နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့

နှလုံးလေး ကျန်းမာစေချင်ပါသလား ..... အရင်ဆုံး လုပ်ရမယ့် အလုပ်ကတော့ စိတ်ဖိစီးမှု အတိုင်းအတာကို စစ်ဆေးတာပါ။  စိတ်ဖိစီးမှုကြောင့် နှလုံး ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးတာကက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကတော့ သိထားပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် နှလုံး ထိခိုက်စေမယ့် စိတ်ဖိစီးမှုတွေ မဖြစ်အောင် ကာကွယ်ဖို့ကတော့ မလွယ်ပါဘူး။ တစ်နေ့တာမှာက မမျှော်လင့်တာတွေ အများကြီး ကြုံလာနိုင်တာက လူ့ဘဝပဲလေ။အကောင်းဆုံးဖြစ်အောင်တော့ လုပ်ဆောင်လို့ ရပါတယ်။ ဒါကြောင့် အမှုမဲ့အမှတ်မဲ့ ဖြစ်မနေအောင် သတိပေးချင်တာလေး တစ်ခုကို ဆောင်းပါးလေးကနေတဆင့် ပြောပါရစေ။ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ .......လို့ ပြောရတဲ့ အကြောင်းအရင်းလေးကို ရှင်းပြချင်ပါတယ်။ ဒီအကြောင်းလေးကို ပြောဖို့ စိတ်ဖိစီးမှုက နှလုံးကို ဘယ်လို ထိခိုက်စေလဲဆိုတဲ့ အကြောင်းကနေ […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးသွေးကြောကျဉ်း ရောဂါအကြောင်း သိကောင်းစရာ

နှလုံးသွေးကြောကျဉ်းရောဂါဆိုတာဘာလဲ နှလုံးသွေးကြောကျဉ်းရောဂါဆိုသည်မှာနှလုံးကိုသွေးပို့နေသောသွေးကြောများ၏နံရံတွင် သွေးအနည်များတဖြည်းဖြည်းစုပုံလာခြင်းကြောင့် ဖြစ်သည်။ ကြာလာလျှင် ထိုအနည်ခဲများ ရုတ်တရက်ပေါက်ထွက်ပြီးနှလုံးသွေးကြောပိတ်ခြင်း ဖြစ်စေနိုင်သည်။ ထိုသို့ဖြစ်လျှင် နှလုံးကြွက်သားသည် လိုအပ်သောအောက်ဆီဂျင်နှင့်သွေးကိုမရရှိတော့ဘဲဆိုးကျိုးများ ဖြစ်ပေါ်စေသည်။ ဘာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ရသလဲ နှလုံးသွေးကြောကျဉ်းရောဂါသည် သွေးကြောနံရံမာကြောလာခြင်းကြောင့် ဖြစ်သည်။ ကိုလက်စထရော၊ ကယ်လ်ဆီယံနှင့် ဆဲလ်အနည်များသည် နှလုံးသွေးကြော၏အတွင်းနံရံတွင် တဖြည်းဖြည်းစုပုံလာကာသွေးကြောနံရံမာကြောလာခြင်း ဖြစ်သည်။ ထိုအခါ သွေးကြောတဖြည်းဖြည်းကျဉ်းလာပြီးနှလုံးကြွက်သားသို့ သွေးရောက်ရှိမှုနည်းလာသည်။ ကြာလာလျှင် သွေးကြောပိတ်ကာလူနာသည် ရုတ်တရက်ရင်ဘတ်အောင့်ခြင်း(Angina) ဖြစ်လာနိုင်သည်။ ရုတ်တရက်ရင်ဘတ်အောင့်ခြင်း(Angina) ၏လက္ခဏာများ Angina သည် နှလုံးကြွက်သားဆီသွေးလုံလောက်စွာမရောက်ရှိခြင်းကြောင့် ခံစားရသောလက္ခဏာတမျိုးဖြစ်သည်။ လူနာသည်ရင်ဘတ်ကိုဖိထားသကဲ့သို့ ခံစားရခြင်း၊ရင်ဘတ်အောင့်ခြင်း၊ ဘယ်ဘက်လက်၊ပခုံးနှင့် လည်ပင်းတို့အထိနာကျဉ်ခြင်းတို့ခံစားရနိုင်ပါသည်။ မူမှန်သော Angina ပုံစံ လူနာသည် လှုပ်ရှားပြီးချိန်၊ အစာစားပြီးချိန်များတွင် ရင်ဘတ်အောင့်လာလျှင် မူမှန်သော Angina ပုံစံမျိုး ဖြစ်သည်။ နှလုံးသွေးကြောကျဉ်းနေပြီးသော (သွေးကြောမပိတ်သေးသော) သူများတွင်တွေ့ရသောပုံစံဖြစ်သည်။ ဖြစ်စဉ်မှာအားကစားသို့မဟုတ် လှုပ်ရှားမှု ပြုလုပ်ပြီးချိန်တွင်ကျဉ်းနေသောသွေးကြောများကနှလုံးကြွက်သားမှပုံမှန်ထက်ပိုလိုအပ်နေသောသွေးပမာဏကိုလုံလောက်စွာမပို့ပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ နားနေချိန်တွင်မူနှလုံးကြွက်သားများပုံမှန်အတိုင်းအလုပ်လုပ်နေသည့်အတွက် ရင်ဘတ်မအောင့်ပါ။ ထို့ကြောင့် မူမှန်သော […]


