အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ်

လူတော်တော်များများရဲ့ နေ့စဉ် စားသုံးမှုမှာ ပြုပြင်ထားတဲ့ အသားတွေက မပါဝင်ဘူးဆိုတာ ခပ်ရှားရှား ဖြစ်လာပါပြီ။ တိုးတက်လာတဲ့ ခေတ်အခြေအနေကြောင့် ချက်ပြုတ်ဖို့ အချိန်မပေးနိုင်တာ၊ အရသာရှိတယ်လို့ ယူဆတာ၊ ချက်ပြုတ်ရ လွယ်ကူတာ၊ တာရှည်ခံတာ စသဖြင့် အမျိုးမျိုးသော အကြောင်းအရင်းတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေ၊ အသင့်စားတဲ့ အစားအစာတွေကို အရင်တုန်းကထက် ပိုပြီး စားလာကြပါတယ်။ ဒီလို စားသုံးမှုက လူကြီးတွေ ကြားမှာတင် တိုးလာတာလားဆိုတော့ မဟုတ်သေးပါဘူး။ ကလေးတွေ ကြားမှာလည်း တော်တော်လေး များလာတာပါ။ ဒီလို ပြုပြင်ထားတဲ့ အသားတွေ၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့လိုမျိုး စားစရာတွေထဲမှာ ပါဝင်နေတဲ့ ဆိုဒီယမ် နိုက်ထရိုက်က ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နေ့စဉ်စားသုံးမှုမှာ ထည့်သွင်းစားသုံးမိနေတဲ့ အစားအစာတွေထဲက ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ် အကြောင်းလေး […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

တစ်နေ့ ပန်းသီးတစ်လုံးစားရင် သင်ဘယ်လောက်အထိတောင် ကျန်းမာလာမလဲ

ပန်းသီးချိုချိုမွမွလေးတွေ ကြိုက်တတ်သူတွေ ရှိကြလား။ ဒါဆိုရင်တော့ သတင်းကောင်းပါပဲ။ ပန်းသီးတစ်နေ့ တစ်လုံးမှီဝဲပေးမယ်ဆိုရင် နေ့စဉ်လူနေမှုဘဝမှာ အရမ်းကို ကျန်းမာစေတတ်ပါတယ်တဲ့။ ဟုတ်ပါတယ်။ ပန်းသီးဟာ နေ့စဉ်မှီဝဲစားသုံးပေးသင့်တဲ့ သစ်သီးဝလံ ၁၀ မျိုးထဲမှာပါဝင်တဲ့ သစ်သီးတစ်မျိုးပါ။ ပန်းသီးကို နေ့စဉ်မှီဝဲတဲ့အခါမှာ မထင်မှတ်ထားလောက်အောင်ကို သင့်ကျန်းမာရေးကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ပန်းသီးမှာ အရွယ်တင်နုပျိုစေပြီး ကင်ဆာရောဂါ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုးကို ကာကွယ်ပေးနိုင်တဲ့ Antioxidant တွေ၊ အစာကြေစေတဲ့ အမျှင်ဓါတ်တွေ၊ လူ့ခန္ဓါကိုယ်က နေ့စဉ်လိုအပ်တဲ့ ဗီတာမင် C နဲ့ သတ္တုဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ ဒါတင်မကပါဘူး။ နေ့စဉ်ပန်းသီးမှီဝဲစားသုံးပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေကိုလည်း ရရှိဦးမှာဖြစ်ပါတယ်။ ရေဓာတ်ဖြည့်တင်းပေးမယ် - ရေဓာတ်ကြွယ်ဝတဲ့ ပန်းသီးမှာ ၈၅% လောက်က ရေဓာတ်လို့ဆိုပါတယ်။ ဒီအချက်က သင့်ကို ရေဓာတ်မဆုံးရှုံးအောင် ကူညီပေးမှာဖြစ်ပါတယ်။ ကိုယ်အလေးချိန် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဈေးသက်သာပြီး ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာများ

