ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

လူကိုက်ဒဏ်ရာတွေကို ဘယ်လိုကုသမလဲ

နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်း ( NCBI ) အရ လူကိုက်ဒဏ်ရာတွေဟာ အနာတစ်ဝိုက်မှာ ပိုးဝင်ပြီးအန္တရာယ်ဖြစ်စေနိုင်ရုံတင် မဟုတ်ဘဲ ဘက်တီးရီးယား ဗိုင်းရပ်စ်ပိုးတွေပါ ဝင်စေနိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့် လူကိုက်ဒဏ်ရာတွေကို ကောင်းကောင်းကုသနိုင်မယ့် နည်းတွေသိထားသင့်ပါတယ်။   လူကိုက်ဒဏ်ရာဆိုတာဘာလဲ။ တိရစ္ဆာန်ကိုက်ရာလိုပဲ လူတွေဟာလည်းအခြားလူတစ်ယောက်ကိုက်တာ ခံရနိုင်ပါတယ်။ ထူးခြားတာက အရေးပေါ်ဌာနမှာ တွေ့ရတဲ့ ကိုက်ခံရတဲ့ပြဿနာတွေမှာ ခွေး နဲ့ကြောင်ပြီးရင် လူကိုက်ဒဏ်ရာက တတိယချိတ်ပါတယ်။ အထူးသဖြင့် ကလေးတွေက ပိုဖြစ်တတ်ပါတယ်။ လူကိုက်ဒဏ်ရာတွေကို ဘယ်လိုကုမလဲ။ ဒီအခြေအနေကို ကုသဖို့၃ဆင့်ရှိပါတယ်။ ပထမအဆင့် ။ သွေးတိတ်အောင်လုပ်ပါ ခြောက်သွေ့တဲ့ ၊ ဖြစ်နိုင်ရင်ပိုးသတ်ထားတဲ့ အဝတ်စတစ်ခုခုနဲ့ ဒဏ်ရာကိုဖိပြီးသွေးတိတ်အောင်လုပ်ပါ။ ဒုတိယ အဆင့် ။ သန့်ရှင်းခြင်းနဲ့ ကာကွယ်ခြင်း • ရေနဲ့ ဆပ်ပြာသုံးပြီး ဒဏ်ရာကို မိနစ်အနည်းငယ်ကြာအောင် ဘုံဘိုင်မှာဆေးကြောပါ။ • ပိုးသတ်နိုင်တဲ့ ခရင်မ် လူးဆေးတွေသုံးပြီး ဒဏ်ရာကိုပိုးမဝင်အောင်လိမ်းပါ။ • ပိုးသတ်ထားတဲ့ ပတ်တီးနဲ့ အနာကိုပတ်ပြီး ထပ်မထိခိုက်အောင် နေပါ။ တတိယအဆင့် […]


ရှေးဦးသူနာပြုစုခြင်း

လူတစ်ယောက် ရုတ်တရက် သတိလစ်သွားရင် ဘယ်လို ကူညီမလဲ

ဒီအခြေအနေဟာ လူတယောက် ရုတ်တရက် မိုက်ခနဲဖြစ်ပြီး ခဏတာ သတိလစ်သွားတာကို ဆိုလိုပါတယ်။ လူအများအပြားဟာ သူတို့ဘဝမှာ တခါလောက်ပဲဖြစ်ဖြစ် ရုတ်တရက် သတိလစ်သွားတာ ဒါမှမဟုတ် မိုက်ခနဲဖြစ်သွားတာမျိုးကို ကြုံရလေ့ရှိပေမယ့် ဒါဟာ အန္တရာယ်ရှိတဲ့ ကျန်းမာရေးအခြေအနေတွေ အများအပြားနဲ့ ဆက်စပ်နေတာမို့ လျစ်လျူရှုထားသင့်တဲ့ အသေးအဖွဲ ပြဿနာတခုတော့ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လူအများစုဟာ သတိလစ်သွားတဲ့ လူတစ်ယောက်ကို ဘယ်လိုကူညီရမလဲဆိုတာကို မသိတာများပါတယ်။ လူတွေဘာလို့ သတိလစ် မေ့မြောရတာလဲ။ ရုတ်တရက် သတိလစ်ရခြင်းရဲ့ အကြောင်းရင်း များစွာရှိပေမယ့် နှလုံးနဲ့ သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာတွေ ဖြစ်တဲ့ လေဖြတ်တာ၊ ရုတ်တရက် နှလုံးရပ်တာ ဒါမှမဟုတ် နှလုံးခုန်စည်းချက်မမှန်တာတွေနဲ့ အများဆုံး ဆက်စပ်မှု ရှိနေပါတယ်။ ဒါ့အပြင် သွေးအားနည်းတာ၊သွေးတွင်း သကြားဓါတ်နည်းတာ ဒါမှမဟုတ် ရုတ်တရက် သွေးအမြောက်အများ ဆုံးရှုံးတာတွေကြောင့်လည်း ရုတ်တရက် သတိလစ်သွားနိုင်ပါတယ်။ သတိလစ်မေ့မြောမှုကို […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ခြေဆီနံ့ထွက်ခြင်း ပျောက်ကင်းစေနိုင်ဖို့ ရိုးရှင်းတဲ့နည်းလမ်း(၁၀)မျိုး

