အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဆီးကျိတ်ပြဿနာ၊ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတာတွေက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက ဘယ်လိုအကြံပေးထားလဲဆိုတာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့

ခေါင်းစဉ်ကို ဖတ်ပြီး နည်းနည်းများ ထူးဆန်းသွားသလား။ သွေးဆုံးတာက အမျိုးသမီးတွေမှာပဲ ဖြစ်တာပါ။ အမျိုးသားတွေမှာ ဖြစ်လို့လားပေါ့။ ဟုတ်ပါတယ်။ သွေးဆုံးတာက အမျိုးသမီးတွေမှာပဲ ဖြစ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ သွေးဆုံးတာကို menopause လို့ ခေါ်ပြီး အမျိုးသားတွေမှာ သွေးဆုံးတာကိုတော့ andropause လို့ ခေါ်ပါတယ်။ ဒီတစ်ခေါက် ပြောပြချင်တာကတော့ အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့ လုပ်ဆောင်ပေးလို့ ရမယ့် နည်းလမ်းလေးတွေပါ။ အမျိုးသားများ သွေးဆုံးခြင်း [သို့မဟုတ်] Andropause အမျိုးသားတွေမှာ သွေးဆုံးတယ်ဆိုတာက အသက်အရွယ်ကြောင့် တက်စတိုစတုန်းဟော်မုန်း ထုတ်လုပ်မှု နည်းသွားတာကို ဆိုလိုတာပါ။ အသက်အရွယ်အလိုက် ဟော်မုန်း ပြောင်းလဲတာက အမျိုးသားတွေ နဲ့ အမျိုးသမီးတွေမှာ ကွာခြားနိုင်ပါတယ်။ အမျိုးသမီးတွေမှာ သားဥကြွေတာ အဆုံးသတ်သွားတာဖြစ်ပြီး ဒီလို ကာလတိုအတွင်းမှာ […]

အမျိုးသားကျန်းမာရေးဆိုင်ရာများ ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည် တိုးတက်စေဖို့

အမျိုးသားအများစုဟာ လိင်မှုကိစ္စနဲ့ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည် တိုးတက်စေဖို့ နည်းလမ်းတွေ ရှာဖွေကြပါတယ်။ မိမိမှာ ပြဿနာအခံရှိလို့ ရှာဖွေခြင်းဖြစ်နိုင်သလို မိမိကြင်ဖော်ကို ပိုမိုပျော်ရွှင်ကြည်နူးရအောင် လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဆေးမျိုးစုံ သုံးစွဲကြသလို နည်းလမ်းအချို့ကို အချင်းချင်းလက်ဆင့်ကမ်းပြီး ကျင့်သုံးကြပါတယ်။ ဒီနေရာမှာ သတိပြုရမှာကတော့ အမျိုးသားများရဲ့ ရွှေပန်းဟာ သွေးလည်ပတ်မှုနဲ့ သွေးပေါင်ချိန်ပေါ် မူတည်နေပါတယ်။ အခြေခံကျကျပြောရမယ်ဆိုရင် လိင်မှုဆိုင်ရာ ကျန်းမာရေး အခြေအနေဟာ နှလုံးကျန်းမာရေးအပေါ် မူတည်နေပါတယ်။ အခုဖော်ပြမှာကတော့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တိုးတက်စေဖို့အတွက် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ရိုးရှင်းပေမယ့် ရေရှည်မှာ အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။ အမျိုးသားများ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည် တိုးတက်စေဖို့ နည်းလမ်းများ ၁။ တက်ကြွလှုပ်ရှားပါ ကျန်းမာရေးအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ကိုယ်လက်လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် Cardio ကခုန်ခြင်းဆိုတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းများဟာ နှလုံးကြွက်သားတွေကို သန်မာစေတာကြောင့် အမျိုးသားများရဲ့ လိင်အင်္ဂါအဖွဲ့အစည်းဆီ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ ကျန်းမာရေး

