သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

အခြားခံတွင်းရောဂါ ပြဿနာများ

Leukoplakia (ခံတွင်းထဲတွင်အဖြူရောင် အဖတ်များဖြစ်သောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Leukoplakia (ခံတွင်းထဲတွင်အဖြူရောင် အဖတ်များဖြစ်သောရောဂါ) ကဘာလဲ။ ခံတွင်းထဲတွင်အဖြူရောင် အဖတ်များဖြစ်သောရောဂါ ဆိုတာ အဖြ ူရောင်ရှိတဲ့ ခပ်ထူထူအဖတ်တွေဟာ ပါးအတွင်းဘက်၊ သွားဖုံး သို့မဟုတ် လျှာ တို့မှာ ကပ်နေတာကို ခေါ်ပါတယ် ဒီအဖတ်တွေဟာ များသောအားဖြင့် ဆေးလိပ်သောက်တဲ့လူတွေ မှာ အဖြစ်များပြီး ဆဲလ် ပွားမှု များခြင်းကြောင့်ဖြစ်ရပါတယ်။၎င်းတို့ ဟာ ပုံစံမကျတဲ့ မတော်တဲ့ သွားတုတွေ ဝတ်ဆင်ခြင်း ဒါမှမဟုတ် ပါးအတွင်းထဲထည့်ပြီး ဝါးတတ်တဲ့အကျင့်ကြောင့် ဖြစ်ရပါတယ်။ တစ်ခါတစ်လေမျာ ဒီရောဂါဟာ ခံတွင်းကင်ဆာရောဂါတွေနဲ့တွဲတတ်ပါတယ်။ တကယ်လို့ မြင်ရတဲ့ အဖြ ူတွေဟာ သံသယဖြစ်စရာရှိပါက သင့်ဆရာဝန်က အသားစယူ ကြည့်ဖို့ အကြံပေးပါလိမ့်မယ်။ သင့်သွားဆရာဝန်ကနေပြီး ဖြစ်နေတဲ့နေရာရယ် အသားစအဖြေတွေကို ကြည့်ပြီ ရောဂါကိုဘယ်လို ကုပေးရမလဲ ကြည့်ပါလိမ့်မယ်။ ဖြစ်စေတဲ့အချက်တွေကို ဖယ်ရှားခြင်းနဲ့ကုသမှုကို စတင်ပါတယ် ဆေးလိပ်ဖြတ်ခြင်း ဒါမှမဟုတ် မတော်တဲ့သွားအတု တွေ အဆင်မပြေတဲ့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

Geographic Tongue

အဓိပ္ပါယ်ဖွင့်ဆိုချက်Geographic Tongue ကဘာလဲ။ Geographic tongue မှာ နာမည်အရ လျှာ၏ အပေါ်ဖက် ဘေးဘက်တို့တွင် မြေပုံကဲ့သို့အကွက်များ ထနေသော အခြေအနေတစ်မျိုးဖြစ်ပါသည်။ ခံတွင်းမှ ဧရိယာတော်တော်များများတွင်လည်း ဖြစ်တတ်ပါသည်။ Geographic tongue မှာ အန္တရာယ်ရှိသော အခြေအနေမဟုတ်ပါ။ ကင်ဆာ သို့မဟုတ် တခြား ပိုးဝင်ခြင်းလို အခြေအနေမျိုးမဟုတ်သော Benign အခြေအနေသာဖြစ်ပါသည်။ Geographic tongue အတွက် တခြားနာမည် ၂ မျိုးမှာ Benign migratory glossitis နှင့် erythema migrams တို့ဖြစ်သည်။ Geographic Tongue က ဘယ်လောက်အဖြစ်များသလဲ လူဦးရေ၏ ၁-၃ % တွင်ဖြစ်နိုင်ပြီး Geographic tongue မှာ အရွယ်မရွေးပေါ်လာတတ်ပါသည်။ သို့သော် ၎င်းမှာ လူလတ်ပိုင်း သို့မဟုတ် လူကြီးပိုင်းများတွင် ပိုဖြစ်ဟန်ရှိ၏။ […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

