ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကိုရိုနာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကြောင့် အိပ်မပျော် တဲ့ Coronasomiaကို ကျော်လွှားနိုင်ဖို့

ကိုဗစ်ကာလမှာ အိပ်မပျော် တဲ့ လူဦးရေက အရင်ကထက်ပိုပြီး များလာပါတယ်။ ဒါကို ကိုဗစ်ကြောင့် အိပ်မပျော်ခြင်း Coronasomiaလို့ ခေါ်ပါတယ်။ ဒီလိုသာ အိပ်မပျော်ဘူးဆိုရင် ကြာလာရင် ပစ်လဲသွားမှာပါ။ ဒီတော့ ကြိုးစားပြီး အိပ်ကြည့်ရအောင်။ ကိုဗစ်ကာလမှာ ဘာကြောင့် အိပ်မပျော် ရတာလဲ။ အဓိကကတော့ ကိုဗစ်ရောဂါကြောင့်ပါပဲ။ အပြင်မထွက်ရဘဲ အိမ်ထဲမှာပဲ အောင်းနေရတယ်။ လူတွေနဲ့ ထိတွေ့ဆက်ဆံမှု မရှိတော့ဘဲ အထီးကျန်တယ်။ အလုပ်တွေ၊ ကျောင်းတွေ ရပ်လိုက်ရတာကြောင့် ရည်မှန်းထားတာတွေ ပျက်စီးသွားတာ၊ တချို့တွေဆို ရောဂါကြောင့် အလုပ်တွေ ရပ်လိုက်ရတာ၊ အလုပ်ပြုတ်သွားတာ၊ ဒီထက်ဆိုးတဲ့ အခြေအနေမှာ ချစ်ခင်ရတဲ့လူတွေ ကူးစက်ခံရတာ၊ ကွယ်လွန်သွားတာ စတာတွေကြောင့် ဖြစ်ပါတယ်။ ဒီလောက်ဆိုးတဲ့ အတွေ့အကြုံတွေ ခံစားနေရမှတော့ အိပ်မပျော်တာ ဆန်းတော့ မဆန်းပါဘူး။ အိပ်မပျော်တာအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်တဲ့ စိတ်ဓာတ်ကျတာ၊ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မေမေတွေ COVID-19 ကာကွယ်ဆေး ထိုးလို့ရလား.....

ကိုဗစ် ဖြစ်ပွားခဲ့တာလည်း  ၂ နှစ်လောက် ရှိလာချိန်မှာ ကာကွယ်ဆေးတွေလည်း ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီ အသီးသီးရဲ့ ကြိုးပမ်းမှုနဲ့အတူ ကာကွယ်ဆေးကို နိုင်ငံ အသီးသီးက တံဆိပ် အမျိုးမျိုးနဲ့ထုတ်လုပ်နေကြပြီဖြစ်ပါတယ်။ ကာကွယ်ဆေးတွေ ထွက်လာသလို  ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကလည်း အဖုံဖုံပါ။ ကိုယ်ဝန်ဆောင်နေရင် ကာကွယ်ဆေး ထိုးလို့ ရပါ့မလား။ ကာကွယ်ဆေး ထိုးပြီး နောက်ဆက်တွဲ ဘာ​တွေ ဖြစ်မလဲကစလို့ အမျိုးမျိုးပါ။ ဒီအမျိုးမျိုးတွေထဲကမှ အခုတစ်ခေါက်တော့ ကိုယ်ဝန်ဆောင် မေမေတွေ နဲ့ နို့တိုက်မိခင်တွေ ကာကွယ်ဆေး ထိုးလို့ ဖြစ်ပါ့မလားဆိုတဲ့ မေးခွန်းလေးတွေနဲ့ ပတ်သက်ပြီး ဖြေပေးသွားပါမယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မေမေတွေ COVID-19 ကာကွယ်ဆေး ထိုးလို့ရလား..... ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မေမေတွေ COVID-19 ကာကွယ်ဆေး ထိုးလို့ရလား..... အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း COVID-19 […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် လိင်ဆက်ဆံ လို့ရပြီလဲ

