ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်က နာလန်ထ ပြီး ရုတ်တရက် သေဆုံးရတဲ့ အကြောင်းရင်း

ကိုဗစ်ဖြစ်ပြီးသွားပြီး ၁၄ရက် ဒါမှမဟုတ်  ရက် ၂၀ကျော်နေပြီ။ နာလန်ထ ချိန်မှာ ရုတ်တရက် လဲပြီး အသက်ပါပါသွားတယ်တို့၊ ပြန်သက်သာပြီးမှ အခြေအနေဆိုးသွားတယ်တို့ ပြောတာ ကြားဖူးမှာပါ။ ကိုဗစ်က ၁၄ရက်၊ ၂၁ရက်ကျော်သွားရင် သက်သာလာပြီလို့ပဲ ပြောလို့ရသေးတာပါ။ ၃လလောက် ဆက်ပြီးတော့ ဂရုစိုက်ရပါဦးမယ်။ ဘာကြောင့်လဲဆိုတော့ ကိုဗစ်မှာ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိနေလို့ပါပဲ။ ကိုဗစ်ကနေ နာလန်ထ ပြီး ရုတ်တရက် သေဆုံးရတဲ့ အကြောင်းအရင်း ကိုဗစ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေထဲမှာ သာမန် အမောမခံနိုင်တာ၊ ချောင်းဆိုးတာ၊ အနံ့ပျောက်တာတွေ ကျန်ခဲ့တာ စတဲ့အပရိကလက္ခဏာလေးတွေ ခံစားရနိုင်သလို အသက်ပါပါသွားလောက်အောင် ပြင်းထန်တဲ့ နောက်ဆက်တွဲရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေကတော့ သွေးခဲပြဿနာ ကိုဗစ်ဗိုင်းရပ်စ်ကိုယ်တိုင်ကလည်း သွေးခဲတာကို ဖြစ်စေနိုင်သလို လူနာက အိပ်ရာထဲမှာ အကြာကြီးလှဲနေရတာ၊ ရေသောက်နည်းတာ စတာတွေကလည်း သွေးခဲစေပါတယ်။ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာလမှာ သွေးတွင်းအောက်ဆီဂျင် ကို အခုလို မြှင့်တင်ပါ။

အခုလို ကိုဗစ်ကာလမှာ အများဆုံး ကြားနေရတဲ့ စကားတစ်ခွန်းက သွေးတွင်းအောက်ဆီဂျင် ကျတယ်ဆိုတဲ့ စကားပါ။ COVID-19 ကို ခံစားနေရသူတွေဟာ သွေးတွင်းအောက်ဆီဂျင် ပမာဏ အလွန်အကျွံ ကျဆင်းရာကနေ အသက်ဆုံးရှုံးသွားကြတာ များပါတယ်။ ဒီတစ်ခေါက်တော့ အခုလို ကိုဗစ်ကာလမှာ သွေးတွင်းအောက်ဆီဂျင်ကို ဘယ်လို မြှင့်တင်မလဲဆိုတာကို ပြောပြပေးသွားပါမယ်။ သွေးတွင်းအောက်ဆီဂျင်ဆိုတာ ဘာလဲ...... သွေးတွင်းအောက်ဆီဂျင်ဆိုတာက သွေးနီဥဆဲလ်လေးတွေထဲမှာ သယ်ဆောင်ထားတဲ့ အောက်ဆီဂျင်ပမာဏပါ။ ဒါက အခြား အချိန်တွေမှာ မကြာခဏ စစ်ဆေးဖို့ မလိုပေမယ့် အခုလို ကိုဗစ်ကာလမှာတော့ နေ့တိုင်း နီးပါး စစ်ဆေးဖို့ လိုပါမယ်။ အချို့ရောဂါ ကူးစက်ခံရသူတွေမှာ ဘာလက္ခဏာမှ မပြဘဲ သွေးတွင်းအောက်ဆီဂျင်ပဲ ကျဆင်းနေတာကြောင့် ကျန်းမာရေးကို ဂရုစိုက်ဖို့ဆိုရင် အခုလိုကာလမှာ သွေးတွင်းအောက်ဆီဂျင် ပမာဏကို နေ့စဉ် စစ်ဆေးတိုင်းတာဖို့ လိုပါမယ်။ သွေးတွင်းအောက်ဆီဂျင် ကျလာတဲ့အခါ ဘယ်လို ခံစားရမလဲ....... အောက်ဆီဂျင် […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်လူနာတွေ ခြေထောက်သွေးပြန်ကြော သွေးမခဲစေဖို့

