စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေပါ ပြနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ကိုင်တွယ်တာက ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့ အထောက်အကူပြုပါတယ်။ ဒီစာမျက်နှာမှာ စိတ်ဖိစီးမှု ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာ ဖတ်ရှုလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့။

အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့ ဆိုလို့ ထူးဆန်းသွားသလား ...... နေ့စဉ်ပုံမှန် အရေပြား သန့်စင်တာ၊ ညအိပ်ရာဝင်တဲ့အခါ မျက်နှာကို sheet Mask ကပ်တာ၊ moisturizer လိမ်းတာတွေက အသားအရေ ကိုတင် ကျန်းမာကြည့်ကောင်းစေတာ မဟုတ်ဘဲ စိတ်ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်စေနိုင်တယ်ဆိုတာ သိထားပြီးပြီလား ...... မသိသေးဘူးဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ အသားအရေ ထိန်းသိမ်းမှုက စိတ်ကျန်းမာရေးကို ဘယ်များ ထောက်ကူပေးနေတာလဲဆိုတာကို ဆောင်းပါးထဲမှာ ဖတ်ကြည့်လိုက်ပါ။ အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့။ အသားအရေ ထိန်းသိမ်းတာက အရေပြား ပြဿနာတွေကို ကင်းစေနိုင်သလို အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့ ဝက်ခြံ ချွေးပေါက်ပိတ်တာတွေကို သက်သာစေနိုင်ပါတယ်။ အသားအရေ ကြည်လင်လှပမှုက စိတ်ခံစားမှုကို ကောင်းစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေနိုင်ပါတယ်။ ဒါတွေအပြင် […]

စိတ်ဖိစီးမှုဖြေလျှော့ခြင်း ကို ရှာဖွေမည်။

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

နေ့စဉ်ဘဝထဲက ပြဿနာတွေနဲ့ စိတ်ဖိစီးမှုများစွာကို ဘယ်လို ကျော်လွှားမလဲ

လူတိုင်းကတော့ အခက်အခဲတွေကို ရင်ဆိုင်နေကြရပါတယ်။ နေ့စဉ်ဘဝရဲ့ အပြောင်းအလဲတွေ၊ အတားအဆီးတွေ၊ အခက်အခဲတွေ၊ စိတ်ဖိစီးမှုဆိုတာတွေဟာ လူရယ်လို့ဖြစ်လာရင် ကြုံဆုံကြရတဲ့ ဒုက္ခဆင်းရဲတွေပဲ မဟုတ်လား။ အခက်အခဲတွေ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်လာရချိန်တိုင်းမှာ လက်လျှော့ အရှုံးပေးတော့မှာလား။ အညံ့ခံဒူးထောက်လိုက်မှာလား။ ဒါမှမဟုတ် “ဘဝဆိုတာ တိုက်ပွဲ” ဆိုတာကို ယုံကြည်ပြီး ဒီအခက်အခဲအတားအဆီးတွေကို ကျော်ဖြတ်ပြီး အောင်ပွဲတွေ ဆွတ်ယူကြမလား။ ကြုံဆုံလာရမယ့် အခက်အခဲတွေ၊ စိတ်ပင်ပန်းစရာတွေကို ဘယ်လိုတွန်းလှန်ကြမလဲ။ ဒီမေးခွန်းတွေကို အဖြေပေးနိုင်မဲ့ နည်းလမ်းတချို့တော့ရှိပါသေးတယ်။ ဒါတွေကတော့ မျှဝေခံစားပေးမဲ့ အသိုင်းအဝိုင်းတစ်ခုကို ရှာဖွေပါ - နေ့စဉ်ဘဝမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲ အတားအဆီးတွေ၊ စိတ်ပင်ပန်းဆင်းရဲမှုတွေကို ကျော်ဖြတ်သန်းဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းတစ်ခုက ကိုယ်နဲ့ရင်ဘတ်ချင်းနီးစပ်သူတွေနဲ့ မျှဝေတာပါပဲ။မိသားစု၊ ချစ်သူ၊ အိမ်ထောင်ဘက်၊ အချစ်ဆုံးသူငယ်ချင်း စတာတွေရဲ့ အကြံဉာဏ်ကူညီဖေးမမှုတွေက ပြဿနာတွေကို ကျော်ဖြတ်နိုင်စေဖို့ ကူညီနိုင်မှာဖြစ်သလို၊ ဒီလူတွေနဲ့ ကိုယ်နဲ့အကြား […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ချစ်ရမှာ စာမလိပ်တဲ့အခါ