ကျန်းမာရေးနဲ့ညီညွတ်ဖို့အတွက် ငွေကုန်ကြေးကျခံပြီးစားသောက်ဖို့မလိုပါဘူး။ ကိုယ်နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာတင် အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက်အကျိုးရှိစေတဲ့ အစားအစာတွေရှိနေပါတယ်။ ဘယ်လိုအစားအစာတွေလဲဆိုတာ တစ်ချက်လေ့လာကြည့်ပါဦး။ ကြက်ဥ - ကြက်ဥတွေက အာဟာရအရမ်းကြွယ်ဝပြီး ဈေးလည်းအတော်သက်သာပါတယ်။ ကြက်ဥတစ်လုံးမှာ ပျမ်းမျှ ပရိုတင်း ၆ ဂရမ်လောက်ပါဝင်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပါပါသေးတယ်။ ဦးနှောက်ဖွံ့ဖြိုးဖို့ အရေးကြီးတဲ့ ကိုလင်း (Choline) ဓာတ်ကို ကြက်ဥစားသုံးပေးခြင်းဖြင့် ရနိုင်ပါတယ်။ ပြုတ်ပဲစားစား၊ ကြော်ပဲစားစား ဘယ်လိုစားစား အရသာရှိတဲ့ကြက်ဥကို သူ့ချည်းသက်သက် စားလို့ရသလို တခြားဟင်းလျာအမျိုးမျိုးနဲ့ တွဲဖက်စားသုံးရင်လည်း အရသာရှိနေမှာပါ။ ကြက်သွန်ဖြူ - အစားအစာတွေ အတော်များများ ချက်ပြုတ်တဲ့အခါမှာ ထည့်သုံးရတဲ့ ကြက်သွန်ဖြူဟာလည်း နှလုံးနဲ့ သွေးကြောကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ သွေးတိုးရောဂါ၊ သွေးတွင်းအဆီပိတ် ရောဂါနဲ့ သွေးကြောနံရံမာကြောတဲ့ရောဂါရှိသူတွေ ကြက်သွန်ဖြူမှန်မှန်စားသုံးပေးရင် သိသာတဲ့အကျိုးရလဒ် ရနိုင်တယ်ဆိုတာ သုတေသနအတော်များများမှာအတည်ပြုထားပါတယ်။ နောက်ပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသားကင်တွေရဲ့ အန္တရာယ်

အသားကင်တွေက ဆွဲဆောင်မှုအား သိပ်ကောင်းပါတယ်။ တစ်ခါစားပြီးရင် မရပ်ချင်လောက်အောင်ပါပဲ။ ဒါပေမဲ့ မီးဖိုပေါ် ကင်ထားတဲ့ အသားတွေရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုရော သတိထားမိကြပါရဲ့လား။ ၁။ အချို့သော ကင်ဆာရောဂါ ဖြစ်နိုင်ခြေတွေကို မြင့်မားစေပါတယ်။ မြင့်မားတဲ့ အပူချိန်တွေပေါ် ကင်တဲ့အခါ အစာရေမြိုပြွန် နဲ့ အူလမ်းကြောင်းဆိုင်ရာ ကင်ဆာတွေနဲ့ ဆက်စပ်နေတဲ့ သဘာဝ ဓာတ်ပစ္စည်းတွေ ထွက်ပေါ်လာပါတယ်။ ဒီ ဓာတုပစ္စည်းတွေဟာ မီးကျွမ်းသွားတဲ့အခါ ဒါမှမဟုတ် ကျပ်တိုက်ထားတဲ့အခါမှာ ထွက်လာတတ်တဲ့ ဓာတုပစ္စည်းတွေပါ။ ဒါကြောင့် အသားကင်တဲ့အခါမှာ မီးပေါ် တိုက်ရိုက်တင်ပြီး ကင်တာမျိုး မလုပ်ပါနဲ့။ ၂။ သွေးတိုးနဲ့ ဆီးချိုတွေကို ဖြစ်စေနိုင်ပါတယ်။ နှပ်ပြီးသား အသားတွေက အန္တရာယ်များပါတယ်။ ပါဝင်ပစ္စည်းတွေထဲမှာ ဆားနဲ့ သကြားပမာဏ များများ ပါတတ်တာမို့ ဒါတွေကိုသာ စားမိရင် သွေးတိုး နဲ့ ဆီးချိုတွေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နေ့တိုင်း ကြက်သားပဲ စားနေရလို့ ငြီးငွေ့နေပြီလား။