နှလုံးကြွက်သားရောဂါများ

Cardiomegaly (နှလုံးကြီးခြင်း)

အဓိပ္ပာယ်ဖွင့်ဆိုချက် Cardiomegaly (နှလုံးကြီးခြင်း) ကဘာလဲ။ နှလုံးကြီးခြင်း ဆိုတာ နှလုံးကို X-ray ဓာတ်မှန်ရိုက်တဲ့အခါ နှလုံးအရွယ်အစား ကြီးနေခြင်းကို ခေါ်တာပါ။ နှလုံးကြီးနေပြီဆိုတာနဲ့ အတည်ပြုဖို့ အခြားစစ်ဆေးချက်တွေ ပြုလုပ်ဖို့ လိုပါလိမ့်မယ်။ နှလုံးကြီးတယ်ဆိုတာ ရောဂါတော့မဟုတ်ပေမယ့် တစ်ခါတစ်ရံမှာတော့ ကာလကြာရှည် သွေးရောဂါနဲ့ လည်ပင်းသိုင်းရွိုက်ဂလင်း ရောဂါတွေနဲ့တော့ ယှဉ်တွဲနေတတ်ပါတယ်။ Cardiomegaly (နှလုံးကြီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ သွေးတိုးရောဂါနဲ့ နှလုံးရောဂါရှိတဲ့လူတွေမှာ နှလုံးကြီးတတ်ပါတယ်။ လူငယ်တွေထက် လူကြီးတွေမှာ အဖြစ်များပါတယ်။ ဖြစ်စေနိုင်တဲ့ အချက်တွေကို ရှောင်ကြဉ်ခြင်းအားခြင့် နှလုံးကြီးနိုင်ခြေကို လျော့ချနိုင်ပါတယ်။ တခြားသိလိုတဲ့ အချက်တွေရှိရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ လက္ခဏာများ Cardiomegaly (နှလုံးကြီးခြင်း) ရဲ့လက္ခဏာတွေက ဘာတွေလဲ နှလုံးကြီးတာဟာ အချို့မှာ လက္ခဏာ မပြတတ်ပါဘူး။ အချို့မှာတော့ အောက်ဖော်ပြပါ လက္ခဏာတွေ ရှိနေပါလိမ့်မယ်။ အသက်ရှူမဝခြင်း နှလုံးစည်းချက် မမှန်ခြင်း ဖောရောင်နေခြင်း ကိုယ်အလေးချိန်တက်လာခြင်း ပင်ပန်းနွမ်းနယ်ခြင်း […]


နှလုံးပျက်စီးခြင်း

Heart Failure (နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း)

