brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အထာကျကျ ဒေါသထွက်ကြမယ်

ဒေါသ… လူတိုင်း‌ ဒေါသနဲ့ မကင်းနိုင်ပါဘူး။ လုပ်ငန်းခွင်မှာ အဆင်မပြေမှုတွေ‌ကြောင့် ဒေါသထွက်ရတာတွေရှိနိုင်သလို ချစ်သူရည်းစား၊ မိသားစုဝင်တွေအချင်းချင်းကြားမှာလည်း ကတောက်ကဆဖြစ်ပြီး ဒေါသထွက်ရတာမျိုးတွေလည်းရှိနိုင်ပါတယ်။ ထစ်ကနဲရှိ ဘာမှမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေမှာတောင် ဒေါသအမျက်ကြီးတတ်ကြသူတွေရှိသလို တချို့ကျတော့လည်း အကြာကြီးနေမှ တစိမ့်စိမ့်ပြန်တွေးပြီး ဒေါသထွက်တတ်တဲ့သူ‌တွေလည်းရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒေါသထွက်လာပြီ၊ အပြန်အလှန် ငြင်းကြခုန်ကြပြီဆိုရင် ကာယကံရှင်အတွက်ရော တစ်ဖက်သူအတွက်ပါ အဆင်မပြေစရာတွေ ထပ်တိုးဖြစ်လာတတ်ပါတယ်။

အထာကျကျ ဒေါသထွက်ကြမယ်

ဒေါသကြီးခြင်းဟာ ကျန်းမာရေးအရလည်း အောက်ပါဆိုးကျိုးများစွာပေးပါသေးတယ်။ ‌‌

  • ခေါင်းကိုက်ခြင်း၊
  • အစာမကြေခြင်း၊ အစာအိမ်ရောင်ခြင်း၊
  • ညအိပ်မပျော်ခြင်း၊
  • သွေးတိုးခြင်း၊
  • အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း နဲ့
  • နှလုံးရောဂါဖြစ်နိုင်ချေ မြင့်မားခြင်းတို့ပဲ ဖြစ်ပါတယ်။

Tips to express your anger safely!

လူတိုင်း ဒေါသထွက်တတ်ကြပေမယ့် ဒေါသကိုဖော်ပြတဲ့ပုံစံတွေကတော့ တစ် ေယာက်နဲ့ တစ် ေယာက်မတူကြပါဘူး။ ‌‌ဒေါသအလျောက် ချက်ချင်းတုံ့ပြန်လိုက်ခြင်းကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေထပ်မဖြစ်ရအောင် အောက်ပါအချက်လေးတွေကို စမ်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

  • ပြေးပါ။ မောဟိုက်သွားတဲ့အထိ ပြေးလိုက်ခြင်းဟာ သင့်ဒေါသကို ခေတ္တမေ့သွားပါလိမ့်မယ်။
  • လက်သီးထိုးချင်စိတ်၊ ကန်ကျောက်ချင်စိတ်တွေပေါ်လာပြီဆိုရင် ခေါင်းအုံး၊ ဖက်လုံးတို့ကို လက်သီးဖြင့်ထိုးပါ။
  • သက်မဲ့ပစ္စည်းတစ်ခုခုရှေ့မှာ အော်ဟစ်လိုက်ပါ။ (ဥပမာ- ကား၊ သစ်ပင်)
  • ယုံကြည်ရတဲ့ သူငယ်ချင်း မိတ်ဆွေတစ်ယောက်ထံ ရင်ဖွင့်ပြောပြပါ။ တိုင်ပင်ဆွေးနွေးပါ။ ကောင်းမွန်တဲ့ အကြံဉာဏ်ရယူပါ။
  • သင့်စိတ်ကို Relax ဖြစ်စေမယ့် အရာတစ်ခုခု လုပ်ပါ။ ဥပမာ-

  • ရေချိုးတာ
  • ပန်းခြံထဲမှာ လမ်းလျှောက်တာ ဒါမှမဟုတ် ငြိမ်ငြိမ်လေးထိုင်နေတာ
  • သင်အရမ်းကြိုက်တဲ့ သီချင်းအေးအေးလေးတွေ နားထောင်တာ
  • စာအုပ်ဖတ်တာ၊ ရုပ်ရုပ်ကြည့်တာ
  • သင်ကြိုက်နှစ်သက်တဲ့ အားကစားတစ်ခုခုလုပ်တာ – ရေကူးတာ၊ gym ဆော့တာ စသဖြင့်ပေါ့။ ‌‌
  •  Violence is not a solution to anger

    အကြမ်းဖက်ခြင်းဟာ တချို့သူတွေအတွက် ဒေါသထွက်နည်းတစ်မျိုးဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ‌ပြဿနာကိုပြေလည်စေမယ့်နည်းတစ်ခုတော့ မဟုတ်ပါဘူး။ သင့်အတွက်ရော တစ်ဖက်လူအတွက်ပါ အန္တရာယ်ရှိပြီး အခန့်မသင့်ရင် ရာဇဝတ်မှုပါမြောက်သွားနိုင်ပါတယ်။ ဒေါသအလျောက် အကြမ်းဖက်မှုတွေ မပြုလုပ်မိအောင် အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းလေးတွေကို အသုံးချပြီးဒေါသကို ဖြေလျော့ နိုင်ပါတယ်။

    Hope to it’ll help to calm your mind somehow….

    ရေးသားသူ – Dr. Saint

    Dr. Thurein Hlaing Win
    Dr. Thurein Hlaing Win
    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
    Written by Dr. Thiha Phyo Myint · 05/11/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။