အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ်

လူတော်တော်များများရဲ့ နေ့စဉ် စားသုံးမှုမှာ ပြုပြင်ထားတဲ့ အသားတွေက မပါဝင်ဘူးဆိုတာ ခပ်ရှားရှား ဖြစ်လာပါပြီ။ တိုးတက်လာတဲ့ ခေတ်အခြေအနေကြောင့် ချက်ပြုတ်ဖို့ အချိန်မပေးနိုင်တာ၊ အရသာရှိတယ်လို့ ယူဆတာ၊ ချက်ပြုတ်ရ လွယ်ကူတာ၊ တာရှည်ခံတာ စသဖြင့် အမျိုးမျိုးသော အကြောင်းအရင်းတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေ၊ အသင့်စားတဲ့ အစားအစာတွေကို အရင်တုန်းကထက် ပိုပြီး စားလာကြပါတယ်။ ဒီလို စားသုံးမှုက လူကြီးတွေ ကြားမှာတင် တိုးလာတာလားဆိုတော့ မဟုတ်သေးပါဘူး။ ကလေးတွေ ကြားမှာလည်း တော်တော်လေး များလာတာပါ။ ဒီလို ပြုပြင်ထားတဲ့ အသားတွေ၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့လိုမျိုး စားစရာတွေထဲမှာ ပါဝင်နေတဲ့ ဆိုဒီယမ် နိုက်ထရိုက်က ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နေ့စဉ်စားသုံးမှုမှာ ထည့်သွင်းစားသုံးမိနေတဲ့ အစားအစာတွေထဲက ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ် အကြောင်းလေး […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အရက်သောက်ချင်ပေမယ့် အရက်နာကျ တာတော့ မကြိုက်ဘူးဆိုရင်

ဒီဘက်ခေတ်ကြီးထဲမှာ အရက်ကို မသောက်ဖူးတဲ့သူဆိုတာ သိပ်ကိုရှားသွားပါပြီ။ လူငယ်တွေ အထူးသဖြင့် ယောက်ျားလေးတွေ အပေါင်းအသင်းတွေ စုံလာတဲ့အချိန်ဆိုရင် အရက်က ဝိုင်းကို ပိုအသက်ဝင်လာစေတဲ့ ဆေးတစ်ခွက်လို့လည်း ဆိုနိုင်ပါတယ်။ မိန်းကလေးတွေဆိုရင်လည်း နောက်ပိုင်းမှာ အရက်ကို အရင်ကထက် ပိုသောက်လာကြတာ တွေ့ရတယ်။ လူကြီးတွေဆိုရင်လည်း ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ၊ လုပ်ငန်းရှင်ပါတနာတွေနဲ့ တွေ့ရတဲ့အခါမျိုးမှာ အများကြီးမဟုတ်တောင် တစ်ခွက်လောက်တော့ မော့ကြတာပါပဲ။ ဒီလို အရက်သောက်ကြပေမယ့် အရက်နာကျ တာကိုတော့ ကြိုက်ကြမှာ မဟုတ်ပါဘူး။ အရက်နာကျ ခြင်း အရက်သောက်ပြီးတဲ့အခါ အများစုဖြစ်တတ်တဲ့ ပြဿနာကတော့ အရက်နာကျတာပါပဲ။ အရက်နာကျတယ်ဆိုတာ အလွယ်ပြောရမယ်ဆိုရင် အရက်ထဲမှာ ပါတဲ့ ဓာတုဗေဒပစ္စည်းတွေ၊ အက်ဆစ်ဓာတ်တွေဟာ ကိုယ်ခန္ဓာထဲမှာ အဆိပ်အတောက်အဖြစ် ကပ်ကျန်ခဲ့ပြီး ခန္ဓာကိုယ်က ဒီအဆိပ်အတောက်ကို တုံ့ပြန်မိတဲ့အခါ ဖြစ်ပေါ်လာတဲ့ ပြဿနာတစ်ခုပါ။ အရက်နာကျ တဲ့ လက္ခဏာတွေက ဘာတွေလဲ။ • မောပန်းတာ၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေ ဘာကြောင့် သောက် ရတယ်။ ဒါတွေကြောင့်မို့ သောက်ရတယ်

