နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့

နှလုံးလေး ကျန်းမာစေချင်ပါသလား ..... အရင်ဆုံး လုပ်ရမယ့် အလုပ်ကတော့ စိတ်ဖိစီးမှု အတိုင်းအတာကို စစ်ဆေးတာပါ။  စိတ်ဖိစီးမှုကြောင့် နှလုံး ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးတာကက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကတော့ သိထားပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် နှလုံး ထိခိုက်စေမယ့် စိတ်ဖိစီးမှုတွေ မဖြစ်အောင် ကာကွယ်ဖို့ကတော့ မလွယ်ပါဘူး။ တစ်နေ့တာမှာက မမျှော်လင့်တာတွေ အများကြီး ကြုံလာနိုင်တာက လူ့ဘဝပဲလေ။အကောင်းဆုံးဖြစ်အောင်တော့ လုပ်ဆောင်လို့ ရပါတယ်။ ဒါကြောင့် အမှုမဲ့အမှတ်မဲ့ ဖြစ်မနေအောင် သတိပေးချင်တာလေး တစ်ခုကို ဆောင်းပါးလေးကနေတဆင့် ပြောပါရစေ။ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ .......လို့ ပြောရတဲ့ အကြောင်းအရင်းလေးကို ရှင်းပြချင်ပါတယ်။ ဒီအကြောင်းလေးကို ပြောဖို့ စိတ်ဖိစီးမှုက နှလုံးကို ဘယ်လို ထိခိုက်စေလဲဆိုတဲ့ အကြောင်းကနေ […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

နှလုံးသွေးကြောကျဉ်းရောဂါများ

နှလုံးသွေးကြောကျဉ်းရောဂါကိုရှာဖွေခြင်း

နှလုံးသွေးကြောကျဉ်းရောဂါရှာဖွေရန် ဆရာဝန်မှဆေးဝါးရာဇဝင်များမေးခြင်း၊ ရောဂါစမ်းသပ်ခြင်းနှင့် ပုံမှန်သွေးစစ်ခြင်းများကိုပြုလုပ်ရပါသည်။ ဆရာဝန်တို့မှ ရောဂါရှာဖွေသည့် စမ်းသပ်မှုများကို တစ်ခုထက်ပို၍ ထောက်ခံပေးနိုင်သည်။ စမ်းသပ်မှုများစွာပြုလုပ်နိုင်ပါသည်။ အီးစီဂျီဆွဲခြင်း (Electrocardiogram) အီးစီဂျီ သည် နှလုံး လျှပ်စစ်ဆိုင်ရာ အချက်ပြသည့်မှတ်တမ်းများဖြစ်သည်. ဤစမ်းသပ်မှုသည် ယခင်က နှလုံးရောဂါ(သို့) ရောဂါပိုဆိုးလာကြောင်းကို ပြနိုင်ပါသည်။ အခြားနေရာများတွင် Holterနည်း (၂၄ နာရီ အီးစီဂျီ )ဖြင့် စောင့်ကြည့်ခြင်းလုပ်နိုင်သည်။ ဤနည်းသည် လူနာမှ ရွေ့လျားမော်နီတာကို ၂၄နာရီကြာ တပ်ဆင်ထားပြီး နေ့စဉ်ပုံမှန် အလုပ်များလုပ်နိုင်သည်။ ဒီစမ်းသပ်မှုက နှလုံးသို့သွေးစီးဆင်းမှု မလုံလောက်ခြင်း ကဲ့သို့သော ပုံမမှန်မှုများကို ညွှန်ပြပေးနိုင်ပါသည်။ Echocardiogram နှလုံးပုံရိပ်များကိုထုတ်ရန် နှလုံးပညာရှင်များသည် အသံလိှုင်းဖြင့် အသုံးပြုသည့် နှလုံးအက်ကိုးရိုက်ခြင်း(Echocardiogram)ကို အသုံးပြုနိုင်သည်။ စမ်းသပ်နေစဉ်အတွင်း သင့်ဆရာဝန်မှ နှလုံးနံရံ၏ အစိတ်အပိုင်းအားလုံးသည် ပုံမှန်ခုန်ခြင်းရှိမရှိကို စမ်းသပ်နိုင်သည်။ နှလုံးရပ်စဉ် ထိခိုက်သည့် အစိတ်အပိုင်းများ(သို့) အောက်ဆီဂျင်နည်းနည်းရရှိခြင်းများက […]


