အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ

Andropause ဆိုတာ ဘာလဲလို့ တွေးနေတာလား။ နားလည်လွယ်အောင် ပြောပြရရင် Andropause ဆိုတာက အမျိုးသားတွေ သွေးဆုံးတာပါ။ အမျိုးသမီးတွေမှာ သွေးဆုံးတယ်ဆိုတာက အီစထရိုဂျင် ဟော်မုန်း ပမာဏ ကျဆင်းလာတာပါ။ အမျိုးသားတွေမှာတော့ Andropause ကာလ ရောက်လာပြီဆိုရင် တက်စထရိုစတုန်းဟော်မုန်း ပမာဏ ကျဆင်းလာပါတယ်။ ဒီကာလမှာ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေလိုပဲ ကိုယ်တွင်းဟော်မုန်းတွေ ကမောက်ကမ ဖြစ်တာကြောင့် စိတ်ခံစားမှု ပြောင်းလဲတာ၊ ကြွက်သားဆုံးရှုံးတာတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒီလိုမျိုး ဟော်မုန်းအပြောင်းအလဲ များတဲ့ Andropause ကာလ ကျန်းမာစေဖို့ အရေးပါတဲ့ အချက်တစ်ခုက အာဟာရ ပြည့်ဝမှုပါ။ ဒီတော့ Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ ဆိုတာ ပြောပြပေးမှာမို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ Andropause ဆိုတာ အမျိုးသားတွေမှာ အသက် ၄၀ နောက်ပိုင်း […]

အမျိုးသားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေအတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုရဲ့ အရေးပါပုံ

ကျန်းမာရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုဟာ လူသားတိုင်းအတွက် အလွန်အရေးကြီးပါတယ်။ လူအများနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ အမျိုးသားတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေဖို့နဲ့ တစ်နေ့တာလုံး တက်ကြွရွှင်လန်းနေစေဖို့ ပိုပြီးတောင် ကိုယ့်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးထားဖို့ လိုအပ်ပါတယ်။ ခေါင်းအစ ခြေအဆုံး သန့်ရှင်းသပ်ရပ်တဲ့ အမျိုးသားတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လန်းဆန်းတက်ကြွလာမယ်။ လုပ်ငန်းခွင်မှာ အောင်မြင်မှုရနိုင်တဲ့အပြင် ဆန့်ကျင်ဘက်လိင်ကိုပါ ဆွဲဆောင်မှု ရှိစေတယ်။ မိမိကိုယ်ကို ယုံကြည်မှု ရှိစေလို့ အလုပ်အကိုင်တွေ အဆင်ပြေချောမွေ့စေတယ်။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေပြီး အားအင်တွေ အပြည့် ရှိနေမှာပါ။ ဒါဆိုရင် အမျိုးသားတွေအတွက် အလွန်အရေးကြီးပြီး မေ့ထားလို့ မဖြစ်တဲ့ နေ့စဉ် တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ ၁။ အမွှေးနံ့သာ အသုံးပြုပါ။ ခုခေတ်မှာတော့ အမျိုးသားတော်တော်များများ အမွှေးနံ့သာတွေကို အသုံးပြုလာကြပါတယ်။ ဆံသားနဲ့ မျက်နှာအတွက်သာမက ရေမွှေး၊ ချိုင်းလိမ်းဆီ၊ ကိုယ်ခန္ဓာအတွက် ဖျန်းတဲ့ […]


