နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့

နှလုံးလေး ကျန်းမာစေချင်ပါသလား ..... အရင်ဆုံး လုပ်ရမယ့် အလုပ်ကတော့ စိတ်ဖိစီးမှု အတိုင်းအတာကို စစ်ဆေးတာပါ။  စိတ်ဖိစီးမှုကြောင့် နှလုံး ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးတာကက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကတော့ သိထားပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် နှလုံး ထိခိုက်စေမယ့် စိတ်ဖိစီးမှုတွေ မဖြစ်အောင် ကာကွယ်ဖို့ကတော့ မလွယ်ပါဘူး။ တစ်နေ့တာမှာက မမျှော်လင့်တာတွေ အများကြီး ကြုံလာနိုင်တာက လူ့ဘဝပဲလေ။အကောင်းဆုံးဖြစ်အောင်တော့ လုပ်ဆောင်လို့ ရပါတယ်။ ဒါကြောင့် အမှုမဲ့အမှတ်မဲ့ ဖြစ်မနေအောင် သတိပေးချင်တာလေး တစ်ခုကို ဆောင်းပါးလေးကနေတဆင့် ပြောပါရစေ။ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ .......လို့ ပြောရတဲ့ အကြောင်းအရင်းလေးကို ရှင်းပြချင်ပါတယ်။ ဒီအကြောင်းလေးကို ပြောဖို့ စိတ်ဖိစီးမှုက နှလုံးကို ဘယ်လို ထိခိုက်စေလဲဆိုတဲ့ အကြောင်းကနေ […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

Second Degree Heart Block (ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Second Degree Heart Block (ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း) ကဘာလဲ။ နှလုံးသွေးဝင်ခန်းတွန်းနှင်အားက AV node and/or His bundleကို ဖြတ်ရာမှာနှောင့်နှေးနေတာမျိုး သို့မဟုတ် လုံးဝကိုမဖြတ်နိုင်တော့တဲ့အခါမှာ ဖြစ်ပါတယ်။ လူနာတွေမှာ လက္ခဏာမပြတတ်တာလည်းဖြစ်နိုင်သလို ရင်တုန်ခြင်း၊ မူးမေ့ခြင်းစတဲ့လက္ခဏာအမျိုးမျိုးကိုလည်း ကြုံတွေ့ရနုငိပါတယ်။ မိုဘစ်အမျိုးအစား၂မှာဆိုရင် AV blockကနေ နှလုံးတစ်ခုလုံး complete heart blockရတဲ့အထိဆိုးသွးာနိုင်ပြီး သေဆုံးနိုင်ချေများပါတယ်။ Second Degree Heart Block (ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်နည်းပြီး အမျိုးသားရောအမျိုးသမီးရောမှာ ဖြစ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများSecond Degree Heart Block (ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ လက္ခဏာမပြခြင်း ( သေချာထရိနိးလုပ်ထားတဲ့အားကစားသမားတွေနဲ့ နှလုံးပုံမမှန်ခြင်းကြောင့်ဖြစ်တဲ့နှလုံးရောဂါမရှိတဲ့လူနာတွေလိုမျိုး အမျိုးအစား၁လူနာတွေမှာပိုအဖြစ်များပါတယ်။ ) မူးနောက်နောက်ဖြစ်ခြင်း၊ လဲကျခြင်း ( […]


