အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ်

လူတော်တော်များများရဲ့ နေ့စဉ် စားသုံးမှုမှာ ပြုပြင်ထားတဲ့ အသားတွေက မပါဝင်ဘူးဆိုတာ ခပ်ရှားရှား ဖြစ်လာပါပြီ။ တိုးတက်လာတဲ့ ခေတ်အခြေအနေကြောင့် ချက်ပြုတ်ဖို့ အချိန်မပေးနိုင်တာ၊ အရသာရှိတယ်လို့ ယူဆတာ၊ ချက်ပြုတ်ရ လွယ်ကူတာ၊ တာရှည်ခံတာ စသဖြင့် အမျိုးမျိုးသော အကြောင်းအရင်းတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေ၊ အသင့်စားတဲ့ အစားအစာတွေကို အရင်တုန်းကထက် ပိုပြီး စားလာကြပါတယ်။ ဒီလို စားသုံးမှုက လူကြီးတွေ ကြားမှာတင် တိုးလာတာလားဆိုတော့ မဟုတ်သေးပါဘူး။ ကလေးတွေ ကြားမှာလည်း တော်တော်လေး များလာတာပါ။ ဒီလို ပြုပြင်ထားတဲ့ အသားတွေ၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့လိုမျိုး စားစရာတွေထဲမှာ ပါဝင်နေတဲ့ ဆိုဒီယမ် နိုက်ထရိုက်က ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နေ့စဉ်စားသုံးမှုမှာ ထည့်သွင်းစားသုံးမိနေတဲ့ အစားအစာတွေထဲက ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ် အကြောင်းလေး […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

ကျန်းမာစွာ စားသောက်ခြင်း

ချောကလက်က သင့်စိတ်ခံစားမှုကို ဘယ်လိုကောင်းမွန်စေနိုင်သလဲ

ချောကလက်က ခေါင်းတခြမ်းကိုက်တာ ဒါမှမဟုတ် ရိုးရိုးခေါင်းကိုက်တာကို ဖြစ်စေနိုင်တယ်လို့လူအချို့က ယူဆထားကြပေမယ့် အများအားဖြင့်တော့ ချောကလက်ဟာ သင့်ရဲ့စိတ်ခံစားမှုအနေအထားကို တိုးတက်ကောင်းမွန်စေတယ်လို့သတ်မှတ်ထားကြပါတယ်။ ချောကလက်ဟာ ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုအပေါ် အကျိုးသက်ရောက်မှုရှိတယ်လို့ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားကြပေမယ့် ဒါကိုအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ ဒွိဟပွား ငြင်းခုန်နေကြတုန်းပါပဲ။ ဒီတော့ အခုဆောင်းပါးမှာ ချောကလက်ဟာ ကျွန်တော်တို့တွေရဲ့စိတ်ခံစားမှု၊ စိတ်အခြေအနေပေါ်ကို ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်ဆိုတာ လက်ရှိအများစုလက်ခံထားကြတဲ့အချက်အလက်နဲ့ယုံကြည်မှုတွေအပေါ်မူတည်ပြီး ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။ ချောကလက်က ကျွန်တော်တို့ရဲ့ စိတ်အခြေအနေ၊ စိတ်ခံစားချက်ကို ဘယ်လိုမျိုးပြောင်းလဲစေနိုင်သလဲ။ ချောကလက်က ကောင်းလည်းကောင်းတယ်၊ မကောင်းလည်းမကောင်းဘူးလို့ပြောရမှာပါပဲ။ တချို့လူတွေဟာ ဝမ်းနည်းတဲ့အခါ၊ စိတ်ဓါတ်ကျတဲ့အခါ ချောကလက်ကို တမ်းတကြပြီး ချောကလက်လေးစားလိုက်တော့မှ စိတ်အခြေအနေပိုကောင်းလာတယ်၊ နေလို့ထိုင်လို့ကောင်းသွားတယ်လို့ပြောကြပါတယ်။ ဒါပေမယ့် ဒီလိုစိတ်တက်ကြွစေတဲ့ အာနိသင်ဟာ ခဏသာဖြစ်ပြီး အာနိသင်ကုန်ရင်တော့ ခုနကစိတ်ဖိစီး၊ စိတ်ဓါတ်ကျတဲ့အခြေအနေကို ပြန်လည်ရောက်ရှိသွားတတ်ပါတယ်။ ချောကလက်မှာ ကာဘိုဟိုက်ဒရိတ်ဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် tryptophan ဓါတ်တွေ ဦးနှောက်ထဲဝင်ရောက်နိုင်တဲ့နှုန်းကို ပိုများစေ၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသွင်ပြောင်းဆီများကို ရှောင်ရှားခြင်း