နှလုံးနှင့်သွေးကြော ကျန်းမာရေး

အမျိုးသမီးများနှင့် နှလုံးသွေးကြောကျဉ်းရောဂါ

အမျိုးသမီးများတွင် ဖြစ်သောနှလုံးသွေးကြောကျဉ်းရောဂါ နှလုံးသွေးကြောကျဉ်းရောဂါသည် နှလုံးသို့သွေးစီးဆင်းသော သွေးလွှတ်ကြောများကျဉ်းလျှင်(သို့) ပိတ်လျှင်တွေ့ရပါသည်။ နှစ်စဉ် နှလုံးသွေးကြောကျဉ်းရောဂါနှင့်သေဆုံးသော အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ပိုများလာသည်။ အကြောင်းမှာ အမျိုးသမီးများတွင် နှလုံးရောဂါနှင့် ဆက်စပ်သော ဖြစ်နိုင်သည့် အချက်များလွတ်သွားတတ်သောကြောင့် ဖြစ်သည်။ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေ ကို မြင့်တက်စေသည့် အရာတွေကဘာတွေလဲ။ အမျိုးသမီးများတွင် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှုနှုန်းများစေသည့် အချက်များစွာရှိပါသည်။ ဝခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်းတို့ကို အထူးသဖြင့် အသက်၄၅နှစ်နှင့်အထက် အမျိုးသမီးများတွင်တွေ့ရသည်။ သွေးတိုးခြင်း၊ ကိုလက်စထရောဓါတ်များခြင်း နှင့် ဆီးချိုအပါအဝင် ထိုရောဂါများသည် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေကို များစေပါသည်။ အခြားဖြစ်နိုင်သည့် အချက်များမှာ ဆေးဝါးများဖြစ်သည်။ ဥပမာ- သန္ဓေတားဆေးများ။ ထို့အပြင် မိသားစုလိုက ်နှလုံးရောဂါရှိသူများတွင် နှလုံးသွေးကြောကျဉ်း ရောဂါပို၍ဖြစ်နိုင်သည်။   အမျိုးသမီးများတွင် ဖြစ်သော နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အစပိုင်း သင့်တွင်မည်သည့်လက္ခဏာမှ ရှိမည်မဟုတ်ပါ။ လက္ခဏာများသည် တစ်ဖြည်းဖြည်းခြင်းနဲ့စဖြစ်လာနိုင်သည်။ သို့သော် သင့်သွေးကြောများတွင် ပုံမှန်မဟုတ်သည့် […]


နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးသွေးကြောကျဉ်းရောဂါဆိုင်ရာ အတွေးအမြင်အသစ်များ။

ကျွန်ုပ်တို့တွေးထားသည့် နှလုံးသွေးကြောကျဉ်း ရောဂါ နှင့် ၎င်းကုသမှုတွင် သိသာသောပြောင်းလဲမှုများရှိလာပါသည်။ ယနေ့အချို့ နှလုံးပါရဂူများသည် နည်းလမ်းအသစ်ဖြင့် တွေးတောနေစဉ် အခြားသူများက ရှေးရိုးအစဉ်အလာနည်းထဲတွင် ကျန်ရှိနေတုန်းဖြစ်သည်။ နှလုံးသွေးကြောကျဉ်းရောဂါကို ရှေးအစဉ်အလာနည်းဖြင့် စဉ်းစားခြင်း အစဉ်အလာအားဖြင့် နှလုံးသွေးကြောကျဉ်း ရောဂါသည် နှလုံးသွေးလွှတ်ကြောထဲတွင် သွေးစီးဆင်းမှုနည်းစေသော ပိတ်ဆို့မှုတစ်ခု ထက်မကရှိကြောင်းဆိုလိုပါသည်။ ဤအခြေအနေသည် ရင်ဘတ်စူးအောင့်ခြင်းကို ဖြစ်စေသည့်အပြင် ပိုဆိုးလာပါက ပိတ်ဆို့မှုများသည် ရုတ်တရက်လုံးဝပိတ်သွားကာ နှလုံးကြွက်သားကို သွေးစီးဆင်းသည့် သွေးလွှတ်ကြောများကို သေစေနိုင်သည်။ ၎င်းကို နှလုံးကြွက်သားပုပ်ခြင်း (သို့) နှလုံးဖောက်ခြင်းဟု သိထားကြသည်။ ထိုအချိန်တွင် လူအများစုသည် အဓိကပြဿနာမှာ ပိတ်ဆို့မှုကြောင့် ဖြစ်သည်ဟု ရှင်းပြကြသည်။ ထို့ကြောင့် ကုသမှု အများစုမှာ ပိတ်ဆို့မှုကို ဖယ်ရှားစေရန် လုပ်ရမည်ဖြစ်သည်။ ထိုကုသမှုများကို နှလုံးလမ်းကြောင်းလွှဲခွဲစိတ်ခြင်း(သို့) ပြွန်ချောင်းထည့်၍ ချဲ့ခြင်းတို့ဖြင့် ပြုလုပ်နိုင်သည်။ နှလုံးသွေးကြောကျဉ်းရောဂါ၏ ရှေး အစဉ်အလာနည်းက ပိတ်ဆို့မှုပေါ်တွင် အဓိကအာရုံထားသောကြောင့် ၎င်းကို […]