နှလုံးရောဂါ

Broken heart syndrome (နှလုံးကွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken heart syndrome (နှလုံးကွဲခြင်း) ကဘာလဲ။ နှလုံးကွဲခြင်းဆိုတာ သောကများစရာ၊ စိတ်ဖိစီးစရာ အခြေအနေတွေ ( ချစ်ခင်ရသူ သေဆုံးသွားခြင်း) ကြုံရတဲ့အခါ ဖြစ်လာတဲ့ ယာယီအခြေအနေတစ်ခုပါ။ ပြင်းထန်တဲ့ကိုယ်ကျန်းမာရေးထိခိုက်မှုဖြစ်စေ၊ ခွဲစိတ်မှုတွေကြောင့်လည်း ဖြစ်လာနိုင်ပါတယ်။ နှလုံးထိခိုက်နေတဲ့ လူတွေက ရုတ်တရက် ရင်ဘတ်အောင့်ခြင်း ခံစားရနိုင်ပြီး သူတို့မှာ နှလုံးရောဂါ ရှိနေတယ်လို့ စဉ်းစားတတ်ကြပါတယ်။ နှလုံးထိခိုက်တဲ့အခါမှာ နှလုံးရဲ့အစိတ်အပိုင်းတစ်ခုခုမှာ ပုံမှန်သွေးညှစ်မှုကို ယာယီအားဖြင့် မလုပ်နိုင်တာတွေ ရှိလာပါတယ်။ နှလုံးရဲကျန်တဲ့အစိတ်အပိုင်းတွေက ပုံမှန် သွေးညှစ်နေတာဖြစ်နိုင်သလို ပိုမိုအားထည့်ပြီး သွေးညှစ်နေတာလဲ ဖြစ်နိုင်ပါတယ်။ စိတ်ဖိအားများတဲ့ အခါ ထွက်လာတဲ့ ဟော်မုန်းတွေကို နှလုံးက တုံ့ပြန်တဲ့ အတွက်ကြောင့် ဖြစ်ရပါတယ်။ ဒီလို အခြေအနေ ကို Takotsubo နှလုံးကြွက်သား ပြဿနာ လို့လည်း ခေါ်ပါတယ်။ အဲ့ဒီ လက္ခဏာတွေက ကုသလို့ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

Chilblains (သွေးကြောရောင်ရမ်း၍ကိုက်ခဲခြင်းတစ်မျိုး)

အဓိပ္ပါယ်ဖွင့်ဆိုချက်Chilblains (သွေးကြောရောင်ရမ်း၍ကိုက်ခဲခြင်းတစ်မျိုး) ကဘာလဲ။ Chilblains – CHILL-blayns လို့လည်းခေါ်ပါတယ်။ အအေးဒဏ်၊ လေအေးတွေနဲ့ မကြာခဏထိတေ့ွရတဲ့အခါ ဖြစ်လာတတ်တဲ့ အရေပြားရှိ သေးငယ်သောသွေးကြောငယ်လေးများ ရောင်ရမ်းခြင်းဖြစ်တယ်။ Pernio လို့လည်းသိပြီး ခြေလက်တွေမှာ ယားယံခြင်း၊ အနီကွက်များထခြင်း၊ ရောင်ရမ်းခြင်းနဲ့ အရည်ကြည်ဖုတွေဖြစ်တတ်ပါတယ်။ များသောအားဖြင့် တစ်ပတ်ကနေ သုံးပတ်အတွင်း ကောင်းသွားတတ်ပါတယ်။ အထူးသဖြင့် ရာသီဥတုပြန်လည်နွေးထွေးလာပါက ပိုကောင်းနိုင်ချေရှိတယ်။ နှစ်နဲ့ချီပြီး ရာသီအလိုက် ရောဂါပြန်ပေါ်နိုင်ပါတယ်။ ကုသမှုတွေမှာတော့ အအေးဒဏ်ကနေကာကွယ်ခြင်းတွေ၊ လက္ခဏာတွေသက်သာဖို့ လိုးရှင်းခရင်သုံးခြင်းတွေပါနိုင်ပါတယ်။ များသောအားဖြင့်တော့ အမြဲထိခိုက်ခြင်းမဖြစ်စေနိုင်ပေမယ့် မကုသဘဲထားပါက ရောဂါပိုးဝင်ပြီး ပြင်းထန်သောထိခိုက်မှုတွေဖြစ်လာနိုင်တယ်။ အကောင်းဆုံးနည်းကတော့ အအေးဒဏ်မခံရအောင် အတတ်နိုင်ဆုံးကာကွယ်ပြီး နွေးနွေးထွေးထွေးဝတ်ဆင်ခြင်းဖြစ်တယ်။ Chilblains (သွေးကြောရောင်ရမ်း၍ကိုက်ခဲခြင်းတစ်မျိုး) က ဘယ်လောက်အဖြစ်များသလဲ အရွယ်မရွေးဖြစ်နိုင်ပြီး ကလေးတွေရော၊ လူကြီးတွေရော ဖြစ်နိုင်ချေအတူတူပဲဖြစ်တယ်။ အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ လက္ခဏာများChilblains (သွေးကြောရောင်ရမ်း၍ကိုက်ခဲခြင်းတစ်မျိုး) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရအများဆုံးလက္ခဏာတွေကတော့- အရေပြားပေါ်၊ အထူးသဖြင့် ခြေထောက်နဲ့ လက်တွေမှာ သေးငယ်ပြီးယားယံသောအနီစက်များထွက်ခြင်း အရည်ကြည်ဖုပေါက်ခြင်း၊ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