Trans Fat (အသွင်ပြောင်းဆီ) ဆိုတာ အဆိုးဝါးဆုံးအဆီတစ်မျိုး လို့လေ့လာတွေ့ရှိရပါတယ်။ Trans fatty acidလို့လဲ ခေါ်နိုင်ပါသေးတယ်။ အဲဒါက ကောင်းတဲ့ကိုလက်စထရော(HDL)ကို နည်းစေပြီ းမကောင်းတဲ့ ကိုလက်စထရော(LDL)ကို သွေးထဲမှာ များလာစေပါတယ်။ HDLနည်းပြီး LDLများနေတဲ့လူဟာ ကြောက်စရာကောင်းတဲ့ နှလုံးရောဂါကို ခံစားနိုင်ခြေ ပိုများလာပါမယ်။ ၁။ Trans Fat ဆိုတာဘာလဲ။ တချို့အသားနဲ့ နို့ထွက်ပစ္စည်းတွေမှာ သဘာ၀ Trans Fat အနည်းငယ် ပါဝင်နိုင်ပါတယ်။ ဒါပေမဲ့လည်း Trans Fatကို စက်ရုံတွေမှာ ဟိုက်ဒရိုဂျင်ကို ဟင်းရွက်ဆီတွေနဲ့ ပေါင်းစပ်ကာ အခန်းအပူချိန်တွင်တောင် အခဲအဖြစ်ရှိနေနိုင်အောင် ထုတ်လုပ်ပါတယ်။ အချို့အစားအစာတွေမှာ အဲဒီအဆီတွေ သက်တမ်းကြာကြာခံအောင် အဲဒီဆီကို ထည့်သွင်းအသုံးပြုကြပါတယ်။ စားသောက်ဆိုင်တွေမှာ အဆီတွေကို ခဏခဏပြန်လဲစရာ မလိုအောင် Trans Fatတွေကို ပြန်ကြော်ဆီအဖြစ် သုံးပါတယ်။ ၂။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ငါးကြီးဆီနှင့် နှလုံးကျန်းမာရေး

