ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

အစာအိမ်ရောင်ခြင်းကို ဘယ်လိုအရေးပေါ်ကုသကြမလဲ

အစာအိမ်အူရောင်ခြင်းဟာ အစာအိမ်နဲ့အူမှာ ရောဂါပိုးဝင်ရောင်ခြင်းကြောင့် ဖြစ်ပါတယ်။ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားပိုး ပါတဲ့အစားအစာ၊ ရေ (သို့) အစားအသောက်အသစ်တစ်မျိုးကို တုန့်ပြန်လို့ပဲဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးနေတဲ့ ကလေးတွေမှာတောင် အမေရဲ့ စားသောက်ပုံပြောင်းလဲခြင်းနဲ့ ဆေးကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကို တုန့်ပြန်နိုင်ပါတယ်။ လက္ခဏာတွေကတော့ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ အနည်းငယ် ကိုယ်ပူခြင်းတို့ပဲဖြစ်ပါတယ်။ ရောင်ရမ်းခြင်းရဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ဒီလက္ခဏာတွေဟာ တစ်ရက်ကနေ တစ်ပတ်ကျော်အထိ ကြာမြင့်တတ်ပါတယ်။ အောက်ပါအချက်တွေကတော့ အစာအိမ်အူရောင်ခြင်းအတွက် ရှေးဦးသူနာ ပြုစုနည်းပဲဖြစ်ပါတယ်။ ၁။ သင့်မှာ အစာအိမ်အူရောင်ခြင်းဖြစ်ပြီလို့ သံသယ ရှိပြီဆိုရင် အစာအိမ် အထိုင်ကျအောင် နာရီပေါင်းများစွာ အစာမစားပဲ နေသင့်ပါတယ်။ အားကစားလုပ်စဉ် သောက်တဲ့ အရည်၊ ရေ အစရှိတာတွေကို ရေဓါတ်ခန်းခြောက်မှုကို ကာကွယ်ဖို့ အမြောက်အမြားသောက်သင့်ပါတယ်။ အရည်ကို မသောက်နိုင်ရင် ပုံမှန်တစ်ငုံနှစ်ငုံပဲ သောက်နိုင်ပါတယ်။ ဆီး ပုံမှန်သွားဖို့ […]


ရှေးဦးသူနာပြုစုခြင်း

နှာခေါင်းသွေးလျှံတာကို အမြန်ရပ်စေတဲ့နည်းလမ်းများ

နှာခေါင်းသွေးလျှံခြင်းသည် လူ့သက်တမ်း တလျှောက်တွင် ခဏခဏ ကြုံတွေ့ရလေ့ရှိသော ကျန်းမာရေးပြဿနာတစ်ခုဖြစ်သည်။ လူ့သဘာဝအရ သွေးမြင်လျှင်လန့်တတ်ပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်တတ်ကြသည်။ ထို့ကြောင့် နှာခေါင်းသွေးလျှံလာလျှင် မည်သို့ပြုလုပ်ရမည် ကို သိရှိရန် လိုအပ်ပါသည်။   မည်သည့်အကြောင်းများက နှာခေါင်းသွေးလျှံစေပါသနည်း။ ပြင်ပမှ သက်ရောက်သော ထိခိုက်ဒဏ်ရာများ (မျက်နှာကို လက်သီးဖြင့်ထိုးခြင်း၊ နှာခေါင်းအတွင်းရှိ အညစ်အကြေးများ ဖယ်ရှားခြင်း) ကြောင့်နှာခေါင်းသွေးလျှံတတ်ပါသည်။ အခြားသော အကြောင်းအရာများကြောင့်လည်း ဖြစ်တတ်ပါသည်။ ၎င်းတို့မှာ • ပူနွေးခြောက်သွေ့သောလေကို ထိတွေ့မှုများခြင်း • နှာခေါင်းနှင့် နှာခေါင်းတွင်းရှိအခေါင်းများတွင် ပိုးဝင်ခြင်း • ဓါတ်မတည့်မှုကြောင့်ဖြစ်ခြင်း • ပြင်ပအရာဝတ္တုများ နှာခေါင်းထဲဝင်ခြင်း • နှာခေါင်းမှ ပြင်းထန်စွာလေမှုတ်ထုတ်ခြင်း • ကိုကင်းအသုံးပြုမှုကြောင့် အန္တရာယ်ဖြစ်ခြင်း   နှာခေါင်းသွေးလျှံပါက မည်သို့ပြုစုစောင့်ရှောက် ရမည်နည်း။ ပြုစုစောင့်ရှောက်ခြင်း အဆင့် လေးဆင့် ရှိပါတယ်။ အဆင့် ၁။ မတ်မတ်ထိုင်ကာ အရှေ့ကို ကုန်းပါ။ မတ်မတ်ထိုင်ခြင်းကြောင့် နှာခေါင်းအတွင်းရှိ သွေးဖိအား လျှော့နည်းသွားစေနိုင်ပြီး သွေးကိုတိတ်စေပါသည်။ အဆင့် ၂။ နှာခေါင်းကို […]


