပြုံးရယ်ပြဖို့ ယုံကြည်မှု မရှိတာမျိုး ဖြစ်ဖူးပါသလား။ သွားဝါတယ်ဆိုတာ နာကျင်မှု ဝေဒနာမျိုးပေးတာတော့ မဟုတ်ပေမယ့် သင့်ရဲ့ အလှတရားကို ပျက်စီးစေနိုင်တဲ့ အရာလို့တော့ ပြောလို့ရပါတယ်။ ကိုယ့်ရဲ့ ခံတွင်းသန့်ရှင်းရေးကိုလည်း ဂရုစိုက်နေပါရက်နဲ့ ဒီလို ဝါနေတဲ့ သွားတွေကို ဘယ်လိုပြုပြင်လို့ရမလဲ။ ပိုက်ဆံလည်း မကုန်ချင်ဘူး အသားနာလည်း မခံချင်ဘူး အချိန်ကုန်လည်း မခံနိုင်ဘူးဆိုရင်တော့ ခုပြောပြမယ့် သဘာဝ နည်းတွေနဲ့ ဝါနေတဲ့ သွားတွေကို ပြန်ပြီး ဖြူဖွေးအောင် လုပ်လို့ရပါတယ်။ စိတ်ဝင်စားကြလား။ ။ ၁ ။ သွားကို ပုံမှန်တိုက်ပါ ။ ။ သွားကို နေ့စဉ်တိုက်တာဟာ သင့်သွားပေါ်မှာ ကပ်နေတဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးနိုင်တဲ့ တစ်ခုတည်းသော နည်းပါ။ သွားတိုက်တယ်ဆိုတဲ့နေရာမှာလည်း မှန်ကန်တဲ့ နည်းနဲ့ တိုက်ပေးဖို့တော့ လိုပါတယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း