လိင်တံပြဿနာများ

ကျန်းမာတဲ့ လိင်တံကို ပိုင်ဆိုင်ထားတာက အမျိုးသားတွေအတွက်တော့ အလုံစုံကျန်းမာခြင်းပါပဲ။ လိင်တံ ကျန်းမာတယ်ဆိုတာ လိင်တံ သန့်ရှင်းတာ၊ လိင်တံရောဂါတွေဖြစ်တဲ့ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတဲ့ ရောဂါတွေ ကင်းစင်နေတာပဲ ဖြစ်ပါတယ်။ လိင်တံကျန်းမာရေးနဲ့ ပတ်သက်ပြီး ဒီမှာ ဆက်လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်တံပြဿနာများ

အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရခဲ့သော်

အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ မျိုးဆက်ပွားနိုင်မယ့် အင်္ဂါအစိတ်အပိုင်းတွေ ပါဝင်ဖွဲ့စည်းထားပါတယ်။ ဒီမျိုးပွားအင်္ဂါက သုက်ရည်ထုတ်လုပ်တာ၊ သုက်ပိုးနဲ့ သုက်ရည်တွေကို သယ်ယူပို့ဆောင်တာ၊ သုက်ပိုးတွေ ထုတ်လုပ်ပေးတာ၊ ဟော်မုန်းတွေ ထုတ်လွှတ်တာတွေကို လုပ်ဆောင်ပေးပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါစနစ်လိုမဟုတ်ဘဲ ခန္ဓာကိုယ် အပြင်ဘက်မှာ အများဆုံး ဖြစ်တည်နေတဲ့ အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါစနစ်မှာ ဘာတွေပါလဲ ........ အမျိုးသား မျိုးပွားအင်္ဂါစနစ်မှာ လိင်တံ ကပ္ပာယ်အိတ် နဲ့ ဝှေးစေ့ ဆီးကျိတ်တို့ ပါဝင်နေပါတယ်။ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရနိုင်လား ....... အမျိုးသားတွေရဲ့ဖွားဖက်တော်မှာ ပါဝင်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ ကပ္ပာယ်အိတ် နဲ့ လိင်တံတွေကို အရိုးတွေနဲ့ ကာကွယ်ထားတာမျိုး မရှိတာကြောင့် အလွယ်တကူ ထိခိုက် ဒဏ်ရာရနိုင်ပါတယ်။ မကြာခဏဆိုသလိုလည်း အသေးစား […]

လိင်တံပြဿနာများ ကို ရှာဖွေမည်။

လိင်တံပြဿနာများ

ရေချိုးပြီးရင် ဝှေးစေ့က အောင့်သလိုခံစားရတာ ဘာကြောင့်လဲ

ဝှေးစေ့အောင့်တယ်ဆိုတာ ပေါ့ဆစရာ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အရင်တုန်းက ထိမိခိုက်မိတာ၊ အကြောင်းအမျိုးမျိုးကြောင့် ရောဂါပိုးဝင်ပြီး ရောင်ရမ်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့ဆောင်းပါးမှာ အမျိုးသားတို့ ရေချိုးပြီးရင် ဝှေးစေ့က အောင့်ရခြင်း အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ဝှေးစေ့အကြောင်း တစေ့တစောင်း ဘာကြောင့်ဖြစ်လဲဆိုတာ မပြောခင် ဝှေးစေ့အကြောင်း နည်းနည်းပြောပြပေးချင်ပါတယ်။ အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာမှာ ထိခိုက်ဖို့ အလွယ်ကူဆုံး အင်္ဂါအစိတ်အပိုင်းတွေထဲမှာ ဝှေးစေ့ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ကပ္ပာယ်အိတ်အတွင်းမှာ စက်လုံး ပုံသဏ္ဍာန်နဲ့ တည်ရှိနေပြီး အမျိုးသားတို့ရဲ့ မျိုးအောင်ခြင်းကို ဖြစ်စေပါတယ်။ လိင်စိတ်ဆန္ဒပြီးမြောက်စေဖို့ ကျားဟော်မုန်းနဲ့ သုက်ရည်ထုတ်လုပ်ပေးပါတယ်။ ပုံမှန်အားဖြင့် ဝှေးစေ့ ၂လုံးဟာ တစ်လုံးနဲ့ တစ်လုံး အရွယ်မညီသလို တစ်လုံးက အောက်ကို ပိုပြီး နိမ့်ကျနေတတ်ပါတယ်။ ဝှေးစေ့က ရေချိုးတဲ့အချိန်မှာ ဘာလို့အောင့်တာလဲ။ ရေနဲ့ ထိတွေ့မိချိန် အထူးသဖြင့် ရေနွေးနဲ့ ရေချိုးပြီးတဲ့အချိန်ဆိုရင် […]