နှလုံးရောဂါ

တစ်နေ့ကို အရက် တစ်ခွက်သောက်ခြင်းဖြင့်နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းရောဂါကို လျှော့ချနိုင်ပါတယ်

နှလုံးကြွက်သားမှ ခန္ဓာကိုယ်တစ်လျှောက် အတွက် လုံလုံလောက်လောက် သွေးမညှစ်ပေးနိုင်လျှင် နှလုံးစွမ်းဆောင်ရည်ကျဆင်းသော ရောဂါ (heart failure) ဖြစ်နိုင်သည်။ ဤအခြေအနေကို ကမ္ဘာတစ်ဝှမ်းရှိ လူသန်းပေါင်း၂၃သန်း နီးပါးတွင် ခံစားနေရသည်။ ဖြစ်နိုင်သည့် အရင်းအမြစ်များစွာရှိသည်။ ၎င်းတို့မှာ ယခင်က နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းဖြစ်ဖူးလျှင် ၊ သွေးတိုးခြင်း၊ နှလုံးရောဂါ၊ နှလုံးခုန်မမှန်ခြင်း၊ ကင်ဆာဆေးသွင်းခြင်း နှင့် အရက်အလွန်အကျွံသောက်ခြင်းတို့ဖြစ်သည်။ သို့သော်လတ်တလော လေ့လာမှုများတွင် နေ့စဉ် အရက်၁ခွက်(သို့) ၂ခွက်သောက်ခြင်းက သင့်နှလုံးအလုပ်မလုပ်နိုင်ခြင်းမှ လျှော့ချပေးသည်ကိုတွေ့ရသည်။ အထူးသဖြင့် သက်လတ်ပိုင်းများတွင်ဖြစ်သည်။ အရက်သောက်ခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ချေ ဆက်နွယ်မှု စိတ်ဝင်စားစရာကောင်းသည်မှာ ဥရောပနိုင်ငံနှလုံးကျန်းမာရေးဆိုင်ရာ လေ့လာထုတ်ပြန်ခဲ့သည့် ဂျာနယ်တစ်ခုတွင် အသက်၄၀၊ ၅၀၊ ၆၀ရှိပြီး တစ်ပတ်ကို ဖန်ခွက်၇ခွက်စာသောက်သည့်အမျိုးသားများတွင် နှလုံးစွမ်းဆောင်ရည် ကျဆင်းနှုန်းကို ၂၀ ရာခိုင်နှုန်း အထိလျှော့ချနိုင်ပါသည်။ အမျိုးသမီးများတွင် ၁၆ ရာခိုင်နှုန်း လျှော့ချနိုင်ပါသည်။ အနည်းငယ်(သို့) အသင့်အတင့် အရက်သောက်ခြင်းက […]


