ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကိုရိုနာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

COVAX ဖော်ဆောင်ပေးမယ့် ကမ္ဘာ့နိုင်ငံတိုင်းအတွက် ကိုဗစ်ကာကွယ်ဆေးအိပ်မက်

ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ COVAX ဆိုတဲ့ အဖွဲ့အစည်းတစ်ခုအကြောင်း မီဒီယာတွေမှာ ပိုမိုဖော်ပြလာကြပါတယ်။ သူတို့က COVID-19 ကာကွယ်ဆေးကို ဈေးနှုန်းချိုသာစွာနဲ့ လူတိုင်းလက်ထဲရောက်အောင် ဖြန့်ဖြူးမယ်လို့ ဆိုထားတဲ့ အဖွဲ့အစည်းတစ်ခုပါ။ COVID-19 ရောဂါဆိုးရွားလာချိန်မှာ ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့က အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာ ဆေးဝါးထုတ်လုပ်နိုင်ရေးက နီးစပ်နေပြီဖြစ်ပေမယ့် တခြားစိန်ခေါ်မှုတွေက ဘေးမှာကပ်လျက်ပါလာခဲ့ပါတယ်။ COVID-19 ကပ်ဘေးကြီးစတင်ချိန်ကတည်းက တစ်ကမ္ဘာလုံးမှာ တစ်လကို အမေရိကန်ဒေါ်လာ ၅၃၇ ဘီလီယံလောက်ဆုံးရှုံးနစ်နာနေပါတယ်။ ဒီဒဏ်ကို ဆင်းရဲ့တဲ့တိုင်းပြည်တွေက ပိုခံစားကြရပါတယ်။ လက်ရှိစီးပွားရေးကဏ္ဍပြိုလဲမှုရဲ့နောက်ကွယ်မှာ ရောဂါကာကွယ်ဆေးကို လုံလောက်စွာဝယ်ယူနိုင်ခြင်းမရှိနိုင်လောက်အောင် အခြေအနေဆိုးရွားနေတဲ့တိုင်းပြည်တွေရှိလာနေတဲ့အခါ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းလိုအပ်လာပါတယ်။ ဒီအချိန်မှာ COVAX ဆိုတဲ့ အဖွဲ့အစည်းတစ်ခုပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ COVAX ဆိုတာ ဘာလဲ COVAX ဆိုတာ COVID-19 Vaccines Global Access Facility ရဲ့ အတိုကောက်ပါ။ Access to COVID-19 […]


ကိုရိုနာဗိုင်းရပ်စ်

ဘိုးဘိုးဘွားဘွားတွေကို ကိုဗစ်ကာလမှာ ဒီလိုစောင့်ရှောက်ပေးပါ

ကိုဗစ်ကာလမှာ အန္တရာယ်အများဆုံး အုပ်စုကို ပြောပါဆိုရင် သက်ကြီးရွယ်အိုအုပ်စုပါပဲ။ ရောဂါကူးနိုင်ခြေရော၊ သေဆုံးနိုင်ခြေရော အများဆုံးပါပဲ။ ရောဂါအခံရှိရင် ပိုတောင်ဆိုးပါသေးတယ်။ အမေရိကန် CDCရဲ့ အဆိုအရ ကိုဗစ်ကြောင့် သေဆုံးသူ၁၀ယောက်မှာ ၈ယောက်က အသက်၆၅နှစ်အထက် လူကြီးတွေပါတဲ့။ နောက်ပြီး ခုလို ကပ်ရောဂါကာလမှာ အိမ်ထဲမှာပဲ အနေကြာလာတဲ့အခါကျတော့ သူတို့မှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်ခံစားလာရတာလေးတွေ ရှိပါတယ်။ ဒါကြောင့်လည်း သူတို့ကို ပိုပြီးဂရုစိုက်ဖို့ ပြောတာပါ။ ဘိုးဘိုးဘွားဘွားတွေ ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာကို ဒီလို ဖြေရှင်းပေးပါ။ စိတ်ရှည်ပါ။ လူကြီးတွေက အစကတည်းက အသက်ကြီးလာရင် စိတ်ဓာတ်ကျလွယ်တာ သဘာဝပါ။ အရင်ကတော့ မနက်မိုးလင်း ရုံးသွား၊ ကျောင်းသွားကြတာကြောင့် အထီးကျန်တဲ့ ဝေဒနာခံစားရပါတယ်။ ခုလို ကိုဗစ်အချိန်မို့လို့ အားလုံးရှိနေကြပေမယ့်လည်း အိမ်မှာ ပိတ်မိနေတဲ့ ခံစားချက်မျိုးပါ။ ဒါကြောင့် […]