ရှေးဦးသူနာပြုစုခြင်း

သင့်နားထဲ တစ်ခုခုဝင်နေတာကို ဘယ်လိုထုတ်မလဲ

လူ့သက်တမ်းတစ်လျှောက်တွင် နားထဲသို့တစ်စုံတစ်ခု အခန့်မသင့်၍ဝင်တတ်ပါသည်။ ထိုကဲသို့ဝင်သဖြင့် မသက်မသာဖြစ်ခြင်းကိုသာ ခံစားရမည်ဖြစ်သော်လည်း သေချာစွာကုသမှုမခံယူပါက နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရတတ်ပါသည်။ နားထဲသို့ ပြင်ပအရာဝတ္တုများ ဝင်ရသည့် အကြောင်းအရင်း နားထဲသို့ ပြင်ပအရာဝတ္ထုများ ဝင်ရသည့် အကြောင်းအရင်းများစွာ ရှိပါသည်။ အတွေ့ရအများဆုံးကတော့ အင်းဆက်ပိုးကောင်ကလေးများ ဝင်ခြင်းပဲဖြစ်ပါသည်။ ကလေးငယ်များသည် နားထဲသို့ပစ္စည်းများကို ထည့်မိတတ်ပါသည်။ မည်သို့အကြောင်းကြောင့်ပဲဖြစ်ဖြစ် တစ်စုံတစ်ခုနားထဲတွင် ပိတ်နေခြင်းသည် အလွန်မသက်မသာဖြစ်ခြင်းကို ခံစားရပါသည်။ နားအတွင်း အရာဝတ္ထုများဝင်ခြင်းကြောင့် ဘယ်လို လက္ခဏာများ ခံစားရသနည်း။ အရွယ်ရောက်သူများအနေဖြင့် နားထဲသို့ တစ်ခုခုဝင်လျှင်သိကြပါသည်။ သို့သော် ကလေးများတွင်မူ အဆူခံရမည်စိုး၍ မိဘကိုမပြောဘဲ နေတတ်ကြပါသည်။ ထိုသို့ပြောမပြပါကလည်း အောက်ပါ လက္ခဏာများကိုတွေ့ရှိရတတ်ပါသည်။ • နားထဲပိုးဝင်ကာ အရည်များကျခြင်း • နားကိုက်ခြင်း၊ နားတဖြည်းဖြည်းလေးလာခြင်း • မအီမသာဖြစ်ခြင်းတို့ကြောင့် ပျို့ခြင်း အန်ခြင်းများ ဖြစ်ခြင်း • သွေးထွက်ခြင်း၊ ချွန်ထက်သော ပစ္စည်းများ ဝင်ခြင်းကြောင့် အတင်းဆွဲထုတ်ရာမှ […]


