ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်ခြင်းဟာ အမျိုးသမီးတွေအတွက် ပိုပြီး အန္တရာယ်များပါတယ်

ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးအတွက်မကောင်းဘူးဆိုတာကိုတော့ သင်အကြိမ်ပေါင်းများစွာကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ အမျိုးသမီးတွေမှာ ဆေးလိပ်ကြောင့်ဖြစ်နိုင်တဲ့ အန္တရာယ်ဟာ အမျိုးသားတွေထက် အများကြီးပိုမြင့်မားတယ်ဆိုတာကိုရော သင်သိပါသလား။ ဆေးလိပ်သောက်ခြင်းဟာ အမျိုးသမီးတွေအတွက် ပိုပြီး အန္တရာယ်များပါတယ် ဆေးလိပ်သောက်ခြင်းဟာ အမျိုးသမီးတွေအတွက် ပိုပြီး အန္တရာယ်များပါတယ် ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေဟာ အဆုတ်ကင်ဆာဖြစ်နိုင်ခြေမြင့်မားပါတယ်။ လေ့လာမှုတွေကတော့ ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေမှာ (အမျိုးသားတွေနဲ့ သောက်တဲ့ဆေးလိပ်ပမာဏချင်းတူရင်တောင် ) နာတာရှည်အဆုတ်ရောဂါ (COPD) ဖြစ်နိုင်ခြေက ၂ဆရှိပြီး ဒီထဲမှာ Emphysema နဲ့ နာတာရှည်ရင်ကျပ်ရောဂါတွေလည်း ပါဝင်ပါတယ်။ ဆေးလိပ်မသောက်တဲ့ အမျိုးသမီးတွေနဲ့ယှဉ်ကြည့်ရင်တော့ ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေဟာ COPD ကြောင့်သေဆုံးနိုင်ခြေ ၂၂ဆ ပိုများပါတယ်။ ဆေးလိပ်သောက်သုံးနေကြတဲ့ ကမ္ဘာ့လူဦးရေရဲ့ ၂၀%ဟာ အမျိုးသမီးတွေပါ။ ကမ္ဘာပေါ်မှာ ၄၀%သောအမျိုးသားတွေက ဆေးလိပ်သောက်ကြပြီး ၉%သော အမျိုးသမီးတွေက ဆေးလိပ်သောက်ကြပါတယ်။ ဆေးလိပ်သောက်တဲ့အမျိုးသမီးရာနှုန်းက အမျိုးသားတွေထက် နည်းပေမယ့်လည်း ဆေးလိပ်သောက်တဲ့အမျိုးသမီးဦးရေက တိုးလို့လာနေဆဲပါ။ WHO ရဲ့လေ့လာချက်အရ […]


ရှေးဦးသူနာပြုစုခြင်း

Chemical burns (ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Chemical burns (ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်း) ကဘာလဲ။ ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်းဆိုတာ အက်စစ် ဒါမှမဟုတ် ဘေ့စ်တို့က အရေပြားစားသွားခြင်းကို ခေါ်တာပါ။ ဘေ့စ်တွေကို အယ်ကာလိုင်းဟု ခေါ်ဝေါ်သမုတ်ကြပါတယ်။ ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်းကို ကော့စတစ်ဘန်းလို့လည်း သိနိုင်ပါတယ်။ ထိုအရာတွေက သင့်အရေပြားပေါ် ဒါမှမဟုတ် ကိုယ်ခန္ဓါအတွင်းမှာ ဓါတ်ပြုမှုတွေ ဖြစ်ကြပါတယ်။ ယင်းဓါတုပစ္စည်းတွေကို မျိုချမိမယ်ဆိုရင် အတွင်းကလီစာတွေကို ထိခိုက်နိုင်ပါတယ်။ တကယ်လို့ မျိုချလိုက်မိမယ်ဆိုရင်လည်း ဆေးရုံ၊ဆေးခန်းတို့ကို အမြန်ဆုံးသွားရောက်ကုသမှု ခံယူပေးပါ။ Chemical burns (ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးတော်တော့်ကို အဖြစ်များပါတယ်။ ယောက်ျားတွေထက် မိန်းမတွေမှာ ပိုတွေ့ရတတ်ပြီး အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ကာ ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများChemical burns (ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အတွေ့များတဲ့ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ ရောဂါလက္ခါတွေဟာ ဖြစ်ပေါ်ပုံမှာ မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။ […]