Heart Failure နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း ဆိုတာက နှလုံးက သူရဲ့အလုပ်ဖြစ်တဲ့ သွေးကို တစ်ကိုယ်လုံး လှည့်ပတ်စီးဆင်းအောင် မညှစ်ထုတ်ပေးနိုင်တော့တဲ့ အခြေအနေဖြစ်ပါတယ်။ နှလုံးစွမ်းဆောင်ရည်ကျဆင်းတဲ့ လူတွေမှာ သွေးလည်ပတ်မှု မကောင်းတော့ပါဘူး။ သွေးတွေကို လုံလောက်အောင် မညှစ်ထုတ်နိုင်တဲ့အခါ နှလုံးရဲ့အခန်းတွေဟာ သွေးတွေ ပိုပြီးလက်ခံနိုင်အောင် ဆွဲဆန့်ပေးရတယ် သို့မဟုတ် နှလုံးနံရံတွေ မာကြောလာရပါတယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် သွေးစီးဆင်းမှုကို ပုံမှန်ပြန်ဖြစ်လာနိုင်ပေမယ့် နှလုံးကြွက်သားတွေက တဖြည်းဖြည်းနဲ့ အားနည်းလာပြီး အလုပ်ကောင်းကောင်း မလုပ်နိုင်တော့တဲ့ အခြေအနေ ဖြစ်သွားတတ်ပါတယ်။ ရလဒ်အနေနဲ့ကတော့ ကျောက်ကပ်ဟာ သွေးတွေ ပြန်ဖြည့်နိုင်ဖို့ ကိုယ်တွင်းမှာရှိတဲ့ ရေနဲ့ ဆားဓာတ်ကို ဆွဲယူဖို့ လုပ်ဆောင်ပေးရတယ်။ ဒါကြောင့် နှလုံးစွမ်းဆောင်ရည် ကျဆင်းလာတဲ့အခါ ကိုယ်တွင်းမှာ ရေဓာတ်တွေစုပုံလာတဲ့အတွက် ဖောတာ၊ မောတာတွေ ဖြစ်လာပါတော့တယ်။ Heart Failure (နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီကျန်းမာရေးအခြေအနေက […]


နှလုံးအဆို့ရှင်ရောဂါများ

Aortic Valve Replacement (နှလုံးအဆို့ရှင် အစားထိုးကုသခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Aortic Valve Replacement (နှလုံးအဆို့ရှင် အစားထိုးကုသခြင်း ) ကဘာလဲ။ နှလုံးအဆို့ရှင်မကောင်းသောရောဂါသည် နာကျင်ခြင်း၊ အသက်ရှူရခက်ခြင်း၊ နှင့် သေဆုံးခြင်းထိတိုင်အောင် ဖြစ်နိုင်ပါသည်။ နှလုံးအဆို့ရှင်ကို အစားထိုးကုသခြင်းဖြင့် သင်၏ နာကျင်မှုကို သက်သာစေပြီး သင့်ကို ပို၍အသက်ရှည်စွာနေထိုင်နိုင်ရစေသည်။ နှလုံးအဆို့ရှင်သည် နှလုံးမှ သွေးများစီးဆင်းမှုကို ထိန်းချုပ်ထားသည်။ နှလုံးအဆို့ရှင်မကောင်းလျင် အဆို့ရှင်သည် ကောင်းစွာမပွင့်ခြင်း သို့မဟုတ် ကျဉ်းနေခြင်း သို့မဟုတ် ကောင်းစွာမပိတ်ခြင်းတို့ဖြစ်နိုင်သည်။ အကယ်၍ သင်၏ နှလုံးအဆို့ရှင်သည် ကောင်းစွာမပွင့်ပါက သို့မဟုတ် ကျဉ်းနေပါက မူးဝေခြင်း၊ အသက်ရှူရခက်ခြင်းနှင့် နှလုံးအောင့်ခြင်းများဖြစ်နိုင်သည်။ အဆို့ရှင် ကောင်းစွာမပိတ်ပါက ရင်တုန်ခြင်းနှင့် အသကိရှူမရခြင်းများဖြစ်နိုင်ပါသည်။ Aortic Valve Replacement (နှလုံးအဆို့ရှင် အစားထိုးကုသခြင်း ) က ဘယ်လောက်အဖြစ်များသလဲ သင့်တွင် ရေတာရှည် အဆို့မလုံခြင်းဆိုးရွားလာပြီး ရောဂါလက္ခဏာများလည်းရှိပါက ခွဲစိတ်ကုသခံရဖို့များသည်။ အဆို့မလုံခြင်းဆိုးရွားလာပါက လက္ခဏာများမရှိပဲလည်း ခွဲစိတ်ကုသခံရနိုင်သည်။ ရုတ်တရက် […]