လိင်တံပြဿနာများ

သင့်ရဲ့ လိင်တံက ကျုံ့ပြီးတိုသွားနိုင်လား

အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားတွေရဲ့ လိင်တံဟာ အများဆုံး တစ်လက်မထိ သေးသွားနိုင်ပါတယ်။ ဒီလိုဖြစ်ရတာဟာ ကိုယ့်ရဲ့ အသက်အရွယ်ကြောင့်၊ ရှိနေတဲ့ ရောဂါတွေကြောင့်ပါပဲ။ တချို့အခြေအနေမှာ ယာယီဖြစ်တာဆိုပေမယ့် ရာသက်ပန်ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် သိပ်ပြီး စိတ်ပူဖို့ မလိုပါဘူး။ ဒီလိုမဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေရှိသလို လိင်တံသေးသွားလို့လည်း လိင်မှုကိစ္စမှာ အနှောင့်အယှက်ပြဿနာတွေ မဖြစ်စေနိုင်ပါဘူး။ ဘာကြောင့် လိင်တံက ကျုံ့ဝင်သွားရတာလဲ။ အဓိက လိင်တံကို တစ်လက်မထက်မနည်း ကျုံ့ဝင်သွားစေတဲ့ တရားခံတွေကတော့ ၁။ အသက်ကြီးလာခြင်း ၂။ အဝလွန်လာခြင်း ၃။ ဆီးကျိတ်ကို ခွဲစိတ်ကုသအပြီး ၄။ ပီရိုးနီးရောဂါ (Peyronie’s disease) တွေပဲ ဖြစ်ပါတယ်။ အသက်ကြီးလာခြင်း ယောက်ျားတစ်ယောက်က အသက်ကြီးလာတာနဲ့အမျှ ကျားဟော်မုန်း (Testosterone) ထွက်တာ နည်းသွားပြီး လိင်တံနဲ့ ဝှေးစေ့က ပိုပြီးသေးသွားတတ်ပါတယ်။ ထောင်မတ်မှုကို ဖြစ်စေဖို့ လိင်တံအတွင်း သွေးကောင်းစွာ စီးဆင်းနိုင်ဖို့ လိုပါတယ်။ […]


