အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ

Andropause ဆိုတာ ဘာလဲလို့ တွေးနေတာလား။ နားလည်လွယ်အောင် ပြောပြရရင် Andropause ဆိုတာက အမျိုးသားတွေ သွေးဆုံးတာပါ။ အမျိုးသမီးတွေမှာ သွေးဆုံးတယ်ဆိုတာက အီစထရိုဂျင် ဟော်မုန်း ပမာဏ ကျဆင်းလာတာပါ။ အမျိုးသားတွေမှာတော့ Andropause ကာလ ရောက်လာပြီဆိုရင် တက်စထရိုစတုန်းဟော်မုန်း ပမာဏ ကျဆင်းလာပါတယ်။ ဒီကာလမှာ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေလိုပဲ ကိုယ်တွင်းဟော်မုန်းတွေ ကမောက်ကမ ဖြစ်တာကြောင့် စိတ်ခံစားမှု ပြောင်းလဲတာ၊ ကြွက်သားဆုံးရှုံးတာတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒီလိုမျိုး ဟော်မုန်းအပြောင်းအလဲ များတဲ့ Andropause ကာလ ကျန်းမာစေဖို့ အရေးပါတဲ့ အချက်တစ်ခုက အာဟာရ ပြည့်ဝမှုပါ။ ဒီတော့ Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ ဆိုတာ ပြောပြပေးမှာမို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ Andropause ဆိုတာ အမျိုးသားတွေမှာ အသက် ၄၀ နောက်ပိုင်း […]

အမျိုးသားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသားဟော်မုန်းဆိုင်ရာများ

ကျားဟော်မုန်း ချို့တဲ့နေတယ်လို့ သံသယရှိနေပြီလား

ကျားဟော်မုန်း (Testosterone) ဟာ အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာမှာ အများအပြား ထွက်ရှိပြီး လိင်စိတ်ဆန္ဒဖြစ်ပေါ်စေဖို့၊ ကြွက်သားထုတည်ဆောက်ဖို့၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပေါ် သက်ရောက်မှု ရှိစေတဲ့ ဟော်မုန်းဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကျားဟော်မုန်းဟာ နည်းသွားတတ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် လူငယ်ဘဝမှာကတည်းက ကျားဟော်မုန်း ချို့တဲ့နေတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ ကျားဟော်မုန်း ချို့တဲ့နေတာကို ဘယ်လိုသိနိုင်မလဲ။ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ လိင်စိတ်ဆန္ဒ လျော့နည်းလာခြင်း လိင်တံကို ကြာရှည်စွာ မထောင်မတ်နိုင်ခြင်း သုက်ရည်၊ သုက်ပိုးကောင် အထွက်နည်းခြင်း အကြောင်းရင်းမရှိဘဲ ဆံပင်အများကြီး ကျွတ်ခြင်း အရိုးအဆစ်၊ ကြွက်သား ကြံ့ခိုင်မှု နည်းလာခြင်း မောပန်းလွယ်ခြင်း ဝှေးစေ့ ပုံမှန်မဟုတ်သလို ခံစားရခြင်း ခန္ဓာကိုယ်အပေါ်ပိုင်း ပူရှိန်းရှိန်း ခံစားရခြင်း အာရုံစူးစိုက်ဖို့၊ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲခြင်း လေ့ကျင့်ခန်းလုပ်သလောက် ရလဒ်ကောင်းမရခြင်း ကိုယ်တွင်းအဆီတက်လာခြင်း […]


