နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့

နှလုံးလေး ကျန်းမာစေချင်ပါသလား ..... အရင်ဆုံး လုပ်ရမယ့် အလုပ်ကတော့ စိတ်ဖိစီးမှု အတိုင်းအတာကို စစ်ဆေးတာပါ။  စိတ်ဖိစီးမှုကြောင့် နှလုံး ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးတာကက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကတော့ သိထားပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် နှလုံး ထိခိုက်စေမယ့် စိတ်ဖိစီးမှုတွေ မဖြစ်အောင် ကာကွယ်ဖို့ကတော့ မလွယ်ပါဘူး။ တစ်နေ့တာမှာက မမျှော်လင့်တာတွေ အများကြီး ကြုံလာနိုင်တာက လူ့ဘဝပဲလေ။အကောင်းဆုံးဖြစ်အောင်တော့ လုပ်ဆောင်လို့ ရပါတယ်။ ဒါကြောင့် အမှုမဲ့အမှတ်မဲ့ ဖြစ်မနေအောင် သတိပေးချင်တာလေး တစ်ခုကို ဆောင်းပါးလေးကနေတဆင့် ပြောပါရစေ။ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ .......လို့ ပြောရတဲ့ အကြောင်းအရင်းလေးကို ရှင်းပြချင်ပါတယ်။ ဒီအကြောင်းလေးကို ပြောဖို့ စိတ်ဖိစီးမှုက နှလုံးကို ဘယ်လို ထိခိုက်စေလဲဆိုတဲ့ အကြောင်းကနေ […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

နှလုံးရောဂါရှိ ကလေးတစ်ယောက်၏ အဘိုးအဘွား ဖြစ်ရခြင်း

မိမိမြေးလေးတွင် နှလုံးရောဂါ ရှိနေပါက အဘိုးအဘွားများအဖို့ ရောဂါအကြောင်းကို ပို၍ပင်သိချင်ပါလိမ့်မည်။ ကလေး ၁၃၃ ယောက်တွင် ၁ ယောက်မှာ နှလုံးရောဂါနှင့် မွေးဖွားလာကြပါသည်။ တချို့သော အခြေအနေများသည် ကုသရန်မလိုဘဲ အလိုအလျောက် ပျောက်ကင်းသွားနိုင်ပါသည်။ သို့သော် တချို့သော အခြေအနေများသည် မွေးမွေးပြီးခြင်း သို့မဟုတ် လနုစဉ်အတွင်း ခွဲစိတ်ကုသရန် လိုအပ်ပါသည်။ ဆေးပညာ၏ တိုးတက်လာမှုကြောင့် နှလုံးရောဂါ ဖြစ်သော ကလေးများ ခွဲစိတ်ကုသပြီး ရှင်နိုင်သော ပမာဏသည် ၉၅ ရာခိုင်နှုန်းအထိ မြင့်တက်လာပါသည်။ ထို့ကြောင့် မိမိ၏ မြေးလေးသည် နှလုံးရောဂါရှိသူ ဖြစ်ပါက ခွဲစိတ်ကုသ၍ ပျောက်ကင်းနိုင်ပါသည်။ မိမိ၏မြေးလေး အကြောင်းပို၍ သိချင်ပါက ဆရာဝန်နှင့် အမြဲတိုင်ပင်သင့်ပါသည်။ ဖုန်းနှင့်ဖြစ်စေ စာရွက်ဖြင့်ဖြစ်စေ မေးမြန်း၍ မည်သို့ ကုသရမည်ကို တိုင်ပင်သင့်ပါသည်။ မိသားစု ပြဿနာများ မွေးရာပါ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