Gingivitis (သွားဖုံးရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gingivitis (သွားဖုံးရောင်ခြင်း) ကဘာလဲ။ သွားနှင့် သွားဖုံးတို့တွင် သွားဂျိုးများတည်မှု စုပုံလာသည့်အခါတွင် သွားဖုံးရောဂါများ ဖြစ်လာပါသည်။ သွားဖုံးရောင်ခြင်းမှာ ပျောက်ကင်းနိုင်သော သွားဖုံးရောဂါတစ်မျိုးဖြစ်သည်။ ၎င်းမှာ သွားဖုံးများကို နီမြန်း ဖောင်းကြွစေပြီး သွားတိုက်သည့်အခါ အလွယ်အတကူ သွေးထွက်စေပါသည်။ Gingivitis (သွားဖုံးရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန်အဖြစ်များ၏။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများGingivitis (သွားဖုံးရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သွားဖုံးရောင်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ သွားတိုက်နေစဉ်နှင့် တိုက်ပြီးနောက် သွေးထွက်သော သွားဖုံး နီမြန်း၊ ဖောင်းကြွ၊ နာကျင်သော သွားဖုံး ခံတွင်းနံ့နံခြင်း သို့မဟုတ် ခံတွင်းတွင် အရသာဆိုးခြင်း နောက်လျောဖြစ်နေသော သွားဖုံး သွားဖုံးနှင့်သွားကြားတွင် နက်ရှိုင်းသော အခွက်များ ဖြစ်ပေါ်ခြင်း သွားများ နဲ့ခြင်း ဝါးလျှင် အပေါ်အောက်သွားများ အံကြမဖြစ်တော့ခြင်း သို့မဟုတ် တစ်စိတ်တစ်ပိုင်း အံ့ကြမဖြစ်ခြင်း လက္ခဏာများကို သတိမထားမိရင်တောင် သင့်တွင် သွားဖုံးရောဂါအဆင့်တစ်ခုခုတော့ ရှိနေနိုင်ပါသေးသည်။ […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

Dental abscess (သွားနှင့် သွားဖုံးပြည်တည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dental abscess (သွားနှင့် သွားဖုံးပြည်တည်ခြင်း) ကဘာလဲ။ ယေဘုယအားဖြင့် သုံးမျိုးရှိသည်။ . သွားဖုံးပြည်တည်ခြင်း – သွားဖုံးတွင်သာဖြစ်လေ့ရှိပြီး သွားနှင့် သွားပတ်လည်ရှိ အရွတ်တစ်ရှူးများတွင် မဖြစ်ပွားပါ . သွားပတ်လည်တွင်ပြည်တည်ခြင်း – သွားအားထောက်ကန်ထားပေးသော သွားပတ်လည်ရှိ အရွတ်နှင့်တစ်ရှူးများတွင်ဖြစ်ပွားသည် . သွားတွင်းပြည်တည်ခြင်း – သွားတွင်းရှိ အတွင်းသားများတွင် ဖြစ်ပွားသည် ထိုကဲ့သို့ပြည်တည်ခြင်းများသည် ထိရောက်သော ကုသမှု လိုအပ်ပြီး မကုသပဲထားပါက ပိုမိုဆိုးဝါးကာ သွားများပျက်စီး စေနိုင်သည်။ Dental abscess (သွားနှင့် သွားဖုံးပြည်တည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်အမင်းအဖြစ်နည်းသည်။ အထူးသဖြင့် အမျိုးသမီးများတွင် အဖြစ်များလေ့ရှိသည်။ အသက်အရွယ်မရွေးဖြစ်ပွားနိုင်သည်။ ဖြစ်နိုင်ချေရှိသော အမူအကျင့်များကို ရှောင်ကြည်၍ ဖြစ်ပွားမှုအား လျှော့ချနိုင်သည်။ ကျန်ရှိသော အကြောင်းအရာများအား ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ လက္ခဏာများDental abscess (သွားနှင့် သွားဖုံးပြည်တည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များသော လက္ခဏာများမှာ အစာဝါးသောအခါ နာကျင်ခြင်း ပြည်တည်နေသော နေရာအားထိကြည့်ပါက နာနေခြင်း အေးသော ပူသော […]


