နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့

နှလုံးလေး ကျန်းမာစေချင်ပါသလား ..... အရင်ဆုံး လုပ်ရမယ့် အလုပ်ကတော့ စိတ်ဖိစီးမှု အတိုင်းအတာကို စစ်ဆေးတာပါ။  စိတ်ဖိစီးမှုကြောင့် နှလုံး ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးတာကက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကတော့ သိထားပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် နှလုံး ထိခိုက်စေမယ့် စိတ်ဖိစီးမှုတွေ မဖြစ်အောင် ကာကွယ်ဖို့ကတော့ မလွယ်ပါဘူး။ တစ်နေ့တာမှာက မမျှော်လင့်တာတွေ အများကြီး ကြုံလာနိုင်တာက လူ့ဘဝပဲလေ။အကောင်းဆုံးဖြစ်အောင်တော့ လုပ်ဆောင်လို့ ရပါတယ်။ ဒါကြောင့် အမှုမဲ့အမှတ်မဲ့ ဖြစ်မနေအောင် သတိပေးချင်တာလေး တစ်ခုကို ဆောင်းပါးလေးကနေတဆင့် ပြောပါရစေ။ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ .......လို့ ပြောရတဲ့ အကြောင်းအရင်းလေးကို ရှင်းပြချင်ပါတယ်။ ဒီအကြောင်းလေးကို ပြောဖို့ စိတ်ဖိစီးမှုက နှလုံးကို ဘယ်လို ထိခိုက်စေလဲဆိုတဲ့ အကြောင်းကနေ […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

Ventricular Tachycardia (နှလုံးသွေးလွှတ်ခန်း နှလုံးခုန်မြန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ventricular Tachycardia (နှလုံးသွေးလွှတ်ခန်း နှလုံးခုန်မြန်ခြင်း) ကဘာလဲ။ သာမန်ထက်နှလုံးခုန်မြန်နေခြင်းဖြစ်စေတဲ့ ပြင်းထန်တဲ့အခြေအနေဖြစ်ပါတယ်။ ခန္ဓါကိုယ်တစ်ခုလုံနဲပအဆုတ်အတွက် သွေးတွေကို နှလုံးညှစ်နေစဉ်အတွင်း ထောက်ပံ့ပေးပြီး နှလုံးကိုယ်တိုင်အတွက်ကို နှလုံးမညှစ်ဘဲနားနေချိန်အတွင်း နှလုံးထောက်ပံ့သွေးကြောတွေကနေတစ်ဆင့် ထောက်ပံ့ပေးဖို့အတွက သာမန်မှာ နှလုံးခုန်နှုန်းက တစ်မိနစ်မှာ၆၀-၈၀လောက် ခုန်ပါတယ်။ နှလုံးသွေးလွှတ်ခန်းနှလုံးခုန်မြန်ခြင်းမျာတော့ နှလုံးခုန်သံဟာအရမ်းများသွားပြီး တစ်မိနစ်မှာအကြိမ်၁၀၀ထက်ပိုများသွားပြီး နှလုံးခုန်စက်ဝန်းတစ်ခါလည်တိုင်းမှာ ပုံမှန်မဟုတ်တဲ့နှလုံးခုန်သံအနည်းဆုံး ၃ကြိမ်ပါနေပါတယ်။ နှလုံးခုန်မြန်ခြင်း၊ မူမမှန်ခြင်းရင်တလှပ်လှပ်ခုန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ နောက်ဆက်တွဲရလဒ်တွေမဖြစ်အောင်ကာကွယ်ဖို့ အရေးပေါ်ကုသမှုရဖို့ အရေးကြီးပါတယ်။ Ventricular Tachycardia (နှလုံးသွေးလွှတ်ခန်း နှလုံးခုန်မြန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ နှလုံးရောဂါဖြစ်နေတဲ့လူနာတွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများVentricular Tachycardia (နှလုံးသွေးလွှတ်ခန်း နှလုံးခုန်မြန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ စက္ကန့်အနည်းငယ်လောက်သာ နှလုံးခုန်မြန်တာဆိုရင် စိုးရိမ်စရာမလိုပါဘူး။ အချိန်ကြာကြာမြန်ခဲ့မယ်ဆိုရင်တော့ သင်ကိုယ်တိုင်နှလုံးခုန်မြန်နေတာ၊ နှလုံးခုန်သံကျယ်နေတာ ဒါမှမဟုတ် နလုံးခုန်သံကျော်သွားပျေက်သွားတာမျိုး သတိထားမိနိုင်ပါတယ်။ ဒီလိုမျိုးနှလုံးခုန်သံအပြောင်းအလဲကို ရင်တုန်ခြင်းလို့ခေါ်ပါတယ်။ နှလုံးသွေးလွှတ်ခန်း […]