“ရေများများသောက်ပါ” ကျွန်တော်တို့ ခဏခဏ တွေ့ဖူး၊ ကြားဖူးပါတယ်။ ရေ ဘာကြောင့် သောက် သင့်တာလဲဆိုရင်တော့ အချက်အလက်နဲ့ ဖြေနိုင်မယ့် ရာနှုန်း နည်းသွားပါပြီ။ ဒီတော့ ရေဘာလို့ သောက်ရတာလဲ၊ လူ့ခန္ဓာကိုယ်အတွက် ရေကို ဘာကြောင့် လိုအပ်တာလဲ ဆိုတဲ့အကြောင်း ကျွန်တော်တို့ အချက်အလက်လေးနဲ့ နည်းနည်း ဆွေးနွေးကြည့်ကြရအောင်။ ရေ ဘာကြောင့် သောက် ရတယ်။ ဒါတွေကြောင့်မို့ သောက်ရတယ် ၁။ ရေက ခန္ဓာကိုယ် အပူချိန်ကို မှန်ကန်အေးမြစေပါတယ်။ ရေကို အငွေ့ပျံဖို့၊ ရေကို အပူပေးဖို့ အပူချိန် များများလိုတယ်ဆိုတာ အားလုံး သိပြီးသားပါ။ ဒီလိုပါပဲ၊ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာလည်း ရေဓာတ်အများစုနဲ့ ဖွဲ့စည်းထားတာမို့ ရေဓာတ်ပြည့်နေတယ်ဆိုရင် ကိုယ်အပူချိန် မြင့်တက်စေဖို့ တော်တော် ခဲယဉ်းပါတယ်။ ဒါကြောင့် ရာသီဥတု ပူပူမှာတောင် ခန္ဓာကိုယ် အေးမြချင်တယ်ဆိုရင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဗီတာမင် PP ကြွယ်ဝတဲ့ အစားအစာတွေက ဘာတွေလဲ။

ဗီတာမင် B3၊ Niacin ရယ်လို့ လူတိုင်း သိထားတဲ့ ဗီတာမင်ရဲ့ နောက်ထပ် နာမည်တစ်ခုက ဗီတာမင် PP ပါ။ ခန္ဓာကိုယ်အတွက် ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းမွန်စေဖို့ လုပ်ဆောင်ပေးသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း အနေနဲ့ ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးနေတာပါ။ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရတစ်ခု ဖြစ်ပြီး ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တာကြောင့် အစားအစာကနေတဆင့် မှီဝဲ ဖြည့်တင်းဖို့ လိုပါမယ်။ ဒီတော့ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် PP ပြည့်ဝစေဖို့ ဘာတွေ စားရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖော်ပြပေးသွားပါမယ်။ ဗီတာမင် PP ပြည့်ဝစေဖို့ ဘာတွေ စားရပါ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် PP ပြည့်ဝစေဖို့အတွက် ဆိုရင်တော့ အသည်း အသည်းက niacin ကြွယ်ဝတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ခေါင်းကိုက်နေရင် ဘာတွေ သောက်မလဲ။

ခေါင်းကိုက် လိုက်တာ။ ဘာမှကို အာရုံစိုက် မရဘူးဆိုပြီး စိတ်ညစ်နေပြီလား......... ဒါဆိုရင်တော့ စိတ်ညစ်မနေပါနဲ့တော့။ အခုပြောပြမယ့် သောက်စရာလေးတွေကို သောက်ပြီး ခေါင်းကိုက်တာကို ခပ်ဝေးဝေး မောင်းထုတ်လိုက်ကြစို့လား........... ခေါင်းကိုက် သက်သာစေဖို့ ဘာတွေ သောက်မလဲ......... ခေါင်းကိုက်နေတာကြောင့် စိတ်လက်ပင်ပန်းတာမျိုး မဖြစ်စေဖို့ ရေသောက်ပါ။ ခေါင်းကိုက်ခြင်း အများစုက ရေဓာတ် လျော့နည်းတာကြောင့်ပါ။ ဒါကြောင့် ခေါင်းကိုက်လာရင် အရင်ဆုံး ရေ တစ်ခွက် သောက်ပါ။ ရေသောက်တာက ဦးနှောက်ဆီ သွေးနဲ့ အောက်ဆီဂျင် စီးဆင်းရောက်ရှိမှု ကောင်းစေပြီး ခေါင်းကိုက်တာကို သက်သာစေမှာပါ။ ရေသောက်တယ်ဆိုတဲ့နေရာမှာ ရိုးရိုးရေ နဲ့ ရေနွေးနွေးလေးကိုပဲ သောက်ပေးပါ။ ရေခဲရေက အခန့်မသင့်ရင် ခေါင်းကိုက်တာကို ပိုဆိုးစေနိုင်ပါတယ်။ အယ်လ်မွန်နို့။ အယ်လ်မွန်နို့မှာ မဂ္ဂနီဆီယမ် နဲ့ ခေါင်းကိုက်တာကို သက်သာစေမယ့် အခြားသော သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ အယ်လ်မွန်နို့ တစ်ခွက် သောက်တာက အကိုက်အခဲပျောက်ဆေး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အရေပြား ယားယံတာ သက်သာစေဖို့ ဘာတွေ စားရမလဲ။