လိင်တံပြဿနာများ

ကပ္ပယ်အိတ် ( scrotum) တစ်ဝိုက်ယားယံတာ ဘာ့ကြောင့်ဖြစ်ရတာလဲ။ ။

အမျိုသားတို့ ကပ္ပယ်အိတ်ပေါ်က အရေပြားလေး ယားယံတာမျိုး ဖြစ်ဖူးကြပါသလား။ တစ်နေ့ခင်းလုံး ဘာလက္ခဏာမှ မပြဘဲညကျမှ ယားယံတာမျိုး ဖြစ်တတ်ကြပါသလား။ ပုံမှန်ဆို ဒီ ကပ္ပယ်အိတ်ပေါ်က အရေပြားလေးက ယားမနေသင့်ဘူးလေ။ ဒါတွေ ဘာ့ကြောင့်ဖြစ်ရတာလဲ။ တစ်ကိုယ်ရည်သန့်ရှင်းမှု အပိုင်း အားနည်းလို့လား။ အခြား ကျန်းမာရေး ပြဿနာတွေ ရှိလို့လား။ ( ၁ ) တစ်ကိုယ်ရည် သန့်ရှင်းမှုအားနည်းခြင်း ။ ခုလို ပူတဲ့ေနွရာသီဆို ပိုဆိုးတာပေါ့။ ကိုယ်ဝတ်ထားတဲ့ အတွင်းခံက ချွေးတွေစိုနေတဲ့အပြင် တစ်နေ့လုံးလည်း ဝတ်ထားရတော့ ယားဖို့ အခွင့်အရေးပိုများသွားပြီပေ့ါ။ ဒါကို တစ်နေ့တစ်ထည် အတွင်းခံ မလဲဘဲ ပြန်ပြန်ဝတ်နေရင်တော့ တစ်ကိုယ်သန့်ရှင်းမှု အပိုင်းမှာ သုညပဲဗျို့။ ဒါပေမယ့် ဒီလို တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းလို့ ဖြစ်ရတဲ့ ပြဿနာတွေက သန့်ရှင်းရေးလုပ်လိုက်တဲ့အခါ ပျောက်သွားတာများပါတယ်. တစ်ကိုယ်ရည်သန့်ရှင်းမှုလည်းရှိရက်နဲ့ ကပ္ပယ်အိတ်တစ်ဝိုက်ယားယံနေပြီဆိုရင်တော့ […]


လိင်တံပြဿနာများ

လိင်တံပေါ်မှာ ပေါက်တဲ့ ဝဲခြောက် ယားနာ

သာမန်လူတစ်ယောက်ရဲ့ မျက်လုံးနဲ့ မမြင်နိုင်တဲ့ Sarcoptes Scabiei ဆိုတဲ့ ကပ်ပါးရောဂါပိုးဟာ အရေပြားထဲ ဝင်ရောက်ကူးစက်ရာကနေ ဝဲခြောက် ယားနာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ရဲ့ လိင်တံပေါ်မှာ ယားယံတဲ့ အကွက်တွေထတာဆိုရင် ဝဲခြောက်ပေါက်တာ ဖြစ်နိုင်ပါတယ်။ လိင်တံပေါ်က ဝဲခြောက် ယားနာရဲ့ လက္ခဏာက ဘာတွေလဲ။ လိင်တံအရေပြား ပတ်လည်မှာ အလွန်အမင်း ယားယံတဲ့ ဝေဒနာကို ခံစားရမယ်။ ယားနေတဲ့ အရေပြားပေါ်မှာ သေးပြီး ဝက်ခြံလိုပုံစံဖြစ်နေတဲ့ အဖုလေးတွေ ထနေမယ်။ လိင်တံသာမက ကပ္ပာယ်အိတ်၊ ပေါင်ခြံတွေအထိပါ ကူးစက်နိုင်ပါတယ်။ ကပ်ပါးရောဂါပိုးတွေ ကူးစက်ခံရပြီး ၄ပတ် မှ ၆ပတ်အတွင်း ဝဲခြောက် စတင် ဖြစ်ပေါ်လာပါတယ်။ ဝဲခြောက်တွေက ဘာလို့ အရမ်းယားတာလဲ။ ကပ်ပါးရောဂါပိုးတွေဟာ အရေပြားထဲကို ထိုးဖောက်ဝင်ရောက်ပြီး တစ်ကောင်နဲ့ တစ်ကောင် မျိုးပွားပါတယ်။ မျိုးပွားပြီးနောက် အသားထဲမှာ ဥတွေ […]