အိုမီဂါသရီးသည် ကျန်းမာရေးနှင့်ပတ်သက်၍ အကျိုးကျေးဇူးများစွာရှိသည်ဟု ဟိုးယခင်ကတည်းကပင်ဆိုခဲ့ကြသည်။ ငါးကြီးဆီစားခြင်းဖြင့် နှလုံးရောဂါကိုကာကွယ်ကုသနိုင်သည်ဟုအကြံပြုထားကြသည်။ သို့သော်လည်း ကျွန်ုပ်တို့ ခန္ဓါကိုယ်သည် Omega 3 fatty acids (ငါးကြီးဆီ) ကိုမထုတ်လုပ်နိုင်ပါဘူး။ လုံလောက်သော ပမာဏရနိုင်ရန်အတွက် ဖြည့်စွက်စာစားခြင်း (သို့) အစားအစာထဲတွင် ငါးအဆီထည့်ခြင်းများ ပြုလုပ်နိုင်ပါသည်။ အိုမီဂါ သရီး (Omega-3 fatty acids) အသားတွင်ရှိသော ပြည့်ဝဆီသည် သွေးအတွင်း ကိုလက်စထရောကိုတက်စေပါသည်။ သို့သော်လည်းငါးတွင် မပြည့်ဝဆီ (ငါးကြီးဆီ) ကြွယ်ဝပါသည်။ ငါးကြီးဆီသည် ရောင်ရမ်းမှုကိုသက်သာစေပြီး သွေးအတွင်း မကောင်းသောအဆီများကို လျော့ကျစေသည်။ သွေးခဲခြင်း၊ လေဖြတ်ခြင်းတို့ကို လျော့ကျစေပြီး သင့်ကိုကျန်းမာစေပါသည်။ ငါးကြီးဆီလုံလောက်စွာ စားသုံးသောသူများသည် နှလုံးနှင့်ပတ်သက်သောရောဂါများ ဖြစ်ရန်အခွင့်အလမ်း နည်းပါးပါသည်။ ငါးနှင့် ငါးကြီးဆီ လုံလောက်သော ငါးကြီးဆီပမာဏ ရရန်အတွက် အဆီများသောငါးများ (ဥပမာဆော်လမွန်၊ ဆာဒင်း၊ တူနာငါး)ကို ရွေးချယ်သင့်သည်။ ပင်လယ်စာအများစုသည် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရောင်ရမ်းခြင်းကို လျော့ကျစေသော အစားအသောက် ၇မျိုး

ရောင်ရမ်းခြင်းဆိုတာ အရိုးအဆစ်နဲ့ ကြွက်သားဆိုင်ရာ ရောဂါဝေဒနာအများစုမှာ ဖြစ်လေ့ရှိပါတယ်။ စောစီးစွာ ကုသမှုမခံယူရင် နာတာရှည် ရောင်ရမ်းခြင်းဝေဒနာကို ခံစားရနိုင်ပါတယ်။ သို့သော် ရောင်ရမ်းမှုအဆင့်ကို လျော့ကျသွားအောင် ကူညီပေးနိုင်တဲ့ လက်တွေ့နည်းလမ်းအချို့ရှိပါတယ်။ ဒါကတော့ သင့်ရဲ့ အစားအသောက်ကို ပြောင်းလဲ စားသောက်ပေးခြင်းမှ စတင်မှာ ဖြစ်ပါတယ်။ အာဟာရကျွမ်းကျင် ပညာရှင်များက လမ်းညွှန်ထားတဲ့ ရောင်ရမ်းမှုဝေဒနာကို လျော့ကျသက်သာအောင် ကူညီပေးနိုင်သော အစားအသောက် ၇မျိုးအကြောင်းကို ယခုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ရောင်ရမ်းခြင်းဆိုတာ ဘာလဲ ခန္ဓါကိုယ်ထဲမှ ကျန်းမာနေတဲ့ ဆဲလ်တွေ ပျက်စီးသောအခါ ကိုယ်ခံအားစနစ်မှ တုံ့ပြန်သောကြောင့် ဖြစ်လာတဲ့ အခြေအနေကို ရောင်ရမ်းခြင်းလို့ ခေါ်ပါတယ်။ ရောင်ရမ်းခြင်း ဖြစ်လာတဲ့အခါမှာ အဆစ်တွေဟာ နီခြင်း၊ ဖောင်းခြင်း ၊ တောင့်တင်းခြင်း၊ နာကျင်ခြင်းတွေ ဖြစ်ပေါ်စေပါတယ်။ ရောင်ရမ်းခြင်းကို လျော့ကျသက်သာစေတဲ့ ဓါတုပစ္စည်းတွေများစွာ ရှိပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာပျော်ရွှင်သောဘဝအတွက် အစားအသောက်အစီအစဉ်ဘယ်လိုရေးဆွဲမလဲ