နှလုံးသွေးကြောချဲ့ခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ

နှလုံးသွေးကြောချဲ့ခြင်းဆိုတာ ဘာလဲ။ နှလုံးသွေးကြောချဲ့ခြင်းဆိုသည်မှာ နှလုံးကိုထောက်ပံ့နေသော သွေးကြောများကို ဖွင့်သော လုပ်ငန်းစဉ် တစ်ခုဖြစ်သည်။ နှလုံးရုတ်တရက်ထိခိုက်ပြီးချိန်တွင်ပြုလုပ်လေ့ရှိသော ကုသမှုပုံစံဖြစ်သည်။ ထိုကုသမှုကို အရေပြားပေါ်မှတဆင့် နှလုံးသွေးကြောချဲ့ခြင်း (PTCA) ဟုခေါ်သည်။ အများစုတွင် ထိုသို့သွေးကြောချဲ့ပြီးနောက် နှလုံးထံသို့သွေးစီးဆင်းမှုကောင်းစေရန် နှင့် သွေးကြောပြန်မကျဉ်းရန် သွေးကြောတွင်းသို့ပြွန်ချောင်းငယ်လေးများထည့် ကြသည်။ ထိုအခြေအနေတွင် အချိန်သည် သင့်အတွက်တန်ဖိုးရှိသည်။ နှလုံးရုတ်တရက်ထိခိုက်ပြီး တစ်နာရီအတွင်းသွေးကြောချဲ့ပါက သင့်ကိုဆိုးကျိုးပိုနည်းစေမည်ဖြစ်သည်။ ဟားဗတ်တက္ကသိုလ်မှ လေ့လာချက်များအရ နှလုံးရုတ်တရက်ထိခိုက်ပြီး တစ်နာရီကျော်မှသွေးကြောချဲ့ပါက သင့်အတွက် အကျိုးသက်ရောက်မှု ရှိချင်မှရှိလိမ့်မည်။ ထို့ကြောင့်တတ်နိုင်သမျှမြန်မြန်ကုသလေလေ နောက်ဆက်တွဲဆိုးကျိုးနှင့် နှလုံးထိခိုက်မှုနည်းလေလေဖြစ်သည်။ နှလုံးသွေးကြောချဲ့ခြင်းကို နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာရှိသောသူများတွင်လည်း ပြုလုပ်နိုင်သည်။ နှလုံးသွေးကြောချဲ့ခြင်းကို မည်သို့ပြုလုပ်သလဲ။ ဘယ်လိုအကျိုးရှိနိုင်သလဲ။ နှလုံးသွေးကြောချဲ့ခြင်းကို ထုံဆေးဖြင့်ပြုလုပ်သည်။ လူနာ၏ပေါင်ခြံ သို့မဟုတ် လက်မောင်းတွင် ခွဲကြောင်းပေးသည်။ ထိုမှတစ်ဆင့် အဆုံးတွင် အဖောင်းအပိန်ပြုလုပ်နိုင်သော ဘောလုံးငယ်လေးပါဝင်သော ပြွန်ချောင်းကို သွေးကြောထဲသို့ ထည့်သွင်းခြင်းဖြစ်သည်။ X ray […]


နှလုံးရောဂါ

နှလုံးရောဂါ ဖြစ်နိုင်ခြေကို တွက်ချက်ခြင်း

နှလုံးရောဂါ အများစုသည် ကုသ၍ရသော၊ ထိန်းချုပ်၍ရသော၊ အဆင့်မြှင့်၍ရသော၊ သွေးပေါင်ချိန် မြှင့်တင်ပေးနိုင်သော၊ ဆေးလိပ်၊ ကိုလက်စထရော ပမာဏ၊ အဝလွန်ခြင်များအတွက် ပြောင်းလဲနိုင်သော ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ သို့သော် တချို့သော အဆင့်မြင့် နှလုံးရောဂါများသည် ကုသ၍ မရနိုင်ပါ။ ပြောင်းလဲနိုင်သော အချက်များ သွေးပေါင်ချိန် တက်ခြင်းသည် နှလုံးဖောက်ခြင်းနှင့် လေဖြတ်ခြင်းများ အတွက် အဓိကကျသော အကြောင်းအရင်း ဖြစ်ပါသည်။ ထိုအကြောင်းအရင်းများမှာ ကြိုတင်သိရလျှင် ကာကွယ်နိုင်သောအချက် ဖြစ်ပါသည်။ ကိုလက်စထရော၊ တရိုင်ဂရစ်စရိုက်၊ မကောင်းသော အဆီ စသော အဆီပမာဏ ပုံမမှန်ခြင်း၊ ကောင်းသော အဆီများ နည်းခြင်း စသည်တို့သည် နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို ဖြစ်ပေါ်နိုင်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားသုံးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးသောက်ခြင်းတို့သည် အဆီပမာဏ ပုံမမှန်ခြင်းကို ကုသနိုင်ပါသည်။ ဆေးလိပ်သောက်သုံးခြင်း၊ ဆေးရွက်ကြီး […]