ကူးစက်ရောဂါများ

Q center ကို သွားရတော့မယ်ဆိုခဲ့ရင် ဘာတွေ ယူသွားမလဲ။

ကိုဗစ် ပထမလှိုင်းတုန်းက ဒီလောက် မဆိုးခဲ့ပေမယ့် ဒုတိယလှိုင်းကတော့ အတော်လေး ပြင်းထန်ပါတယ်။ ကူးစက်နှုန်း မြန်သလို အသေအပျောက်လည်း များလာပါတယ်။ ဒါပေမယ့် စောစောသိ စောစော ကုသရင်တော့ ကိုဗစ်က ပျောက်ကင်းနိုင်ခြေ များပါတယ်။ ရောဂါအခံ ရှိသူတွေ သက်ကြီးရွယ်အိုတွေကတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးပေါ့။ တကယ်လို့ အမှတ်မထင် ပိုးရှိသူနဲ့ ထိတွေ့ခဲ့မိ ဆိုပါတော့။ သေချာတာက ထိတွေ့လူနာဖြစ်ခဲ့ရင် Q ဝင်ရမှာပဲလေ။ ဒီတော့ Q ဝင်တဲ့အခါ ဘာတွေ ယူသွားဖို့ လိုမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးပါမယ်။ မတော်တဆ Q ဝင်ရတဲ့အခါ ရောဂါပိုးရှိသူနဲ့ အမှတ်မထင် ထိတွေ့မှုကြောင့် Q ဝင်ရတော့မယ်ဆိုရင် အဝတ်အစား အဝတ်အစားဆိုတဲ့နေရာမှာ လှနေဖို့ သစ်လွင်နေဖို့ မလိုပါဘူး။ ဝတ်ရတာ သက်သောင့်သက်သာရှိပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သား ပွပွချောင်ချောင်လေးတွေဆို ပို အဆင်ပြေပါတယ်။ ချည်သားက […]


ကိုရိုနာဗိုင်းရပ်စ်

သာမန် ဖျားနာမှုကြောင့် အနံ့၊ အရသာ ပျောက်ခဲ့ရင်

အအေးမိတယ်။ တုပ်ကွေးဖြစ်တယ်။ သက်တော့ သက်သာလာပါရဲ့ စားလိုက်ရင် ခံတွင်းမတွေ့ဘူး။ အနံ့ကလည်း ရတစ်ချက် မရတစ်ချက်ပဲ နှာခေါင်းထဲမှာလည်း မွှန်ထူထူနဲ့ နေရထိုင်ရခက်လိုက်တာ ဆိုတဲ့ သူလေးတွေရှိလား............. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အနံ့အရသာပျောက်လို့ စားရသောက်ရ အဆင်မပြေဖြစ်နေသူလေးတွေ ဖတ်ပြီး လက်တွေ့ လုပ်ဆောင်သင့်တဲ့ ဆောင်းပါးလေးပါ။ အနံ့ပျောက်တာ ဘာတွေကြောင့်လဲ.......... အနံ့ပျောက်တာက ရောဂါအခံ တစ်ခုခုကြောင့် ဖြစ်နိုင်သလို အအေးမိတာ ဖျားတာ တုပ်ကွေး နှာစေးနှာပိတ် ထိပ်ကပ်နာ အသက်ရှူလမ်းကြောင်း ပိုးဝင်တာနဲ့ ဓာတ်မတည့်မှုတွေကြောင့် အနံ့ပျောက်နိုင်ပါတယ်။ အအေးမိတာကြောင့် အနံ့ပျောက်သွားတဲ့အခါ အအေးမိတာ၊ အသက်ရှူလမ်းကြောင်းကို ပိုးဝင်တာကြောင့် အနံ့ပျောက်တာက ပိုးတွေကို တိုက်ထုတ်ပြီးသွားတာဲ့ တဖြည်းဖြည်းချင်းပြန်ကောင်းလာတတ်ပါတယ်။ ဒီတော့ ဖျားတာကြောင့် အနံ့၊ အရသာ ပျောက်နေပြီဆိုရင် ကြက်ဆူဆီ ကြက်ဆူဆီ စစ်စစ်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို အပူပေးပါ။ ပြီးရင် အအေးခံပြီး နှာခေါင်းတစ်ဖက်စီကို တစ်စက်စီ ချပေးပါ။ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာလမှာ ဘေဘီလေးတို့ရဲ့ ခံစားချက်ကို အလေးဂရုပြုပါ