ညီမျှတဲ့ အစားအစာတွေ စားသုံးခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းဟာ ကျန်းမာတဲ့ ဘဝတစ်ခု ရရှိဖို့အတွက် အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာတော့ သင့်ကို စားသောက်မှုပုံစံ အသစ်တစ်ခုကို ဖန်တီးဖို့ ကူညီသွားမှာဖြစ်ပါတယ်။ ဒါဆိုရင် ပိုမို ကျန်းမာစွာနေထိုင်ပြီး ရင်သားကင်ဆာကို တိုက်ဖျက်နိုင်တဲ့ ကျန်းမာတဲ့ အစားအသောက်ပုံစံကို ကိုယ်တိုင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အကောင်းဆုံး စားသောက်ပုံဆိုတာ သင်နဲ့ သင့်လျော်တဲ့ အစားအစာတွေကို ပြောတာပါ။ အခြားသူတွေစားသောက်ပုံကို မကြည့်ပါနဲ့။ သင့်မှာ သင့်ကိုယ်ပိုင် ကျန်းမာရေးအခြေအနေ၊ ငွေရေးကြေးရေးနဲ့ သင်နှစ်သက်မှုတွေ ရှိနေပါသေးတယ်။ သင့်စားသောက်ပုံဟာ သင့်အခြေအနေကို မူတည်ပြီး ဖန်တီးထားသင့်ပါတယ်။ သူ့ကို သင်ဘာစားချင်တယ်ဆိုတာ ပြောပြရင် သူက အဲဒီအစားအစာတွေဟာ သင့်တော်ရဲ့လားဆိုတာ ပြောပြပါလိမ့်မယ်။   သင်စားသောက်တဲ့ အစားအသောက်တွေအကြောင်း စဉ်းစားပါ။ အချို့သူတွေက ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ ကယ်လိုရီတွေကို ရေတွက်ဖို့လိုပါတယ်လို့ ထင်ကြပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကင်ဆာကုသမှုအတွက် ကျန်းမာသောအစားအသောက်ပုံစံကို စားပေးပါ။

ကင်ဆာဆေးသွင်းကုသခြင်း၊ ဓါတ်ရောင်ခြည်နဲ့ ကုသခြင်းနဲ့ အခြားကင်ဆာ ကုသမှုတွေဟာ သင့်ကိုယ်ခံအားစနစ်ကို လျော့ကျစေပြီး ပျို့အန်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားသုံးခြင်းဟာ ကင်ဆာ ကုသမှုတွေရဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို သက်သာစေပါတယ်။ ကင်ဆာ ကုသမှုဟာ ကိုယ်ခန္ဓါက အချို့အစားအစာတွေနဲ့ အာဟာရဓါတ်တွေ စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ လူနာ စားတဲ့ အစားအစာတွေဟာ သူ့ကို ကျန်းမာစေရုံသာမက ကုသမှုတွေ အတွင်းမှာ သက်တောင့်သက်သာ ရှိစေဖို့ ကူညီပေးပါတယ်။ ကျန်းမာတဲ့ အစားအသောက်တွေကို စားသောက်ပါ။ ကောင်းမွန်တဲ့ အစားအသောက်တွေ စားသောက်ခြင်းဟာ ကင်ဆာရောဂါကုသမှု ခံယူစဉ်မှာ အရေးကြီးပါတယ်။ ဖျားနာမှုရော ကုသမှုရောကပါ လူနာရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ လိုအပ်တဲ့အာဟာရတွေဟာ ကိုယ်ခံအားစနစ်ကြောင့် တစ်ယောက်နဲ့ တစ်ယောက် ကွာခြားမှု ရှိပါတယ်။ ဒါပေမယ့် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓါတ်ရောင်ခြည်ကုသစဉ် ကျန်းမာသောအာဟာရ ရရှိရန် အကြံပြုချက်၅မျိုး