လိင်တံပြဿနာများ

Micropenis (ပဲမြစ်) သို့မဟုတ် အလွန်သေးငယ်နေသော လိင်တံအကြောင်း သိကောင်းစရာ

Micropenis ဆိုတာ အင်မတန် သေးငယ်နေတဲ့ လိင်တံကို ခေါ်တာ ဖြစ်ပါတယ်။ Micropenis ဟာ ရှားပါးပြီး ဟော်မုန်း နဲ့ မျိုးရိုးဗီဇ ပြဿနာတွေကြောင့် ဖြစ်ရတာပါ။ များသောအားဖြင့် ဒီဖြစ်စဉ်ကို ဆရာဝန်တွေအနေနဲ့ မွေးကာစမှာ ကုသလေ့ ရှိကြပါတယ်။ အမျိုးသားတစ်ချို့အနေနဲ့ကတော့ သူတွေရဲ့ လိင်တံဟာ Micropenis လို့ ထင်တတ်ကြပြီး များသောအားဖြင့် တကယ်တမ်း Micropenis မဟုတ်ကြပါဘူး။ ဒီဖြစ်စဉ်ဟာ တော်တော်ရှားပါတယ်။ Micropenis ဖြစ်နေလား၊ မဖြစ်နေသလားဆိုတာကို သိဖို့ အတွက် နည်းမှန်လမ်းမှန် တိုင်းတာဖို့လိုပါတယ်။ လိင်တံထောင်မတ်နေတဲ့အချိန်တိုင်းတာရင် ကွာခြားချက်တွေ အများကြီးရှိတဲ့ အတွက် လိင်တံကို စိတ်အချရဆုံး တိုင်းတာတဲ့ နည်းလမ်းက လိင်တံ ပျော့ခွေနေတဲ့အချိန်မှာ တိုင်းတာရတဲ့ SPL -- stretched penis […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေ ဘာလို့ ကယ်လ်စီယမ်ဓါတ် လိုအပ်တာလဲ

အမျိုးသားတွေ ခန္ဓါကိုယ်ကြံ့ခိုင်သန်စွမ်းဖို့နဲ့ အရိုးတွေ သန်မာစေဖို့ ကယ်လ်စီယမ်ဓါတ်ကို နေ့စဉ် မရှိမဖြစ် လုံလောက်အောင် စားသုံးပေးဖို့ လိုအပ်ပါတယ်။ ကလေးအရွယ်ကတည်းက အာဟာရပြည့်ဝစုံလင်စွာ စားသုံးပေးမှ ယောက်ျားလေးတွေ အရွယ်ရောက်တဲ့အခါမှာ ကျန်းမာကြံ့ခိုင်ပြီး တက်ကြွလန်းဆန်းနေလို့ ဘဝအခက်အခဲတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်မှာပါ။ ကယ်လ်စီယမ်ဓါတ်ရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။ အရိုးတွေ သန်စွမ်းကျန်းမာစေဖို့ ကယ်လ်စီယမ်ဓါတ်က အထောက်အကူပေးပါတယ်။ အားကစားလိုက်စားသူတွေ အထူးသဖြင့် ယောက်ျားပီသတဲ့ ခန္ဓါကိုယ်အချိုးအစားနဲ့ အရိုးအဆစ်ကို ပိုင်ဆိုင်လိုတဲ့ အမျိုးသားတွေအတွက် ကယ်လ်စီယမ်ဓါတ်ဟာ အလွန်အရေးကြီးပါတယ်။ ကယ်လ်စီယမ်ဓါတ်ဟာ နှလုံးကြွက်သားနဲ့ ဦးနှောက်အာရုံကြောတွေကို ကောင်းစွာ အလုပ်လုပ်စေဖို့ ကူညီပေးပါတယ်။ အရိုးကျန်းမာရေးအပြင် ဆီးချို၊ သွေးတိုးနဲ့ ကင်ဆာရောဂါတွေကို ကာကွယ်ပေးတဲ့နေရာမှာလည်း ကယ်လ်စီယမ်ဓါတ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကယ်လ်စီယမ်ဓါတ် မလုံလောက်တဲ့အခါ ဘာတွေ ဖြစ်နိုင်လဲ။ အရိုးကျန်းမာရေးအတွက် မရှိမဖြစ် အရေးကြီးတဲ့ ကယ်လ်စီယမ်ဓါတ် နည်းတဲ့သူတွေမှာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ထိပ်ပြောင်တာနဲ့ ပက်သက်လို့ အမျိုးသားထုကြီး မေးချင်နေတဲ့ အရာများ။ ။

