လိင်တံပြဿနာများ

ကျန်းမာတဲ့ လိင်တံကို ပိုင်ဆိုင်ထားတာက အမျိုးသားတွေအတွက်တော့ အလုံစုံကျန်းမာခြင်းပါပဲ။ လိင်တံ ကျန်းမာတယ်ဆိုတာ လိင်တံ သန့်ရှင်းတာ၊ လိင်တံရောဂါတွေဖြစ်တဲ့ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတဲ့ ရောဂါတွေ ကင်းစင်နေတာပဲ ဖြစ်ပါတယ်။ လိင်တံကျန်းမာရေးနဲ့ ပတ်သက်ပြီး ဒီမှာ ဆက်လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်တံပြဿနာများ

အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရခဲ့သော်

အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ မျိုးဆက်ပွားနိုင်မယ့် အင်္ဂါအစိတ်အပိုင်းတွေ ပါဝင်ဖွဲ့စည်းထားပါတယ်။ ဒီမျိုးပွားအင်္ဂါက သုက်ရည်ထုတ်လုပ်တာ၊ သုက်ပိုးနဲ့ သုက်ရည်တွေကို သယ်ယူပို့ဆောင်တာ၊ သုက်ပိုးတွေ ထုတ်လုပ်ပေးတာ၊ ဟော်မုန်းတွေ ထုတ်လွှတ်တာတွေကို လုပ်ဆောင်ပေးပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါစနစ်လိုမဟုတ်ဘဲ ခန္ဓာကိုယ် အပြင်ဘက်မှာ အများဆုံး ဖြစ်တည်နေတဲ့ အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါစနစ်မှာ ဘာတွေပါလဲ ........ အမျိုးသား မျိုးပွားအင်္ဂါစနစ်မှာ လိင်တံ ကပ္ပာယ်အိတ် နဲ့ ဝှေးစေ့ ဆီးကျိတ်တို့ ပါဝင်နေပါတယ်။ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရနိုင်လား ....... အမျိုးသားတွေရဲ့ဖွားဖက်တော်မှာ ပါဝင်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ ကပ္ပာယ်အိတ် နဲ့ လိင်တံတွေကို အရိုးတွေနဲ့ ကာကွယ်ထားတာမျိုး မရှိတာကြောင့် အလွယ်တကူ ထိခိုက် ဒဏ်ရာရနိုင်ပါတယ်။ မကြာခဏဆိုသလိုလည်း အသေးစား […]

လိင်တံပြဿနာများ ကို ရှာဖွေမည်။

လိင်တံပြဿနာများ

ဝှေးစေ့အရွယ်အစားက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေလဲ

ဝှေးစေ့သည် သုက်ရည်များသိုလှောင် သိမ်းဆည်းထားခြင်း၊ ကျားဟော်မုန်းထုတ်လွှတ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးတဲ့ အမျိုးသား မျိုးပွားအင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ ကပ္ပာယ်အိတ်အတွင်းမှာ ဘယ်၊ ညာ ၂ဘက် ရှိပါတယ်။ ဝှေးစေ့ဟာ ဥ ပုံသဏ္ဍာန်အရွယ်အစားရှိပြီး ပျမ်းမျှ အရှည်ကတော့ ၁.၈ လက်မမှ ၂လက်မအဖြစ် သတ်မှတ်ထားပါတယ်။ ၁.၄ လက်မအောက် ငယ်တဲ့ ဝှေးစေ့ကိုတော့ အရွယ်အစား သေးငယ်တယ်လို့ ယူဆနိုင်ပါတယ်။ ဝှေးစေ့အရွယ်အစားကို ဘယ်လိုတိုင်းတာမလဲ။ လိင်တံအရွယ်အစားလို မဟုတ်ဘဲ ကပ္ပာယ်အိတ်အတွင်းမှာ တည်ရှိနေတာဖြစ်တဲ့အတွက် အိမ်မှာ ကိုယ့်ဘာသာ တိုင်းတာဖို့တော့ နည်းနည်းခက်နိုင်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ လိင်အင်္ဂါကို အာထရာဆောင်း ရိုက်ကြည့်တာပါပဲ။ အာထရာဆောင်းနဲ့ ရိုက်ကြည့်လိုက်တဲ့အခါ ကပ္ပာယ်အိတ်အတွင်းမှာ ရှိနေတဲ့ ဝှေးစေ့ရဲ့ အရွယ်အစားသာမက တခြားပုံမှန်မဟုတ်တဲ့ ပြဿနာတွေ၊ သွေးကြောထုံးနေခြင်း၊ ရောင်နေခြင်း ရှိမရှိကို စစ်ဆေးနိုင်ပါတယ်။ Orchidometer လို့ခေါ်တဲ့ ကိရိယာနဲ့လည်း ဝှေးစေ့အရွယ်အစားကို […]