မွေးရာပါနှလုံးရောဂါများ

ကလေးတွင် မွေးရာပါ နှလုံးရောဂါရှိခဲ့လျှင် မေးလေ့မေးထရှိသော မေးခွန်းများ

မွေးရာပါ နှလုံးရောဂါ ဖြစ်ခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါတစ်မျိုး ဖြစ်ပါသည်။ မွေးရာပါ ဟူသည့်သဘောမှာ မွေးစဉ်အခါကတည်းက ပါလာသောရောဂါကို ဆိုလိုပါသည်။ မွေးရာပါ နှလုံးရောဂါသည် မွေးကတည်းက ပုံမှန်နှလုံး၏ လုပ်ငန်းစဉ်ကို ထိခိုက်နိုင်သည့် အခြေအနေ ဖြစ်ပါသည်။ အောက်ဖော်ပြပါ မေးခွန်းများသည် မေးလေ့မေးထရှိသော မေးခွန်းများ ဖြစ်ပါသည်။ မွေးရာပါ နှလုံးရောဂါသည် အဘယ်ကြောင့် ဖြစ်လာသနည်း။ အများအားဖြင့် မွေးရာပါ နှလုံးရောဂါဖြစ်သော အကြောင်းအရာကို ရှာမတွေ့ပါ။ သို့သော် ဖြစ်နိုင်ခြေများသော အချက်များ ရှိပါသည်။ • မိခင်တွင် ဝက်သက်စသော ရောဂါ ကိုယ်ဝန်ဆောင်စဉ်တွင် ရှိနေလျှင် • မိခင်တွင် ဆီးချိုရောဂါရှိလျှင် • ဒေါင်းရောဂါ ဟုခေါ်သော ကလေး၏ ဦးနှောက်နှင့် ခန္ဓာဖွံဖြိုးမှု နှောင့်နှေးသည့် ရောဂါရှိလျှင် • တခြား ခရိုမိုဇုန်းဓါတ်များ လိုအပ်သော ရောဂါဖြစ်လျှင် နှလုံးရောဂါဖြစ်နိုင်ခြေ များပြားပါသည်။ မွေးရာပါနှလုံးရောဂါ […]


နှလုံးရောဂါ

မေးလေ့မေးထရှိသော နှလုံးရောဂါနှင့် ကိုယ်ဝန်တို့ ဆက်စပ်သည့်အကြောင်း

နှလုံးရောဂါရှိသော အမျိုးသမီးများသည် ကိုယ်ဝန် မဆောင်နိုင်ပါဟု လွဲမှားသော အယူအဆများ ရှိကြပါသည်။ အမှန်မှာ ထိုရောဂါသည် ကိုယ်ဝန်ဆောင်ချိန်တွင်လည်း ထိန်းချုပ်နိုင်သော ရောဂါဖြစ်ပါသည်။ နှလုံးရောဂါသည် ကိုယ်ဝန်ဆောင်လျှင် သိသင့်သည်များကို ဖော်ပြပါမည်။ ကိုယ်ဝန်ဆောင်ခြင်းသည် မိမိနှလုံးကို မည်သို့ အကျိုးသက်ရောက်စေနိုင်သနည်း။ ကိုယ်ဝန်ဆောင်ချိန်တွင် မိမိ၏နှလုံးသည် တခြားသော အစိတ်အပိုင်းများသို့ ပုံမှန်ထက် ၄ဝ ရာခိုင်နှုန်းပို၍ သွေးလွှတ်ပေးသည်။ ထို့ကြောင့် မိမိနှလုံးမှာ ပို၍ အလုပ်လုပ်ရသည်။ သွေးကြောများသည် လိုအပ်သော သွေးများကို ပို့လွှတ်ပေးရန် သူတို့၏ အပေါက်များကို ကျယ်လိုက်ကြသည်။ ထို့ကြောင့် သွေးပေါင်ကျရခြင်း ဖြစ်ပါသည်။ သွေးသည် ခဲလာနိုင်ပါသည်။ ထိုသည်မှာလည်း ကလေးမွေးစဉ်တွင် သွေးသွန်ခြင်းမှ ကာကွယ်ရန် သဘာဝ ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ ပုံမှန်နှလုံးမှာ ထိုကဲ့သို့ ဖြစ်စဉ်ကို ထိန်းနိုင်သော်လည်း ကိုယ်ဝန်ဆောင်စဉ် စိတ်ဖိစီးမှုမှာ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

