အဝလွန်ခြင်း

အဝလွန်ခြင်းက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ယခုအခါမှာ အဝလွန်ခြင်းကို ရောဂါတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ အဝလွန်ခြင်းကြောင့် နောက်ဆက်တွဲအနေနဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ တချို့သောကင်ဆာတွေ ဖြစ်လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အဝလွန်ခြင်း

သင့်ဗိုက်မှာ အဆီပိုတွေ စုဝေးရခြင်းအကြောင်းများ

ဝမ်းဗိုက်မှာ အဆီပိုတွေ စုဝေးနေခြင်းဟာ ကျန်းမာရေးအတွက် မကောင်းတဲ့အချက်ဖြစ်ပါတယ်။ ဇီဝဖြစ်ပျက်မှုဆိုင်ရာ ရောဂါစု၊ အမျိုးအစား ၂ ဆီးချို၊ နှလုံးရောဂါ၊ ကင်ဆာ စတာတွေကို ဖြစ်နိုင်ခြေ မြင့်စေပါတယ်။ ဝမ်းဗိုက်အတွင်းပိုင်း အသည်းနဲ့ ကလီစာများမှာပါ အဆီများ စုဝေးနိုင်ပါတယ်။ ကိုယ်အလေးချိန် သိပ်မများတဲ့လူတွေတောင် ဝမ်းဗိုက်မှာ အဆီပိုတွေရှိရင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ သင့်ဝမ်းဗိုက်မှာ အဆီပိုများကို စုဝေးလာစေတဲ့အကြောင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ သကြားဓာတ်များသော စားသောက်ဖွယ်ရာများ လူအတော်များများဟာ သူတို့ထင်ထားတာထက်ကို သကြားကို စားဖြစ်ကြပါတယ်။ ချိုချဉ်၊ ကိတ်မုန့်၊ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည် စသဖြင့် စားသုံးလိုက်တိုင်းမှာ သကြားဓာတ်ကို ရရှိနေပါတယ်။ သုတေသနတွေအရ သကြားဓာတ်စားသုံးမှုမြင့်မားခြင်းနဲ့ ဝမ်းဗိုက်အဆီစုခြင်းအကြား ဆက်စပ်နေပါတယ်။ စားကောင်းအောင် အချိုဓာတ်ဖြည့်သွင်းထားတဲ့ စားစရာတွေဟာ ကယ်လိုရီတက်စေနိုင်ပါတယ်။ အယ်လ်ကိုဟော အယ်လ်ကိုဟောဟာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့အပိုင်း ရှိသလို ထိခိုက်စေတဲ့အပိုင်းလည်း ရှိပါတယ်။ […]

အဝလွန်ခြင်း ကို ရှာဖွေမည်။

အဝလွန်ခြင်း

ကိုယ့်ကလေး အဝမလွန်အောင် ဘယ်လိုပြုစုစောင့်ရှောက်မလဲ

အဝလွန်တယ်ဆိုတာ ဘယ်အရွယ်အတွက်မဆို ကောင်းတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကလေးဟာ တခြားကလေးတွေထက် ပိုဝနေပြီဆိုတာ သံသယရှိလာပြီဆိုရင် မိဘတွေအနေနဲ့ သူတို့ရဲ့ နေထိုင်စားသောက်ပုံတွေကို ပြန်ပြီးလေ့လာကြည့်ဖို့ လိုအပ်လာပါပြီ။ အဝလွန်ခြင်းနဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ အသက်အရွယ်မရွေး အဝလွန်ြခင်းကြောင့် ကျန်းမာရေးမှာ ထိခိုက်လာနိုင်တာတွေ အများကြီးပါပဲ။ ဖြစ်နိုင်ခြေများတဲ့ ရောဂါတွေကတော့ နှလုံး၊ ဆီးချို၊ သွေးတိုးရောဂါတွေ ဖြစ်ပြီး ညဘက်ကောင်းစွာ မအိပ်စက်နိုင်တာ၊ ကိုလက်စ်ထရောများတာ၊ ပန်းနာရင်ကြပ်၊ ကျောက်ကပ်ရောဂါတွေ၊ သည်းခြေကျောက်တည်တာ အစရှိတဲ့ ကျန်းမာရေးပြဿနာတွေ ကြုံလာနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ငယ်ရွယ်စဉ်ကတည်းက အဝမလွန်အောင် မိဘတွေအနေနဲ့ ဘယ်လိုကာကွယ်ပေးလို့ရမလဲဆိုတာ ပြောပြပေးမယ်နော်။ ၁။ အစာအာဟာရမျှတအောင် ကျွေးပါ။ ကလေးတွေကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေဖို့အတွက် နေ့စဉ်လိုအပ်တဲ့ အစာအာဟာရကို သေချာချက်ပြုတ်ကျွေးမွေးဖို့ လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေမှာ ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေအပြင် […]


