ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ရှိခြင်းက ကျွန်ုပ်တို့ရဲ့ ကိုယ်ရော စိတ်ပါ ကျန်းမာစေပါတယ်။ ကျန်းမာပြီး ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးတွေရဲ့ ကောင်းကျိုးကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ဆိုတာ

Relationships လူတစ်ဦးနဲ့ တစ်ဦးကြားမှာ ရှိတဲ့ ဆက်ဆံရေး  (Relationship) ကို ပါဝင်ပတ်သက်နေသူတွေ နဲ့ အမျိုးမျိုးသော အကြောင်းအရာတွေအပေါ် မူတည်ပြီး အမျိုးမျိုး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ Relationship​တွေက ကျန်းမာတဲ့ ဘဝနေထိုင်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ လေ့လာမှုတွေအရ လူမှုဆက်ဆံရေးတွေက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အပေါ်မှာပါ သက်ရောက်နေပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူတွေက ပိုမို ကျန်းမာကြသလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမူအကျင့်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူတွေက ပိုပြီး အသက်ရှည်ကြပါတယ်။ ဥပမာ ပြောပြရရင် ပျော်ရွှင်ပြီး စိတ်ချမ်းမြေ့စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူတွေက နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ခံစားရနိုင်ခြေ နည်းကြတယ်ဆိုတာပါ။ ဆက်ဆံရေးတိုင်းက ပျော်ရွှင်စရာ မကောင်းပါဘူး။ ဒီနေရာမှာ သတိထားရမှာ တစ်ခုက ဆက်ဆံရေးတိုင်းမှာ […]

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ကို ရှာဖွေမည်။

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ရပ်၊ ဒီမှာတင်ရပ်

လူရယ်လို့ ဖြစ်လာရင် တယောက်ထဲ မနေချင်ကြတာ အများစုရဲ့ သဘာဝပါ။ မိတ်ဆွေအပေါင်းအသင်း ရှာတယ်၊အဖော်ရှာတယ်၊ချစ်သူ ရှာတတ်ကြပါတယ်။ ချစ်သူရည်းစားရှိခြင်း၊အိမ်ထောင်ဖက်ရှိခြင်းဟာ အထီးကျန်ဆန်မှုကို ကုစားပေးနိုင်ပြီး ဘဝရဲ့ နိမ့်မြင့်တက်ကျတွေကို အတူတကွ လက်တွဲကျော်ဖြတ်နိုင်မှာဖြစ်ပေမယ့် ချစ်သူကနေ ချဉ်သူ ဘဝပြောင်းလာပြီဆိုရင်တော့ သင့်အတွက် 'ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်လေး' ဆိုသလို ဖြစ်လာတတ်ပါတယ်။ ဘယ်လိုအချက်တွေနဲ့ ရင်ဆိုင်နေရပြီဆိုရင် သင့်ရဲ့လက်ရှိ အချစ်ရေး၊အိမ်ထောင်ရေးဟာ သင့်အတွက် ဆိုးကျိုးတွေကိုသာ ဖြစ်စေမလဲဆိုတာကို သတိပြုမိနိုင်စေဖို့ ဒီဆောင်းပါးလေးမှာ မျှဝေပေးထားပါတယ်။   ၁။ သင့်ကို ထိန်းချုပ်လွန်းတယ်   ပုံမှန်ကျတဲ့ ဆက်ဆံရေးတခုဆိုတာဟာ နှစ်ဦးနှစ်ဖက်လုံးရဲ့ ကိုယ်ပိုင်အချိန်နဲ့ လွတ်လပ်ခွင့်ကို မျှမျှတတ ကျင့်သုံးရပါတယ်။ ကိုယ်စိတ်ဝင်စားရာ၊ဝါသနာပါရာကို လုပ်ခွင့်လည်း ရှိရမှာပါ။ ဒါပေမယ့် သင့်ချစ်သူမပါဘဲ သင်တယောက်တည်း အပြင်သွားတာဖြစ်ဖြစ်၊တခုခု လုပ်တာဖြစ်ဖြစ် ဘာပဲလုပ်လုပ် တဖက်က သံသယတွေဝင်၊ဒေါသတွေထွက်နေပြီဆိုရင်တော့ ဒါဟာ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