ပန်းသေပန်းညှိုးခြင်း

လူငယ်တွေမှာ ဘာလို့ ပန်းသေပန်းညှိုးအဖြစ်များလာတာလဲ

ပန်းသေပန်းညှိုး ဖြစ်တယ်ဆိုတာ ဘာလဲ။ လိင်မှုကိစ္စ ထမ်းဆောင်နေချိန်မှာ ကိုယ့်ရဲ့ လိင်တံဟာ ဆန္ဒမပြီးမြောက်ခင်မှာ ပျော့ခွေသွားတာ၊ လိင်တံထဲ သွေးစီးဆင်းမှုနည်းခြင်းကြောင့် ထိုးသွင်းဆက်ဆံမှု ပြုနိုင်တဲ့အထိ လိင်တံထောင်မတ်အား နည်းတဲ့ လက္ခဏာကို ခေါ်ပါတယ်။ ပုံမှန်အားဖြင့် အသက်ကြီးလာတဲ့အခါ ကျားဟော်မုန်း နည်းသွားတာ၊ အသက်အရွယ်ကြောင့် ဟော်မုန်းတွေ ပြောင်းလဲပြီး လိင်စိတ်ဆန္ဒ လျော့နည်းလာတာကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း တစ်နည်းအားဖြင့် ပန်းသေပန်းညှိုး ဖြစ်ခြင်း (Erectile Dysfunction) ဖြစ်လာပါတယ်။ ယောက်ျားလေးတော်တော်များများကတော့ ဝန်ခံရမှာ ရှက်သလို၊ ယောက်ျားမာန ထိခိုက်သလို ခံစားရနိုင်ပေမယ့် ဒီပြဿနာက အသက်အရွယ်မရွေး အမျိုးသားအများစုမှာ ကြုံတွေ့ရတတ်တဲ့ ပြဿနာမျိုးပါ။ အသက်ငယ်သေးတဲ့အရွယ် အထူးသဖြင့် ဆယ်ကျော်သက်နဲ့ အသက် ၂၀မှ ၃၀အထိ ကျားဟော်မုန်း(testosterone) အများဆုံးထုတ်လုပ်တဲ့ အရွယ်ဖြစ်ပါရဲ့နဲ့ နေပုံထိုင်ပုံ မှားယွင်းမှုတွေကြောင့် စောစီးစွာ ပန်းသေပန်းညှိုး […]


လိင်တံပြဿနာများ

လေ့ကျင့်ခန်း လုပ်လွန်းရင် လိင်တံအရွယ်အစား သေးသွားမလား

ထူးဆန်းစွာပဲ။ ဒီမေးခွန်းကို အမျိုးသားတွေထက် အမျိုးသမီးတွေက အမေးများတာ တွေ့ရပါတယ်။ ကိုယ့်ရဲ့ ချစ်သူကောင်လေးက Gym မှာ လေ့ကျင့်ခန်းတွေ အရမ်းလုပ်လွန်းလို့၊ အလေးတွေ မလွန်းလို့ လိင်တံအရွယ်အစား သေးသွားမလား၊ ယောက်ျားမပီသတော့ဘူးလားဆိုပြီး စိုးရိမ်ပူပန်တတ်ကြတာပါ။ အမျိုးသားတွေမှာလည်း လေ့ကျင့်ခန်းကြောင့် ငယ်ပါအရွယ်အစား ပိုသေးသွားမလား၊ ကြီးလာနိုင်သေးလား ဆိုပြီး စိတ်မရှင်းဖြစ်နေတာတွေ တွေ့ရပါတယ်။ ဒီနေ့မှာတော့ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ယောက်ျားပီသခြင်း အလွဲလေးတွေနဲ့ ပတ်သက်ပြီး စိတ်ရှင်းသွားရလေအောင် ပြောပြပေးချင်ပါတယ်။ လေ့ကျင့်ခန်းနဲ့ လိင်တံအရွယ်အစား သေးသွားနိုင်လား။ လိင်တံအရွယ်အစား သေးခြင်း၊ ကြီးခြင်းဟာ လေ့ကျင့်ခန်း လုပ်တာနဲ့ မသက်ဆိုင်ပဲ ကိုယ့်အမျိုးသားရဲ့ နေပုံထိုင်ပုံ၊ စားသောက်ပုံနဲ့သာ သက်ဆိုင်ပါတယ်။ ကိုယ့်အမျိုးသားက လူပျိုဘဝထဲက ဆေးလိပ်၊ အရက်၊ ဘီယာတွေ အလွန်အကျွံသောက်မယ်၊ အဆီ၊ အကြော်အလှော်တွေ စားလွန်းတာကြောင့် ဘီယာဗိုက်ကြီးဖြစ်ပြီး ဝမ်းဗိုက်နဲ့ ခါးမှာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဝှေးစေ့ နဲ့ လိင်အင်္ဂါတစ်ဝိုက် ယားနေတာ စိုးရိမ်စရာရှိလား