ကိုဗစ် တတိယလှိုင်းစတာ တစ်လလောက်ရှိပြီ။ ပြန်ကောင်းတဲ့ သူတွေကလည်း ပြန်ကောင်းပြီဆိုတော့ နာလန်ထပြီး ထူထူထောင်ထောင် ဖြစ်လာကြပြီ။ ခုတလော ပေ့ချ်မှာ ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းလာပြီ။ လိင်ဆက်ဆံ လို့ရပြီလားလို့ လာမေးကြလို့ ဒီမှာပဲ တစ်ပေါင်းထဲ ဖြေပေးလိုက်ပါတယ်။ ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် လိင်ဆက်ဆံ လို့ ရပြီလဲ။ တစ်ယောက်ပဲ ဖြစ်ဖြစ်၊ နှစ်ယောက်လုံးပဲ ဖြစ်ဖြစ် ကိုဗစ်ဖြစ်ပြီးသွားပြီ၊ လိင်ဆက်ဆံတော့မယ်လို့ ဆိုရင် အောက်က အချက်တွေနဲ့ ကိုက်ညီရပါမယ်။ ရောဂါလက္ခဏာပြပြီး ၁၁ရက် ကျော်တာ ဖြစ်ရပါမယ်။ ပြင်းထန်လူနာဆို ၂၁ရက်ထိ စောင့်သင့်ပါတယ်။ ရက်ပြည့်ပြီးတဲ့အပြင် အဖျားလည်း မရှိရပါဘူး။ အဖျားကျဆေး မသောက်ဘဲ လူကောင်းလို အဖျားမရှိတာမျိုး ဖြစ်ရပါမယ်။ တခြား ကိုဗစ်လက္ခဏာတွေလည်း မရှိရတော့ပါဘူး။ ဥပမာ ချောင်းဆိုးတာ၊ မောတာ ဒီသုံးချက်လုံးနဲ့ ကိုက်ညီမှ လူနာကို […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကြောင့် အိပ်မပျော်ခြင်း Coronasomia

နဂိုတည်းကလည်း ခေတ်သစ်လူနေမှု ပုံစံအရ အိပ်ချိန်မှန်ဖို့၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ အတော့်ကို ကြိုးစားနေရတဲ့ လူ့အဖွဲ့အစည်းမှာ ကပ်ရောဂါဖြစ်လာတော့ ပိုဆိုးလာရော။ လေ့လာချက်တွေအရ ကပ်ဘေးကာလမှာ လူ၁၀ယောက်မှာ ၄ယောက်က အိပ်ရခက်တဲ့ ပြဿနာကို ရင်ဆိုင်နေရပါတယ်တဲ့။ အိပ်စက်ခြင်း ပညာရှင်တွေကတော့ ကိုရိုနာကြောင့် ဖြစ်တဲ့ အိပ်မပျော်တာကို နာမည်လှလှလေး ပေးထားပါတယ်။ Corona ကြောင့်ဖြစ်တဲ့ insomia  Coronasomia ပါတဲ့။ Coronasomia ဆိုတာ Coronasomia ဆိုတာ ကပ်ဘေးကာလမှာ ကြုံရတဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေ၊ စိုးရိမ်စိတ်တွေ၊ စိတ်ကျတာတွေ၊ စိတ်ဖိစီးတာတွေကို ခေါ်တာပါ။ စိုးရိမ်စိတ်များတဲ့၊ စိတ်ကျတဲ့သူတွေက အိပ်မပျော်တာ မထူးဆန်းပေးမယ့် Coronasomia ကနည်းနည်းတော့ ဆန်းပါတယ်။ သူက COVID-19 ကပ်ရောဂါကြောင့် ဖြစ်တာပါ။ အများစုမှာ အိပ်မပျော်တဲ့ ပြဿနာက ကပ်ဘေးကာလမှာ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်လူနာ ကို အိမ်မှာ ပြုစုမယ်ဆိုရင် ဘာတွေ စောင့်ကြည့်ရမလဲ။

