ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကိုရိုနာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ကူးစက်ရောဂါများ

ကိုဗစ်အလွန် ချောင်းခြောက်ဆိုးခြင်း ဒီလို ဖြေရှင်းပါ။

ကိုဗစ်က အခုချိန်ထိ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေဆဲပါ။ ကိုဗစ်ကြောင့် ဆုံးရှုံးခဲ့ရတဲ့ အသက်တွေလည်း မနည်းပါဘူး။ ကိုဗစ်က ပြန်သက်သာလာခဲ့ရင်လည်း နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေက အတော်လေးများပါတယ်။ ဒီထဲမှာမှ အဖြစ်အများဆုံး ကိုဗစ် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာက ချောင်းခြောက်ဆိုးတာ ပါ။ ကိုဗစ်ကြောင့် ခံစားရတဲ့ အခြားလက္ခဏာတွေ သက်သာလာပေမယ့် ချောင်းခြောက်ဆိုးတာက ကျန်နေတာကြောင့် နေ့စဉ်ဘဝ နေထိုင်မှုမှာ စိတ်အနှောင့်အယှက် ဖြစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ ကိုဗစ်ရဲ့ နောက်ဆက်တွဲ ချောင်းခြောက်ဆိုးခြင်း Covid-19 ဗိုင်းရပ်စ်က အသက်ရှူလမ်းကြောင်းကနေတဆင့် အဆုတ်ထဲကို ဝင်ရောက်ကူးစက်တာပါ။ ကိုဗစ်က အဆုတ်ကို အဓိက တိုက်ခိုက်တာ ဖြစ်တဲ့အတွက် ချောင်းဆိုးတာ၊ အောက်ဆီဂျင်ကျတာတွေကို ခံစားလာရတာပါ။ ကိုဗစ်ဖြစ်တဲ့အခါ လက္ခဏာတွေအနေနဲ့ အဖျားတက်တာ ချောင်းခြောက်ဆိုးတာ ပင်ပန်းနွမ်းနယ်တာ မျက်စိနာတာ လည်ချောင်းနာတာ အသံဝင်တာ ခြေလက်တွေ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် ဘယ်လောက် အတိုင်းအတာအထိ ကာကွယ်ပေးနိုင်သလဲ…….. booster ထပ်ထိုးဖို့ လိုမလား…….

ကိုဗစ်ကာကွယ်ဆေးတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ထိုးနှံလို့ ရနေပြီဖြစ်တာကြောင့် လူအတော်များများက ကာကွယ်ဆေး ထိုးနှံဖို့ကို စိတ်ဝင်စားနေကြသလို ကာကွယ်ဆေး ထိုးပြီးသူတွေလည်း ရှိနေကြလောက်ပါတယ်။ ကာကွယ်ဆေး မထိုးရသေးခင်ကတော့ ကာကွယ်ဆေးမှာ ဘယ်ကာကွယ်ဆေး အမျိုးအစားက စိတ်ချရလဲ။ ကာကွယ်ဆေး ထိုးရင် ဘယ်လိုတွေ ခံစားရမလဲ။ ကာကွယ်ဆေး ထိုးပြီး ခံစားရတဲ့ လက္ခဏာတွေကို ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာတွေပါ။ အခုချိန်မှာတော့ ကာကွယ်ဆေးတွေ ထိုးတာ ၁ ကြိမ် ပြီးတဲ့သူတွေလည်း ရှိသလို ၂ ကြိမ်လုံး ပြည့်ပြီးသွားသူတွေလည်း ရှိနေမှာပါ။ ဒီတော့ စိတ်ဝင်တစား သိချင်နေမယ့် အကြောင်းအရာက ကာကွယ်ဆေး ထိုးပြီးရင် ကာကွယ်ဆေးက ကိုဗစ်ရန်ကနေ ဘယ်လောက်ကြာကြာ ကာကွယ်ပေးနိုင်မလဲ ဆိုတာကိုပါ။ ဒီအဖြေလေးကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ ကိုဗစ်ကာကွယ်ဆေးကပေးတဲ့ ခုခံအား ကိုဗစ်ရောဂါကို ကူးစက်ခံရပြီးချိန်မှာလည်း ပြန်ကောင်းလာပြီဆိုရင် ခန္ဓာကိုယ်မှာ ကိုဗစ်ကို […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်လူနာ ကုသရေးမှာ အရေးပါတဲ့ အာဟာရ

