နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့

နှလုံးလေး ကျန်းမာစေချင်ပါသလား ..... အရင်ဆုံး လုပ်ရမယ့် အလုပ်ကတော့ စိတ်ဖိစီးမှု အတိုင်းအတာကို စစ်ဆေးတာပါ။  စိတ်ဖိစီးမှုကြောင့် နှလုံး ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးတာကက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကတော့ သိထားပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် နှလုံး ထိခိုက်စေမယ့် စိတ်ဖိစီးမှုတွေ မဖြစ်အောင် ကာကွယ်ဖို့ကတော့ မလွယ်ပါဘူး။ တစ်နေ့တာမှာက မမျှော်လင့်တာတွေ အများကြီး ကြုံလာနိုင်တာက လူ့ဘဝပဲလေ။အကောင်းဆုံးဖြစ်အောင်တော့ လုပ်ဆောင်လို့ ရပါတယ်။ ဒါကြောင့် အမှုမဲ့အမှတ်မဲ့ ဖြစ်မနေအောင် သတိပေးချင်တာလေး တစ်ခုကို ဆောင်းပါးလေးကနေတဆင့် ပြောပါရစေ။ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ .......လို့ ပြောရတဲ့ အကြောင်းအရင်းလေးကို ရှင်းပြချင်ပါတယ်။ ဒီအကြောင်းလေးကို ပြောဖို့ စိတ်ဖိစီးမှုက နှလုံးကို ဘယ်လို ထိခိုက်စေလဲဆိုတဲ့ အကြောင်းကနေ […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

သွေးတိုးရောဂါ

သွေးတိုးရောဂါအတွက် နောက်ဆက်တွဲ ဂရုစိုက်မှုများ

သွေးတိုးအတွက် နောက်ဆက်တွဲဂရုစိုက်မှုများ သွေးတိုးရောဂါကိုကုသရာမှာအရေးကြီးတာတစ်ခုကနောက်ဆက်တွဲဂရုစိုက်မှုပါပဲ။ သင့်ရဲ့သွေးတိုးကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းပုံမှန်နှုန်းမှာရှိလားဆိုတာပုံမှန်စစ်ဆေးရပါမယ်။ တကယ်လို့ သွေးတိုးကပုံမှန်နှုန်းထဲမှာမဟုတ်ဘူးဆိုရင်လိုအပ်တဲ့ကုသမှုတွေထပ်ပြီးခံယူရမှာပါ။ သွေးတိုးရှိတဲ့လူတစ်ယောက်ကတစ်နှစ်ကိုအနည်းဆုံးတစ်ကြိမ်ဒါမှမဟုတ်မကြာခဏဆရာဝန်နဲသွားတွေ့ရမှာဖြစ်ပါတယ်။ တကယ်လို့သင်ဟာ ဆီးချိုနှလုံးရောဂါဒါမှမဟုတ် လေဖြတ်ထားတယ်ဆိုရင်သင့်ရဲ့သွေးတိုးကိုပြန်မဖြစ်အောင်ပိုပြီးဂရုစိုက်ရပါမယ်။ သင်အနေနဲ့ဘယ်သွေးပေါင်ချိန်မှာရှိသင့်လဲဆိုတာဆရာဝန်နဲ့ဆွေးနွေးပါ။ အသက်ကြီးလာတာနဲ့အမျှသွေးကြောတွေမာလာခြင်းကအပေါ်သွေး (Systolic blood pressure)ကိုမြင့်လာစေပါတယ်။ အရင်ကကုသခဲတဲ့ကုသမှုကအခုအကျိုးသက်ရောက်မှုရှိချင်မှရှိပါတော့မယ်။ သင့်အတွက် ဆေးပမာဏနဲ့ကုသမှုတွေကပြောင်းလဲသွားပြီး ဆေးနည်းအသစ်လိုချင်လိုလာပါမယ်။ ရက်ချိန်းပြည့်လို့ဆေးခန်းသွားတဲ့အခါ သွေးတိုးနဲ့ဆက်စပ်နေတဲ့နှလုံးမျက်လုံး ကျောက်ကပ်နဲ့ သွေးကြော တွေကိုပါစစ်ဆေးသင့်ပါတယ်။ ဆရာဝန်ဆီရက်ချိန်းမှန်မှန်သွားပြခြင်းကသင့်ဆရာဝန်ကိုသင်ဆေးတွေကြောင့်ဆိုးကျိုးရှိမရှိသိစေပြီးလိုအပ်ရင် ဆေးနည်းပြောင်းပေးပါလိမ့်မယ်။ ဆရာဝန်ဆီရက်ချိန်းမှန်မှန်သွားပြ၍ နောက်ဆက်တွဲ ဂရုစိုက်မှုခံယူခြင်းကကိုလက်စထရောမြင့်တက်လာခြင်းအဝလွန်ခြင်းစတာတွေကိုစောင့်ကြည့်ဖို့အခွင့်ကောင်းတစ်ခုပါ။