ဒီနေ့ ဘာဟင်းလဲ.... ကြက်သားအာလူး၊ နောက်နေ့ရောက်တော့လဲ ကြက်သားကြော်နဲ့ ကြက်စွပ်ပြုတ်၊ နေ့တိုင်းနီးပါး ကြက်သားပဲ စိတ်တောင်ညစ်လာပြီ ဆိုသူလေးတွေ ရှိနေပြီလား............ ဒါဆိုရင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။ ကြက်သားစားတာ ကျန်းမာရေးအတွက် ကောင်းပါတယ်။ ကြက်သားက နေမကောင်းမှ စားရတဲ့ ဓာတ်စာ မဟုတ်ပါဘူး။ နေကောင်းနေသူအဖို့လည်း ကိုယ်ခံအားကို အကောင်းဆုံး ဖြစ်နေစေဖို့ ကြက်သားစားဖို့လိုပါတယ်။ အခုလို ကိုဗစ်ကာလမှာ ရောဂါကို ခုခံကာကွယ်ဖို့က ကိုယ်ခံအားကောင်းဖို့ဆိုတော့ အခုကာလမှာ ကြက်သားက စားပေးသင့်တဲ့ အာဟာရပါပဲ။ ဘာကြောင့် ဒီလိုပြောနေရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ကြွက်သားတွေကို တည်ဆောက်ပေးတယ်။ ကြက်သားက အသီးအရွက်တွေကနေ မရနိုင်တဲ့ ပရိုတင်းကို ပေးစွမ်းနိုင်တဲ့ အာဟာရတန်ဖိုးမြင့် အစားအစာတစ်ရပ်ပါ။ အဆီမပါတဲ့ ကြက်သားမှာ ပရိုတင်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ကြွက်သားတွေ ဖြစ်ပေါ်စေဖို့ဆိုရင် အရေခွံမပါတဲ့ ကြက်သားကို စားပေးလို့ရပါတယ်။ အရိုးတွေ ကျန်းမာစေတယ်။ ကြက်သားမှာ ပရိုတင်း အပြင် ကယ်လ်ဆီယမ်၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား

အစားအသောက်ဆိုတာ တန်ရင်ဆေး လွန်ရင်ဘေးပါ။ ဘယ်အစားအစာမဆို လိုအပ်တာထက်ပိုပြီး မှီဝဲမိရင် ဘေးဖြစ်တတ်ပါတယ်။ ဒီလိုပါပဲ တချို့က အချဉ်နှစ်သက်တတ်ကြတယ်။ အချဉ်တွေ စားရင် ဗီတာမင် C ရနိုင်တယ်၊ ကိုယ်ခံအားကောင်းမယ်၊ ကျန်းမာတယ် ပေါ့။ ဒါပေမယ့် အချဉ်ဆိုတာကလည်း စားတိုင်းမကောင်းပါဘူး။ ကျန်းမာရေးကို ထိခိုက်စေနိုင်တာတွေလည်း ရှိပါတယ်။ ချဉ်တဲ့အစားအစာတွေဆိုတာက အက်စစ်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေ၊ ခရမ်းချဉ်သီး၊ ဆိုဒါတို့လိုအရာတွေနဲ့ Citrus ပါဝင်တဲ့သစ်သီးတွေ၊ အချဉ်ထုပ်တွေအထိ အကုန်လုံးအကျုံးဝင်ပါတယ်။ အချဉ်စားရင် ကိုယ်အလေးချိန်ကျတယ်ဆိုတဲ့ ယုံကြည်ချက်ကလည်း ရှိနေတော့ တချို့က အချဉ်ဆိုတာနဲ့ အလွန်အမင်းစားတတ်ကြပါတယ်။ တကယ်တမ်းမှာတော့ အချဉ်ဓာတ်များတဲ့အစားအစာတွေကို လွန်လွန်ကဲကဲမှီဝဲတဲ့အခါမျိုးမှာ အစာခြေရည်ပျို့တက်တာ၊ ရင်ပူတာနဲ့ ဗိုက်အောင့်ဗိုက်နာတာတွေဖြစ်နိုင်ပါတယ်။ ဒါတွေတင်မကပါဘူး။ အချဉ်ဓာတ်များတဲ့အစားအစာတွေကို ကြိုက်နှစ်သက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နေ့စဉ်ရက်ဆက် အများအပြားစားသောက်မှီဝဲနေမယ်ဆိုရင် သင့်ရဲ့သွားနဲ့ခံတွင်းကျန်းမာရေးကိုပါ ထိခိုက်လာမှာပါ။ အချဉ်ဓာတ်က လူကို ဘယ်လိုထိခိုက်စေသလဲ များသောအားဖြင့် အချဉ်ဓာတ်ကြွယ်ဝတဲ့သစ်သီးတွေဟာ ဗီတာာမင် C […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဗီတာမင် D ပြည့်ဝနေအောင် ဘယ်လိုစားသောက်ကြမလဲ