ရှေးဦးသူနာပြုစုခြင်း

သဘာဝ ကပ်ဆိုးတစ်ခု ဖြစ်ပွားစဉ် လုံခြုံအောင် ဘယ်လိုနေထိုင်မလဲ

နေထိုင်မှုနည်းလမ်းများမနှစ်က ပြည်နယ်တော်တော်များများမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုဟာ တာဝန်ရှိသူတွေရဲ့ ရေကြီးတဲ့အခါ ကြိုတင်ပြင်ဆင်မှုကို ပြန်လည် စမ်းစစ်စရာ ဖြစ်သွားခဲ့ပါတယ်။ သင့်မိသားစုကို လုံခြုံစိတ်ချရစေဖို့ ကြိုတင် ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လာမလဲ မသိတဲ့အရာကို ကြိုတင်ပြင်ဆင်ရတာဟာ အချိန်ယူရပါတယ်။ ဒါပေမယ့် ဒုက္ခရောက်တဲ့အခါမှာ စိတ်အေးသက်သာနေရတဲ့ တန်ဖိုးကို ကြည့်မယ်ဆိုတော့ အငြင်းပွားဖို့ ခက်ခဲပါတယ်။ ကပ်ဆိုးတွေဟာ သင့်အိမ်မှာ အချိန်မရွေး ကျရောက်နိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့ ကပ်ဆိုးတွေရဲ့ ခေါင်းမူးဖွယ် စာရင်းဟာ ကြောက်စရာကောင်းပါတယ် (ရေကြီးမှု၊ မြေပြိုမှု၊ ငလျင်လှုပ်မှု၊ မုန်တိုင်းနဲ့ အကြမ်းဖက်မှု)။ စဉ်းစားရတာအောင် စိတ်ပျက်ဖို့ကောင်းပေမယ့် ကပ်ဘေးအချိန်မရွေး ဖြစ်ပွားနိုင်တယ်ဆိုတဲ့အတွေးဟာ တကယ်ဖြစ်လာတဲ့အခါ ပြင်ဆင်ဖို့ အကျိုးရှိပါတယ်။ အချက်အနည်းငယ်နဲ့ သင့်ဘဝကို အရေးပေါ်အချိန်တွေမှာ လွယ်ကူမှုဖြစ်စေနိုင်ပါတယ်။ ကပ်ဘေးပြင်ဆင်မှုနဲ့ အရေးပေါ်ထုပ်ပိုးမှုနဲ့ ပတ်သက်ပြီး အကြံပေးစကား အများအပြား ရှိပါတယ်။ ဒီဆောင်းပါးမှာ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်တာရပ်လိုက်ရင် သင့် ခန္ဓါကိုယ်မှာ ဘာတွေ ဖြစ်လာမလဲ။

ဖြစ်ပွားမှုများလူအများစုက ဆေးလိပ်ဖြတ်ပြီးသော်လည်း နှစ်များစွာ နီကိုတင်းကို သောက်သုံးခဲ့ခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုသည် ပြန်မကောင်းနိုင်တော့ဟု ယုံကြည်သည့်အတွက် ဆေးလိပ်ဖြတ်ရန် လွယ်လွယ် လက်လျှော့တတ်ကြသည်။ သို့သော်လည်း အမှန်မှာ ထိုသို့မဟုတ်ပါ။ မည်မျှအချိန်ကြာကြာ သင်ဆေးလိပ်သောက်သုံးခဲ့ပါစေ၊ ဆေးလိပ်ဖြတ်လိုက်သည် နှင့်တပြိုင်နက် အနည်းဆုံး အတိုင်းအတာတစ်ခုအထိ ပြန်လည် ကောင်းမွန်အောင် ခန္ဓါကိုယ်က ပြုလုပ်သည်သာ ဖြစ်သည်။ အောက်ပါတို့သည် ဆေးလိပ်ဖြတ်လိုက်သည့် မိနစ် အချိန်မှစ၍ သင့်ခန္ဓါကိုယ်တွင်း ပြောင်းလဲမှုများဖြစ်ပါသည်။ (၁) မိနစ် ၂၀ အကြာ နီကိုတင်းဓါတ်သည် ခန္ဓါကိုယ်၏ စနစ်အတွင်းသို့ ဝင်ရောက်သောအခါ သွေးပေါင်ချိန် နှင့် နှလုံးခုန်နှုန်းမြင့် တက်လာစေသည်။ ဆေးလိပ်ဖြတ်လိုက်သောအခါ သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်း ပုံမှန်ပြန် ဖြစ်သွားသည်။ (၂) ၈ နာရီအကြာ သင်ရှူထုတ်လိုက်သော ဆေးလိပ်မီးခိုးငွေ့သည် ကြည့်ကောင်းသလို ရှိသော်လည်း အဆိပ်ဖြစ်စေသော ဓါတ်ပစ္စည်းပေါင်း ၄၀၀၀ ကျော်ပါဝင်ပြီး ဆိုးရွားသော […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်ခြင်းနှင့်ပတ်သက်တဲ့ယုံတမ်းစကားများ