လက်ရှိအခြေအနေအရ ကိုဗစ်လူနာ တွေကို အိမ်မှာပဲ ထားတာများတဲ့အတွက် လူနာစောင့်ရဲ့ အခန်းကဏ္ဍက အများကြီး အရေးပါလာပါပြီ။ လူနာစောင့်တော်ပြီး လူနာကလည်း ပြောစကား နားထောင်မယ်ဆိုရင် ဒီရောဂါဆိုးကြီးကို ကျော်လွှားနိုင်မှာပါ။ ကိုဗစ်လူနာ ကို အိမ်မှာ ကုမယ်ဆိုရင် ဘာတွေ  စီစဉ်ထားသင့်လဲ။ လူနာအနေနဲ့ ကိုဗစ်သံသယလက္ခဏာတွေ ပြလာပြီဆိုရင် မပေါ့ဆသင့်ပါဘူး။ ရေချိုးမှားလို့ ဖျားတာ၊ အစားမှားလို့ ချောင်းဆိုးတာဆိုပြီး ကိုယ့်ကိုယ်ကို မလှည့်စားပါနဲ့။ ဒီအချိန်မှာ ဒါမျိုးတွေ ဖြစ်တယ်ဆို ကိုဗစ်လို့ သံသယဖြစ်လိုက်ပါ။ ဆေးစစ်ချင်စစ်ပါ။ Test kitနဲ့ စစ်တာ၊ PCRစစ်တာ လုပ်လို့ရပါတယ်။ ဒီဟာတွေ စစ်လို့ နဂ္ဂတစ်ထွက်လည်း စိတ်ချလို့မရပါဘူး။ အထူးသဖြင့်  test kitပါ။ သူကိုယ်တိုင်လည်း အဖြေမှားပြနိုင်သလို စစ်တဲ့ရက် လွဲနေရင်၊ စစ်တဲ့နည်း မှားနေရင် အဖြေမှန်ရမှာ မဟုတ်ပါဘူး။ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်လူနာ ကို အောက်ဆီဂျင် ဘယ်လောက်ပေးကြမလဲ။

ကိုဗစ်လူနာ တွေမှာ အောက်ဆီဂျင်ကျပြီဆိုရင် အောက်ဆီဂျင်ပေးကြရပါပြီ။ သာမန်အချိန်မှာ လူတွေက လေထဲက အောက်ဆီဂျင်ကို ရှူတာနဲ့တင် လုံလောက်နေတဲ့အတွက် သီးသန့်ပေးစရာ မလိုပါဘူး။ ကိုဗစ်လူနာတွေမှာတော့ အဆုတ်ထိခိုက်ပြီး ရှူသလောက် မရတော့ဘူးဆိုရင် အပြင်ကနေ အပိုဆောင်း အောက်ဆီဂျင်ထပ်ပေးရပါပြီ။ ဒီအခါ ပေးပုံပေးနည်း မှန်ဖို့ လိုပါတယ်။ ကိုဗစ်လူနာ ကို အောက်ဆီဂျင် ပေးရာမှာ တွေ့ရတတ်တဲ့ အလွဲများ အောက်ဆီဂျင်ကို လေထဲက ရှူနေရတာ မဟုတ်ဘဲ စလင်ဒါက၊ စက်တွေက ပေးမယ်ဆို 'ဆေး' ဖြစ်သွားပါပြီ။ ဆေးအနေနဲ့ သုံးရပြီဖြစ်တဲ့အတွက်  ဆရာဝန်ရဲ့ ညွှန်ကြားချက်လိုလာပါပြီ။ ဒါကြောင့် အောက်ဆီဂျင်လိုတဲ့ လူနာကို မိသားစုဝင်တွေက ကိုယ့်သဘောနဲ့ ကိုယ် အောက်ဆီဂျင် မပေးသင့်ပါဘူး။ အရေးပေါ်အခြေအနေမို့လို့ အောက်ဆီဂျင် ပေးထားလိုက်ပြီဆိုရင်လည်း ဆရာဝန်တစ်ယောက်ယောက်နဲ့ အမြန်ပြသင့်ပါတယ်။ အောက်ဆီဂျင်လိုတဲ့ ကိုဗစ်လူနာက […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်မျိုးဗီဇအသစ် lambda variant