သွေးတိုးရောဂါ

သင့်မှာသွေးတိုးရှိနေရင် sleep apnea (အိပ်နေစဉ်ခဏတာအသက်ရှူရပ်ခြင်း) အကြောင်း လေ့လာထားပါ။

သင့်မှာသွေးတိုးရှိနေရင်sleep apnea (အိပ်နေစဉ်ခဏတာအသက်ရှူရပ်ခြင်း) အကြောင်း လေ့လာထားပါ။ သွေးတိုးရောဂါဖြစ်စေတဲ့ထဲမှာ လူသိနည်းပြီး အဖြစ်များတဲ့ ရောဂါတစ်ခုက sleep apnea(အိပ်နေစဉ်ခဏတာအသက်ရှူရပ်ခြင်း)ပဲ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ သွေးတိုးရှိသူတွေရဲ့ငါးဆယ်ရာခိုင်နှုန်းက sleep apnea ဖြစ်နိုင်ချေရှိပါတယ်။ Obstructive Sleep apneaကထိန်းချုပ်ရခက်တဲ့ သွေးတိုးရောဂါဖြစ်စေတဲ့အကြောင်းအရင်းတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ ထိန်းချုပ်ရခက်တဲ့သွေးတိုးဆိုတာ သွေးတိုးကိုထိန်းဖို့ သွေးကျဆေးသုံးမျိုးနဲ့အထက် သောက်ရခြင်းကိုဆိုလိုတာပါ။ သင်အိပ်မပျော်အောင် နှောင့်ယှက်သောအရာများသည် သင့်ကို သွေးတိုးဖြစ်နိုင်ချေများစေပါတယ်။ Sleep apneaကထိန်းချုပ်ရခက်တဲ့ သွေးတိုးရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းပါ။ သင့်မှာ Sleep apnea ရှိနေမှန်းသင်ဘယ်လိုသိမလဲ ? ယေဘူယျလက္ခဏာတွေကတော့ အိပ်နေစဉ် ပြင်းထန်စွာ ဟောက်ခြင်း။ အိပ်နေစဉ် စက္ကန့်ပိုင်းလေး အသက်ရှူရပ်သွားခြင်း။ မနက်မိုးလင်းရင် ပင်ပန်းနွမ်းနယ်နေခြင်း။ ဒါက သာမန်ပင်ပန်းနွမ်းနယ်ခြင်းထက် ပိုပြီး အလွန်အမင်း ပင်ပန်းနေတာမျိုးပါ။ မိုးလင်းရင် လန်းဆန်းနေရမယ့်အစား နောက်ထပ် ရှစ်နာရီလောက် ထပ်အိပ်လိုက်ရရင် ပိုကောင်းမယ်လို့ […]