ရှေးဦးသူနာပြုစုခြင်း

Methanol poisoning (မီသနောအဆိပ်သင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Methanol poisoning (မီသနောအဆိပ်သင့်ခြင်း) ကဘာလဲ။ မီသနောဆိုတာ စက်မှုလုပ်ငန်းနဲ့ မော်တော်ယာဉ်တွေမှာ သုံးတဲ့ မသောက်ရတဲ့ အရက်တစ်မျိုး ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ မီသနော အလွန်အကျွံအသုံးပြုခြင်းကြောင့် အဆိပ်သင့်ခြင်းအကြောင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ Methanol poisoning (မီသနောအဆိပ်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများMethanol poisoning (မီသနောအဆိပ်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မီသနောအဆိပ်သင့်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့- အဆုတ်နှင့် အသက်ရှူလမ်းကြောင်းတွင်အသက်ရှူရခက်ခဲခြင်း အသက်မရှူနိုင်ခြင်း မျက်လုံးတွင် မျက်စိကွယ်ခြင်း မျက်စိမှုန်ခြင်း သူငယ်အိမ်ကျယ်ခြင်း နှလုံးနှင့် သွေးကြောတွင် သွေးပေါင်ကျခြင်း ဦးနှောက်နှင့် အာရုံကြောတွင် သတိလစ်ခြင်း မူးဝေခြင်း ခေါင်းကိုက်ခြင်း တက်ခြင်း အရေပြားနှင့် လက်သည်းတွင် အပြာရောင်သန်းခြင်း အစာအိမ်နှင့် အူလမ်းကြောင်းတွင် အပြင်းအထန် ဗိုက်နာခြင်း ဝမ်းလျှောခြင်း အသည်းရောဂါ ပျို့ခြင်း ပန်ကရိယရောင်ခြင်း အန်ခြင်းနှင့် နုံးချိခြင်း၊ ကြွက်တက်ခြင်းတို့ ဖြစ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ […]


ရှေးဦးသူနာပြုစုခြင်း

Brown recluse spider bite (အဆိပ်ပြင်းပင့်ကူကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Brown recluse spider bite (အဆိပ်ပြင်းပင့်ကူကိုက်ခြင်း) ကဘာလဲ။ အဆိပ်ပြင်းပင့်ကူကိုက်ခြင်းဆိုသည်မှာ အဆိပ်ပြင်းပင့်ကူကို အမေရိကန်နိုင်ငံ အလယ်ပိုင်းနှင့်တောင်ပိုင်းတွင် တွေ့ရလေ့ရှိသည်။ အကိုက်ခံရလျှင် တခါတရံ အသက်ပင်သေစေနိုင်သည်။ Brown recluse spider bite (အဆိပ်ပြင်းပင့်ကူကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ထိုပင့်ကူများသည် အဆိပ်ပြင်းသော်လည်း လူကိုကိုက်ခြင်းမှာ ရှားပါးဖြစ်စဉ်ဖြစ်သည်။ လက္ခဏာများBrown recluse spider bite (အဆိပ်ပြင်းပင့်ကူကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သင်သည် အဆိပ်ပြင်းပင့်ကူကိုက်ခံရပါက မည်သို့မျှခံစားရလေ့မရှိပါ။ သင့်ခန္ဓါကိုယ်ပေါ်တွင် ပင့်ကူကိုမမြင်လိုက်ပါက အကိုက်ခံရကြောင်းပင် သိမည်မဟုတ်ပါ။ သင်သိလိုက်သည်ဆိုပါက အကိုက်ခံရလျှင်ရချင်း စူးကနဲခံစားရမည်။ အဆိပ်ကြောင့်ဖြစ်သော လက္ခဏာများမှာ နာရီအနည်းငယ်အတွင်း ပေါ်မလာနိုင်သေးပါ။ ထို့နောက် အကိုက်ခံရသည့်နေရာတဝိုက်တွင် နာကျင်ခြင်း၊ ပူလောင်ခြင်း သို့မဟုတ် ယားယံခြင်းကို ခံစားရမည်။ ထိုနေရာတွင် နီရဲလာနိုင်သည်။ သေးငယ်သော အရည်ကြည်ဖုအဖြူလည်း ဖြစ်နိုင်သည်။ အကိုက်ခံရပြီးဖြစ်နိုင်သော အခြားလက္ခဏာများမှာ ဖျားခြင်း၊ ပျို.ခြင်း၊ […]