သင့်ခြေထောက်က ထွက်လာတဲ့ အနံ့ဆိုးတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး ရှက်ရွံ့ခြင်းကိုခံစားနေရပါသလား။ စိတ်မပူပါနဲ့တော့။ အောက်က ဆောင်းပါးမှာ ခြေဆီနံ့ကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ ရိုးရှင်းတဲ့နည်းလမ်း(၁၀)မျိုးကို ဖော်ပြပေးထားပါတယ်။ ခြေဆီနံ့ထွက်ခြင်း ပျောက်ကင်းစေနိုင်ဖို့ ရိုးရှင်းတဲ့နည်းလမ်း(၁၀)မျိုး ခြေဆီနံ့ထွက်ခြင်း ပျောက်ကင်းစေနိုင်ဖို့ ရိုးရှင်းတဲ့နည်းလမ်းတွေက ၁။ မုန့်ဖုတ်ဆော်ဒါ မုန့်ဖုတ်ဆော်ဒါက ခြေဆီနံ့ကို ပျောက်စေတဲ့နေရာမှာ အလွန်ထိရောက်တယ်လို့ အသိများပါတယ်။ ခြေဖဝါးရဲ့ pH ပမာဏကို ဓာတ်ပြယ်စေပြီး ဘက်တီးရီးယားတွေကို လျှော့ချပေးပါတယ်။ မုန့်ဖုတ်ဆော်ဒါ စားပွဲဇွန်းတစ်ဇွန်းကို ကြက်သီးနွေးရေ ဒါမှမဟုတ် ရေနွေး ၁ လီတာ နဲ့ ရောလိုက်ပါ။ နေ့စဉ် ဒီအရောထဲကို ၁၅မိနစ်မှ မိနစ်၂၀ထိ ခြေထောက်စိမ်ပေးပါ။ တစ်ပတ်လောက် ဆက်တိုက်လုပ်ပေးလိုက်တဲ့အခါ ထူးခြားမှုကို တွေ့ရပါလိမ့်မယ်။ ၂။ လာဗင်ဒါ အဆီ လာဗင်ဒါက ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ ဒါ့အပြင် လာဗင်ဒါမှာ မှိုမကပ်စေတဲ့အရာတွေပါဝင်ပြီး ဒါတွေက ခြေဆီနံ့ကို ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။ […]