လိင်တံပြဿနာများ

ဝှေးစေ့အောင့် တာကို သက်သာစေတဲ့ အိမ်တွင်းကုထုံး

ဝှေးစေ့ဆိုတာ အမျိုးသားတို့ရဲ့ လိင်အင်္ဂါအောက်မှာ ဆက်စပ်နေတဲ့ ကပ္ပာယ်အိတ်အတွင်းမှ ဥပုံသဏ္ဍာန်ရှိတဲ့ မျိုးပွားအင်္ဂါတွေပဲ ဖြစ်ပါတယ်။ နည်းနည်းလေးထိခိုက်မိရုံနဲ့ ဒဏ်ဖြစ်သွားနိုင်လောက်တဲ့အထိ နူးညံ့လွန်းတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် သေချာဂရုစိုက်ဖို့တော့ လိုပါတယ်။ မတော်တဆ ပေါင်ခွကို ကန်မိလိုက်တာ၊ အားကစား၊ လေ့ကျင့်ခန်းလုပ်ရင်း ထိခိုက်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ အစရှိသဖြင့် အကြောင်းအမျိုးမျိုး ဝှေးစေ့အောင့် ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းရင်းအမှန်ကို သေချာသိဖို့ ဆရာဝန်နဲ့ သေချာသွားပြီး စစ်ဆေးမှုခံယူနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဝှေးစေ့အောင့် ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများ • ဆီးချိုကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲအာရုံကြောထိခိုက်မိခြင်း (Diabetic Neuropathy) • သုက်ပို့ပြွန်ရောင်ခြင်း (Epididymitis) • ဝှေးစေ့တစ်ရှူး အနာဖြစ်ခြင်း (Gangrene) • ကပ္ပာယ်အိတ်အရည်စုပြီး ရောင်လာခြင်း (Hydrocele) • အူကျခြင်း (Hernia) • ကျောက်ကပ် ကျောက်တည်ခြင်း • ဝှေးစေ့ရောင်ခြင်း (Orchitis) • […]


လိင်တံပြဿနာများ

အမျိုးသားများ လိင်အင်္ဂါနီရဲရောင်ရမ်းနေခြင်း ပြဿနာ

အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားတွေရဲ့ လိင်တံဟာ ပုံမှန်ထက်ပိုပြီး ရောင်နေတတ်ပါတယ်။ ရောင်နေတဲ့နေရာကို ထိလိုက်မိရင် နာကျင်သလို၊ ယားယံသလိုလည်း ခံစားရပြီး ဆီးသွားဖို့၊ လိင်ဆက်ဆံဖို့ အခက်အခဲဖြစ်တတ်ပါတယ်။ တစ်ခါတရံ ပုံမှန်မဟုတ်တဲ့ အရည်တွေ စိမ့်ထွက်နေတာ၊ ပုပ်သိုးသိုး အနံ့တစ်မျိုး ရနေတာ၊ အကျိတ်အလုံးတွေလည်း ဖြစ်နေနိုင်ပါတယ်။ ဘာကြောင့် လိင်အင်္ဂါရောင်ရမ်းရတာလဲ။ များသောအားဖြင့် လိင်တံရောင်ရမ်းခြင်းသည် ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေတဲ့အခါ ပြလာတတ်တဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ ရောင်ရမ်းတဲ့လက္ခဏာသာမက တခြားသော လက္ခဏာတွေကိုပါ တွဲပြီးတွေ့ရတတ်တာကြောင့် ကိုယ့်မှာ ဘယ်လိုကျန်းမာရေးပြဿနာတွေ ရှိနေနိုင်လဲဆိုတာ သေချာစစ်ကြည့်ဖို့တော့ လိုပါမယ်။ ဒီကျန်းမာရေးပြဿနာတွေထဲမှာ • လိင်တံထိပ်ဖူး ရောင်ရမ်းခြင်း (Balanitis) • ဓာတ်မတည့်ခြင်း၊ ဓာတ်ပြုပြီး ယားယံခြင်း (Allergic, Irritant Reaction) • ဆီးပို့ပြွန်ရောင်ခြင်း (Urethritis) • နှိုးဆွခြင်းမရှိဘဲ ကြာရှည်စွာလိင်တံထောင်မတ်ခြင်း (Priapism) • ပီရိုးနီးရောဂါ (Peyronie’s […]