နှလုံးရောဂါ

Syncope (နှလုံးရောဂါ အဓိကလက္ခဏာများ)

နှလုံးရောဂါ အမျိုးအစားအများအပြားရှိပြီး တစ်မျိုးစီမှာ ကိုယ်ပိုင် ရောဂါလက္ခဏာတွေ အစုံလိုက်ရှိကြပါတယ်။ သို့သော် နှလုံးရောဂါတိုင်းမှာ အဖြစ်များတဲ့ အဓိက လက္ခဏာတွေ ရှိပါတယ်။ တကယ်လို့ သင့်မှာ ဒီလက္ခဏာတွေ တွေ့နေရပြီဆိုလျှင် ချက်ချင်း ဆေးကုသမှုအကူအညီ ယူသင့်ပါတယ်။ ရင်ဘတ်အောင့်ခြင်း လူတော်တော်များများက ရင်ဘတ်အောင့်ရင် နှလုံးအောင့်တယ်လို့ ထင်ကြပါတယ်။ ရောဂါတော်တော်များများက ရင်ဘတ်အောင့် ခြင်းဖြစ်တတ်သော်လည်း နှလုံးရောဂါမှာတော့ ပိုအဖြစ်များပြီး ပိုလည်းအန္တရာယ်များပါတယ်။ ထို့ကြောင့် ရင်ဘတ်အောင့်ခြင်းလက္ခဏာကို အရေးမကြီးဘူးဆိုပြီး လွှတ်ထားလို့မရပါဘူး။ “ရင်ဘတ်အောင့်ခြင်း” ဆိုတာမတိကျတဲ့ အခေါ်အဝေါ်တစ်ခုပါ။ သူ့ကို ရင်ဘတ်၊ လည်ပင်း၊ သို့ ဝမ်းဗိုက်အပေါ်ပိုင်းတွင် နာခြင်း၊အောင့်ခြင်း၊ကြပ်ခြင်း၊သီးခြင်း၊ထုံခြင်း သို့ မအီမသာဖြစ်ခြင်းတို့ အပြင် တစ်ခါတစ်ရံ မေးရိုး၊ ခေါင်း၊ သို့ လက်မောင်းအောင့်ခြင်းတို့နဲ့ ဆက်စပ်ပြီး သုံးလေ့ရှိကြပါတယ်။၎င်းဟာ စက္ကန့်ကပိုင်းကနေ ရက်ပိုင်း သို့ ရက်သတ္တပတ်လောက်ထိကြာတတ်ပြီး ရုတ်တရက်သော်လည်းကောင်း […]