ရှေးဦးသူနာပြုစုခြင်း

အရေးပေါ် ဆေးသေတ္တာထဲမှာ ဘာတွေထည့်ထားရမလဲ

အရေးပေါ်ဆေးသေတ္တာ ဟာ မိသားစုတိုင်း ရုံးခန်းတိုင်းမှာရှိကိုရှိရမယ့်အရာတစ်ခုပါ။ ဒီသေတ္တာဟာ သိပ်အရေးမကြီးတဲ့မတော်တဆမှုတွေကို ချက်ချင်းကုသပေးနိုင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ဒါဆိုရင် ဒီအရေးပေါ်ဆေးသေတ္တာထဲမှာ ဘာတွေပါသင့်ပါသလဲ။ ပြင်ဆင်မှု အရေးပေါ်ဆေးသေတ္တာကို ဆေးဆိုင်တွေမှာဝယ်ယူရရှိနိုင်သလို သင်ကိုယ်တိုင်ပြုလုပ်ယူလို့လည်းရနိုင်ပါတယ်။ ပထမဆုံး သင့်မှာ တာရှည်ခံပြီး သယ်ဆောင်ရလွယ်ကူပေါ့ပါးတဲ့ အလွယ်တကူဖွင့်လို့ရနိုင်တဲ့ သေတ္တာတစ်ခုလိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ပလတ်စတစ်နဲ့လုပ်ထားတာကို ရွေးပါ။ အရေးပေါ်ဆေးသေတ္တာထဲမှာဘာတွေပါသင့်သလဲ။ အခြေခံပါရမယ့် ပစ္စည်းများ • အရွယ်အစားအမျိုးမျိုး၊ ပုံစံအမျိုးမျိုး ရှိတဲ့ ပလာစတာများ • အရွယ်အစားအမျိုးမျိုး၊ ပုံစံအမျိုးမျိုး ရှိတဲ့ ပိုးသတ်ထားတဲ့ဂွမ်းစများ • အရွယ်အစားအမျိုးမျိုး၊ ပုံစံအမျိုးမျိုး ရှိတဲ့ တိပ်တွေနဲ့ ပတ်တီးတွေ • ဂွမ်းလုံး • ဆွဲဆန့်လို့ရတဲ့ ပတ်တီး • တွယ်ချိတ်များ (ပတ်တီးစည်းပြီး ပြန်မပြုတ်စေရန်တွယ်ချိတ်ဖို့ အသုံးပြုသည် ) • ရေခဲအိတ် • ပိုးသတ်ထားတဲ့ လက်အိတ် • ပိုးသတ်ဆေးရည် • ဒဏ်ရာသန့်စင်ရန်အတွက် ပေါင်းခံရည် • သာမိုမီတာ • ဇာဂနာ • Splint (ကြပ်စည်းသည့်အပြား) • ကပ်ကြေး • […]


ရှေးဦးသူနာပြုစုခြင်း

ဓါတ်လိုက်ရင် ရှေးဦးသူနာပြုနည်းနဲ့ ဘယ်လိုပြုစုမလဲ

သင့်ရှေ့မှာ လူတယောက် ဓါတ်လိုက်နေရင် ဘာလုပ်မလဲ။ ဒါဟာ သိပ်ပြီးလွယ်ကူရိုးရှင်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမယ့် လူတယောက် ဓါတ်လိုက်နေတယ်ဆိုတာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဓါတ်လိုက်ခံရမှု ဘယ်လောက်ပြင်းထန်လဲဆိုတာဟာ လျှပ်စစ်အမျိုးအစား၊ဗို့အားပမာဏ၊ခန္ဓါကိုယ်ထဲ လျှပ်စစ်ဖြတ်စီးပုံ အနေအထား၊ဓါတ်လိုက်ခံရသူရဲ့ ကျန်းမာရေး အခြေအနေနဲ့ ဓါတ်လိုက်ခံရ ပြီးပြီးချင်း သူ့ကို ဘယ်လောက်မြန်မြန် ကုသမှုပေးနိုင်ခဲ့သလဲ ဆိုတဲ့ အချက်တွေအပေါ် မူတည်ပါတယ်။ ဓါတ်လိုက်တာကြောင့် အရေပြား လောင်ကျွမ်းသွားနိုင်သလို အပြင်ပန်းမှာ ထူးထူးခြားခြား အမှတ်အသား ဘာမှမကျန်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လျှပ်စစ်ဓါတ် ခန္ဓါကိုယ်ထဲ ဖြတ်စီးသွားတာ ဖြစ်တဲ့အတွက် အတွင်းဒါဏ်ရာတွေ၊နှလုံးရပ်သွားတာတွေနဲ့ တခြားထိခိုက်ဒါဏ်ရာတွေကို ဖြစ်စေနိုင်ပါတယ်။ တချို့အခြေအနေတွေမှာဆိုရင် လျှပ်စစ်ပမာဏ အနည်းငယ်လေးနဲ့တောင် သေစေနိုင်ပါတယ်။ ဒါ့ကြောင့် အောက်မှာ ဖော်ပြထားတဲ့ ဓါတ်လိုက်ရင် ပြုလုပ်သင့်တဲ့ ရှေးဦးသူနာပြု နည်းလေးတွေကို […]