ကမ္ဘာ့လူဦးရေရဲ့ ၅၀% ဟာ ဗီတာမင် D ဓာတ်ချို့တဲ့မှုဝေဒနာကို သိသိသာသာရော မသိမသာပါ ခံစားနေကြရပါတယ်။ ဗီတာမင် D ပြည့်ဝနေဖို့ဟာ လူတစ်ယောက်အတွက် အထူးအရေးကြီးတဲ့ကိစ္စတစ်ခုပါ။ လူတစ်ယောက်ဟာ ဗီတာမင် D ပြည့်ဝနေအောင် နေထိုင်စားသောက်မှ ကျန်းမာတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာလေ။ ပုံမှန်အားဖြင့် ဗီတာမင် D ဆိုတာက နေရောင်ခြည်ကို လက်ခံရရှိချိန်မှ ခန္ဓာကိုယ်ကနေ ထုတ်လုပ်ပေးတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ အထက်မှာဖော်ပြခဲ့သလိုပဲ ကမ္ဘာ့လူဦးရေ ၅၀% လောက်က ဗီတာမင် D ကို အပြည့်အဝ မရရှိကြပါဘူး။ အဓိကအားဖြင့်တော့ နေရောင်ခြည်လုံလောက်စွာမရတာနဲ့ ဗီတာမင် D ဖြစ်ထွန်းစေတဲ့ အစားအစာတွေကို လုံလောက်စွာ မမှီဝဲတာကြောင့်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ကို ဗီတာမင် D ပမာဏ ၈၀၀ IU လောက် လိုအပ်ပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