ရှေးဦးသူနာပြုစုခြင်း

Frostbite (နှင်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Frostbite (နှင်းကိုက်ခြင်း) ကဘာလဲ။ နှင်းကိုက်တယ်ဆိုတာ အရည်ပြားနဲ့ အောက်မှာရှိတဲ့ တစ်ရှုးတွေအေးခဲသွားတာပဲဖြစ်တယ်။ ပထမဆုံးသင့်အရေပြားဟာ အေးခဲပြီး နီလာမယ်၊ ပြီးရင်ထုံလာမယ်။ ပြီးရင် ဖြူဖျော့လာမယ်။ လက်ချောင်း၊ ခြေချောင်း၊ နှာခေါင်း၊ မေးစေ့နဲ့ ပါးပြင်တွေဟာ အများအားဖြင့် နှင်းကိုက်ခံရတဲ့ နေရာတွေပဲဖြစ်ပါတယ်။ အရေပြားကို အေးခဲပြီး လေတိုက်တဲ့ ရာသီဥတုနှင့် ထိတွေ့ခြင်းဟာ နှင်းကိုက်ခံရခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါပေမဲ့လည်း နှင်းကိုက်ခြင်းဟာ အဝတ်အစားဝတ်ထားခြေအိတ်လက်အိတ်စွပ်ထားတဲ့ အရေပြားမှာလည်းဖြစ်တတ်ပါတယ်။ Frostnip လို့ခေါ်တဲ့ နှင်းကိုက်ခြင်းကြောင့် အေးခဲထုံကျင်ခြင်း (ကျွန်တော်ကတော့ မြန်မာလို နှင်းအေးခဲခြင်းလို့နာမည်ပေးလိုက်တယ်) ဟာ အရေပြားကို အပြီးပျက်စီးသွားခြင်းကို မဖြစ်စေပါဘူး။ အနည်းငယ် ပဲနှင်းကိုက်ခဲ့မယ်ဆိုရင်တော့ ရှေးဦးသူနာပြုနည်းအပါအဝင် အရေပြားကို ပြန်လည်နွေးထွေးလာအောင် ပြုလုပ်ပေးခြင်းနဲ့တင်ကုသနိုင်ပါတယ်။ တခြားသော နှင်းကိုက်မှုအဆင့်တွေကတော့ အရေပြား၊တစ်ရှုး၊ကြွက်သားနဲ့ အရိုးတွေကိုထိခိုက်စေတာကြောင့် တိကျသောကုသမှုတွေလိုအပ်ပါတယ်။ ပိုးဝင်ခြင်းနဲ့ အာရုံကြောများထိခိုက်ခြင်းတို့ကို နှင်းကိုက်ခြင်းရဲ့ […]