ရှေးဦးသူနာပြုစုခြင်း

အပူရှပ်ခြင်းကို ဘယ်လို ကုသမလဲ။

အပူရှပ်ခြင်း (heat exhaustion) ဆိုတာဟာ မြင့်မားတဲ့အပူချိန်နဲ့ ထိတွေ့ပြီးရင် ဖြစ်ပွားတတ်တဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။ သူဟာ ရေဓါတ်ခန်းခြောက်မှုနဲ့ တွဲဖက် ဖြစ်ပွားတတ်ပါတယ်။ အပူရှပ်ခြင်းဟာ heat stroke (သေစေနိုင်လောက်သော ပြင်းထန်သည့် အပူရှပ်ခြင်း) လောက်တော့ မပြင်းထန်ပါဘူး။ ဒါပေမယ့် သေချာဂရုစိုက်ခြင်းမရှိရင် အပူရှပ်ခြင်းဟာ heat stroke ဖြစ်သွားနိုင်ပြီး ဦးနှောက်နဲ့ အခြား အရေးကြီးတဲ့ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေကို ထိခိုက်စေပြီး သေဆုံးစေနိုင်ပါတယ်။ အပူရှပ်ခြင်း အမျိုးအစားများ အပူရှပ်ခြင်း နှစ်မျိုးနှစ်စား ရှိပါတယ်။ • ရေဓါတ်လျော့နည်းခြင်း - ရေငတ်ခြင်း၊ ရေဆာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သတိမကောင်းခြင်း။ • ဆားဓါတ် လျော့နည်းခြင်း - ပျို့အန်ခြင်း၊ ကြွက်တက်ခြင်း၊ ခေါင်းမူးခြင်း။ အပူရှပ်ခြင်းရဲ့ ရောဂါ လက္ခဏာများ အောက်ဖေါ်ပြပါ လက္ခဏာတွေ ပြတတ်ပါတယ်။ • စိတ်ရှုပ်ထွေးခြင်း • ဆီးအရောင်ရင့်ခြင်း • ခေါင်းမူးခြင်း • […]


ရှေးဦးသူနာပြုစုခြင်း

နှင်းကိုက်နာကို ဘယ်လိုကုသကြမလဲ

ဆောင်းရာသီရဲ့ အေးချမ်းလွန်းတဲ့ရာသီဥတုနဲ့ထိတွေ့ရတဲ့အခါမှာ နှင်းကိုက်နာ ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေဟာ နာကျင်ခြင်းနဲ့ အသားအရည်ပျက်စီးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ နှင်းကိုက်နာ ကိုဘယ်လိုကုသရမယ်ဆိုတာကိုတော့ အောက်ပါဆောင်းပါးမှာဖော်ပြထားပေးပါတယ်။ ရောဂါလက္ခဏာများ နှင်းကိုက်နာ ဟာအများအားဖြင့် လက်ချောင်း၊နှာခေါင်း၊နားရွက်၊ ပါးပြင်သို့မဟုတ် မေးစေ့မှာအဖြစ်များပါတယ်။ အဆိုပါနေရာတွေက အအေးဓါတ်နဲ့ အကြိမ်အများဆုံးထိတွေ့နေရတဲ့အစိတ်အပိုင်းတွေပါ။ နှင်းကိုက်နာ ကိုလည်း အပျော့စားအဆင့်မှ ပြင်းထန်တဲ့အဆင့်ထိ ခွဲခြားစီစဉ်ထားနိုင်ပါတယ်။ အပျော့စား နှင်းကိုက်နာ ဖြစ်ရင် • ဖြူဖပ်ဖြူရော်အသားအရည် • နီရဲနေတဲ့အသားအရည် • အလွန်အမင်းအေးစက်နေတဲ့အအသားအရည် • မာကျောနေတဲ့ သို့မဟုတ် ဖယောင်းသားလိုဖြစ်နေတဲ့အသားအရည် • ယားယံခြင်း၊ ပူလောင်ခြင်းစတဲ့ ခံစားမှုတွေကိုခံစားရနိုင်ပါတယ်။ ပြင်းထန်တဲ့ နှင်းကိုက်နာ တွေမှာတော့ ဝေဒနာခံစားနေရသူရဲ့ နှင်းကိုက်နာ ဖြစ်ပွားရာနေရာတွေမှာ • ထုံခြင်း • ကျဉ်ခြင်း • အရည်ကြည်ဖုဖြစ်ခြင်း • နာကျင်ခြင်း စတာတွေခံစားရနိုင်ပါတယ်။ နှင်းကိုက်နာ အတွက် ရှေးဦးသူနာပြုစုခြင်း ခန္ဓါကိုယ်အပူချိန်အလွန်အမင်းကျဆင်းခြင်း ရှိမရှိစစ်ဆေးပါ။ ဒါဟာ ခန္ဓါကိုယ်ရဲ့အပူချိန် ပြင်းပြင်းထန်ထန်ကျဆင်းသွားတဲ့အခြေအနေပါ။ ခန္ဓါကိုယ်အပူချိန်အလွန်အမင်းကျဆင်းသွားတဲ့ လူနာတွေမှာ စကားပြောရခက်ခဲခြင်း၊ တုန်ခိုက်နေခြင်း၊ မူးဝေငိုက်မျဉ်းခြင်း၊ တုံ့ပြန်မှုနှေးကွေးခြင်း စတာတွေဖြစ်နိုင်ပါတယ်။ အခြားဒဏ်ရာအနာတရတွေ […]


