သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

သွားအလှပြုပြင်ခြင်း

သွားထိန်း တပ်ထားတယ်ဆိုရင် ဒါတွေ ရှောင်စားပါ။ ။

သွားတွေမညီလို့၊ သွားကျဲနေလို့၊ သွားခေါနေလို့ဆိုပြီး ကိုယ့်သွားကိုယ် စိတ်တိုင်းမကျတဲ့သူတွေ အများကြီးရှိမှာပါ။ ဒီလို စိတ်တိုင်းမကျတဲ့သူတွေအတွက် သွားထိန်း ကသာ တစ်ခုတည်းသော ဖြေရှင်းပေးနိုင်တဲ့ အရာပါ။ မညီတဲ့သွားတွေကို ပြန်ညှိပေးမယ်၊ ကျဲနေတဲ့သွားတွေကို ပြန်စိပေးမယ် ခေါနေတဲ့သွားတွေကို ပြန်ဝင်အောင် လုပ်ပေး နိင်တာ သွားထိန်းလို့ခေါ်တဲ့ ( braces) တွေပါပဲ။ သွားထိန်းတစ်ခု တပ်တော့မယ်လို့ ဆုံးဖြတ်ထားရင် စိတ်ရှည်ရပါမယ်။ ဒီနေ့တပ် နောက်တစ်ပတ်လောက်ဆို သွားတွေကို ပြန်ညှိနိုင်တာမဟုတ်ဘူးလေ။ သွားထိန်း တပ်ထားတဲ့အချိန် အနည်းငယ်ပြောင်းနေတဲ့ ကိုယ့်ရုပ်ကို သည်းခံနိုင်ရမယ်။ သွားထိန်းနဲ့ သွားတွေကို သေချာ သန့်ရှင်းရေးလုပ်တတ်ရမယ်။ အစားရှောင်ရမယ်။ ဒီအချက်တွေ လိုက်နာနိုင်မှ သွားထိန်းတပ်သင့်ပါတယ်။ သွားတိုက်တာ၊ စိတ်ရှည်ရမယ်ဆိုတာတွေက သိပြီးပြီးဆိုတော့ ဒီနေ့ဆောင်းပါးထဲမှာ သွားထိန်းတပ်ထားရင် ရှောင်ရမယ့် အစားအစာတွေ အကြောင်းပြောပြချင်ပါတယ်။ သွားထိန်း တပ်ထားတယ်ဆိုရင် ဒါတွေ ရှောင်စားပါ။  အစားအစာရှောင်ရမယ့်သူတွေထဲမှာ […]


သွားပြဿနာများ

မကြာခဏဆိုသလို သွားကြိတ်တတ်တဲ့ အကျင့်ဖြစ်နေပြီလား

ဒီအခြေအနေကို Bruxism လို့ ခေါ်ပါတယ်။ အပေါ်သွားနဲ့ အောက်သွားတွေကို ပွတ်ပြီးကြိတ်တာ၊ အံကိုတင်းတင်းကြိတ်တဲ့ လက္ခဏာမျိုးပေါ့။ ပုံမှန်အားဖြင့် နိုးထနေစဉ် တမင်တကာ သို့မဟုတ် မရည်ရွယ်ဘဲ သွားကြိတ်မိခြင်း (Awake Bruxism) နဲ့ အိပ်ပျော်နေစဉ် သွားကြိတ်ခြင်း (Sleep Bruxism) ဆိုပြီး အမျိုးအစား ၂မျိုးရှိပါတယ်။ ၁။ နိုးထနေစဉ် သွားကြိတ်ခြင်း (Awake Bruxism) တချို့လူတွေ စိတ်ဆိုး၊ ဒေါသထွက်တဲ့အခါ ကိုယ်တိုင်ကမသိလိုက်ဘဲ အံကို တင်းတင်းကြိတ်တဲ့ အကျင့်ဖြစ်လာပါတယ်။ ဒီအကျင့်ကကြာလာတဲ့အခါ သိသိကြီးနဲ့ သွားကြိတ်တာလည်း ဖြစ်နိုင်သလို လုံးဝသတိမထားမိဘဲ အံသွားက အကျင့်ပါသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာတွေ ဥပမာ - စိုးရိမ်ပူပန်တာ၊ စိတ်ဖိစီးတာ၊ ဒေါသ၊ စိတ်ညစ်တာ၊ စိတ်ရှုပ်တာ၊ စိတ်ကိုတင်းထားတဲ့ အခြေအနေတွေမှာ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ပါးစပ်ထဲအနာပေါက် နေတော့ စားချင်တာမစားရလို့ စိတ်ညစ်နေပြီလား

