စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေပါ ပြနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ကိုင်တွယ်တာက ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့ အထောက်အကူပြုပါတယ်။ ဒီစာမျက်နှာမှာ စိတ်ဖိစီးမှု ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာ ဖတ်ရှုလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့။

အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့ ဆိုလို့ ထူးဆန်းသွားသလား ...... နေ့စဉ်ပုံမှန် အရေပြား သန့်စင်တာ၊ ညအိပ်ရာဝင်တဲ့အခါ မျက်နှာကို sheet Mask ကပ်တာ၊ moisturizer လိမ်းတာတွေက အသားအရေ ကိုတင် ကျန်းမာကြည့်ကောင်းစေတာ မဟုတ်ဘဲ စိတ်ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်စေနိုင်တယ်ဆိုတာ သိထားပြီးပြီလား ...... မသိသေးဘူးဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ အသားအရေ ထိန်းသိမ်းမှုက စိတ်ကျန်းမာရေးကို ဘယ်များ ထောက်ကူပေးနေတာလဲဆိုတာကို ဆောင်းပါးထဲမှာ ဖတ်ကြည့်လိုက်ပါ။ အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့။ အသားအရေ ထိန်းသိမ်းတာက အရေပြား ပြဿနာတွေကို ကင်းစေနိုင်သလို အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့ ဝက်ခြံ ချွေးပေါက်ပိတ်တာတွေကို သက်သာစေနိုင်ပါတယ်။ အသားအရေ ကြည်လင်လှပမှုက စိတ်ခံစားမှုကို ကောင်းစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေနိုင်ပါတယ်။ ဒါတွေအပြင် […]

စိတ်ဖိစီးမှုဖြေလျှော့ခြင်း ကို ရှာဖွေမည်။

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုနှင့် သိုင်းရွိုက်ရောဂါများ

စိတ်ဖိစီးမှုဆိုတာ ယနေ့ခေတ်အခါမှာ လက်ပွန်းတတီးဖြစ်နေတဲ့ စကားလုံးပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟာ ကာလရှည်ကြာလာရင် ကိုယ်စိတ်ကျန်းမာရေးကို ထိခိုက်လာစေတဲ့အပြင် သိုင်းရွိုက်အပေါ်ကိုပါ သက်ရောက်မှု ရှိပါတယ်။ သိုင်းရွိုက်ဟာ အဒရီနယ်ဂလင်းတွေနဲ့ လိုက်လျောညီထွေ အလုပ်လုပ်ပါတယ်။ အဒရီနယ်ဂလင်းတွေဟာ ကျောက်ကပ်တွေပေါ်မှာ တည်ရှိပြီး စိတ်ဖိစီးမှု အနည်းငယ်မျှလောက်ကို တုံ့ပြန်ကိုင်တွယ်နိုင်ပါတယ်။ စိတ်ဖိစီးချိန်မှာ အဆိုပါဂလင်းများကနေ ကော်တီဆောဟော်မုန်းကို ထုတ်လုပ်ပြီး ကိုယ်ခန္ဓာရဲ့လုပ်ငန်းတာဝန်တွေကို တိုးမြှင့်ဆောင်ရွက်စေပါတယ်။ အဖြစ်အများဆုံး သိုင်းရွိုက်ပြဿနာကတော့ မိမိကိုယ်ခံအားစနစ်က မိမိကိုယ်ကို ပြန်လည်တိုက်ခိုက်တဲ့ ရောဂါအမျိုးအစားဖြစ်ပြီး သိုင်းရွိုက်ဂလင်းမှာ ဖြစ်ပေါ်ပါတယ်။ ဂရေ့ဗ်စ်ရောဂါနဲ့ ဟာရှီမိုတိုသိုင်းရွိုက်ရောင်ခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ ဂရေ့ဗ်စ်ရောဂါမှာ သိုင်းရွိုက်အလုပ်လုပ်နှုန်း တက်ကြွလွန်းပြီး ဟာရှီမိုတိုရောဂါမှာတော့ သိုင်းရွိုက်ဟာ အလုပ်လုပ်ခြင်း အားနည်းသွားပါတယ်။ စိတ်ဖိစီးမှုသက်သက်နဲ့တော့ အဆိုပါရောဂါတွေကို မဖြစ်စေပါဘူး။ ဒါပေမယ့် ပြဿနာကို ပိုဆိုးသွားစေပါတယ်။ စိတ်ဖိစီးမှုကနေ သိုင်းရွိုက်အပေါ် ထိခိုက်ခြင်းဟာ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုတွေကို နှေးကွေးသွားစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးခြင်းနဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ချစ်ခင်ရသူဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းကြေကွဲနေတဲ့ ကလေးကို ဘယ်လိုနှစ်သိမ့်ပေးကြမလဲ