နှလုံးရောဂါ

CRP ပမာဏနှင့် သင့်နှလုံး

C-reactive ပရိုတင်း (CRP) ဆိုတာဘာလဲ CRP ဆိုတာ အသည်းမှထုတ်သော ပရိုတင်းတစ်မျိုးဖြစ်ပြီး နှလုံးအခြေအနေနဲ့ပတ်သက်လို့ သတိထားစစ်ဆေးသင့်သည့် အရာတစ်မျိုးဖြစ်တယ်။ သွေးတွင်းပရိုတင်းဖြစ်ပြီး ပမာဏများနေပါက နှလုံးရောဂါနှင့် လေဖြတ်မှုတို့အတွက် ထည့်သွင်းစဉ်းစားသင့်သည့် အချက်တစ်ချက်ဖြစ်ပါတယ်။ ထိခိုက်မှု၊ ရောဂါပိုးဝင်မှုတို့ကြောင့်ရတတ်တဲ့ အင်္ဂါအစိတ်အပိုင်းများရောင်ရမ်းမှုကြောင့် CRP တက်တတ်ပြီး၊ CRP ပရိုတင်းကို နှလုံးရောဂါရနိုင်ချေရှိနေသောသူများတွင်သာမက ကျန်းမာနေသူများတွင်ပါ နှလုံးရောဂါဖြစ်နိုင်ချေရှိမရှိ စမ်းသပ်ရာတွင် အသုံးပြုနိုင်တယ်လို့ လတ်တလောလေ့လာမှုတွေကဆိုလာပါတယ်။ ဒါကြောင့် CRP ပမာဏတက်နေခြင်းဟာ နှလုံးဆိုင်ရာပြဿနာနဲ့ လေဖြတ်နိုင်ချေရှိနေတယ်လို့ ပြောလို့ရပါတယ်။   CRP ပမာဏစစ်ဆေးသင့်လား တကယ်လို့ နှလုံးနဲ့သွေးကြောဆိုင်ရာ ပြဿနာများတွေ့ကြုံခံစားရခြင်း၊ ဒါမှမဟုတ် လတ်တလော ဗိုင်းရပ်စ် သို့မဟုတ် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းများရှိထားပါက ဆရာဝန်က CRP ပမာဏစစ်ဆေးခိုင်းနိုင်ပါတယ်။ ထိခိုက်မှုများ၊ ရောဂါပိုးဝင်မှု (အဆုတ်ရောင်ခြင်း၊ ရေယုန်ပေါက်ခြင်း၊ ဘတ်တီးရီးယားပိုးဝင်ခြင်း၊ ဗိုင်းရပ်စ်ဝင်ခြင်း စသည်) တို့ကြောင့် […]


နှလုံးရောဂါ

မြေထဲပင်လယ်ဒေသစာများ စားခြင်းသည် နှလုံးရောဂါဖြစ်ပွားမည့်အန္တရာယ်ကို လျော့ကျစေသည်

နှလုံးရောဂါကို ကာကွယ်ရန်အတွက် လေ့ကျင့်ခန်းလုပ်နိုင်သည်။ ကျန်းမာစေသောဘဝနေထိုင်မှုပုံစံကို ထိန်းသိမ်းနိုင်သည်။ သင့်လျော်သောအစားအစာများစားနိုင်သည်။ အထူးသဖြင့် မြေထဲပင်လယ်ဒေသစာများသည် ကျွမ်းကျင်သူများ အထူးတိုက်တွန်းသော အဓိကအရာဖြစ်သည်။ မြေထဲပင်လယ်ဒေသအစားအစာများသည် ၁၉၆၀ခုနှစ်များမှ အီတလီ၊ ဂရိစသောနိုင်ငံများ၏ ရိုးရာအစားအသောက်အငွေ့အသက်များ လွှမ်းမိုးနေသည်။ သံလွင်ဆီ၊ ဝိုင်နီစသောထူးခြားသောဟင်းခတ်များကို သုံးထားပြီး လူတိုင်းစားနေကျအစားအသောက်များသာဖြစ်သည်။၎င်းတွင်သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ငါးများ၊ အနှံများ၊ အခွံမာသီးများ (အဓိကအားဖြင့်သစ်ကြားသီးအစေ့) များ ပါဝင်ပြီး အသားနှင့် နို့ထွက်ပစ္စည်းများနည်း၍ ဆားလည်းလျှော့ထားသောကြောင့် ကျန်းမာစေသည်။ လွန်ခဲ့သည့်၁၀နှစ်ကျော်က ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခု၏ ရလဒ်များက မြေထဲပင်လယ်ဒေသအစားအစာများကို အမြဲစွဲ၍စားသုံးသူများသည် အခြားသူများနှင့်ယှဉ်လျှင် နှလုံးရောဂါဖြစ်နိုင်ချေ ၄၇ရာခိုင်နှုန်းလျော့ကျသည်ဟု ဖော်ပြထားသည်။ မြေထဲပင်လယ်ဒေသစာများတွင် အစားအစာများသည် သွေးဆဲလ်များ၏ တီလိုမီးယား (telomere) များကို ပို၍ဖန်တီးပေးနိုင်သည်။ ရှည်လျားသော တီလိုမီးယားများသည် အစားအစာနှင့် နှလုံးသွေးကြောရောဂါများ၏ အန္တရယ်တို့ကြားဆက်စပ်မှုကို ရှင်းပြနိုင်သည်။ ယခင်ကလေ့လာမှုများတွင်လည်း မကျန်းမာသော […]