နှလုံးရောဂါ

အသည်းမှထုတ်သော CRP ပရိုတင်း နှင့် နှလုံး ဆက်နွယ်မှုအကြောင်း

C-reactive protein(CRP)သည် အသည်းမှထုတ်သည့် အရာတစ်ခုဖြစ်သည်။ ၎င်းသည် ပရိုတင်းဖြစ်ကာ နှလုံးရပ်ခြင်းနှင့် လေဖြတ်ခြင်းတို့အတွက် ဖြစ်နိုင်ချေ အချက်ပြ တစ်ခုအဖြစ် ယူဆထားပါသည်။ CRPကို ထိခိုက်မှု(သို့) ရောဂါပိုးဝင်ခြင်းကြောင့် ရောင်ရမ်းခြင်းများဖြစ်ရာတွင် တွေ့ရှိနိုင်ပါသည်။ လတ်တလောလေ့လာမှုများတွင် CRP ပရိုတင်း ကို နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ ဥပမာ ကျန်းမာနေသော်လည်း ရောဂါဖြစ်နိုင်ချေအန ္တရာယ် များရှိသည့် သူများတွင် ရုတ်တရက် နှလုံးဖောက်ခြင်းကို ကြိုတင်ခန့်မှန်းရာတွင် သုံးနိုင်သည်။ အကယ်၍သင်သည် နှလုံးရောဂါ(သို့) ရောင်ရမ်းမှုဖြစ်စေနိုင်သော ဗိုင်းရပ်စ်ပိုး(သို့) ဆီးပိုးဝင်းခြင်းတို့ လတ်တလောကြုံတွေ့ရလျှင် သင့်ဆရာဝန်မှ သင်၏CRP ပမာဏကို စစ်ရန် အကြံပြုလိမ့်မည်။ CRP သည် ထိခိုက်မှု(သို့) ရောဂါပိုးတို့ကြောင့် ရသော ရောင်ရမ်းမှုတွင် တွေ့ရှိနိုင်သည်။ • အဆုတ်ရောင်ရောဂါ • ရေယုန် • ကလက်မိုင်ဒီးယားပိုး (chlamydia) • တုပ်ကွေးနှင့်ဆင်တူသော ဗိုင်းရပ်(စ်)ပိုးတို့ဖြစ်သည်။ ရိုးရိုးသွေးဖောက်ခြင်းဖြင့် […]


ကိုလက်စထရောလ်

နှလုံးကျန်းမာရေးအတွက်ကောင်းမွန်ပြီး အရသာရှိသော အစားအစာများ

သွေးတိုး၊ ကိုလက်စထရောများခြင်း၊(သို့) နှလုံးရောဂါရာဇဝင်ရှိသည့်လူနာများတွင် နှလုံးဖောက်ခြင်း နှင့် လေဖြတ်ရောဂါဖြစ်နိုင်ချေ များပါသည်။ သင့်အစားအစာကို အနည်းငယ်ပြောင်းလဲပေးခြင်းက ရောဂါဖြစ်နှုန်းကို လျှော့ချပေးနိုင်သည်။ ထို့ကြောင့် သင့်နှလုံးအတွက်ကောင်းမွန်သော အစားအစာများကို ရွေးချယ်ပေးသင့်သည်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံနှင့် အစေ့အဆန်များ ကျန်းမာသောနှလုံးအတွက် အာဟာရတွင် ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်များများပါသင့်သည်။ ဤ အစားအစာများသည် အမျှင်ဓါတ်ပါဝင်သောကြောင့် မကောင်းသော “LDL” ကိုလက်စထရောကို လျှော့ချပေးနိုင်သည်။ အာဟာရပညာရှင်အများစုက သင်သည် တစ်နေ့လျှင် အနည်းဆုံး အစေ့အဆံ ၁ အောင်စ ၃ကြိမ်စာ နှင့် သစ်သီး၊ ဟင်းသီးဟင်းရွက် ၅ခွက် စားပေးသင့်သည်ဟု အကြံပြုကြသည်။ ထို့ပြင်သင်သည် ပဲသီးတောင့်၊ ပဲအမျိုးမျိုး(ပဲနီကလေးကဲ့သို့)၊ အစေ့များ၊ အခွံမာသီးများ ပို၍စားသင့်သည်။ တစ်ပတ်လျှင် သင့်ဦးတည်ချက်သည် အခွံမာသီး၊ အစေ့အဆံ(သို့) ပဲအမည်းအပါအဝင် ပဲအမျိုးမျိုး၊ ကုလားပဲ၊ ပဲနီကလေးများကို ၄ကြိမ်အထိ စားပေးသင့်သည်။   ပို၍ကျန်းမာစေသောအဆီများ ပို၍ကျန်းမာစေသောအဆီများက […]