သွေးတိုးရောဂါ

သွေးတိုးကျဖို့ လေ့ကျင့်ခန်း လုပ်ခြင်း

ေသွးတိုးကျဖို့ လေ့ကျင့်ခန်းလုပ်ခြင်း လေ့ကျင့်ခန်းနဲ့ သွေးတိုး လေ့ကျင့်ခန်းလုပ်ခြင်းက သွေးတိုးကျစေတဲ့အဓိကအချက်တွေထဲကတစ်ခုပါ။ လေ့ကျင့်ခန်းလုပ်တာကသင်သွေးတိုးကိုကုသနေတဲ့ကုသမှုတွေကိုလည်းပိုထိရောက်မှုရှိစေပါတယ်။ ဒီအတွက်သင်ဟာအားကစားသမားတစ်ယောက်ဖြစ်ဖို့လည်းမလိုပါဘူး။ လေ့ကျင့်ခန်းလုပ်ပြီး ပျော်ရွှင်မှုကိုရှာဖွေပါ။ သင်ကြိုက်တဲ့ လေ့ကျင့်ခန်းကို ရွေးချယ်ကစားပါ။ တစ်ရက်ကိုမိနစ်၃၀ လောက်တစ်ပတ်မှာရက်လောက်လုပ်ပေးရင်လုံလောက်ပါပြီ။ တကယ်လို့သင် Gym ကစားလို့အဆင်မပြေဘူးဆိုလည်းကလို့ရပါတယ်။ ဒါမှမဟုတ် ယောဂကျင့်ခြင်း၊ တောင်တက်ခြင်း၊နဲ့တခြားသင့်နှလုံးကိုအခုန်မြန်စေမယ့်ဘာဖြစ်ဖြစ်လုပ်လို့ရပါတယ်။ အကျင့်ပါသွားပြီဆိုရင်ကိုယ်ကြိုက်တာသာ ရွေးလုပ်ပါ။ သင့်ဆရာဝန်ကိုလည်းသင့်အခြေအနေကိုပြောပြပြီးအကြံတောင်းပါ။ လေ့ကျင့်ခန်းကိုစလုပ်တည်းကအဆင်ပြေပြေလုပ်ချင်ရင်တော့ထရိန်နာငှားပါ။ သူကသင့်ကို လေ့ကျင့်ခန်းလုပ်ဖို့နည်းမှန်လမ်းမှန်ပြပေးမှာဖြစ်တဲ့အတွက်သင့်အတွက်အရမ်းသင့်တော်ပါတယ်။ ပိုပြီးသန်မာလာအောင်လုပ်ပါ။ သန်မာလာအောင်လုပ်ဖို့ကလည်းအရေးကြီးပါတယ်။ သင့်အနေနဲ့ဝိတ်မခြင်း၊စက်အကူအညီနဲ့အလေးမခြင်း၊အိပ်ထမတင်လုပ်ခြင်းစတာတွေကိုလုပ်နိုင်ပါတယ်။ သင်အဆီကျလာမယ့်အပြင်ကြွက်သားတွေကိုသန်မာလာစေပြီးဇီဝကာမလုပ်ငနးကိုလည်းအထောက်အကူပြုပါတယ်။ သင်ကအဝလွန်နေရင်၁၀ ပေါင်လောက်ကျတာကိုကသင့်ရဲ့သွေးတိုးကိုလျော့စေပါတယ်။ ရေကူးပါ။ အေရိုးဘစ်လေ့ကျင့်ခန်းတွေလုပ်ခြင်းကလည်း သွေးတိုးကျစေပါတယ်။ ရေကူးခြင်းကလည်းအကောင်းဆုံးရွေးချယ်မှုပါ။ မိနစ်၃၀ လောက်ကူးတာကလုံလောက်ပါတယ်။ လေ့ကျင့်ခန်းဘယ်လောက်လုပ်တာကလုံလောက်ပြီလဲ ? မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကိုတစ်ရက်အနည်းဆုံးမိနစ်၃၀တစ်ပတ်အနည်းဆုံး၅ရက်လုပ်ပါ။ဥပမာ - လမ်းလျှောက်ခြင်း။ ဒီလောက်ကသင့်ကုသမှုတွေကိုပိုမိုထိရောက်စေဖို့ကူညီဖို့လုံလောက်ပါပြီ။ လေ့ကျင့်ခန်းတွေကသင့်သွေးတိုးကို၅ကနေ၁၅အထိလျှော့ချပေးနိုင်ပါတယ်။ တဖြည်းဖြည်းပုံမှန်လုပ်ရာကနေပြင်းထန်တဲ့ဆီတစ်ဆင့်ချင်း လေ့ကျင့်ခန်းလုပ်သွားတာကသင့်သွေးတိုးကိုကျစေပြီးပုံမှန်နှုန်းမှာထိန်းထားဖို့ကူညီပါလိမ့်မယ်။ လေ့ကျင့်ခန်းစလုပ်ခြင်း။ မလိုအပ်တဲ့ထိခိုက်မှုတွေမဖြစ်စေဖို့ဖြည်းဖြည်းပဲစလုပ်ပါ။ သင်ကြိုက်တဲ့ လေ့ကျင့်ခန်းတစ်ခုကိုတစ်ရက်၁၀မိနစ်ကနေ၁၅မိနစ်လောက်ထိစလုပ်ပါ။ တဖြည်းဖြည်းနဲ့မှကြာချိန်ကိုမြှင့်သွားပါ။ မလိုလားအပ်တဲ့ထိခိုက်မှုမဖြစ်အောင်သတိထားပါ။ သင်ကအခုမှ လေ့ကျင့်ခန်းစလုပ်မယ်ဆိုရင်ဖြေးဖြေးချင်းပဲစပါ။ ယောဂကျင့်တာကဲ့သို့ပုံမှန်လေ့ကျင့်ခန်းတွေပဲစလုပ်ပါ။ နောက်မှပိုပြင်းထန်တဲ့ လေ့ကျင့်ခန်းကိုလုပ်တာကသင့်ကိုပိုပြီးကျန်းမာလာစေတဲ့အပြင် သင့်သွေးတိုးကိုလည်း လျှော့ချပေးပါတယ်။ လေ့ကျင့်ခန်းလုပ်တာကိုအဆင်ပြေပြေလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်ကိုသင့်ရဲ့နေ့စဉ်အချိန်စာရင်းထဲထည့်လိုက်ပါ။ သင်နဲ့အဆင်အပြေဆုံးဖြစ်မယ့်အချိန်ကို ရွေးပါ။ အလုပ်မသွားခင်၊အလုပ်ဆင်းပြီး၊နေ့လည်ထမင်းစားချိန်စတဲ့အချိန်တွေမှာလုပ်နိုင်ပါတယ်။ တကယ်လို့သင်ကအပြင်ထွက်ဖို့အဆင်မပြဘူးဆိုရင်အိမ်မှာပဲ လေ့ကျင့်ခန်းနည်းပြ Software တွေ DVD […]