သာယာတဲ့ အိမ်ထောင်ရေး တစ်ခု လိုချင်တယ်ဆိုရင် မမေ့ထားသင့်တဲ့ အချက်တွေ

သင့်အနေနဲ့ အခုချိန် ကြင်စဦး အိမ်ထောင်ရှင်ဘဝကို တည်ထောင်ထားသူပဲ ဖြစ်ဖြစ်၊ ငွေရတု၊ ရွှေရတု ပေါင်းများစွာ အိမ်ထောင်သက် ကြာညောင်းနေသူပဲ ဖြစ်ဖြစ် သင့်အနေနဲ့ သံယောဇဉ်ကြိုးခိုင်မြဲပြီး ချစ်ခင်ကြင်နာမှု အပြည့်နဲ့ သစ္စာတရားပြည့်ဝနေတဲ့ အိမ်ထောင်ရေး ကိုသာ လိုချင်ကြမှာ အမှန်ပါပဲ။ ဒီလို အိမ်ထောင်တစ်ခုလည်း ပိုင်ဆိုင်ချင်တယ်၊ ဒီလို ဖြစ်လာဖို့အတွက်လည်း ဘယ်လိုနည်းလမ်းတွေကို လုပ်ဆောင်ရမှန်း မသိဘူးဆိုရင် ကျွန်တော်တို့ Hellosayarwon မှ ခိုင်မာတဲ့ Relationship တစ်ခု တည်ဆောက်ချင်တယ်ဆိုရင် မမေ့သင့်တဲ့ အချက်လေးတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ သာယာတဲ့ အိမ်ထောင်ရေး တစ်ခု လိုချင်တယ်ဆိုရင် မမေ့ထားသင့်တဲ့ အချက်တွေ ၁။ စိတ်ဝင်တစား နားထောင်ပေးပါ။ Relationship ဆိုင်ရာ အတိုင်ပင်ခံတွေအားလုံးက တကယ့် အစစ်အမှန် နားထောင်ခြင်းဟာ ရန်ဖြစ်ခြင်းကို လျှော့ချပေးနိုင်တဲ့အပြင် ယုံကြည်မှုကို […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

သနားကြင်နာစိတ် ပိုမိုကောင်းမွန်လာအောင် လေ့ကျင့်နိုင်မည့် နည်းလမ်း ၅ သွယ်

မေတ္တာနဲ့ သနားကြင်နာမှုက မရှိမဖြစ်ပါ၊ ဇိမ်ခံဖို့ မဟုတ်ပါဘူး။ ဒါတွေမရှိပဲ လူသားတွေ မရှင်သန်နိုင်ပါဘူး။ (ဒလိုင်းလားမား) ဒလိုင်းလားမား စေတနာနဲ့ ထောက်ပြထားသလိုပဲ သနားကြင်နာမှုက လူသားတွေ အောင်မြင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အလုပ်တွေ၊ တာဝန်ယူမှုတွေကို မလွှတ်ချပဲနဲ့ လူတစ်ယောက်က ဘယ်လိုမျိုး သူ့ သနားကြင်နာမှုကို ထုတ်ပြနိုင်မှာလဲ။ ကူညီခြင်းက ကွဲပြားစေပါတယ် ကျွန်တော်တို့ အကူအညီက မလုံလောက်ဘူး၊ ဒီထက် ပိုပြီး လိုအပ်နေမှာ လို့ စဉ်းစားပြီး ကျွန်တော်တို့ဟာ တဖြည်းဖြည်းနဲ့ တချို့ပြဿနာတွေမှာ ကျွန်တော်တို့ သနားကြင်နာမှုကို မပြသတော့ပဲ လစ်လျူရှုလာကြပါတယ်။ ဒီစုပုံလာတဲ့ အတွေးတွေက ကျွန်တော်တို့စိတ်ဓါတ်တွေကို မကြင်နာတတ်တဲ့ပုံစံဆီ တဖြည်းဖြည်း ရောက်သွားစေပါတယ်။ အဲ့နောက်မှာ ကျွန်တော်တို့ဟာ ဂရုစိုက်သလို ပြုမူပေမယ့် ဒါနဲ့ပတ်သက်ပြီး ဘာမှ မလုပ်တော့ပါဘူး။ ဒီကိစ္စတွေမှာ ကူညီတာက ရေပုံးထဲက ရေတစ်စက်လောက်ပဲ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