အဝလွန်ခြင်း

ကလေးတွေမှာ အဝလွန်တာကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေ

ကလေးပဲ ဝပါစေ၊ ချစ်ဖို့တောင် ကောင်းသေးဆိုပေမယ့် အရမ်းဝတာကတော့ မကောင်းဘူးနော်။ ကလေးက ဖွံ့တာလောက်က ကိစ္စမရှိပေမယ့် အရမ်းဝလွန်းနေရင်တော့ မကောင်းပါဘူး။ အဝလွန်တာက အဝလွန်တယ်ဆိုတာမှာတင် ရပ်မနေပါဘူး။ နောက်ဆက်တွဲပြဿနာတွေ တော်တော်များများ ရှိနေပါတယ်။ လူကြီးအရွယ်မှာ အဝလွန်တာက ကိုယ်ဖန်တီးတဲ့ ကိုယ့်ကိစ္စလို့ ဆိုနိုင်ပေမယ့် ကလေးအရွယ်မှာ အဝလွန်တာ မဖြစ်စေဖို့ကတော့ မိသားစုမှာ တာဝန် ရှိပါတယ်။ ကလေးတစ်ယောက်ကို အဝလွန်စေတဲ့ အကြောင်းအရင်းတွေက ဒါတွေပါ ကလေးက သူ့အသက်အရွယ်မှာ ရှိသင့်တဲ့ ပုံမှန် ကိုယ်အလေးချိန်ထက် များနေမယ်။ BMI က ရှိသင့်တာထက် ပိုနေမယ်ဆိုရင် အဝလွန် နေပြီလို့ ပြောလို့ရပါတယ်။ ကလေး တစ်ယောက်ကို အဝလွန်စေတဲ့ အကြောင်းအရင်းတွေက လူကြီးတွေမှာ အဝလွန်စေတဲ့ အကြောင်းအရင်းနဲ့ တူတူပါပဲ။ နေ့စဉ်နေထိုင်တဲ့အပြုအမူ အလေ့အထတွေ နဲ့ မျိုးရိုးလိုက်တာတွေကြောင့် ကလေးတွေမှာ […]