သွေးတိုးရောဂါ

သွေးတိုးရောဂါ အမျိုးအစားများ၊ လက္ခဏာများနှင့် ကုသပုံနည်းလမ်းများ

သွေးတိုးရောဂါ ဆိုတာဘာလဲ။ သွေးတိုးရောဂါဟာ သွေးဖြတ်သန်းစီးဆင်းတဲ့ သွေးလွှတ်ကြောတွေဟာ ပုံမှန် ဖိအားထက်များနေတဲ့ သွေးပေါင်တက်တဲ့ အခြေအနေကို ခေါ်တာ ဖြစ်ပါတယ်။ သွေးပေါင်ဟာ ရက်သတ္တပတ် အတော်များများ အမြဲတမ်း ၁၄၀၊ ၉၀ ကျော်နေမယ်ဆိုရင် သွေးတိုးလို့ခေါ်ပါတယ်။ သွေးလွှတ်ကြောနံရံကို ဆန့်ကျင်တဲ့ သွေးတွေရဲ့ အားဟာ ပုံမှန်ထက်ကျော်နေတယ်ဆိုရင် သွေးတိုးလို့ခေါ်ပါတယ်။ ရောဂါလက္ခဏာတွေ မရှိပဲနဲ့ ရေရှည်မှာဆိုရင် သူဟာ ကျန်းမာရေး ပြဿနာတွေ ဖြစ်တဲ့ နှလုံးရပ်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကိုပါ ဖြစ်စေနိုင်ပါတယ်။ သွေးတိုးဟာ အတော်အဖြစ်များပါတယ်။ ဒါပေမယ့် သွေးတိုးရှိသူတွေဟာ နှစ်ပေါင်းများစွာ ဘာလက္ခဏာမှ မပြတာလဲ ဖြစ်နိုင်ပါတယ်။ လက္ခဏာတွေ မရှိပဲတောင်မှ သူဟာ သွေးလွှတ်ကြောတွေ သွေးကြောတွေကို ထိခိုက်နိုင်ပါတယ်။   သွေးပေါင်တက်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။ သွေးတိုးရှိတဲ့ လူအများစုဟာ သူတို့ အန္တရာယ်ရှိနေရင်တောင်မှ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ အချို့သူတွေမှာသာ ခေါင်းကိုက်ခြင်း၊ […]


သွေးတိုးရောဂါ

အရက် နဲ့ ဆေးလိပ်က သွေးတိုးစေသလား

သွေးတိုးခြင်းကို အမြဲတမ်းတော့ မကာကွယ်နိုင်ပေမယ့် ဆေးလိပ်ဖြတ်ခြင်းနဲ့ အရက်ကို အသင့်အတင့်သာ သောက်သုံးခြင်းဟာ သွေးပေါင် ကျဆင်းစေပါတယ်။ ခြုံငုံသုံးသပ်ချက် ဆေးလိပ်နဲ့ အရက်သောက်တဲ့သူတွေဟာ သူတို့ရဲ့ နှလုံးသွေးကြော ကျန်းမာရေးကို စိတ်ပူသင့်ပါတယ်။ ဒီအကျင့်နှစ်ခုလုံးဟာ သွေးတိုးခြင်း စေပြီးတော့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ဆေးလိပ်နဲ့ အရက်က သွေးတိုးစေခြင်းကို လူသိများပါတယ်။ နှစ်ခုလုံးဟာ သွေးဖိအားနဲ့ နှလုံးသွေးကြောတွေပေါ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ ဒါကြောင့် သင့်မှာ သွေးတိုးရှိနေရင် (သို့) သွေးတိုးရှိစေတဲ့ အချက်တွေ ရှိနေမယ်ဆိုရင် သင်ထိန်းချုပ်နိုင်တဲ့ အချက်တွေကို ထိန်းချုပ်သင့်ပါတယ်။   ဆေးလိပ်သောက်ခြင်းဟာ သွေးဖိအားကို ဘာဖြစ်စေပါသလဲ။ ဆေးလိပ်သောက်ခြင်းဟာ သွေးဖိအားကို ရုတ်တရက် တက်လာစေပြီးတော့ အပေါ်သွေးပေါင်ကို ၄ mmHG တက်စေပါတယ်။ ဆေးလိပ်မှာပါတဲ့ နီကိုတင်းဟာ အာရုံကြောစနစ်ကို ဓါတုပစ္စည်းတွေ ထုတ်လွှတ်စေပါတယ်။ ဒီဓါတုပစ္စည်းတွေဟာ သွေးကြောကျဉ်းခြင်းကို ဖြစ်ပေါ်စေပြီး […]