ရှေးဦးသူနာပြုစုခြင်း

ခရီးသွားသောအခါ မရှိမဖြစ်လိုအပ်သော ဆေးသေတ္တာ အကြောင်း

သင်ဟာ ပြည်တွင်းပဲ ဖြစ်ဖြစ်၊ ပြည်ပပဲဖြစ်ဖြစ် ဘယ်နေရာကို ခရီးသွားသည်ဖြစ်စေ ဖျားနာနိုင်ပြီး ထိခိုက်ဒဏ်ရာရ နိုင်တယ်ဆိုတာတော့ သိထားရပါမယ်။ ကျန်းမာရေး မကောင်းတဲ့အတွက် စိတ်ညစ်နေတာမျိုး မဖြစ်သင့်ပဲ သင့်ခရီးကို အကောင်းဆုံးပျော်ရွှင်နိုင်အောင်၊ သင့်ရဲ့စိတ်နှင့် ခန္ဓါကိုယ်ကို အလန်းဆန်းဆုံး ဖြစ်အောင်ပြုလုပ်ပေးသင့်ပါတယ်။ ယခုဖော်ပြမယ့် ကျွန်ုပ်တို့ရဲ့ စာစောင်ကတော့ သင်ခရီးသွားတဲ့ အခါ သင့်ကိုယ်သင်ဂရုစိုက် စောင့်ရှောက်နိုင်ရန် အတွက် မရှိမဖြစ်အရေးကြီးတဲ့ ခရီးသွား ဆေးသေတ္တာ အကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီဆေးသေတ္တာလေးက သင် ခရီးသွားတဲ့အခါ ကျန်းမာရေး ကောင်းအောင်လုပ်ဆောင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။   ခရီးသွားဆေးသေတ္တာကို မပြင်ဆင်ခင်မှာ ဘာဆေးတွေလိုမလဲဆိုတာ သေချာစဉ်းစားပါ။ သင့်ရဲ့ဆေးသေတ္တာထဲမှာ ပါမယ့် ဆေးအမျိုးအစားနှင့် ဆေးအရေအတွက်ဟာ သင်သွားမယ့် ခရီးပုံစံနှင့် သင်သွားမယ့်နေရာ စတာတွေပေါ် မူတည်ပါတယ်။ တကယ်လို့ သင်ဟာ တောတွင်းစခန်းချ လေ့လာရေးခရီး […]