Vasculitis (သွေးကြောရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vasculitis (သွေးကြောရောင်ခြင်း) ကဘာလဲ။ သွေးကြောတွေရောင်ရမ်းသော အခြေအနေကိုဆိုလိုပါတယ်။ သွေးကြောနံရံထူသွားခြင်း၊ လျော့ရဲသွားခြင်း၊ ကျဉ်းသွားခြင်း၊ အနာရွတ်ဖြစ်သွားခြင်း စသည့်ပြောင်းလဲမှုများကို ဖြစ်စေပါတယ်။ သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေတဲ့အတွက် အဂါၤအစိတ်အပိုင်းတွေ နဲ့ တစ်ရှူးပျက်စီးမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ကူးစက်ရောဂါပိုး၊ ဆေးဝါး၊ အခြားရောဂါအခြားအခြေအနေတစ်ခုခုကြောင့် သွေးကြောတွေရောင်စေနိုင်ပါတယ်။ သွေးကြောရောင်ခြင်းလို့ သတ်မှတ်နိုင်တဲ့ အမျိုးအစားပေါင်း၂၀လောက်ရှိပါတယ်။ သက်ရောက်ခံရတဲ့ သွေးကြောပေါ်မူတည်ပြီး နောက်ဆက်တွဲဆိုးကျိုးများ နှင့် ရောဂါအခြေအနေပြင်းထန်မှုကွာခြားသွားပါတယ်။     Vasculitis (သွေးကြောရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ။ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေး၊ လူမျိုးမရွေးဖြစ်ပွားနိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြာင်းတွေကို ရှောင်ရှားခြင်းဖြင့် မဖြစ်အာင်ကာကွယ်နိုင်ပါတယ်။ ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။   လက္ခဏာများVasculitis (သွေးကြောရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သက်ရောက်ခံရတဲ့ သွေးကြောအဂါၤအစိတ်အပိုင်းနဲ့ ဆိုးရွားမှု အခြေအနေပေါ် မူတည်နေပါတယ်။ လူအချို့မှာတော့ လက္ခဏာနည်းနည်းပဲ ပြတာလည်း ရှိနေနိုင်ပါတယ်။ အချို့မှာတော့ဆိုးဆိုးရွားရွား အခြေအနေထိ ရောက်နိုင်ပါတယ်။ အတွေ့ရများတဲ့ဲ့လက္ခဏာတွေကတော့ အသက်ရှူမဝခြင်း၊ ချောင်းဆိုးခြင်း ခြေလက်ထုံကျဉ်ခြင်း၊ အားနည်းခြင်း အရေပြားပေါ် အနီရောင်အစက်များ၊ အဖုများ၊ အနာများ ပေါ်လာခြင်း အစားစားချင်စိတ် […]


နှလုံးရောဂါ

နှလုံးရောဂါကုသမှုများ- ဘဝကိုပြောင်းလဲပေးသော နည်းပညာသစ်များ ပေါ်ထွက်လာခြင်း

နှလုံးရောဂါများသည် ကမ္ဘာတစ်ဝှမ်းသေဆုံးမှုများကို ဖြစ်စေသောအကြောင်းရင်းများအနက် ထိပ်ဆုံးတွင်ပါဝင်သည်။ ယခုလက်ရှိတွင် လူပေါင်း ၅.၇သန်းနီးပါးသည် နှလုံးစွမ်းဆောင်ရည်ကျဆင်းသော ရောဂါ၏ ခြိမ်းခြောက်မှုကိုခံနေရသည်။ သို့သော် ၂၁ရာစုသည် နှလုံးအထူးကုပညာရပ်ဝန်းအတွက် ထူးဆန်း အံ့ဖွယ်များကို မျက်မြင်ပြသနေပေပြီ။ ခေတ်မီနည်းပညာ၏ အကူအညီဖြင့် သမားတော်များယခင်ကမဖြစ်နိုင် ဟုယူဆခဲ့သော နှလုံးရောဂါကုသမှုများကို ယခုပြုလုပ်နိုင်နေပြီ။ အောက်ဖော်ပြပါတို့သည် လူအများ၏နှလုံး များကို လင်းလက်စေခဲ့သော ပေါ်ထွန်းလာသော နည်းပညာသစ်အချို့ ဖြစ်ပါတယ်။ နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း- နှစ်စဉ် အသက်ပေါင်း ၂၈၇,၀၀၀ ခန့်ကိုနှုတ်ယူနေသော အဓိက တရားခံအဖြစ်သိထားကြသည်။ တင်းကျပ်နေသောသွေးကြောများကြောင့် နှလုံးသည် ခန္ဓါကိုယ် အနှံ့အပြားသို့ သွေးများညှစ်ထုတ်ပေးရာတွင် ပြဿနာရှိနေလျှင် ဤအခြေအနေဖြစ်လာပြီး တဖြည်းဖြည်း ရပ်သွားနိုင်သည်။ ယမန်နှစ်က အမေရိကန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနမှ အန်ထရက်စတို (Entresto)ဟုခေါ်သော ဆေးသစ်တစ်မျိုးကို အသိအမှတ်ပြုပေးခဲ့သည်။ ၎င်းသည်နှလုံးကိုပျက်စီးစေသော အင်ဇိုင်းများကို တားဆီးပေးပြီး သွေးကြောများကျဉ်းခြင်းကို […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