ဝှေးစေ့ ၊ ပေါင်ခြံနဲ့ လိင်အင်္ဂါပတ်လည်မှာ ယားယံနေသလို ခံစားနေရတယ်ဆိုတာ အမျိုးသားတွေမှာ မကြာခဏ တွေ့ရတတ်တဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ မနက်ခင်း အပြင်ထွက်လမ်းလျှောက်တဲ့အခါ၊ အားကစားလုပ်တဲ့အခါမျိုးမှာ ဝှေးစေ့နဲ့ ပေါင်ခြံတစ်ဝိုက်မှာ ချွေးအလွန်အကျွံ ထွက်တာကြောင့် တစ်ခါတစ်လေ အရေပြား ယားယံသလို ဖြစ်နိုင်ပါတယ်။ ရေပုံမှန်မချိုးတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ဒီလိုနေရာတွေမှာ ယားယံနေခြင်းဟာ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းတဲ့ အမျိုးသားတွေ၊ အဝတ်အစားတွေကို ပုံမှန်မလျှော်ဖွပ်ဘဲ ဝတ်ပြီးသားအဝတ် နောက်နေ့ပြန်ဝတ်တတ်တဲ့ အကျင့်ရှိသူတွေမှာ ဖြစ်တာ များပါတယ်။ ပုံမှန်အားဖြင့်တော့ စိုးရိမ်စရာ ကိစ္စမဟုတ်ပေမယ့် ယားနေတာ ကြာလာပြီဆိုရင်တော့ ကျန်းမာရေးနဲ့ အရေပြားမှာ ပြဿနာရှိနေတာ ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို သံသယဝင်နေပြီ ဒါမှမဟုတ် ရေဘယ်လောက်ချိုးချိုး ယားတဲ့ ဝေဒနာ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှု […]


လိင်တံပြဿနာများ

လိင်တံထိပ်အရေပြား ဖြတ်သင့်၊ မဖြတ်သင့် ဝေခွဲရခက်နေလား

တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အမျိုးသားတွေရဲ့ ကျန်းမာရေးနဲ့ ဆက်စပ်နေတဲ့ လိင်တံထိပ်အရေပြား ဖြတ်ခြင်း - Circumcision ပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး ဝေခွဲမရဖြစ်နေတာ အများကြီးပါပဲ။ လိင်တံထိပ်အရေပြား ဖြတ်ခြင်း၊ မဖြတ်ခြင်းကြောင့် ကျန်းမာရေးအရ ဘာတွေ ပြောင်းလဲမှု ရှိသွားလဲ။ လိင်စွမ်းဆောင်ရည်ပိုင်းမှာလည်း ကိုယ့်အတွက်ရော ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်အတွက်ပါ ပြောင်းလဲမှု ရှိသွားမှာလား။ ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး ဝေခွဲမရဖြစ်နေတဲ့ အမျိုးသားတွေအတွက် လိင်တံထိပ် အရေပြား ဖြတ်ခြင်း မဖြတ်ခြင်း ကောင်းကျိုးနဲ့ ပြစ်ချက်တွေကို ပြောပြပေးချင်ပါတယ်။ လိင်တံထိပ်အရေပြား ဖြတ်တယ်ဆိုတာ ဘာလဲ။ အမျိုးသားတွေရဲ့လိင်တံထိပ်ဖူးမှာ ငုံနေတဲ့ အရေပြားကို ခွဲစိတ်ဖြတ်တောက်တာကို Circumcision လုပ်တယ်လို့ ခေါ်ပါတယ်။ အမျိုးသားကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးထားတဲ့ မိသားစုတွေမှာလည်း ကလေးမွေးပြီးတာနဲ့ ဖြစ်စေ၊ အသက်ကြီးလာတဲ့အချိန်မှာ ဖြစ်စေ လိင်တံထိပ်မှာ ငုံနေတဲ့ အရေပြားကို ခွဲစိတ်ဖယ်ရှားကြပါတယ်။ ကလေးအရွယ်မှာ […]


အမျိုးသားကျန်းမာရေး

ယောက်ျားလေးတွေ ဆီးခုံမွေး ပုံမှန်ရိတ်ပေးဖို့ လိုအပ်လား

လိင်တံပတ်လည်မှာ ရှိတဲ့ ဆီးခုံမွေးတွေကို ရိတ်ဖို့ လိုအပ်လားဆိုတာ ယောက်ျားလေးတွေ မကြာခဏ မေးတတ်ကြတဲ့ မေးခွန်းတွေထဲက တစ်ခုပါပဲ။ ကျန်းမာရေးအရ ကြီးမားတဲ့ ပြောင်းလဲမှုမျိုး၊ ကောင်းကျိုးများစွာ မရှိပေမယ့် တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးထားတယ်ဆိုရင်တော့ ရိတ်လို့ ရပါတယ်။ အရေပြား အလွန်နူးညံ့ပြီး ထိခိုက်လွယ်တဲ့ လိင်အင်္ဂါနားကို ဘလိတ်ဓားကိုင်ပြီး အမွေးရိတ်ဖို့ဆိုတာ တော်ရုံအမျိုးသားတွေအတွက်တော့ တွေးမိရုံနဲ့တင် အသည်းယားစရာ ကိစ္စ ဖြစ်မှာပါ။ နေ့စဉ် ရေပုံမှန်ချိုးပေးမယ်။ လိင်တံထိပ်အရေပြား မဖြတ်ထားတဲ့သူတွေဆိုရင် အရေပြားအတွင်းကို ဆပ်ပြာ၊ ရေနဲ့ အမြဲ ဆေးကြောသန့်ရှင်းပေးမယ်ဆိုရင်တော့ အမွေးရိတ်ဖို့ မလိုအပ်ဘူးလို့သာ ပြောချင်ပါတယ်။ ဒါဆိုရင် ဆီးခုံမွေးရိတ်လို့ ဘာကောင်းကျိုး ရနိုင်လဲ။ ဘာလို့ တချို့ယောက်ျားလေးတွေက အရဲစွန့်ပြီး လိင်အင်္ဂါတစ်ဝိုက်က အမွေးအမျှင်တွေကို ရိတ်နေကြတာလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ဆီးခုံမွေး ရိတ်ခြင်းဆိုသည်မှာ လူပျိုဖြစ်တဲ့အချိန် လိင်အင်္ဂါအပေါ်ဘက်မှာ အမွေးအမျှင်တွေ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေ ဘာလို့ အတွင်းခံဘောင်းဘီကို ပုံမှန်လဲသင့်တာလဲ