ဒယ်တာကတောင် မပြီးသေးဘူး။ နောက်တစ်မျိုးလာပြန်ပါပြီ။ ဒီတစ်ခါကတော့ lambda variant လမ်ဒါမျိုးကွဲပါ။ ဗိုင်းရပ်စ်ရဲ့ သဘောတရားအရ အချိန်ကြာလာတဲ့အမျှ မျိုးဗီဇတွေ ပြောင်းပြောင်းလာတတ်တော့ ဒီတစ်ခေါက် မျိုးကွဲကရော ဘာတွေများ ထူးခြားမလဲ။ lambda variantဘယ်ကစ lambda variantကို ၂၀၂၀ ဒီဇင်ဘာလမှာ ပီရူးနိုင်ငံမှာ စတင်တွေ့ရှိခဲ့တာပါ။ ဒီကနေမှ WHOက Variant of Interest (VOI) စောင့်ကြည့်ရမယ့် စာရင်းထဲကို ထည့်ထားတာ ၂၀၂၁ ဇွန်လ ၁၄ရက်နေ့ကပါ။ ခုဆိုရင်တော့ ယူကေ၊ ယူအက်စ်အပါ နိုင်ငံပေါင်း ၃၀လောက်ကို ခြေဆန့်ပြီးပါပြီ။ သြဂုတ်လ လဆန်းပိုင်းက ဂျပန်နိုင်ငံမှာ စတွေ့ထားပါတယ်။ lambda variant က တခြားမျိုးကွဲတွေနဲ့ ဘာကွာလဲ။ WHOရဲ့ VOIစာရင်းထဲဝင်ဖို့ဆိုရင် ဒီမျိုးကွဲက -ကူးစက်နှုန်း၊ ရောဂါပြင်းထန်နှုန်း၊ ကာကွယ်ဆေးပြီးတာ၊ ရောဂါရှာဖွေတာနဲ့ ကုသရာမှာ အခက်အခဲတွေ့နိုင်တယ်လို့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာလမှာ ဘာတွေ မစားသင့်ဘူးလဲ.......

COVID - 19 ဗိုင်းရပ်စ်က ကိုယ်ခံအားစနစ် တစ်ခုလုံးကို ထိခိုက်စေသလို ကိုယ်အလေးချိန် ကျတာ၊ အားနည်းတာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ကိုဗစ် ကူးစက်ခံရတဲ့အခါ ဗိုင်းရပ်စ်ကို အကောင်းဆုံး တုံ့ပြန် တိုက်ထုတ်ဖို့အတွက် ဆေးဝါး အကူအညီ လိုအပ်သလို အစားအစာကိုလည်း အာဟာရပြည့်ဝအောင် မှန်မှန်ကန်ကန် စားသုံးမိဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ကိုဗစ်ကာလမှာ ဘာတွေ မစားသင့်ဘူးလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ ကိုဗစ်ကာလမှာ မေ့မထားသင့်တဲ့ အချက်တစ်ခု ကိုဗစ်ကာလမှာ မေ့မထားသင့်တဲ့ အချက် တစ်ခုက အာဟာရ ပြည့်ဝမျှတအောင် စားဖို့ပါ။ အာဟာရ ပြည့်ဝမျှတအောင် စားသုံးတာက ကိုဗစ်ကို ကာကွယ်နိုင်သလို ကိုဗစ် ကူးစက်ခံရရင်လည်း ခံနိုင်ရည် ရှိအောင် ထောက်ကူပေးပါတယ်။ ကိုဗစ်ကာလမှာ ကျန်းမာစေဖို့ အာဟာရ ပြည့်ဝအောင် စားသုံးဖို့ လိုတယ်ဆိုပေမယ့် အစားအစာတိုင်းက […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ရောဂါ ကို ပြင်းပြင်းထန်ထန် ခံစားရနိုင်သူများ