နှလုံးကြွက်သားရောဂါများ

Weak Heart (Cardiomyopathy) (နှလုံးကြွက်သားရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Weak Heart (Cardiomyopathy) (နှလုံးကြွက်သားရောဂါ) ကဘာလဲ။ နှလုံးကြွက်သားရောဂါ ဆိုသည်မှာ နှလုံး ကြွက်သား ပုံမှန်မဟုတ်သော အခြေအနေတစ်ခုကို ခေါ်ပါသည်။ နှလုံးသည် ပုံမှန်မဟုတ်လဲ ကြီးခြင်း၊ ထူခြင်း၊ တောင့်တင်းခြင်း ဖြစ်လာသော နှလုံးရောဂါ အမျိုးအစားတစ်ခု ဖြစ်ပါသည်။ နှလုံးကြွက်သားရောဂါ ဖြစ်ပါက နှလုံးမှ သွေးညစ်ထုတ်ပြီး ခန္ဓါကိုယ်သို့ သွေးပို့ခြင်း ပို၍ ခက်ခဲလာသည်။ နှလုံးကြွက်သား ရောဂါ အမျိုးအစား များစွာ ရှိပါသည်။ နှလုံးကို ထောက်ပံ့သော သွေးကြောရောဂါ၊ အချို့ဆေးများ စသည့် အချက်များ ကြောင့် ဖြစ်ပွားသည်။ ထိုအချက်များသည် နှလုံးခုန် သံ မမှန်ခြင်း၊ နှလုံးခုန်ရပ်ခြင်း၊ နှလုံးအဆို့ရှင် ပျက်ခြင်း နှင့် အခြား ဆိုးကျိုးများကို ဖြစ်စေသော အကြောင်းရင်းများ ဖြစ်သည်။ ခေတ်မီ ဆေးပညာဖွံ့ဖြိုးမှုများနှင့် ယနေ့တွင် […]


နှလုံးကြွက်သားရောဂါများ

Cardiomyopathy ( နှလုံးကြွက်သား ထူလာခြင်းကြောင့် နှလုံးကြီးခြင်း)