မင်္ဂလာပါ Hello ဆရာဝန် ပရိတ်သတ်ကြီးများ ကျန်းမာကြပါစေ ။ ဒီတစ်ခေါက် မှာတော့ တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ ကျန်းမာရေးဆိုတဲ့ အကြောင်းကို ရှင်းပြပေးမှာပါ။ တကယ်တော့ အာသာဖြေခြင်းဆိုတာ သဘာဝကျတဲ့ လိင်စိတ်ဖြေဖျောက်တဲ့ နည်းလမ်းတစ်ခုပါ ။ ဒါ့အပြင် ရောဂါ မကူးစက်တတ်တဲ့အတွက်လည်း စိတ်ချယုံကြည်ရတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ် ။ နိုင်ငံတကာမှာပြုလုပ်ထားတဲ့ ကျန်းမာရေးစစ်ချက်တွေအရတော့ တစ်ကိုယ်ရည်အာသာဖြေခြင်းကြောင့် မိမိခန္ဓာကိုယ် ကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး ။ ဒါပေမဲ့ သာမန်ထက်အလွန်အကျွံ အာသာဖြေခြင်းကတော့ သင့်နေစဉ်ဘဝမှာတော့ ပြသနာရှိစေနိုင်ပါတယ် ။ ပုံမှန်အတိုင်းပဲဆိုရင်တော့ အာသာဖြေခြင်းက စ်တ်နှစ်လိုဖွယ်ရာဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အမူအကျင့်တစ်ခုဖြစ်ပါတယ် ။ အာသာဖြေခြင်းကြောင့် ခန္ဓာကိုယ်မှာ အနှုတ်သဘောဆောင်တဲ့ သက်ရောက်မှုမဖြစ်စေပါဘူး ။ ဒါပေမဲ့ တစ်ခါ‌တလေမှာတော့ မိမိကိုယ်ကို အပြစ်တင်သလို ခံစားချက်တော့ ရှိကောင်းရှိနိုင်ပါတယ် ။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ရောဂါပိုးဝင်ပြီး ဝှေးစေ့ ရောင်ရမ်းခြင်း (Orchitis)

ရောဂါပိုးဝင်ပြီး ဝှေးစေ့ ရောင်ရမ်းခြင်း (Orchitis) ဆိုတာ အမျိုးသားလိင်အင်္ဂါ ဝှေးစေ့အတွင်းသို့ ဘက်တီးရီးယားပိုး သို့မဟုတ် ဗိုင်းရပ်စ်ပိုးတစ်မျိုး ဝင်ရောက်လာပြီးနောက် ရောင်ရမ်းလာတဲ့ အခြေအနေကို ခေါ်တာဖြစ်ပါတယ်။ ဝှေးစေ့ ၁လုံး ဒါမှမဟုတ် ၂လုံးလုံးကို တစ်ပြိုင်နက်ထဲ ကူးစက်နိုင်ပေမယ့် ရောဂါလက္ခဏာကတော့ တစ်ဘက်ထဲက ပြတာများပါတယ်။ ရောဂါပိုးဝင်ပြီး ဝှေးစေ့ ရောင်ရမ်းခြင်း (Orchitis) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အဓိက အတွေ့များတဲ့ လက္ခဏာကတော့ ဝှေးစေ့က နီရဲပြီး ရောင်နေတာ၊ အထဲက အောင့်သလို ခံစားရတာ၊ ပေါင်ခြံက နာကျင်နေတာတွေပဲ ဖြစ်ပါတယ်။ တခြားလက္ခဏာအနေနဲ့ ကပ္ပာယ်အိတ်ကို ထိကိုင်လိုက်ရင် ပုံမှန်ထက်ပျော့နေတာ ဆီးသွားစဉ်၊ သုက်လွှတ်စဉ် အလွန်နာကျင်တာ သုက်ရည်ထဲ သွေးပါလာတာ ပုံမှန်မဟုတ်တဲ့ အရည်တွေ လိင်တံထိပ်ဝကနေ စိမ့်ထွက်လာတာ ဆီးကျိတ်ကြီးလာတာ ပေါင်ခြံမှာရှိတဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဝမ်းဗိုက်ထဲ ကျန်ခဲ့တဲ့ဝှေးစေ့အတွက် ခွဲစိတ်ကုသခြင်း (Orchiopexy)