သွားပြဿနာများ

Toothache (သွားကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Toothache (သွားကိုက်ခြင်း) ကဘာလဲ။ သွားကိုက်ခြင်း ဆိုသည်မှာ သွားနှင့် မေးရိုးများတွင် သွားပိုးစား၍ သော်လည်းကောင်း သွားများပျက်စီး၍သော်လည်းကောင်း နာကျင်ခြင်းကိုဆိုလိုသည်။ ထိုကဲ့သို့သော နာကျင်မှုမှာ အဆက်မပြတ် ထိုးကိုက်နေခြင်းမျိ ုးများဖြစ်နိုင်သလို အစားအစာများနှင့် သောက်သုံးသောအရာများကြောင့် အနာရှိန်အား မသိသာခြင်းများလည်းဖြစ်တတ်သည်။ Toothache (သွားကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ သွားကိုက်ခြင်းသည် အလွန်အဖြစ်များသည်။ အမျိုးသမီးများတွင်အဖြစ်များသည်။ အသက်အရွယ်မရွေးဖြစ်ပွားနိုင်သည်။ သို့သော်ဖြစ်နိုင်ချေများသော အကြောင်းအရာများကို ရှောင်ကြည်ကာ ကြိုတင်ကာကွယ်နိုင်သည်။ ထပ်မံသိရှိလိုသော အကြောင်းအရာများကို ဆရာဝန်များနှင့် တိုင်ပင်ပါ။ လက္ခဏာများToothache (သွားကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များသော လက္ခဏာများမှာ သွားထိုးကိုက်ခြင်း (တခါတရံ တွင် သွားအား ထိတွေ့မှသာ နာကျင်ခြင်းဖြစ်ပွားသည်လည်းရှိသည်) သွားဖုံးယောင်ခြင်း အဖျားတက်ခြင်း ခေါင်းကိုက်ခြင်း အနံ့ဆိုးဆိုးအရည်များထွက်ခြင်း ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ပါ အကြောင်းအရာများ ဖြစ်ပွားနေပါက ဆရာဝန်အား ဆက်သွယ်မေးမြန်းသင့်ပါသည် တစ်ရက် (သို့) နှစ်ရက် ထက် ကြာသော သွားကိုက်ခြင်း ဆိုးဝါးပြင်းထန်သော သွားကိုက်ခြင်း အဖျားတက်ခြင်း၊နားကိုက်ခြင်း၊(သို့) ပါးစပ်ဟပါက နာကျင်ခြင်း အခြားနေရာများ […]