အမျိုးသားတွေဟာ အမြဲ နေပူထဲ သွားလာပြီး အလုပ်လုပ်နေရတာ၊ အားကစား၊ လေ့ကျင့်ခန်း အပြင်းအထန် လုပ်နေရတာကြောင့် အမျိုးသမီးတွေထက် ပိုပြီး ချွေးထွက်ပါတယ်။ အင်္ကျီ၊ ဘောင်းဘီတွေကတော့ တစ်ကြိမ်ထက် ပိုပြီး ဝတ်ဆင်တာ ပြဿနာ သိပ်မရှိပေမယ့် အတွင်းခံဘောင်းဘီတွေကိုတော့ အမြဲ လဲပေးဖို့ လိုအပ်ပါတယ်။ ကျန်တဲ့ နေရာတွေထက် ချိုင်းကြား၊ ပေါင်ခြံနေရာတွေဟာ ပိုပြီး ချွေးထွက်များပြီး အဝတ်အစားနဲ့ အမြဲထိကပ်နေတာကြောင့် ချွေးနံ့အပြင် ဘက်တီးရီးယားပိုးများစွာ ခိုအောင်းနေတတ်ပါတယ်။ အတွင်းခံဘောင်းဘီကို ပုံမှန်မလျှော်တဲ့အခါ ဘာတွေ ဖြစ်နိုင်လဲ။ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းတဲ့ အမျိုးသားတွေဟာ အတွင်းခံဘောင်းဘီကို ကြိမ်ဖန်များစွာ ဝတ်ဆင်ပြီးမှ လျှော်ဖွပ်တတ်ပါတယ်။ ဒါဟာ အရေပြားနဲ့ လိင်တံကျန်းမာရေးအတွက်လည်း မကောင်းတဲ့အပြင် အနံ့အသက်ဆိုးတွေ ဖြစ်စေနိုင်တဲ့ အဓိကတရားခံပါပဲ။ ဒါကြောင့် တည်ကြည်ခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ ယောက်ျားသားတွေ ဖြစ်ဖို့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ပေါင်ခြံနေရာတဝိုက် အူကျွံခြင်း

အူကျွံခြင်းဆိုတာ ဘာကို ပြောတာပါလဲဆရာ။ အူကျွံခြင်း (hernia) ဆိုသည်မှာခန္ဓာကိုယ်တွင်းရှိ အူ သို့မဟုတ် ကလီစာ တစ်ခုခုသည် ထို ကလီစာရှိနေသည့် ခန္ဓာကိုယ် နံရံ မှ တဆင့် ကျွံထွက်လာခြင်းဖြစ်သည်။ အူကျွံခြင်း သည် ခန္ဓာကိုယ် ၏ အစိတ်အပိုင်း နေရာများတွင် အမျိုမျိုးဖြစ် နိုင်သော်လည်း ပေါင်ခြံ တဝိုက်နေရာတွင် အူကျွံခြင်း မှာ အဖြစ်များဆုံးဖြစ်သည်။ ပေါင်ခြံတဝိုက် နေရာတွင် အူကျွံခြင်း မှာ ပေါင်ခြံ အထက်နှင့် အောက် (Inguinal and Femoral hernia) ဟူ၍ ၂ မျိုး ရှိပေသည်။ ထို ၂မျိုး လုံးတွင် ပုံတွင်ပြထားသည့်အတိုင်း ဖောင်းနေသည့်နေရာ များသို့ အူသော်လည်းကောင်း ဝမ်းတွင်းအဆီပြင် (omentum) သော်လည်းကောင်း ကျွံဝင်နေနိုင်ပါသည်။ သို့ရာတွင်မြန်မာစကားအနေနှင့် မည်သည့်အမျိုးအစားကို မဆို အူကျွံခြင်း […]