အဝလွန်ခြင်း

သင် အရမ်းဝနေပြီလား

လူတော်တော်များများက အခြားသူကိုယ်အလေးချိန်အပေါ်ဝေဖန်တတ်ကြသည်။ ထိုပြင် အဝလွန်ခြင်းက နာတာရှည်ရောဂါ များ ဥပမာ အမျိုးအစား-၂ ဆီးချို၊ နှလုံးရောဂါနှင့် ကင်ဆာပုံစံများကိုဖြစ်စေသည်။ ဝိတ်တက်စေသော အရာများစွာ ပတ်ဝန်းကျင် မိသားစုသမိုင်း နှင့် မျိုးရိုး အစရှိသည်တို့ရှိသော်လည်း အဝလွန်ခြင်းကို နေထိုင်မှုပုံစံပြောင်းလဲခြင်းဖြင့်လုပ်နိုင်သည်။ သင်ခန္ဓါကိုယ်အလေးချိန်ရှာနိုင်သော အသုံးများဆုံးနည်းလမ်းမှာ ဘီအန်အိုင်တွက်ခြင်းဖြစ်သည်။ ဘီအန်အိုင်သည် သင်ခန္ဓါကိုယ် သင်အရပ် နှင့် သင့်အဆီပမာဏကိုတွက်ပေးနိုင်သည်။ ထိုတွက်နည်းက ဖို၊မ နှစ်ခုလုံးတွင်သုံးနိုင်သော်လည်း အချို့သူများတွင်အကန့်အသတ်တော့ရှိသည်။ဥပမာ အားကစားသမားခန္ဓါကိုယ်အဆီ နှင့် ကြွက်သားလေ့ကျင့်နေသောသူ၏အဆီ က ပုံမှန် အလုပ်လုပ်သောသူနှင့်မတူနိုင်ပါ။ ဘီအန်အိုင်က ကလေးများ ဆယ်ကျော်သက်နှင့် အသက်ကြီးသူများတွင် မှားနိုင်သည်။ ဘီအန်အိုင်အဓိပ္ပါယ်များရှိသည်။ ဘီအန်အိုင်။ ခန္ဓါကိုယ်အခြေအနေ ၁၈.၅-၂၄.၉။ ပုံမှန်ကိုယ်အလေးချိန် ၂၅.ဝ-၂၉.၉။ ပုံမှန်ထက်ပိုခြင်း ၃၀.ဝ-၃၉.၉ ။ ဝခြင်း ၄၀ နှင့်အထက်အလွန်အဝလွန်ခြင်း သင်မှန်ကြည့်ချိန်တွင် အဆီများစွာရှိနေသည်ဟုထင်ပါက သင်ခန္ဒါကိုယ်မှ သင်အလေးချိန် ကိုဖော်ပြနေခြင်းဖြစ်နိုင်သည်။ အောက်ပါအချက်များက သင်အဝလွန်နေသည်ကိုဖော်ပြသည်။ ၁။ လေ့ကျင့်ခန်းလုပ်ရန်စိတ်မသက်မသာဖြစ်သည်။ ပုံမှန်လှုပ်ရှားမှုလုပ်ဆောင်ခြင်းက […]


အဝလွန်ခြင်း

မွေးကင်းစတွေနဲ့ ကလေးငယ်တွေမှာ အိပ်စက်ခြင်းက ကလေးငယ်အဝလွန်ခြင်းနဲ့ သက်ဆိုင်နေသလား

အိပ်စက်ခြင်းဟာ လူသားတွေအတွက် အသက်အရွယ်မရွေး၊ ကျားမမရွေး ကိုယ်ခန္ဓါကျန်းမာရေးအတွက် အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်နေပါတယ်။ ကလေးတွေအတွက်ဆိုရင်တော့ အိပ်စက်ခြင်းက ပိုလို့ပိုလို့ အဓိကကျပါတယ်။ ကျန်းမာရေးပြဿနာတော်တော်များများဟာ အိပ်စက်ခြင်းနဲ့ ဆက်နွယ်နေပါတယ်။ အဝလွန်ခြင်းဟာလည်း ဒီထဲက တစ်ခုပါပဲ။ ကလေးငယ်၊ အိပ်စက်ခြင်းနဲ့ အဝလွန်ခြင်း လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုအကျော်လောက်ကတည်းက အသက် ၂နှစ်က ၅နှစ်ကြားကလေးတွေမှာ အဝလွန်ခြင်းဟာ ၂ဆလောက်မြင့်တက်လာပါတယ်။ ၆နှစ်က ၁၁နှစ်ကလေးတွေမှာတော့ ၃ဆလောက်နီးနီးဖြစ်လာသလို ၁၂ကနေ ၁၉နှစ်ထိ ဆယ်ကျော်သက်အရွယ်တွေမှာတော့ ၂ဆလောက်ဖြစ်လာပါတယ်။ ၂၀၁၀ခုနှစ်၊ စက်တင်ဘာ ၇ရက်နေ့ကလုပ်တဲ့ လေ့လာမှုတစ်ခုကတော့ ညဘက်မှာ ကောင်းကောင်းမွန်မွန် လုံလုံလောက်လောက် မအိပ်တဲ့ကလေးတွေဟာ သူတို့အရွယ်မရောက်ခင် အချိန်မှာတည်းက အဝလွန်ရောဂါဖြစ်ဖို့ ပိုလွယ်တယ်လို့ဆိုပါတယ။် ဒီလေ့လာမှုကပဲ နေ့လည်ဘက် တစ်ရေးတစ်မောအိပ်ခြင်းဟာ ညဘက်မှာ အိပ်စက်ခြင်းကို အစားမထိုးနိုင်ဘူးရယ်လို့လည်း ဆိုပြန်ပါတယ်။ အိပ်ရေးမဝခြင်းဟာ လူငယ်တွေမှာတော့ အဝလွန်ဖို့ဦးတည်စေပါတယ်။ ကလေးတွေ၊ အိပ်စက်ခြင်းနဲ့ အဝလွန်ခြင်းကြားက […]