နေမကောင်းဖြစ်ရင် ပါးစပ်ပျက်တာ၊ နုံးပြီး စားချင်သောက်ချင်စိတ် မရှိတာ ဖြစ်တတ်ပါတယ်။ ကိုဗစ်မှာတော့ ဒီလိုဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကိုဗစ်ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်က ခုခံအားနဲ့ အဓိကထားပြီး တိုက်ခိုက်နေရတာ ဖြစ်တဲ့အတွက် ကိုဗစ်လူနာ တွေက အာဟာရပျက်လို့ မရပါဘူး။ မရတဲ့အပြင် လိုအပ်တဲ့ အာဟာရတွေ အပြည့်အဝရအောင် တိုးကျွေးသင့်ရင် ကျွေးရပါမယ်။ လူနာတွေကို ကြက်စွပ်ပြုတ်လေးတိုက်လိုက်၊ ဆန်ပြုတ်လေး တိုက်လိုက် လုပ်မယ့်အစား တိတိကျကျ ဘာတွေကို ဘယ်လောက်ပမာဏ ကျွေးရမလဲ။ ဘယ်လိုကျွေးရင် လူနာစားဖို့ ပိုအဆင်ပြေမလဲဆိုတာ အကြံဉာဏ်ပေးပါ့မယ်။ ကိုဗစ်လူနာ တွေမှာ အာဟာရပြည့်ဝဖို့ ဘာကြောင့် အရေးကြီးတာလဲ။ ခန္ဓာကိုယ်ထဲကို ရောဂါပိုးတစ်ခုခု ဝင်လာပြီဆိုရင် ခုခံအားက ပြန်လည်တိုက်ထုတ်တဲ့အတွက် ကိုယ်ထဲမှာ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ ဥပမာ ဖျားတယ်ဆိုတာကလည်း ရောဂါပိုးကို တိုက်ထုတ်နည်းတစ်မျိုးပါပဲ။ လူနာက ဖျားပြီဆိုရင် အပူချိန်တက်လာတဲ့အတွက် […]


ကိုရိုနာဗိုင်းရပ်စ်

မွေးကင်းစ ဘေဘီလေးကို ကိုဗစ်ကာလမှာ ဒီလို ကာကွယ်ပါ

အိမ်ထောင်စု တစ်စုမှာ ဘေဘီလေး ရောက်ရှိလာခြင်းက ပျော်စရာကောင်းတဲ့ ကိစ္စတစ်ရပ်ပါ။ ဘေဘီလေးဆိုတာ တစ်အိမ်လုံးရဲ့ ချစ်မဝတဲ့ သူတွေပါ။ ဒီလိုကာလမှာ ဘေဘီလေး တစ်ယောက် မွေးဖွားလာတဲ့အခါ အရင်ကထက် ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။ အကြောင်းကတော့ ကိုဗစ်ဆိုတဲ့ ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေလို့ပါပဲ။ ဒီတော့ ဘေဘီလေး ရောက်ရှိလာတာကြောင့် ပျော်ရွင်နေရတဲ့ အပျော်လေးတွေ ပျောက်မသွားစေဖို့အတွက် မွေးကင်းစ ဘေဘီလေးကို ကိုဗစ်ကာလမှာ ဒီလို ကာကွယ်ပါ ။ ဘေဘီလေးက ကိုဗစ် ဖြစ်နိုင်လား......... ဘေဘီလေးတွေက လူကြီးတွေလို ရောဂါလက္ခဏာ မပြင်းထန်ပေမယ့် လုံးဝ မကူးစက်တာမျိုး မဟုတ်ပါဘူး။ ဘေဘီလေးတွေရဲ့ ကိုဗစ်ကူးစက်ခံရနိုင်ခြေက အယောက် ၁၀၀၀ မှာ ၂၅ ဦးလောက် ရှိပါတယ်။ ဘေဘီလေးတွေရဲ့ ကိုယ်ခံအားက ဖွံ့ဖြိုးဆဲ ဖြစ်တာကြောင့် လူကြီးတွေလို […]