Q ဘာကြောင့် ထိပ်ပြောင်ရတာလဲ။ ။ ဘာလို့ ငါ့ကျမှ ထိပ်ပြောင်ရတာလဲဆိုရင်တော့ ကိုယ့်ရဲ့ မျိုးရိုးကိုသာ အပြစ်တင်ပေတော့။ ထိပ်ပြောင်ခြင်း အများစုဟာ မျိုးရိုးလိုက်တတ်တာမျိုးပါ။ dihydrotestosterone (DHT)လို့ခေါ်တဲ့ ကျားဟော်မုန်းက ဆံပင်အမြစ်အိတ်ကို သွားပေါင်းပြီး အမြစ်တွေကို ရှုံ့အောင်လုပ်လိုက်တာကြောင့် ဆံပင်တွေ မသန်၊ မထွက်တော့တာဖြစ်ပါတယ်။ အနီးစပ်ဆုံးပြောရရင် အဖေက ထိပ်ပြောင်နေရင် သားဖြစ်သူလည်း တစ်နေ့ ထိပ်ပြောင်ဖို့ အလားအလားများပါတယ်။ ။ Q အသက်ဘယ်လောက်ဆို ထိပ်စပြောင်တတ်လဲ။ ။ ၂၀ ရာခိုင်နှုန်းသော အမျိုးသားတွေဟာ သူတို့ အသက်၂၀ ဝန်းကျင်လောက်မှာ ထိပ်ပြောင်တာကို စသတိထားမိတတ်ကြပါတယ်။ အသက် ၅၀ လောက်မှာ ထိပ်ပြောင်တဲ့ အမျိုးသားတွေက ၅၀ ရာခိုင်နှုန်းလောက်ရှိပြီး အသက် ၇၀ အရွယ်မှာ ထိပ်ပြောင်တဲ့ အမျိုးသား ၇၀ […]


လိင်တံပြဿနာများ

သင့်ဝှေးစေ့နာကျင်စေတဲ့ အချက် (၄)ချက်

ငယ်ငယ်က သူငယ်ချင်း အချင်းချင်း နောက်ကြပြောင်ကြရင်း ပေါင်ခွကြားကို ကန်မိရင် နာသွား၊အောင့်သွားတာမျိုး ယောက်ျားလေး အတော်များများ ခံစားဖူးကြမှာပါ။ ဒီလို အကန်မခံရဖူးရင်တောင် သင့်ဘဝမှာ အနည်းဆုံး တခါလောက်တော့ ဝှေးစေ့နာကျင်ခြင်း ဝေဒနာကို ခံစားကောင်း ခံစားဖူးပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒါဟာ အမျိုးသားတွေ ကြုံတွေ့ရလေ့ရှိတဲ့ အခြေအနေတရပ် ဖြစ်တာကြောင့်ပါ။ တခုခုဆိုရင် အစိုးရိမ်လွန်တတ်တဲ့သူတွေအဖို့ ဝှေးစေ့နာကျင်တဲ့အခါ ဝှေးစေ့ကင်ဆာ ဖြစ်နေပြီလားလို့ပါ တဆုံးတွေးတတ်ကြပါသေးတယ်။ ဒါပေမယ့် ဝှေးစေ့ကင်ဆာ အများစုဟာ (အခြားကင်ဆာတွေနည်းတူ) နာကျင်တဲ့ လက္ခဏာပြလေ့ မရှိပါဘူး။ ပြီးတော့ ဝှေးစေ့ကင်ဆာဆိုရင် အလုံးစမ်းမိတတ်ပါတယ်။ တခါ ပျော်တတ်ပါးတတ်သူတွေကျပြန်တော့ ဝှေးစေ့အောင့်နေ၊နာနေရင် လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတခုခု ဖြစ်နေပြီလားလို့ ထင်တတ်ကြပြန်ပါတယ်။ လိင်မှတဆင့် ကူးစက်တဲ့ရောဂါအများစုဟာ ဆီးလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေကိုသာ အဓိက ပြလေ့ရှိတာမို့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ တစ်ကိုယ်ရည်အာသာဖြေ ခြင်းရဲ့ ကောင်းကျိုးနဲ့ ပြစ်ချက်တွေ