နှလုံးရောဂါ

နှလုံးပြဿနာရှိနေပြီဆိုတာပြသနေသည့် လက္ခဏာများ

လှုပ်ရှားမှုမရှိတဲ့ လူမှုဘဝနေထိုင်ပုံဟာ နှလုံးရောဂါရရှိနိုင်တဲ့ အဓိကကျတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ World Heart Federation က လေ့ကျင့်ခန်း မလုပ်ခြင်းဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေကို ၅၀% တိုးမြှင့်ပေးတယ်လို့ ဆိုပါတယ်။ အခြားနှလုံးရောဂါ ဖြစ်စေတဲ့အချက်တွေကတော့ ပြည့်ဝဆီ များတဲ့ အစားအစာများစားခြင်း ဆီးချို အမျိုးအစား ၂ သွေးတိုးခြင်း ဆေးလိပ်သောက်ခြင်း ကိုလက်စထရော များခြင်း အဝလွန်ခြင်း မိသားစုတွင် နှလုံးရောဂါ ရှိသူ ရှိခြင်း ဒီအချက်တွေကို လျှော့ချခြင်းဟာ နှလုံးရပ်ခြင်းနဲ့ လေဖြတ်ခြင်းကို လျှော့ချပေးပြီး နှလုံးခွဲစိတ်မှု အပါအဝင် ကျန်းမာရေး လုပ်ဆောင်မှုတွေကို လျှော့ချပေးမှာ ဖြစ်ပါတယ်။ လှုပ်လှုပ်ရှားရှားနေထိုင်ခြင်းဟာ နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပုံမှန် လေ့ကျင့်ခန်း (လမ်းလျှောက်ခြင်း)ဟာ နှလုံးကျန်းမာရေးအတွက် အလွန်အကျိုးရှိတယ်လို့ သက်သေပြပြီး ဖြစ်ပါတယ်။ ဒါဟာ […]


နှလုံးရောဂါ

စိတ်ဖိစီးမှုဆိုတာ နှလုံးနဲ့သွေးကြောရောဂါတွေကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။

သင်ငွေအကုန်အကျများနေတဲ့အချိန်၊ အလုပ်အဆင်မပြေတဲ့အချိန်၊ အိမ်ထောင်ရေးအဆင်မပြေတဲ့အချိန်နဲ့ ကားပိတ်နေတဲ့အချိန်တွေ ရှိပါတယ်။ အဲဒီအချိန်တွေက သင့်ကို စိတ်ဖိစီးစေနိုင်ပါတယ်။ ကြာကြာစိတ်ဖိစီးလာပါက သင့်ရဲ့နှလုံးကို ထိခိုက်စေမှာပါ။ အဲဒါကြောင့် နှလုံးနဲ့သွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျော့ချဖို့ စိတ်ဖိစီးမှုတွေကို စတင်လျော့ချပါလိုက်ပါတော့။ စိတ်ဖိစီးမှုနဲ့ နှလုံးသွေးကြောရောဂါ ရဲ့ဆက်သွယ်ချက် စိတ်ဖိစီးတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သင်စိတ်ဖိစီးနေတဲ့အခါ ခေါင်းကိုက်တာတွေ၊ ဗိုက်နာတာတွေနဲ့ ကျောနာတာတွေ ကြုံတွေ့ ရနိုင်ပါတယ်။ ဒါ့အပြင် သင်စိတ်ဖိစီးနေတဲ့အခါမှာ အားအင်မရှိပဲ နုံးချိနေတာ မျိုးကိုလည်း ကျုံတွေ့ နိုင်ပါသေးတယ်။ နောက်ပိုင်းမှာ သင်အထိန်းအကွပ်မဲ့ ပေါက်ကွဲထွက်တာတွေ နဲ့ အိပ်လို့မရတာတွေကိုတောင် ဖြစ်လာပါလိမ့်မယ်။ စိတ်ဖိစီးနေတဲ့အချိန်မှာ သင့်ခန္ဓါကိုယ်က Adrenaline ဆိုတဲ့ဟော်မုန်းတစ်မျိုးကို ထုတ်ပေးပါတယ်။ အဲဒီဟော်မုန်းက သင်ကို အသက်ရှုမြန်လာအောင်၊ နှလုံးခုန်မြန်လာအောင်နဲ့ သွေးပေါင်ချိန်တွေ တက်လာအောင် လုပ်ပါတယ်။ စိတ်ဖိစီးမှုက သင့်ရဲ့အပြုအမူတွေကိုလည်း ပြောင်းလဲစေနိုင်ပါတယ်။ သင်စိတ်အရမ်းဖိစီးနေတဲ့အခါမှာ စိတ်သက်သာရစေမယ့် […]