လူတိုင်း တစ်သက်မှာ အနည်းဆုံးတစ်ခါတော့ ပါးစပ်ထဲအနာပေါက် နိုင်ပါတယ်။ သူ့ကို mouth ulcer လို့လည်းခေါ်တယ်ဗျ။ ပါးစပ်ထဲမှာ ပေါက်တတ်တဲ့ အဖြူရောင် အနာကွက်လေးတွေပေါ့။ ထမင်းစားတာ၊ ရေသောက်တဲ့အချိန်ဆို အရမ်းကို နာပါတယ်။ တစ်ခါတစ်လေ ဘာမှမစားဘဲနေရင်တောင် မခံမရပ်နိုင်အောင် နာတတ်တယ်နော်။ ရာသီမရွေး၊ ကျား၊ မ မရွေး ဖြစ်တတ်ပြီး အဓိကဖြစ်ရတဲ့အကြောင်းရင်းကတော့ သွားတိုက်တဲ့အချိန်မှာ သွားဖုံးနဲ့ သွားတိုက်တံ ခြစ်မိတာ၊ သွားဖုံးကို သွားနဲ့ကိုက်မိတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အရမ်းကြီးတော့ စိတ်ပူဖို့မလိုပါဘူး။ ဒီအနာက ဘာဆေးမှမသောက်ရင်တောင် တစ်ပတ်ကနေ နှစ်ပတ်အတွင်းမှာ သူ့အလိုလို ပျောက်သွားနိုင်ပါတယ်။ ဘာကြောင့် ပါးစပ်ထဲအနာပေါက် ရတာလဲ။ သွားသေချာမတိုက်တာ သွားတိုက်နေရင်း သွားပွတ်တံနဲ့ ချော်ပြီးခြစ်မိတာ သွားဖုံးကို ကိုက်မိတာ မညီညာတဲ့ သွားတွေနဲ့ သွားဖုံးကို အမြဲပွတ်တိုက်နေတာ ပူလွန်းတဲ့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ညအိပ်ရာမဝင်ခင် သွားတိုက်ပါ