အရေပြား ယားတာက တော်တော်လေး ခံရခက်တဲ့ ကိစ္စပါ။ အရေပြားက ယားတယ်။ ဆေးလည်း မသောက်ချင်ဘူး။ ဆေးလည်း မလူးချင်ဘူးဆိုရင်တော့ အရေပြားယားတာ သက်သာစေဖို့ ဘာတွေစားရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးမယ်နော်။ အရေပြား ဘာကြောင့် ယား။ အရေပြားကို ယားယံစေနိုင်တဲ့ အကြောင်းအရင်းက တစ်ခုမက ရှိပါတယ်။ ဓာတ်မတည့်တာ ပိုးကောင် ကိုက်ခံရတာ ခြင်ကိုက်ခံရတာ အစားအသောက်ကြောင့် အရေပြား ယားယံတာ ကျောက်ကပ်ရောဂါ သွေးချိုဆီးချို မှိုပိုး ဝင်တာ  အရေပြားရောဂါ အမျိုးမျိုးကြောင့် အရေပြား ယားယံနိုင်ပါတယ်။ အရေပြား ယားယံတာကို သက်သာစေဖို့ ဒါတွေစားပေးပါ။ အရေပြား ယားယံရင် လူတော်တော်များများက အယား သက်သာအောင်ဆိုပြီး ကုတ်ကြပါတယ်။ တကယ်ကတော့ ဒါက နည်းလမ်းကောင်း မဟုတ်ပါဘူး။ ကုတ်တာဖဲ့တာက အရေပြား ယားယံတာကို ပိုဆိုးစေနိုင်ပါတယ်။ အရေပြား ယားယံတာကို သက်စေနိုင်တဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာဖို့အတွက် စားပေးသင့်တဲ့ မနက်စာများ

အိပ်ရာကနေ နိုးနိုးချင်း မနက်ခင်းမှာ စပြီး မှီဝဲစားသောက်တဲ့ မနက်စာဆိုတာ တစ်နေကုန် အင်အားပြည့်ဖြိုးပြီး လန်းဆန်းတက်ကြွနေစေဖို့အတွက် အဓိက အကျဆုံး အရာပါ။ မနက်စာကို စနစ်တကျ မမှီဝဲဘူးဆိုရင် တစ်နေ့လုံး အဆင်ပြေနေမှာမဟုတ်သလို ကျန်းမာရေးကိုလည်း ထိခိုက်စေမှာပါ။ အဝလွန်သူတွေရဲ့ အဓိက ပြဿနာတွေထဲမှာလည်း မနက်ခင်းပိုင်းမှာ မနက်စာကို စနစ်တကျ မစားသောက်တာက တစ်ချက်အပါအဝင်ပါပဲ။ လူတိုင်း မနက်ခင်းစာကို ကောင်းမွန်ပြီး အာဟာရပြည့်ဝစွာ မှီဝဲစားသောက်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှီဝဲစားသောက်မယ်ဆိုရင် ဗိုက်ဝရုံတင်မကပါဘူး။ ကျန်းမာစေဖို့ကိုလည်း အထောက်အကူဖြစ်စေမှာပါ။ မနက်ခင်းတိုင်းမှာ ကြုံသလိုမှီဝဲစားသောက်နေတာမျိုးထက် ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အစားအစာမျိုးတွေကို ရွေးချယ်စားသောက်မယ်ဆိုရင် ပိုပြီး အဆင်ပြေမှာပါ။ ဘယ်လိုအစားအစာမျိုးတွေက မနက်ခင်းမှာ မှီဝဲပေးဖို့ ပိုပြီးသင့်လျော်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။ ဥအမျိုးမျိုး မနက်ခင်းစာတွေမှာ ဥတစ်မျိုးမျိုးတော့ ပါဝင်နေသင့်ပါတယ်။ ထမင်းကြော်လေးကို ကြက်ဥကြော်လေးနဲ့စားတာမျိုးပေါ့။ ဥတွေဟာ ဗိုက်ပြည့်စေတဲ့အကျိုးကျေးဇူးပြင် ကယ်လိုရီပါဝင်မှုလည်းနည်းတာမို့ ကျန်းမာရေးအတွက် အလွန်အထောက်အကူဖြစ်စေပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