လူရယ်လို့ဖြစ်လာတဲ့အခါ တစ်နေ့မှာ ခွဲခွာခြင်းဆိုတဲ့ လမ်းခရီးကို ဖြတ်သန်းကြရမှာပါပဲ။ ချစ်သူခင်သူတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေ၊ မိဘမောင်ဖွားတွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ယုတ်စွဆုံး သားသမီးနဲ့ အိမ်ထောင်ဖက်တွေအထိပါပဲ။ ချစ်ခင်နှစ်သက်ရသူတွေကို လက်လွှတ်ဆုံးရှုံးလိုက်ရချိန်မှာ ကြေကွဲဝမ်းနည်းတဲ့ ဝေဒနာကို ဘဝအတွေ့အကြုံ ရင့်ကျက်လှပါတယ်ဆိုတဲ့ လူကြီးတွေတောင်မှ ခံစားကြရပါတယ်။ တကယ်လို့ ကလေးတွေ၊ ရင်သွေးတွေဆိုရင်ရော သူတို့ရဲ့ နုနယ်လှတဲ့ စိတ်လေးတွေ ဘယ်လောက်တောင် ထိခိုက်ကြေကွဲသွားကြမလဲ။ ဘယ်လောက်တောင် ဝမ်းနည်းနေလိုက်မလဲ။ ချစ်ခင်မြတ်နိုးရသူကို ဆုံးရှုံးလိုက်ရချိန်မှာ ကြေကွဲဝမ်းနည်းနေရှာတဲ့ ရင်သွေးတွေကို နည်းမှန်လမ်းမှန်နဲ့ လမ်းပြပေးနိုင်ဖို့ နှစ်သိမ့်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ဒီဖြစ်ရပ်ကြီးဟာ ရင်သွေးရဲ့ မှတ်ဉာဏ်မှာ စိတ်ဒါဏ်ရာတစ်ခုလို ပြတ်ထင်စွာ စွဲနေပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ ရင်သွေးကို ဘယ်လိုနှစ်သိမ့်ကြမလဲ မိသားစုဝင် တစ်စုံတစ်ယောက်ကို စွန့်လွှတ်လိုက်ရချိန်မျိုးမှာ မိမိတို့ကိုယ်တိုင် ကြေကွဲဝမ်းနည်းနေမှာ သေချာလှပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကြောင့် ရင်သွေးတွေကို ဂရုမစိုက်မိတာမျိုး၊ မမှန်ကန်တဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အလုပ်ဖိစီးနေချိန်မှာ စိတ်အားတက်ကြွနေစေဖို့ ဖြေဆေး (၇) ခု