ညမအိပ်ခင်သွားတိုက်ရမယ်ဆိုတာကို အားလုံး သိထားပြီးဖြစ်ပေမယ့် လိုက်လုပ်တဲ့သူက သိပ်မများဘူးနော်။ တကယ်တော့ဒီစည်းကမ်းက လူတိုင်းလိုက်နာ သင့်တာပါ။ သိတော့ သိတယ်မလုပ်ဘူးဆိုတာက အပြစ်ပိုကြီးတယ်နော်။ သွားတိုက်သင့်တဲ့ အကြောင်းအရင်း တစ်နေ့တာ စားလိုက်တဲ့အချိန်တိုင်းမှာ ခံတွင်းထဲမှာ စားကြွင်းစားကျန်တွေကျန်ခဲ့သလို ဘက်တီးရီးယားတွေကလည်းပေါက်ဖွားရှင်သန်နေကြပါတယ်။ အစားစားလိုက်တိုင်း ခံတွင်းထဲမှာ ကျန်ခဲ့တဲ့ စားကြွင်းစာကျန်တွေက ခံတွင်းထဲမှာ အက်ဆစ်ပမာဏကိုမြင့်တက်စေပြီး သွားကြွေလွှာတွေကို ပျက်စီးစေနိုင် သလို သွားပိုးစားတာနဲ့ ခံတွင်းပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ ခံတွင်းအနံ့ဆိုးဖြစ်တာနဲ့ သွားဖုံးသွေးယိုတာ၊ သွားချေးတွေတက်တာမျိုးတွေကိုလည်းဖြစ်စေနိုင်ပါသေးတယ်။ သွားမတိုက်ဘဲ ညအိပ်မယ် ညဘက်မှာ မုန့်တွေစား တီဗွီတွေကြည့်လုပ်ပြီးအိပ်ချင်တာနဲ့ သွားမတိုက်ဘဲ ဝင်အိပ်လိုက်တယ် ဆိုတာက ကျန်းမာရေးကိုထိခိုက်စေတဲ့ အပြုအမူပါ။ တစ်နေုန်စားထားသမျှကို တာဝန်ကျေကျေလုပ်ပေးထားတဲ့ သွားတွေကိုညမအိပ်ခင်တော့ သန့်စင်ဖို့လိုပါမယ်နော်။ ညအိပ်စက်ချိန်မှာ ခန္ဓါကိုယ်ကပြုပြင်စရာရှိတာတွေကိုပြုပြင်တာပါ။ ဒီလိုအနားယူပြုပြင်မှုတွေထဲမှာ သွားနဲ့ခံတွင်းလည်းပါပါတယ်နော်။ ဒါကြောင့်ညဘက်အိပ်ချိန်မှာ သွားနဲ့ခံတွင်းလေးက သူတို့ရဲ့ပြုပြင်ရေး လုပ်ငန်းစဉ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့အတွက် ညမအိပ်ခင်လေးတော့ သွားတိုက်ပါနော်။ ဒီလိုမျိုး ညမအိပ်ခင် သွားတိုက်လိုက်တာက […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားပိုးစားစေနိုင်တဲ့အကြောင်းရင်းတွေနဲ့ ကြိုတင်ကာကွယ်ဖို့ အကြံပြုချက်များ

အချိုတွေသိပ်မစားနဲ့၊ သွားပိုးစားမယ် ဆိုတာ လူကြီးတွေက ကလေးလေးတွေကိုဖြဲခြောက်နေကျစကား။ အမှန်တော့ဟုတ်ပေမယ့် မသိရင် သွားပိုးစားတာက ကလေးတွေမှာပဲဖြစ်တတ်သလိုလို၊ လူကြီးဖြစ်သွားရင်ပဲ မရှောင်တမ်း စားလို့ရသလိုလိုနဲ့။ လူကြီးဖြစ်မှ သကြားလုံးတွေ၊ ဂျယ်လီတွေကို ပါကင်လိုက်ဝယ်တီးပစ်မယ်လို့ ကိုယ်တွေတောင်တွေးခဲ့ဖူးတာပေါ့။ တကယ်တော့ သွားပိုးစားတာက သွားပေါက်ပြီးတဲ့လူတိုင်းမှာ အရွယ်မရွေးဖြစ်နိုင်ခြေရှိပါတယ်။ သွားပိုးစားတယ်ဆိုတာ အပေါ်ယံ သွားကြွေလွှာကိုတင်မက သွားရဲ့အတွင်းပိုင်းအလွှာတွေထိ အခေါင်းပေါက်ဖြစ်စေပြီး ပျက်စီးလာစေတာပါ။ ဘယ်နေရာမှာဖြစ်တာလဲဆိုတာနဲ့ ဘယ်လောက်ဖြစ်တာကိုဆိုတာကိုမူတည်ပြီး သွားပိုးစားခြင်းအတိမ်အနက်တွေ အမျိုးမျိုးရှိနိုင်ပါတယ်။ တချို့ဆို သွားကိုက်တာဘာညာလက္ခဏာသိပ်မပြ၊ သွားပေါက်ကြီးလည်းမမြင်ရဘဲ အတွင်းမှာ ပိုးစားနေတာတွေရှိပါတယ်။ သွားပိုးပေါက်ကကြီးလာရင်တော့ဒီလက္ခဏာတွေဖြစ်လာနိုင်ပါတယ် - မကြာမကြာ သွားကိုက်ဝေဒနာခံစားရတာ သွားကျဉ်တာ ချိုတာ၊ ပူတာ၊အေးတာတွေ တစ်ခုခုစားလိုက်မိတိုင်း ကျဉ်ကိုက်သွားတာ သွားထဲမှာ အခေါင်းပေါက်တွေဖြစ်နေတာ သွားမျက်နှာပြင်ပေါ်မှာ အညိုရောင်၊ အမည်းရောင်၊ အဖြူရောင်တွေထင်နေတာ ဘာကိုဖြစ်ဖြစ် ကိုက်လိုက်တာနဲ့ နာတာမျိုးတွေပါ။ ဘာတွေကြောင့် သွားပိုးစားတာလဲ သွားပိုးစားတယ်၊သွားပျက်စီးတယ်ဆိုတာ အဓိကတော့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားတွေကျဉ်နေရတာ ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်