လိင်တံပြဿနာများ

လိင်တံကနေ အနံ့ဆိုးထွက် စေတဲ့ အဓိကတရားခံ

အမျိုးသားတော်တော်များများမှာ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုကတော့ လိင်တံမှာ မကောင်းတဲ့ အနံ့အသက်တွေ အမြဲထွက်နေတတ်တာပါပဲ။ ဒီလို မကောင်းတဲ့ အနံ့ဆိုးထွက် တာကို ဖြစ်စေတဲ့ တရားခံကို ပြောပါဆိုရင် လိင်တံအရေပြားအောက်မှာ ဖုံးနေတဲ့ အဖြူရောင်အရိအချွဲတွေနဲ့ အဖတ်တွေလို့ ဆိုရမှာပါ။ အထူးသဖြင့် လိင်တံထိပ်အရေပြားကို ဖြတ်မထားတဲ့ အမျိုးသားတွေ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတဲ့အခါမှာ ဒီအဖြူရောင်အဖတ်တွေ (Smegma) ဖြစ်လာပါတယ်။ အနံ့ဆိုးထွက် တာက ဘယ်ကနေ ဘယ်လိုစဖြစ်တာလဲ။ ထိပ်အရေပြား မဖြတ်ထားတဲ့အခါ လိင်တံထိပ်ရဲ့ ပတ်လည်ကို အရေပြားက အမြဲဖုံးနေပါတယ်။ အမျိုးသားတွေက အမြဲ အားကစား၊ လေ့ကျင့်ခန်းလုပ်တာ၊ လှုပ်လှုပ်ရှားရှားနဲ့ အပြင်ထွက်ပြီး သွားလာနေရတာကြောင့် ပေါင်ခြံနဲ့ လိင်တံတစ်ဝိုက်မှာ ချွေးတွေက အမြဲလိုလို ထွက်တတ်ပါတယ်။ ဒီအဖြူရောင်အရိအချွဲတွေ (Smegma) ဆိုတာ အရေပြားပေါ်က ပျက်စီးနေတဲ့ဆဲလ်အသေတွေ၊ အဆီတွေ၊ ဆီး၊ သုက်ရည်၊ […]


လိင်တံပြဿနာများ

လိင်တံကနေ ပြည်ယိုစိမ့်ထွက်လာတာ ဘာကြောင့်လဲ

အမျိုးသားတွေရဲ့ လိင်တံကနေ ဆီးနဲ့ သုက်ရည်ထွက်တာ ပုံမှန်ဖြစ်စဉ်ဆိုပေမယ့် တခြားသော အရည်တွေ ထွက်လာတာ၊ အရည်တွေရဲ့ အရောင်က ပုံမှန်မဟုတ်ဘူးဆိုရင်တော့ စိတ်ပူစရာ ကိစ္စ ဖြစ်လာပါပြီ။ ဒီနေ့ဆောင်းပါးမှာတော့ အမျိုးသားတွေ အမေးများတဲ့ လိင်တံကနေ ပြည်ယိုစိမ့်ထွက်လာတာ ဘာကြောင့်လဲ ဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ လိင်တံကနေ ပြည်ယိုစိမ့်ထွက်လာတာ ဘာကြောင့်လဲ လိင်တံကနေ ပြည်ယိုစိမ့်ထွက်လာတာ ဘာကြောင့်လဲ ဆိုတော့ ဆီးစွန့်ပြွန် ပိုးဝင်ခြင်း (Urethritis) လိင်တံနဲ့ ဆီးအိမ်ကို ဆက်စပ်ထားတဲ့ ဆီးစွန့်ပြွန် နီရဲရောင်ရမ်းတာ၊ ပိုးဝင်တဲ့ ရောဂါ ဖြစ်ပါတယ်။ သူ့ရဲ့ လက္ခဏာတွေကတော့ လိင်တံကနေ အဝါရောင် သို့မဟုတ် စိမ်းဖန့်ဖန့်အရောင် ပြည်အရည်တွေ ထွက်လာတာ ဆီးသွားနေစဉ်မှာ ပူလောင်နေတဲ့ ခံစားချက်ကြီးဖြစ်နေတာ ရုတ်တရက်ကြီး ဆီးသွားချင်စိတ် အလွန်အကျွံဖြစ်လာတာ ဆီးမအောင့်နိုင်တော့တာအပြင် ဘယ်လိုလက္ခဏာမျိုးမှ မပြတာမျိုးလည်း ရှိနိုင်ပါတယ်။ ဆီးစွန့်ပြွန် […]