တစ်နှစ်ပတ်လုံး မိသားစုနှင့် ပျော်ရွှင်စွာနေထိုင်ခြင်း

နွေရာသီကုန်သွားပါပြီ။ သို့သော် ရာသီကုန်သလို ကျန်းမာသောမိသားစု၏ ပျော်ရွှင်မှုများကတော့ ကုန်သွားမည်မဟုတ်ပါ။ ကျန်းမာရေးနှင့်ညီသော အစားအစာများနှင့် မိသားစုပျော်ရွှင်ချိန်များအတွက် ကျောင်းပြက္ခဒိန်ကို မဟာမိတ်ဖွဲ့လိုက်ပါ။ အလုပ်သမားနေ့ နွေရာသီ၏အထင်ကရနေဖြစ်ပြီး ရာသီဥတုလည်း သာသာယာယာပင်ရှိဦးမည်။ ထို့ကြောင့် မိသားစုကို စက်ဘီးကိုယ်စီနင်းကာ ပန်းခြံ၊ ကမ်းခြေ၊ ရေကူးကန်၊ သို့မဟုတ် နှစ်သက်ရာ စားသောက်ဆိုင်တစ်ခုခုကို သွားကြဖို့ နှိုးစော်လိုက်ပါ။ ကြည့်စရာရှုစရာများရှိသည့် လမ်းမှ ပတ်ခေါ်သွားပါ။ အရောင်ပြောင်းသွားကြသည့် သစ်ပင်များ သို့မဟုတ် နွေရာသီ၏ နောက်ဆုံးလက်ကျန် ပန်းများ သစ်သီးများရှိရာ လမ်းကိုရွေးဖို့မမေ့ပါနှင့်။ အလုပ်သမားနေ့မှာ အပျော်ခရီးထွက်ပါ။ ကိုယ့်နယ်မှ ရာသီစာများ သစ်သီးများ သို့မဟုတ် ကျန်းမာရေးနှင့်ညီသည့် နယ်မြေအထင်ကရသွားရေစားများကို ယူသွားပါ။ အလုပ်သမားနေ့မှာ ကိုယ့်မြို့အတွက် အကျိုးရှိတာတစ်ခုခ လုပ်ကြည့်လိုက်ပါ။ ကျေးဇူးတော်နေ့ ဒီလိုနေ့မျိုးတွင် ရိုးရာအစာများကို စားသောက်နိုင်ပါသည်။ မိသားစုတွင် စုစုရုံးရုံးဖြစ်သွားအောင် ကျန်းမာရေးနှင့် ညီညွှတ်သည့ပန်းကန်များဖြစ်သွာအောင် ပြောင်းလဲကြည့်ပါ။ ပဲစိမ်းများကို […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