နှလုံးရောဂါ

ရုတ်တရက် နှလုံးရပ်ပြီးနောက် ပြန်လည်နာလန်ထခြင်း

သင်သည် သေလုမျောပါးနှလုံးထိခိုက်မှုမှ အသက်ရှင်သန်လာခါစဖြစ်ပြီးယခုလောလောဆယ်တွင် အထူးကြပ်မတ်ကုသဆောင် (ICU) တွင် နောက်ထပ်ရောဂါရှာဖွေမှုများနှင့် စမ်းသပ်ချက်အဖြေများကို စောင့်ဆိုင်းနေရသည် ဆိုပါစို့။ သင်သည် "သင်သည်ယခုလက်ရှိအခြေအနေမှမည်ကဲ့သို့အပြီးတိုင်လွတ်မြောက်နိုင်မည်နည်း" ဟုစတင်စဉ်းစားလာတော့မည်။ ဤအခြေအနေကို အောင်မြင်စွာကုသရန် အချိန်လိုအပ်သည်။ နှလုံးရပ်တန့်မှုတစ်ကြိမ်ဖြစ်ပြီး နောက်၁၀နှစ်အတွင်းတွင် နောက်တစ်ကြိမ်ထပ်ဖြစ်နိုင်သည့် အန္တရာယ်ရှိသည်။ အကြောင်းအရင်းပေါ်မူတည်၍ လုံးဝပျောက်ကင်းအောင် ကုသနိုင်သလို အရှင်းမပျောက်သည်လည်းဖြစ်နိုင်သည်။ ဆရာဝန်များအနေနှင့် အကောင်းဆုံးလုပ်နိုင်သည်မှာ ပထမအကြိမ်ကတည်းကပင် နှလုံးရပ်ခြင်းဖြစ်စေသည့် အကြောင်းရင်းကိုရှာဖွေ၍ အခြေအနေပေါ်မူတည်ကာ ကုသမှုစတင်ခြင်းဖြစ်သည်။ စမ်းသပ်မှုများအပြီးတွင် ဖြစ်နိုင်သောအကြောင်းပြချက်အချို့တွေ့ရမည်။ နှလုံးရောဂါအများစုသည် ရုတ်တရက်နှလုံးရပ်မှုကို ဖြစ်စေနိုင်သောကြောင့် ကုသမှုသည်လည်း ရောဂါအမျိုးအစားပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။ အကယ်၍ သင်၏ဆရာဝန်က သင့်တွင် နှလုံးသွေးကြောကျဉ်းရောဂါရှိနေပြီး သွေးကြောအတွင်းတွင် သွေးခဲရှိနေသည်ဆိုပါက ခွဲစိတ်ကုသမှု လိုကောင်းလိုမည်။ အကယ်၍ သင်၏နှလုံးသည် ပုံမှန်မဟုတ်ဘဲ ကြီးနေပြီး နှလုံးခုန်နှုန်းများ အတက်အကျမမှန်ဖြစ်နေပါက နှလုံးခုန်နှုန်းထိန်းစက် (pace maker) ထည့်ရန် […]