Aneurysm, Abdominal Aortic (ဝမ်းဗိုက်ပိုင်း သွေးလွှတ်ကြောဖောင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Aneurysm, Abdominal Aortic (ဝမ်းဗိုက်ပိုင်း သွေးလွှတ်ကြောဖောင်းခြင်း) ကဘာလဲ။ ဝမ်းဗိုက်ပိုင်း သွေးလွှတ်ကြောဖောင်းခြင်းဆိုတာ နှလုံးကနေ ခန္ဓါကိုယ်အောက်ပိုင်း အင်္ဂါအစိတ်အပိုင်းတွေနဲ့ တစ်သျှူးတွေဆီ သွေးတွေ သယ်ဆောင်ပေးနေတဲ့ အဓိကသွေးလွှတ်ကြော ဖောင်းလာခြင်း ဖြစ်ပါတယ်။ သူဟာ ခန္ဓါကိုယ်မှာ အကြီးဆုံးသွေးလွှတ်ကြောပဲ ဖြစ်ပါတယ်။ အဓိကသွေးလွှတ်ကြောမကြီး ပြန့်ကားခြင်း၊ ဖောင်းနေခြင်းဟာ အန္တရာယ် ရှိပါတယ်။ အချိန်နဲ့ တပြေးညီမကုသနိုင်ရင် သွေးလွှတ်ကြောမကြီးရဲ့ နံရံက အားအနည်းဆုံး အစိတ်အပိုင်းဟာ ပေါက်ကွဲပြီး သွေးများယိုစီးနိုင်ပါတယ်။ Aneurysm, Abdominal Aortic (ဝမ်းဗိုက်ပိုင်း သွေးလွှတ်ကြောဖောင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များတဲ့ရောဂါ ဖြစ်ပါတယ်။ WHO ရဲ့ အဆိုအရ ဝမ်းဗိုက်ပိုင်း သွေးလွှတ်ကြောဖောင်းခြင်းဟာ အမျိုးသားများထက် အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များပါတယ်။ အထူးသဖြင့် အသက် ၆၀ကျော်အရွယ်တွေမှာ ဖြစ်တတ်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAneurysm, […]