ရှေးဦးသူနာပြုစုခြင်း

Lead poisoning (ခဲဆိပ်သင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lead poisoning (ခဲဆိပ်သင့်ခြင်း) ကဘာလဲ။ ခဲဆိပ်သင့်ခြင်းဆိုတာ ခန္ဓါကိုယ်ထဲမှာ ခဲဓါတ်တွေစုနေတာ တွေ့ရတာကိုခေါ်ပြီး ၎င်းက လတို့ နှစ်တို့ချီအောင်ကြာပြီးမှဖြစ်တတ်ပါတယ်။ ခဲဓါတ်ပမာဏ အနည်းငယ်ကနေလည်း တအားဆိုးရွားတဲ့ကျန်းမာရေးပြသနာတွေဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ၆နှစ်အောက်ငယ်တဲ့ကလေးတွေမှာ ခဲဆိပ်သင့်ခြင်းကို ခံနိုင်ရည်မရှိကြပါဘူး။ စိတ်ပိုင်းဆိုင်ရာဖွံဖြိုးမှု နဲ့ ကိုယ်ပိုင်းဆိုင်ရာဖွံဖြိုးမှုတို့မှာ ဆိုးရွားစွာထိခိုက်နိုင်လို့ဖြစ်ပါတယ်။ အရမ်းကိုများတဲ့ခဲပမာဏနဲ့သာဆိုရင်တော့ အသက်ဆုံးရှုံးရတဲ့အထိဖြစ်နိုင်ပါတယ်။ Lead poisoning (ခဲဆိပ်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ခဲဆိပ်သင့်ခြင်းက အတွေ့ရများပါတယ်။ အသက် ၁နှစ်ကနေ ၅နှစ်အတွင်း ကလေး ၄၀မှာ ၁ယောက်က သွေးထဲမှာ ခဲဓါတ်ပမာဏ 5 µg/dl လောက်ရှိလို့ အန္တရာယ် မကင်းတဲ့ပမာဏလောက်ရောက်နေတယ်လို့ဆိုနိုင်ပါတယ်။ (အခြားအချက်အလက်တွေသိရှိရဖို့အတွက် သင့်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။) လက္ခဏာများLead poisoning (ခဲဆိပ်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အတွေ့ရများတဲ့ခဲဆိပ်သင့်ခြင်းရဲ့ လက္ခဏာတွေကတော့- -လူ့ခန္ဓါကိုယ်ထဲမှာ တော်တော်မြင့်တဲ့ခဲဓါတ်ပမာဏရှိနေပေမယ့် စစချင်းမှာတော့ ခဲဆိပ်သင့်တယ်လို့ ဖော်ထုတ်ဖို့ခက်ခဲတတ်ပါတယ်။ ရောဂါလက္ခဏာတွေ ခံစားရတာတွေက အန္တရာယ်များတဲ့ခဲဓါတ်ပမာဏလောက်ထိစုနေတာတောင် များသောအားဖြင့်မပေါ်လာတတ်တာတွေရှိပါတယ်။ ကလေးတွေမှာတွေ့ရတတ်တဲ့ ခဲဆိပ်သင့်ခြင်း လက္ခဏာများ ကလေးတွေမှာတွေ့ရတတ်တဲ့ ခဲဆိပ်သင့်ခြင်း လက္ခဏာတွေမှာပါဝင်တာတွေကတော့- ဖွံဖြိ […]


ရှေးဦးသူနာပြုစုခြင်း

Bites And Stings (ပိုးမွှားကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bites And Stings (ပိုးမွှားကိုက်ခြင်း) ကဘာလဲ။ အင်းဆက်ကိုက်ခြင်းဟာ အပေါက်များ၊ စုတ်ပြုဒဏ်ရာများ ဖြစ်စေပါတယ်။ အင်းဆက်ကိုက်လိုက်တဲ့အခါ အင်းဆက်ရဲ့ တံတွေးတမျိုးကြောင့် နာကျင်မှုနဲ့အတူ အရေပြားလက္ခဏာများ ချက်ချင်းပေါ်လာပါတယ်။ မီးပုရွက်ဆိတ်နဲ့ ပျားတုပ်ခြင်း၊ နကျယ်ကောင်၊ ပဆုပ်ပနီကောင်ကိုက်ခြင်း စတာတွေဟာ အမျးအားဖြင့် နာကျင်တတ်ပါတယ်။ ခြင်၊ သန်း၊ မွှား စတာတွေကိုက်ရင် နာကျင်မှုထက် ယားယံခြင်း ဖြစ်စေပါတယ်။ အင်းဆက်နဲ့ ပင့်ကူကိုက်ခြင်းတွေဟာ အဆိပ်ကြောင့်သေနိုင်ပြီး မြွေကိုက်ခြင်းမှာထက် ပိုပြီးသေဆုံးနှုန်းများပါတယ်။ အကောင်ကိုက်ခြင်း၊ တုပ်ခြင်းများအားလုံးဟာ မတူပါဘူး။ ကိုက်လိုက်တဲ့အကောင်အမျိုးအစားအပေါ် မူတည်ပြီး ရှေးဦးသူနာပြုနည်းနဲ့ ကုသမှုတွေ ကွဲပြားပါတယ်။ တချို့အမျိုးအစားတွေဟာ တခြားအကောင်တွေထက် ပိုပြီး ထိခိုက်စေနိုင်ပါတယ်။ လူတချို့ဟာ ဓါတ်မတည့်မှုကြောင့် ပိုပြီးဆိုးရွားစွာ ကြုံရတတ်ပါတယ်။ Bites And Stings (ပိုးမွှားကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများBites And […]