ကိုဗစ်ရောဂါ နဲ့ ပတ်သက်လာရင် တချို့က တုပ်ကွေးလို လက္ခဏာတွေနဲ့ ပြန်လည်သက်သာသွားကြပေမယ့် တချို့က ပြင်းထန်တဲ့ ဝေဒနာတွေ  ခံစားရပြီး အောက်ဆီဂျင်ရှူရတဲ့အဆင့်အထိ ရောက်ကြပါတယ်။ ဒီတော့ ဘယ်လိုလူတွေက ကိုဗစ်ဖြစ်ရင် ပိုပြီးပြင်းပြင်းထန်ထန် ခံစားရနိုင်လဲဆိုတာ လေ့လာကြည့်ရအောင်။ ကိုဗစ်ရောဂါ ပြင်းပြင်းထန်ထန် ခံစားရတယ်ဆိုတာ ကိုဗစ်ရောဂါရှိနေတဲ့ သူတစ်ယောက်က ဆေးရုံတက်ရလောက်တဲ့ အနေအထားဖြစ်တယ် အထူးကြပ်မတ်ဆောင်မှာ ကုသရတယ် အသက်ရှူစက်တင်ရတယ် အသက်အန္တရာယ်ရှိတဲ့ အနေအထားကို ရောက်ခဲ့တယ်ဆိုရင် ပြင်းထန်တယ်လို့ ပြောလို့ရပါတယ်။ ဘယ်လိုလူတွေက ပြင်းထန်ကိုဗစ်ဖြစ်နိုင်သလဲ။ အသက်ကြီးတဲ့သူတွေ အရွယ်မရွေး ကိုဗစ်ရောဂါ ကူးစက်နိုင်တယ်ဆိုပေမယ့် လူလတ်ပိုင်းနဲ့ လူကြီးပိုင်းက အများဆုံး အကူးခံရပါတယ်။ ပြင်းထန်ကိုဗစ်ဖြစ်နိုင်ခြေက အသက်ကြီးလာလေလေ ဖြစ်နိုင်ခြေ များလေလေပါ။ ၈၅နှစ်နဲ့အထက်ဆိုရင်တော့ အဆိုးဆုံးပေါ့။ ဒါ့ပြင် အသက်လည်း ကြီးမယ်။ ရောဂါအခံလည်း ရှိမယ်ဆိုရင်တော့ ပိုပြီး ပြင်းထန်နိုင်ခြေ များပါတယ်။ အထူးသဖြင့် ဘိုးဘွားရိပ်သာလိုမျိုး […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကနေ ပြန်လည်ကျန်းမာလာတဲ့အခါ ကိုယ်ခံအား အမြန်ဆုံး ပြန်ပြည့်စေဖို့

အခုလက်ရှိ မြန်မာနိုင်ငံမှာ အသေအပျောက်များတဲ့ ကိုဗစ်လှိုင်းကို ရင်ဆိုင်နေရပါတယ်။ ဒီကာလမှာ ကိုဗစ်ကြောင့် သေဆုံးသွားရသူတွေ ရှိသလို ကိုဗစ်ကနေ ပြန်လည် ကျန်းမာလာသူတွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ ကိုဗစ်ကနေ ပြန်လည်ကျန်းမာလာတဲ့အခါ ကိုယ်ခံအား အမြန်ဆုံး ပြန်ပြည့်စေဖို့ ဘာတွေလုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ကိုဗစ်ကနေ ပြန်လည်ကျန်းမာလာပေမယ့် ရုတ်တရက် သေဆုံးမှုတွေကလည်း မနည်းပါဘူး။ ကိုဗစ်ကနေပြီးတောင် ပြန်ကောင်းလာတယ်။ အခုဆို ၂၁ ရက်တောင် ကျော်နေပြီ။ ဒီနေ့မှ ရုတ်တရက်ကြီး အကောင်းကြီးကနေ ဆုံးပါးသွားတယ်ဆိုတာမျိုးတွေက ကိုဗစ်ကနေ နာလန်ထလာချိန်မှာ လိုက်နာရမယ့် အချို့အချက်လေးတွေကို မလိုက်နာမိတာကြောင့် ဖြစ်ရတာပါ။ ရောဂါအခံ ရှိတာကြောင့်လည်း ပါတာပေါ့လေ။ ဒီလို နာလန်ထချိန်မှာ ရုတ်တရက် သေဆုံးမှုတွေ မဖြစ်စေဖို့အတွက် မဖြစ်မနေ ဂရုစိုက်ဖို့ လိုမယ့် တစ်ချက်က ကိုယ်ခံအားပြည့်ဝလာစေဖို့ ပါ။ ကိုယ်ခံအား […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း