အား......သွားကျဉ်လိုက်တာ။ စားကောင်းတိုင်း မစားရတာလည်း ဒုက္ခပဲနော်၊လို့တွေးနေမိပြီလား။ သွားနဲ့ခံတွင်းက အစားစားရာမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပါ။ သွားကောင်းမှ စားချင်တာတွေစားလို့ရပြီး ခန္ဓါကိုယ်မှာ အာဟာရတွေပြည့်နေစေမှာပါ။ ဒီတော့ သွားကအရေးမကြီးပေဘူးလားနော်။ ဒီလောက်အရေးကြီးတဲ့ သွားကအစာတစ်ခုခုစားလိုက်တိုင်း ကျဉ်နေမယ်ဆိုရင်တော့ အခက်တွေ့ပြီလေ။ပြဿနာတိုင်းမှာဖြစ်စေရတဲ့ အကြောင်းရင်းခံတွေကရှိပြီးသားပါ။ ဒီပြဿနာတွေမဖြစ်ဖို့ဘာလုပ်မလဲပြဿနာဖြစ်စေတဲ့ အကြောင်းရင်းခံတွေကို သိအောင်လုပ်ပြီး ကာကွယ်ရမှာပေါ့။ သွားကျဉ်တာကဖြစ်နေကျပြဿနာတစ်ခုလား သွားကျဉ်တာက အဖြစ်များတဲ့ သွားနဲ့ခံတွင်းပြဿနာတစ်ခုပါ။ သွားကျဉ်တဲ့အခါ အစားစားလိုက်ရင် ကျဉ်ခနဲဖြစ်သွားတဲ့အခါတော်တော်လေးစိတ်ရှုပ်ရပါတယ်။ သွားကျဉ်တာပြဿနာကြီးကြီးမားမားမဟုတ်ပေမယ့် အရွယ်ရောက်ပြီးသူအများစုက သွားကျဉ်တဲ့ဝေဒနာကို ခံစားနေကြရပါတယ်။ သွားကျဉ်တာက ရုတ်တရက်စူးခနဲဖြစ်သွားတဲ့ ခံစားချက်တစ်ခုပါ။ဒီနာကျင်မှုက သွားရဲ့ အာရုံကြောတွေဆီရောက်သွားတဲ့အခါ ခံရခက်ပေမယ့် ခံစားရချိန်က သိပ်တော့မကြာမြင့်ပါဘူး။ ဒါကြောင့်လည်း သွားကျဉ်တာကိုသေချာကုသမှုခံယူသူကရှားပါတယ်။ ဒီလောက်ဆိုရင်တော့ သွားကျဉ်တာကဖြစ်နေကျတစ်ခုလို့တောင်ပြောလို့ရနေပြီပေါ့နော်။ ဘာတွေကြောင့်များ သွားကျဉ်ရတာလဲ ကြွေလွှာတွေပျက်စီးကုန်တာ၊ သွားဖုံးတွေပျက်စီးကုန်တာ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် သွားရဲ့ အမြစ်တွေ ပြင်ပက အရာတွေထဲ ထိတွေ့လာတဲ့အခါမှာ သွားကျင်တဲ့ဝေဒနာကိုခံစားရပါတယ်။ ဘယ်အရာတွေကြောင့် သွားကျဉ်နိုင်လဲ ပူတာဖြစ်ဖြစ်၊အေးတာဖြစ်ဖြစ် တစ်ခုခုစားလိုက်တိုင်း […]