နှလုံးရောဂါ

နှလုံးအစားထိုးကုသခြင်း။ သင်သိသင့်သော အသေးစိတ်အချက်အလက်များ။

နှလုံးအစားထိုးခြင်းဆိုသည်မှာ ခွဲစိတ်ဆရာဝန်များမှ ရောဂါဖြစ်သည့်နှလုံးကိုဖယ်ကာ ကိုယ်တွင်းအင်္ဂါလှူဒါန်းသူဆီမှ ကျန်းမာသော နှလုံးနှင့် အစားထိုးသည့် နည်းလမ်းတစ်ခုဖြစ်သည်။ အရေးကြီးသည်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ၂ယောက်နှင့် အထက်မှ ကိုယ်တွင်းအင်္ဂါလှူဒါန်းသူသည် ဦးနှောက်သေဆုံးပြီဟု တရားဝင်ကြေညာပြီးမှသာ နှလုံးကို ဖယ်ရှားရမည်ကိုသိထားရမည်။   ဘာကြောင့်ကျွန်ုပ် နှလုံးအစားထိုးဖို့လိုအပ်တာလဲ။ သင့်နှလုံး အလုပ်မလုပ်လျှင်(သို့) အခြားကုသမှုများမထိရောက်လျှင် ဆရာဝန်မှ နှလုံးအစားထိုးခြင်းကိုထောက်ခံပေးနိုင်ပါသည်။ နောက်ဆုံးအဆင့် နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း (heart failure) သည် နှလုံးကြွက်သားမှ ခန္ဓါကိုယ် တစ်လျှောက်ကို သွေးမညှစ်ပေးနိုင်ခြင်းဖြစ်သည်။ ဤအဆင့်တွင် အခြားကုသမှုများ အလုပ်မလုပ်တော့ဟု ဆိုလိုခြင်းမဟုတ်ပါ။ နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း၏ အကြောင်းရင်းများ နှလုံးစွမ်းဆောင်ရည်ကျဆင်း (heart failure) စေသော အကြောင်းရင်းများတွင် နှလုံးကြွက်သားကို ဗိုင်းရပ်စ် ပိုးဝင်ခြင်း၊ နှလုံးဖောက်ခြင်းတို့ ပါဝင်သည်။ နှလုံးရောဂါဖြစ်သည့် သွေးတိုးခြင်း၊ နှလုံးအဆို့ရှင်ရောဂါ၊ မွေးရာပါနှလုံးချို့ယွင်းခြင်းနှင့် နှလုံးခုန်မမှန်ခြင်းတို့က ဤအခြေအနေကိုဖြစ်စေသည်။ နှလုံးရောဂါမဟုတ်ဘဲ အခြားအကြောင်းများမှာ အဆုတ်တွင်သွေးပေါင်ချိန်များခြင်း(pulmonary hypertension)၊ အရက်သောက်ခြင်း(သို့) ဆေးစွဲခြင်း၊ […]