အဝလွန်ခြင်း

အဝလွန်ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ

အဝလွန်ခြင်းဟာ ကလေးတွေကြားမှာတော့ အဖြစ်အများဆုံး ပြဿနာတစ်ခုပါပဲ။ အချို့လူတွေကတော့ ကလေးဝဝလေးတစ်ယောက်ဟာ သူတို့ရဲ့ ပုံပန်းသဏ္ဍာန်နဲ့ ပတ်သက်ပြီးတော့လည်း ပျော်နေနိုင်ကြတာပဲလို့ ဆိုကြပါလိမ့်မယ်။ ဒါပေမဲ့ အဝလွန်နေတဲ့ကလေးတွေအားလုံးမှာတော့ ဒီလိုမခံစားကြရပါဘူး။ သင့်ကလေးလေးက စပြီးဝလာပြီဆိုတာနဲ့ သူတို့တွေမှာ ကျန်းမာရေးနဲ့ဆိုင်တဲ့ပြဿနာတွေကို စပြီးခံစားရတော့တာပါပဲ။ ဒါတင်မကသေးဘဲ ခံစားချက်ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ တွဲဖက်ခံစားရနိုင်ပါတယ်။ Social stigma Social stigma ဆိုတာကတော့ အဝလွန်ကလေးအများစု အမြဲလိုလိုခံစားရလေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုပါ။ လူမှုပတ်ဝန်းကျင်ကလည်း ပိန်သွယ်ခြင်းကိုသာ လက်ခံကြတယ်လို့ ဆိုပါတယ်။ အဝလွန်နေတဲ့ကလေးတွေဟာ သူတို့ဒီလိုဝနေတာကြောင့် လူကြီးတွေက တခြားကလေးတွေနဲ့စာရင် သူတို့အပေါ်အချစ်လျော့တယ်လို့ ထင်တေနတတ်ကြပါတယ်။ ဒီခံစားမှုဟာ ကလေးငယ်ရဲ့ ကောင်းမွန်တဲ့ခံစားချက်တွေနဲ့ ယုံကြည်မှုတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ကလေးတွေရဲ့ ဝမ်းနည်းမှုကို သူတို့မျက်လုံးတွေမှာ မြင်နိုင်ပြီး သူတို့စကားလုံးတွေမှာတော့ သူတို့ရဲ့ စိတ်ဓါတ်ကျဆင်းမှုတွေကို အတိုင်းသားကြားနိုင်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းလာခြင်းနဲ့ ကျောင်းတွင် […]