နှလုံးဆိုတာ မွေးကတည်းက အလုပ်လုပ်နေရတဲ့ ကိုယ်ခန္ဓာက အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုပါ။ နှလုံးမှာရှိတဲ့ အစိတ်အပိုင်းအားလုံးဟာ သူ့နေရာနဲ့သူ တာဝန်တွေကို ဆောင်ရွက်နေကြရပါတယ်။ နှလုံးက မရပ်မနားခုန်နေမှဖြစ်တဲ့အတွက် နှလုံးကြွက်သားတွေကလည်း ကျုံ့လိုက်ဆန့်လိုက်နဲ့ မရပ်မနားအလုပ်လုပ်ပေးကြရပါတယ်။ ဒါပေမယ့် သူ့ရဲ့အလုပ်ကို ရောဂါတွေရဲ့ နှောင့်ယှက်မှုခံလာရတဲ့အခါမှာ ခန္ဓာကိုယ်အနှံ့အပြားကို သွေးရောက်ဖို့အတွက် နှလုံးကြွက်သားတွေက သာမန်ထက်ပိုအလုပ်လုပ်လာရတယ်။ ဒီလိုနဲ့အချိန်ကြာလာတဲ့အခါ မနိုင်ဝန် ထမ်းရတဲ့ ကြွက်သားတွေထုံးစံအတိုင်း ထူထူထဲထဲတွေဖြစ်လာတယ်၊ ကျုံ့နိုင်ဆန့်နိုင်စွမ်းတွေနည်းလာတယ်။ ဒီအခြေအနေကို Cardiomyopathy (နှလုံးကြွက်သားကြီးခြင်း)လို့ခေါ်ပါတယ်။ ကြွက်သားကြီးလာတဲ့နောက်မှာ နှလုံးအားနည်းလာတယ်။ နှလုံးအားနည်းရင် အမောဖောက်လာတယ်။ လုပ်ရိုးလုပ်စဉ်တွေတောင် မလုပ်နိုင်တော့ဘူး။ ခန္ဓာကိုယ်ကို သွေးတွေ ပုံမှန်မရောက်တော့ နှလုံးက ပိုအလုပ်လုပ်ပေးရှာတယ်။ ဒါပေမယ့် စည်းချက်တွေမမှန်တော့ဘူး။ ခုန်ချင်သလိုတွေ ခုန်လာတယ်။ နောက်ဆုံးလုံးဝမနိုင်တော့ဘူးဆိုရင် နှလုံးပျက်စီးသွားပြီး အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ Cardiomyopathy ဘယ်နှစ်မျိုးရှိလဲ။ ။ အမျိုးအစား ၄ ခုရှိပြီး သူ့ကို ဖြစ်စေတဲ့ အကြောင်းကို […]


သွေးတိုးရောဂါ

သွေးတိုးကျစေနိုင်မယ့် ရိုးစင်းတဲ့နည်းလမ်း ၅ သွယ်

သွေးတိုးတယ်ဆိုတာက နှလုံးကိုထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ သွေးတိုးရောဂါခံစားနေရသူဦးရေက ၁ ဘီလျံလောက်ရှိနေပြီး သွေးတိုးရောဂါကို ဂရုတစိုက်ထိန်းသိမ်းမှုမရှိဘူး ဆိုရင် နှလုံးရောဂါနဲ့ လေဖြတ်ဝေဒနာခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။ သွေးပေါင်ချိန်က ရက်သတ္တပတ်တော်တော်ကြာတဲ့အထိ အပေါ်သွေး ၁၄၀ နဲ့ အောက်သွေး ၉၀ မှာတန့် နေမယ်ဆိုရင် သွေးတိုးရောဂါဖြစ်နေပြီဆိုရပါမယ်။ ဘဝနေထိုင်မှုပုံစံက သွေးတိုးရောဂါကိုကုသရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ သွေးတိုးတာကို ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံနဲ့ ကောင်းကောင်းထိန်းချုပ်နိုင်မယ်ဆိုရင် ဆေးကုသမှုခံယူရမယ့် အနေအထားကို ရှောင်ရှားလျှော့ချနိုင်မှာဖြစ်ပါတယ်။ သွေးတိုးစေနိုင်တဲ့အကြောင်းရင်းခံများ ဆားအစားများတာ သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေ စားသုံးမှုနည်းတာ လုံလောက်တဲ့ကိုယ်လက်လှုပ်ရှားမှုမရှိတာ အဝလွန်တာ အရက်အလွန်အကျွံသောက်သုံးတာ၊ သွေးတိုးကျစေနိုင်မယ့် ရိုးစင်းတဲ့ နည်းလမ်း ၅မျိုးကိုဖော်ပြပေးလိုပါတယ်။ (၁) လမ်းလျှောက်ပါ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက သွေးတိုးကျစေမယ့် အကောင်းဆုံးသောနည်းလမ်းတွေထဲက တစ်ခုပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးမှုက နှလုံးကျန်းမာသန်စွမ်းစေဖို့ အထောက်အကူပြုပေးနိုင်သလို သွေးကြောတွေထဲက သွေးဖိအားကို ကျဆင်းစေနိုင်ဖို့အတွက် နှလုံးသွေးညှစ်ထုတ်မှုကိုပိုမိုကောင်းမွန်စေပါတယ်။ သွေးတိုးကျစေဖို့နဲ့ နှလုံးကျန်းမာသန်စွမ်းစေဖို့အတွက် တစ်ပတ်ကို မိနစ် […]