Bubble Tea သောက်ခြင်းနှင့် ကျန်းမာရေး

Bubble Tea ကို အိမ်နီးချင်းနိုင်ငံတွေမှာ ဆယ်စုနှစ်များစွာ စွဲစွဲလန်းလန်း သောက်သုံးခဲ့ပြီးနောက် ဒီခေတ်ရေစီးကြောင်းက ကျွန်တော်တို့ မြန်မာနိုင်ငံဆီကိုပါ ရောက်လာခဲ့ပါပြီ။ Bubble Tea နဲ့ ပတ်သက်ပြီး ကြိုက်တဲ့သူတွေကလည်း ကြိုက်သလို ကျန်းမာရေးအရ မကောင်းဘူး၊ ကောင်းတယ်ဆိုပြီး အငြင်းပွားတဲ့သူတွေလည်း များလာတယ်။ ဒီဆောင်းပါးမှာတော့ Bubble Tea က ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုရှိစေနိုင်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ Bubble Tea အကြောင်း ပုံမှန်အားဖြင့်တော့ Bubble Tea ကို အမျိုးအစားခွဲရင် လက်ဖက်ရည်နဲ့ ပုလဲဆိုပြီး ယေဘုယျအားဖြင့် ထွက်လာပါတယ်။ လက်ဖက်ရည်ကတော့ မြန်မာလက်ဖက်ရည်မျိုးမဟုတ်ဘဲ တခြားသော လက်ဖက်ခြောက်တွေကို စစ်ပြီး အချိုကဲထားတဲ့ နွားနို့၊ ခရင်မ်၊ ချိစ်တွေနဲ့ ရောမွှေထားပါတယ်။ ဒီအတိုင်း လက်ဖက်ရည်သီးသန့်မျိုး ရောင်းတာလည်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ခရီးသွားရင်းလမ်းမှာစားဖို့ လွယ်ကူရိုးရှင်းတဲ့ မုန့်ဘူး​လေးပြင်ဆင်ကြမယ်

ဒီဆောင်းပါးလေးက ခရီးသွားရတာ ကြိုက်တဲ့သူတွေအတွက် အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်။ ပြည်ပမဟုတ်တဲ့ ပြည်တွင်းခရီးစဉ်တွေဆိုရင် ကိုယ်ပိုင်ကားနဲ့ သွားရင်သွား၊ မဟုတ်ရင်လည်း Express ကားတွေ၊ အဝေးပြေးကားတွေနဲ့ပဲ သွားရတာမလား။ ခရီးသိပ်မဝေးရင်တော့ အကြောင်းမဟုတ်ပေမဲ့ အချိန်အတော်ကြာ ကားစီးရမယ့် ခရီးစဉ်တွေဆိုရင် ကားပေါ်မှာ ဗိုက်အရမ်းဆာလာတဲ့ ကိစ္စက ခရီးသွားဖူးသူ တော်တော်များများ ကြုံရတတ်တဲ့ ပြဿနာတစ်ခုပါ။ ဒါဆိုရင် တော်တော်များများကတော့ မုန့်ဆောင်သွားရင် ရတာပေါ့လို့ ပြန်ပြောပါလိမ့်မယ်။ ဒါပေမယ့် မုန့်သယ်သွားသူတွေရဲ့ ၉၅ ရာခိုင်နှုန်းက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မုန့်တွေပဲ သယ်သွားတတ်ကြပါတယ်။ အထူးသဖြင့် အာလူးကြော်၊ ဆီကြော်မုန့်ထုပ်၊ ကွတ်ကီး၊ သကြားလုံး၊ အအေးဘူး စတာမျိုးတွေပေါ့။ ဒါဆို ဒါမျိုးတွေမစားဘဲ ကျန်းမာရေးနဲ့ ညီညွတ်မယ့် မုန့်ပဲသရေစာဘူးလေး ကိုယ့်အိမ်ကနေ ကိုယ်တိုင်လုပ်သွားရင်ရော ပိုမကောင်းဘူးလား။ အချိန်မကုန်၊ လူလည်းမပင်ပန်း၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စွမ်းအားဖြည့် အချိုရည်တွေ ကောင်းသလား။ ဆိုးသလား