အဝလွန်ခြင်း

ဗိုက်က အဆီတွေကို တာတာ့ပြနိုင်ဖို့ သောက်သင့်တဲ့ ဖျော်ရည်များ

ဗိုက်က အဆီတွေကို တာတာ့ပြနိုင်ဖို့ သောက်သင့်တဲ့ ဖျော်ရည်များ ဘယ်မိန်းကလေးကမှ ဗိုက်က အဆီတွေကို ကြည်ဖြူစွာ လက်ခံထားချင်မှာ မဟုတ်ပါဘူး။ ဗိုက်မှာ အဆီတွေရှိနေတာက လူကိုဝသလို ခံစားရစေနိုင်ပြီး အဝတ်အစား ဝတ်ရင်လည်း ဗိုက်ချပ်ချပ်လေး မဖြစ်လို့ မလှဘူးလို့ ခံစားရနေနိုင်ပါတယ်။ ဒီလိုတွေဖြစ်နေပြီဆိုရင်တော့ အဆီတွေ၊ ဗိုက်ခေါက်တွေကို လက်ပြနှုတ်ဆတ်ဖို့ အချိန်တန်ပါပြီ။ တချို့တွေကတော့ ဗိုက်က အဆီတွေ ကျစေဖို့ အစားအစာ လုံးဝမစားတာမျိုး ရှိပါတယ်။ အစားမစားတဲ့ နည်းလမ်းက ကျန်းမာရေးကို ထိခိုက်စေတာမို့ အစားစားတဲ့ နည်းလမ်းလေးနဲ့ပဲ ဗိုက်က အဆီတွေကို ဖယ်ထုတ်ကြမယ်နော်။ အဆီတွေ ကျစေမယ့် ဖျော်ရည်လေးတွေ သောက်လို့ရပါတယ်။ ဘယ်လိုဖျော်ရည်တွေ ဖြစ်မလဲဆိုတာ ဖော်ပြလိုက်ပါတယ်နော်။ အဆီကျဖို့ဆိုရင်တော့ အမျှင်ဓါတ်များတဲ့ ဖျော်ရည်နဲ့ သကြားဓါတ်နည်းတဲ့ ဖျော်ရည်တွေကိုပဲ သောက်သုံးရမှာပါ။ ဘာလို့လဲဆိုတော့ အမျှင်ဓါတ်ကပဲ […]


အဝလွန်ခြင်း

အဝလွန်ခြင်း ၆ မျိုး

အဝလွန်ခြင်းဟာ လူကြီးတွေမှာသာ အဖြစ်များရုံကပဲ ကလေးငယ်တွေနဲ့ ငယ်ရွယ်သူတွေမှာပါ ဖြစ်နိုင်ပါတယ်။ အဝလွန်ခြင်းနဲ့ အတူ အခြားကျန်းမာရေးအခြေအနေတွေ ဖြစ်တဲ့ သွေးပေါင်တက်ခြင်း၊ ဆီးချိုနဲ့ အချို့ကင်ဆာတွေ ဖြစ်တတ်ပေမယ့် လူအချို့က ဒီရောဂါကို လျှော့တွက်တတ်ကြပါတယ်။ အဝလွန်ခြင်းနဲ့ ပတ်သက်တဲ့ သိချင်ရင်တော့ ဒီဆောင်းပါးမှာ အသုံးဝင်တဲ့ အချက်အလက်တွေကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ အဝလွန်ခြင်း အဝလွန်ခြင်းဟာ ကိုယ်ခန္ဓာမှာ အဆီအလွန်အကျွံ စုဝေးခြင်း ဖြစ်ပြီး ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ ကိုယ်ခန္ဓာက အဆီကို တိုင်းတာနိုင်တဲ့ နည်းလမ်းအများကြီးရှိပေမယ့် BMI ကတော့ အသုံးအများဆုံးနည်းတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ သင့် BMI ဟာ ၂၅ ကနေ ၂၉.၉ အတွင်းရှိခဲ့ရင် ကိုယ်အလေးချိန်များတယ်လို့ ယူဆနိုင်ပါတယ်။ အဝလွန်ခြင်းဟာ အမေရိကမှာ အရွယ်ရောက်ပြီးသူတွေရဲ့ သုံးပုံတစ်ပုံမှာ ရှိနေပါတယ်။ (ပျမ်းမျှ ၇၈.၆ သန်းဖြစ်ပါတယ်။) တစ်ချိန်တည်းမှာပဲ […]