သွေးတိုးရောဂါ

သွေးတိုးရောဂါအတွက် ရှေ့တန်းတိုက်စစ်မှုး ဆေးစွမ်းကောင်းများ

သွေးတိုးတယ်ဆိုတာ သွေးဖိအားက 140/90 mmHg လောက်ကို မြင့်တက်သွာခြင်းပါ။ သွေးတိုးကို တိုက်ခိုက်ဖို့က သင့်နေထိုင်မှုပုံစံပြောင်းလဲဖို့က အဓိကအဖြေဖြစ်ပြီး လုပ်ကိုလုပ်ရမယ့်အရာပါ။ အခြေအနေတော်တော်များများမှာတော့ သွေးတိုးကျစေဖို့ ဆေးတွေသောက်ရပါတယ်။ ဒီဆောင်းပါးက သွေးတိုးကုသဖို့အတွက် အသုံးများတဲ့ဆေးတွေအကြောင်းပြောပြသွားမှာပါ။   Diuretics Water pills လို့လည်း သိကြပါတယ်။ ဆေးတွေက ကျောက်ကပ်ဆီအဓိကသွားပြီး ဆိုဒီယမ်နဲ့ ရေဓါတ်ကိုပိုထုတ်စေပါတယ်။ ဒါကတစ်ကိုယ်လုံးရဲ့ အရည်ထုထည်ကိုလျော့စေပါတယ်။ သွေးတိုးကုသဖို့အတွက်သုံးတဲ့ diuretics ဆေးတွေမှာ thiazide တွေပါဝင်ပါတယ်။ Thiazide တွေထဲမှာ chlorthalidone, hydroclorothiazide နဲ့ idapamide တွေပါဝင်ပါတယ်။ ဒီ water pills တွေက ဆီးသွားများစေပါတယ်။ ဒါတွေက ဆိုဒီယမ်၊ ပိုတက်ဆီယမ်နဲ့ ရေဓါတ်နည်းခြင်းကြောင့် ဖြစ်ရတဲ့ အားလျော့ခြင်း၊ ကြွက်တက်ခြင်းနဲ့ တခြားရောဂါလကဏာတွေကိုလျော့စေပါတယ်။   Angiotensin converting enzyme (ACE) inhibitor ဒီဆေးတွေက angiotensin ဆိုတဲ့ဟော်မုန်းဖြစ်ပေါ်ခြင်းကို […]


သွေးတိုးရောဂါ

သွေးတိုးခြင်းအတွက် စိတ်မချရသောဆေးဝါးများ

သွေးတိုးကိုကုသဖို့ဆေးတွေသောက်ရတော့မယ်ဆိုရင် အဲဒီဆေးတွေက အကျိုးသက်ရောက်မှုကောင်းကောင်းရှိဖို့လိုပါတယ်။ တချို့ဆေးတွေကိုရှောင်ခြင်းကလည်း သင့်ပန်းတိုင်ကိုရောက်စေပါတယ်။ တချို့ဆေးတွေကသင့်ကိုသွေးတိုးစေပြီး တချို့က သင့်သွေးတိုးဆေးတွေကိုနှောင့်ယှက်ပြီး ဆေးစွမ်းကိုထိခိုက်စေပါတယ်။ အခုပြောပြသွားမှာက သင့်သွေးတိုးကိုပိုဆိုးစေတဲ့ စိတ်မချရသောဆေးဝါးများ ကြောင်းပါ။ သွေးတိုးသမားတွေအတွက် စိတ်မချရသောဆေးဝါးများ NSAID NSAID ဆိုတာ Non Steroidal Anti Inflammatory Drugs ကိုပြောတာပါ။ ဒီဆေးတွေက နာကျင်ခြင်းကို လျှော့ချဖို့နဲ့ ရောင်ရမ်းငြ်းကို လျှော့ချဖို့ သုံးပါတယ်။ ဥပမာ - အဆစ်ရောင်ခြင်း။ ဆရာဝန်တွေက လူာတွေကို NSAIDs ပေးလေ့ရှိပါတယ်။ ဒီ NSAIDs ဆေးတွေက သွေးတိုးကိုပိုမြင့်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူကကိုယ်တွင်းရည်တွေကိုထိန်းသိမ်းထားပြီး ကျောက်ကပ်လုပ်ငန်းစဉ်ကိုလျှော့ချပါတယ်။ သူတို့က ဒါကြောင့် သူတို့က နှလုံးနဲ့ ကျောက်ကပ်တွေကု ဖိနှိပ်ပါတယ်။ တချို့ NSAIDs တွေထဲမှာ aspirin, ibuprofen နဲ့ naproxen တွေပါဝင်ပါတယ်။ ချောင်းဆိုးနဲ့ […]