အလုပ်ထဲမှာ စိတ်ရောလူရော ပင်ပန်းနေရတဲ့အခါမျိုး၊ အရာရာ စိတ်ကုန်နေသလိုမျိုး ခံစားရဖူးလား။ ဝန်ထမ်းဖြစ်မှ မဟုတ်ပါဘူး။ အလုပ်ရှင်တွေမှာလည်း သည်လိုခံစားချက်တွေဖြစ်တတ်ပါတယ်နော်။ လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာပြီဆို ပခုံးမှာထမ်းထားရတဲ့ ဝန်က ပိုကြီးပါတယ်။ အချိန်တန် လစာရမယ့် ဝန်ထမ်းတစ်ယောက်ရဲ့ စိတ်ဖိစီးမှုထက်ပိုတာပေါ့။ ကိုယ်က လစာပေးနိုင်ဖို့ ကြိုးစားရှာရမယ့်သူလေ။ ကိုယ့်လုပ်ငန်းရဲ့အောင်မြင်မှု၊ ကျရှုံးမှုအတွက် အဓိကတာဝန်ရှိတဲ့လူမို့ ကိုယ့်ကိုယ်ကိုယ် အမြဲတွန်းအားပေးနေရပါတယ်။ စွန့်ဦးတည်ထောင်စ လုပ်ငန်းတွေဆို ပိုအားစိုက်ရတာအသေအချာပါ။ ဒီလိုအချိန်မှာ အရေးကြီးဆုံးက ကိုယ့်ရည်မှန်းချက်တွေမပြည့်ခင် စိတ်အားတက်ကြွမှုကို ကျမသွားအောင် ထိန်းထားနိုင်ဖို့၊ တွန်းအားပေးနိုင်ဖို့ပါပဲ။ အားစိုက်ထုတ်ရတာများလွန်းတော့လည်း တစ်ခါတစ်ခါ စိတ်ဓာတ်ကျတာ၊ ပင်ပန်းနေတာတွေဖိစီးလာတဲ့အခါ ဘယ်လိုခွန်အားရယူကြမလဲ။ ဒီအတွက် ဖြေဆေး (၇) ခု ရှိနေပါတယ်။ သင့်အတွက် ဘာအခက်အခဲတွေပဲရှိရှိ အသုံးချလို့ရမယ့် နည်းလမ်းလေးတွေဆိုတော့ ဆက်ဖတ်ကြည့်လိုက်ပါဦးနော်။ (၁) ကိုယ့်ကို စိတ်ခွန်အားပေးနိုင်မယ့် အဆိုအမိန့်တွေ နေ့တိုင်းဖတ်ပါ လူသိများတဲ့ ဝဘ်စာမျက်နှာတွေ၊ လူမှုကွန်ရက်တွေမှာ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုကို လျှော့ချနိုင်မယ့် နည်းလမ်းများ

စိတ်ဖိစီးမှုဆိုတာ ဘာလဲ စိတ်ဖိစီးမှုဆိုတာ ဘဝရဲ့ကြီးမားတဲ့ စိတ်မပျော်ရွှင်စရာ ပြောင်းလဲမှု၊ ကြောက်စရာကောင်းလွန်းလှတဲ့ အခြေအနေသစ်တစ်ရပ်နဲ့ ကြုံတွေ့ရချိန်မှာ ခံစားရသော တုံ့ပြန်မှုတစ်မျိုးဖြစ်ပါတယ်။ စိတ်ဖိစီးမှုဖြစ်စေသောအကြောင်းရင်းများကတော့ အလုပ်ခွင်မှာဆိုရင် အချိန်မီ ပြီးစီးအောင် ဖိအားပေး ခိုင်းစေခံရခြင်း။ အလုပ်များ/နည်းလွန်းခြင်း။ အငြင်းပွားမှု ဖြစ်ပေါ်ခြင်း။ ပျင်းရိခြင်း။ ပုဂ္ဂိုလ်ရေးခံစားမှုတွေနဲ့ ပတ်သက်လို့ ချစ်ခင်ရသူများသေဆုံးခြင်း နေမကောင်းဖြစ်ခြင်း အိမ်ထောင်ရေး/လူမှုရေးပြဿနာများ ကွာရှင်းခြင်း ငွေရေး၊ ကြေးရေးပြဿနာများ ပျော်ရွှင်စရာ အဖြစ်အပျက်များ လူမှုပတ်ဝန်းကျင်မှာတော့ ရာသီဉတု အခြေအနေ ယာဉ်ကြောများ စိတ်ဖိစီးမှုကြောင့်အမူအကျင့်တွေပြောင်းလဲမှုတတ်ပါတယ်။ အရက်ဆေးလိပ်များ ပိုမိုသုံးစွဲလာခြင်း၊ အိပ်ချိန်၊ စားချိန် မမှန်ခြင်း၊ တစ်ယောက်ထဲနေချင်ခြင်း၊ အခြားသူများ၏ ပြဿနာကို စိတ်မဝင်စားခြင်း၊ အပေါင်းအသင်းများနှင့် ကင်းကွာခြင်း ပတ်ဝန်းကျင်ကို စိတ်မဝင်စားခြင်း၊ ပုံမှန်မဟုတ်သော နေထိုင်ပြောဆိုခြင်း၊ အဓိပ္ပါယ်မဲ့ကြည့်ခြင်း၊ ခန္ဓာကိုယ် မငြိမ်မသက်ဖြစ်ခြင်းတွေဖြစ်လာတတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုလက္ခဏာများ ခြေ၊ လက် အေးစက်ခြင်း အားအင်ကုန်ခမ်းခြင်း၊ ပျို့ခြင်း ဂနာမငြိမ်ခြင်း နှလုံးခုန်နှုန်း၊ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုများလွန်းခြင်း၏ လက္ခဏာများ