အဝလွန်ခြင်း

စောစီးစွာ ကြီးကောင်ဝင်တာနဲ့ အဝလွန်တာ ဆက်စပ်မှု ရှိသလား

လေ့လာချက်တွေအရ သားသမီးတွေကြီးကောင်ဝင်ချိန်ဟာမိဘတွေတုန်းကထက်စောလာနေတယ်လို့သိရပါတယ်။ ဒါ့အပြင်ဒီဘက်နှစ်တွေထဲမှာအဝလွန်တဲ့ကလေးတွေလည်းပိုပိုများလာပါတယ်။ ဒါကြောင့် အဝလွန်တာနဲ့လူပျိုဖော်/အပျိုဖော်အဝင်စောတာဆက်စပ်မှုရှိသလားလို့တွေးချင်စရာ ဖြစ်လာပါတယ်။ သင့်သားသမီးတွေရောဒီလိုဖြစ်နိုင်ချေရှိနေသလား။ ကြည့်ကြရအောင်။ အဝလွန်တာနဲ့ စောစီးစွာကြီးကောင်ဝင်တာ မိန်းကလေးငယ်တွေမှာ အပျိုဖော်စောဝင်တာဟာ အဝလွန်တာကြောင့် အဓိကဖြစ်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ယောက်ျားလေးတွေမှာတော့ ဒီလိုမျိုးဆက်စပ်မှုရှိတယ်လို့ ပြောနိုင်တဲ့ သက်သေသာဓကတွေမရှိပါဖူး။ အဆီဆဲလ်တွေကနေ leptinဆိုတဲ့ဓာတ်တစ်မျိုးကို ထုတ်ပေးပါတယ်။ ကြီးကောင်ဝင်ဖို့အတွက် ကလေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ leptinဓာတ် လုံလောက်စွာ ရှိဖို့လိုပါမယ်။ ဒါကြောင့် အဝလွန်တဲ့မိန်းကလေးတွေ (leptinဓာတ်ပမာဏများနေမယ့်မိန်းကလေးတွေ)ဟာ အပျိုဖော်ဝင်တာ စောဖို့ အခွင့်အလမ်းများနေပါတယ်။ ဒါတင် မကသေးပါဖူး။ အဆီဆဲလ်တွေက estrogen ဆိုတဲ့ မဟော်မုန်းကိုလည်းထုတ်ပေးနိုင်ပါသေးတယ်။ ဒီဟော်မုန်းက ရင်သားကြီးထွားတာနဲ့ကြီးကောင်ဝင်တာကို ဖြစ်စေနိုင်တဲ့အတွက်အဝလွန်တဲ့မိန်းကလေးတွေဟာစောစီးစွာရင်သားကြီးလာပြီးဓမ္မတာစလာတဲ့အချိန်ကလည်းပုံမှန်ထက်ပိုစောနေပါလိမ့်မယ်။ လေ့လာမှု တချို့က ဘယ်လိုဆိုပြန်လည်းဆိုတော့ ဓာတုဗေဒပစ္စည်းတစ်မျိုးမျိုးကို ကာလကြာရှည်ထိတွေ့ကိုင်တွယ်နေရရင်လည်းစောစီးစွာကြီးကောင်ဝင်တာကို ဖြစ်စေတယ်လို့ဆိုပါတယ်။ ဒီနေရာမှာသိထားသင့်တဲ့အချက်ကအဆီဆဲလ်တွေဟာဓာတုဗေဒပစ္စည်းအချို့ကိုသိုလှောင်နိုင်စွမ်းရှိတဲ့အတွက်အဝလွန်တဲ့မိန်းကလေးတွေဟာစောစီးစွာကြီးကောင်ဝင်ဖို့အခြေအနေပိုတိုးလို့လာရပြန်ပါတယ်။ တချို့ အဝလွန်တဲ့ ကလေးတွေရဲ့ ရင်သားမှာ အဆီတွေနဲ့ ကြီးထွားဖွံ့ဖြိုးလာတဲ့အတွက် ဆရာဝန်တွေအနေနဲ့ စောစီးစွာကြီးကောင်ဝင်တာနဲ့မှားတတ်ကြပါသေးတယ်။ ဘာတွေစိုးရိမ်ရလဲ။ အပျိုဖော်ဝင်တာ […]