တစ်နေ့ကို ရေ ဘယ်လောက်ပမာဏ သောက်သုံးသင့်သလဲ

လူ့ခန္ဓာကိုယ်ကြီးရဲ့ ၆၀% လောက်က ရေဓာတ်နဲ့ ဖွဲ့စည်းထားတာပါ။ ဒီတော့ လူတွေဟာ နေ့စဉ်နေ့တိုင်း ရေဓာတ်လိုအပ်နေပါတယ်။ ရေစဉ်ရေလိုအပ်ချက်အတွက် ရေဓာတ်ဖြည့်တင်းပေးဖို့ ရေသောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ‘တစ်နေ့ကို ရေ ဘယ်လောက်ပမာဏ သောက်သုံးသင့်သလဲ’ ဆိုတာကိုတော့ လူတိုင်း မသိကြပါဘူး။ ရေဓာတ်ဟာ လူ့ခန္ဓာကိုယ်ကြီး ကျန်းမာရေးအတွက် အရမ်းအရေးပါပါတယ်။ ရေဓာတ်ဆုံးရှုံးရင် ချွေးထွက်တာတွေ၊ ဆီးသွားတာတွေမှာ အရင်ဆုံးထိခိုက်ပါလိမ့်မယ်။ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကလည်း များပါတယ်။ ခန္ဓာကိုယ် ကျန်းမာဖို့ လိုအပ်တဲ့ရေဓာတ်ကိုပြည့်ပြည့်ဝဝမရရှိဘူးဆိုရင် အချိန်ကြာလာနဲ့အမျှ ချို့ယွင်းမှုတွေဖြစ်လာနိုင်တယ်၊ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ထိခိုက်စေပြီး လေးဖက်နာ၊ ခေါင်းတစ်ခြမ်းကိုက်၊ နှလုံးသွေးကြောကျဉ်း၊ အူမကြီးအနာပေါက်ရောဂါ၊ အစာမကြေခြင်း၊ သွေးတိုးရောဂါ၊ အဝလွန်တာ၊ လိပ်ခေါင်း၊ ရင်သားကင်ဆာ၊ တီဘီအဆုတ်ရောင်၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ထိပ်ကပ်နာ၊ သားအိမ်ကင်ဆာ စတဲ့ရောဂါတွေဖြစ်လာနိုင်တယ်။ ဒါကြောင့်ရေဓာတ်ကို ပြည့်ဝနေအောင်ဖြည့်ဆည်းဖို့လိုအပ်တာပါ။ ရေဓာတ်ဖြည့်ဆည်းဖို့ဆိုရင် အဓိက လုပ်ဆောင်ရမှာက ရေများများသောက်ဖို့ပါပဲ။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကိုယ်ခံအားအကြောင်း သိထားဖို့လိုမယ့် အချက်လေးတွေ

အခုလိုကာလမှာ လူတိုင်းတောင့်တနေမယ့် အဖိုးမဖြတ်နိုင်တဲ့ ရတနာလေးဖြစ်တဲ့ ကိုယ်ခံအားနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို အာဟာရဆိုင်ရာ အထူးကု ဒေါက်တာ ညီညီကျော်က အခုလိုလေးပြောပြပေးထားပါတယ်။ ၁။Helloဆရာဝန် -  ကိုယ်ခံအားဆိုတာ ဘာလဲ .. ကျွန်တော်တို့တွေအတွက် ဘယ်လိုအလုပ်လုပ်ပေးလဲဆိုတာနဲ့ ကိုယ်ခံအားဆိုတာဖြစ်ဖို့ ဘာတွေလိုအပ်လဲဆိုတာ သိပါရစေဆရာ။ Dr.ညီညီကျော်  - အခုလို ရောဂါဘယတွေ ပေါများလာတဲ့အချိန်၊ ကူးစက်ရောဂါတွေ များလာတဲ့အချိန်မှာ ကိုယ်ခံအား (immunity) ကောင်းမွန်ဖို့က အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်လာပါတယ်။ Immunity (ကိုယ်ခံအား) လို့ပြောတဲ့ နေရာမှာ (၃) မျိုးရှိပါတယ်။ (၁) Innate immunity - မွေးရာပါ ကိုယ်ခံအား (၂) Adaptive immunity - အသက်ကြီးမှ ကိုယ်ခန္ဓာက ရောဂါပိုးတွေ နဲ့ ထိတွေ့ပြီးမှ ရရှိလာတဲ့ ကိုယ်ခံအား […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နေ့စဉ်ဘဝမှာ စိတ်နဲ့ ခန္ဓာ ကျန်းမာစေဖို့ ကြက်ပေါင်းရည်က ဘယ်လိုအကျိုးပြုသလဲ