နှလုံးအဆို့ရှင်ရောဂါများ

Aortic Valve Disease (ပင်မသွေးလွှတ်ကြော အဆို့ရှင်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Aortic Valve Disease (ပင်မသွေးလွှတ်ကြော အဆို့ရှင်ရောဂါ) ကဘာလဲ။ ပင်မသွေးလွှတ်ကြော အဆို့ရှင်ရောဂါဆိုတာ နှလုံးကနေ သွေးကိုအဓိကတွန်းအားပေးတဲ့အခန်းနဲ့ ပင်မသွေးလွှတ်ကြောကြားက အဆို့ရှင် ကောင်းစွာ အလုပ်မလုပ်တဲ့ အခြေအနေ ဖြစ်ပါတယ်။ အောက်ပါအတိုင်း ၂မျိုး ခွဲခြားနိုင်ပါတယ်။ သွေးလွှတ်ကြောအဆို့ရှင် ကျဉ်းခြင်း။ အဆို့ရှင် အပေါက်ဟာ ရှိသင့်တာထက် ကျဉ်းနေတော့ ပင်မသွေးလွှတ်ကြောထဲ သွေးစီးဆင်းမှုကို အကန့်အသတ် ဖြစ်စေပါတယ်။ သွေးလွှတ်ကြောအဆို့ရှင် မလုံခြင်း။ အဆို့ရှင်ဟာ လုံအောင်မပိတ်နိုင်တော့တဲ့အတွက် သွေးအချို့ဟာ ညှစ်အားပေးတဲ့အခန်းထဲ ပြန်ရောက်သွားပါတယ်။ Aortic Valve Disease (ပင်မသွေးလွှတ်ကြော အဆို့ရှင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ တွေ့ရများပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAortic Valve Disease (ပင်မသွေးလွှတ်ကြော အဆို့ရှင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဆို့ရှင်ရောဂါပုံစံ ၂မျိုးစလုံးဟာ တူညီတဲ့လက္ခဏာတွေ ဥပမာ လေ့ကျင့်ခန်းလုပ်စဉ် ရင်ဘတ်အောင့်ပြီး အနားယူစဉ် […]


နှလုံးရောဂါ

Atrial Flutter (နှလုံးခုန်မြန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Atrial Flutter (နှလုံးခုန်မြန်ခြင်း) ကဘာလဲ။ နှလုံးခုန်မြန်တဲ့ဖြစ်ရပ်မှာ နှလုံးရဲ့ အပေါ်ခန်းတွေဟာ အလွန်လျင်မြန်စွာခုန်ခြင်း ဖြစ်ပါတယ်။ ဒါဟာ နှလုံးခုန်နှုန်းကို စည်းချက်ညီပြီး လျင်မြန်စေပါတယ်။ နှလုံးခုန်မြန်ခြင်းဟာ နှလုံးစည်းချက်ချို့ယွင်းမှုတခုဖြစ်ပြီး နှလုံးထဲက လျှပ်စီးလမ်းကြောင်းပြသနာကြောင့် ဖြစ်တတ်ပါတယ်။ နှလုံးခုန်မြန်ခြင်းဟာ နှလုံးခါခြင်းနဲ့ တူညီပါတယ်။ ဒါပေမယ့် နှလုံးခုန်နှုန်းဟာ နှလုံးခါခြင်းလောက် စည်းချက်ပျက်ယွင်းခြင်းမရှိပါဘူး။ တခါတရံမှာ နှလုံးခုန်မြန်ခြင်းရော နှလုံးခါခြင်းပါ ၂မျိုးလုံး ကြုံတွေ့ရပါတယ်။ Atrial Flutter (နှလုံးခုန်မြန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဘယ်အသက်အရွယ်မဆို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAtrial Flutter (နှလုံးခုန်မြန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လျှပ်စစ်အချက်ပြမှုဟာ နှလုံးခုန်မြန်ခြင်းကို စုစည်းထိန်းချုပ်ပေးပါတယ်။ ဒီပြသနာရှိသူတွေဟာ နှလုံးထုန်နှုန်း ပုံမှန်ထက်မြန်နေပေမယ့် စည်းချက်ဟာ တည်ငြိမ်ပါတယ်။ တခါတရံ ဖြစ်မှန်းမသိပါဘူး။ တချို့ကတော့ အောက်ပါအတိုင်း ကြုံရပါတယ်။ ရင်တုန်ခြင်း (နှလုံးခုန်မြန်နေခြင်းကိုသိခြင်း) လျင်မြန်ပြီးတည်ငြိမ်သော သွေးခုန်နှုန်း အသက်ရှူမြန်ခြင်း နေ့စဉ် လေ့ကျင့်ခန်းနှင့် […]