တစ်ကိုယ်ရည်အာသာဖြေ တယ်ဆိုတာ ကိုယ့်ရဲ့ လိင်အင်္ဂါကို လက်နဲ့ဖြစ်စေ၊ အရာဝတ္ထုတစ်ခုနဲ့ ဖြစ်စေ နှိုးဆွပြီး လိင်စိတ်ပြီးမြောက်အောင် နှိုးဆွပေးတာ ဖြစ်ပါတယ်။ လိင်စိတ်တအားထကြွနေတဲ့အချိန်၊ စိတ်ဖိစီးမှုများနေတဲ့အချိန်မျိုးမှာ တစ်ကိုယ်ရည် အာသာဖြေခြင်းဖြင့် ကိုယ့်ရဲ့ စိတ်ကို ပေါ့ပါးလန်းဆန်းစေပါတယ်။ တကယ်တော့ တစ်ကိုယ်ရည်အာသာဖြေ တဲ့ကိစ္စဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ အပြုအမူမျိုးပါ။ အမျိုးသားအများစုဟာ ပုံမှန် တစ်ကိုယ်ရည် အာသာဖြေတတ်ကြပြီး အမျိုးသမီးတွေမှာလည်း တစ်ခါတစ်ရံ လိင်စိတ်ဖြေဖျောက်တာမျိုး လုပ်တတ်ကြပါတယ်။ အမျိုးသားတွေ တစ်ကိုယ်ရည်အာသာဖြေ လို့ ဘာကောင်းကျိုးတွေ ဖြစ်စေလဲ။ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးတယ်။ စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းတာတွေကို ဖြေလျှော့ပေးနိုင်တယ်။ စိတ်ကို ပြန်လည်တက်ကြွလာစေတယ်။ စိတ်ကျရောဂါ မဖြစ်အောင် တားဆီးပေးနိုင်တယ်။ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ အထောက်အကူပေးတယ်။ လိင်ဆက်ဆံတဲ့အခါမှာ လိင်စိတ်အထွဋ်အထိပ်ရောက်ဖို့ ကြာစေတယ်။ ထိုးသွင်းဆက်ဆံရာကနေတစ်ဆင့် ကူးစက်တတ်တဲ့ […]


ပန်းသေပန်းညှိုးခြင်း

ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အယူအဆများ

ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အင်တာနက်ပေါ်မှာရော၊ တီဗွီရုပ်သံ၊ ဂျာနယ်မဂ္ဂဇင်းတွေမှာပါ အများအပြား မြင်တွေ့နိုင်ပါတယ်။ 'ငါးသိုင်းများ ဟင်းဟုန်' ဆိုသလို သတင်းအချက်အလက်တွေ များလွန်းတဲ့အခါကျပြန်တော့လည်း ဘယ်ဟာက အမှန်၊ ဘယ်ဟာကတော့ အယူအဆမှားဆိုတာကို သိနိုင်ဖို့ ခဲယဉ်းလာပါတယ်။ ရောထွေးလာပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆများ ကို မျှဝေပေးလိုက်ရပါတယ်။ ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အယူအဆများ ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အယူအဆများ က ဘာတွေများလဲ။ လိင်တံထောင်မတ်နေသေးရင် ပန်းသေပန်းညှိုးဖြစ်နေတာ မဟုတ်ဘူး။ ပန်းသေပန်းညှိုးခြင်းရဲ့ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ တစ်ယောက်နဲ့ တစ်ယောက် တူညီမှာ မဟုတ်ပါဘူး။ ယေဘုယျအားဖြင့်တော့ လိင်တံထောင်မတ်မှု မရှိခြင်း၊ ထောင်မတ်လာပေမယ့် လိင်ဆက်ဆံဖို့ ကြာရှည်စွာ ထိန်းသိမ်းထားနိုင်မှု မရှိခြင်း စတဲ့ အနေအထားတွေကို ပန်းသေပန်းညှိုးခြင်းလို့ အဓိပ္ပာယ်သတ်မှတ်ပါတယ်။ တချို့ကျပြန်တော့ […]