မိသားစုကိုအချိန်ပိုပေးနိုင်မယ့် နည်းလမ်း ၉ ခု

မိသားစုတွေမှာ ကလေးတွေကကျောင်းတက်၊ ကျူရှင်တက်၊ သင်တန်းတက်ရ၊ လူကြီးတွေက အလုပ်ကိုယ်စီသွားရတဲ့အခါတွေ့ဆုံချိန်ကနည်းလာပါတယ်။ ဒီကြားထဲ အိမ်မှာရှိတဲ့အချိန်လေး နားချိန်မှာ တီဗီ၊ ဖုန်း၊ ကွန်ပျူတာ၊ ဂိမ်း စတဲ့ အိုင်တီအသုံးအဆောင်တွေကို အချိန်ပေးလာကြတာကြောင့် မျက်နှာစုံညီထမင်းစားဖို့တောင်ခက်တဲ့ မိသားစုတွေရှိလာပါတယ်။ နောက်ဆုံးတော့ တဖြည်းဖြည်းနဲ့ မိသားစုကြားမှာ ဂရုစိုက်မှုတွေ၊ ချစ်ခင်မှုတွေလျော့သလိုဖြစ်လာရပြီး ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေ၊ ဖွံ့ဖြိုးမှုတွေမှာ ထိခိုက်လာစေပြီး မိသားစုသာယာမှုကိုလည်း ထိခိုက်စေပါတယ်။ ဒါ့ကြောင့် သာယာတဲ့မိသားစုတွေဖြစ်လာစေဖို့နွေးထွေးတဲ့ဆက်ဆံရေးရှိဖို့လိုပါတယ်။ မိသားစုအတွက် အချိန်ပိုပေးနိုင်ဖို့ ဂရုစိုက်ထိန်းညှိသင့်ပါတယ်ဆိုတာ ဒီ ၉ ချက်ကို လေ့လာပြီး ပြန်စဉ်းစားကြည့်ပါ။ (၁) အစီအစဉ်ဆွဲပါ ရေခဲသေတ္တာနားမှာ ဒါမှမဟုတ် မိသားစုဝင်အကုန်လုံးမြင်နိုင်တဲ့တစ်နေရာရာမှာပြက္ခဒိန်ကပ်ထားပေးပြီးနောက်တစ်ပတ်အတွက် ဘာအစီအစဉ်ရှိသလဲ ကြည့်ပါ။ ဗျာများနေရတဲ့ရက်တွေနဲ့ အလုပ်သိပ်မများတဲ့ ရက်တွေကို အချိန်ညှိပြီး သိပ်အရေးမကြီးတဲ့ကိစ္စတွေကိုနောက်ရွှေ့သင့်ရွှေ့ပါ။ အများစုက အိမ်မှာ ပစ္စည်းပစ္စယတွေများပြီး မလိုအပ်ဘဲနေရာကျဉ်းနေတတ်ပါတယ်။ ကိုယ်အသုံးမလိုတဲ့ အဝတ်အစားတွေ၊ ကလေးကစားစရာတွေ၊နဲ့တခြားပစ္စည်းအသုံးအဆောင်တွေကို […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အကောင်းမြင်စိတ် စွမ်းအား

အကောင်းမြင်တတ်ဖို့က ခက်ခဲလှပါတယ်။ သင်ကျန်းမာနေစဉ်မှာ စီးပွားရေး၊ လူမှုရေး၊ မိသာစုအရေး ကိစ္စများတွင် စိတ်ဖိစီးမှုများစွာကြုံတွေ့ရမှာ ဖြစ်ပြီး ထိုအကြောင်းများကြောင့်ပဲ အရာအားလုံးကို အကောင်းဖက်က ကြည့်ပေးဖို့ ခက်ခဲနေမှာဖြစ်ပါတယ်။ သင့်မှာ အဆုတ်ကင်ဆာဖြစ်နေချိန်မှာတော့ အကောင်းမြင်ကြည့်ဖို့ဆိုတာ ပို၍ပင်မဖြစ်နိုင်တော့ပေ။ အဲဒီလို ခက်ခဲနေမယ့် သင့်ရဲ့အမြင်တွေကို ပြောင်းလဲပေးဖို့ နည်းလမ်းအချို့ကို ယခု ဆောင်းပါးတွင် ဖော်ပြပေးလိုက်ပါတယ်။   အကောင်းမြင်စိတ်နှင့် အဆိုးမြင်စိတ် နှစ်ခုလုံးသည် ကူးစက်တတ်ပါတယ်။ အကောင်းမြင်တတ်ခြင်း ရော အဆိုးမြင်တတ်ခြင်းပါ နှစ်ခုစလုံးသည် ကူးစက်တတ်သည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့သည် သဘာဝအားဖြင့် အကောင်းမြင်စိတ်ရှိသူအနားတွင် နေချင်ကြကာ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ အကောင်းမြင်တတ်သူများအနီးရောက်ဖို့ ကြိုးစားမိနေတာကို သတိထားမိမှာပါ။ အကောင်းမြင်တတ်သူနှင့် အဆိုးမြင်တတ်သူကို ဘယ်လိုခွဲခြားသတ်မှတ်လည်းဆိုတာကို မေးကြသော အခါတွင် အားလုံး တစ်ခဲနက် သဘောတူကြတာကတော့ လူတစ်ဦး၏ အပြုအမူ၊ ပြောစကားနဲ့ စိတ်ခံစားမှုအားလုံးသည် ကောင်းသောဖက်ကို ဦးတည်နေသော […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အများကိုကူညီဖေးမတာကနေ ရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူး

အတ္တဟိတ ထက်ပရဟိတကပိုအရေးကြီးတယ်ဆိုတာမျိုးကို ကြားဖူးကြမယ်ထင်ပါတယ်။ တစ်ပါးသူတွေကို အကူအညီပေးတာက ကိုယ့်ကိုယ်ကို ကူညီရာလည်းရောက်ပါတယ်။ ဘဝမှာရှင်သန်နေထိုင်ရင်း အခြားသူတွေကို ကူညီဖေးမတာက ဘဝရှင်သန်မှုကို ပိုမိုအဓိပ္ပါယ်ပြည့်စုံစေပါတယ်။ တိရစ္ဆာန်လေးတွေကို ကယ်ဆယ်တာမျိုးပဲဖြစ်ဖြစ်။ ကလေးငယ်လေးတွေကို လမ်းမှန်ရောက်အောင် လမ်းညွှန်ပြသပေးရတာမျိုးဖြစ်ဖြစ် လုပ်ဆောင်ပေးတာက မိမိနေထိုင်ရာ လူ့အဖွဲ့အစည်းကို အထောက်အကူပြုရာကြသလို မိမိကိုယ်တိုင်မှာလည်းကောင်းကျိုးကျေးဇူးတွေခံစားရနိုင်ပါတယ်။ မိမိထက်အားနည်းနေတဲ့သူတွေ၊ အကူအညီလိုအပ်နေသူတွေကို ကူညီဖေးမတာက ကျန်းမာရေးအပေါ်တော်တော်လေးကို အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်၊လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ သူတစ်ပါးကို ကူညီဖေးမတာက စိတ်ခံစားမှုကိုကောင်းမွန်စေရုံသာမက ကျန်းမာရေးအပေါ်မှာလည်း အကျိုးသက်ရောက်မှုတွေရှိစေနိုင်ပါတယ်။ သူတစ်ပါးကို ကူညီပေးတာက စိတ်ဓါတ်ကျမှုကိုခံစားရနိုင်ခြေနည်းစေသလိုသွေးတိုးရောဂါခံစားရနိုင်ခြေနဲ့သေဆုံးနိုင်ခြေတွေကိုလည်း တိုးစေနိုင်ပါတယ်။ အများကိုကူညီပေးခြင်းက စိတ်ခံစားမှုကိုတိုးတက်စေပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးရှိတယ်၊လိုပခ့စားရမှုကို တိုးစေတယ်ဆိုတာက သိပ်တော့ အံ့သြစရာမရှိပါဘူး။ သူတစ်ပါးကို ကူညီပေးတာက ကိုလက်စထရောပမာဏကို ကျစေနိုင်တဲ့ အပြင် BMI ကိုလည်း တိုးတက်စေနိုင်တယ်။ လို့လည်း ဆိုပါတယ်။ သူတစ်ပါးကိုဖေးမကူညီပေးတာကနေ ဘာတွေရရှိနိုင်မလဲဆိုတာလေးကို ကြည့်ကြည့်ရအောင်ပါ။ အရည်အသွေးကိုမြှင့်တင်နိုင်စေခြင်း သူတစ်ပါးကို […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အကောင်းမြင်ခြင်းက စိတ်ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်နေသလဲ