သိုင်းရွိုက်ဟော်မုန်းနှင့် ရုတ်တရက် နှလုံးရပ်ခြင်း ဆက်နွယ်မှု

သင်၏ခန္ဓါကိုယ်ဘယ်လိုအလုပ်လုပ်နေသလဲ၊ သင်၏နှလုံးခုန်နှုန်းသည် အခြားသူများထက် ဘာကြောင့်နှေးနေလဲ၊ သင်သည်အစားစားပြီး ၂ နာရီအကြာတွင် ဗိုက်ဆာသလိုဘာကြောင့် ပြန်ခံစားရသလဲဆိုတဲ့ အကြောင်းရင်းတွေကို စဉ်းစားကြည့်ဖူးပါသလား။ ၎င်းတို့သည် ဇီဝရုပ်ဖြစ်ပျက်ခြင်းကြောင့်ဖြစ်သည်။ ဤဖြစ်စဉ်တွင် သိုင်းရွိုက်ဟော်မုန်း ပါဝင်သည်။ ၎င်းဟော်မုန်းများသည် အသေးငယ်ဆုံးဖြစ်သော အာရုံကြောများ၏ လုပ်ငန်းများမှစ၍ အလွန်လေးလံသောတံခါးကြီးကိုဖွင့်ရန်လိုအပ်သော လူစွမ်းကောင်းကြီး၏ အင်အား ကိုမြှင့်တင်ပေးသည်အထိ လုပ်ငန်းစဉ်အများစုကို ထိန်းချုပ်ထားသည်။ နှလုံးခုန်နှုန်း မြန်ခြင်း၊ နှေးခြင်း သည်လည်း ဤဟော်မုန်းများကြောင့်ဖြစ်ပြီး ဤဟော်မုန်းပမာဏများနေပါက နှလုံးရောဂါဖြင့်သေဆုံးနိုင်သည့်အန္တရာယ်များသည်ဟု သုတေသနများက အကြံပြုထားသည်။ သိုင်းရွိုက်ဂလင်း၏ အလုပ်လုပ်ပုံအကျဉ်း သိုင်းရွိုက်ဂလင်းသည် လည်ပင်း အရှေ့တွင် တည်ရှိသည်။ ၎င်းသည် လိပ်ပြာပုံနှင့်တူသည်။ လိပ်ပြာ၏တောင်ပံ ၂ ခုသည်၎င်း၏ အမြွှာ ၂ခု (ဘယ်မြွှာနှင့် ညာမြွှာတို့ကို ကိုယ်စားပြုသည်)။ ထိုဂလင်းသည် အရေးကြီးသော သိုင်းရွိုက်ဟော်မုန်း ၂မျိုးထုတ်သည်။ Eriiodothyronine နှင့် Thyroxine […]