ကိုဗစ် ဒုတိယတကျော့က ပထမတကျော့ထက် တော်တော်လေး ပြင်းတယ်နော်။ ကူးစက်မှုနှုန်း မြန်သလို ကူးစက်ခံရတဲ့ အရေအတွက်ကလည်း မနည်းပါဘူး။ သေဆုံးသူအရေအတွက်ကလည်း အတော်လေးကို များနေတယ်။ ဒီကာလမှာ နေအိမ်ကနေ အပြင်မထွက်ဘဲ Stay at Home နေတာက အကောင်းဆုံးသော ကာကွယ်နည်းတွေထဲက တစ်ခုပေါ့။ ဒါပေမယ့် တစ်နေ့ကို မိုးလင်းတယ်။ အိမ်ထဲမှာ နေတယ်။ တစ်နေကုန်နေရတယ်။ မိုးချုပ်တယ်။ အိပ်ရာဝင်တယ်ပေါ့။ ဒီလိုနဲ့ လည်ပတ်နေရတာကို ကိုယ်တွေက လူကြီးမို့ ငြီးငွေ့တယ်။ ကလေးတွေကတော့ ကောင်းသားနော်။ ဘာမှ မသိဘူးလို့ မထင်လိုက်ပါနဲ့။ ဘေဘီလေးတွေလည်း စိတ်ညစ်တတ်သလို စိတ်ဖိစီးတတ်တယ်။ စိတ်ညစ်ညူးခံစားတတ်ပါတယ်။ လူ​ကြီးတွေလောက် အပူအပင် မရှိပေမယ့် သူတို့လေးတွေမှာလည်း သူတို့လေးတွေအတိုင်းအတာနဲ့ သူတို့ပါ။ Stay at Home ကာလမှာ ဘေဘီလေးတွေ စိတ်ညစ်သလား။ ဘယ်လိုမေးတာပါလိမ့်။ စိတ်ညစ်တာပေါ့။ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာလမှာ ကလေးတွေကို ဒီနည်းလမ်းတွေနဲ့ ထိန်းကျောင်းပါ။

ကိုဗစ်ကာလဖြစ်တာကြောင့် လူတိုင်းက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ အနည်းနဲ့ အများတော့ရှိကြပါတယ်။ ဒီထဲမှာ ကလေးတွေလည်း ပါတာပေါ့။ အရင်ကဆို ကျောင်းသွားရတယ်။ သူငယ်ချင်းတွေနဲ့ ဆော့ရတယ်။ အပြင်ထွက် မုန့်စားရတယ်။ ခုတော့ အိမ်မှာပဲ နေရတယ်။ ကျောင်းလည်း မသွားရဘူး။ သူငယ်ချင်းတွေနဲ့ မတွေ့ရတော့ဘူး။ သူတို့လေးတွေမှာလည်း ခံစားချက်ရှိတာမို့လို့ ဒီလိုအပြောင်းအလဲကို လက်ခံနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒီတော့ မိဘတွေ အနေနဲ့ ကလေးကို ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ New normal နည်းလမ်းတွေနဲ့ ကလေးကို ပြုစုပျိုးထောင်ဖို့ လိုအပ်ပါတယ်။ ကိုဗစ်မတိုင်ခင်က ကလေးကို ဘယ်လိုထိန်းကျောင်းခဲ့သလဲဆိုရင် ကိုဗစ်မတိုင်ခင်ကဆိုရင် မနက်မိုးလင်းတာနဲ့ မိဘတွေလည်း အလုပ်သွား၊ ကလေးတွေလည်း ကျောင်းသွား၊ မူကြိုသွား စသဖြင့် အသီးသီး ထွက်သွားကြပါတယ်။ ညနေလောက်မှ ပြန်ဆုံတာပါ။ အိမ်ပြန်ရောက်တော့လည်း ကလေးတွေလည်း အိမ်စာလုပ်၊ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ကို ဘယ်လိုစစ်လို့ရသလဲ။