ယုံတမ်းစကားများလူတစ်ယောက်ဆေးလိပ် စသောက်ဖို့ အကြောင်းရင်းများစွာ ရှိပါတယ်။ လူတော်တော်များများဟာ ဆေးလိပ်သောက်တာ ရပ်ချင်ပေမယ့်လည်း ဆေးလိပ်ဖြတ်ခြင်းနဲ့ ပတ်သက်တဲ့ ယုံတမ်းစကား တွေကြောင့် ဆေးလိပ်ဖြတ်ဖို့ တွန့်ဆုတ်နေတတ်ကြပါတယ်။ သင်ဆေးလိပ်ဖြတ်နိုင်ဖို့အတွက် ဒီဆောင်းပါးမှာ လူတွေပြောနေကြတဲ့ ဒဏ္ဍာရီပုံပြင် (၇) ခုနဲ့ တကယ်ရော ဟုတ်ရဲ့လားဆိုတာ ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။   ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးကို အခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူတွေက ဖြေဖျောက်နိုင်မှာပဲ။ လူအတော်များများဟာ သူတို့ဆေးလိပ်သောက်ရင်တောင်မှ လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာအောင် စားသောက်တဲ့အတွက် သူတို့ရဲ့ ကျန်းမာရေးကတော့ ကောင်းမွန်နေမှာပဲလို့ ပြောဆိုတတ်ကြပါတယ်။ သုတေသနတွေအရ ကျန်းမာအောင်နေထိုင်စားသောက်ခြင်းနဲ့ အားကစားလုပ်ခြင်းဟာ ဆေးလိပ်ကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေကို မလျော့ပါးစေနိုင်ဘူးလို့ ဆိုပါတယ်။ တကယ်တော့ Winsconsin တက္ကသိုလ်က ဆေးပညာ ပါမောက္ခတစ်ဦးဖြစ်ပြီး Tobacco Research and Intervention ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Michael C. […]


ဆေးလိပ်ဖြတ်ခြင်း

အီးစီးကရက် နှင့် ပုံမှန်သောက်နေကျ စီးကရက် နှိုင်းယှဉ်ချက်

နှိုင်းယှဉ်မှုများဆေးလိပ်သောက်သူတွေဟာ အီးစီးကရက် (Electronic vaping)အကြောင်းကို သိပ်သိကြဟန်မတူပါဘူး။ အီးစီးကရက်ဆိုတာ ဆေးလိပ်ဖြတ်ဖို့သုံးတဲ့အစားထိုးစီးကရက်အမျိုးအစားတစ်ခုပါ။ ဒီဆောင်းပါးမှာတော့ အီး စီးကရက်နဲ့ ပတ်သက်တဲ့ အကြောင်းခြင်းရာ သုံးခုကို အမှန်အတိုင်း သိရှိစေဖို့ ပြောပြပေးမှာ ဖြစ်ပါတယ်။   အီးစီးကရက်တွေဟာ အခြားဆေးလိပ်တွေထက် ပိုပြီးတော့ စိတ်ချရပါတယ်။ သတင်းစာဆရာ အတော်များများက အီးစီးကရက်တွေဟာ ရိုးရိုးဆေးလိပ်သောက်သလိုပဲ အန ္တရာယ်ရှိတယ်လို့ မကြာခဏ ဖေါ်ပြခဲ့ကြပါတယ်။ အခု အသစ်ထွက်ရှိလာတဲ့ နည်းပညာဟာ ဆေးလိပ်သောက်သလို ဆိုးရွားတာပဲဆိုတဲ့ သတင်းအချက်အလက်တွေဟာလည်း မနည်းမနော ထွက်ရှိခဲ့ပါတယ်။ တကယ်တော့ ဒါဟာ ကွဲပြားခြားနားပါတယ်။ လွန်ခဲ့တဲ့နှစ်က အင်္ဂလန် ပြည်သူ့ကျန်းမာရေးအဖွဲ့က အီးစီးကရက်နဲ့ ပတ်သတ်တဲ့ အသေးစိတ်လေ့လာမှုကို ပြုလုပ်ခဲ့ပြီး သူတို့ရဲ့ တွေ့ရှိချက်က အင်မတန် ပြတ်သားပါတယ်။ အီးစီးကရက် တွေဟာ ပုံမှန် စီးကရက်တွေထက် ၉၅% ပိုမို စိတ်ချရပါတယ်လို့ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်ပြီးလျှင် သင့်ခန္ဓါတွင်ပြောင်းလဲသွားမည့်ဖြစ်စဉ်များ