လိင်တံပြဿနာများ

ကိုယ့်ငယ်ပါက သေးလိုက်တာဆိုပြီး အမြဲတွေးပူနေတဲ့သူတွေရှိလား (Small Penis Syndrome)

စိတ်ပညာအရ ဒီပြဿနာကို Small Penis Syndrome သို့မဟုတ် Penile Dysmorphic Disorder (PDD) လို့ ခေါ်ပါတယ်။ Small Penis Syndrome  (PDD) ဆိုတာဘာလဲ။ PDD သည် အမျိုးသားတွေမှာ ရှိတဲ့ စိုးရိမ်ပူပန်ခြင်း စိတ်ဝေဒနာပါ။ ကိုယ့်ရဲ့ လိင်အင်္ဂါက ပုံမှန်အရွယ်အစားထက် သေးနေခြင်း (၃လက်မနဲ့ အောက်) မရှိဘဲ ပုံမှန်အရွယ်အစားရှိနေပါလျက်နဲ့ ကိုယ့်ကိုယ်ကိုယ် သေးနေတယ်လို့ မြင်သလို ကိုယ့်ရဲ့ အဖော်က လိင်အင်္ဂါအရွယ်အစားနဲ့ပတ်သက်ပြီး ကိုယ့်အပေါ် စိတ်တိုင်းမကျမှာကို တွေးကြောက်နေတတ်တဲ့ စိတ်ဝေဒနာဆိုလည်း မမှားပါဘူး။ အမျိုးသားဦးရေ ဘယ်လောက်မှာ PDD လက္ခဏာရှိနေလဲ။ သင်ထင်ထားတာထက်ပိုပြီး အမျိုးသားတွေဟာ ကိုယ့်ရဲ့ လိင်တံအရွယ်အစားကို အားမလိုအားမရဖြစ်ခြင်း၊ စိတ်တိုင်းကျ ကျေနပ်မှုမရှိတာတွေ တွေ့ရတတ်ပါတယ်။ အဲ့တော့ အရေအတွက်နဲ့ တွက်ပြရမယ်ဆိုရင် အမျိုးသားဦးရေ စုစုပေါင်းရဲ့ […]


လိင်တံပြဿနာများ

ပုရိသတို့ရဲ့ လိင်အင်္ဂါယားယံခြင်းအတွက် အိမ်တွင်းနည်းလမ်းကောင်းများ

လိင်အင်္ဂါပတ်လည်မှာ ရှိတဲ့အရေပြားသည် တခြားနေရာတွေထက် ဘက်တီးရီးယားပေါက်ဖွားဖို့ ပိုလွယ်သလို အနံ့အသက်ထွက်ခြင်း၊ ယားယံခြင်း၊ မှိုစွဲခြင်း အစရှိတဲ့ အရေပြားပြဿနာတွေ ဖြစ်ဖို့ ပိုများပါတယ်။ အထူးသဖြင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက်စာရင် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတတ်တာကြောင့် လိင်အင်္ဂါတစ်ဝိုက်မှာ ပိုပြီး ယားယံတတ်ပါတယ်။ ယားတဲ့နေရာကို လက်နဲ့ကုတ်တယ်ဆိုတာ သိပ်ကိုကြည့်ရဆိုးတဲ့အပြင် ဝေဒနာကို ခဏလေးပဲ သက်သာစေနိုင်သလို မတော်တဆ ပွန်းပဲ့သွားရာကနေ ပိုးဝင်ပြီး ပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ ပြရမှာလည်း ရှက်တယ်ဆိုတဲ့ ဘော်ဒါတွေအတွက် အသုံးဝင်မယ့် အိမ်တွင်းနည်းလမ်းကောင်းတွေကို ပြောပြပေးမှာမို့ သေချာဖတ်ကြည့်လိုက်ကြရအောင်။ ၁။ ရေခဲဝတ်ကပ်ခြင်း သန့်ရှင်းတဲ့ အဝတ်ထဲ ရေခဲ ၂တုံး ၃တုံးလောက်ထည့်ပြီး လိင်တံရဲ့ ယားယံနေတဲ့ နေရာတစ်ဝိုက်ကို ၅မိနစ်ကနေ ၁၀ မိနစ်အထိ ကပ်ထားပေးပါ။ ဒီနည်းလမ်းဟာ ဝဲခြောက်၊ ဝဲစို၊ အရေပြားမှိုစွဲခြင်း၊ အရေပြားခြောက်သွေ့ခြင်းကြောင့် ဖြစ်တဲ့ […]