COVID-19 ရှိမရှိ စစ်ဆေးတဲ့အခါမှာ Antigenကို စစ်တာရယ်၊ ထွက်လာတဲ့ ခုခံအား Antibodyကို စစ်တာရယ်ဆိုပြီး ရှိပါတယ်။ ဒါတွေက ဘယ်လောက်တိကျသလဲ။ ဘယ်လိုအားနည်းချက်တွေရှိသလဲဆိုတာ သိထားဖို့ လိုပါတယ်။ COVID-19 ကို ဘယ်လိုစစ်လို့ရသလဲ။ ကိုဗစ်ကို စစ်လို့ရတဲ့ နည်းတွေကတော့ Molecular test RT-PCR (Real time polymerase chain reaction)လို့ ခေါ်ပါတယ်။ ရောဂါဖြစ်စကနေပြီး ခုထိစစ်ခဲ့တာ ဒီနည်းနဲ့ပါ။ လူနာဆီကနေ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ကို ယူပြီး စစ်ဆေးတာပါ။ ဒီတို့ဖတ်မှာပါတဲ့ ဗိုင်းရပ်စ်ကို ခေတ်မီစက်ကြီးတွေသုံးပြီး ကျွမ်းကျင်ပညာရှင်တွေက စစ်ဆေးပေးတာပါ။ အားသာချက်က တော်တော်တိကျပါတယ်။ ကိုဗစ်အတွက် gold standardပါ။ လက်ရှိမှာ အတိကျဆုံးနည်းလမ်း ဖြစ်ပါတယ်။ အားနည်းချက်ကတော့ အချိန်စောင့်ရပါတယ်။ နေ့ချင်းရတယ်ဆိုပေမယ့် ၂နာရီကနေ ၅နာရီလောက်တော့ ကြာပါတယ်။ နယ်ကပို့လာတယ်ဆိုရင် ကြားထဲမှာ သယ်ယူပို့ဆောင်တဲ့အချိန်တွေကို […]


ကိုရိုနာဗိုင်းရပ်စ်

အစားအစာများမှ ကိုဗစ်ပိုးကူးနိုင်ခြေနည်းကြောင်း ပညာရှင်များပြောကြား

ပညာရှင်တွေ ပြောကြားချက်အရ ပြင်းထန်အဆုတ်ရောင် ကိုဗစ်ရောဂါ (Covid-19) ကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေကို အစားအစာကနေ ကူးစက်နိုင်ခြေ မရှိသလောက် နည်းတယ်လို့ သိရပါတယ်။ ဒီလို ကပ်ဘေးကာလမှာ အိမ်ရဲ့ စားဝတ်နေရေးအတွက် ဝယ်ခြမ်းချက်ပြုတ်နေရတဲ့ အိမ်ထောင်ရှင် အမျိုးသမီးများအတွက်တော့ ရင်အေးစရာ သတင်းလို့ ဆိုရမှာပါပဲ။ အစားအစာတွေထဲမှာဆိုရင် ၁။ အသားစိမ်း၊ ငါးစိမ်း ပုံမှန်ကတော့ အသားငါး အစိမ်းတွေမှာ သူ့ဟာနဲ့သူ ရောဂါပိုးတွေကတော့ ပါပြီးသားဖြစ်သလို Covid-19 ပိုးလည်း ကပ်တော့ ကပ်သွားနိုင်ပါတယ်။ ဒါပေမယ့် အပူပေးပြီး ချက်ပြုတ်ကြော်လှော်လိုက်တဲ့အခါ ပြင်းထန်တဲ့ အပူချိန်ကြောင့် ရောဂါပိုးတွေဟာ အစားအသောက်မှာ ကျန်ရစ်ခဲ့တော့မှာ မဟုတ်ပါဘူး။ ဒီအတွက် ကပ်ဘေးကာလမှာ အသားငါးတွေကို သေချာကျက်နေအောင် ချက်ပြုတ်ဖို့တော့ အရေးကြီးပါတယ်။ ၂။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် ဟင်းသီးဟင်းရွက်တွေကို အစိမ်းစားတာလည်း ရှိသလို ချက်ပြုတ်စားသောက်တာလည်း ရှိပါတယ်။ […]