ကိုဗစ်လူနာတွေမှာ အိပ်ရာထဲလှဲနေတာများလို့ရော၊ ရောဂါကိုယ်တိုင်က ဆဲလ်တွေကို ရောင်ရမ်းစေလို့ရော ခြေထောက်သွေးပြန်ကြော တွေမှာ သွေးခဲပိတ်တတ်ပါတယ်။ ဒီသွေးခဲတွေက ပြုတ်ထွက်သွားလို့ အခန့်မသင့်ရင် အဆုတ်သွေးကြောမှာ ပိတ်ပြီး အသက်အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ ကိုဗစ်ဖြစ်ပြီး နာလန်ထလာတဲ့ လူတွေရုတ်တရက်လဲကျသေဆုံးသွားတယ်ဆိုတာ ဒါကြောင့်လည်း ပါပါတယ်။ ဆရာဝန်တွေ အနေနဲ့ လူနာက သွေးခဲနိုင်တဲ့ အနေအထားဆိုရင် သွေးကျဲဆေးတွေ ထိုးပေးလေ့ရှိပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ လူနာက ထိုးလို့မရတဲ့ အခြေအနေမို့လို့၊ ထိုးရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလို့၊ ဆေးဝယ်ဖို့ မတတ်နိုင်လို့ မထိုးရတာမျိုး ရှိပါတယ်။ ဒီလိုဆိုရင်တော့ အောက်က နည်းလမ်းတွေနဲ့ ကာကွယ်ဖို့ အကြံပေးပါရစေ။ ခြေထောက်သွေးပြန်ကြော သွေးမခဲစေဖို့ ဆွဲသားခြေအိတ် ဝတ်ပါ။ အမြင်မှာ မြင်နေကျ ဆွဲသားခြေအိတ် မဟုတ်ပါဘူး။ သွေးခဲတာကို ကာကွယ်ဖို့ ထုတ်ထားတဲ့ ခြေအိတ်ပါ။ Compression stockings လို့ […]


ကိုရိုနာဗိုင်းရပ်စ်

စပ်မိစပ်ရာ Covid – 19 ရေးရာ

ကိုရိုနာဗိုင်းရပ်စ် (Covid – 19) က မျိုးဗီဇ ပြောင်းလဲမှုနဲ့အတူ ကိုဗစ်တွေက တစ်လှိုင်းပြီး တစ်လှိုင်းဖြစ်ပေါ်နေပါတယ်။ ကိုဗစ် တစ်လှိုင်းပြီး တစ်လှိုင်းဖြစ်ပေါ်မှုနဲ့အတူ စာဖတ်သူတွေရဲ့ စိတ်ထဲမှာ စိုးရိမ်စိတ်တွေနဲ့အတူ သိချင်စိတ်တွေလည်း များနေမယ် ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုဗစ်နဲ့ ပတ်သက်ပြီး စာဖတ်သူတွေ ဇဝေဇဝါဖြစ်နေနိုင်တဲ့ အကြောင်းလေးတွေကို ပြောပြပေးသွား ပါမယ်။ စပ်မိစပ်ရာ Covid – 19 ရေးရာ ကိုဗစ်က ရေကနေတဆင့် ကူးနိုင်လား……… အခုထိတော့ ကိုဗစ်က သောက်သုံးရေတွေ၊ ချိုးရေနဲ့ အခြားသော ရေအရင်းအမြစ်တွေမှာ ရှင်သန်နေထိုင်နိုင်တယ်ဆိုတဲ့ သက်သေ မတွေ့ရသေးပါဘူး။ သောက်သုံးရေတွေကို သန့်ရှင်းအောင် ဂရုစိုက်တာ၊ ကလိုရင်း ခတ်တာလိုမျိုး လုပ်တာကတော့ အကောင်းဆုံး ဖြစ်မှာပါ။ ကိုဗစ်က အစားအစာတွေကနေတဆင့်ရော ကူးနိုင်လား……… အခုထိတော့ အစားအစာတွေကနေ ကိုဗစ် ကူးစက်တယ်ဆိုတဲ့ အထောက်အထား မတွေ့ရသေးပါဘူး။ […]