ဒါကတော့ သားဖွားမီးယပ်ဆရာဝန်ကြီး ဒေါက်တာစိုးလွင်ရဲ့ အသုံးလေးပါ။ ' ချစ်ရမှာ စာမလိပ်'တဲ့။ လင်ရယ် မယားရယ် ဖြစ်လာပြီဆိုရင် အတူနေခြင်းဆိုတဲ့ လိင်ကိစ္စက နောက်ကနေ ပါလာတာပါပဲ။ ဒါက လူသားမျိုးဆက်ပြန့်ပွားရေးဆိုတဲ့ တာဝန်ကို သဘာဝကနေ တူတူလုပ်ကြဟဲ့လို့ ပေးအပ်လိုက်တာပါ။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ်နဲ့ စိတ်နဲ့ ထပ်တူမကျ၊ သူက တော်တော်ဖြစ်နေသလောက် ကိုယ်က စာမလိပ် စိတ်မလာဖြစ်နေတဲ့အခါ လင်မယားကြားမှာ အက်ကြောင်းလေးတွေ ဖြစ်လာတတ်ပါတယ်။ အိပ်ရာပေါ်က ကိစ္စတွေက လင်ရယ် မယားရယ် နှစ်ဦးနှစ်ဖက် အပေးအယူမျှမှ စိတ်ကျေနပ်စရာ ကောင်းတာပါ။ အများထင်သလို လိင်တံအရွယ်အစားတို့၊ မိန်းမမှာ မျှော့ပါမှတို့ဆိုတာ သံယောဇဉ်တွေ၊ ချစ်မေတ္တာတွေ၊ နားလည်မှုတွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်တော့ပါဘူး။ အပြင်လူမှုဘဝမှာ တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုရှိရသလို အိပ်ရာပေါ်မှာလည်း ကိုယ့်ရဲ့ ပါတနာကို လေးစားမှုပြရပါတယ်။ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုများတဲ့ Office life မှာ အဆင်ပြေပျော်ရွှင်နေအောင် ဘယ်လိုဖန်တီးယူကြမလဲ။

သင့်ဘဝသက်တမ်းရဲ့ ဘယ်လောက်ကို အလုပ်ထဲမှာ နှစ်မြုပ်ထားလဲဆိုတာ တွေးဖူးပါသလား။ အလုပ်ချိန်က မနက်၉နာရီကနေ ညနေ၅နာရီ အထိဆိုပါစို့။ တစ်နေ့ကို ၈နာရီ အလုပ်လုပ်ရပါတယ်။ ဒါဟာ တစ်နေ့တာရဲ့ ၃ပုံ ၁ပုံပါ။ ဒီအတိုင်းတွက်မယ်ဆိုရင် အသက် ၆၀ ရှိတဲ့လူတစ်ယောက်ရဲ့ နှစ်၂၀ အချိန်က လုပ်ငန်းခွင်ထဲမှာ ရှိနေတာပါ။ တစ်နေ့မှာ ၈နာရီက အလုပ်လုပ်တယ်။ ၈နာရီအိပ်တယ်။ ကျန်တဲ့၈နာရီက ကိုယ်ရေးကိုယ်တာကိစ္စလေးတွေ လုပ်တယ်ပေါ့။ ခုခေတ်လိုမျိုးဆိုရင် ရုံးသွားလို့ ကားကြပ်ရင် ၁နာရီကျော်၊ ရုံးပြန်ကားကြပ်ရင် ၁နာရီကျော် ကုန်သွားပြီဖြစ်တဲ့အတွက် ကိုယ့်အတွက် ဘာမှမကျန်တော့ပါဘူး။ စျေးစကားနဲ့ပြောရင် အရှုံးပေါ်တော့မှာပါ။ ဒီကြားထဲမှာ အဆစ်ပါလာတာကတော့ လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေ ပြဿနာနဲ့ အဆင်မပြေတာတွေပါ။ အလုပ်လုပ်ရမယ်ဆိုတာမှန်ပေမယ့် အလုပ်လုပ်ဖို့ တစ်ခုတည်းအတွက်တော့ လူဖြစ်လာတာမဟုတ်ဘူးလေ။ ဒီခေတ်စကားနဲ့ဆိုရင် quality of life ရှိရမယ်။ Work-Life balance […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်အေးချမ်းသာ ပျော်ရွှင်အောင် အပင်လေးတွေစိုက်ကြမယ်