သွေးတိုးရောဂါ

သင့်မှာ သွေးတိုးရှိနေရင် သင့်ကိုယ်သင် ဘယ်လိုဂရုစိုက်ရမလဲ

သင့်မှာ သွေးတိုးရှိနေရင်သင့်ကိုယ်သင်ဘယ်လိုဂရုစိုက်ရမလဲ။ သင့်ရဲ့သွေးပေါင်ချိန်ကိုထိန်းဖို့နည်းလမ်း ၈ သွယ်ရှိပါတယ်။ ဆားလျှော့စားပြီးကျန်းမာရေးနဲ့သင့်တော်တဲ့စားသောက်မှုပုံစံပြောင်းပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ ကိုယ်အလေးချိန်ကိုပုံမှန်ထိန်းထားပါ။ စိတ်ဖိစီးမှုမဖြစ်အောင်အတတ်နိုင်ဆုံးရှောင်ပါ။ ဆေးရွက်ကြီးမသောက်ပါနဲ့။ ဆေးမှန်မှန်သောက်ပါ။ အရက်ကိုလျှော့သောက်ပါ။ ရေနွေးကန်ထဲမှာစိမ်ခြင်းသည် စိတ်ချရပါသည်။ နေထိုင်မှုပုံစံတိုးတက်ပြောင်းလဲဖို့ကလည်းအရေးကြီးပါတယ်။ ဒါကသင့်ရဲ့သွေးတိုးကိုဆေးသောက်စရာမလိုဘဲကျစေပါတယ်။ နေထိုင်မှုပုံစံပြောင်းလဲခြင်းက သွေးတိုးကိုကြိုတင်ကာကွယ်ဖို့အတွက်အရေးကြီးသလိုထိန်းချုပ်ဖို့အတွက်လည်းအရေးပါပါတယ်။ ဒါကို နေထိုင်မှုစနစ်ကုသနည်းလို့စိတ်ထဲကမှတ်ယူပြီးစိတ်အားထက်သန်စွာလိုက်နာပါ။ တကယ်လိုသင့်မှာသွေးတိုးရှိနေပြီဆိုရင် (သို့) သွေးတိုးဖြစ်ပွားဖြစ်နိုင်ချေမြင့်စေသောအရာအချို့ရှိနေလို့သွေးတိုးဖြစ်မှာစိုးရိမ်တယ်ဆိုရင် သင်သိထားရမှာတစ်ခုက သွေးတိုးဟာကုသမရပေမယ့်ထိန်း ချုပ်လို့ရတယ်ဆိုတာပါပဲ။ ကျန်းမာတဲ့ နေထိုင်မှုပုံစံကိုသင်ပြောင်းလဲလိုက်တဲ့အခါသင်ဟာ သွေးတိုးကျလာမယ်။ သွေးတိုးမဖြစ်အောင်ကာကွယ်နိုင်မယ်။ သင့်ရဲ့ သွေးကျဆေးအာနိသင်တွေကိုပိုပြီးထိရောက်စေမယ်။ နှလုံး၊ကျောက်ကပ်နဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်နိုင်ချေနည်းလာမယ်။ သင်ဘယ်လိုလုပ်ရမလဲဆိုတော့ သွေးတိုးရှိနေတဲ့သူတွေရဲ့၂၀ရာခိုင်နှုန်းကသူတို့သွေးတိုးရှိနေမှန်းမသိကြပါဘူး။ ဒီလက္ခဏာမပြတဲ့သွေးတိုးကသူတို့ကိုနောက်ပိုင်းဆိုးရွားတဲ့ကျန်းမာရေးပြသနာတွေနဲ့ကြုံလာစေနိုင်ပါတယ်။ သင်ကအဲဒီထဲကတစ်ယောက်လား။ သင့်မှာသွေးတိုးရှိမရှိမသိဘူးဆိုရင်တော့ဆရာဝန်ဆီမှာသွားရောက်စမ်းသပ်စစ်ဆေးပါ။ သင့်ကုသမှုတွေပိုမိုထိရောက်ဖို့သင်လုပ်သင့်တာလုပ်ပါ သွေးတိုးမှာကျန်းမာရေးနဲ့သင့်တော်တဲ့နှုန်းဆိုတာမရှိပါဘူး။ ဒီရောဂါနဲ့ပတ်သက်ပြီး ပေါ့ပေါ့မတွေးပါနဲ့။ သင့်ရဲ့ဆရာဝန်နဲ့ကုသနည်းတွေကိုဆွေးနွေးပြီး သွေးတိုးကိုထိန်းချုပ်ဖို့သင်လုပ်ရမယ့်အပိုင်းတွေကိုလည်း သေချာလုပ်ပါ။ သင့်ဘဝကိုပြောင်းလဲပြီး သွေးတိုးဖြစ်ပွားနိုင်ခြေမြင့်စေတဲ့အရာတွေကိုလျှော့ချပါ။ တကယ်လို့သင့်သွေးပေါင်ချိန်ကပုံမှန်ဆိုရင်တောင်(အပေါ်သွေး 120 mmHg အောက်၊ အောက်သွေး 80mmHg အောက်) သွေးတိုးဖြစ်မလာအောင်ကာကွယ်ရပါမယ်။ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းကကျန်းမာတဲ့ဘဝကိုရစေနိုင်ပါတယ်။ နားနေချိန်တိုင်းသော သွေးပေါင်ချိန်သည် သွေးတိုးအကြိုအဆင့် (အပေါ်သွေး 120 နဲ့ […]