နှလုံးရောဂါ

နှလုံးရပ်ခြင်းလက္ခဏာများနှင့် အရေးပေါ် အသက်ကယ်နည်း

သင်သည် သင့်အကြောင်းကိစ္စတစ်ခုခုကိုတွေးရင်း လမ်းလျှောက်လာသည် ဆိုပါစို့။ ထိုအချိန်တွင် သက်လတ်ပိုင်းအမျိုးသားတစ်ဦး မိမိရင်ဘတ်ကိုဖိပြီး မျက်လုံးအပေါ်လန်ကာ ပါးစပ်ဟ၍ အသက်ခက်ခက်ခဲခဲ ရှူနေသည်ကို သင်တွေ့လိုက်ပါပြီတဲ့။ မိနစ်အနည်းငယ် မကြာမီတွင် ထိုသူသည် မြေပြင်ပေါ်သို့လဲကျ သွားမည်။ ထိုအခါ ဆေးရုံကားကို လျှင်မြန်စွာ ခေါ်ပြီးနောက် သင်ဘာဆက်လုပ်မလဲ။ နှလုံးရပ်သွားသော လူတစ်ယောက်အတွက် စက္ကန့်တိုင်း သည် အရေးကြီးသောကြောင့် အချိန် နောက်ကျသည်နှင့်အမျှ အသက်ရှင်ရန် အခွင့်အရေး နည်းပါးသည်။ ထို့ကြောင့် လူနာ၏အခြေအနေကို ဖော်ပြသော လက္ခဏာ များကို သတိထားခြင်းသည် အသုံးဝင်ပါသည်။ နှလုံးခုန် ရုတ်တရက်ရပ်သွားလျှင် ကိုယ်တွင်းအင်္ဂါများသို့ို သွေးနှင့် အောက်ဆီဂျင် မရောက်နိုင်တော့သောကြောင့် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရန်ခက်ခဲ ခြင်း၊ မူးမေ့လဲခြင်း၊ တုံ့ပြန်မှုမရှိခြင်း၊ ခြေလက်များ ပျော့ခွေသွားခြင်းများ ဖြစ်နိုင်သည်။ ထိုသူ၏ နှလုံးခုန်နှုန်းကို စမ်းကြည့်လျှင် […]


နှလုံးရောဂါ

နှလုံးရောဂါသည် မျိုးရိုးလိုက်တတ်ပါသလား

ကမ္ဘာတစ်လွှားတွင် သေဆုံးမှုဖြစ်ပွားခြင်း၏ အဓိကကျသောအကြောင်းအရင်းများတွင် နှလုံးရောဂါသည် တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းနှလုံးရောဂါများထဲတွင် မွေးရာပါနှလုံးရောဂါသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မိသားစုတွင် ငယ်စဉ်ကလေးဘဝကပင် နှလုံးရောဂါရှိလျှင် မျိုးရိုးလိုက်သည်ဟု ဆိုနိုင်ပါသည်။ မွေးရာပါနှလုံးရောဂါသည် အထက်တွင်ဖော်ပြသတဲ့သို့ မွေးစဉ်ကတည်းကပင်ပါရှိနေသော ရောဂါဖြစ်သည်။ မွေးရာပါ နှလုံးအပေါက်ပါခြင်း၊ အဆို့ရှင်မလုံခြင်းအစရှိသည့် အခြေအနေများ ပါဝင်သည်။ ထိုအခြေအနေများကို ၁၀၀ရာခိုင်နှုန်းတွေ့ရှိနိုင်မည် မဟုတ်ပါ။ မွေးရာပါနှလုံးတည်ဆောက်ပုံချို့တဲ့ခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းများသည် တိတိကျကျ သေသေချာချာမရှိပါဘူး။ ဖြစ်နိုင်သော အကြောင်းအရင်းများမှာ ကိုယ်ဝန်ဆောင်ချိန်တွင် မသောက်သင့်သော ဆေးသောက်ခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် ဗီဇပြောင်းလဲခြင်းတို့ကြောင့် ဖြစ် သည်။ လူတစ်ယောက်နှင့်တစ်ယောက် မျိုးရိုးဗီဇ မတူညီကြပါဘူး။ ထို့ ကြောင့်လည်း တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားကြသည်။ မျိုးရိုးဗီဇသည် ကျွန်ုပ်တို့၏ ခန္ဓာကိုယ် လုပ်ဆောင်ချက်နှင့် ပုံပန်းသဏ္ဍာန်ကို ဖော်ညွှန်းသည်။ မျိုးရိုးဗီဇသည် ကျွန်ုပ်တို့၏မိဘများမှ ဆင်းသက်လာသည်။ မျိုးရိုးဗီဇ ပုံမမှန် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း