ဓါတ်ရောင်ခြည်ကုသစဉ် ကျန်းမာသောအာဟာရ ရရှိရန် အကြံပြုချက်၅မျိုး   ကင်ဆာဆဲလ်များကို ဓါတ်ရောင်ခြည်နှင့် သတ်နေစဉ်တွင် ၎င်းမှ သင့်ခန္ဓါကိုယ်ကိုလည်း ထိခိုက်နိုင်ပါသည်။ ဓါတ်ရောင်ခြည်က သင့်ခန္ဓါကိုယ်ကအာဟာရများကို စုပ်ယူသည့် နည်းလမ်းကို ပြောင်းလဲစေပါသည်။ အောက်တွင် ဓါတ်ရောင်ခြည်နှင့် ကုသစဉ် ကျန်းမာသောအာဟာရ ရရှိရန် အသုံးပြုနိုင်သည့် နည်းလမ်း၅မျိုးရှိပါသည်။ ၁။ သင့်ခန္ဓါကိုယ်ကို ဂရုစိုက်ပါ။ ဓါတ်ရောင်ခြည်၏ သက်ရောက်မှုသည် လူတစ်ယောက်နှင့်တစ်ယောက် မတူပါ။ အချို့လူများတွင် သိသာသောပြောင်းလဲမှု မတွေ့ရသော်လည်း အချို့လူများတွင် ဆိုးဝါးသောဆိုးကျိုးများဖြစ်သည့် အန်ခြင်း၊ ခံတွင်းပျက်ခြင်း၊ ရင်ပြည့်ခြင်း၊ ပါးစပ်အနာဖြစ်ခြင်းနှင့် မျိုရခက်ခြင်းတို့ကို တွေ့ကြုံရသည်။ သင့်ခန္ဓါကိုယ် ဘယ်လိုခံစားရသလဲပေါ်မူတည်ပြီး စားသည့်အလေ့အကျင့်ကို ညှိဖို့လိုအပ်သည်။ အချို့က အရသာရှိသောအစားအစာပဲစားနိုင်ချိန်တွင် အချို့က အဖြူထည်ကိုပိုကြိုက်ကြသည်။ သင်အရသာတွေ့သည်အတိုင်းစားပါ။ ၂။ သင့်ရေခဲသေတ္တာထဲမှာ အပြည့်သိုလှောင်ထားပါ။ အော်ဂဲနစ်နှင့် ကျန်းမာသောအစားအစာများကို ဝယ်သွားပါ။ ကျန်းမာသော အစားအစာများပြင်ဆင်ကာ ရေခဲသေတ္တာထဲတွင် သင်ဓါတ်ရောင်ခြည် မကုခင်သိမ်းထားပါ။ ဓါတ်ရောက်ခြည်ကုခြင်းက သင့်ကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အမြန်စား မနက်စာ စိတ်ကူး

အမြန်စား မနက်စာ စိတ်ကူး မနက်ပိုင်းမှာ အချိန်မရရင်တောင်မှ သင့်မနက်စာကို မစားဖြစ်ဘဲ အပြင်ထွက်တာမျိုး မလုပ်ရပါဘူး။ အခုပြောမှာကတော့ မြန်ဆန်ပြီး အာဟာရဓါတ်ပြည့်တဲ့ မနက်စာနဲ့အတူ သင့်ရဲ့တနေ့တာလုံးကို အင်အားဖြစ်သွားစေမယ့် နည်းလမ်းအချို့ပါပဲ။ သင့်ရဲ့မီးဖိုချောင်ကိုဖြည့်တင်းထားပါ မနက်စာကို အိမ်မှာပြင်ဆင်နိုင်ဖို့ သင့်ရဲ့မီးဖိုချောင်ကို ကျန်းမာရေးအထောက်အကူပြုတဲ့ စားစရာတွေနဲ့ ဖြည့်ထားပါ။ အောက်ပါစာရင်းမှ စာစရာတွေကို လက်တကမ်းမှာထားပြီး အချိန်မရွေး ယူငင်စားသုံးနိုင်ပါတယ်။ အသီးများ လတ်ဆတ်သော အသီးများ။ ပန်းသီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ပျားလိမ္မော်၊ သစ်တော်သီး၊ မက်မွန်သီးစတဲ့ အသီးတေါဟာ လွယ်လင့်တကူ ရရှိနိုင်ပါတယ်။ အေးခဲသောအသီးများ။ အသီးများကို တအိတ်စာ နှစ်အိတ်စာ ရေခဲသေတ္တာထဲမှာ သိမ်းထားပြီး စက်နဲ့ညက်နေအောင် ဖျော်သောက်တာ၊ ဒိန်ချဉ်နဲ့ ရောစားနိုင်ပါတယ်။ စည်သွပ်ထားသောအသီးများ။ ရှောက်ချိုသီး၊ မက်မွန်သီးကဲ့သို့သော အသီးများနဲ့ သီးစုံဖျော်ရည်များ တနိုင်စာသောက်ပါ။ အခြောက်လှမ်းထားသောအသီးများ။ စပျစ်သီးခြောက်၊ ဘယ်ရီသီးခြောက် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင့်အစားအစာရဲ့ ကစီဓါတ်ကို ဘယ်လိုတွက်ဆနိုင်မလဲ