နှလုံးရောဂါ

Atrial Myxomas (နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Atrial Myxomas (နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်း) ကဘာလဲ။ နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်းဆိုတာ နှလုံးမှာ ကင်ဆာမဟုတ်တဲ့ အကျိတ်ဖြစ်ပေါ်ခြင်းဖြစ်ပြီး နှလုံးအပေါ်ခန်းနဲ့ အခန်း၂ခုခြားထားတဲ့ ကြွက်သားအလွှာထဲမှာ အများဆုံး တွေ့ရပါတယ်။ ဒီအမျိုးအစားဟာ တွေ့ရအများဆုံးဖြစ်တဲ့ နှလုံးရဲ့ ပင်မအကျိတ်မျိုးဖြစ်ပါတယ်။ တိကျမှုမရှိတဲ့ လက္ခဏာတွေကြောင့် စောစီးစွာသိရှိရဖို့ ခက်ခဲပါတယ်။ ဘယ်ဘက် နှလုံးအပေါ်ခန်းအကျိတ်ဟာ နားကြပ်နဲ့ နားထောင်ချိန်မှာ ကြားရတဲ့အခါ မရှိသလို မကြားရတာလည်း ရှိပါတယ်။ ဒီအခြေအနေကို ပုံရိပ်ဖော်စစ်ဆေးနိုင်ပါတယ်။ ကင်ဆာမဟုတ်တဲ့ အကျိတ်ဖြစ်ပြီး ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။ Atrial Myxomas (နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ရင်ခွဲစစ်ဆေးမှုပေါင်း ၂၂ခုအရ မူလနှလုံးအကျိတ်ဟာ ဝ.၀၂% (ရင်ခွဲစစ်ဆေးမှုပေါင်း တသန်းမှာ ၂၀၀) ရှိပါတယ်။ မူလအကျိတ်ရဲ့ ၇၅%ဟာ ကင်ဆာမဟုတ်တဲ့ အကျိတ်ဖြစ်ပါတယ်။ ကင်ဆာမဟုတ်တဲ့အကျိတ် ၅၀%ဟာ နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ပြီး ရင်ခွဲစစ်ဆေးမှုပေါင်း တသန်းမှာ ၇၅ ခု […]


မွေးရာပါနှလုံးရောဂါများ

Atrial Septal Defect (နှလုံးအပေါ်ခန်းချို့ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Atrial Septal Defect (နှလုံးအပေါ်ခန်းချို့ယွင်းခြင်း) ကဘာလဲ။ နှလုံးအပေါ်ခန်းချို့ယွင်းခြင်းဆိုတာ နှလုံးအပေါ်ခန်း နှစ်ခုအကြားမှာ အပေါက်ဖြစ်နေခြင်း ဖြစ်ပါတယ်။ မွေးရာပါကြောင့် ဖြစ်ပါတယ်။ သေးငယ်တဲ့ အပေါက်တွေဟာ ငယ်ရွယ်စဉ်မှာပဲ သူ့ဖာသာ ပိတ်သွားနိုင်ပါတယ်။ ကြီးမားတဲ့နှလုံးအပေါက်ကတော့ နှလုံးနဲ့ အဆုတ်တွေကို ထိခိုက်နိုင်ပါတယ်။ သေးငယ်တဲ့ချို့ယွင်းချက်တွေဟာ ပြသနာမပေးဘဲ မမျှော်လင့်ဘဲ တွေ့ရှိရတာများပါတယ်။ နှလုံးအပေါ်ခန်းချို့ယွင်းခြင်းကို သတိမထားမိဘဲ ကြီးပြင်းလာသူတဦးဟာ နှလုံးအလုပ်မလုပ်နိုင်ခြင်း၊ သွေးတိုးခြင်းတို့ကြောင့် သက်တမ်းစေ့ မနေရတာမျိုး ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲပြသနာတွေ မဖြစ်ဖို့ ခွဲစိတ်မှုလိုအပ်ပါတယ်။ Atrial Septal Defect (နှလုံးအပေါ်ခန်းချို့ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ နှလုံးအပေါ်ခန်းချို့ယွင်းခြင်းဟာ ရှားပါးပါတယ်။ မွေးကတည်းက ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAtrial Septal Defect (နှလုံးအပေါ်ခန်းချို့ယွင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နှလုံးအပေါ်ခန်းချို့ယွင်းခြင်းရှိတဲ့ ကလေးအများစုဟာ လက္ခဏာ မပြတတ်ပါဘူး။ အရွယ်ရောက်လာသူတွေမှာတော့ အသက် […]