စွမ်းအားဖြည့်အချိုရည်များဟာ သင့်ကို စွမ်းအင်မြှင့်တင်ပေးပြီး နိုးကြားမှု၊ အာရုံစူးစိုက်မှုရှိအောင် ရည်ရွယ်ထုတ်လုပ်ထားပါတယ်။ အားအင်ကုန်ခမ်းနေချိန်မှာ သောက်သုံးတဲ့အခါ စွမ်းအင်တွေပြည့်ဝသလို ခံစားရတာကြောင့် လူကြိုက်များကြပါတယ်။ သုတေသီအချို့ကတော့ စွမ်းအားဖြည့် အချိုရည်တွေဟာ ရေရှည်မှာ လူသားတို့အတွက် ဘေးဥပဒ်ဖြစ်စေတယ်လို့ သတိပေးကြပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြသွားမှာကတော့ စွမ်းအားဖြည့်အချိုရည်တွေဟာ ကောင်းသလား ဆိုးသလား ဆိုတာပါပဲ။ စွမ်းအားဖြည့်အချိုရည်ကို ဘယ်လိုထုတ်လုပ်သလဲ စွမ်းအားဖြည့်အချိုရည်တွေကို စိတ်ရောလူပါ လန်းဆန်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားပါတယ်။ သကြားဓာတ်၊ ဗီတာမင် B အုပ်စု၊ ဗီတာမင် C နဲ့ ကဖိန်းဓာတ်ပါဝင်ပါတယ်။ အထူးသဖြင့် ဦးနှောက်ကို နိုးကြားအောင် လှုံ့ဆော်နိုင်ဖို့ ကဖင်းဓာတ်ကို အဓိကထည့်သွင်းထားပါတယ်။ တံဆိပ်တစ်ခုနဲ့တစ်ခုအလိုက် ပါဝင်နှုန်းတော့ ကွာခြားပါတယ်။ ကဖင်းဓာတ်အပြင် တခြားပါဝင်တဲ့ ပစ္စည်းတွေကတော့ - သကြား။ အချိုရည်မှာ ကယ်လိုရီအဓိကရရှိစေတဲ့ ရင်းမြစ်ဖြစ်ပါတယ်။ - ဗီတာမင် B အုပ်စု။ စားသုံးလိုက်တဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

Mindful eating ဖြစ်အောင် ဘယ်လိုစားကြမလဲ။

ပြီးခဲ့တဲ့ ဆောင်းပါးမှာ Mindful eating က ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုလဲဆိုတာ ပြောပြပြီးပါပြီ။ ဒီမှာ ပြန်ဖတ်နိုင်ပါတယ်။ ခုဆက်ပြောမှာကတော့ Mindful eating ဖြစ်အောင် ဘယ်လိုစားကြမလဲဆိုတာကိုပါ။ ဒီလို စားနိုင်ဖို့အတွက် အောက်ကနည်းလမ်းတွေကို လိုက်နာကြည့်ကြပါ။ Mindful eating စားတော့မယ်ဆိုရင် ဖြည်းဖြည်းချင်းစပါ။ စစချင်းမှာတော့ အနပ်တိုင်း အနပ်တိုင်း၊ snackတိုင်း snackတိုင်းကို သတိလေးထားပြီး စားနိုင်ဖို့ မဖြစ်သေးပါဘူး။ ဒါကြောင့် အရင်ဆုံး တစ်နပ်က စပါ။ အေအေးဆေးဆေးစားနိုင်မယ့် တစ်နပ်ပေါ့။ မနက်စာလည်း ဖြစ်ချင်ဖြစ်မယ်၊ ညစာလည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်။ ပတ်ဝန်းကျင်ကို ပြင်ဆင်ပါ။ အရင်ဆုံး တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်မှာ စားနိုင်ရင် ပိုကောင်းပါတယ်။ တစ်ယောက်တည်း စစားကြည့်ပါ။ ကျင့်သားရသွားရင်တော့ အများနဲ့ စားလည်း အဆင်ပြေပါတယ်။ စာဖတ်ရင်း၊ ဖုန်းသုံးရင်း၊ တီဗွီကြည့်ရင်း မစားပါနဲ့။ အာရုံများတတ်လို့ပါ။ နောက်ပြီး […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း