ကိုရိုနာဗိုင်းရပ်စ်

စောင့်ကြည့်စာရင်းထဲပါလာတဲ့ ကိုဗစ်မျိုးဗီဇအသစ် "မျူ"

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ရက်နေ့က WHOက Mu "မျူ" ဆိုတဲ့ ကိုဗစ်မျိုးဗီဇအသစ်ကို VOI (Variant of Interest) စောင့်ကြည့်စာရင်းထဲကို ထည့်ခဲ့ပါတယ်။ သူကရော ဘာတွေ ထူးခြားနေပြီလဲ။ VOI (Variant of Interest) ဆိုတာ WHOမှာ ကိုဗစ်မျိုးဗီဇအသစ်တွေနဲ့ ပတ်သက်ပြီး စာရင်းနှစ်ခုရှိပါတယ်။ VOI (Variant of Interest) စောင့်ကြည့်စာရင်းနဲ့ VOC (Variant of Concern) စိုးရိမ်ရတဲ့ စာရင်းပါ။ VOC (Variant of Concern) စိုးရိမ်ရတဲ့ စာရင်းမှာ ပါဖို့ဆိုရင် ဗီဇပြောင်းမျိုးစိတ်က -ကူးစက်နှုန်းမြန်ရမယ်။ ရောဂါပြင်းထန်ရမယ်။ ကာကွယ်ဆေးတွေ၊ ကုသဆေးတွေကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိနေရမှာပဲ ဖြစ်ပါတယ်။ -လက်ရှိ VOCစာရင်းမှာ အယ်ဖာ၊ ဘီတာ၊ ဂမ်မာနဲ့ ဒယ်တာဆိုပြီး ၄ခုရှိထားပါတယ်။ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကြောင့် ကျဆင်းလာတဲ့ ဦးနှောက်စွမ်းဆောင်ရည် ကို ပြန်လည် မြှင့်တင်ရအောင်

ကိုဗစ် ခံစားရသူတွေမှာ မေ့တတ်လာတာ၊ အာရုံစိုက်နိုင်စွမ်း ကျလာတာတွေ ခံစားကြရတာမျိုး ရှိပါတယ်။ ဒီလို ပြဿနာတွေ ခံစားရတဲ့အခါ ဦးနှောက်စွမ်းဆောင်ရည် ပြန်လည် မြင့်တက်လာစေဖို့ စားပေးရမယ့် အစားအစာလေးတွေရှိပါတယ်။ ဒါတွေက ဘာတွေက ဘာတွေများ ဖြစ်မလဲ....... ကိုဗစ်က ဦးနှောက် ကို ထိခိုက်စေသလား........ ပုံမှန်အားဖြင့်ကတော့ ကိုဗစ်က အဆုတ်ကို ထိခိုက်စေတယ်လို့ပဲ သိထားတာပါ။ တကယ်ကတော့ ကိုဗစ်က အဆုတ်ကိုတင် မဟုတ်ဘဲ နှလုံး၊ ဦးနှောက် အပါအဝင် အခြား အစိတ်အပိုင်းတွေကိုပါ ထိခိုက်စေပါတယ်။ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၇ ဦးမှာ ၁ ဦးက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအနေနဲ့ အာရုံကြောဆိုင်ရာ ထိခိုက်မှုတွေ ရှိသလို ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေတာမျိုးတွေ ရှိပါတယ်။ ကိုဗစ်ဗိုင်းရပ်စ်က ဦးနှောက် တစ်ရှူးတွေနဲ့ အာရုံကြောတွေကို တိုက်ရိုက် ထိခိုက်စေသလားဆိုတော့ […]