ယောက်ျားလေးတွေ ဗိုက်ထဲမှာ သန္ဓေသားအဖြစ်နဲ့ ကြီးထွားလာတဲ့အခါကတည်းက ဝှေးစေ့တွေ စတင်ဖွံ့ဖြိုးလာပါတယ်။ စစချင်းမှာ ဝမ်းဗိုက်ထဲမှာသာ ဝှေးစေ့ရှိနေပြီး ကိုယ်ဝန်သက်တမ်းရင့်လာတာနဲ့အမျှ ဝှေးစေ့က အောက်ကို ပြုတ်ကျသွားကာ ပုံမှန်အနေအထားကို ရောက်ရှိပါတယ်။ အဲ့လိုမဟုတ်ဘဲ သန္ဓေသားဖွံ့ဖြိုးမှု နှေးကွေးခြင်းကြောင့် ဝှေးစေ့က အောက်ကို ပြုတ်ကျမလာဘဲ ဗိုက်ထဲမှာ ကျန်နေလျက်နဲ့ မွေးလာတဲ့အခြေအနေမျိုးလည်း ကြုံလာနိုင်ပါတယ်။ ဒါကို ဝမ်းဗိုက်တွင်း ဝှေးစေ့ကျန်ခဲ့ခြင်း (Undescended Testicle သို့မဟုတ် ဆေးအခေါ်အရ Cryptorchidism) လို့ ခေါ်ပါတယ်။ ဝမ်းဗိုက်ထဲကျန်နေခဲ့တာ ဝှေးစေ့တစ်လုံးထဲလည်း ဖြစ်နိုင်သလို ၂လုံးလုံး ကျန်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ကလေးမွေးပြီးတဲ့အခါ ဝှေးစေ့ပြန်ကျလာခြင်း မရှိပါက ဆရာဝန်အနေနဲ့ ဒီအကြောင်းကို မိဘတွေကို ပြောပြမှာဖြစ်ပြီး တစ်နှစ်အထိ စောင့်ကြည့်မှာ ဖြစ်ပါတယ်။ ၆လတစ်ကြိမ် ဆရာဝန်နဲ့ ပြန်ပြဖို့တော့ လိုပါတယ်။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဖွံ့ဖြိုးမှုနှေးကွေးခြင်းကြောင့် ဝမ်းဗိုက်ထဲ ဝှေးစေ့ ကျန်နေခဲ့ခြင်း

ပုံမှန်အားဖြင့် အမျိုးသားတစ်ယောက်ရဲ့ ဝှေးစေ့က လိင်အင်္ဂါရဲ့ အောက်ဘက် ကပ္ပါယ်အိတ်အတွင်းမှာ ဘယ်၊ ညာ နှစ်ဘက်မှာ တည်ရှိပါတယ်။ မွေးကင်းစ သန္ဓေသားအရွယ်မှာတော့ ဝမ်းဗိုက်အတွင်းမှာ တည်ရှိနေပြီး သန္ဓေသားကြီးလာတာနဲ့အမျှ ဝှေးစေ့ က အောက်ကို ပြုတ်ကျလာပါတယ်။ အဲ့လိုပြုတ်မကျဘဲ ဗိုက်ထဲမှာ ကျန်နေခဲ့ပြီး မွေးလာခဲ့တဲ့ ကလေးတွေမှာ ဝှေးစေ့ပါမလာတတ်ပါဘူး။ ဒီအခြေအနေကို Undescended Testicle - ဝမ်းဗိုက်တွင်း ဝှေးစေ့ကျန်နေခြင်း (Cryptorchidism) လို့ ခေါ်ပါတယ်။ သူ့ဘာသာ ဝှေးစေ့ကပြန်ကျလာတဲ့ ကလေးတွေလည်း ရှိသလို လုံးဝပြန်မကျလာတဲ့ အခြေအနေမှာတော့ ခွဲစိတ်မှု လိုအပ်ပါတယ်။ ဘယ်လိုအခြေအနေတွေကြောင့် ကလေးရဲ့ ဝှေးစေ့ ဝမ်းဗိုက်ထဲမှာ ကျန်နေခဲ့တာလဲ။ အကြောင်းရင်း အတိအကျကို လက်ရှိအခြေအနေ သေချာဖော်ထုတ်ထားခြင်း မရှိသေးပါဘူး။ များသောအားဖြင့် မျိုးရိုးဗီဇကြောင့်၊ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကျန်းမာရေးနဲ့ အစာအာဟာရ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကြာဆေးနဲ့ ပတ်သက်ပြီး အမျိုးသားထုကြီး သိချင်နေတဲ့ မေးခွန်းတွေ