ကိုရိုနာဗိုင်းရပ်စ်

အနံ့ပျောက်ရင် ဘာလုပ်ရမလဲ။

ခုတလော အနံ့ မရတော့ဘူးဆိုရင် ကိုဗစ်ပဲဆိုပြီး စိုးရိမ်မှုတွေ အတော်လေး များနေကြပါတယ်။ ကိုယ်ပူတယ်၊ ခေါင်းကိုက်လိုက်တာ၊ ချောင်းဆိုးနေပြီဆိုရင် ရုတ်ရက် ဘာ လှမ်းမေးမိလဲ။ ဟဲ့...... အနံ့ ရသေးရဲ့လား ဆိုတာဟုတ်။ အင်း..... အနံ့ ရတယ်ဆိုရင်။ ဟယ် ကိုဗစ်မဟုတ်ပါဘူး။ ရိုးရိုး ဖျားတာနေမယ်။ အိပ်ရေးပျက်လို့ ခေါင်းကိုက်တာနေမယ်။ ဘာစားမိလို့တုန်း။ အချိုစာများ စားမိသေးလားဆိုတာနဲ့ အဆုံးသတ်သွားတယ်။ ခံစားနေရသူမှာလည်း စိတ်သက်သာရာကို ရလို့။ ကဲ... အခုတစ်ခေါက်တော့ အနံ့ပျောက်နေရင် ဘယ်လို လုပ်ရမလဲဆိုတဲ့ စမ်းသပ်နည်းလေး တစ်ခုကို ပြောပြပေးသွားမယ်နော်။ အနံ့ ပျောက်တာ ကိုဗစ် တစ်ခုတည်းကြောင့် မဟုတ်ပါ။ ကိုဗစ်ကြောင့် မဟုတ်ဘဲ ဒီအချက်တွေကြောင့်လည်း အနံ့ပျောက်နိုင်ပါတယ်။ ဖျားတာ အသက်အရွယ်ကြီးလာတာ အသက်ရှူလမ်းကြောင်း အထက်ပိုင်းပြဿနာရှိတာ ဆေးလိပ်သောက်တာ ဦးခေါင်းထိခိုက်မိတာ ဟော်မုန်းပြဿနာ ရှိတာ သွားနဲ့ခံတွင်း […]


ကိုရိုနာဗိုင်းရပ်စ်

Covid-19 ကာကွယ်ဖို့အတွက် WHOမှ ချမှတ်ထားသော နေ့စဉ်လိုက်နာရမည့်အချက်များ

လက်ရှိမြန်မာနိုင်ငံမှာ Covid-19 ကူးစက်ခံလူနာအရေအတွက် နေ့စဉ်များပြားလာတာနှင့်အမျှ ပိုမိုကြောက်ရွံလာသူများရှိသလို ယခင်ကလောက် အာရုံမထားတော့ပဲ ပေါ့ပေါ့ဆဆနေလာသူများလည်း ရှိနေပါတယ်။ မည်သို့ပင်ဖြစ်စေ မိမိတွင် ကူးစက်တဲ့အခါ မိသားစုဝင်များနှင့် မိတ်ဆွေတွေကိုပါ ကူးစက်နိုင်ပြီး နောက်ဆက်တွဲကိစ္စရပ်များစွာကြောင့်လည်း စိတ်ရှုပ်ထွေးရမှာမို့ မပေါ့ဆဘဲ နေ့စဉ်လိုက်နာသင့်တာတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ WHO Guidelines တွေအရ ကျွန်မတို့နေ့စဉ်လိုက်နာရမယ့် အခြေခံအချက်အလက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ လက်ကို ဆပ်ပြာနှင့် ရေ အသုံးပြုပြီး အနည်းဆုံး စက္ကန့်၂၀ကြာအောင် ဆေးကြောပါ။ ရေနှင့်ဆပ်ပြာ မရရှိပါက အယ်ကိုဟော ၆၀ရာနှုန်းအနည်းဆုံးပါတဲ့ လက်သန့်ဆေးရည်ဖြင့် ဆေးကြောပေးပါ။ လက်ကိုမကြာခဏ သန့်စင်ပေးဖို့ အရေးကြီးပါတယ်။ အိမ်ပြင်သို့ မဖြစ်မနေ အခြေအနေမှထွက်သင့်ပြီး အပြင်ဘက်ရှိ လူများနှင့် အနည်းဆုံး၆ပေအကွာတွင် နေပါ။ ဒီလိုနေခိုင်းရခြင်းကတော့ ရောဂါရှိသူတစ်ဦး ချောင်းဆိုးခြင်း၊ နှာချေခြင်းနှင့် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း