မွေးရာပါနှလုံးရောဂါများ

မွေးရာပါနှလုံးရောဂါသည်တွေ ကိုယ်ဝန်ရနိုင်လား

မွေးရာပါ နှလုံးရောဂါရှိသော မိန်းကလေးများသည် အောင်မြင်စွာ ကိုယ်ဝန်ဆောင်၊ ကလေးမွေးနိုင်ပါသည်။ သို့သော် သေသေချာချာ ပြင်ဆင်ပြီးမှ ယူရပါမည်။ ကလေးမယူခင် ဆရာဝန်ကို ပြောရမလား။ ကိုယ်ဝန်မရခင် မိမိတွင် မွေးရာပါနှလုံးရောဂါ ရှိကြောင်း မိမိ၏ သားဖွားမီးယပ် ဆရာဝန်ကို ကြိုတင်၍ ပြောပြထားရပါမည်။ လူတစ်ဦးနှင့် တစ်ဦးသည် ဆေးစစ်ပုံခြင်း မတူနိုင်ပါ။ မိမိ၏ ဆရာဝန်က ဘယ်နှစ်လ တစ်ကြိမ် ဆေးစစ်ချက် ခံယူရမည်ကို ပြောပါလိမ့်မည်။ သူတို့ ပြောပြသည့်အတိုင်း ဆေးစစ်မှုခံယူပြီး လက္ခဏာတစ်ခုခု ပေါ်လာပါကလည်း ချက်ချင်း အသိပေးရပါမည်။   ဆေးဝါးများမှာ အဘယ်နည်း။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သောက်သုံးသော ဆေးဝါးများသည် ကလေးကို ထိခိုက်နိုင်ပါသည်။ သို့သော် ကောင်းကျိုးသည် ဆိုးကျိုးထက် ပို၍များပါက ဆရာဝန်သည် အကောင်းဆုံးဆေးနှင့် ပမာဏကို ညွှန်ကြားပေးပါလိမ့်မည်။ ဆေးကိုလည်း ညွှန်ကြားသည့်အတိုင်း သောက်သုံးရပါမည်။ ကိုယ့်ဘာသာကို […]