စိတ်ဖိစီးမှုဆိုတာ မလိုလားအပ်တဲ့ အခြေအနေတွေကြောင့် စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ ထိခိုက်ခံစားရမှုပဲ ဖြစ်ပါတယ်။ လူတိုင်းဟာ တချိန်ချိန်မှာ စိတ်ဖိစီးမှုဒဏ်ကို ခံစားဖူးကြပါလိမ့်မယ်။ သုတေသနစာစောင်တခုမှာဆိုရင် အရွယ်ရောက်ပြီးသူများရဲ့ ၃၃ရာခိုင်နှုန်းဟာ စိတ်ဖိစီးမှုဝေဒနာကို အတော်လေး ကြုံတွေ့ဖူးကြတယ်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှုဟာ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ အခြေအနေများစွာနဲ့ ဆက်စပ်နေပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ စိတ်ဖိစီးမှုများလွန်းလာရင် ကြုံတွေ့နိုင်တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ၁။ ဝက်ခြံ ဝက်ခြံထွက်ခြင်းဟာ စိတ်ဖိစီးမှုများခြင်းရဲ့ လက္ခဏာတခုဖြစ်နိုင်ပါတယ်။ လူတချို့ဟာ စိတ်ဖိစီးမှုများချိန်မှာ မိမိတို့မျက်နှာကို မကြာခဏ ပွတ်သပ်မိကြပါတယ်။ အဲဒီအခါမှာ ဘက်တီးရီးယားများ ပျံ့သွားနိုင်ပြီး ဝက်ခြံများ ပေါက်လာနိုင်ပါတယ်။ သုတေသနအတော်များများမှာလည်း စိတ်ဖိစီးမှုများလွန်းခြင်းနဲ့ ဝက်ခြံပေါက်ခြင်းဟာ ဆက်စပ်နေတယ်လို့ ဆိုထားပါတယ်။ ၂။ ခေါင်းကိုက်ခြင်း ခေါင်းကိုက်ခြင်း၊ဇက်ကြောတက်ခြင်း စတာတွေဟာ စိတ်ဖိစီးချိန်မှာ ပေါ်လာတတ်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ လူပေါင်း ၂၀၀ ကျော်လောက်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုနှင့် ကိုယ်အလေးချိန်တက်ခြင်း

ဒီတစ်ခေါက်တော့ ကိုယ်အလေးချိန်တက်တယ် စားလည်းမစားဘူးဆိုတဲ့သူလေးတွေအတွက် ကိုယ်အလေးချိန်တက်ရခြင်းကို အဖြေထုတ်ရာမှာ ထောက်ကူပေးနိုင်မယ့် အကြောင်းအရာလေး တစ်ရပ်ဖြစ်တဲ့ စိတ်ဖိစီးမှု နှင့် ကိုယ်အလေးချိန်တက်ခြင်း အကြောင်း နည်းနည်းလောက် ပြောပြပေးသွားပါမယ်။ စိတ်ဖိစီးမှုနှင့် ကိုယ်အလေးချိန်တက်ခြင်း စိတ်ဖိစီးမှုနှင့် ကိုယ်အလေးချိန်တက်ခြင်း အကြောင်းကို အတူတူ ကြည့်လိုက်ရအောင်လား .......... စိတ်ဖိစီးရင် ကိုယ်အလေးချိန်တက်လာစေပါသလား။ ဒါဟာ စိတ်ဝင်စားစရာ မေးခွန်းဖြစ်ပါတယ်။ လူအများစုထင်ကြတာက စိတ်ညစ်ရင် ပိန်သွားတတ်တယ် ဆိုတာပါပဲ။ တကယ်တော့ စိတ်ဖိစီးမှု များတဲ့အချိန်ဆိုရင် ဟော်မုန်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် ကိုယ်အလေးချိန် တက်လာတတ်ပါတယ်။ ဖြစ်နိုင်တဲ့ အချက်တွေကတော့ စိတ်ဖိစီးချိန်မှာ အစားအလွန်အကျွံ စားဖြစ်ခြင်း၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားစရာများ စားသုံးဖြစ်ခြင်း၊ စိတ်ဖိစီးမှုဟော်မုန်းဖြစ်သော ကော်တီဆောမြင့်တက်မှုကို ခန္ဓာကိုယ်မှ တုံ့ပြန်ခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ စိတ်ဖိစီးမှုဟာ သင့်ဆီကို မသိမသာ ဝင်ရောက်လာမှာ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဒေါသစိတ်ကို ထိန်းချုပ်ရန် နည်းလမ်းများ