ကြာဆေး ဆိုတာ ဘာလဲ။ ပန်းသေပန်းညှိုးဖြစ်တဲ့ အမျိုးသားတွေကို ကုသတဲ့နေရာမှာ အသုံးပြုတဲ့ ဆေးပါ။ အဓိက အားသာချက်တွေက • လိင်အင်္ဂါအတွင်း သွေးစီးဆင်းနှုန်းကို မြင့်စေတယ် • လိင်တံထောင်မတ်ခြင်းကို ထိန်းထားနိုင်စေတယ် • ဆက်ဆံအား ကောင်းစေတယ် • သုက်လွှတ်ရန် အချိန်ပိုနှေးစေပါတယ် ပန်းသေပန်းညှိုးဆိုတာ တိုတိုပြောရမယ်ဆိုရင် အမျိုးသားလိင်အင်္ဂါ မထောင်မတ်နိုင်တဲ့ ရောဂါပါ။ အသက်၄၀ နောက်ပိုင်း အမျိုးသားတွေမှာ ဇရာကြောင့် ကျားဟော်မုန်းနည်းပြီး ပန်းသေပန်းညှိုး ဖြစ်လာတတ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ လူငယ်တွေမှာပါ နေထိုင်စားသောက်မှုပုံစံ မှားယွင်းခြင်းကြောင့် ပန်းသေပန်းညှိုးနဲ့ ဆင်တူလက္ခဏာတွေ အဖြစ်များလာပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြောင့်၊ သောက်နေတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း လိင်တံမထောင်မတ်နိုင်ခြင်းကို ဖြစ်စေပါတယ်။ ကြာဆေးက ဘယ်လိုအလုပ်လုပ်သလဲ။ လိင်တံထောင်မတ်ခြင်း ဖြစ်စေဖို့ ဦးနှောက်က အထိအတွေ့၊ စိတ်ခံစားချက်၊ မြင်ကွင်း စတာတွေနဲ့ လှုံ့ဆော်မှုကို ပေးပါတယ်။ အဲ့နောက်မှာ ခန္ဓာကိုယ်အနှံ့မှာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကြာဆေးသောက်ပြီးနောက် ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုဖြစ်စဉ်