လိင်တံပြဿနာများ

အမျိုးသားများ လိင်အင်္ဂါတွင် ပွန်းပဲ့ထိခိုက်မိတဲ့အခါ

အမျိုးသား လိင်အင်္ဂါရဲ့ အရေပြားဆိုတာ မနူးညံ့တဲ့တိုင်အောင် ထိခိုက်ပွန်းပဲ့ဖို့ အရမ်းလွယ်ကူပါတယ်။ ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံတာ၊ တစ်ကိုယ်ရေ အာသာဖြေတဲ့ အကြိမ်ရေများလွန်းတာ၊ ကျပ်သိပ်လွန်းတဲ့ ဘောင်းဘီ၊ အတွင်းခံတွေ ဝတ်တာ၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာတွေကြောင့် အမျိုးသားလိင်တံရဲ့ ထိပ်ဖူး၊ ကိုယ်ထည်နဲ့ ထိပ်ဖုံးအရေပြားမှာ ပွန်းပဲ့ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။ အကယ်လို့ အမျိုးသားများ လိင်အင်္ဂါတွင် ပွန်းပဲ့ထိခိုက်မိတဲ့အခါ ဘယ်လို သက်သာအောင် လုပ်ကြမလဲ။ အမျိုးသားများ လိင်အင်္ဂါတွင် ပွန်းပဲ့ထိခိုက်မိတဲ့အခါ အမျိုးသားများ လိင်အင်္ဂါတွင် ပွန်းပဲ့ထိခိုက်မိတဲ့အခါ သက်သောင့်သက်သာ မဖြစ်ဘူးဆိုပေမယ့် ကိုယ်သာ သေချာဂရုစိုက်ပေးမယ်ဆိုရင် ပျောက်ဖို့လွယ်ကူတာကြောင့် သိပ်တော့ စိတ်ပူစရာမလိုပါဘူး။ ကိုယ့်ဘော်ဒါတွေထဲမှာ မကြာခဏ ငယ်ပါကို ထိခိုက်မိတဲ့သူတွေ ရှိရင် ဒါမှမဟုတ် ကိုယ်တိုင်လည်း ဒီလိုဖြစ်လာခဲ့ရင် ဘာတွေဆောင်ရ၊ ရှောင်ရမလဲဆိုတာကို ဒီဆောင်းပါးဖတ်ကြည့်ရင်း လေ့လာကြရအောင်လား။ လိင်အင်္ဂါတွင် ထိခိုက်ပွန်းပဲ့စေတဲ့ အကြောင်းရင်းတွေက […]


လိင်တံပြဿနာများ

ချစ်သူနဲ့ ချိန်းတွေ့ပြီးတိုင်း ဝှေးစေ့က ဘာကြောင့်အောင့်နေရတာလဲ

အခုတလော ယောက်ျားလေးတွေ ခဏခဏလာမေးကြတဲ့ မေးခွန်းတစ်ခုရှိတယ်ဗျ။ သူတို့ချစ်သူကောင်မလေးတွေနဲ့ ချိန်းတွေ့ပြီး ပြန်လာတဲ့အချိန်မှာ ဝှေးစေ့က အရမ်းအောင့်ပါတယ်။ ဘာလိင်မှုကိစ္စမှလဲမဖြစ်ခဲ့ပါဘူးတဲ့။ မခံမရပ်နိုင်အောင် အောင့်ပြီး နာကျင်နေတာဘာကြောင့်လဲဆိုပြီး မေးထားတာပါ။ တကယ်ကတော့ မေးခွန်းမှာကတည်းက အဖြေက ပါနေပြီးသားပါ။ အလွယ်ပြောရမယ်ဆိုရင် လိင်စိတ်ဆန္ဒဖြစ်ပေါ်နေပါလျက်နဲ့ လိင်ဆက်ဆံခြင်း(တစ်နည်းအားဖြင့် သုက်လွှတ်ခြင်း) လုံးဝမရှိခဲ့လို့ အောင့်တာပါ။ သူ့ကို ဆေးပညာအရ Epididymal Hypertension (အတိုကောက် EH) လို့ခေါ်ပါတယ်။ ယောက်ျားလေးတွေမှာပဲ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။ ကြီးကြီးမားမား စိုးရိမ်စရာ၊ စိတ်ပူစရာမရှိဘူးဆိုပေမဲ့ ယောက်ျားလေးတွေရဲ့ အဓိကနေရာမှာ ဖြစ်တာဆိုတော့လည်း အနည်းငယ်ပူပန်တတ်ကြတာတော့ သဘာဝပါပဲ။ ဒီဆောင်းပါးမှာ ခုပြဿနာကြောင့် ဝှေးစေ့အောင့်ရခြင်းအကြောင်းကို နားလည်လွယ်အောင် ပြောပြပေးချင်ပါတယ်။ EH ရဲ့ အဓိကလက္ခဏာတွေကဘာတွေလဲ။ EH သည် ဝှေးစေ့ကိုပဲ အဓိကသွားပြီး သက်ရောက်ပါတယ်။ များသောအားဖြင့် အတွေ့များတဲ့ လက္ခဏာတွေကတော့ […]