ကိုရိုနာဗိုင်းရပ်စ်

တုပ်ကွေးကာကွယ်ဆေး က ပြင်းထန်ကိုဗစ်ကို ကာကွယ်နိုင်

နှစ်တိုင်း တုပ်ကွေးကာကွယ်ဆေး ထိုးလေ့ရှိတဲ့သူ၊ ဒီနှစ်လည်း ထိုးထားပြီးတဲ့သူတွေအတွက် သတင်းကောင်းပါ။ ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးထားတဲ့သူတွေမှာ ပြင်းထန်ကိုဗစ်ဖြစ်တာ၊ အထူးကြပ်မတ်ဆောင်တက်ရတာ၊ သွေးဆိပ်သင့်တာနဲ့ လေဖြတ်တာကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ တုပ်ကွေးကာကွယ်ဆေး ဆိုတာ တုပ်ကွေးကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ နှစ်စဉ် ၅လပိုင်းလောက်ဆို စထိုးကြပါပြီ။ ရာသီတုပ်ကွေး ကို ကာကွယ်ဖို့ပါ။ ရာသီတုပ်ကွေးက ရက်ပိုင်းလောက်နေရင်  သက်သာတတ်ပေမယ့် လူကြီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးတွေနဲ့ ခုခံအားကျနေတဲ့သူတွေမှာ မတော်တဆ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာရင် အခြေအနေဆိုးတာကြောင့် သူတို့ကို ထိုးပါလို့ တိုက်တွန်းလေ့ရှိပါတယ်။ ကိုဗစ်စဖြစ်တုန်းကလည်း တတ်နိုင်ရင် ထိုးထားကြပါလို့ အကြံပေးခဲ့ပါတယ်။ တုပ်ကွေးနဲ့ ကိုဗစ်က လက္ခဏာတူနေလို့ ခွဲရခက်တဲ့အပြင် လူတစ်ယောက်တည်းမှာ တုပ်ကွေးရော၊ ကိုဗစ်ပါ ဖြစ်လာရင် ပိုဆိုးနိုင်တာကြောင့် ကာကွယ်လို့ရတဲ့ ရာသီတုပ်ကွေးကို ကာကွယ်ဆေးထိုးပြီး ကာကွယ်ကြပါလို့ တိုက်တွန်းခဲ့ပါတယ်။ ခုတော့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်လူနာတွေ အဆက်မပြတ် ကြို့ထိုး ရတဲ့ အကြောင်းအရင်း

ကိုဗစ်လူနာတွေမှာ ခပ်စိတ်စိတ်တွေ့လာရတဲ့ လက္ခဏာတစ်ခုက ကြို့ထိုး တာပါ။ လူနာကတော့ သတိထားမိမှာ မဟုတ်ပေမယ့် ကြည့်နေတဲ့ ဆရာဝန်ကတော့ သတိထားမိပါတယ်။ ကြို့ထိုးတာကလည်း ဘာနဲ့မှမသက်သာဘဲ ဆက်တိုက်ထိုးနေတာပါ။ ကြို့ထိုးတာက မစိုးရိမ်ရတဲ့ အခြေအနေလည်း ဖြစ်နိုင်သလို တစ်ခါတလေမှာ ပြင်းထန်တဲ့ ရောဂါတစ်ခုခုကို အချက်ပြနေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုဗစ်လူနာတွေ ကြို့ထိုး ရတဲ့ အကြောင်းအရင်း ကိုဗစ်လူနာတွေ အဆက်မပြတ် ကြို့ထိုးရတဲ့ အကြောင်းအရင်းကတော့ ကိုဗစ်ရဲ့ လက္ခဏာဖြစ်နေတာ ကြို့ထိုးတာက ကိုဗစ်ရဲ့ လက္ခဏာ တစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။ ရှားတော့ ရှားပါတယ်။ ကိုဗစ်ဖြစ်တယ်လို့ သိပြီးသားသူတစ်ယောက်မှာ ဒီလက္ခဏာ တစ်ခုထပ်တိုးလို့လည်း ထူးခြားတာ မရှိပါဘူး။ စတီးရွိုက်ရဲ့ ဘေးထွက်ဆိုးကျိုး အထူးသဖြင့်တော့ ကိုဗစ်လူနာတွေမှာ dexaဒက်ဆာ သောက်ပြီး ရက်ပိုင်းလောက်နေရင် အဆက်မပြတ် ကြို့ထိုး တာမျိုး ဖြစ်တတ်ပါတယ်။ ကျောက်ကပ်မကောင်းတာ ကျောက်ကပ်မကောင်းတဲ့အခါ ယူရီးယားလို့ခေါ်တဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ဖြစ်ပွားနေချိန်မှာ ဖျားနေတဲ့ ဘေဘီလေးကို ဘယ်လို ပြင်ဆင်ပေးမလဲ……..