ကူးစက်ရောဂါများ

ကိုဗစ်ရှိ နေတာ မသိဘဲ ကာကွယ်ဆေးထိုးလိုက်မိပြီလား။

ကိုဗစ်ရှိ နေရင် ကာကွယ်ဆေးမထိုးနဲ့ဦး။ ကိုဗစ်လက္ခဏာတွေ ခံစားရရင် သွားမထိုးနဲ့။ ရက်ပြည့်အောင် စောင့်ဆိုပြီး ဆရာဝန်တွေက မှာလေ့ရှိပါတယ်။ ဒါပေမယ့် မာယာများတဲ့ ကိုဗစ်က အမြဲတမ်း လက္ခဏာ ပြတာ မဟုတ်ဘူးလေ။ တစ်ခါတလေ အရင်ရက်တွေက ကိုဗစ်ရှိနေတာ သတိမထားမိဘဲထိုး၊ ထိုးပြီးနောက်ရက်ကျဖျားလို့ စစ်လိုက်မှ ကိုဗစ်ဖြစ်နေတာလည်း ရှိတတ်ပါတယ်။ ဒီလိုမျိုး ကိုဗစ်ရှိ နေတာ မသိလိုက်ဘဲ ဆေးထိုးမိတယ်ဆို ဘာဖြစ်သွားနိုင်လဲ။  ကိုဗစ်ရှိ နေတာ မသိဘဲ ကာကွယ်ဆေးထိုးလိုက်မိရင် ဘာဖြစ်မလဲ။ အန္တရာယ်ဖြစ်သွားနိုင်လားဆိုပြီး စိုးရိမ်နေတဲ့သူတွေ ရှိမှာပါ။ လက်ရှိအချိန်ထိတော့ ခန္ဓာကိုယ်ထဲက ကိုဗစ်ဗိုင်းရပ်စ်နဲ့ ကာကွယ်ဆေးနဲ့ ဓာတ်ပြုသွားတယ်ဆိုတာမျိုး မတွေ့ရသေးပါဘူး။ ဒါပေမယ့် ဒါက လက္ခဏာပြနေလား၊ ရောဂါပြင်းထန်လားဆိုတာပေါ်လည်း မူတည်နိုင်ပါတယ်။ တချို့လေ့လာချက်တွေမှာတော့ ကိုဗစ်ရှိတဲ့သူ ကာကွယ်ဆေး ထိုးမိပေမယ့်လည်း အန္တရာယ်ဖြစ်သွားတာ၊ ကာကွယ်ဆေးရဲ့ အာနိသင်ကို ထိခိုက်တာမျိုး […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကြောင့် ရောင်ရမ်းမှုတွေ ဖြစ်တဲ့အခါ ဘာတွေစားမလဲ ............

လူတော်တော်များများက ကိုဗစ်ကို မဖြစ်အောင် ကာကွယ်ကြပေမယ့် ကူးစက်မှုတွေ မြင့်တက်လာတာ ကူးစက်နှုန်းတွေ မြန်လာတာကြောင့် ကိုဗစ်ကို ခံစားရသူ အရေအတွက်ကလည်း တိုးလာပါတယ်။ ကိုဗစ် ကူးစက်ခံရတဲ့အခါ ရောဂါ ပြင်းထန်တဲ့အလျောက် ကိုယ်တွင်းမှာ ရောင်ရမ်းမှုတွေ ကို ခံစားရပါတယ်။ ဒါကို ကိုဗစ်ကြောင့် ရောင်ရမ်းမှု လို့ ခေါ်ပါတယ်။ ဒီလို ရောင်ရမ်းမှုတွေက အသက်ရှူရခက်စေပြီး အဆုတ်ကို ရေရှည် ထိခိုက်သွားတာမျိုး ဖြစ်စေနိုင်ကလို အခန့်မသင့်ရင် သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒီလို အခြေအနေမှာ ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို လျှော့ချဖို့နဲ့ ပြန်လည် ကျန်းမာလာစေဖို့အတွက် အချို့သော အစားအစာတွေကို စားသုံးပေးဖို့ လိုပါမယ်။ ဒီလို စားသုံးမှုက ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို လျော့ကျစေပြီး မြန်မြန် နလန်ထစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ရောင်ရမ်းမှုကို သက်သာစေဖို့ စားပေးသင့်တဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် ကာကွယ်ဆေး နဲ့ ပတ်သက်တဲ့ အမှန်အမှားများ