ကြက်ပေါင်းရည် လို့ ဆိုလိုက်တာနဲ့ နေမကောင်းဖြစ်တဲ့ အချိန်သောက်ဖို့ကိုပဲ စိတ်ထဲစွဲနေကြမှာပေါ့။ များသောအားဖြင့် လူတော်တော်များများက နေမကောင်းဖြစ်တော့မှပဲ ကြက်ပေါင်းရည်လို အားရှိစေမယ့်အစားအသောက်တွေကို သတိရတတ်ကြပါတယ်။ အားရှိအောင်လို့၊ မြန်မြန်နေကောင်းအောင်လို့၊ ကိုယ်ခံအားကောင်းအောင်လို့ ကြက်စွပ်ပြုတ်၊ ကြက်ပေါင်းရည် တွေကို အားကိုးတတ်ကြပါတယ်။ ဒါဆို နေမကောင်းဖြစ်တဲ့ အခါပဲ ကြက်ပေါင်းရည်သောက်ဖို့လိုတာလား။ မဟုတ်ပါဘူးနော်။ ကြက်သားက ရတဲ့ အဆီအနှစ်က လူ့ခန္ဓာကိုယ်အတွက် နေ့စဉ်ဘဝမှာ ဘယ်လိုအကျိုးကျေးဇူးတွေ ပေးနိုင်လဲဆိုတာ သိရင် မကြာခဏ သောက်မိပါလိမ့်မယ်။ အဓိကအားဖြင့် ကြက်ပေါင်းရည်ရဲ့ အကျိုးကျေးဇူးတွေက - (၁) ကိုယ်ခံအား ကောင်းစေတယ် အအေးမိ၊ နှာစေးတာက အစ အသက်ရှူလမ်းကြောင်းပိုးဝင်တာတွေအထိ ရောဂါပိုးတွေကို ကာကွယ်နိုင်ဖို့၊ ခုခံနိုင်ဖို့၊ နာလန်ထူမြန်စေဖို့ ဟိုးအရင်တည်းက ကြက်စွပ်ပြုတ်က ဆေးတစ်ခွက်ပါ။ ကြက်ပေါင်းရည်မှာပါဝင်တဲ့ Bio-peptide က ကိုယ်ခံအား ပိုကောင်းစေတာမို့ နေပြန်ကောင်းတာ မြန်စေတယ် ဆိုတာကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာရေးနှင့် ညီညွတ်သော်လည်း အလွန်အကျွံစားသုံးလျှင် ဘေးဖြစ်စေတတ်သော အစားအစာများ

မြန်မာဆိုရိုးစကားမှာ တန်ဆေးလွန်ဘေးဆိုတဲ့ စကားပုံရှိပါတယ်။ အစားအစာများနဲ့ ပတ်သက်ရင် အချို့သော အစားအစာများဟာ အာဟာရဓာတ်ကြွယ်ဝပြီး နေ့စဉ်စားသုံးသင့်တဲ့စာရင်းမှာ ပါဝင်ပါတယ်။ ဒါပေမယ့် ပုံမှန်ထက် လွန်ကဲစွာစားသုံးမိရင် ဘေးဥပဒ်ဖြစ်စေနိုင်ပါတယ်။ ယခုဖော်ပြမှာကတော့ ပုံမှန်စားသုံးရင် ကျန်းမာရေးအတွက် ကောင်းပေမယ့် လွန်ကဲသွားရင် သင့်ကျန်းမာရေးကို ဒုက္ခပေးနိုင်တဲ့ အစားအသောက်တွေအကြောင်းပဲ ဖြစ်ပါတယ်။ Omega 3 နှင့် ငါးကြီးဆီ Omega 3 ဟာ ကျန်းမာရေးအတွက် အတော်လေး အထောက်အကူပြုပါတယ်။ ရောင်ရမ်းမှုကို လျော့ကျစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဦးနှောက်ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ နေရာက ပါဝင်ပါတယ်။ ဒါကြောင့် Omega 3 ကို ဆေးဝါးပုံစံနဲ့ပါ ထုတ်လုပ်လာကြပါတယ်။ ဒါပေမယ့် Omega 3 သုံးစွဲသင့်တဲ့ပမာဏကတော့ တစ်ရက်ကို ၁-၆ ဂရမ်နှုန်း ဖြစ်ပါတယ်။ အဆိုပါ ပမာဏထက်ကျော်လွန်သွားပြီး တစ်ရက်မှာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း