သွေးတိုးရောဂါ

သင့် ကလေး သွေးတိုးမဖြစ်အောင် ရှောင်ရှားရမယ့် အချက် (၄) ချက်

စံသွေးပေါင်ချိန်က၉၀/၆၀ mmHg နဲ့၁၂၀/၈၀ mmHg ကြားဖြစ်ပါတယ်။ တကယ်လို့၁၄၀/၉၀ နဲ့အထက်ဖြစ်နေပြီဆိုရင်တော့သင့်မှာသွေးတိုးရှိနေပါပြီ။ သွေးတိုးကပုံမှန်ဆိုရင်အရွယ်ရောက်ပြီးသားလူတွေနဲ့အသက်ကြီးတဲ့သူတွေမှာသာဖြစ်နေကျဆိုပေမယ့်ဆေးရုံတွေနဲ့ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေကနေရရှိတဲ့အချကအလက်တွေအရကလေးတွေမှာလည်းသွေးတိုးရှိသူတဖြည်းဖြည်းနဲ့ပိုများလာပါတယ်။ အခုပြောပြသွားမှာကတော့သင့်ကလေး သွေးတိုးမဖြစ်အောင် ရှောင်ကြဉ်ရမယ့်အချက် လေးချက်ပါ။   (၁) သင့်ကလေးရဲ့ သွေးပေါင်ချိန်ကို စောင့်ကြည့်နေပါ။ သင့်အနေနဲ့သူတို့ရဲ့ သွေးပေါင်ချိန်ကိုမကြာခဏတိုင်းတာပေးဖို့မမေ့ပါနဲ့။ သင့်ကလေးတွေကဆေးခန်းသွားစစ်ဖို့အဆင်မပြေဘူးဆိုရင်သင့်အနေနဲ့ သွေးပေါင်ချိန်တိုင်းကိရိယာဝယ်ပြီးအိမ်မှာပဲတိုင်းနိုင်ပါတယ်။ အခုအချိန်မှာကိရိယာများစွာကတတ်နိုင်တဲ့ဈေးနှုန်းနဲ့ ပေါပေါသီသီရနိုင်တဲ့အပြင်သုံးရလည်းလွယ်ကူအဆင်ပြေပါတယ်။ သင့်ကလေးတွေရဲ့ သွေးပေါင်ချိန် တွေကို ရေးမှတ်ထားပါ။ မူမမှန်တဲ့အခြေအနေတွေကိုလည်းချက်ချင်းလက်ဦးမှုရယူနိုင်ဖို့မျက်ခြေမပြတ်စေပါနဲ့။   (၂) သင့်ကလေးတွေအတွက်ကျန်းမာတဲ့စားသောက်မှုပုံစံစီစဉ်ပေးပါ။ သင့်ကလေးတွေရဲ့ အစားအသောက်တွေထဲမှာအဆီနဲ့အချိုကိုလျှော့ပေးပါ။ သစ်သီးဝလံ၊ဟင်းသီးဟင်းရွက်နဲ့အစေ့အဆံများများကျွေးပါ။ တကယ်လို့သင့်ကလေး မကြာသေးခင်က သွေးပေါင်ချိန်တက်နေရင်ဆားလျှော့ကျွေးပါ။ တကယ်လို့သင့်အနေနဲ့သူတို့အတွက်အစားအသောက်ပုံစံမစီစဉ်တတ်ရင် အာဟာရပညာရှင်ကိုသင့်တစ်မိသားစုလုံးအတွက်သင့်တော်မယ့်အစားအသောက်ပုံစံစီစဉ်ပေးဖို့အကူအညီတောင်းပါ။ ဒီပုံစံနဲ့သင့်တစ်မိသားစုလုံးကျန်းမာခြင်းအကျိုးတွေရနိုင်မှာပါ။   (၃) သင့်ကလေးရဲ့ကိုယ်အလေးချိန်ကိုထိန်းပါ။ အဝလွန်ခြင်းက သွေးတိုးဖြစ်ခြင်းရဲ့အဓိကအကြောင်းရင်းပါ။ သင့်ကလေးတွေအဝလွန်နေရင်သူတို့ ကိုယ်အလေးချိန်အနည်းငယ်စီကျဖို့ကူညီပေးပါ။ သင့်တော်တဲ့စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းတွေကသင့်ကလေးကိုပုံမှန်အလေးချိန်မှာထိန်းထားပေးနိုင်ပါလိမ့်မယ်။ သင့်ဆရာဝန်နဲ့ဘယ်လောက်ထိလျှော့ချသင့်လဲ၊ဘယ်အချိန်၊ဘယ်လိုလျှော့ချရမလဲဆိုတာကိုတိုင်ပင်ပါ။   (၄) ဆေးရွက်ကြီးဆေးလိပ်သောက်ခြင်းရှောင်ပါ။ ဆေးရွက်ကြီးဆေးလိပ်သောက်သုံးခြင်းကသင့်ကလေးကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ သူက သွေးတိုးစေရုံသာမကနှလုံးနဲ့ သွေးကြောတွေကိုလည်းထိခိုက်စေနိုင်ပါတယ်။ ထို့ကြောင့် သင့်ကလေးကိုကာကွယ်ဖို့အရေးကြီးဆုံးတွေထဲကတစ်ခုကဆေးလိပ်ငွေ့မရှူမိစေဖို့ပါ။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူမိခြင်းကလည်းဆိုးပါတယ်။ တကယ်လို့သင်ဆေးလိပ်သောက်တယ်ဆိုရင်သင့်ကလေးကျန်းမာရေးကိုထောက်ပြီးဖြတ်လိုက်ပါ။ တကယ်လို့မိသားစုဝင်ထဲကတစ်ယောက်ယောက်သောက်တယ်ဆိုရင်လည်းအပြင်ထွက်သောက်ဖို့ပြောပါ။ နာတာရှည်သွေးတိုးရောဂါကမကုသဘဲထားခဲ့ရင်အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့်သင့်ကလေးသွေးပေါင်ချိန်ကို အနီးကပ်စောင့်ကြည့်တိုင်းတာဖို့အရေးကြီးပါတယ်။ ရောဂါ စောစောသိခြင်းကသင့်ကလေးကိုအကောင်းဆုံးကုသမှုတွေ […]