သင့်အစားအစာရဲ့ ကစီဓါတ်ကိုဘယ်လိုတွက်ဆနိုင်မလဲ လူကြိုက်အများဆုံး နှစ်သက်စရာအကောင်းဆုံးစားစရာတွေမှာကစီဓါတ်နဲ့ အဆီဓါတ် အများအပြား ပါဝင်တတ်ပါတယ် (ဥပမာမက်ခရောနိခေါက်ဆွဲ၊ ဒိန်ခဲ)။ ဒါတွေကိုဆီးချိုရောဂါသည် စားရမယ့် စာရင်းဘယ်လိုသွင်းရမလဲဆိုတာ ဝေခွဲမရ ဖြစ်နေနိုင်ပါတယ်။ သင့်အနေနဲ့ ကစီဓါတ်များတဲ့ အစားအစာတွေကိုထည့်သွင်းတွက်ချက်ရမှာပဲ ဖြစ်ပါတယ်။   ဘာကိုဆိုလိုသလဲ? သင်စိတ်တိုင်းကျ စားစရာရွေးချယ်တဲ့အခါ အာဟာရဓါတ် အပြည့်ဆုံးကိုရွေးချယ်ပြီးစားတဲ့အခါမှာတော့ နည်းနည်းပဲစားရပြီး ကစီဓါတ်ပါဝင်မှုကိုတွက်ဆထိန်းသိမ်းရပါမယ်။ အောက်ပါအချက်တွေကတော့ ကာဘိုဟိုက်ဒြိတ်အစားအစာတွေကို ဘယ်လိုစားသုံးသင့်လဲဆိုတာဖော်ပြထားပါတယ်။ သကြားများတဲ့ သောက်စရာများကိုရှောင်ပါ။ ဆိုဒါရည်၊ လက်ဖက်ရည်၊ သီးစုံဖျော်ရည်နဲ့ အားကစားသမားများသောက်သည့် အရည်များ။ သူတို့အစားကိုရေနဲ့ diet ဆိုဒါရည်၊ သကြားမပါတဲ့ ဖျော်ရည် စတာတွေ သောက်ပေးနိုင်ပါတယ်။ အသီးဖျော်ရည်သောက်မယ့်အစားအသီးတခုလုံးစားပေးပါ။ အာလူးစားမည့်အစားကန်စွန်းဥစားပါ။ ပေါင်မုန့်ဖြူနှင့် ပုံမှန် pasta ခေါက်ဆွဲအစားပေါင်မုန့်ကြမ်းနှင့် pasta ခေါက်ဆွဲကြမ်းကိုစားပါ။ အဆင့်ဆင့်ပြုပြင်ထားသောဂျုံမုန့်များအစားအုတ်ဂျုံမှုန့်နှင့်ပြုလုပ်ထားသောအစာကိုစားပါ။ ဆန်အဖြူအစားဆန်လုံးညို၊ ဘာလီစွပ်ပြုတ်၊ နှပ်ချက်စာ၊ အသီးအရွက်များကိုပိုစားပါ။ ကစီဓါတ်အမျိုးမျိုးအကြောင်းလေ့လာပါ။ ဂျုံအချောစားပေါ်မူတည်တဲ့ zucchiniပေါင်မုန့်နဲ့ pancake လုပ်နည်းရှိပါသလား? […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာစေသော အစားအသောက်ပုံစံ ဖန်တီးခြင်း