ကျွန်တော်တို့ ရုံးပိတ်ရက် အားလပ်ချိန်လေးတွေမှာ နယ်ဘက်တွေ ခရီးထွက်ရင် အရမ်းစိတ်ချမ်းသာရတယ်နော်။ ကျေးလက်သဘာဝရဲ့ ရိုးရှင်းမှုတွေ၊ တောတောင်ရေမြေရဲ့ အေးချမ်းမှုတွေ၊ သဘာဝသစ်ပင်ပန်းမန်တွေရဲ့ စိမ်းစိုနေမှုတွေ မြင်လိုက်ရင် ရင်ထဲမှာ ဖြစ်နေတဲ့ ပူလောင်တာ၊ စိတ်ညစ်စရာ၊ စိတ်ဖိစီးမှုတွေ တော်တော်လေး သက်သာသွားမလို ခံစားဖူးကြမှာပါ။ ဒါဆို ကိုယ့်အိမ်မှာ ကိုယ့်လက်ကိုယ့်ခြေနဲ့ သေချာ ပန်းပင်လေးတွေ စိုက်ပျိုးတာဆိုရင်ရော ပိုမကောင်းဘူးလား။ အနည်းဆုံးတော့ဗျာ ကိုယ့် မနက်ခင်းနိုးထလာတဲ့အချိန်တွေ၊ ကိုယ်အရမ်း စိတ်ညစ်နေတဲ့အချိန်မျိုးမှာ ကိုယ်သေချာ စိုက်ထားတဲ့ ပန်းပင်လေးတွေ စိမ်းစိုနေတာ မြင်ရရင် တော်တော်လေးကို စိတ်ချမ်းသာမိမှာ အသေအချာပါပဲ။ သစ်ပင်စိုက်ပျိုးခြင်းဟာ စိတ်ကို ငြိမ်းချမ်းစေတဲ့ ကုထုံးတစ်မျိုးပါပဲ။ ၁။ နေ့စဉ် စိတ်ဖိစီးမှုကို ခံစားနေရသူတွေအတွက် သစ်ပင်ပန်းမန် စိုက်ပျိုးခြင်းဟာ ကိုယ့်ရဲ့ နေ့စဉ်စိတ်ကျန်းမာရေးပြဿနာကို မေ့ပျောက်သွားစေဖို့ ထွက်ပေါက်တစ်ခု ဖြစ်စေပါတယ်။ ၂။ တစ်ယောက်တည်း နေရတဲ့သူ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