နှလုံးပျက်စီးခြင်း

Cardiac Arrest (နှလုံးရပ်ခြင်းဆိုတာ ဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cardiac Arrest (နှလုံးရပ်ခြင်းဆိုတာ ဘာလဲ) ကဘာလဲ။ Cardiac Arrest ဆိုတာ ရုတ်တရက် မမျှော်လင့်ဘဲ နှလုံးရပ်သွားတာကိုပြောတာပါ။ ဒါဟာ အလွန်အရေးကြီးတဲ့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ နှလုံးမှာ နှလုံးခုန်နှုန်းရဲ့ ကြိမ်နှုန်းကို ထိန်းပေးတဲ့ အတွင်းလျှပ်စီးစနစ်တစ်ခုရှိပါတယ်။ ပုံမမှန်တဲ့ နှလုံးခုန်နှုန်းတွေကို ဖြစ်စေတဲ့ ပြဿနာတွေကိုတော့ arrhythmia လို့ခေါ်ပါတယ်။ ဒီပြဿနာမှာဆိုရင် နှလုံးခုန်တာ မြန်လွန်းတာ၊ နှေးလွန်းတာ ဒါမှမဟုတ် နှလုံးရပ်သွားတာမျိုးအထိဖြစ်နိုင်ပါတယ်။ Sudden cardiac arrest (SCA) ကတော့ နှလုံးမှာ arrhythmia ဖြစ်လာပြီး နှလုံးခုန်တာရပ်သွားစေတဲ့အချိန်မှာ ဖြစ်ပေါ်လာပါတယ်။ ဒီပြင်းထန်တဲ့ ပြဿနာဟာ heart attack နဲ့ မတူပါဘူး။ Heart attack တွေဟာ နှလုံးကို သွေးမရောက်တော့လို့ ဖြစ်ရတာပါ။ Heart attack သို့မဟတ်ု […]


နှလုံးရောဂါ

Cardiasthenia (နှလုံးအားနည်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cardiasthenia (နှလုံးအားနည်းခြင်း) ကဘာလဲ။ နှလုံးအားနည်းခြင်း သည် Decosta အမည်ရှိသော ရောဂါစုဖြစ်ပါသည်။ ထိုလက္ခဏာများသည် နှလုံးဝေဒနာများနှင့် ဆင်တူသော်လည်း လူနာကို စစ်ဆေးလျှင် နှလုံရောဂါနှင့် တူသော ဇီဝကမ္မ လက္ခဏာများ မတွေ့ရပါ။ ခေတ်သစ်ကာလများတွင် နှလုံးအားနည်းခြင်းကို စိုးရိမ်စိတ်များခြင်းကြောင့်ဖြစ်သည်ဟု ယူဆကြပြီး စားသောက်နေထိုင်ပုံများပြောင်းလဲခြင်း၊ လေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းဖြင့် သက်သာအောင် ပြုလုပ်ပေးနိုင်ပါသည်။ Cardiasthenia (နှလုံးအားနည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ထိုဖြစ်စဉ်သည် ကျားမ မရွေး၊ အသက်ရွယ်မရွေး ဖြစ်နိုင်ပါသည်။ သို့သော်ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများCardiasthenia (နှလုံးအားနည်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အများဆုံးတွေ့ရသော ရောဂါလက္ခဏာများမှာ မောပန်းလွယ်ခြင်း အသက်ရှုမဝခြင်း ရင်တုန်ခြင်း ချွေးပြန်ခြင်း ရင်ဘတ်အောင့်ခြင်း မူးဝေခြင်း တို့ဖြစ်ပါသည်။ လူနာသည် ထိုဝေဒနာများကို ခံစားနေရသော်လည်း လူနာကို စစ်ဆေးလျှင် နှလုံရောဂါနှင့် တူသော ဇီဝကမ္မ လက္ခဏာများ မတွေ့ရပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း