လိင်တံပြဿနာများ

လိင်တံ ၂ချောင်းဖြင့် မွေးလာသော အမျိုးသားများ

မွေးလာတဲ့အချိန်မှာ ယောက်ျားလေးက လိင်တံ ၂ချောင်း ခွဲထွက်နေတဲ့အခြေအနေကို Diphallia လို့ ခေါ်ပါတယ်။ ယောက်ျားလေး ၆သန်းမှာ တစ်ယောက်သာလျှင် ရှားရှားပါးပါး တွေ့ရတတ်တဲ့ အခြေအနေပါ။ လိင်တံ ၂ချောင်း ရှိခြင်းဟာ အန္တရာယ်များတာမျိုးတော့ မဟုတ်ပေမဲ့ သူ့မှာ နောက်ဆက်တွဲ စိုးရိမ်စရာ ကျန်းမာရေးပြဿနာတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် အစာချေဖျက်တဲ့ နေရာနဲ့ ဆီးလမ်းကြောင်း အစရှိတဲ့ မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်နိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေ ရှိလဲ။ Diphallia ဆိုတာ မွေးပြီးနောက်ပိုင်းမှ ဖြစ်လာတဲ့ အခြေအနေမဟုတ်ဘဲ မွေးလာကတည်းကိုက လိင်တံ ၂ခုအနေနဲ့ ကွဲထွက်ပြီး မွေးလာတာဖြစ်တဲ့အတွက် ဆရာဝန်တွေအနေနဲ့ ကလေးကို အလွယ်တကူ စစ်ဆေးကြည့်လို့ ရနိုင်ပါတယ်။ လိင်တံ၊ ဝှေးစေ့၊ ကပ္ပယ်အိတ်က ပုံမှန်မဟုတ်တာ လိင်တံ ၂ခု ကွဲထွက်နေတာ (Penile […]


လိင်တံပြဿနာများ

လိင်တံထိပ်အရေပြား နောက်လှန်ဆွဲလို့ မရတာ ဘာကြောင့်လဲ

လိင်တံထိပ်အရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေမှာ အဖြစ်များတဲ့ လက္ခဏာ တစ်ခုပါ။ ဒီအခြေအနေကို Phimosis - လိင်တံအရေပြား နောက်လှန်ဆွဲမရခြင်း ဖြစ်စဉ်လို့ လူသိများကြပါတယ်။ အသက် ၃နှစ်အရွယ် ကလေးတွေမှာ အရေပြားကျပ်နေတာမျိုး ဖြစ်တတ်ပေမဲ့ အဲ့ဒီနောက်ပိုင်းမှာတော့ ပြန်ပြီး ချောင်ချောင်ချိချိ ဖြစ်သွားတတ်ပါတယ်။ ဆီးသွားရတာ နာကျင်မှု၊ ရောင်ရမ်းမှု၊ သက်သောင့်သက်သာ မဖြစ်မှု၊ ဆီးသွားဖို့ အဆင်မပြေတာတွေ ရှိလာပြီဆိုမှ ကုသမှုခံယူသင့်တယ်လို့ ယူဆထားပါတယ်။ သူ့ရဲ့ လက္ခဏာတွေက ဘယ်လိုမျိုးလဲ။ အသက် ၃နှစ်နဲ့ နောက်ပိုင်းမှာ လိင်တံအရေပြားက ချောင်ချိသွားပြီး နောက်ပြန်လှန်ဆွဲလို့ ရပါတယ်။ တချို့သော အမျိုးသားတွေမှာတော့ နောက်လှန်ဆွဲနိုင်ဖို့ အချိန်တော်တော်လေး ပေးရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့် အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ယောက်က သူ့ရဲ့ လိင်တံထိပ်အရေပြားကို နောက်လှန်ဆွဲတဲ့နေရာမှာ ဘယ်လိုအခက်အခဲမှ […]