အခြားခံတွင်းရောဂါ ပြဿနာများ

Fissured tongue (လျှာကွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Fissured tongue (လျှာကွဲခြင်း) ကဘာလဲ။ လျှာမှာ အက်ကြောင်းများ၊ ကွဲကြောင်းများ ရှိနေခြင်း ဖြစ်ပါတယ်။ အများအားဖြင့် အန္တရာယ်မရှိနိုင်ပေမယ့် ဆရာဝန်/သွားဆရာဝန်တို့နဲ့တော့ စိတ်ချရအောင် စစ်ဆေးကြည့်သင့်ပါတယ်။ လျှာကွဲခြင်းမှာ လျှာရဲ့ထိပ်နဲ့ဘေးတွေမှာ အက်ကြောင်း၊ ကွဲကြောင်းများရှိခြင်း လျှာမှာသာကွဲခြင်း ကွဲကြောင်းရဲ့ အနက်ဟာ အမျိုးမျိုးကွာခြားနိုင်ပြီး ၆မီလီမီတာအထိ နက်နိုင်ပါတယ်။ ကွဲကြောင်းအချင်းချင်းဆက်ပြီး လျှာကို အပိုင်းပိုင်းကွဲသလို ဖြစ်နေစေပါတယ်။ ကွဲကြောင်းများထဲမှာ အညစ်အကြေးများ စုမလာလျှင်တော့ ဘာလက္ခဏာမှ ခံစားရမည် မဟုတ်ပါ။ ကလေးဘဝမှစပြီး လျှာမှာ အကွဲကြောင်းများ ပေါ်နိုင်ပါတယ်။ သို့သော် လျှာကွဲခြင်းဟာ အရွယ်ရောက်ပြီးသူတွေမှာ ပိုအဖြစ်များပါတယ်။ အသက်ကြီးလေ အရေးအကြောင်းတွေ ထင်းလာလေဖြစ်သလို လျှာကွဲခြင်းကလည်း အသက်ကြီးလာလေ ထင်ရှားလာလေဖြစ်ပါတယ်။ သွားကျန်းမာရေး ပုံမှန်စစ်ဆေးလျှင်တော့ သွားဆရာဝန်က သင့်လျှာကွဲနေကြောင်း သိနိုင်ပါတယ်။ လျှာကွဲတဲ့လူနာအများစုကို ဒီလိုနည်းနဲ့သိနိုင်တာ ဖြစ်ပါတယ်။ Fissured tongue (လျှာကွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ […]


အခြားခံတွင်းရောဂါ ပြဿနာများ

Thrush in adults (အရွယ်ရောက်ပြီးသူများတွင်တွေ့ရသော ပါးစပ်ထဲရှိ အဖြူဖတ်များ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Thrush in adults (အရွယ်ရောက်ပြီးသူများတွင်တွေ့ရသော ပါးစပ်ထဲရှိ အဖြူဖတ်များ) ကဘာလဲ။ အရွယ်ရောက်ပြီးသူများဧ။် ပါးစပ်ထဲတွင် တေ့ွရသော အဖြူဖတ်တွေဆိုတာ ဘာလဲ။ ပါးစပ်ထဲမှာတွေ့ရတဲ့ အဖြူဖတ်တွေက ပါးစပ်မှာဖြစ်တတ်တဲ့ မှိုရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါက ကူးစက်ရောဂါတစ်ခုမဟုတ်ဘဲ မှိုသတ်ဆေးသောက်ရုံနဲ့ ကုသလို့ ရနိုင်ပါတယ်။ ဒီရောဂါဟာ Candida လို့ခေါ်တဲ့ မှိုတစ်မျိုးကြောင့် ဖြစ်တတ်တဲ့အတွက် Oral Candidosis (ရောဂါဖြစ်စေသော မှိုကို အစွဲပြုပြီးခေါ်သောအမည်) လို့လည်း ခေါ်ကြပါတယ်။ Thrush in adults (အရွယ်ရောက်ပြီးသူများတွင်တွေ့ရသော ပါးစပ်ထဲရှိ အဖြူဖတ်များ) က ဘယ်လောက်အဖြစ်များသလဲ အရွယ်ရောက်ပြီးသူများဧ။် ပါးစပ်ထဲတွင် မှိုကြောင့်ဖြစ်သောအဖြူဖတ်တွေက အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများThrush in adults (အရွယ်ရောက်ပြီးသူများတွင်တွေ့ရသော ပါးစပ်ထဲရှိ အဖြူဖတ်များ) […]