လိင်တံပြဿနာများ

လိင်တံထိပ်မှာ အနာပေါက်နေတယ်။ ဘာ့ကြောင့်ဖြစ်ရတာလဲ။

Private part လို့ခေါ်တဲ့ မျိုးပွားအင်္ဂါပတ်လည်ဟာ တကယ်ကို သန့်သန့်ရှင်းရှင်းထားသင့်တဲ့နေရာတစ်ခုပါ။ အနာပေါက်တာ အကျိတ်ထွက်တာမျိုးတွေ လုံးဝကို မဖြစ်သင့် မရှိသင့်တဲ့နေရာတစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် ကိုယ်က သန့်သန့်ရှင်းရှင်းလည်းထားရက်သားနဲ့ လိင်တံထိပ်မှာ အနာလေးတွေ ပေါက်နေတယ်။ ဒါတွေ ဘာ့ကြောင့်ဖြစ်ရတာလဲ။ ဒီလိုဖြစ်နေပြီဆိုရင် ရတက်မအေး စိုးရိမ်သွားတတ်ကြတဲ့သူတွေ ချည်းပဲလေ။ လိင်တံထိပ်မှာ အနာပေါက်တာ ဘယ်သူတွေမှာ ပိုအဖြစ်များလဲ ။ လိင်တံထိပ်မှာ အနာပေါက်နိုင်တဲ့သူတွေကို အဓိက အုပ်စုနှစ်စုခွဲလိုက်လို့ရပါတယ်။ လိင်ဆက်ဆံရာမှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါကြောင့် အနာပေါက်နိုင်တဲ့ အုပ်စုနဲ့ ကူးစက်ရောဂါမဟုတ်တဲ့ ပြဿနာတွေ ကြောင့် အနာပေါက်နိုင်တဲ့ အုပ်စုဆိုပြီး ခွဲလိုက်လို့ရပါတယ်။ လိင်ဆက်ဆံရာက တစ်ဆင့် ကူးစက်တတ်တဲ့ လိင်တံထိပ်အနာပေါက်ခြင်းဖြစ်နိုင်တဲ့သူတွေကတော့ လိင်ဆက်ဆံဖော်အရေအတွက်များတဲ့သူတွေ အကာအကွယ် မပါဘဲလိင်ဆက်ဆံတဲ့သူတွေ လိင်တံထိပ် အရေပြားကို သေချာ သန့်ရှင်းရေမလုပ်တဲ့သူတွေ လိင်တံထိပ်မှာအနာပေါက်နေတဲ့ သူတွေ၊ ရေယုန် ပေါက်နေတဲ့သူတွေနဲ့ […]