သင်ဖြစ်ချင်တဲ့အတိုင်းဖြစ်မလာတဲ့အခါ ဘာကြောင့်များမဖြစ်ရတာလဲလို့တွေးမိတဲ့အခါမျိုးမှာ ဖြစ်ပျက်နေတဲ့ အရာတိုင်းဟာ ကိုယ်စိတ်ထဲကရှိနေတဲ့ အရာတွေအတိုင်းဖြစ်လာတတ်တယ်ဆိုတာကို သတိရပေးပါ။ အဖြစ်အပျက်တွေက ကိုယ့်အတွေးတွေအတိုင်း စိတ်ကလုပ်ဆောင်ဖြစ်ပျက်နေတာပါပဲ။ မိမိရဲ့ အတွေးတွေက မိမိရဲ့ဘဝအပေါ် နည်းလမ်းမျိုးစုံနဲ့တိုက်ရိုက်လွှမ်းမိုးသက်ရောက်မှုရှိနေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာတဲ့သူတစ်ဦးဟာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေ၊စိုးရိမ်ပူပန်မှုတွေနဲ့ အခြားသောစိတ်ပိုင်း ဆိုင်ရာ အပျက်သဘောဆောင်မှုတွေကနေ ရုန်းထွက်လွတ်မြောက်နိုင်ကြပါတယ်။ အကောင်းမြင်တတ်သူတွေက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်ခံစားရတာမျိုး နည်းပါးသလို ကိုယ်ခန္ဓါပိုင်းမှာလည်း ရောဂါကြီးကြီးမားမား ခံစားရတာမျိုးမရှိပါဘူး။ အကောင်းမြင်တဲ့စိတ်ထားက စိတ်ရှုပ်ထွေးပြီး စိတ်ထိခိုက်နေသူတွေအတွက် ကုသမှုတစ်ရပ်ပဲဖြစ်ပါတယ်။ အကောင်းမြင်ခြင်းက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာ အထောက်အကူပြုနိုင်ပါတယ်၊ လို့သိပ္ပံနည်းကျ လေ့လာမှုတွေမှာ အထောက်အထားတွေတွေ့ရှိခဲ့ရပါတယ်။ အကောင်းမြင်ခြင်းက ယုံကြည်မှု ပိုမိုရရှိစေပြီး စိတ်ခံစားမှုကိုလည်း တိုးတက်ကောင်းမွန်စေတဲ့အပြင် သွေးတိုးရောဂါ၊ စိတ်ဓါတ်ကျခြင်း နဲ့ အခြားသော စိတ်ဖိစီးမှုနဲ့ပတ်သက်တဲ့ ဝေဒနာတွေလိုမျိုး ဝေဒနာတွေဖြစ်ပေါ်ခံစားရနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အကောင်းမြင်စိတ်ကြောင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးလေးတွေကို သိရှိနီုင်စေဖို့မျှဝေပေးလိုက်ပါတယ်။ အကောင်းမြင်စိတ်ကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ ရုပ်ပိုင်းဆိုင်ရာနဲ့ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

တစ်ဦးတည်းသော မိဘတစ်ယောက်ဘဝကို ဘယ်လိုဖြတ်သန်းမလဲ

အခုအချိန်မှာ မိဘတစ်ဦးတည်းရှိတဲ့ မိသားစု အရေအတွက်ဟာ သိသာစွာ မြင့်တက်လာပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်ကို ကြီးပြင်းလာအောင် စောင့်ရှောက်ရခြင်းဟာ ဘယ်တော့မှ မလွယ်ကူပါဘူး။     တစ်ဦးတည်းသောမိဘတွေ ရင်ဆိုင်ရမယ့် ပြဿနာတွေက ဘာတွေလဲ။ အချို့ပြဿနာတွေကို တစ်ဦးတည်းသောမိဘတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ပထမဦးစွာ အိမ်ထောင်ဖက် အကူအညီမရရှိတာကြောင့် ပြဿနာတိုင်းဟာ နှစ်ဆ ဖြစ်နိုင်ပါတယ်။ ကလေးရဲ့ အလုပ်တိုင်းကို နေ့တိုင်းအကုန် လုပ်ပေးဖို့ တာဝန်ရှိနေပါတယ်။ ရလဒ်အနေနဲ့ ဖိအားများစွာနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ဖိအားတွေက သင်ကလေးကို သင့်လျော်အောင် မစောင့်ရှောက်နိုင်တော့ဘူးလို့တောင် အထင်ရောက်စေပါတယ်။ ဒါ့ပြင် တစ်ဦးတည်းသောမိဘ တွေဟာ ငွေကြေးပိုင်းဆိုင်ရာ ပြည့်စုံမှု မရှိကြပါဘူး။ နောက်ဆုံးအနေနဲ့ကတော့ တစ်ဦးတည်းသောမိဘတွေရဲ့ ကလေးငယ်တွေဟာ ကြီးပြင်းလာတဲ့အခါ စံထားစရာ အမျိုးသမီး၊ အမျိုးသား တစ်ဦးဦး ပျောက်ဆုံးတတ်ကြပါတယ်။ ဒီစိန်ခေါ်မှုတွေကို တစ်ဦးတည်းသောမိဘတွေက ဘယ်လိုကျော်ဖြတ်နိုင်မလဲ။ သင့်မေတ္တာကို ဖေါ်ပြပါ။ ကလေးဟာ ကောင်းမွန်တာ တစ်ခုခုကို […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ဘယ်အချိန်မှာ ရွှေလက်တွဲဖို့ အသင့်တော်ဆုံးလဲ