ရှေးဦးသူနာပြုစုခြင်း

ကျောရိုးအာရုံကြောမကြီး ဒဏ်ရာရခြင်းအတွက် ရှေးဦးသူနာပြုစုနည်း

ကျောရိုးဆိုင်ရာ ထိခိုက်ဒဏ်ရာ ရခြင်းအကြောင်း ကျောရိုးအာရုံကြောမကြီးဆိုတာ လည်ပင်းနှင့် ကျောရိုးနောက်ကြော တစ်လျှောက်ဆင်းသွားသော တစ်ရှူးလွှာအထူကြီးကို ခေါ်ပါတယ်။ ၎င်းကို ကျောရိုးဆစ်တွေက ကာကွယ်ပေးထားပါတယ်။ တကယ်လို့ ဒီကျောရိုးအာရုံကြောမကြီး ပျက်စီးသွားမယ်ဆိုရင် ခန္ဓါကိုယ် မလှုပ်ရှားနိုင်တော့ပဲ ဖြစ်သွားနိုင်ပါတယ်။ ဒီကျောရိုးအာရုံကြောမကြီးကို ကျောရိုးဆစ်တွေက ကာကွယ်ပေးထားတဲ့ အတွက်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိဖို့ရာ အန်မတန်မှ ခဲယဉ်းပါတယ်။ တကယ်လို့ ကျောရိုးဆိုင်ရာ ထိခိုက်ဒဏ်ရာ ရရှိခဲ့မယ်ဆိုရင် X-ray ဓါတ်မှန်ရိုက်ခြင်းဖြင့်သာ သိနိုင်ပါတယ်။ တကယ်လို့ ကျောရိုးဆိုင်ရာ ဒဏ်ရာရရှိတယ်လို့ ယူဆခဲ့ရင် အောက်ဖော်ပြပါအချက်များမှ တစ်ခုသာ ရှိသော်လည်းပဲ ကုသမှုခံယူရမှာ ဖြစ်ပါတယ်။ ကျောရိုးအာရုံကြောမကြီး ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ ဖော်ပြနေတဲ့ အချက်အချို့ကို သတိပြုခြင်း • စိတ်ဖောက်ပြန်ခြင်း သို့မဟုတ် စိတ်ပျော်ရွှင်တက်ကြွလွန်းခြင်း ကဲ့သို့ စိတ်ရောဂါ အခြေအနေများ ခံစားနေရခြင်း၊ • မူးဝေခြင်း၊ • […]


ရှေးဦးသူနာပြုစုခြင်း

ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်း

ကာဗွန်မိုနောက်ဆိုက် (Carbon monoxide ) ဆိုတာဘာလဲ။ ကာဗွန်မိုနောက်ဆိုက် (Carbon monoxide )ဟာ အနံ့ရော အရသာပါမရှိတဲ့ အဆိပ်ရှိတဲ့ ဓါတ်ငွေ့တစ်မျိုးဖြစ်ပါတယ်။ ကာဗွန်မိုနောက်ဆိုက် ကို ပမာဏ အများကြီး ရှူသွင်းမိခြင်းဟာ အန္တရာယ် ရှိပါတယ်။ ကာဗွန်မိုနောက်ဆိုက် ကို ရှူသွင်းလိုက်ရင် သူဟာ သွေးထဲဝင်သွားပြီး ဟီမိုဂလိုဘင် နဲ့ ပေါင်းကာ ကာဗွန်ဆီဟီမိုကလိုဘင် (Carboxyhemoglobin) ဖြစ်သွားပါတယ်။ ဟီမိုဂလိုဘင် ဟာ အောက်ဆီဂျင်ကို ကိုယ်ခန္ဓါ အစိတ်အပိုင်းတွေကို သယ်ဆောင်ပေးပါတယ်။ ကာဗွန်ဆီဟီမိုကလိုဘင် (Carboxyhemoglobin) ဖြစ်သွားရင် အောက်ဆီဂျင် သယ်နိုင်စွမ်းတွေ လျော့နည်းလာပါတယ်။ အောက်ဆီဂျင် မလုံလောက်မှုဟာ ဆဲလ်တွေကို ပျက်စီးစေပြီး သေစေနိုင်ပါတယ်။ ကာဗွန်မိုနောက်ဆိုက် (Carbon monoxide ) ဘယ်က လာသလဲ။ လောင်စာတွေ မီးလောင်ကျွမ်းတဲ့အခါ ကာဗွန်မိုနောက်ဆိုက် ပါဝင်တဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း