အခြားခံတွင်းရောဂါ ပြဿနာများ

နှုတ်ခမ်းနီဆိုးရတာ ကြိုက်တဲ့ မိန်းကလေးတွေအတွက် နှုတ်ခမ်းနီဆိုးနည်း(၃) မျိုး

နှုတ်ခမ်းနီဆိုးရတာ ကြိုက်တဲ့ မိန်းကလေးတွေအတွက် နှုတ်ခမ်းနီဆိုးနည်း(၃) မျိုး မိန်းကလေးတွေမှာ ပေါ့ပေါ့ပါးပါးလေးပဲ အလှပြင်ပြင်၊ ပွဲတက်ဖို့အတွက်ပဲ အလှပြင်ပြင် နှုတ်ခမ်းနီကတော့ မပါမဖြစ်ပဲနော်။ ဘာလို့လဲဆိုတော့ မျက်ခုံးမွှေးလေး ဆွဲပြီး နှုတ်ခမ်းနီလေး ဆိုးရင်ကို တော်တော်လေး ကြည့်ကောင်းနေပြီလေ။ ဒီတော့ နှုတ်ခမ်းနီကတော့ မဖြစ်မနေ လိုပါတယ်။ နှုတ်ခမ်းနီဆိုးရတာ ကြိုက်တဲ့ မိန်းကလေးတွေကတော့ နှုတ်ခမ်းနီကို ဆိုးနည်း အမျိုးမျိုးနဲ့ ပြောင်းပြီးဆိုးကြည့်ကြဖို့ ဆန္ဒရှိကြပါတယ်။ ဘယ်လိုနည်းလမ်းတွေ ရှိလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။   နည်းလမ်း(၁)   နှုတ်ခမ်းနီ ဆိုးနည်း နည်းလမ်း(၁) ကတော့ ခပ်ထူထူကြီး မဖြစ်နေဘဲ အရောင်လင်းလင်း စိုစိုလေးရှိချင်တဲ့ မိန်းကလေးတွေအတွက် အကောင်းဆုံးပါနော်။ ပုံမှန်အားဖြင့်တော့ ဒီလိုပုံစံလေးဆိုးမယ်ဆိုရင် အနီရောင်ကို ရွေးချယ်လေ့ ရှိကြပေမယ့် တခြား လိမ္မော်ရောင်၊ ခရမ်းဖျော့ရောင်လေးတွေနဲ့လည်း စမ်းသပ်ပြီး ဆိုးနိုင်ပါတယ်နော်။ ပထမဆုံး နှုတ်ခမ်းမှာ Balmလိုလေး […]


ကလေးသွားကျန်းမာ​ရေး

ကလေးတစ်ဦးရဲ့ သွားဖွံ့ဖြိုးမှုများ

ကလေးတွေအနေနဲ့ ဘယ်လိုသွားဖွံ့ဖြိုးမှု အခြေအနေကို ရင်ဆိုင်နေရပြီလဲ ?တကယ်တော့ ငယ်သွားတွေဟာ ဆယ်ကျော်သက်ရွယ်မတိုင်ခင်အထိ မပြတ်ဖွံ့ဖြိုးမှုရှိနေတဲ့ အရာဖြစ်ပါတယ်။ အောက်မှာ ဒီလိုဖွံ့ဖြိုးမှုနဲ့ ပတ်သက်တာတွေကို ရှင်းပြထားပါတယ်။ သွားအမျိုးအစားများ သွားလေးမျိုး အဓိကရှိပါတယ်။ တစ်ခုချင်းစီက ထူးခြားပြီး ကွဲပြားခြားနားတဲ့ လုပ်ဆောင်ချက်တွေရှိပါတယ်။ Incisors( ရှေ့သွား ) Incisors( ရှေ့သွား )တွေဟာ ရှေ့ဘက်ကအထက်နဲ့အောက်သွားတွေဖြစ်ပါတယ်။ ကျွန်တော်တို့ဟာအစားအစာကိုကိုက်စားတဲ့အခါ, incisors တွေဟာ အစားအစာကို ဖြတ်ဖို့ကတ်ကြေးလို ဆောင်ရွက်ပေးပါတယ်။ Canines ( သွားစွယ်) ချွန်ထက်ပြီး သွေးစုပ်ဖုတ်ကောင်လိုလိုသွားများဖြစ်ပါတယ်။ ရှေ့သွားရဲ့ ဘေးတစ်ဖက်တစ်ချက်မှာရှိပါတယ်။ အစားအစာကို ဆွဲဖြဲစုတ်ဖို့ တာဝန်ယူပါတယ်။ Premolars ( ရှေ့အံသွား ) မျက်နှာပြင်ပြားတဲ့ သွားတွေဖြစ်ပြီး သွားစွယ်တွေရဲ့ နောက်မှာရှိပါတယ်။ အစားအစာတွေ ကြိတ်ဖို့လုပ်ဆောင်ပါတယ်။ Molars (အံသွား) premolarsနောက်မှာရှိပြီး premolars ထက်ပိုကြီးပါတယ်။ မျက်နှာပြင်ပြားပြီး အစားအစာတွေ ကြိတ်ဖို့လုပ်ဆောင်ပါတယ်။ မမွေးခင်သွားများ ကိုယ်ဝန်အစောပိုင်းမှာတင် သန္ဓေသားဟာ သွားစတင် ဖွံ့ဖြိုးပါတယ်။ တကယ်တော့မိခင်ဝမ်းထဲမှာ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ကလေးများ သွားပိုးစားခြင်းမှ ကာကွယ်ခြင်း