ရှေးဦးသူနာပြုစုခြင်း

Animal Bites (တိရစ္ဆာန်ကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Animal Bites (တိရစ္ဆာန်ကိုက်ခြင်း) ကဘာလဲ။ တိရစ္ဆာန်များဟာ သူတို့ကို ခြိမ်းခြောက်တဲ့အခါ သူတို့ကလေးတွေနဲ့ သူတို့နေရာကို ကာကွယ်ဖို့ လူတွေကို တိုက်ခိုက်တတ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေကနေ တိုက်ခိုက်တာ တွေ့ရပိုများပါတယ်။ တိရစ္ဆာန်ကိုက်ခြင်းဟာ အသက်အန္တရာယ်ထိခိုက်စေခြင်း ရှားပါးပါတယ်။ ဒါပေမယ့် ရောဂါပိုးကူးစက်ရင် ဆိုးရွားတဲ့ ကငျန်းမာရေး ပြသနာတွေ ဖြစ်တတ်ပါတယ်။ တိရစ္ဆာန်အမျိုးများစွာဟာ အရွယ်ရောက်ပြီးသူတွေနဲ့ ကလေးတွေကို တိုက်ခိုက်နိုင်ပါတယ်။ တိရစ္ဆာန်ကိုက်ခြင်း အများစုဟာ အိမ်မွေးတိရစ္ဆာန်တွေကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် အောက်ပါတိရစ္ဆာန်ကိုက်ခြင်းတွေကိုလည်း တွေ့နိုင်ပါတယ်။ ရက်ကွန်ဝက်ဝံ မြွေပါ ရှဉ့် ကြွက် Animal Bites (တိရစ္ဆာန်ကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ တွေ့များပြီး အသက်အရွယ်မရွေး တွေ့နိုင်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAnimal Bites (တိရစ္ဆာန်ကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အကိုက်ခံရပြိဆိုရင် ရောဂါပိုးဝင်ခြင်းရဲ့ လက္ခဏာတွေကို စစ်ဆေးကြည့်ရှုဖို့ လိုအပ်ပါတယ်။ ဒဏ်ရာမှာ အောက်ပါလက္ခဏာတွေ ရှိမရှိ စစ်ဆေးရပါမယ်။ ဒဏ်ရာတဝိုက်မှာ နီရဲနေခြင်း ကိုက်ထားတဲ့နေရာတဝိုက်မှာ နွေးနေခြင်း ကိုက်ရာအနီး […]


ရှေးဦးသူနာပြုစုခြင်း

Alcohol Poisoning (အရက်အဆိပ်သင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Alcohol Poisoning (အရက်အဆိပ်သင့်ခြင်း) ကဘာလဲ။ အရက်အဆိပ်သင့်ခြင်းဆိုတာ ဆိုးရွားတဲ့ အခြေအနေဖြစ်ပြီး အချိန်အနည်းငယ်အတွင်းမှာ အရက်အများအပြားသောက်မိရင် ဖြစ်တတ်ပါတယ်။ အများအပြားသောက်သုံးခြင်း၊ လျင်မြန်စွာ သောက်သုံးခြင်း စတာတွေဟာ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း၊ ကိုယ်ခန္ဓါအပူချိန်၊ ပျို့သည့်တုံ့ပြန်မှု စတာတွေကို လွှမ်းမိုးပြီး သတိမေ့မျောခြင်း၊ သေဆုံးခြင်း ဖြစ်ပွားနိုင်ပါတယ်။ လူကြီးဖြစ်စေ၊ ကလေးဖြစ်စေ အရက်ပါဝင်တဲ့ အိမ်တွင်း အသုံးအဆောင်တွေကို မတော်တဆဖြစ်ဖြစ်၊ တမင်ဖြစ်ဖြစ် သောက်မိရင်လည်း ဖြစ်ပွားနိုင်ပါတယ်။ အရက်အဆိပ်သင့်မှုဖြစ်ရင် အရေးပေါ်ဆေးကုသဖို့ လိုအပ်ပါတယ်။   Alcohol Poisoning (အရက်အဆိပ်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ငယ်ရွယ်သူများဟာ အရက်ကို ပိုပြီး အလွန်အကျွံ သောက်တတ်တာကြောင့် ဖြစ်ပွားနှုန်းပိုများတတ်ပါတယ်။ အမျိုးသားများဟာ အမျိုးသမီးများထက် သောက်သုံးမှုပိုများတာကြောင့် အရက်အဆိပ်သင့်မှု ပိုများတတ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAlcohol Poisoning (အရက်အဆိပ်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့ လက္ခဏာအချို့ကတော့ […]