သွေးတိုးရောဂါ

သွေးတိုးခြင်းကို လျော့ပါးစေမယ့် နည်းလမ်း (၆) ချက်

သင်သွေးတိုးခဏခဏစစ်ပါသလား ? သင့်သွေးတိုးက မြင့်လိုက်၊ ပုံမှန်ဖြစ်လိုက်၊ ကျလိုက်ဖြစ်နေတာကိုတွေ့ရပါသလား ? ဒါကသင့်မှာ သွေးတိုးအကြိုဖြစ်ဖူးတာကို ဆိုလိုတာပါ။ သွေးတိုးအကြိုနဲ့ သွေးတိုးနှစ်ခုလုံးက နှလုံးနဲ့ လေဖြတ်ခြင်းတို့အတွက် ဆိုးရွားတဲ့ရောဂါတွေပါ။ လူငယ်တွေမှာမဖြစ်ဘူးလို့မထင်ပါနဲ့။ ငယ်ရွယ်စဉ်တည်းက ဘဝကအလုပ်များပြီး စိတ်ဖိစီးမှုတွေများခြင်းက သွေးတိုးဖြစ်ခြင်းကို ပိုမြန်စေပါတယ်။ ဒီရောဂါကိုမဖြစ်စေဖို့က အောက်ပါအချက်တွေကိုလိုက်နာပါ။   (၁) ကျန်းမာစွာစားသုံးပါ။ အစားအစာဆိုတာ ကျွန်တော်တို့အသက်ရှင်နေထိုင်ဖို့အတွက် လိုအပ်တဲ့အရာတစ်ခုပါ။ ဒါပေမယ့် အစားအစာအရွေမတတ်ရင် သင်ရောသင့်မိသားစုပါထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့်အခုကစပြီး ဆိုဒီယမ်နည်းနည်းနဲ့ ပိုတက်ဆီယမ် များများပါတဲ့အစားအသောက်ပုံစကိုပြောင်းလဲရပါမယ်။ အကြောင်းက ပိုတက်ဆီယမ်က သွေးတိုးကျစေလို့ပါ။ ဒါ့အပြင် အသီးနဲ့ ဟင်းသီးဟင်းရွက် တွေလည်းစားသင့်ပါတယ်။ အဆီများတဲ့အသားတွေစားမယ့်အစား အဆီနည်းတဲ့ငါးတွေ ကြက်ဘဲတွေကိုစားသင့်ပါတယ်။ တခြားအဆီတွေကိုလည်း ရှောင်သင့်ပါတယ်။ (၂) ဆားဖြတ်ပါ အမေရိကန်တွေအတွက် အစားအသောက်လမ်းညွှန်ချက်မှာတော့ အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်နေ့ကိုဆား၂၃၀၀မိလီဂရမ်အောက် စားလို့ရပါတယ်။ အသက် ၅၁ အထက်လူတွေမှာတော့ တစ်ရက်ကို ဆား ၁၅၀၀ မီလီဂရမ်ဘဲစားလို့ရပါတယ်။ […]


သွေးတိုးရောဂါ

Home Blood Pressure Test ( အိမ်မှာ သွေးပေါင်ဘယ်လိုချိန်မလဲ )

အိမ်မှာ သွေးပေါင်ချိန်တိုင်းတယ်ဆိုတာ ဘာလဲ။ ဆေးရုံဆေးခန်းသွားစရာမလိုဘဲ သင့်သွေးပေါင်ချိန်ကို အိမ်မှာနေရင်းနဲ့ တိုင်းတာနိုင်ခြင်းကို ဆိုလိုပါတယ်။ သွေးပေါင်ချိန်ဆိုတာကတော့ သင့်သွေးလွှတ်ကြောထဲမှာရှိတဲ့ သွေးဖိအားကို တိုင်းတာခြင်းအား ဆိုလိုပါတယ်။ အိမ်မှာ သွေးပေါင်ချိန်တဲ့ လူအများစုကတော့ အလိုလျောက်တိုင်းတာနိုင်တဲ့ သွေးပေါင်ချိန်စက်ကို အသုံးပြုလေ့ရှိပါတယ်။ သင့်လက်မောင်းမှာပတ်ထားတဲ့ အပတ်လေးကို တင်းပြီးဖောင်းလာအောင် လေညှစ်ထည့်ပေးခြင်းအားဖြင့် သွေးပြန်ကြောထဲမှာရှိတဲ့ သွေးစီးဆင်းမှုကို ယာယီရပ်ဆိုင်းသွားစေပါလိမ့်မယ်။ လက်မောင်းအပတ်ထဲက လေကို ဖြည်းဖြည်းချင်းပြန်လည် ထုတ်နေတဲ့အချိန်အတွင်း ဘယ်ဖိအားအတိုင်းအတာမှာ သွေးပြန်လည် စီးဆင်းသလဲဆိုတာကို စက်ကမှတ်သားပေးထားမှာ ဖြစ်ပါတယ်။ သွေးပေါင်တိုင်းတာတဲ့အခါ ဂဏန်းနှစ်ခုကို အသုံးပြုပြီး မှတ်တမ်းတင်ပါတယ်။ ပထမဂဏန်းကို အပေါ်သွေးလို့ ခေါ်ပြီး သင့်နှလုံးညှစ်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ အများဆုံး သွေးဖိအားကို ကိုယ်စားပြုပါတယ်။ ဒုတိယဂဏန်းကတော့ အောက်သွေးဖြစ်ပြီး နှလုံးခုန်သံ တချက်နဲ့ တချက်အကြား သင့်နှလုံးဖြေလျှော့နေတဲ့အချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အနည်းဆုံး သွေးဖိအားကို ကိုယ်စားပြုပါတယ်။ သွေးပေါင်ချိန်တိုင်းတာတဲ့ မူလကိရိယာတွေဟာ ပြဒါး […]