အခုကာလမှာ ဘေဘီလေး ဖျားပြီဆိုရင် မေမေတိုင်း ရင်ပူတကြီးနဲ့ တွေးမိနိုင်တာက ကိုဗစ်များ ကူးပြီလားဆိုပြီးဟုတ်….. တကယ်ကတော့ ဘေဘီလေးတွေမှာ အဖျားဝင်တာ၊ ချောင်းဆိုးတာ၊ အသက်ရှူရခက်တာတွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်သလို အခြားသော ဖျားနာမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘေဘီလေးက ဖျားနာလာပြီဆိုရင် အရေးကြီးဆုံးက ဘေဘီလေးကို တတ်သိနားလည်တဲ့သူနဲ့ ထိရောက်တဲ့ ကုသမှုပေးနိုင်ဖို့ ပါ။ ဒီကာလမှာ အကောင်းဆုံးကတော့ ဘေဘီလေးကို ဖျားနာမှု ကင်းအောင် ကာကွယ်တာပါပဲ။ ဒါပေမယ့် တကယ်လို့ ဘေဘီလေးက ဖျားနာလာပြီဆိုရင် အမြန်ဆုံး ကျန်းမာလာစေဖို့ ဘယ်လို ပြင်ဆင်ပေးရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ COVID-19 ဖြစ်ပွားနေချိန်မှာ ဖျားနေတဲ့ ဘေဘီလေးကို ဘယ်လို ပြင်ဆင်ပေးမလဲ…….. အခုလို ကိုဗစ်တွေ ဖြစ်ပွားနေချိန်မှာ ဘေဘီလေးက ဖျားနာလာပြီဆိုရင် ကိုယ်ခံအား အမြန်ဆုံး ပြန်ပြည့်လာစေဖို့အတွက် အခုလိုလေး ဂရုစိုက်ပေးဖို့လိုပါမယ် မေမေတို့ရေ…….. မိခင်နို့ […]


ကူးစက်ရောဂါများ

ကိုဗစ်ကာလမှာ ဘေဘီလေး ကျန်းမာနေစေဖို့ ဘယ်လို ပြင်ဆင်ပေးကြမလဲ……….

အခုလို ကိုဗစ်တွေ ဖြစ်နေတဲ့ကာလမှာ မေမေတိုင်း စိတ်ပူနေမယ့် ကိစ္စလေးက ကိုယ့်ရဲ့ သားသားမီးမီးလေးတွေ ဖျားနာမှာကို ဟုတ်…. မေမေတို့က ကိုယ်ကိုတိုင်အတွက်ထက် သားသားမီးမီးတို့အတွက် ဦးစားပေး စဉ်းစားတတ်သူတွေပါ။ ဒါကြောင့်မို့လည်း မိခင်ဆိုတာ သားသမီးတိုင်းအတွက် မရှိမဖြစ်အရာလို့ ဆိုကြတာပေါ့။ အခုကာလမှာ မေမေတိုင်း စိတ်ပူနေမယ့် ကိုဗစ်ကူးစက်မှုက ကင်းဝေးပြီး သားသားမီးမီးတို့ ကိုယ်ခံအား ပြည့်ဝ ကျန်းမာနေအောင် ဘယ်လို ပြင်ဆင်ပေးရမလဲ ဆိုတာလေးကို ပြောပြပေးသွားပါမယ်နော်။ ကိုရိုနာဗိုင်းရပ်စ်က လူကြီးတွေမှာတင် မဟုတ်ဘဲ ကလေးတွေမှာပါ ကူးစက်ဖြစ်ပွားနေပါတယ်။ လူကြီးတွေမှာ ရောဂါလက္ခဏာ ပြင်းထန်နေပြီး ကလေးတွေမှာ သိပ်မပြင်းထန်တာမျိုးပဲ ကွာပါတယ်။ ဒီလိုကာလမှာ ချစ်မဝတဲ့ ဘေဘီလေးတွေကို ကျန်းမာနေစေဖို့ အကောင်းဆုံးသော နည်းလမ်းက ဘေဘီလေး ကိုယ်ခံအား ပြည့်ဝနေစေဖို့အတွက် အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးတာပါ။ ကိုဗစ်ကာလမှာ ဘေဘီလေး ကျန်းမာနေစေဖို့ ဘယ်လို ပြင်ဆင်ပေးကြမလဲ………. ကိုဗစ်ကာလမှာ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ဖြစ်ပြီး ထပ်ဖြစ်နိုင်သေးသလား