ရှေးဦးသူနာပြုစုခြင်း

Cyanide poisoning (ဆိုင်ရာနိုက် အဆိပ်သင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cyanide poisoning (ဆိုင်ရာနိုက် အဆိပ်သင့်ခြင်း) ကဘာလဲ။ ဆိုင်ရာနိုက်ဟာ ရှားပါးပြီး သေစေနိုင်သောအဆိပ် ဖြစ်တယ်။ ဒီအဆိပ်က ကိုယ်ခန္ဓါထဲတွက်လိုအပ်တဲ့ အောက်စီဂျင်ကို သုံးလို့မရအောင် လုပ်နိုင်ပါတယ်။ ဆိုက်ရာနိုက်တွေကို ဟိုက်ဒရိုဂျင်ဆိုင်ရာနိုက်ဓါတ်ငွေ့၊ အခဲ၊ ပိုတက်စီယမ်ဆိုင်ရာနိုက်နဲ့ ဆိုဒီယမ်ဆိုင်ယာနိုက်တွေမှာ တွေ့နိုင်ပါတယ်။ Cyanide poisoning (ဆိုင်ရာနိုက် အဆိပ်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ပြည့်စုံသောသတင်းအချက်အလက်ရရန် ဆရာဝန်နှင့်ဆွေးနွေးပါ။ လက္ခဏာများCyanide poisoning (ဆိုင်ရာနိုက် အဆိပ်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဆိပ်မိခြင်းဧ။် လက္ခဏာများ ဆိုင်ရာနိုက်အဆိပ်သင့်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ဆိုင်ရာနိုက်အဆိပ်မိတာကို သိဖို့ကခက်ပါတယ်။ ဆိုင်ရာနိုက်အဆိပ်ကိုစားမိတာက အစာတွေက အသက်ရှူလမ်းကြောင်းပိတ်ပြီး အစာနင်တာနဲ့ ပုံစံတူပါတယ်။ ဆိုင်ရာနိုက်အဆိပ်က ဆဲလ်တွေရှင်သန်ဖို့ လိုအပ်တဲ့အောက်စီဂျင်ကို ဆဲလ်တွေဆီမရောက်အောင် လုပ်ပါတယ်။ ဆိုင်ရာနိုက်အဆိပ်မိတဲ့ပုံစံက သင်တောင်တက်ပြီးနောက်၊ သို့မဟုတ် အမြင့်တနေရာကိုတက်ပြီးနောက် ဖြစ်ပေါ်လာတဲ့အခြေအနေနဲ့ ပုံစံတူပါတယ်း ဒါ့အပြင်- တကိုယ်လုံး အားနည်းခြင်း အာရုံထွေပြားခြင်း   အလွန်အမင်းအိပ်ခြင်း သတိလစ်မေ့မျောခြင်း မောပန်းခြင်း ခေါင်းကိုက်ခြင်း မူးဝေခြင်း အန်ခြင်း ဗိုက်အောင့်ခြင်း တက်ခြင်း တို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဆိုင်ရာနိုက်အဆိပ်ကို စားမိတဲ့အခါ ၊ အလွန်လျှင်မြန်ပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း