အဝလွန်ခြင်း

အဝလွန်ခြင်းက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ယခုအခါမှာ အဝလွန်ခြင်းကို ရောဂါတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ အဝလွန်ခြင်းကြောင့် နောက်ဆက်တွဲအနေနဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ တချို့သောကင်ဆာတွေ ဖြစ်လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အဝလွန်ခြင်း

သင့်ဗိုက်မှာ အဆီပိုတွေ စုဝေးရခြင်းအကြောင်းများ

ဝမ်းဗိုက်မှာ အဆီပိုတွေ စုဝေးနေခြင်းဟာ ကျန်းမာရေးအတွက် မကောင်းတဲ့အချက်ဖြစ်ပါတယ်။ ဇီဝဖြစ်ပျက်မှုဆိုင်ရာ ရောဂါစု၊ အမျိုးအစား ၂ ဆီးချို၊ နှလုံးရောဂါ၊ ကင်ဆာ စတာတွေကို ဖြစ်နိုင်ခြေ မြင့်စေပါတယ်။ ဝမ်းဗိုက်အတွင်းပိုင်း အသည်းနဲ့ ကလီစာများမှာပါ အဆီများ စုဝေးနိုင်ပါတယ်။ ကိုယ်အလေးချိန် သိပ်မများတဲ့လူတွေတောင် ဝမ်းဗိုက်မှာ အဆီပိုတွေရှိရင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ သင့်ဝမ်းဗိုက်မှာ အဆီပိုများကို စုဝေးလာစေတဲ့အကြောင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ သကြားဓာတ်များသော စားသောက်ဖွယ်ရာများ လူအတော်များများဟာ သူတို့ထင်ထားတာထက်ကို သကြားကို စားဖြစ်ကြပါတယ်။ ချိုချဉ်၊ ကိတ်မုန့်၊ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည် စသဖြင့် စားသုံးလိုက်တိုင်းမှာ သကြားဓာတ်ကို ရရှိနေပါတယ်။ သုတေသနတွေအရ သကြားဓာတ်စားသုံးမှုမြင့်မားခြင်းနဲ့ ဝမ်းဗိုက်အဆီစုခြင်းအကြား ဆက်စပ်နေပါတယ်။ စားကောင်းအောင် အချိုဓာတ်ဖြည့်သွင်းထားတဲ့ စားစရာတွေဟာ ကယ်လိုရီတက်စေနိုင်ပါတယ်။ အယ်လ်ကိုဟော အယ်လ်ကိုဟောဟာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့အပိုင်း ရှိသလို ထိခိုက်စေတဲ့အပိုင်းလည်း ရှိပါတယ်။ […]

အဝလွန်ခြင်း ကို ရှာဖွေမည်။

အဝလွန်ခြင်း

Obesity (အဝလွန်ခြင်း)

Obesity (အဝလွန်ခြင်း) ဆိုတာ ဘာလဲ။ အဝလွန်ခြင်းဆိုတာ ခန္ဓာကိုယ်တွင်း အဆီဓာတ်အလွန်များတဲ့အခြေအနေပါဝင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်ပါတယ်။ အဝလွန်ခြင်းဟာ လူနာရဲ့ ခန္ဓာကိုယ်ပိုင်းထိခိုက်စေရုံသာမက တခြားသော ရောဂါများဖြစ်တဲ့ နှလုံးရောဂါ၊ ဆီးချိုသွေးချိုနဲ့ သွေးတိုးခြင်းတို့ကိုလည်း ဖြစ်နိုင်စေပါတယ်။ အဝလွန်ခြင်းနဲ့ ကိုယ်အလေးချိန်များခြင်းဟာ မတူညီတဲ့ သဘောတရားနှစ်မျိုးဖြစ်ပါတယ်။ ကိုယ်အလေးချိန်များတာဟာ အရပ်အမြင့်ကိုလိုက်ပြီး ဖြစ်နိုင်ပြီး အဆီများခြင်းကြောင့်သာမက ကြွက်သားကြီးထွားခြင်းနဲ့ ခန္ဓာတွင်း ရေများနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေနှစ်ရပ်လုံးက ကျန်းမာရေးအခြေအနေပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်နိုင်ပါတယ်။ Obesity (အဝလွန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ BMI 25 ထက်များတဲ့ လူတွေကို ကိုယ်အလေးချိန်များသူများ၊ 30 နှင့် အထက်ကို ဝသော သူများ၊ 40 သို့ 40 ထက်များသူတွေကို အဝလွန်သူများလို့ခေါ်ပါတယ်။ BMI ဆိုတာ လူတစ်ယောက် ကိုယ်အလေးချိန်များနေလား ဆိုတာ သိအောင် […]


အဝလွန်ခြင်း

ရေခဲမုန့်စားခြင်းက ကိုလက်စထရောမြင့်တက်မှုကို ဖြစ်စေသလား

ရေခဲမုန့်ဟာ အသက်အရွယ်မရွေး နှစ်သက်သဘောကျတဲ့ အစားအစာတစ်ခုဆိုတာကိုတော့ အထူးတလည်ရှင်းပြစရာ လိုမယ်မထင်ပါဘူး။ ဒါပေမယ့် ရေခဲမုန့်ဟာ အရသာကောင်းသလောက် ပြည့်ဝဆီနဲ့ သကြားအမြောက်အများပါဝင်ပြီး သွေးကြောတွေကို ပိတ်ဆို့စေတဲ့ မကောင်းတဲ့ LDL ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက်ပမာဏကို မြင့်တက်စေတဲ့ အဓိကတရားခံတစ်ခုလည်း ဖြစ်လို့နေပါတယ်။ ဒါ့အပြင် ရေခဲမုန့်ကြောင့် ကိုယ်အလေးချိန်တိုးလာနိုင်ပြီး သွေးတွင်းကိုလက်စထရောပမာဏ မြင့်တက်ဖို့ အလားအလာများပါတယ်။ အစားအသောက်နဲ့နှလုံးကျန်းမာရေး နှလုံးကျန်းမာရေးကိုစောင့်ရှောက်ရာမှာ ပြည့်ဝဆီ၊ ဟင်းသီးဟင်းရွက်ဆီကို စက်မှုနည်းပညာအရ ပြင်ဆင်ချက်လုပ်ထားတဲ့ trans fats နဲ့ သကြားပါဝင်မှုနည်းတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။ အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့အစည်းရဲ့ အဆိုအရ လူတစ်ယောက်ဟာ တစ်နေ့ကို ပြည့်ဝဆီ ၁၆ဂရမ်၊ trans fats ၂ဂရမ်ထက် ပိုမစားသင့်သလို သကြားစားသုံးမှုကိုလည်း နေ့စဉ်စားသုံးတဲ့ ကယ်လိုရီပမာဏရဲ့ ၅ရာခိုင်နှုန်းကနေ ၁၀ရာခိုင်နှုန်းအတွင်းရှိအောင် ချင့်ချိန်ကန့်သတ်သင့်ပါတယ်။ ကိုလက်စထရောထိန်းရင်း ရေခဲမုန့်စားကြမယ် ချောကလက်ရေခဲမုန့်တစ်ခွက်မှာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း