လက်ထပ်ဖို့စဉ်းစားနေပြီလား… ဘယ်တော့စားရမှာလဲလို့ ခင်မင်သူတွေကဝိုင်းမေးနေတာ ခဏခဏကြားရတဲ့ ချစ်သူစုံတွဲတွေအတွက်ကတော့ ရွှေလက်တွဲဖို့ အကောင်းဆုံးအချိန်ကို စဉ်းစားရပါပြီ။ တွဲလာတာကြာလာလေ မိဘအသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်က လက်ထပ်ဖို့တွန်းအားပေးတာတိုးလာလေ ဖြစ်ရတာ မြန်မာနိုင်ငံရဲ့ ထုံးစံပါပဲ။ အသက်ငယ်လွန်းရင်လည်း မသင့်တော်၊ အသက်ကြီးသွားမှာလည်းစိုးရိမ်ကြရတဲ့အပြင် အိမ်ထောင်ပြုခြင်း ရဲ့နောက်ဆက်တွဲ ကိစ္စတွေအတွက်လည်း ကြိုတွေးသင့်တာကြောင့် လက်ထပ်သင့်တဲ့အချိန်ကို ရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။ အသက်ကြီးမှ အိမ်ထောင်ပြုတာက အိမ်ထောင်ပိုခိုင်မြဲစေတယ်လို့ လက်ခံထားကြတာတွေရှိသလို ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ကျတဲ့အခါ ပြန်ကွဲဖို့ဖြစ်နိုင်ခြေများတယ်လို့ ဆိုကြပါတယ်။ အသက် ၂၀ကျော်ဟာ ကျောင်းပြီးလို့ အလုပ်အကိုင်အတည်တကျဖြစ်ချိန် အိမ်ထောင်ပြုဖို့ အကောင်းဆုံးလို့ လူငယ်တချို့နဲ့မိဘတွေကလက်ခံထားကြပါတယ်။ ဆယ်ကျော်သက်အရွယ်တွေဆို အနာဂတ်အတွက်မရေရာသေး၊ ကျောင်းစာနဲ့မိသားစုလောင်းရိပ်အောက်မှာ ရှိနေသေးချိန်ဖြစ်ပြီး ဦးနှောက်အတွေးအမြင်တွေလည်း မဖွံ့ဖြိုးသေးချိန်ဖြစ်တာကြောင့် အသိအမြင်ပြည့်စုံလောက်တဲ့ ၂၀ နဲ့ ၃၀ ကြားအရွယ်ကို အသင့်တော်ဆုံးအဖြစ် ရွေးချယ်ကြပါတယ်။ အရင်ဆုံး ရွှေလက်တွဲဖို့ သင့်တော်တဲ့အသက်အရွယ်မှာရှိနေပြီဆိုရင်တော့ ချစ်သူစုံတွဲတွေအတွက် စဉ်းစားရမယ့်အချက်တွေရှိပါသေးတယ်။   (၁) […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း