ဒေါသဆိုတာ ပြင်းထန်တဲ့ စိတ်ခံစားမှုတခုဖြစ်ပါတယ်။ မထိန်းကွပ်ဘဲထားလိုက်ရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ပေါ်လာပါတယ်။ အကြောင်းအရာတခုကို မှန်ကန်စွာ တွေးခေါ်နိုင်ခြင်း ထိန်းချုပ်နိုင်တော့ခြင်း မရှိဘဲ အမှားအယွင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒေါသမီးဟာ မိမိကိုယ်တိုင်ကိုရော မိမိဝန်းကျင်က လူတွေကိုပါ လောင်မြိုက်စေမှာ ဖြစ်ပါတယ်။ အဲဒီအခါ လူမှုအသိုင်းအဝိုင်းနှင့် ကင်းကွာခြင်း၊ ကျန်းမာရေးပြဿနာများ၊ မူးယစ်ဆေးဝါး ပြဿနာများ စတာတွေ ဖြစ်လာနိုင်ပါတယ်။ လူတယောက်နဲ့တယောက် ဒေါသကို ရင်ဆိုင်တွေ့ကြုံရပုံခြင်း မတူပါဘူး။ ဒေါသကို ထိန်းချုပ်နိုင်ပုံခြင်းလည်း မတူပါဘူး။ စိတ်ဖိစီးမှု အရမ်းများနေချိန်မှာဆိုရင် ဒေါသကို ထိန်းချုပ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒေါသကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတချို့တော့ ရှိနေပါသေးတယ်။ သုတေသီတွေရဲ့ အဆိုအရ ဒေါသထိန်းချုပ်မှုလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဟာ လက်တွေ့မှာ ထိရောက်တယ်လို့ သိရပါတယ်။ အောက်ပါနည်းလမ်းများဟာ ဒေါသထိန်းချုပ်ရာမှာ အသုံးဝင်ပါလိမ့်မယ်။ ၁။ အသက်ကိုထိန်းရှူပါ။ ဒေါသထွက်လာချိန်မှာ အသက်ရှူမြန်လာတတ်ပါတယ်။ ဒေါသစိတ်ဖြစ်လာရင် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

တနင်္လာနေ့ ရောက်တိုင်း ရုန်းကန်နေရသူတွေ ရှိလား.....

Friday mood က အရာရာကို ပျော်စရာကောင်းစေပေမယ့် စနေ တနင်္ဂနွေပိတ်ရက်ပြီးလို့ တနင်္လာနေ့ ရုံးပြန်တက်ရချိန်မှာ တော်တော်လေး ရုန်းကန်ရတာ ကိုယ်တစ်ယောက်တည်းများလား။ Helloဆရာဝန် ပရိသတ်ကြီးတွေထဲမှာလည်း တနင်္လာနေ့ ရုံးတက်ဖို့ ရုန်းကန်နေရသူတွေရှိတယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ တနင်္လာနေ့တိုင်း ရုန်းကန်နေရတာကို ဒီလိုကျော်ဖြတ်ကြမယ် စနေ၊ တနင်္ဂနွေ ပျော်စရာရက်တွေကုန်ဆုံးလို့ ရုံးပြန်တက်ရမယ့် တနင်္လာနေ့ကို ရောက်လာတဲ့အခါ ရုံးမတက်ချင်ဘူး။ အရမ်းပျင်းတယ်။ အိပ်ရေးမဝဘူး၊ ခေါင်းကိုက်လိုက်တာ၊ စိတ်ပင်ပန်းတယ်လို့ ခံစားနေရတယ်ဆိုရင် ဒီနည်းလမ်းလေးတွေကို တစ်ချက်လောက်ကြည့်လိုက်ပါ။ နေ့လယ်စာကို ကိုယ်အကြိုက်ဆုံး ဟင်းပြင်ဆင်ပါ ရုံးကို ထည့်သွားမယ့် ထမင်းဘူးကို ကိုယ်အကြိုက်ဆုံး ဟင်းနဲ့ ပြင်ဆင်သွားပါ။ ဒီလိုလုပ်ပေးတာက တနင်္လာနေ့ဆိုတဲ့ စိတ်ဖိစီးမှုကို အထိုက်အလျောက်သက်သာစေမှာပါ။ ဒီလိုထည့်သွားတာက မနက်ခင်းမှာ အကြိုက်ဆုံးဟင်းနဲ့ ထမင်းစားဖို့အတွက် စိတ်အားထက်သန်နေစေပြီး ညနေပိုင်းကိုလည်း အကြိုက်ဆုံးဟင်းကို စားသုံးပြီးတာကြောင့် ခံစားရတဲ့ စိတ်ကျေနပ်မှုနဲ့အတူ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှု (Stress)