အဝလွန်ခြင်း

စောစောအိပ်ရာဝင်စေခြင်းဖြင့် ကလေးအဝလွန်ခြင်းကို ရှောင်ကြဉ်ကြပါစို့

ကလေးတွေကို ကောင်းမွန်စွာ အိပ်စက်တတ်တဲ့ အကျင့်လုပ်ပေးခြင်းမှာ နောက်ကျတယ်ဆိုတာမရှိပါဘူး။ ဒီအကျင့်တွေဟာ ကလေးတွေဟာ သူတို့ဘဝနောက်ပိုင်းမှာ အဝလွန်ခြင်းကိုတောင် ကာကွယ်ပေးနိုင်ပါတယ်လို့ မကြာသေးမီက ပြုလုပ်ထားတဲ့ အမေရိကန်သုတေသန တစ်ခုက ဆိုပါတယ်။ ကလေးဘဝ အဝလွန်ခြင်းရဲ့ စိတ်ပိုင်း၊ ကိုယ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ ကလေးဘဝ အဝလွန်ခြင်းဟာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်အတွင်း ကလေးငယ်တွေမှာ နှစ်ဆနဲ့ ကြီးကောင်ဝင်ချိန်တွေမှာ လေးဆ ပိုများလာပြီဖြစ်ပါတယ်။ ဒါဟာ သင့်ကလေးရဲ့ ကျန်းမာရေးကို လောလောဆယ်မထိခိုက်သေးပေမယ့် အသက်ကြီးလာရင်တော့ ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေနိုင်ပါတယ်။ ကိုလက်စထရော ပမာဏ များခြင်း သွေးပေါင်တက်ခြင်း ဆီးချို အမျိုးအစား ၂ ပန်းနာရင်ကျပ် အိပ်နေရင်း ရုတ်တရက် မကြာခဏ အသက်ရှူရပ်ရပ်သွားခြင်း ကလေး အသက် ၅-၁၇ နှစ်တွေကို လေ့လာခဲ့ရမှာ ၆၀ ရာခိုင်နှုန်း လောက်သော ကိုယ်အလေးချိန်များတဲ့ကလေးတွေမှာ အနည်းဆုံး […]


အဝလွန်ခြင်း

ခန္ဓါကိုယ်တွင်းအဆီဓါတ် ကိုလက်စထရောဆိုင်ရာ ဒဏ္ဍာရီသို့မဟုတ် ယုံတမ်းစကား

လူတစ်ဦးအတွက် တစ်နေ့ သို့မဟုတ် တစ်ပတ်အတွက် ကြက်ဥမည်မျှ များများ အန္တရာယ် မရှိဘဲစား နိုင်သနည်း ဆိုသည်ကို ဆေးပညာရှင် တစ်ဦးအနေဖြင့် မကြာခဏအမေးခံရဖူးသည်။ ကိုလက်စထရောဟုခေါ်သော အဆီဓါတ်သည် နှလုံးရောဂါကိုဖြစ်စေသည်ဟုယုံကြည်ကြသည့်အတွက် ကိုလက်စထရော ကြွယ်ဝသော ကြက်ဥများကိုစားသုံးခြင်းသည် ကျွန်ုပ် ကျန်းမာရေးအတွက် မကောင်းနိုင်ဟု မှားယွင်းယူဆမိကြသည်။ ကျွန်ုပ်တို့နေ့စဉ်စားသော အစားအစာများတွင် ကြက်ဥသည် ကြက်သားကဲ့သို့ပင်ကောင်းမွန်သည် ကိုတွေ့ရသည်။ ကြက်ဥတွင် ကိုလက်စထရောပါဝင်ခြင်းသည်အဓိက မကျလှဘဲ အထဲတွင် ပါဝင်သောအိုမီဂါ အက်စစ် အချိုးအစားက ပို၍အရေးပါသည်။ ပုံမှန်အားဖြင့် ကြက်ဥတွင် အိုမီဂါ အက်စစ် နံပါတ်၃ ကတစ်ဆ၊အိုမီဂါအက်စစ် နံပတ်၆က ၄ဆအထိပါဝင်နိုင်သည်။ သို့သော် မွေးမြူရေးကြက်ဥများတွင် အိုမီဂါအက်စစ် နံပါတ်၆သည် ၁၆ ဆမှ ၃၀ ဆအထိများပြားစွာပါဝင်တတ်သည်။ ထို အိုမီဂါအက်စစ် နံပါတ်၆သည် ခန္ဓါကိုယ်တွင် ရောင်ရမ်းခြင်းကိုဖြစ်စေတတ်ပြီး […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း