ဒီဘက်ခေတ် အမျိုးသားအများစုနဲ့ မစိမ်းကြတဲ့အထဲမှာ ကြာဆေးလည်း အပါအဝင်ပါပဲ။ ကြာဆေးဆိုတာ အမျိုးသားတွေရဲ့ လိင်တံအတွင်း သွေးစီးဆင်းနှုန်းအားကောင်းစေပြီး ထောင်မတ်ခြင်းကို ထိန်းထားနိုင်စေတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။ ဘယ်လိုဆေးမဆို အကျိုးအာနိသင်အပြင် ဘေးထွက်ဆိုးကျိုးလည်း ရှိနိုင်တယ်ဆိုတာကတော့ မေ့ထားလို့ မဖြစ်ပါဘူး။ ဒီဆောင်းပါးမှာ အမျိုးသားတွေ စိတ်ဝင်စားကြတဲ့ ကြာဆေး ဘယ်လိုအလုပ်လုပ်သလဲ၊ ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုးပေးနိုင်လဲ ကြာဆေးသောက်ပြီးနောက် ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုဖြစ်စဉ် အနေနဲ့ ဘာတွေဖြစ်တတ်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ကြာဆေး ဆိုသည်မှာ အမျိုးသားတွေရဲ့ ပန်းသေပန်းညှိုးဖြစ်တဲ့ ဝေဒနာကို ကုသပေးတဲ့နေရာမှာ အသုံးပြုတဲ့ ဆေးပါ။ လူနာရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ဆရာဝန်ကိုယ်တိုင် သောက်သင့်တဲ့ အားပမာဏကို ချိန်ဆပြီးမှ ပေးရပါတယ်။ အရမ်းများလွန်းတဲ့ ပမာဏဆိုရင် လူနာအတွက် အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုး ပြင်းထန်နိုင်လို့ပါ။ ကြာဆေးမှာ Sildenafil ဆိုတဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကြာဆေးစွဲသောက်တဲ့ အမျိုးသားတွေ အမြင်အာရုံထိခိုက်နိုင်ခြေ မြင့်မား

ကြာဆေးဆိုတာ ပြောရမယ်ဆိုရင် လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ အမျိုးသားတွေ တစ်ပွဲထိုးကိစ္စ ကြုံလာတိုင်း သောက်တတ်ကြတဲ့ ဆေးပေါ့။ ဒီဆေးက လိင်အင်္ဂါရဲ့ သွေးကြောတွေကို ကျယ်စေပြီး သွေးစီးဆင်းမှုနှုန်း မြန်စေလို့ လိင်တံထောင်မတ်လာစေတယ်။ ပုံမှန်အားဖြင့် အသက် ၄၀-၆၀ နောက်ပိုင်း အမျိုးသားတွေမှာ အသက်အရွယ်ကြောင့် ကျားဟော်မုန်း ကျဆင်းလာပြီး ပန်းသေပန်းညှိုး (Erectile Dysfunction) ဖြစ်နိုင်ပေမယ့် ဒီဘက်ခေတ်မှာတော့ အသက် ၂၀-၃၀ အရွယ် လူငယ်တွေမှာ ဆင်တူတဲ့ လက္ခဏာတွေ မြင်တွေ့နေရပါတယ်။ ကြာဆေးရဲ့ အားသာချက်တွေက ဘာတွေလဲ။ လိင်မဆက်ဆံခင် နာရီဝက်အလိုမှာ တစ်လုံးသောက်ပေးရုံနဲ့ လိင်အင်္ဂါထောင်မတ်နိုင်စွမ်းကို အမြင့်ဆုံးထိ ရောက်အောင် ကူညီပေးနိုင်တယ်။ လိင်စိတ်ဆန္ဒ ပြီးမြောက်ဖို့ (သုက်လွှတ်ဖို့) အချိန်ကို ကြာစေယ်။ အရင်တုန်းက ဆရာဝန်ရဲ့ ဆေးစာပါမှ ကြာဆေးတွေကို ရောင်းချခွင့်ပေးတာဆိုပေမယ့် နောက်ပိုင်း […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကိုကိုတွေအတွက် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အတွင်းခံ ရွေးချယ်နည်း

အမျိုးသားတွေအနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အရေးပါလှတဲ့ အတွင်းခံဘောင်းဘီတွေကို ရွေးချယ်ဝတ်ဆင်ရာမှာ လွဲမှားနေတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်း ၃ ချက်ရှိပါတယ်။ တချက်ကတော့ အတွင်းခံဘောင်းဘီတွေကို ဘယ်လိုရွေးချယ်ရမယ်ဆိုတဲ့ အချက်တွေကို သိရှိနားလည်သူ နည်းပါးတာကြောင့်ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အရောင်းကောင်တာတွေရဲ့ သဘောသဘာဝကြောင့် ရွေးချယ်ဝယ်ယူရခက်ခဲတာပဲဖြစ်ပါတယ်။ သေသေချာချာစစ်ပေါက်ပေါက် ရွေးချယ်ဝယ်ယူချင်စိတ် ရှိနေရင်တောင်မှ အရောင်းကောင်တာတွေမှာ ရောင်းချပေးနေသူတွေက အမျိုးသမီးငယ်လေးတွေဖြစ်နေတာကြောင့် မေးရမြန်းရမှာ ရှက်ပြီး ကြုံတာကို ဝယ်ဝတ်ဖြစ်ကြတာက အမျိုးသား အများစု ကြုံနေကြပြဿနာဖြစ်ပါတယ်။ နောက်ဆုံးပြဿနာကတော့ အမျိုးသားပီပီ ကြုံသလိုနေတတ်တဲ့အကျင့်တွေကြောင့်လည်း အဆင်ပြေသလိုသာ ဝယ်ဝတ်ကြတဲ့ ပြဿနာဖြစ်ပါတယ်။ မှန်ကန်တဲ့ အတွင်းခံကို ရွေးချယ် ဝတ်ဆင်ဖို့ ဘာကြောင့်လို့အပ်တာလဲ တကယ်တော့ အမျိုးသားတွေအနေနဲ့ မှန်ကန်တဲ့ အတွင်းခံကို ရွေးချယ်ဝတ်ဆင်ဖြစ်ဖို့က အရမ်းအရေးကြီးပါတယ်။ အတွင်းခံအဝတ်အထည်ဆိုတာဟာ အဝတ်အစားတွေထဲမှာ အခြေခံအကျဆုံး အဝတ်အစားဖြစ်ပြီးတော့ ကျန်းမာရေး […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အာသာဖြေဖို့ပဲ ချောင်းနေတဲ့ဘော်ဒါတွေ ကိုယ့်စိတ်ကို ထိန်းချုပ်ဖို့လိုအပ်နေပြီလား

အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်အတွက် တစ်ကိုယ်ရေ အာသာဖြေတယ်ဆိုတာ ဆန်းတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အာသာဖြေခြင်းဟာ စိတ်ရော ကိုယ်ခန္ဓာအတွက်ပါ အကျိုးရှိစေသလို ကိုယ့်ရဲ့ လိင်မှုဘဝကိုလည်း တစ်ဖက်တစ်လမ်းကနေ ကောင်းသောပြောင်းလဲမှုတွေ ဖြစ်စေပါတယ်။ ဆီးလမ်းကြောင်း၊ ကျောက်ကပ်ထဲမှာ ရှိတဲ့ မကောင်းတဲ့ အမှုန်အမွှား၊ ပိုးမွှားတွေကိုလည်း သုက်ရည်ကနေတစ်ဆင့် အပြင်ကို စွန့်ထုတ်ပေးနိုင်တယ်။ အဲ့တော့ မကောင်းတာမရှိသလောက် နည်းပြီး အမျိုးသားကျန်းမာရေးအရလည်း အကျိုးရှိစေတဲ့ အာသာဖြေခြင်း အလေ့အထကို ထိန်းချုပ်ဖို့လိုအပ်လို့လားဆိုပြီး မေးဖို့ ဖြစ်လာပါတယ်။ ဒီမေးခွန်းကို ပြန်ဖြေပေးရမယ်ဆိုရင် အာသာဖြေဖို့ပဲ စိတ်ပါနေပြီး တစ်နေ့လုံး တခြားဘာအလုပ်မှ လုပ်ချင်ကိုင်ချင်စိတ် မရှိတာ၊ စိတ်မပါတော့တာ ကိုယ်ခန္ဓာတောင့်တောင့်တင်းတင်း မိန်းကလေးတွေကို မြင်တိုင်း စိတ်ကထိန်းမရနိုင်အောင် ထလာပြီး အာသာဖြေတတ်တာ အာသာဖြေတဲ့ အကြိမ်ရေ များလွန်းလို့ တကယ်ဆက်ဆံတဲ့အခါ လိင်တံမထောင်မတ်နိုင်တော့တာ၊ လိင်စိတ်ဆန္ဒ နည်းသွားတာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း