ဝလာရတာက စားလိုက်တဲ့အစားအစာကြောင့် မဟုတ်ဘဲ စားတဲ့အချိန်ကြောင့် ဆိုတာသိရဲ့လား

ဝလာရတာက စားလိုက်တဲ့အစားအစာကြောင့် မဟုတ်ဘဲ စားတဲ့အချိန်ကြောင့် ဆိုတာသိရဲ့လား
ဝလာရတာက စားလိုက်တဲ့အစားအစာကြောင့် မဟုတ်ဘဲ စားတဲ့အချိန်ကြောင့် ပါတဲ့။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့
အစားစစားတိုင်း ဝလာတာမဟုတ်ဘူးလို့ပြောရတဲ့ အကြောင်းအရင်း
မကြာသေးခင်က လုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ အစားစားလို့ ဝတယ်ဆိုတာထက် အစားစားချိန် နောက်ကျတာကြောင့် ပိုဝလာရတာပါ၊လို့ တွေ့ရှိခဲ့ရပါတယ်။ သုတေသီတွေက ဒီတွေ့ရှိချက်ကို အသေးစိတ် လေ့လာထားတာ ဖြစ်ပါတယ်။
အဝမလွန်ဖို့ အစားစားတဲ့အချိန်ကို ပြောင်းကြစို့!
ရိုးစင်းတဲ့ ပြောင်းလဲမှု တစ်ရပ်အနေနဲ့ မနက်စာစားချိန်နဲ့ ညစာစားချိန်ကို ပြောင်းလဲမှုက အဝလွန်မဖြစ်အောင် ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုအတွင်း သုတေသီတွေက အသက် ၃၆ နှစ်ဝန်းကျင် ပုံမှန် ကိုယ်အလေးချိန်ထက် ပိုနေသူတွေ၊ အဝလွန်နေသူတွေ ၃၁ ဦးကို လေ့လာခဲ့ပါတယ်။
လေ့လာမှုအတွင်း ပါဝင်သူတွေရဲ့ စားသောက်မှုပုံစံ၊ အိပ်ချိန်နဲ့ ကိုယ်လက်လှုပ်ရှားမှုအတိုင်းအတာတို့ကိုပါ လေ့လာခဲ့ပါတယ်။ အထိုင်များတဲ့ အလုပ်လုပ်နေတာလား ဆိုတဲ့အချက်တွေကိုပါ လေ့လာခဲ့တာပါ။
သုတေသီတွေက လေ့လာမှုမှာ ပါဝင်သူတွေကို ဖုန်းအက်ပ်တစ်ခု သုံးပြီး စောင့်ကြည့်ခဲ့ပါတယ်။ စားသောက်တဲ့ အစားအစာတွေနဲ့ အစားစားချိန်တွေကို အတိအကျ ရယူခဲ့ပါတယ်။ အိပ်စက်ချိန်တွေပါ မကျန်ပေါ့။ တစ်နေ့ကို ၇ နာရီထက်လျော့ပြီး အိပ်တဲ့သူတွေ၊ ည ၈ နာရီနောက်ပိုင်းမှ အစားစားသူတွေက ပုံမှန်ထက်ပိုပြီး အဝလွန်နိုင်ခြေ ပိုများနေပါတယ်။
ညကို နောက်ကျပြီး အစားစားလေလေ ဝနိုင်ခြေက ပိုများလေလေပါနော်။ ဒီတော့ အဖြေက လွယ်ပါတယ်။ ညနေစောင်းထဲက စားချင်တာတွေ အပြီးစားပေါ့။ ညစာကို နောက်အကျဆုံး ၈ နာရီမတိုင်ခင် စားတာက အဝလွန်တာ မဖြစ်နိုင်ဖို့ရော ဝိတ်မတက်စေဖို့ရော ကာကွယ်ရာ ရောက်ပါတယ်။
ဝလာရတာက စားလိုက်တဲ့အစားအစာကြောင့် မဟုတ်ဘဲ စားတဲ့အချိန်ကြောင့်လို့ ပြောရတဲ့ အကြောင်းအရင်းကို သိပြီဟုတ်။