လိင်တံပြဿနာများ

လိင်တံပေါ်မှာ အကြောတွေထောင်ထနေတာ စိုးရိမ်စရာရှိလား

အမျိုးသားတစ်ယောက်အတွက် လိင်တံေပါ်မှာ သွေးပြန်ကြောတွေ ထင်ထင်ရှားရှား မြင်နေရတဲ့ ဖြစ်စဉ်ဟာ ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ။ အထူးသဖြင့် လိင်တံကောင်းစွာ ထောင်မတ်နိုင်ဖို့အတွက် ဒီသွေးပြန်ကြောတွေထဲကို သွေးကောင်းစွာ စီးဆင်းသွားပြီး အဲ့ဒီသွေးတွေကို နှလုံးဆီသို့ ပြန်လည်ပို့ဆောင်ပေးတာကြောင့် ဒီအကြောတွေရှိနေဖို့ လိုအပ်ပါတယ်။ တချို့အမျိုးသားတွေမှာ လိင်တံသွေးကြောက မျှင်မျှင်လေးသာ မြင်တတ်ပြီး တချို့တွေမှာတော့ အပြင်ဘက်မှာ တော်တော်လေးကို ကြီးကြီးမားမား ထောင်ထွက်နေနိုင်ပါတယ်။ ဒီသွေးပြန်ကြောတွေနဲ့ ပုံစံအရွယ်အစား အချိန်နဲ့အမျှ ပြောင်းသွားတတ်ပြီး လိင်ဆက်ဆံေနစဉ်မှာ ထိခိုက်မိတာ၊ သွေးကြောပေါက်ပြဲတဲ့ အခြေအနေမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ လိင်တံသွေးကြောတွေဟာ ဘာကြောင့် အမျိုးသားတွေရဲ့ လိင်မှုဘဝအတွက် အရေးပါလဲ၊ ဘယ်လိုအချိန်မှာ ပုံစံပြောင်းလဲသွားနိုင်လဲ၊ ဘယ်အခြေအနေမျိုးမှာ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ လိင်တံသွေးကြောတွေ ဘာလို့ ထောင်နေတာလဲ။ အရေပြားဟာ ထူထပ်မှု၊ သွေးကြောရဲ့ အရွယ်အစား၊ လတ်တလော ကိုယ့်ရဲ့ လိင်မှုကိစ္စ […]


လိင်တံပြဿနာများ

မနက်နိုးလာရင် ဖွားဖက်တော် ထောင်မတ်နေတာ ဘာကြောင့်လဲ

ကျန်းမာရေးကောင်းတဲ့ ပုရိသတွေအနေနဲ့ လိင်တံ ထောင်မတ်တယ်ဆိုတာ သိပ်ဆန်းတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ အထိအတွေ့ကြောင့်၊ စိတ်ခံစားချက်ကြောင့် တင်မကဘဲ တစ်ခါတလေမှာ အကြောင်းပြချက်မရှိပဲနဲ့လည်း လိင်တံ ထောင်မတ်နိုင်ပါတယ်။ အထူးသဖြင့် လူပျိုဖြစ်ကာစ ဆယ်ကျော်သက်အရွယ် ကောင်လေးတွေနဲ့ အရွယ်ငယ်သေးတဲ့ လူငယ်ယောက်ျားလေးတွေမှာ ပိုအဖြစ်များပါတယ်။ ဒီဖြစ်စဉ်ကို Nocturnal Penile Tumescence (NPT) မနက်ခင်းမှာ လိင်တံထောင်မတ်နေခြင်း ဖြစ်စဉ်လို့လည်း ခေါ်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ မနက်နိုးလာရင် ဖွားဖက်တော် ထောင်မတ်နေတာ ဘာကြောင့်လဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ မနက်နိုးလာရင် ဖွားဖက်တော်ထောင်မတ်နေတာ ဘာကြောင့်လဲ အမျိုးသားအများစုဟာ မနက်နိုးလာတဲ့အခါ ဖွားဖက်တော် ထိုးထိုးထောင်ထောင် ဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ ၁။ ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့ မျက်လုံးက မှိတ်နေပေမဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာက အသားချင်း အထိအတွေ့အပေါ်မှာ ကောင်းကောင်း ခံစားသိရှိနိုင်ပါတယ်။ ကိုယ်တိုင်က အိပ်နေရင်းနဲ့ လိင်တံကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း