ဖြစ်စဉ်များလူအများစုက ဆေးလိပ်ဖြတ်ပြီးသော်လည်း နှစ်များစွာ နီကိုတင်းကို သောက်သုံးခဲ့ခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုသည် ပြန်မကောင်းနိုင်တော့ဟု ယုံကြည်သည့်အတွက် ဆေးလိပ်ဖြတ်ရန် လွယ်လွယ်လက်လျှော့ တတ်ကြသည်။ သို့သော်လည်းအမှန်မှာ ထိုသို့မဟုတ်ပါ။ မည်မျှအချိန်ကြာကြာ သင်ဆေးလိပ်သောက်သုံးခဲ့ပါစေ၊ ဆေးလိပ်ဖြတ်လိုက်သည်နှင့် တပြိုင်နက် အနည်းဆုံး အတိုင်းအတာတစ်ခုအထိ ပြန်လည် ကောင်းမွန်အောင် ခန္ဓါကိုယ်က ပြုလုပ်သည်သာဖြစ်သည်။ အောက်ပါတို့သည် ဆေးလိပ်ဖြတ်လိုက်သည့် မိနစ် အချိန်မှစ၍ သင့်ခန္ဓါကိုယ်တွင်း ပြောင်းလဲမှုများ ဖြစ်ပါသည်။   (၁)မိနစ် ၂၀ အကြာ နီကိုတင်းဓါတ်သည် ခန္ဓါကိုယ်၏ စနစ်အတွင်းသို့ ဝင်ရောက်သောအခါ သွေးပေါင်ချိန် နှင့် နှလုံးခုန်နှုန်း မြင့်တက်လာစေသည်။ ဆေးလိပ်ဖြတ်လိုက်သောအခါ သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်သွားသည်။ (၂) ၈ နာရီအကြာ သင်ရှုထုတ်လိုက်သော ဆေးလိပ်မီးခိုးငွေ့သည် ကြည့်ကောင်းသလို ရှိသော်လည်း အဆိပ်ဖြစ်စေသော ဓါတ်ပစ္စည်းပေါင်း ၄၀၀၀ ကျော်ပါဝင်ပြီး ဆိုးရွားသော ဓါတ်တစ်ခုမှာ ကာဗွန်မိုနောက်ဆိုဒ် ဖြစ်သည်။ […]