လိင်တံပြဿနာများ

အမျိုးသားတွေ လိင်တံထိပ်အရေပြား ဖြတ်ဖို့ လိုအပ်သလား

လိင်တံထိပ်အရေပြား ဖြတ်ခြင်း - Circumcision နဲ့ ပတ်သက်ပြီး ဝေခွဲမရဖြစ်နေတဲ့ အမျိုးသားတွေရှိမှာပါ။ အများစုကတော့ ဘာသာရေးအယူအဆကြောင့်၊ တချို့တွေကတော့ ကျန်းမာရေးကြောင့် ကလေးမွေးကတည်းက ဒီလိင်တံထိပ်အရေပြားဖြတ်တဲ့ အလေ့အကျင့်ကို ပြုမူတတ်ပါတယ်။ ဒီနေ့မှာတော့ လိင်တံထိပ်အရေပြားဖြတ်ခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးချင်ပါတယ်။ လိင်တံထိပ်အရေပြား ဖြတ်တယ်ဆိုတာ ဘာလဲ။ အမျိုးသားတွေရဲ့ လိင်တံထိပ်ဖူးမှာ ငုံနေတဲ့ အရေပြားကို ခွဲစိတ်ဖြတ်တောက်တာကို Circumcision လုပ်တယ်လို့ ခေါ်ပါတယ်။ ဂျူးလူမျိုးတွေ၊ အစ္စလာမ်ဘာသာဝင်တွေဟာ သူတို့ယုံကြည်သက်ဝင်ရာ အယူအဆတွေကြောင့် ကလေးတွေ မွေးပြီးတာနဲ့ လိင်တံထိပ်အရေပြားဖြတ်ခြင်း ပြုလုပ်ကြပါတယ်။ အမျိုးသားကျန်းမာရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုကို အလေးထားတဲ့ မိသားစုတွေမှာလည်း ကလေးမွေးပြီးတာနဲ့ ဖြစ်စေ၊ အသက်ကြီးလာတဲ့အချိန်မှာ ဖြစ်စေ လိင်တံထိပ်မှာ ငုံနေတဲ့ အရေပြားကို ခွဲစိတ်ဖယ်ရှားကြပါတယ်။ ခွဲစိတ်ရင် ဘယ်လောက်ကြာနိုင်လဲ။ ကလေးအရွယ်မှာ လိင်တံထိပ်အရေပြားဖြတ်ခြင်းဟာ ၅မိနစ်ကနေ ၁၀မိနစ်အထိသာ ကြာတတ်ပြီး လူကြီးတွေမှာတော့ […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

ကျားဟော်မုန်းတိုးစေမယ့် အစားအစာများ

ကျားဟော်မုန်း - testosterone ဟာ လူတွေနဲ့ တိရစ္ဆာန်တချို့မှာ တွေ့ရတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ အမျိုးသားတွေမှာ ဝှေးစေ့ကနေ အများဆုံး ထုတ်လုပ်ပြီး အမျိုးသမီးတွေမှာတော့ သားအိမ်ကနေ အနည်းငယ် ထုတ်လွှတ်ပေးပါတယ်။ လူပျို၊ အပျို ဖြစ်ချိန်မှာ testosterone ဟော်မုန်း အများအပြား ထုတ်လွှတ်ပေးပြီး အသက် ၃၀ နောက်ပိုင်းမှာ ကျားဟော်မုန်း ထုတ်လုပ်တာ စတင် နည်းလာပါပြီ။ ကျားဟော်မုန်းဟာ လိင်စိတ်ဆန္ဒ ဖြစ်ပေါ်လာစေမှုအပေါ် သက်ရောက်မှု အလွန်ရှိတဲ့အပြင် သုက်ကောင်ရည် ပမာဏကို တိုးစေပြီး မျိုးအောင်စေတယ်။ ဒါ့အပြင် အရိုးနဲ့ ကြွက်သားထုကို ကြီးမားသန်စွမ်းစေတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့လည်း သက်ရောက်မှု ရှိပါတယ်။ ကျားဟော်မုန်း နည်းတဲ့အခါ ဘာတွေ ဖြစ်လာနိုင်လဲ။ အမျိုးသားတို့ရဲ့ နေ့စဉ်ဘဝနဲ့ ကျန်းမာရေးအတွက် ကျားဟော်မုန်းဟာ သက်ရောက်မှုအများကြီး ရှိပါတယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း