အခြားခံတွင်းရောဂါ ပြဿနာများ

အလုပ်ခွင်မှာ စွမ်းဆောင်ရည်မြင့်တက်စေဖို့ မွေးမြူသင့်တဲ့အလေ့အထအချို့

တာဝန်တွေကို အကောင်းဆုံးလုပ်ဆောင်လို့ လုပ်ငန်းခွင်မှာစွမ်းဆောင်ရည်မြင့်မားသူတစ်ယောက်ဖြစ်ချင်လား။ ဒါဆိုရင်တော့ အခုပြောပြမယ့်အချက်လေးတွေကို လိုက်လုပ်ကြည့်လိုက်ပါနော်။ ဒါတွေက သင့်ကို လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်အကောင်းဆုံးသူဖြစ်စေမှာပါ အသေအချာပါပဲ။ အလုပ်ခွင်မှာ စွမ်းဆောင်ရည်မြင့်မားသူတစ်ယောက်ဖြစ်စေဖို့ ဒီအလေ့အကျင့်လေးတွေကို ကိုယ်ရဲ့နေ့စဉ်လုပ်နေကျ အလေ့အထေလးတွေဖြစ်သွားအောင်မွေးမြူပေးလိုက်ပါ။ ဒါဆိုရင်တော့ အရာရာကို အကောင်းဆုံး စွမ်းဆောင်နိုင်သူတစ်ယောက်ဖြစ်လာဖို့အတွက်ပါ အဆင်သင့်ဖြစ်နေမှာပါနော်။ ရုံးကိုစောစောသွားပါ ရုံးကို တတ်နိုင်သမျှစောစောလေးသွားပါ။ ဒါမှကားကျပ်တဲ့ပြဿနာကင်းဝေးမှာဖြစ်သလို ရုံးမှာ ကြိုတင်ပြင်ဆင်စရာရှိတာတွေကိုလည်းပြင်ဆင်နိုင်မှာပါ။ မပြီးပြတ်သေးတာတွေ၊ မပြည့်စုံသေးတာတွေကိုပြီးပြည့်စုံအောင်လုပ်ဖို့လည်း အချိန်ရရှိစေမှာပါ။ ရုံးချိန်ထက် အနည်းဆုံး ၁၅ မိနစ်လောက်စောရောက်တတ်တဲ့ အကျင့်ကိုမွေးမြူပါ။ ကြိုတင်ပြင်ဆင်ပါ နောက်တစ်နေ့လုပ်စရာကိစ္စတွေကို ညဘက်အိပ်ရာမဝင်ခင်ကတည်းကပြင်ဆင်စဉ်းစားထားပါ။ ဒါမှ နောက်တစ်နေ့မှာ အဆင်သင့်ဖြစ်လို့ စိတ်လက်ချမ်းသာနဲ့ အလုပ်တွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။ နေ့လယ်စာကို အပြင်ထွက်စားပါ နေ့လယ်စာစားတဲ့အခါ အပြင်ထွက်စားတာက စိတ်ဖိစီးမှုြေပလျော့စေပြီး အလုပ်တွေကို ပိုပြီးကောင်းကောင်းလုပ်စေနိုင်ပါတယ်။ ဖန်တီးနိုင်စွမ်းနဲ့ အာရုံစူးစိုက်မငကို ပိုကောင်းစေနိုင်ပါတယ်နော်။ မလိုအပ်တာတွေကိုမေ့လိုက်ပါ တစ်ခါတလေမှာ လူအများစုက အရေးလည်းမကြီး မဖြစ်မနေလုပ်ဖို့လည်း မလိုတဲ့ အရာတွေအပေါ်မှာ အာရုံစိုက်လွန်းတတ်ကြပါတယ်။ ဒီအလေ့အကျင့်ကပဲ ပိုပင်ပန်းစေပြီး အလုပ်လုပ်ဆောင်နိုင်မှုစွမ်းရည်ကို […]