ရှေးဦးသူနာပြုစုခြင်း

တိတိကျကျ ပြောမရသောမြွေကိုက်ခံရခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်တိတိကျကျ ပြောမရသောမြွေ ကိုက်ခံရခြင်း ဆိုတာဘာလဲ တစ်ခါတစ်လေမှာ ကလေးမြွေကိုက်ခံရတာကို မိဘတွေက သိတဲ့အချိန်မှာ မြွေက မရှိတော့ပါဘူး။ တစ်ခါတစ်ခါကျတော့လည်း မြွေက အသတ်ခံလိုက်ရပြီး ဘာမြွေရယ်လို့ တိတိကျကျ ပြောရခက်သွားပါတယ်။ (တကယ်လို့ သေသွားတာ သေချာရင်တော့ ဆေးခန်းသွားပြတဲ့အခါ ကိုယ်နဲ့တစ်ပါတည်း ယူသွားသင့်ပါတယ်) အများအားဖြင့်တော့ အန္တရာယ်မရှိနိုင်ဘဲ ကိုက်ခံရပြီး ၅မိနစ်အတွင်းမှာ နီရဲရောင်ရမ်းပြီး ပူလာတယ်ဆိုရင်တော့ ဆေးခန်းပြသင့်ပါတယ်။ လက္ခဏာများတိတိကျကျ ပြောမရသောမြွေ ကိုက်ခံရတဲ့ လက္ခဏာတွေက ဘာတွေလဲ အဆိပ်ကို ထိုးသွင်းခံလိုက်ရပြီးတဲ့နောက်မှာ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ • စိတ်တွေ ရှုပ်ထွေးလာမယ်၊ ခေါင်းမူးဝေမယ်၊ သတိလစ်မယ် • ပါးစပ်၊ နှာခေါင်း၊ အနာကနေ သွေးထွက်မယ် • သွေးအန်မယ်၊ ဆီးနဲ့ဝမ်းထဲမှာ သွေးပါလာမယ် • ပြင်းပြင်းထန်ထန် နာမယ် • ရောင်မယ်၊ နီရဲလာမယ်၊ အညိုကွက်တွေ ဖြစ်လာမယ်၊ ကိုက်ခံရတဲ့နေရာကနေ တဖြည်းဖြည်း ကျယ်ပြန့်လာမယ် • […]


ရှေးဦးသူနာပြုစုခြင်း

အဆိပ်ဖြစ်စေသော ငါးတို့နှင့် ထိခိုက်မိခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်အဆိပ်ဖြစ်စေသော ငါးတို့နှင့် ထိခိုက်မိခြင်း ဆိုတာဘာလဲ ဆူးချွန်ပါတဲ့ ငါးတွေဟာ သူတို့ရဲ့ ကျောဘက်က ဆူးမှာ အဆိပ်ပါတတ်ကြပါတယ်။ ငါးလိပ်ကျောက်တွေမှာဆိုရင် သူတို့ရဲ့ အမြီးမှာ တစ်ခုသို့မဟုတ် တစ်ခုထက်ပိုတဲ့ အဆိပ်သင့်ဆူးချွန်တွေ ပါတတ်ပါတယ်။ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကြောင့် ပေါက်ပြဲဒဏ်ရတွေလည်း ရစေနိုင်ပါတယ်။ လက္ခဏာများဘယ်လိုလက္ခဏာမျိုးတွေ တွေ့ရတတ်သလဲ အဲဒီရေသတ္တဝါတွေရဲ့ ဆူးတွေက နာကျင်မှုနဲ့ နီရဲမှုကို ဖြစ်စေပါတယ်။ အားနည်းလာခြင်း၊ ချွေးပြန်လာခြင်း၊ ဖျားခြင်း၊ အော့အန်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ အကြောသေခြင်းနဲ့ ပြင်းထန်တဲ့အခြေအနေမျိုးတွေထိ ဖြစ်နိုင်ပါတယ်။ ဘာလုပ်သင့်လဲသင့်အနေနဲ့ ဘာလုပ်သင့်လဲ ကနဦးအနေနဲ့ လုပ်လို့ရတာတွေကတော့ ကံကောင်းစွာနဲ့ အဲဒီအဆိပ်တွေက အပူပေးပြီး ဖျက်ဆီးလို့ ရပါတယ် ပင်လယ်ရေနဲ့ ဆေးချခြင်းအားဖြင့်လည်း အဆိပ်ကို ဖြေလျော့စေပါတယ် အနာထဲမှာ ဆူးအစတွေ ကျန်နေခဲ့ရင် ဖယ်ရှားလိုက်ပါ အပူချိန် ၁၁၀-၁၁၄ ဖာရင်ဟိုက် (၄၃-၄၅ ဒီဂရီဆဲလ်စီးယပ်စ်)မှာ ရှိနေတဲ့ ရေနွေးထဲ ဖြစ်တဲ့နေရာကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း