အရင်လှိုင်းတွေတုန်းက ကိုဗစ်ဖြစ်ပြီး သား၊ ပြန်လည်း ကောင်းပြီးသား၊ ဒီတတိယလှိုင်းမှာ ပြန်ဖြစ်နိုင်သေးလားလို့ မေးစရာ ရှိပါတယ်။ အထူးသဖြင့် ခုလက်ရှိမှာ ဖြစ်နေတဲ့ ကူးစက်မြန်ဒယ်တာမျိုးကွဲ ထပ်ဖြစ်နိုင်သေးလားလို့ မေးစရာ ရှိပါတယ်။ ကိုဗစ်ပြန်ဖြစ်ခြင်း မဖြစ်ခြင်းဆိုတာ အမေရိကန် ကူးစက်ရောဂါဗဟိုဌာနက လက်ရှိ အမေရိကန်မှာ ဖြစ်နေတဲ့ caseအသစ်တွေရဲ့ တစ်ဝက်နီးပါးလောက်က ဒယ်တာမျိုးကွဲကြောင့်ပါတဲ့။ ဒီလိုဆိုလို့ ကာကွယ်ဆေးတွေက မကောင်းဘူးလားလို့ မေးစရာ ရှိပါတယ်။ ကာကွယ်ဆေးတွေ (အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ထိုးတဲ့ဆေးတွေ)က လက်ရှိမျိုးကွဲတွေကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ အထူးသဖြင့် ပြင်းထန်ကိုဗစ်တွေ၊ ဆေးရုံတက်ရနိုင်တဲ့ အခြေအနေတွေ၊ သေဆုံးနှုန်းတွေကို လျှော့ချပေးနိုင်ပါတယ်။ အရင်က ကိုဗစ်ကူးထားတဲ့ သူတွေကလည်း ကာကွယ်ဆေးထိုးထားတဲ့ သူတွေလိုပဲ ခုခံအားရှိပါတယ်။ မသကာ ပြန်ကူးခံရရင်တောင် ရောဂါအပျော့စားလောက်ပဲ ဖြစ်ပါတယ်။ ကိုဗစ်ဖြစ်ပြီး ပြန်ကူးနိုင်ခြေက တော်တော်နည်းပါတယ်။ ကိုဗစ်ဖြစ်ပြီးသားလူက ထပ်ဖြစ်နိုင်ခြေ နည်းပါတယ်။ […]


ကိုရိုနာဗိုင်းရပ်စ်

နှာခေါင်းစည်း နဲ့ ပတ်သက်တဲ့ အယူအဆမှားများ

နှာခေါင်းစည်း တပ်တာက တခြားကာကွယ်ရေး နည်းလမ်းတွေဖြစ်တဲ့ မကြာခဏ လက်ဆေးတာတို့၊ ခပ်ခွာခွာနေတာတို့လိုပဲ အရေးပါပါတယ်။ အမေရိကန် ကူးစက်ရောဂါ ဗဟိုဌာနက အိမ်ပြင်ထွက်ပြီ၊ လူအများကြားသွားရပြီဆိုတာနဲ့ အသက်၂နှစ်အထက်ကစလို့ လူတိုင်း နှာခေါင်းစည်းတပ်ဖို့ ညွှန်ကြားထားပါတယ်။ ဒါပေမယ့် ခုထက်ထိ နှာခေါင်းစည်းတပ်တာနဲ့ ပတ်သက်ပြီး အယူအဆမှားတွေ ရှိနေပါသေးတယ်။ နေကောင်းနေလို့ နှာခေါင်းစည်း တပ်စရာ မလိုဘူး။ အရိုးဆုံး ပြောရရင်  နှာခေါင်းစည်းတပ်တာက သူများကို ကူးမှာရော၊ ကိုယ့်ကို ကူးလာမှာပါ ကာကွယ်ပေးနိုင်ပါတယ်။ ပြီးတော့ ကိုဗစ်ပိုးရှိနေရဲ့သားနဲ့ လက္ခဏာမပြတဲ့ သူတွေ အများကြီး ရှိပါတယ်။ ဒီလူတွေက ဘာမှမဖြစ်ဘူးဆိုပြီး နှာခေါင်းစည်းမတပ်ထားရင် သူတို့ စကားပြော၊ နှာချေ၊ ချောင်းဆိုး၊ အော်ဟစ်လို့ အမှုန်အမွှားတွေ ထွက်လာရင် အနီးအနားက လူကို ကူးသွားနိုင်ပါတယ်။ ဒါကြောင့် လူတိုင်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း