သွေးတိုးရောဂါ

သွေးတိုးခြင်းနဲ့ ပတ်သက်ပြီး မှားယွင်းသောအယူအဆ ၅ ချက်

သွေးတိုးခြင်းနဲ့ ပတ်သက်ပြီး မှားယွင်းသောအယူအဆ ၅ ချက် သွေးတိုးခြင်းက တစ်ခါတစ်လေ ထိန်းညှိရခက်ပါတယ်။ သင်ကျန်းမာနေတယ်လို့ သင်ထင်နေပေမယ့် ဒီသွေးတိုးခြင်းက သင့်ရဲ့ခန္ဓါကိုယ်ကို ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ သွေးတိုးခြင်းက လက္ခဏာတွေ သိပ်ပြလေ့မရှိဘဲ တစ်ခါတစ်လေ နှစ်နဲ့ချီပြီး ရှိလို့ရှိမှန်း မသိပါဘူး။ တကယ်လို့ မကုသဘဲထားလိုက်မယ်ဆိုရင် လေဖြတ်ခြင်း နှလုံးရောဂါဖြစ်ခြင်း တို့ပါ ကြုံတွေ့လာနိုင်ပါတယ်။ တကယ်လို့ သင့်မှာသွေးတိုးရှိနေပြီဆိုရင် ဒီသွေးတိုးရောဂါအကြောင်းကို လေ့လာထားသင့်ပါတယ်။ အောက်မှာပြောပြသွားမှာက သွေးတိုးရောဂါနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ အယူအဆ ၅ ချက်ပါ။ မှားယွင်းတဲ့အယူအဆ (၁) - သွေးတိုးရောဂါက ရောဂါကြီးကြီးမားမားမဟုတ်ဘူး သင့်အထင်လုံးဝမှားပါလိမ့်မယ်။ သွေးတိုးရောဂါဟာ အသံတိတ်လူသတ်သမားလို့တောင် တင်စားရတဲ့ထိဆိုးရွားပါတယ်။ သွေးတိုးရောဂါဟာ သင့်ရဲ့သွေးကြောလေးတွေ၊ ကျောက်ကပ် နှလုံးအပြင် တခြားအစိတ်အပိုင်းတွေကိုပါ ပျက်စီးစေပါတယ်။ ပုံမှန်ဆို နှလုံးခုန်ခြင်းဖြင့် လူ့ကိုယ်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို သွေးကိုအသုံးပြုပြီး သွေးကြောလေးတွေကတစ်ဆင့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း