ကိုဗစ် ကာကွယ်ဆေး ထိုးမယ်ဆို ဆေးအကြောင်းတင် မကပါဘူး။ ဆေးနဲ့ ပတ်သက်တဲ့ မဟုတ်တဲ့ သတင်းကိုပါ သိထားသင့်ပါတယ်။ မရှင်းတာရှိရင်လည်း မထိုးခင်မှာ ဆရာဝန်ကို သေချာ မေးမြန်းသင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ ဆေးထိုးပြီးရင် ဒါတွေ ဖြစ်တတ်တယ်ဆိုတဲ့ ကောလာဟလတွေကြောင့် ကာကွယ်ဆေး မထိုးလိုက်ရရင် ကိုယ်ပဲ နစ်နာသွားနိုင်ပါတယ်။ ကိုဗစ် ကာကွယ်ဆေး နဲ့ ပတ်သက်တဲ့ အမှန်အမှားများ ကိုဗစ်ကာကွယ်ဆေးမှာ မိုက်ခရိုချစ်တွေ ပါတယ်။ ကိုဗစ်ကာကွယ်ဆေးက ရောဂါကာကွယ်ဖို့ပဲ ထုတ်ထားတာပါ။ လူတွေကို စုံစမ်း ထောက်လှမ်းဖို့ မဟုတ်ပါဘူး။ ကာကွယ်ဆေးမှာ ခုခံအားကို ထွက်စေတဲ့ ပစ္စည်းတွေပဲ ပါပါတယ်။ ဒီလို ပစ္စည်းတွေ မပါပါဘူး။ ကာကွယ်ဆေးထိုးပြီးရင် ရောဂါပိုး ကူးထားသလိုပဲ ခုခံအား ရအောင် ထုတ်လုပ်ထားတာပါ။ ကိုဗစ်ကာကွယ်ဆေးက သံလိုက်ဆက်ကွင်းကို ဖြစ်စေတယ်။ ကိုဗစ်ကာာကွယ်ဆေးထိုးလို့ သင့်မှာ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာကွယ်ဆေးထိုး ပြီး ကိုဗစ်ဖြစ်ကြတာ ဘာကြောင့်လဲ။

ကိုဗစ်ကာကွယ်ဆေးထိုး ပြီး မကြာသေးဘူး။ ကိုဗစ်ဖြစ်လို့ဆိုတာတွေ မကြာခဏ ကြားကြပါတယ်။ ကိုဗစ်ကာကွယ်ဆေးတွေက အာနိသင်ကောင်းတာကြောင့် ရောဂါကို ကာကွယ်နိုင်စွမ်းပဲ ရှိတာပါ။ ရောဂါ ဖြစ်စေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုတွေ ကြားလာရတဲ့အခါကျတော့ နောက်ထိုးမယ့်သူတွေက သို့လော သို့လော ဖြစ်သွားနိုင်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုး ပြီး ကိုဗစ်ဖြစ်ကြတာ ဘာကြောင့်လဲ။ ကာကွယ်ဆေးထိုးတယ် ရက်ပိုင်းလောက်လည်း နေရော။ ဖျားတယ်၊ အနံ့ပျောက်တယ်။ စစ်ကြည့်လိုက်တော့ ကိုဗစ်။ ဒီလို ဖြစ်နေတာ ဘာကြောင့်လဲ။ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ကာကွယ်ရေး နည်းလမ်းတွေကို မလိုက်နာတာ ကာကွယ်ဆေးက တစ်လခြား ၂ခါထိုး၊ ၂ခါပြည့်ပြီး ၁၄ရက်နေမှ ကာကွယ်နိုင်တဲ့ ခုခံအား ရတာပါ။ ပထမတစ်ခါ ထိုးပြီးရုံနဲ့ မရပါဘူး။ ဒါကြောင့် ကာကွယ်ဆေး ထိုးပြီးပြီဆိုပြီး နှာခေါင်းစည်း မတပ်တာ၊ လူတွေနဲ့ နီးနီးကပ်ကပ်နေတာတွေ လုပ်မိတတ်ပါတယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း