သွားပြဿနာများ

သွားနှင့်ခံတွင်း ကျန်းမာရေး ချို့ယွင်းကြောင်းပြနေတဲ့ အချက် ၇ ချက်

သွားနဲ့ ခံတွင်းကျန်းမာရေးဆိုတာ တကယ်ကို အရေးတကြီး ဂရုစိုက်ဖို့လိုတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ခံတွင်းသန့်ရှင်းရေးသေချာ ဂရုစိုက်မှ ခံတွင်းနံ့ဆိုးတွေ မထွက်နိုင်ဘဲ လူကြားထဲ စကာပြောဖို့ ယုံကြည်ချက်တွေ ရှိလာမယ်။ သွားပျက်စီးခြင်းနဲ့သွားဖုံးရောဂါတွေဖြစ်မလာအောင်လည်း တားဆီးနိုင်မှာဖြစ်ပြီး အသက်ကြီးတဲ့အထိ သွားကျန်းမာမှာဖြစ်ပါတယ်။ ခံတွင်းသန့်ရှင်းရေးကို ဂရုမစိုက်လို့ ထိခိုက်တာ သွားနဲ့ သွားဖုံးတင် မဟုတ်ပါဘူး။ ပြင်းထန်တဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တဲ့ နှလုံးရောဂါ၊ လေဖြတ်တာ ဆီးချိုမထိန်းနိုင်တာနဲ့ လမစေ့ဘဲ ကလေးမွေးခြင်းတို့ိလိုပြဿနာတွေ တစ်ပြုံကြီးဆက်ဖြစ်လာနိုင်စေပါတယ်။ ဒါ့ကြောင့် ခံတွင်းသန့်ရှင်းရေးဆိုတာ တကယ်ကိုလိုအပ်တဲ့အရာတစ်ခုပါ။ ကိုယ်က ခံတွင်းသန့်ရှင်းရေးကို သေချာ ဂရုမစိုက်ဘဲ ပေါ့ဆမိလိုက်တဲ့အခါ ခံတွင်းက သူ့ကျန်းမာရေး မကောင်းတော့ဘူးဆိုတဲ့အကြောင်း သင့်ကို အချက်ပြမှာပါ။ ပြနေတဲ့တဲ့ လက္ခဏာတွေကိုယ်က သေချာသိတော့မှ နောက်ဆက်တွဲဆိုးဝါးတဲ့ အခြေအနေတွေ အထိ မရောက်အောင် ကြိုတင်ကာကွယ်ဖို့ အချိန်ရမှာ ဖြစ်ပါတယ်။ ဒီတော့ ခံတွင်းကျန်းမာဖို့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားပွတ်တံ ရဲ့ အရေးပါမှုအတိုင်းအတာ