လိင်တံပြဿနာများ

လိင်တံကျိုးတတ်သလား

ဒီကိစ္စဟာ ငယ်ငယ်တုန်းက ယောက်ျားလေးတွေအကြား ရေပန်းစားတဲ့ မေးခွန်းတစ်ခု ဖြစ်ခဲ့သလို အသက်တော်တော်ကြီးတဲ့အထိလည်း ရေရေရာရာ မသိသေးသူ အတော်များပါတယ်။ ဒါဟာ တကယ်ဖြစ်နိုင်ပါသလားလို့ မေးရင် ဖြစ်နိုင်ပါတယ်လို့ ဖြေရပါမယ်။ ဒါပေမယ့် လိင်တံမှာ အရိုးမရှိတဲ့အတွက် ခြေကျိုး၊လက်ကျိုးသလို အရိုးသွင်သွင်ကျိုးတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူးပေါ့လေ။ သင့်လိင်တံ ထောင်မတ်နေချိန်မှာ အရာတခုခုနဲ့ အားပြင်းပြင်း ထိခိုက်မိရင် ဖြစ်တတ်ပါတယ်။ လိင်တံကျိုးတဲ့အကြောင်း မပြောခင် လိင်တံရဲ့ ဖွဲ့စည်းပုံလေးကို တစ်ချက်အကျဉ်းချုပ် ပြောကြည့်ချင်ပါတယ်။ သင့်လိင်တံမှာ ရှည်မျောမျောပြွန်လေး သုံးခုပါဝင်ပါတယ်။ ပြွန်အကြီးနှစ်ခုကို corporeal bodies တွေလို့ ခေါ်ပြီး ဒီပြွန်တွေထဲ သွေးတွေ ဝင်ရောက်လာတဲ့အခါ လိင်တံထောင်မတ်လာပါတယ် (ဘောလုံးထဲ လေမှုတ်သွင်းလိုက်သလို စဉ်းစားလိုက်ပါ)။ ဒီပြွန်တွေရဲ့ အပြင်ဖက်အရေပြားကိုတော့ tunica albuginea လို့ခေါ်ပြီး လိင်တံထောင်မတ်ချိန်မှာ အလျားရော၊ဘေးအနံရောပါ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ရှက်စရာကောင်းတဲ့ ပြဿနာများ

အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ရှက်စရာကောင်းတဲ့ ပြဿနာများ အလှအပဆိုတာ ကျား၊မ မဟူ လူတိုင်းကြိုက်ကြပါတယ်။ အမျိုးသားတွေအနေနဲ့လည်း ကိုရီးယားမင်းသားလေးတွေလို မိတ်ကပ်တွေ ဖုံနေအောင်လိမ်း၊ နှုတ်ခမ်းနီတွေ ဆိုးထားရမယ်လို့ မဆိုလိုပေမယ့် မိမိနဲ့ တွေ့ဆုံဆက်ဆံပြောဆိုရသူတွေရဲ့အမြင်မှာ ဆိုးဆိုးရွားရွား ဖြစ်မနေစေဖို့အတွက် ခန္ဓာကိုယ်ကို ထိန်းသိမ်းသင့်တာလေးတွေ ထိန်းသိမ်းရပါမယ်။ ဒီဆောင်းပါးမှာတော့ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ရှက်စရာကောင်းတဲ့ ပြဿနာများနဲ့ အဆိုပါပြဿနာများကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ မျှဝေတင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ (၁) နောက်ကျောအမွေးအမျှင်များ ပေါက်ခြင်း သင် လူလတ်ပိုင်းရောက်လာချိန်မှာ ကျောကုန်းအမွေးအမျှင် အခြေအနေကို သိနိုင်ပါပြီ။ အမွေးမရှိသလောက် နည်းလား၊လုံးဝမရှိဘူးလား၊အသင့်အတင့်ရှိနေသလား သို့တည်းမဟုတ် တောထနေပြီလား။ ဘရက်ဒလေကူးပါးလို ရင်ဘတ်မွှေးက အမျိုးသမီးတွေကို ဆွဲဆောင်နိုင်ပေမယ့် ကျောကုန်းမှာ တောထနေတဲ့ အမွေးအမျှင်တွေကတော့ သင့်ကို ဆက်ဆီကျစေမယ် မထင်ပါဘူး။ လေဆာနည်းပညာကို အသုံးပြုပြီး အမွေးအမျှင်ရှင်းလင်းခြင်းဟာ […]


လိင်တံပြဿနာများ

ယောက်ျားတန်ဆာမှာ ကြုံရတတ်တဲ့ ထူးခြားမှု ၉ခု

သင့်ရဲ့ယောက်ျားတန်ဆာဟာ ထူးခြားပြီး ပုံမှန်အတိုင်း လုပ်ဆောင်နိုင်စွမ်းမရှိဘူးလို့ ထင်မြင်မိပါသလား။ စိတ်မပူပါနဲ့။ သင့်ရဲ့ ယောက်ျားတန်ဆာမှာ ကြံရတတ်တဲ့ ထူးခြားချက် ၉ချက် ရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေဟာ နောက်ခံပြသနာတွေကြောင့် မဟုတ်ပါဘူး။ ၁။ ဆီးသွားပြီးချိန်မှာ ဆီးတစက်တစက် ကျတတ်ခြင်းဟာ ယောက်ျားတန်ဆာကွင်း ချို့ယွင်းလို့လား ဒီကိစ္စဟာ သိပ်ကြီးမားတဲ့ ပြသနာတော့ မဟုတ်ပါဘူး။ ဆီးအိမ်ကနေ တန်ဆာထိပ်ကိုသွားတဲ့ ဆီးပြွန်ဟာ ဂငယ်ပုံစံ အောက်ကို အနည်းငယ်ကွေးနေပါတယ်။ ဒါကြောင့် ဆီးသွားပြီးချိန်မှာ တစက်နှစ်စက်ကျခြင်းဟာ ကြုံရတတ်ပါတယ်။ ဘောင်းဘီဇစ်ဆွဲပြီးချိန်မှာတောင် မြေဆွဲအားကြောင့် ထွက်ကျတတ်ပါတယ်။   ၂။ သုတ်လွှတ်ပြီးချိန်မှာတောင် ဘာကြောင့် သုတ်ရည်ကြည်တွေ ထွက်လာတတ်သေးတာလဲ သုတ်ရည်ကြည်ဟာလည်း ပြွန်အကွေးတလျှောက် ထွက်လာရတဲ့အပြင် အနည်းငယ်စေးပျစ်မှု ရှိပါတယ်။ ဒါကြောင့် သုတ်လွှတ်ပြီးချိန်မှာတောင် သုတ်ရည်အနည်းငယ်ထွက်ကျနေတတ်ခြင်း ဖြစ်ပါတယ်။   ၃။ ယောက်ျားတန်ဆာဟာ စိုစွတ်နေချိန်မှာ ဘာကြောင့် ရှုံ့နေတတ်သလဲ ရေထက်စာရင် အေးမြတဲ့လေနဲ့ထိတွေ့လို့ ရှုံ့သွားရခြင်း […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း