နှလုံးရောဂါ

နှလုံးနဲ့ ဦးနှောက်ကျန်းမာရေးဟာ ဘယ်လိုဆက်စပ်နေပါသလဲ

သင့်နှလုံးအတွက် အထောက်အကူပြုတဲ့ အရာတွေဟာ သင့်ဦးနှောက်ကိုလည်း အထောက်အကူပြုပါတယ်။ သင့်နှလုံးကို ကျန်းမာစေတဲ့ လူနေမှုဘဝပုံစံဟာ ဦးနှောက်အကျိတ်ဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်ပြီး အသက်ကြီးလာတာနဲ့အမျှ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုတွေမှာ ကြီးမားတဲ့ ကွာခြားချက် ဖြစ်လာမှာ ဖြစ်ပါတယ်။ တကယ်တော့ လေ့ကျင့်ခန်းအများကြီး လုပ်ခြင်း၊ ကျန်းမာတဲ့အစာတွေ စားခြင်းနဲ့ သင့်နှလုံးကို သန်မာစေတဲ့ အပြုအမူတွေ ပြုလုပ်ခြင်းဟာ သင်တွေးခေါ်ပုံ၊ လုပ်ကိုင်ပုံနဲ့ မှတ်ဉာဏ်တွေပေါ်မှာ ကြီးမားတဲ့အကျိုးသက်ရောက်မှု ရှိပါတယ်။   ကျန်းမာတဲ့ နှလုံး လူတွေရဲ့နှလုံးဟာ ခန္ဓါကိုယ်မှာ အရေးအကြီးဆုံး ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်္ဂါဖြစ်ပါတယ်။ သူဟာ ခန္ဓါကိုယ် အနှံအပြားကို ရောက်ရှိစေမယ့်သွေးတွေကို ညှစ်ထုတ်ဖို့ ပြင်းထန်စွာ ကြိုးစားရပါတယ်။ ယေဘုယျအားဖြင့်ဆိုရင် နားနေတဲ့သူတွေမှာ နှလုံးဟာ တစ်မိနစ်ကို အကြိမ် ၇၀ ခုန်နိုင်ပြီး လေ့ကျင့်ခန်းလုပ်ချိန် (သို့) စိတ်လှုပ်ရှားချိန်တို့မှာ ပိုမို […]