မနက်ခင်းနိုးလာရင် အရင်ဆုံးဘာလုပ်လဲ။ အိပ်ရာကထတယ်၊ အကြောဆန့်တယ်။ပြီးရင် ဆံပင်လေးဘာလေးဖီးပြီး မျက်နှာသစ်၊ သွားတိုက်ဖို့လုပ်တယ်ဟုတ်။ ဒါကို ဒီလောက်ပဲနေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ခုလို ငယ်ငယ်ကတည်းကလုပ်လာကြတာပါ။ ငယ်စဉ်ကနေ အခုချိန်ထိလုပ်လာတဲ့တောက်လျှောက်မှာ သွားတိုက်တာရဲ့ အရေးကြီးမှုနဲ့ သွားပွတ်တံ ကဘယ်လောက်အတိုင်းအတာထိ သက်ရောက်မှုရှိနေလဲဆိုတာကိုတွေးမိဖူးရဲ့လား။ မတွေးမိဖူးရင်တော့ တူတူတွေးလိုက်ရအောင်လေနော်။ နောက်တစ်ချက်ကျန်သေးတယ်။ ဒါက သွားပွတ်တံကို အဆင်ပြေသလိုပဲဝယ်တိုက်လိုက်တာလား။သေချာလေးရွေးမိရဲ့လားဆိုတဲ့အချက်ပါ။ ငယ်ငယ်ကမေမေဝယ်ပေးတာတိုက်တယ်၊ ကိုယ့်ဘာသာဝယ်ရမယ်ဆိုရင်တော့ အဆင်ပြေသလိုဝယ်လိုက်တာပဲမဟုတ်လား။ တကယ်တော့ သွားနဲ့ခံတွင်းကျန်းမာရေး အတွက်ရော ခန္ဓါကိုယ်ကျန်းမာဖို့အတွက်ပါ သွားပွတ်တံကတော်တော်လေးအရေးပါတာပါ။ သွားပွတ်တံ ဘယ်ကစ ဒီနေ့ခေတ်မှာတော့ သွားပွတ်တံကတော်တော်လေးသဘောကျစရာပုံစံလေးတွေနဲ့ရွေးချယ်စရာတွေကလည်းတော်တော်လေးများပါတယ်။ သွားပွတ်တံက သွားနဲ့ခံတွင်းကျန်းမာရေးအတွက်အရေးပါသလို လှပတဲ့အပြုံးတစ်ပွင့်အတွက်လည်း အရေးပါတဲ့ဇာတ်လိုက်ပေါ့။ ဒီလိုမျိုးနေ့စဉ်ဘဝမှာ အတိုင်းအတာတစ်ခုအထိအရေးပါတဲ့ သွားပွတ်တံက ဘယ်လိုများစတင်ပေါ်ပေါက်လာတာလဲ။ သွားပွတ်တံမပေါ်ခင်ကရော လူတွေက သူတို့ရဲ့ သွားတွေကို ဘယ်လိုများသန့်ရှင်းခဲ့ကြသလဲဆိုတာ တွေးမိဖူးလား။ သွားကိုသန့်ရှင်းဖို့ အသုံးပြုတဲ့ ပစ္စည်းလေးတွေက ဘီစီ ၃၅၀၀နောက်ပိုင်းမှာစတင်ပေါ်ထွက်ခဲ့တာပါ။ဘေဘီလုံလူမျိုးတွေနဲ့ အီဂျစ်လူမျိုးတွေက သစ်ခက်လေးတွေရဲ့ တစ်ဖက်ကို ဖွာနေအောင်လုပ်ပြီး […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားဖုံးသွေးယိုစီးခြင်းမှ ကင်းဝေးစေဖို့ နည်းလမ်းကောင်း (၈) ချက်

ကျွန်တော်တို့ သွားတိုက်နေရင်းနဲ့ ဖြစ်စေ၊ သွားပွတ်ကြိုး အသုံးပြုနေတဲ့အချိန်မှာဖြစ်စေ သွားဖုံးကနေ သွေးတွေထွက်နေတာ ဖြစ်ဖူးမယ်ထင်ပါတယ်။ ဘာမှ မဖြစ်လောက်ပါဘူးလေ ဆိုတဲ့အထင်နဲ့ အမှုမဲ့ အမှတ်မဲ့ နေလိုက်ပေမဲ့ ဒီ သွားဖုံးသွေးယိုစီးတဲ့ ပြဿနာဟာ တခြားသော ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာ သတိထားသင့်ပါတယ်။ သွားတိုက်ရင်းနဲ့ သွားပွတ်တံနဲ့ သွားဖုံးခြစ်မိသွားတာ၊ ကိုယ့်ရဲ့ မေးရိုးနဲ့ ပါးစပ်တစ်ဝိုက်ကို ထိခိုက်မိတာ၊ ကိုယ်ဝန်ဆောင်နေစဉ်၊ သွားချေးကျောက်ေတွကို မသေမသပ်ခြစ်ထုတ်ထားတာ၊ သွားဖုံးနီရဲနေတာတွေကြောင့် သွားဖုံးသွေးယိုစီးခြင်း ဖြစ်နိုင်ပါတယ်။ သွားဖုံးက နီရဲနေပြီဆိုရင် တဖြည်းဖြည်းနဲ့ ရောင်လာမယ်၊ ထိလိုက်တဲ့အချိန်မှာ ပျော့အိအိလေး ဖြစ်နေတော့ ပွန်းပဲ့ဖို့ ပိုမိုလွယ်ကူပါတယ်။ ကြာလာတာနဲ့အမျှ သွားဖုံးရောင်တာ၊ ခံတွင်းရေစီးကမ်းပြိုလိုက်တာတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ သွားဖုံးကနေ သွေးယိုစီးတာတွေ မဖြစ်စေဖို့ ကာကွယ်နိုင်မယ့် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းကောင်း (၈) […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း