၁၅ မိနစ်အတွင်း စိတ်ဖိစီးမှုကို လျော့ကျသွားစေမယ့် နည်းလမ်းများ

စိတ်ဖိစီးနေချိန်၊ စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုလို လေးလံနေချိန်မျိုးတွေမှာ စိတ်ကို လျှော့ထားလို့ လူတိုင်းပြောတတ်တယ်။ အပြောလွယ်လှပေမယ့် တကယ်တမ်း လိုက်လုပ်ကြည့်တော့ ခက်လှပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ ခုပြောပြချင်တာက ၁၅ မိနစ်အတွင်းမှာ သင့်ရဲ့လေးလံနေတဲ့ ခေါင်းကြီး ပေါပါးသွားစေမယ့်၊ စိတ်ဖိစီးမှုတွေ လျော့ပါးသွာားစေမယ့် နည်းလမ်းလေးတွေမို့လို့ပါ။ တကယ်လို့ သင်စိတ်ဖိစီးလာတဲ့အခါ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို စမ်းသပ်ကြည့်လိုက်ပါ။ တကယ်ကို အဆင်ပြေသွားပါလိမ့်မယ်။ ၁။ တရားထိုင်ပါ မိနစ်အနည်းငယ်လောက် ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်ပြီး ဝင်လေထွက်လေကို ရှုမှတ်နေတာက သင့်စိတ်ကို လွတ်လပ်သွားစေပါလိမ့်မယ်။ ဒီနည်းလမ်းဟာ နှစ်ပေါင်းထောင်နဲ့ချီပြီး လူသားတွေအသုံးပြုလာကြတဲ့ နည်းလမ်းဟောင်းတစ်ခုပါ။ ခုထိ အမှန်တကယ် အသုံးတည့်နေဆဲ နည်းနာတစ်ခုလို့ ဆိုရပါမယ်။ ၂။ အသက်ကို ပြင်းပြင်းရှူ အသက်ကို မှန်မှန်ရှူ၊ အသက်ကို မှန်မှန် ရှူလို့ ပြောတတ်ကြတယ်မဟုတ်လား။ ဒီနည်းက တကယ်အလုပ်ဖြစ်တယ်နော်။ မျက်လုံးကိုမှိတ် ခါးကိုမတ်မတ်ဆန့်ဆန့်ရပ်ပြီး ၅ မိနစ်လောက် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

သင့်ကို စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းတရားများ

ဆိုကြပါစို့။ သင့်ရုံးစားပွဲမှာ ဖုန်းကလည်း ထမြည်လာမယ်။ စာရွက်တွေကလည်း ပြန့်ကျဲနေမယ်။ သင် လုပ်စရာရှိတဲ့အလုပ်ကလည်း သတ်မှတ်ချိန်ထက် နာရီဝက်နောက်ကျနေပြီ။ သင့်ဘော့စ်ကလည်း သင့်အလုပ်အခြေအနေကိုသိရအောင် မေးဖို့ သင့်စားပွဲနားကို ရောက်လာပြီ။ သင် ဘယ်လိုခံစားရပါသလဲ။ ဒါဟာ နေ့စဉ်ကြုံတွေ့နေကြ စိတ်ဖိစီးမှုအခြေအနေများရဲ့ နမူနာတစ်ခုဖြစ်ပါတယ်။ ရေတိုကိစ္စမှာတော့ အချိန်ကာလတစ်ခုကျော်လွန်သွားရင် ပြီးပြီးပျောက်ပျောက်ဖြစ်သွားနိုင်ပါတယ်။ နေ့စဉ်ဘဝအတွက် ဖိစီးမှုဟာလည်း အတိုင်းအတာ တခုထိ လိုအပ်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးစရာ အခြေအနေကို နေ့စဉ်ရက်ဆက်ကြုံတွေ့ရရင်တော့ စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းအရာတွေဟာလည်း မျိုးစုံရှိနိုင်ပါတယ်။ အသေးအဖွဲကိစ္စကနေ ကြီးမားတဲ့ပြဿနာတွေထိ ရှိနိုင်ပါတယ်။ အဆိုပါကိစ္စတွေကို တစ်ခုချင်းနားလည်သိရှိမယ်ဆိုရင် ဖြေရှင်းတဲ့နေရာမှာ၊ စိတ်ဖိစီးမှုကို လျှော့ချတဲ့နေရာမှာ အထောက်အကူပြုနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ကျန်းမာရေး အိုမင်းမစွမ်းဖြစ်ခြင်း၊ ရောဂါတစ်ခုခု အသစ်ဖြစ်ခြင်း၊ ရောဂါနောက်ဆက်တွဲပြဿနာများ ကြုံရခြင်း စတာတွေဟာ သင့်ကို စိတ်ဖိစီးစေတဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးနေပြီလား

ကဲ ခုတလော စိတ်ဖိစီးမှုတွေ ရင်ဆိုင်နေရပြီး မိမိကိုယ်ကိုယုံကြည်မှုတွေ လျော့နေတယ်ဆိုရင်တော့ ဒါလေးကိုဖတ်ကြည့်လိုက်ရအောင်နော်.... ခုတလော ကူးစက်ရောဂါတွေကလည်းဖြစ်၊ အလုပ်တွေကလည်း အရင်လိုမလည်ပတ်နဲ့ဆိုတော့ ဝန်ထမ်းဖြစ်ဖြစ်၊ အလုပ်ရှင်ဖြစ်ဖြစ် အနည်းနဲ့အများ မရေရာမှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ရင်ဆိုင်နေရမှာ အသေအချာပဲနော်။ အဲလိုဖြစ်နေပြီဆိုရင်တော့ အောက်ကအချက်လေးတွေကို ဖတ်ကြည့်လိုက်ရအောင်နော်။ ၁) အရင်လိုပြန်မဖြစ်တော့တဲ့ အခြေအနေကို ရင်ဆိုင်နေရတာ မိမိတစ်ယောက်တည်းမဟုတ်ပါ။ ဆိုလိုတာက အရင်က မိမိအောင်မြင်ခဲ့သည်ဖြစ်စေ၊ ရှုံးနိမ့်ခဲ့သည်ဖြစ်စေ အတိတ်အကြောင်းတွေအကုန်မေ့ပြီး ဘဝသစ် (New Normal Life) ကိုစတင်ဖို့ အကောင်းဆုံးအချိန်ပါ။ တစ်ကမ္ဘာလုံး အသစ်တဖန်ပြန်ဖြစ်ပေါ်လာသလို အားလုံးအစက ပြန်စနေတာပါ။ ၂) မိမိသာလျှင် အကောင်းဆုံးဆိုတာအကြွင်းမဲ့ယုံကြည်လိုက်ပါ။ တကယ်တော့ ဒီလိုယုံကြည်လို့လည်း ဒီပို့စ်ကို ဖတ်ကြတာပါ။ မိမိကိုယ်ကိုယ်ချစ်မြတ်နိုးခြင်းက အကောင်းဆုံးစိတ်ခွန်အား တစ်ခုပါပဲ။ မိမိရဲ့စိတ်ဆန္ဒကို မသိဘဲ ရပ်တည်နေရရင် ကိုယ်နဲ့အံမဝင်တဲ့ပတ်ဝန်းကျင်မှာ အမှားတွေဆက်တိုက်လုပ်မိနေတတ်ပါတယ်။ အဲ့ဒီလိုဖြစ်ရင် အများလည်း မိမိကိုလေးစားမှုရှိမှာ မဟုတ်ပါဘူး။ ၃) မိမိကိုယ်ကိုချစ်မှ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ရောကိုယ်ပါ ကျန်းမာဖို့ တရားထိုင်ကြစို့

တရားထိုင်တယ် ဆိုတာက ဘာသာရေး အလုပ်ဆိုတာထက် လူတိုင်း လုပ်သင့်တဲ့ အလေ့အထလေး တစ်ခုလို့ ပြောချင်ပါတယ်။ တကယ်ကတော့ လူတိုင်းဟာ တစ်နေ့တာမှာ ၁၅ မိနစ်ကနေ နာရီဝက် ၄၅ မိနစ်လောက်အထိ ကိုယ်နိုင်သလောက် တရားထိုင်သင့်ပါတယ်။ ဒီလို တရားထိုင်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေတယ်၊ လို့ သိပ္ပံနည်းကျ လေ့လာမှုတွေအရ သိရပါတယ်။ တရားထိုင်ပါလို့ ပြောရတဲ့ အကြောင်းအရင်း တရားထိုင်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ပုံမှန် တရားထိုင်ပေးခြင်းက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအနေနဲ့ နှလုံး ကျန်းမာစေတယ် လေ့လာမှုတွေအရ နေ့စဉ် တရားထိုင်တာက သွေးလည်ပတ်မှုကို ကောင်းစေပြီး နှလုံး ခုန်နှုန်းကို မှန်စေဖို့ နှလုံး ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်ပါတယ်။ တရားထိုင်တာက သွေးကြောတွေကို မာကြောစေတဲ့ ဒြပ်ပေါင်း တစ်မျိုးဖြစ်တဲ့ lipid peroxide ကို လျှော့ချပေးပြီး နှလုံးသွေးကြောဆိုင်ရာ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဒေါသအကြောင်း တစေ့တစောင်း