သွေးတိုးရောဂါ

သွေးတိုးရှိလျှင် ဆားလျှော့စားပါ။

သင့်သွေးပေါင်ချိန်ကို လျှော့ချဖို့ အမြန်ဆုံးနည်းလမ်းကတော့ (အထူးသဖြင့် သင့်မှာ သွေးပေါင်တက်နေတယ်ဆိုရင်) ဆားလျှော့စားခြင်းပဲ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာတည်းက သင်ဟာ ဒီအကြံဉာဏ်ကို ကြားဖူးပြီးသားဖြစ်နိုင်ပါတယ်။ ဆားကိုလျှော့စားပါ။ ဘာလို့လဲဆိုတော့ ဒါဟာ သင့်နှလုံးအတွက် မကောင်းပါဘူး (ကျောက်ကပ်နဲ့ အခြားအင်္ဂါတွေကိုတော့ ပြောမနေပါနဲ့တော့) ဆားဟာ သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။ ဆားများများ စားလေလေ သွေးပေါင်ချိန်တက်လေလေပါပဲ။ ဆားဟာ သင့်ခန္ဓါကိုယ်က ရေဓါတ်ကို သိုလှောင်ထားမှု များစေပါတယ်။ ဆားစားတာ များပြားရင် သင့်ခန္ဓါကိုယ်မှာ ပိုလျှံတဲ့ ရေတွေ သိုလှောင်ထားပြီး သွေးပေါင်တက်စေပါတယ်။ ဒါဟာ သင့်မှာသာသွေးတိုးရှိနေမယ်ဆိုရင်တော့ ပြဿနာ ဖြစ်စေမှာပါ။ ပြီးတော့ ဆားအများကြီးစားခြင်းဟာ သွေးပေါင်ကျဆေးတွေဖြစ်တဲ့ ဆီးဆေး တွေကို ကောင်းကောင်း အလုပ်မလုပ်စေပါဘူး။ ဆားဘယ်လောက်စားရင ်များတယ်လို့ပြောသလဲ။ ဆား (သို့) ဆိုဒီယမ်ဟာ အသက်ရှင်ဖို့အတွက် အရေးကြီးတဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ သူ့ကို ကျောက်ကပ်က […]


နှလုံးသွေးကြောကျဉ်းရောဂါများ

မြန်မာနိုင်ငံတွင် အသေအပျောက်အများဆုံး ရောဂါငါးမျိုး

ရောဂါများ၂၀၁၆ဟာ ကုန်တော့မှာ မလို့ ၂၀၁၆မှာ မြန်မာနိုင်ငံရဲ့ အဖြစ်အများဆုံး ရောဂါဆယ်မျိုးအကြောင်းကို လေ့လာကြည့်ကြရအောင်။ နှလုံးသွေးကြောကျဉ်းရောဂါ မြန်မာမှာ အသေအပျောက်အများဆုံး နံပါတ်တစ် ရောဂါကတော့ နှလုံးသွေးကြောကျဉ်းခြင်း ပဲဖြစ်ပါတယ်။ ၂၀၁၀ မှာ နှလုံးသွေးကြောကျဉ်းခြင်းကြောင့် သေဆုံးမှုပေါင်း ၂၂၇၀၁ ရှိခဲ့တယ်လို့ WHO က ပြောပါတယ်။ နှလုံးသွေးကြောကျဉ်းခြင်းဟာ နှလုံးရပ်ခြင်းကိုဖြစ်စေနိုင်ပြီး နှလုံးသွေးကြောအတွင်းမှာ အစိုင်အခဲတစ်ခု ဖြစ်လာခြင်း ဖြစ်ပါတယ်။ ဒါဟာ နာတာရှည်ရောဂါဖြစ်ပြီး နှလုံးသွေးကြောဟာ တဖြည်းဖြည်း ကျဉ်းလာပြီး ကြွက်သားကိုသွားတဲ့ သွေးပေးနှုန်းကို ကျဆင်းစေပါတယ်။ ဒါ့ကြောင့် ရုတ်တရက် အစိုင်အခဲဟာ ပေါက်သွားတတ်ပြီး သွေးခဲဖြစ်ပေါ်လာပါတယ်။   လေဖြတ်ခြင်း လေဖြတ်ခြင်းဟာ မြန်မာမှာ တတိယအသေအပျောက် အများဆုံး ရောဂါဖြစ်ပါတယ်။ နှလုံးရောဂါနဲ့ ကင်ဆာတို့ကပဲ သူ့ထက်ပိုများတာပါ။ သူဟာ ပြင်းထန်တဲ့ မသန်မစွမ်းမှုတွေ ဖြစ်စေနိုင်တဲ့ တစ်ခုတည်းသော အကြောင်းရင်းဖြစ်ပါတယ်။ နှစ်တိုင်း မြန်မာမှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း