သွားကျန်းမာရေးဟာ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတစ်ခုလုံး ကောင်းမွန်နေခြင်းအတွက် အစားထိုးမရတဲ့နေရာမှ ပါဝင်နေပါတယ်။ မိဘတစ်ယောက်အနေနဲ့ သင့်ကလေးရဲ့ ခံတွင်းကျန်းမာရေးအတွက် မှန်ကန်တဲ့နည်းလမ်းတွေပြပေးဖို့ကတော့ သင့်တာဝန်ပါ။ သွားပိုးစားခြင်းကို ကာကွယ်ဖို့နဲ့ ဘဝတစ်လျှောက်လုံး ခံတွင်းကျန်းမာရေးကောင်းကောင်းနဲ့နေနိုင်ဖို့အတွက် ဖြစ်နိုင်ချေရှိတဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖို့ ဒီအချက်ငါးချက်ကို လေ့လာကြည့်ရအောင်ပါ။ သွားပိုးစားခြင်း (သွားပျက်စီးခြင်း)ဆိုတာဘာလဲ။ သွားပိုးစားခြင်းဆိုတာ အဖြစ်များဆုံးသော မကူးစက်တတ်တဲ့ ခံတွင်းရောဂါတစ်ခုဖြစ်ပြီး ကျောင်းနေအရွယ်ကလေးတွေမှာ အဖြစ်များသလို ဒီနေ့ခေတ်ရဲ့ စက်မှုနိုင်ငံအများစုက အရွယ်ရောက်ပြီး လူကြီးတွေမှာလည်း ဖြစ်တတ်ကြပါတယ်။ သွားပိုးပေါက်တွေရဲ့ အစောပိုင်းအဆင့်ဟာ သွားကြွေလွှာတွေမှာ အကွက်သေးသေးလေးဖြစ်လာတာပါပဲ။ ဒါဟာ ဖြည်းဖြည်းချင်းဖြစ်လာပေမယ့် အက်စစ်တွေပုံမှန်စုပုံလာတဲ့အခါမှာတော့ (sucrose နဲ့ Streptococcus mutans bacterium ဓါတ်ပြုမှုကြောင့်ဖြစ်လာတဲ့ ရလဒ်) သွားကိုပျက်စီးစေပါတယ်။ အချိန်တွေကြာလာတဲ့အခါ ဒီထိုက်မှုဟာ ကြွေလွှာကိုအားနည်းစေပြီး သွားအတွင်း dentine ( သွားရဲ့အဓိက ကိုယ်ထည်)ကိုပါ ပျက်စီးစေပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း