ဒေါသကို ထိန်းချုပ်နိုင်ခြင်းဟာ ကောင်းမွန်တဲ့အရာတွေ ပြုလုပ်ဖို့ တွန်းအားတစ်ခု ဖြစ်လာစေနိုင်ပါတယ်။ ဒေါသကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်ရင်တော့ ငြင်းခုန်ဆွေးနွေးမှုတွေ၊ တိုက်ခိုက်မှုတွေ၊ အလွဲသုံး စားမှုတွေကနေ ပြစ်မှုကျူးလွန်မှုတွေ နဲ့ မိမိကိုယ်ကို ထိခိုက်နာကျင်စေခြင်း တွေအထိ ဖြစ်လာနိုင်ပါတယ်။ ဒေါသဟာ ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်လဲ ဒေါသဖြစ်လာရင် အဒရီနယ်လင်းနဲ့ ကော်တီစောဟော်မုန်း ထွက်ပါတယ်။ ဦးနှောက်ရဲ့ သွေးလည်ပတ်မှုတွေဟာ ကြွက်သားတွေဆီပဲ ဦးတည်သွားစေပြီးတော့ နှလုံးခုန်မြန်လာမယ်။ သွေးပေါင်ချိန်နဲ့ အသက်ရှူနှုန်းတွေ မြင့်တက်လာမယ်။ ခန္ဓာကိုယ်အပူချိန်မြင့်လာပြီး‌ ချွေးထွက်လာမယ်။ စိတ်အစဉ်ဟာ စူးရှလာပြီး ဒေါသဖြစ်စေတဲ့ အကြောင်းအရင်းကိုပဲ အာရုံစိုက် စေလာပါတယ်။ ကျန်းမာရေးပြဿနာတွေကတော့ ဒေါသကို မထိန်းချုပ်နိုင်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို ထိခိုက်လာမှာပါ။ နာတာရှည် ရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း ဗိုက်အောင့်ခြင်း၊ အစာခြေစနစ်ပြဿနာများ စိတ်ကစဉ့်ကလျားဖြစ်ခြင်း စိတ်ဖိစီးမှုများလာခြင်း စိတ်ကျရောဂါ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ကျန်းမာရေးအရ တရားထိုင်ဖို့ ဘယ်အချိန်က အသင့်လျော်ဆုံးလဲ

တရားထိုင်ခြင်း အလေ့အကျင့်ဟာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကနေ စတင်လာတာဖြစ်ပြီး အခုချိန်မှာတော့ တစ်ကမ္ဘာလုံးက ကျန်းမာရေးအတွက် ပြုလုပ်သင့်တဲ့ ကျင့်စဉ်အဖြစ် သတ်မှတ်လာကြပါပြီ။ အဓိက စိတ်ကျန်းမာရေးအတွက် ဖြေဆေးတစ်ခွက် ဖြစ်သလို ခုလို Covid-19 ကြောင့် ပြည်သူအားလုံး အထိတ်တလန့် စိုးရိမ်ပူပန်နေရမယ့် အချိန်မျိုးမှာလည်း လုပ်ပေးခြင်းဖြင့် ကိုယ့်ရဲ့ စိတ်ကိုလည်း ငြိမ်းချမ်းစေဖို့ ကူညီပေးနိုင်ပါတယ်။ တရားထိုင်ဖို့ အချိန်ကို ဘယ်လိုရွေးချယ်မလဲ။ တရားထိုင်တယ်ဆိုတာ ကိုယ့်ရဲ့ စိတ်ကို ငြိမ်းအေးစေတဲ့ ကျင့်စဉ်တစ်ခုပါ။ ဒီအတွက် ကိုယ်တရားထိုင်မယ့် အချိန်ကို သေချာရွေးဖို့ လိုပါတယ်။ ဒီအတွက် အကောင်းဆုံးအချိန်ကတော့ မနက်အစောပိုင်းအချိန် မနက် ၄နာရီမှ မနက် ၇နာရီအတောအတွင်း အချိန်တွေပါပဲ။ မနက်ပိုင်း မိသားစုအလုပ်တွေနဲ့ အဆင်မပြေရင်လည်း အသံတွေ တိတ်နေတဲ့ ညဘက် ၁၀ နာရီနောက်ပိုင်း မအိပ်ခင်မှာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း