လိင်တံပြဿနာများ

လိင်တံအရေပြား ခြောက်သွေ့ကွဲအက်နေရင် စိုးရိမ်သင့်လား

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လိင်အင်္ဂါတစ်ဝိုက်မှာ အမြဲချွေးနဲ့ အဆီနဲ့ စိုစွတ်နေတတ်တာ သဘာဝပါပဲ။ ဒီလိုစိုနေတဲ့ကြားကမှ ကိုယ့်ရဲ့ လိင်အင်္ဂါက ခြောက်သွေ့ပြီးတော့ အဖြူရောင် အသားဖတ်တွေကွာနေတယ်၊ ထိလိုက်တဲ့အခါ အရေပြားက ကြမ်းကြမ်းကြီးဖြစ်နေတယ်ဆိုရင် ပုရိသတို့အနေနဲ့လည်း အနည်းငယ်တော့ စိတ်ပူနိုင်တာပေါ့။ များသောအားဖြင့် လိင်တံအရေပြား ခြောက်သွေ့ခြင်းသည် စိုးရိမ်စရာမရှိပါဘူး။ ဖြစ်ခဲ့ရင်လည်း ရက်အနည်းငယ်သာ ကြာတတ်ပြီး သူ့အလိုလို ပျောက်သွားမှာပါ။ တခြားလိင်မှတစ်ဆင့်ကူးစက်ရောဂါတွေကြောင့် အရေပြားခြောက်ပြီး ကွဲတာမျိုးမဖြစ်စေလို့ ဒီအချက်နဲ့ပတ်သက်ပြီး စိုးရိမ်စရာတော့မလိုပါဘူး။ အခုဆောင်းပါးမှာတော့ အမျိုးသားတွေရဲ့ လိင်တံခြောက်သွေ့ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်း (၅) ချက်ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ စိုးရိမ်စရာမလိုတဲ့ အကြောင်းရင်း (၅) ချက် ၁။ ပြင်းလွန်းတဲ့ ကိုယ်တိုက်ဆပ်ပြာတွေ အသုံးပြုတဲ့အခါ လိင်အင်္ဂါအရေပြားနဲ့ ဓာတ်မတည့်ဖြစ်ပြီး သဘာဝအဆီတွေက ခမ်းခြောက်သွားကာ ခြောက်ကပ်ကပ်ဖြစ်သွားနိုင်ပါတယ်။ ၂။ အသန့်ကြိုက်လွန်းတဲ့ အမျိုးသားတွေ ကိုယ့်ရဲ့ လိင်အင်္ဂါကို ရေမွှေးတွေ […]


လိင်တံပြဿနာများ

အမျိုးသားအင်္ဂါကို ကြီးဆေးထိုးခြင်းရဲ့ ကြောက်စရာဘေးထွက်ဆိုးကျိုး

လိင်ကျန်းမာရေးနဲ့ပတ်သက်လာရင် ယောက်ျားအများစုရဲ့ အမေးတတ်ဆုံးမေးခွန်းကတော့ ကျွန်တော့်လိင်တံ ကြီးအောင်ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ အမှန်အတိုင်းပြောရရင် ယောက်ျားတစ်ယောက်ရဲ့ လိင်တံသည် အသက် ၁၈ ပြည့်ပြီးတာနဲ့ ဘယ်လိုမှ ဆက်ပြီးမကြီးနိုင်တော့ပါဘူး။ အဲ့တော့ ကြီးဆေးတွေသောက်ရင် မရဘူးလား၊ သူများတွေ ဆေးထိုး၊ ဂေါ်လီထည့်နေတာ ကျွန်တော်လုပ်ရင်ရော ကြီးလာမှာလားတဲ့။ ဟုတ်ကဲ့ အချိန်တစ်ခုအတွင်းတော့ ကြီးလာတယ်လို့ ထင်ရမှာပါ။ ဒါပေမယ့် သဘာဝမဟုတ်တဲ့ အရာတွေကို လိင်တံအတွင်းထဲ ထိုးသွင်းပြီးနောက် ဖြစ်လာနိုင်တဲ့ ကြောက်မက်ဖွယ်ရာဆိုးကျိုးတွေကို ရင်ဆိုင်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိရဲ့လား။ ကြီးဆေးထိုးခြင်း ပြဿနာ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတော်တော်များများရဲ့ ကျန်းမာရေးအသိပညာ အလွန်နည်းတဲ့နေရာတွေမှာ ခေတ်စားတဲ့ ဓလေ့တစ်ခုပါ။ လိင်တံကြီးစေဖို့ သဘာဝမဟုတ်တဲ့ စီလီကွန်၊ ဗက်စလင်း၊ အုန်းဆီ စတာတွေကို ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ကိုယ့်ဘာသာ အသိတွေနဲ့ ဆေးမြီးတိုသဘော ထိုးကြတာပါ။ အဲ့လိုထိုးပြီးသွားတော့ ဘာဖြစ်သွားလဲ၊ အချိန်အတိုင်းအတာတစ်ခုထိ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း