စိတ်ဖိစီးမှုဆိုတာ ဘာလဲ စိတ်ဖိစီးမှုဆိုတာ သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့စိတ်ခံစားမှုတစ်ခုလို့ ပြောနိုင်ပေမဲ့ တစ်ခါတရံတော့ အန္တရာယ် ဖြစ်နိုင်တဲ့ အခြေအနေ တစ်ခုထိပြောင်းလဲသွားနိုင်ပါတယ်။ တစ်နည်းအားဖြင့် စိတ်ဖိစီးမှုဆိုတာ သင်ကြုံတွေ့နေရတဲ့ စိတ်ပင်ပန်းမှုတွေ၊ ဖိအားတွေ အပေါ်မှာ သင့်ခန္ဓာကိုယ် က တုန့်ပြန် တဲ့ အရာတစ်ခုပါ။ ဖိအားတစ်ခုနဲ့ ကြုံတွေ့လာရပြီဆိုရင် သင့် ရဲ့ ဦးနှောက်အဖွဲ့အစည်းက stress ဟော်မုန်းထွက်လာပါတယ် ။ stress ဟော်မုန်းမှာ adrenaline နဲ့ cortisol ဆိုတဲ့ ဟော်မုန်းနှစ်မျိုးပါပါတယ်။ Stress ဟော်မုန်းထွက်လာရင်တော့ သင့်ရဲ့ နှလုံးခုန်မြန်လာမယ်၊ ကြွက်သားတွေတင်းရင်းလာမယ်၊ သွေးပေါင်တက်လာမယ် ၊ အသက်ရှူမြန်လာမယ် ၊ စိတ်ဆတ် လာမယ် စတာတွေဖြစ်နိုင်ပါတယ် ။ ဒါကို ' fight or flight 'လို့ ခေါ်တဲ့' ရင်ဆိုင်မလား၊ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

သင် စိတ်ဖိစီးတဲ့ စိတ်ဝေဒနာ ခံစားနေရပြီလား

စိတ်အားငယ်တယ်၊ စိတ်ဓာတ်ကျတယ်၊ စိတ်ဖိစီးမှုများတယ်ဆိုတာဟာ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟာ ဖြစ်နိုင်ချေအမြင့်ဆုံး စိတ်ဝေဒနာတွေထဲမှာ ပါဝင်နေပြီတော့ တစ်ချို့ဝေဒနာရှင်တွေဟာ သူတို့မှာ ဒီဝေဒနာရှိနေတယ်ဆိုတာကို သတိထားမိကြခြင်းမရှိကြပါဘူး။ အသက်အရွယ်၊ လိင်၊ မိသားစုအခြေအနေ၊ လုပ်ငန်းခွင်နဲ့ ငွေကြေးအခြေအနေတွေကြောင့် လူအတော်များများမှာ စိတ်ဖိစီးမှုဝေဒနာခံစားရလေ့ရှိပါတယ်။ စိတ်ဖိစီးမှုများပြီး စိတ်အားငယ်တာဟာ ပုံစံအမျိုးမျိုးရှိတတ်ပါတယ်။ အဖြစ်များ စိတ်ဖိစီးမှုဝေဒနာ (Major Depression) ၊ နာတာရှည် စိတ်ဖိစီးမှု (Dysthymia) ၊ ချွင်းချက်ဖြင့်ဖြစ်ပေါ်သော စိတ်ဖိစီးမှု (Atypical Depression) ၊ Postpartum Depression ၊ အာရုံထွေပြား စိတ်ဖိစီးမှု (Bipolar Depression) ၊ ပြင်းထန်စိတ်ဖိစီးမှု (Psychotic Depression) ၊ ရာသီအလိုက်ဖြစ်တဲ့ စိတ်ဖိစီးမှု (Seasonal Depression/SAD) ၊ ဆေးယဉ်ပါး စိတ်ဖိစီးမှု (Treatment-Resistant […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း