ကိုလက်စထရောလ်

Corinda Leaf (နံနံပင်)

နံနံပင် (Corinda Leaf)နံနံပင်အရွက်ကရော အစေ့ကိုပါ ဟင်းချက်ရာမှာအသုံးပြုကြပါတယ်။ နံနံပင်ဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံး အပင်တစ်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့ ဘီစီ ၅၀၀၀လောက်ကတည်းက ကမ္ဘာပေါ်မှာပေါက်ရောက်နေခဲ့တာဖြစ်ပါတယ်။ ယနေ့မှာတော့ နံနံပင်ရဲ့အရွက်နဲ့ အစေ့တွေက အစားအသောက်တော်တော်များများမှာထည့်သွင်းချက်ပြုတ်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်လာကြပြီဖြစ်ပါတယ်။ နံနံပင်ကိုရှေးယခင်ကာလတွေကတည်းက အစာကျောညက်စေဖို့ ၊ အစာအိမ်ဆိုင်ရာဝေဒနာတွေ၊ကျောက်ပေါက်တာ၊အော့အန်တာ၊သွေးအားနည်းတာ၊ အဖျားတက်တာ၊ဝက်သက်ပေါက်တာ၊အအေးမိတာ၊အူကျွံတာတွေကိုကုသရာမှာအသုံးပြုခဲ့ကြပါတယ်။ နံနံပင်က အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ နံနံပင်ရဲ့ အရွက်မှာ သံဓါတ်၊မဂ္ဂနီဆီယမ်၊ မဂ္ဂနိနဲ့ ဗီတာမင်အေ၊ဘီနဲ့စီတို့ကြွယ်ဝစွာပါဝင်ပါတယ်။ cineole လို့ခေါ်တဲ့ နံနံပင်မှာပါတဲ့phytochemicalတစ်မျိုးကရောင်ရမ်းမှုကိုလျော့ကျစေနိုင်စွမ်းရှိတာကြောင့် အဆစ်အမြစ်ရောင်ရမ်းနာကျင်မှုတွေကိုကုသရာမှာအသုံးပြုပါတယ်။ နံနံပင်က ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့ အရေးပါတဲ့ဆေးဖက်ဝင်အပင်တွေထဲကတစ်မျိုးပါ။ နံနံပင်စားသုံးပေးမှုကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးအချို့ကိုဖော်ပြလိုက်ပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးများထိရောက်တဲ့ ပဋိဇီဝဆေးအဖြစ်အသုံးပြုနိုင်ခြင်း နံနံပင်က ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝမ်းလျှောတာလိုမျိုး အစာချေစနစ်ဆိုင်ရာပြဿနာတွေကိုဖြေရှင်းပေးနိုင်စွမ်းရှိပါတယ်။ နံနံပင်မှာborneol ခေါ် ဓါတုပစ္စည်း တစ်မျိုးပါဝင်နေတာကြောင့်E.coli ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ံနံပင်က သဘာဝ ပိုးသတ်ဆေးတစ်မျိုးပါ။လေပွတာ၊ဝက်သက်၊လိပ်ခေါင်းရောဂါ (hemorrhoids)၊မူးဝေခြင်း၊ တုပ်ကွေး၊သွေးတိုးတာ၊ ရင်သားရောင်ရမ်းနာကျင်ခြင်း။ အော့အန်ခြင်း နဲ့ ပန်းသေခြင်းတွေကို သက်သာစေနိုင်ပါတယ်။ နံနံပင်မှာ dodecenal လို့ခေါ်တဲ့ပဋိဇီဝပစ္စည်းတစ်မျိုးပါဝင်ပါတယ်။Dodecenal […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း