သင့်ရဲ့ဆီးချိုစားသောက်မှုပုံစံက သင့်ရဲ့သွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်ဖို့ကူညီပေးမှာပါ။ အခုပြောပြသွားမှာက အစားအစာပြင်ဆင်ပုံကနေစပြီး အာဟာရပါဝင်မှုတွေ ကာဗိုဟိုက်ဒရိတ် ရေတွက်မှုတွေ အထိဖြစ်ပါတယ်။ ဆီးချိုစားသောက်မှုပုံစံကို ဆေးဖက်ဆိုင်ရာအာဟာရကုထုံး(MNT)လို့လည်း သိကြပါတယ်။ သူကသင်နဲ့ သင့်တော်တဲ့ အာဟာရပြည့်စုံတဲ့ အစားအစာမျိုးစုံကို သင့်တင့်မျှတတဲ့ပမာဏနဲ့အချိန်မှန်မှန်စားသောက်စေတာပါ။ အလွန်အကျွံကန့်သတ်ထားတဲ့ စားသောက်မှုပုံစံတွေ နဲ့ယှဉ်ရင်ဒီဆီးချိုစားသောက်မှုပုံစံကအာဟာရနဲ့ပြည့်စုံတဲ့အပြင်အဆီနဲ့ကယ်လိုရီလျော့နည်းပြီးသစ်သီး၊ဟင်းသီးဟင်းရွက်နဲ့အစေ့အဆံတွေအပေါ်အခြေခံထားပါတယ်။ တကယ်တော့ ဆီးချိုစားသောက်မှုပုံစံက လူတိုင်းအတွက်သင့်တော်ပါတယ်။   ရည်ရွယ်ချက် တကယ်လို့ သင်ကဆီးချိုဖြစ်နေရင် ဒါမှမဟုတ်ဆီးချိုပဏာမအဆင့် ဖြစ်နေပြီဆိုရင် သင့်မိသားစုဆရာဝန်ကသင့်ကို သင့်တော်တဲ့ ဆေးဖက်ဆိုင်ရာအာဟာရကုထုံး(MNT) စားသောက်မှု ပုံစံပြောင်း လဲခြင်း ၊ ဆီးချိုအထူးကုဆီ လွှဲပေးခြင်းများကို ပြုလုပ်ပါလိမ့်မယ်။ ဒီစားသောက်မှုပုံစံကသင့်ရဲ့သွေးတွင်းသကြားဓါတ်ကိုထိန်းညှိနိုင်ပြီးသင့်ကိုယ်အလေးချိန်ကိုလည်းထိန်းထားနိုင်ပါတယ်။ သင်ကယ်လိုရီနဲ အဆီတွေပိုစားမိတဲ့အခါမှာ သင့် ရဲ့သွေးထဲက ကလူးကိုစ့် (glucose) သကြားဓါတ်က မြင့်တက်လာပါတယ်။ သွေးထဲက ကလူးကိုစ့် ပါဝင်မှုကို မစစ်ဘဲထားထားရင် သွေးတွင်းသကြားဓါတ်မြင့်တက်ခြင်း (hyperglycaemia) လို့ခေါ်တဲ့ အန ္တရာယ်များတဲ့အခြေအနေတစ်ခုဖြစ်လာနိုင်တဲ့အပြင် အာရုံကြော၊ ကျောက်ကပ်နဲ့ နှလုံးတို့ကိုလည်း ထိခိုက်လာစေနိုင်ပါတယ်။ သင့်တော်တဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း