နှလုံးရောဂါ

တစ်စုံတစ်ဦး ရုတ်တရက်နှလုံးရပ်သွားသည့်အခါ သင်ဘယ်လိုလုပ်မလဲ

ရုတ်တရက်နှလုံးရပ်ခြင်းသည် အလွန်ကြောက်စရာကောင်းလှသည်။ ထိုအခိုက်အတန့်သည် လူတစ်ဦး၏ဘဝကို မိနစ်ပိုင်းအတွင်းအဆုံးသတ်သွားစေနိုင်သောအခိုက်အတန့်ဖြစ်သည်။ ရှေ့တစ်မိနစ်တွင် သူ၏နှလုံးသည်အကောင်းပကတိအတိုင်းခုန်နေသေးသည်။ နောက်တစ်မိနစ်တွင် သွေးလွှတ်ခန်းများသည် အထိန်းအကွပ်မဲ့စွာတဆတ်ဆတ်ခုန်လာပြီး နှလုံးခုန်နှုန်းစည်းချက်မမှန်ဖြစ်လာသည်။ ထို့နောက် နှလုံး တစ်ခုလုံးအခုန်ရပ်သွားတော့သည်။ အကယ်၍ သင်ရှေ့တွင် တစ်စုံတစ်ယောက် ရုတ်တရက် နှလုံး ရပ် သွားပါက သင်ဘာလုပ်မည်နည်း။ လွဲချော်သွားသော စက္ကန့်တိုင်းသည် လူတစ်ယောက်၏ အသက်ဆက်လက် ရှင်သန်နိုင်သည့်အခွင့်အလမ်းကိုလျော့နည်းစေနိုင်သည့်အတွက် ဤအခြေအနေသည် စင်စစ်အားဖြင့် အမှားမခံသောအခြေအနေဖြစ်သည်။ လူတစ်ဦးဟာရုတ်တရက် နှလုံးရပ်သည့်လက္ခဏာများ စတင်ပြသသည်နှင့် သင်လုပ်သင့်သည့်အလုပ် ၂ခုရှိသည်။ ၎င်းတို့မှာ အရေးပေါ် အသက်ကယ်ကုသမှု (CPR) ပြုလုပ်ခြင်းနှင့် လူနာတင်ယာဉ်ခေါ်ခြင်းတို့ဖြစ်သည်။ CPR သည် အရေးပေါ်လုပ်ငန်း စဉ်တစ်ခုဖြစ် သည်။ ၎င်းသည်လူနာ၏ ခန္ဓါကိုယ်ထဲရှိ အောက်ဆီဂျင်ပမာဏ ကိုထိန်းသိမ်းပေးသည့်အပြင် အရေးကြီးလှသည့်ကောင်းမွန်စွာ သွေးစီးဆင်းမှုကိုလည်း ထိန်းသိမ်းပေးသည်။ (ဦးနှောက်နှင့် ကိုယ်အင်္ဂါများ) သွေးကြောများအတွင်းရှိ […]


နှလုံးသွေးကြောကျဉ်းရောဂါများ

နှလုံးသွေးကြောကျဉ်းရောဂါသည်များ ရှောင်ရမည့် အစားအသောက်များ

သင့်နှလုံးကျန်းမာရေးသည် အစားအသောက်ပုံစံတွင် များစွာ မူတည်ပါသည်။ အကယ်၍ သင်သည် နှလုံးရောဂါ ခံစား နေရပြီဆိုလျှင် အောက်ပါအစားအစာများကို ရှောင်ကြဉ် သင့်ပါသည်။ ၁။ တာရှည်ခံအောင် ပြုလုပ်ထားသော အသား ဆားစိမ်ထားသောအသား၊ အခြောက်ခံထားသောအသား၊ စည်သွတ်ထားသော အသားများသည် တာရှည်ခံအောင် ပြု လုပ်ထားသော အသားများဖြစ်သည်။ ဝက်အူချောင်း၊ ဝက် ဆားနယ်ခြောက်၊ ဝက်ပေါင်ခြောက်၊ ဟောဒေါ့နှင့် တခြား စည်သွတ်အသားများလည်း ပါဝင်သည်။ ထိုသို့ တာရှည်ခံအောင် ပြုလုပ်ထားသော အသားများသည် အာ ဟာရ ပါဝင်မှုနည်းပါး သွားသည်။ ထိုအစားအစာများသည် အသားဓါတ်ပါဝင်မှု နည်းပါးပြီး မကောင်းသောအဆီနှင့် ဘေးဖြစ်စေသော ဓါတု ပစ္စည်း များစွာပါဝင်သည်။ ထိုအစားအစာများကို အမြောက်အမြား စားသုံးခြင်းသည် နှလုံးကျန်းမာရေးကို ထိခိုက်စေသောကြောင့် တတ်နိုင်သမျှ ရှောင်ကြဉ်ရန် အကြံပြုချင်ပါသည်။ သင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း